WEBVTT 00:00:01.734 --> 00:00:04.270 ဟေ့လူတွေ၊ ကျွန်တော်တို့မှာ ပြဿနာ ရှိနေပြီ။ 00:00:04.294 --> 00:00:05.392 (ရယ်သံများ) 00:00:05.416 --> 00:00:08.210 ကြီးထွားမှုနှုန်းဟာ ကျလာနေတယ်၊ သိပ်ဆိုးတယ်။ 00:00:09.136 --> 00:00:11.292 ကမ္ဘာ့စီးပွားရေးဟာ ကြီးထွားမှု ရပ်တန့်လာနေတယ်။ 00:00:12.018 --> 00:00:13.417 အဲဒါ အသစ်အဆန်း မဟုတ်ပါ။ 00:00:13.441 --> 00:00:16.752 တကယ်တော့ နောက်ဆုံး နှစ် ၅၀ အတွင်းမှာ ကြီးထွားမှုနှုန်းဟာ ကျကျလာခဲ့တယ်။ 00:00:17.213 --> 00:00:19.753 ဒီလိုဆက်သွားရင်၊ လာမယ့် ဆယ်စုနှစ် အတွင်းမှာ 00:00:19.777 --> 00:00:23.502 မကြီးထွားဘဲနဲ့ ဘယ်လို နေကြရမလဲ ဆိုတာကို ကျွန်တော်တို့ သင်ယူကြရပါမယ်။ 00:00:24.249 --> 00:00:27.726 စီးပွားရေးက ကြီးထွားမလာဘူးဆိုရင် ကျွန်တော်တို့ ကလေးတွေရဲ့ ဘဝဟာ 00:00:27.750 --> 00:00:29.710 ပိုကောင်းလာမှာ မဟုတ်လို့ စိုးရိမ်စရာပါပဲ။ 00:00:30.535 --> 00:00:33.948 ပိုလို့ကို စိုးစရာက ထမင်းအိုးက ကြီးမလာရင်၊ ကျွန်တော်တို့ တစ်ဦးချင်းရဲ့ 00:00:33.972 --> 00:00:35.528 ထမင်းပွဲကလည်း သေးလာမှာပါ။ 00:00:35.552 --> 00:00:37.667 ဒီလိုဆို ပိုစားနိုင်ဖို့ လုံးပမ်းရတော့မယ်။ 00:00:38.070 --> 00:00:41.210 အဲလို့ဆို တင်းမာမှုတွေ ပဋိပက္ခတွေ ပေါ်လာကြမယ်။ 00:00:41.585 --> 00:00:43.523 ကြီးထွားမှုဟာ သိပ်ကို အရေးပါပါတယ်။ 00:00:45.350 --> 00:00:47.638 ကြီးထွားမှု သမိုင်းကို ယူကြည့်မယ်ဆိုရင်၊ 00:00:47.662 --> 00:00:50.174 အကြီးအကျယ် ကြီးထွားမှုကို အစဉ်ဆိုသလိုပဲ 00:00:50.198 --> 00:00:52.223 ထုတ်လုပ်ရေး တော်လှန်ရေးကြီးက တွန်းပေးခဲ့တာ။ 00:00:52.818 --> 00:00:55.724 အဲဒီလို နှစ် ၅၀-၆၀ တိုင်းမှာ ကြုံခဲ့ရပါတယ်။ 00:00:56.419 --> 00:01:00.443 ရေနွေးငွေ့ စက်တွေဆိုရင် ၁၉ ရာစု အလယ်မှာ ဖြစ်ခဲ့တယ်၊ 00:01:00.467 --> 00:01:04.227 အလုံးအရင်းနဲ့ ထုတ်လုပ်မှုကို ၂၀ ရာစု အစပိုင်းမှာ မြင်ခဲ့ရတယ်- 00:01:04.251 --> 00:01:05.571 Mr. Ford ရဲ့ ကျေးဇူးပေါ့။ 00:01:06.384 --> 00:01:09.368 ပြီးတော့ အလိုအလျောက် စက်တွေရဲ့ လှိုင်းကျတော့ ၁၉၇၀ နှစ်တွေ။ 00:01:10.157 --> 00:01:12.353 အဲဒီထုတ်လုပ်မှုတော်လှန်ရေးတွေက ကျွန်တော်တို့ရဲ့ 00:01:12.377 --> 00:01:14.602 စီးပွားရေးကို ကြီးမားလာစေခဲ့တာ ဘာကြောင့်လဲ။ 00:01:15.677 --> 00:01:18.791 ၎င်းတို့ဟာ ထုတ်လုပ်မှုကို အကြီးအကျယ် မြင့်တင်နိုင်ခဲ့ကြလို့ပါ။ 00:01:19.591 --> 00:01:20.741 ရှင်းရှင်းလေးပါ- 00:01:21.080 --> 00:01:24.315 ကြီးထွားချင်ရင် ကျွန်တော်တို့ဟာ တိုးတိုး ထုတ်လုပ်ကြရမယ်၊ 00:01:24.339 --> 00:01:26.307 စီးပွားရေးထဲကို တိုးတိုး ထည့်ပေးကြရမယ်။ 00:01:27.241 --> 00:01:32.853 ဒီတော့ လုပ်အားကို ဒါမှမဟုတ် အရင်းအနှီး ဒါမှမဟုတ် ထုတ်လုပ်မှု တိုးရပါမယ်။ 00:01:32.877 --> 00:01:35.892 အကြိမ်တိုင်း ထုတ်လုပ်နိုင်စွမ်းက ကြီးထွားမှုရဲ့ အကြောင်းရင်းပါ။ 00:01:37.744 --> 00:01:40.487 ဒီနေ့ ကျွန်တော် ပြောချင်တာက 00:01:40.511 --> 00:01:44.221 ကျွန်တော်တို့ဟာ ဧရာမ အပြောင်းအလဲကြီး တစ်ခုရဲ့ ရှေ့မှောက်ကို ရောက်လာကြပါပြီ၊ 00:01:44.245 --> 00:01:47.707 ဒီတစ်ချီမှာလည်း၊ ထုတ်လုပ်မှုထံမှပဲ 00:01:47.731 --> 00:01:50.401 ရောက်လာမှာဟာ အံ့အားသင့်စရာပါပဲ။ 00:01:51.394 --> 00:01:54.502 ၎င်းဟာ ကြီးထွားမှု တွင်းနက်ကြီးထဲမှ 00:01:54.526 --> 00:01:58.370 ကျွန်တော်တို့ကို ထုတ်ပစ်ကာ နောက်ဆုံး ဆယ်စုနှစ်ထဲ မြင်ခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေး 00:01:58.394 --> 00:01:59.635 ပုံစံကို ပြောင်းပစ်ပါမယ်။ 00:01:59.935 --> 00:02:05.206 လက်ရှိအချိန်မှာ လာနေပြီဖြစ်တဲ့ စတုတ္ထတော်လှန်ရေး အကြောင်းကို 00:02:05.230 --> 00:02:06.642 ပြောပြရန် ဒီကိုလာခဲ့တာပါ။ 00:02:07.213 --> 00:02:09.674 နောက်ဆုံး တော်လှန်ရေးရဲ့ နောက်မှာ ကျွန်တော်တို့ ဘာမှ 00:02:09.698 --> 00:02:10.987 မလုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ 00:02:11.011 --> 00:02:13.426 လက်တွေ့မှာ အဲဒါကို အသက်ပြန်သွင်းဖို့ ကျွန်တော်တို့ 00:02:13.450 --> 00:02:15.051 အတော်ကလေး ကြိုးပမ်းခဲ့ကြပါတယ်။ 00:02:15.075 --> 00:02:18.052 ဒါပေမဲ့ တစ်ခုကမှ ကျွန်တော်တို့ကို ပြန်ပြီး ကြီးထွားလာအောင် 00:02:18.076 --> 00:02:19.965 ထပ်ပြီး လုပ်မပေးနိုင်ခဲ့ပါ။ 00:02:20.384 --> 00:02:24.978 ဥပမာ၊ ကျွန်တော်တို့ဟာ ကုန်ကျမှုကို လျှော့ချရန်၊ ဈေးပေါတဲ့ လုပ်အားကို 00:02:25.002 --> 00:02:28.025 အသုံးချရန် ထုတ်လုပ်မှုကို နိုင်ငံခြားကို ရွှေ့ခဲ့ကြပါတယ်။ 00:02:29.048 --> 00:02:32.631 ဒါပေမဲ့ အဲဒါက ထုတ်လုပ်မှုကို မြှင့်မပေးနိုင်ခဲ့ဘဲ၊ 00:02:32.655 --> 00:02:35.127 ခဏတဖြုတ် ငွေကြေးကို ချွေတာပေးနိုင်ခဲ့ရုံပါ၊ 00:02:35.151 --> 00:02:37.690 လုပ်အား အချိန်ကြာအောင် ဈေးချို မနေနိုင်လို့ပါ။ 00:02:38.455 --> 00:02:42.377 အဲဒီနောက်မှာ စက်ရုံတွေကို ပိုကြီးအောင် လုပ်ဖို့ ကြိုးစားလျက် ထုတ်ကုန် အလိုက် 00:02:42.401 --> 00:02:44.290 အထူးထုတ်လုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ 00:02:45.318 --> 00:02:48.631 ကုန်ပစ္စည်း တစ်ခုခုကို အများကြီး ထုတ်လုပ်လျက် စုပုံထားပြီး 00:02:48.655 --> 00:02:51.037 အဝယ်လိုက်လာတဲ့ အခါ ရောင်းရန်ပါ။ 00:02:52.022 --> 00:02:54.601 အဲဒါဟာ ခဏကြာသာ ထုတ်လုပ်နိုင် စွမ်းကို ကူညီခဲ့ပါတယ်။ 00:02:54.625 --> 00:02:58.546 တချိန်တည်းမှာ အဲဒါဟာ ပစ္စည်းပေးသွင်းရေး ကွင်းဆက်အတွက် ပြဿနာတွေကို ဖန်တီးခဲ့တယ်။ 00:02:59.432 --> 00:03:00.828 ဖက်ရှင် လုပ်ငန်းကို ကြည့်ပါ။ 00:03:01.232 --> 00:03:03.350 အစဉ်အလာ ချုပ်လုပ်ရေး ကုမ္ပဏီများဟာ 00:03:03.374 --> 00:03:08.021 ကမ္ဘာ့အနှံ့မှာ လုပ်ငန်းတွေ ဆောက်လုပ်လျက် ပေးသွင်းရေး ကွင်းဆက်တွေကို စီမံခဲ့ကြတယ်။ 00:03:08.787 --> 00:03:11.538 Zara လို ဖက်ရှင်ကို အမြန်ပြောင်းချင်တဲ့ ကုမ္ပဏီမျိုးက 00:03:11.562 --> 00:03:14.073 စုပုံထားတဲ့ ပစ္စည်းတွေကို ပိုလျင်မြန်စွာ ပေးသွင်းဖို့ 00:03:14.097 --> 00:03:17.776 တစ်နှစ် နှစ်ကြိမ်အစား လစဉ် ပြောင်းလဲ ရောင်းချင်လာတော့၊ 00:03:17.800 --> 00:03:20.344 အဲဒီလို အရှိန်အဟုန်ကို ဘယ်သူမှ မမှီနိုင်ကြတော့ပါ။ 00:03:20.368 --> 00:03:23.078 သူတို့ အများစုဟာ ဒီနေ့တွင် အတော့်ကို မလွယ်လှပါ။ 00:03:24.008 --> 00:03:27.212 အဲဒီလို အခက်အခဲတွေ ရှိနေကြတာတောင် 00:03:27.236 --> 00:03:29.181 အဲဒီကုမ္ပဏီတွေ နာမည်ကြီးနေကြတုန်းပါ။ 00:03:29.539 --> 00:03:31.157 ဆိုင်တံခါးကို ဖွင့်ဝင်လိုက်ရင် 00:03:31.181 --> 00:03:34.087 ၎င်းတို့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက အတိုင်းပဲ ရှိနေကြပါတယ်။ 00:03:34.396 --> 00:03:39.435 တည်နေရာတွေ၊ အရွယ်အစား၊ လည်ပတ်ပုံကို ကျွန်တော်တို့ ပြောင်းလဲလိုက်ကြတယ်။ 00:03:40.273 --> 00:03:42.617 ဒီနေ့လည်း လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက အတိုင်း ရှိတဲ့ 00:03:42.641 --> 00:03:44.196 နောက်ထပ် အရာတွေ ပြောနိုင်ပါသလား။ 00:03:44.220 --> 00:03:45.375 အံ့အားသင့်စရာကြီးပဲ။ 00:03:45.836 --> 00:03:48.868 ပုံစံတွေကို အဖြစ်နိုင်ဆုံး ပြောင်းလဲ ထုတ်လုပ်လာခဲ့ကြရာ၊ 00:03:48.892 --> 00:03:51.890 အခုတော့ ဘောင်ကို ဝင်ဆောင့်မိကြပါတယ်။ 00:03:53.032 --> 00:03:57.869 ထုတ်လုပ်ရေး ပုံစံ ကျရှုံးသွားတာကို ပြင်ပေးရန် ကြိုးပမ်းမှုတွေ အားလုံးရဲ့ 00:03:57.893 --> 00:04:00.698 ကြီးထွားမှုဟာ တစ်နေရာရာမှ လာမယ်လို့ မျှော်နေခဲ့ကြတယ်။ 00:04:00.722 --> 00:04:02.762 ကျွန်တော်တို့ရဲ့ နည်းပညာတွေဆီကို 00:04:02.786 --> 00:04:05.154 ဆန်းသစ်မှုတွေ အများအပြားဆီကို ဦးလှည့်ခဲ့ကြတယ်။ 00:04:05.178 --> 00:04:06.973 တစ်ခုက အင်တာနက်ပါ။ 00:04:07.906 --> 00:04:09.711 ကြီးထွားမှုကို တွန်းပေးမယ် ထင်ခဲ့တယ်။ 00:04:09.735 --> 00:04:12.227 ၎င်းဟာ ကျွန်တော်တို့ဘဝတွေကို ပြောင်းပစ်တာ အမှန်ပါပဲ။ 00:04:12.251 --> 00:04:16.696 မီဒီယာ၊ ဝန်ဆောင်မှု၊ ဖြေဖျော်မှု ကဏ္ဍတွေ အကြီးအကျယ် ပြောင်းလာခဲ့တယ်။ 00:04:17.081 --> 00:04:19.156 ဒါပေမဲ့ ထုတ်လုပ်နိုင်စွမ်းကို မကူနိုင်ခဲ့ပါ။ 00:04:20.011 --> 00:04:24.307 အံ့အားသင့်စရာက ဆန်းသစ်တီထွင်မှုတွေရဲ့ ထောက်ကူမှုတွေ ဘယ်လိုပဲ ရှိနေနေ 00:04:24.331 --> 00:04:26.860 ထုတ်လုပ်နိုင်စွမ်းဟာ ကျလာနေတယ်။ 00:04:27.523 --> 00:04:31.281 စဉ်းစားကြည့်ပါ- ထိုင်ပြီး အလုပ်လုပ်နေကြတယ် Facebook ကို လှန်ကြည့်နေကြတယ်၊ 00:04:31.305 --> 00:04:35.109 YouTube ကို ကြည့်နေကြတယ်၊ ဒါပေမဲ့ ထုတ်လုပ်နိုင်စွမ်းက ကျလာတယ်။ 00:04:35.133 --> 00:04:36.284 စိတ်ညစ်စရာပဲ။ 00:04:36.308 --> 00:04:37.892 (ရယ်သံများ) 00:04:37.916 --> 00:04:39.697 ကြီးထွားမလာတာ အဲဒါကြောင့်ပဲ။ 00:04:40.580 --> 00:04:43.856 ကျွန်တော်တို့ဟာ ထုတ်လုပ်ရေး မျက်နှာစာတွေကို မချဲ့နိုင်ခဲ့ကြပါ၊ 00:04:43.880 --> 00:04:47.830 ကြီးမားတဲ့ နည်းပညာပိုင်း တီထွင်မှုတွေဟာ အဝေးမှာ ကျန်ရစ်နေကြတယ်။ 00:04:49.184 --> 00:04:51.458 အဲဒီလို အားတွေကို စုပေါင်းနိုင်မယ်ဆိုရင်ကော။ 00:04:51.927 --> 00:04:56.795 ဒီနေ့ ရှိနေကြတဲ့ ထုတ်လုပ်ရေး နဲ့ ကြီးမားတဲ့ နည်းပညာပိုင်း တီထွင်မှုတွေ 00:04:56.819 --> 00:05:01.382 စုပေါင်းလိုက်ကာ နောက်တစ်ခု ထုတ်လုပ်ရေး ခေတ်သစ်ကို စပေးနိုင်မယ် ဆိုရင်ကော။ 00:05:01.406 --> 00:05:02.664 ပွဲသိမ်းပေါ့။ 00:05:02.688 --> 00:05:05.171 အဲဒီ စတုတ္ထမြောက် ထုတ်လုပ်ရေး တော်လှန်ရေးကြီးဟာ၊ 00:05:05.195 --> 00:05:06.859 အခုကို ဖြစ်ပျက်နေပါပြီ။ 00:05:07.355 --> 00:05:10.621 အဓိကအကျဆုံး နည်းပညာတွေဟာ ထုတ်လုပ်ရေး မျက်နှာစာထဲကို ဝင်လာနေကြပါပြီ 00:05:10.645 --> 00:05:11.795 ဧရာမအချိန်ပါပဲ။ 00:05:12.316 --> 00:05:15.412 ၎င်းတို့ဟာ စက်မှုထုတ်လုပ်မှုကို သုံးပုံတစ်ပုံမက တိုးချဲ့ပေးကြမယ်။ 00:05:16.217 --> 00:05:19.943 အလုံးအရင်းနဲ့ကို ဝင်လာနေကြရာ ကြီးထွားမှုဟာ သိသာမှာပါ။ 00:05:21.286 --> 00:05:23.092 တချို့ကို ခင်ဗျားတို့ကို ပြောပြမယ်။ 00:05:24.091 --> 00:05:26.990 ခင်ဗျားတို့ အဆင့်မြင့် ထုတ်လုပ်ရေး ရိုဘော့တွေကို မြင်ဘူးကြလား။ 00:05:27.583 --> 00:05:29.678 ၎င်းတို့ဟာ လူလို အရွယ်အစားမျိုးပါ၊ 00:05:29.702 --> 00:05:31.723 သူတို့ဟာ လူတွေနဲ့ တွဲလုပ်ကိုင်ကြတယ်၊ 00:05:31.747 --> 00:05:33.326 ၎င်းတို့ကို ရှုပ်ထွေးကာ ထပ်တလဲလဲ 00:05:33.350 --> 00:05:36.262 မဟုတ်တဲ့ တာဝန်တွေအတွက် ပရိုဂရမ်လုပ်လို့ ရနိုင်တယ်။ 00:05:37.628 --> 00:05:42.566 ဒီနေ့တွင် ကျွန်တော်တို့ စက်ရုံတွေထဲက တာဝန် ၈ % ကိုသာ စက်တွေ လုပ်နိုင်ကြတယ်။ 00:05:42.590 --> 00:05:45.855 ရှုပ်ထွေးမှု နည်းလေလေ ထပ်တလဲ လုပ်တာ များလေလေပါ။ 00:05:46.551 --> 00:05:49.428 အဲဒါ ၂၅ နှစ်အတွင်းမှာ ၂၅ % အထိ ဖြစ်လာမယ်။ 00:05:49.452 --> 00:05:52.265 ၂၀၂၅ နှစ် အရောက်တွင် အဆင့်မြင့် 00:05:52.289 --> 00:05:54.853 ရိုဘော့တွေက အလုပ်သမားတွေကို ဝင်ကူပေးလျက် 00:05:54.877 --> 00:05:57.720 လက်တွဲလျက် ထုတ်လုပ်မှုကို 00:05:57.744 --> 00:05:59.745 ၂၀ % တိုးထုတ်နိုင်အောင်၊ တနည်း 00:05:59.769 --> 00:06:01.886 နောက်ထပ် ၂၀ % ကြီးထွားလာအောင် ကူပေးကြမယ်။ 00:06:03.118 --> 00:06:06.042 ဒါဟာ စိတ်ကူးယာဉ်၊ အနာဂတ်အကြောင်း ပြောနေတာ မဟုတ်ပါ။ 00:06:06.425 --> 00:06:09.002 ရိုဘော့တွေဟာ အခုကို ကျွန်တော်တို့အတွက် လုပ်နေကြပါပြီ။ 00:06:09.993 --> 00:06:15.539 မနှစ်တုန်းက အမေရိကမှာ Amazon ဆိုရင် Cyber Monday ခေါ် 00:06:15.563 --> 00:06:17.657 နှစ်စဉ် အွန်လိုင်း လက်လီရောင်းတဲ့ နေ့တွင် 00:06:17.681 --> 00:06:19.703 ထုတ်ကုန်အားလုံး ရိုဘော့တွေ ထုတ်ပို့ခဲ့တယ်။ 00:06:20.401 --> 00:06:22.025 မနှစ်တုန်းက အမေရိကန် သမိုင်းထဲမှာ 00:06:22.049 --> 00:06:27.947 အဲဒီနှစ်အတွက်သာမက သမိုင်းတစ်ခုလုံးအတွက်ပါ အကြီးမားဆုံး အွန်လိုင်း ရောင်းပွဲကြီးပါ။ 00:06:28.626 --> 00:06:32.252 စားသုံးသူတို့ဟာ အီလက်ထရွန်နစ် ပစ္စည်း များအတွက် ဒေါ်လာ ၃ ဘီလီယံ ဖြုန်းခဲ့တယ်။ 00:06:32.276 --> 00:06:34.791 တကယ့်ကို စီးပွားရေး ကြီးထွားမှုကြီးပါ။ 00:06:35.502 --> 00:06:39.550 ပြီးတော့ ထပ်တိုး ထုတ်လုပ်မှု၊ 3D ရိုက်ထုတ်မှုတွေ ရှိသေးတယ်။ 00:06:39.574 --> 00:06:43.582 3D ရိုက်ထုတ်မှုဟာ ပလတ်စတစ် ထုတ်လုပ်မှုကို တိုးပေးခဲ့ပါပြီ 00:06:43.606 --> 00:06:46.590 အခုတော့ သတ္ထုထဲကို ဝင်လာနေပါပြီ။ 00:06:46.614 --> 00:06:48.199 အသေးအမွှား လုပ်ငန်းတွေ မဟုတ်ပါ။ 00:06:48.875 --> 00:06:51.891 ပလတ်စတစ် နဲ့ သတ္ထု နှစ်ခုပေါင်းလိုက်ရင် 00:06:51.915 --> 00:06:53.915 ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၂၅ % ရှိပါတယ်။ 00:06:54.717 --> 00:06:56.266 လက်တွေ့ ဥပမာကို ယူကြည့်ကြမယ်။ 00:06:57.005 --> 00:06:59.943 အာကာသ စက်မှုလုပ်ငန်းထဲတွင် 00:06:59.967 --> 00:07:04.460 လောင်စာ နော်ဇယ်တွေဟာ ထုတ်လုပ်ရန် သိပ်ကို ခဲယဉ်းပါတယ်၊ 00:07:04.484 --> 00:07:05.782 အကြောင်း တစ်ခုက- 00:07:05.806 --> 00:07:08.995 ၎င်းတို့ကို အပိုင်းအမျိုးမျိုး ၂၀ နဲ့ လုပ်ယူရပါတယ်၊ 00:07:09.019 --> 00:07:11.830 အဲဒါတွေကို သီးခြားစီ ထုတ်လုပ်ပေးရပြီး 00:07:11.854 --> 00:07:14.479 နောက်မှာ ခက်ရာခက်ဆစ် စုစည်းရပါတယ်။ 00:07:15.301 --> 00:07:18.427 အာကာသစက်မှု ကုမ္ပဏီတွေဟာ အခုတော့ 3D ပရင်တာကို သုံးနေကြပြီ 00:07:18.451 --> 00:07:21.515 ခုနက အပိုင်းအမျိုးမျိုး ၂၀ ကို တစ်ခုတည်းအဖြစ် 00:07:21.539 --> 00:07:22.849 ထုတ်လုပ်ပေးနိုင်ကြတယ်။ 00:07:23.368 --> 00:07:24.518 ရလဒ်ကျတော့။ 00:07:24.909 --> 00:07:27.245 ထုတ်လုပ်နိုင်စွမ်း ၄၀ % တိုးလာတယ်၊ 00:07:27.269 --> 00:07:30.536 ထုတ်ကုန်တွေကို ၄၀ % တိုးပြီး ထုတ်လုပ်လျက် ကြီးထွားမှု ၄၀ % တိုးလာတယ်၊ 00:07:30.560 --> 00:07:32.105 အဲဒီ စက်မှုလုပ်ငန်းထဲမှာပေါ့လေ။ 00:07:33.283 --> 00:07:39.433 တကယ်တမ်းကျတော့၊ လက်ရှိ ထုတ်လုပ်မှု တော်လှန်ရေးရဲ့ စိတ်လှုပ်ရှားစရာက 00:07:39.457 --> 00:07:41.862 ထုတ်လုပ်နိုင်စွမ်းထက် ပိုအရေးကြီးတယ်။ 00:07:42.692 --> 00:07:46.263 ပိုကောင်းတဲ့၊ ပိုစမတ်ကျတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်လာနိုင်တယ်။ 00:07:46.287 --> 00:07:48.701 ပြီးတော့ လိုတဲ့ စကေးအတွက် ညှိပေးလို့ရတယ်။ 00:07:49.099 --> 00:07:53.834 ခင်ဗျးတို့ဟာ ကိုယ်လိုချင်တာကို၊ 00:07:53.858 --> 00:07:56.068 ကိုယ်လိုအပ်တဲ့ လုပ်နိုင်စွမ်းတွေနဲ့၊ 00:07:56.092 --> 00:07:58.040 ကိုယ့်စိတ်ကြိုက် ဒီဇိုင်း ကုန်ကျစရိတ် 00:07:58.064 --> 00:07:59.650 ထုတ်လုပ်ဖို့ ချိန်ကာလ တူပြီး 00:07:59.674 --> 00:08:01.556 အလုံးအရင်းနဲ့ ထုတ်မယ့် ကားလိုဟာမျိုး 00:08:01.580 --> 00:08:04.447 အဝတ်အစား ဒါမှမဟုတ် ဖုန်းလိုဟာမျိုး ထုတ်ချင်တယ်ဆိုပါစို့။ 00:08:05.113 --> 00:08:07.790 ထုတ်လုပ်ရေး တော်လှန်ရေးအသစ်နဲ့ဆို လုပ်နိုင်ပါတယ်။ 00:08:08.577 --> 00:08:11.398 အဆင့်မြင့် ရိုဘော့တွေကို ဘယ်လို ကုန်ပစ္စည်း ပုံစံဖြစ်ဖြစ် 00:08:11.422 --> 00:08:14.541 ဘာမှ ညှိရန် တပ်ဆင်ရန် မလိုပဲ ထုတ်လုပ်နိုင်အောင် 00:08:14.565 --> 00:08:17.212 လိုအပ်သလို ပရိုဂရမ်တွေကို ထည့်ပေးနိုင်တယ်။ 00:08:17.791 --> 00:08:23.651 3D ပရင်တာတွေဆိုရင် ကိုယ့်စိတ်ကြိုက် ဒီဇိုင်းအတိုင်း ချက်ချင်း ထုတ်နိုင်တယ်။ 00:08:23.675 --> 00:08:29.344 အခုဆိုရင် ကျွန်တော်တို့ဟာ လိုချင်တဲ့ ထုတ်ကုန် တစ်ခုခုကို 00:08:29.368 --> 00:08:32.602 အများကြီးကို ထုတ်ပေးတဲ့ ဈေးနှုန်းနဲ့ကို ထုတ်လုပ်ပေးနိုင်ပါပြီ။ 00:08:33.629 --> 00:08:37.436 အခုစတင်နေတဲ့ ထုတ်လုပ်မှု တော်လှန်ရေးရဲ့ သာဓက အချို့ပါပဲ။ 00:08:38.467 --> 00:08:42.554 ထုတ်လုပ်မှု ကိုယ်၌က ပိုပြီး များလာရုံတင်မက၊ 00:08:42.578 --> 00:08:45.514 ၎င်းဟာ ပိုပြီး ပြောင်းလွယ်လာကြမယ်၊ 00:08:45.538 --> 00:08:50.069 ကြီးထွားရန် လိုအပ်ပေမဲ့ ပျောက်နေခဲ့ကြတဲ့ အစိတ်အပိုင်းတွေပါပဲ။ 00:08:51.106 --> 00:08:54.724 လက်တွေ့တွင် ပိုလို့ကို ကြီးမားတဲ့ ထပ်ဆင့်ရလဒ်တွေ ကျွန်တော်တို့ 00:08:54.748 --> 00:08:59.754 အားလုံးအတွက်၊ ထုတ်လုပ်မှုသစ် ရေပန်းစားလာရင် ရှိလာကြပါဦးမယ်၊။ 00:09:00.441 --> 00:09:03.925 အဲဒါဟာ ဧရာမ စီးပွားရေးအလျင်ကို ဖန်တီးပေးပါမယ်။ 00:09:04.683 --> 00:09:09.120 ပထမအချက်က၊ ကျွန်တော်တို့ရဲ့ စက်ရုံတွေဟာ ပြည်တွင်း ဈေးကွက်ထဲကို ပြန်ရောက်လာကြမယ်။ 00:09:09.877 --> 00:09:12.120 စကေးအလိုက် လိုသလို ညှိပေးရာတွင် 00:09:12.144 --> 00:09:14.745 စားသုံးသူနဲ့ နီးကပ်လျက် ရှိရေးဟာ စံနှုန်းသစ် ဖြစ်လာမယ်။ 00:09:15.722 --> 00:09:19.894 ပြီးတော့ အဲဒီစက်ရုံတွေဟာ သေးကြမယ်၊ သွက်လက်ကြမယ်။ 00:09:19.918 --> 00:09:23.027 စကေးဟာ စကားမပြောတော့ဘဲ ပြောင်းလဲလွယ်မှုက အရေးပါလာမယ်။ 00:09:23.802 --> 00:09:27.395 သူတို့ဟာ ထုတ်ကန် အမျိုးမျိုးကို ထုတ်ကြမယ်၊ အော်ဒါရမှ ထုတ်လုပ်ပေးလာကြမယ်။ 00:09:27.859 --> 00:09:30.067 အပြောင်းအလဲတွေ ကြီးမားပါလိမ့်မယ် 00:09:30.590 --> 00:09:34.105 တကမ္ဘာလုံးမှာ ဖြန့်ကြက် ထုတ်လုပ်မှုဟာ ခေတ်သစ်ထဲ ဝင်လာမယ်။ 00:09:35.145 --> 00:09:38.060 အရှေ့မှ အနောက်သို့ ကုန်စီးဆင်းမှုကို 00:09:38.084 --> 00:09:40.765 ဒေသတွင်း ကုန်သွယ်မှုက အစားထိုး နေရာယူလာမယ်။ 00:09:40.789 --> 00:09:43.094 အရှေ့က အရှေ့အတွက်၊ အနောက်က အနောက်အတွက် ဖြစ်လာမယ်။ 00:09:43.687 --> 00:09:44.927 အဲဒါကို စဉ်းစားကြည့်ရင်၊ 00:09:45.884 --> 00:09:48.294 ပုံစံဟောင်းဟာ အတော်ကလေး အဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ 00:09:49.065 --> 00:09:52.816 ပစ္စည်းတွေ စုပုံထား၊ အဲဒါတွေဟာ နောက်ဆုံး သုံးစွဲမယ့်သူဆီကို ရောက်ဖို့ 00:09:52.840 --> 00:09:54.719 တစ်ကမ္ဘာလုံးကို ကူးဖြတ် သွားနေခဲ့ရတယ်။ 00:09:54.743 --> 00:09:58.983 ပုံစံသစ်ထဲမှာ၊ စားသုံးသူ ဈေးကွက်နဲ့ ကပ်လျက် ထုတ်ပေးမယ်ဆိုတော့ 00:09:59.007 --> 00:10:03.452 ပတ်ဝန်းကျင် အတွက် ပိုသန့်၊ ပိုကောင်းလာမှာပါ။ 00:10:04.678 --> 00:10:08.463 ရင့်ကျက်တဲ့ စီးပွားရေးမှန်ရင် ထုတ်လုပ်မှုဟာ ပြည်တွင်းကို ပြန်လာမယ်၊ 00:10:08.487 --> 00:10:10.563 အလုပ်နေရာတွေ တိုးလာမယ်၊ 00:10:10.587 --> 00:10:12.954 ထုတ်လုပ်နိုင်စွမ်း၊ ကြီးထွားမှုနှုန်း မြင့်လာမယ်။ 00:10:13.930 --> 00:10:15.422 သတင်းကောင်းတွေပါပဲ။ 00:10:16.541 --> 00:10:18.346 ဒါပေမဲ့ ကြီးထွားမှု ဆိုတဲ့ဟာမျိုးက -- 00:10:18.370 --> 00:10:20.025 အလိုလို ဖြစ်လာမှာတော့ မဟုတ်ပါ။ 00:10:20.328 --> 00:10:22.455 ရင့်ကျက်တဲ့ စီးပွားရေးဟာ မရမက ဖမ်းယူရမယ်။ 00:10:23.196 --> 00:10:26.102 လုပ်သားတွေကို အလုံးအရင်းနဲ့ ပြန်ပြီး လေ့ကျင့်ကြရပါမယ်။ 00:10:26.547 --> 00:10:29.207 နိုင်ငံအများစုမှာ၊ ကျွန်တော့ ပြင်သစ်မှာ ဆိုပါစို့၊ 00:10:29.231 --> 00:10:32.333 ထုတ်လုပ်မှုဆီမှာ အနာဂတ် မရှိတော့ဘူးလို့ ကလေးတွေကို ပြောခဲ့ကြပါတယ်။ 00:10:32.357 --> 00:10:34.334 အဲဒီလို ဖြစ်ပျက်လာခဲ့တာ ကြာသွားပါပြီ။ 00:10:34.358 --> 00:10:36.156 အခုအဲဒါတွေကို ပြန်လှန်ပစ်ကြရပါမယ် 00:10:36.180 --> 00:10:38.576 ထုတ်လုပ်မှုကို တက္ကသိုလ်မှာ ပြန်သင်ပေးကြရပါမယ်။ 00:10:39.203 --> 00:10:42.688 အဲဒီလို ရဲရဲကြီး ပုံစံပြောင်းလဲနိုင်စွမ်း ရှိကြတဲ့ နိုင်ငံများသာ 00:10:42.712 --> 00:10:44.734 ကြီးထွားမှုဆိုတဲ့ ဆုလာဘ်ကို ရယူနိုင်ကြမယ်။ 00:10:46.640 --> 00:10:49.507 ဒါဟာ ဖွံ့ဖြိုးဆဲ စီးပွားရေးများအတွက်လည်း အခွင့်အလမ်းကြီးပါ။ 00:10:50.461 --> 00:10:54.094 တရုတ် ဒါမှမဟုတ် ထွန်းသစ်စ နိုင်ငံများဟာ 00:10:54.118 --> 00:10:56.218 ကမ္ဘာ့စက်ရုံကြီးတွေ ဆက် မဖြစ်နိုင်ကြတော့ပါ။ 00:10:57.545 --> 00:11:02.163 တကယ့်ကျတော့၊ အဲဒီပုံစံဟာ ရေရှည်မှာ ဘယ်လိုမှ ရပ်တည်နိုင်စွမ်း မရှိခဲ့ပါ။ 00:11:02.187 --> 00:11:04.585 အဲဒီနိုင်ငံတွေကလည်း ပိုပိုချမ်းသာလာကြလို့ပါ။ 00:11:05.779 --> 00:11:10.803 မနှစ်တုန်းက ဆိုရင်၊ ဘရာဇီးလ် နိုင်ငံမှာ ထုတ်လုပ်မှု စရိတ်ဟာ 00:11:10.827 --> 00:11:12.170 ပြင်သစ်မှာနဲ့ တူလာပါတယ်။ 00:11:14.184 --> 00:11:19.941 ၂၀၁၈ ခုနှစ် အရောက်တွင်၊ တရုတ်နိုင်ငံထဲက ထုတ်လုပ်မှု စရိတ်ဟာ အမေရိကန်နဲ့ ညီလာမယ်။ 00:11:21.350 --> 00:11:23.601 အဲဒီ ထုတ်လုပ်မှု တော်လှန်ရေး အသစ်က 00:11:23.625 --> 00:11:28.405 ထွန်းသစ်စ နိုင်ငံများရဲ့ စီးပွားရေးကို လျင်မြန်စွာ ပြောင်းပစ်ပါမယ်၊ 00:11:28.429 --> 00:11:31.651 ပြည်တွင်း သုံးစွဲရေး ပုံစံဆီကို ပြောင်းကြရမယ်။ 00:11:31.675 --> 00:11:32.852 ဒါ ကောင်းပါတယ်။ 00:11:32.876 --> 00:11:35.233 ကြီးထွားမှုနှုန်းကို အဲဒီမှာ ဖန်တီးနိုင်ကြမှာပါ။ 00:11:35.915 --> 00:11:37.519 လာမယ့် ငါးနှစ်အတွင်းမှာ၊ 00:11:37.543 --> 00:11:42.847 တရုတ်နိုင်ငံထဲက သုံးစွဲသူ ဘီလီယံတို့က ကျွန်တော်တို့ စီးပွားရေးထဲကို ထည့်ပေးမယ့် 00:11:42.871 --> 00:11:45.285 ကြီးထွားမှုနှုန်းဟာ ဥရောပ ငါးနိုင်ငံထက် ပိုလာမယ်။ 00:11:47.944 --> 00:11:52.233 လက်ရှိစတုတ္ထ ထုတ်လုပ်မှု တော်လှန်ရေးသစ်ဟာ အားလုံးအတွက် အခွင့်အလမ်းကြီးပါ။ 00:11:53.046 --> 00:11:55.000 ကျွန်တော်တို့က မှန်ကန်စွာ လုပ်ကြရင် 00:11:55.024 --> 00:11:58.414 နိုင်ငံအားလုံးတို့ရဲ့ စီးပွားရေးတွေ ရေရှည် ကြီးထွားလာမှာကို မြင်ကြရမယ်။ 00:11:58.969 --> 00:12:02.634 ပိုများပြားတဲ့ ဓနအရင်းအနှီးတွေကို အားလုံးအကြားမှာ ဖြန့်ဝေနိုင်မယ်ဆိုတော့ 00:12:02.658 --> 00:12:05.165 ကျွန်တော်တို့ ကလေးတွေရဲ့အနာဂတ်လည်း ပိုကောင်းလာမှာပါ။ 00:12:05.189 --> 00:12:06.340 ကျေးဇူးတင်ပါတယ်။ 00:12:06.374 --> 00:12:13.731 (လက်ခုပ်တီးသံများ)