Return to Video
Intro To Variables (Video Version)
  • 0:01 - 0:04
    ဒီဟာနဲ့  ပတ်သက်ပြီးကူညီဖို့  ကျွန်တော်တို့မှာ ၀င်စတန်လို့ခေါ်တဲ့သူငယ်ချင်းလေးရှိပါတယ်
  • 0:04 - 0:06
    သူ့ပုံစံကြည့်ရတာတော့ မထင်မှတ်လောက်အောင်ဘဲကောင်းလွန်းလှပါတယ်
  • 0:06 - 0:09
    ဒါပေမယ့်ကျွန်တော်ကတော့ သူ့မျက်လုံးရဲ့အရွယ်အစားကိုအနည်းငယ်လောက်ပြောင်းချင်ပါတယ်
  • 0:09 - 0:11
    ဒီနေရာဟာ သူ့မျက်လုံးကို ကျွန်တော်ဆွဲရမယ့်နေပါဘဲ
  • 0:11 - 0:13
    ဒီမှာကျွန်တော်တို့ အရာင်ဖြည့်ထားတယ် ၊ ဘဲဥပုံ ၂ခုဆွဲထားတာကိုသင်မြင်တွေ့နိုင်ပါတယ်။
  • 0:13 - 0:15
    တကယ်လို့ ကျွန်တ်ာဟာဘဲဥပုံရဲ့အရွယ်အစားကို ထပ်ပြီးသေးချင်တယ်ဆိုရင်တော့
  • 0:15 - 0:18
    ကျွန်တော်တို့သူ့ရဲ့အကျယ်အ၀န်းကိုပြင်ပေးလို့ရပါတယ်။ နောက်ထပ် ကျွန်တော်တို့သူ့ကိုပိုမိုလုံးဝန်းအောင် ပြင်ချင်သေးပါတယ်။
  • 0:18 - 0:20
    ဒါကြောင့်ကျွန်တော်သူ့ရဲ့အမြင့်ကို အရွယ်အစားတူသွားအောင်ပြင်ဆင်ပေးပါမယ်။
  • 0:20 - 0:23
    ကောင်းပြီ။ နောက်ထပ်ကျွန်တော်ဟာသူ့ရဲ့ မျက်လုံးတစ်စုံကို အရွယ်အစားတူအောင်ပြင်ချင်ပါသေးတယ်။
  • 0:23 - 0:25
    ဒါ့ကြောင့်သူ့နောက်ထပ်မျက်လုံးတစ်ဖက်ရဲ့ အမြင့်နဲ့ အကျယ်ကို ပြောင်းလဲပေးရပါမယ်။
  • 0:25 - 0:28
    မဟုတ်သေးဘူး။ သူတို့မျက်လုံးတွေဟာ အနည်းငယ်သေးနေသေးတယ်။ ဒါကြောင့် ကျွန်တော်သူတို့ကို ထပ်ပြီး ပြောင်းလဲပါအုံးမယ်။
  • 0:29 - 0:31
    အကယ်၍ ဂဏန်းတစ်လုံးထဲပြောင်းလိုက်မယ်ဆိုရင် သိပ်ပြီးမကောင်းနိုင်ပါဘူး၊
  • 0:31 - 0:33
    ပြီးတော့ မျက်လုံး၂ဖက်လုံးပြောင်းရင်ကောင်းမလား?
  • 0:33 - 0:36
    ဒီမှာတင် variables ရဲ့ဇာတ်လမ်းစတာပါဘဲ။
  • 0:37 - 0:41
    Variable ဆိုတာ နာမည် ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုအတွက် အမှတ်အသားလိုပါဘဲ။
  • 0:41 - 0:45
    ကျွန်တော်ကတော့ variable ကို ကြီးမားပြီး နာမည်ပေးထားတဲ့ ပုံးတစ်ပုံးအနေနဲ့ မှတ်ယူပါတယ်။
  • 0:45 - 0:46
    သင်ဟာအဲ့ဒီပုံးကြီးထဲကို သင်ကြိုက်နှစ်သက်ရာတွေကိုထည့်သွင်းနိုင်ပါတယ်။
  • 0:46 - 0:48
    ဒါပေမယ့် သင်ပေးထားတဲ့ပုံးရဲ့နာမည်ကတော့မပြောင်းလဲပါဘူး။
  • 0:48 - 0:52
    အဲ့ဒီပုံးထဲကအရာတွေကိုတော့ Variable ရဲ့တန်ဖိုးတွေလို့ကျွန်တော်တို့ခေါ်ဆိုနိုင်ပါတယ်။
  • 0:54 - 0:56
    ဆိုတော့ ကျွန်တော်တို့ Variable တွေ ကိုလက်တွေ့စပြီးသုံးကြည့်ရအောင်။
  • 0:56 - 0:58
    ကျွန်တော်တို့အဲ့ဒါတွေကိုဒီမှာဘဲလုပ်ကြရအောင်
  • 0:58 - 1:00
    သင်တို့လုပ်ရမှာကVariable ကိုကိုယ်စားပြုတဲ့ var ဆိုတာလေးရိုက်ရမှာပါ။
  • 1:00 - 1:02
    space ခြား ..ပြီးတော့ Variableရဲ့နာမည်
  • 1:02 - 1:04
    အဲ့ဒီအရာဟာ Variable ကဘာကိုသိမ်းထားမယ်ဆိုတာကိုဖော်ပြပေးမယ့်အရာဘဲ
  • 1:04 - 1:06
    ဆိုတော့ ဒါကိုကျွန်တော်တို့ eyeSize(မျက်လုံးရဲ့အရွယ်အစား) လို့ခေါ်ရအောင်
  • 1:06 - 1:08
    ပြီးတော့ သင်ကြိုက်နှစ်သက်ရာနာမည်လဲပေးလို့ရပါတယ်။
  • 1:08 - 1:10
    ဒါပေမယ့် စာလုံးတွေရဲ့ကြားမှာ space ခြားလို့တော့မရပါဘူး။
  • 1:10 - 1:12
    ပြီးတော့ semicolonလဲ မမေ့ခဲ့ပါနဲ့အုံး။
  • 1:12 - 1:14
    ဒီတော့ကျွန်တော်တို့ eyeSize လို့ခေါ်တဲ့ variable လေး လုပ်ပြီးသွားပြီ
  • 1:14 - 1:17
    ဘာကြောင့်လဲဆိုတော့ ၀င်စတန်ရဲ့မျက်လုံးရဲ့အရွယ်အစားကို ဒီကောင်လေးက သိမ်းထားမယ်။
  • 1:17 - 1:20
    ဒါပေမယ့် variable ထဲမှာ တန်ဖိုးမရှိသေးဘူး။
  • 1:20 - 1:23
    သူ့ကိုတန်ဖိုးထည့်ဖို့ဆိုရင်.. ကျွန်တော်တို့ eyeSize လို့အရင်ရိုက်ရမယ်
  • 1:23 - 1:27
    ပြီးရင် ညီမျှခြင်း( = ) လို့ရိုက်.. ပြီးရင် ၂၀ ဆိုပြီးရိုက်ရမယ်။
  • 1:28 - 1:29
    ကောင်းပြီ .. ယခု ညီမျှခြင်း အမှတ်သင်္ကေတကိုတွေ့ပါသလား?
  • 1:29 - 1:32
    သင်တို့ သချာင်္ဆရာကသင်တို့ကိုသင်ထားတာတွေကိုမေ့ပစ်လိုက်ပါ
  • 1:32 - 1:35
    အဲ့ဒီ ညီမျှခြင်း အမှတ်သင်္ကေတဟာ ညီတူညီမျှဖြစ်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး အဲ့ဒါဟာသတ်မှတ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။
  • 1:35 - 1:41
    ဆိုလိုတာက ကျွန်တော်တို့ဟာ ၂၀ဆိုတဲ့ တန်ဖိုးကို eyeSize လိုခေါ်တဲ့ variable ထဲမှာ သတ်မှတ်လိုက်တာပါ။
  • 1:42 - 1:44
    တခြားတနည်းနဲ့ပြောရမယ်ဆိုရင် ၂၀ဆိုတဲ့ဂဏန်းကို ထည့်လိုက်တာပါဘဲ
  • 1:44 - 1:46
    eyeSize လို့ခေါ်တဲ့ ပုံးထဲကိုထည့်လိုက်တာပါ။
  • 1:46 - 1:48
    ကျွန်တော်တို့မှတ်မိရမှာက သချာင်္စာသင်ခန်းထဲမှာဆို
  • 1:48 - 1:52
    x=3 ရယ် 3=Xရယ်
  • 1:52 - 1:54
    ဆိုတာဟာ တူညီပါတယ်လို့ပြောတာပါ။
  • 1:54 - 1:56
    ကောင်းပြီ ဒီမှာတော့ သင်အဲ့ဒီလိုလုပ်လို့မရပါဘူး။
  • 1:56 - 1:58
    ညီမျှခြင်း သင်္ကေတရဲ့ ဘယ်ဘက်မှာရှိနေတဲ့အရာတွေဟာ
  • 1:58 - 2:00
    variable ဘဲဖြစ်ပါတယ်
  • 2:00 - 2:03
    ညီမျှခြင်း သင်္ကေတရဲ့ ညာဘက်အခြမ်းမှာရှိနေတာတွေကတော့ တန်ဖိုးတွေဖြစ်ပါတယ်။
  • 2:03 - 2:05
    အဲ့ဒီအရာတွေဟာ သင် Variable ထဲကို သတ်မှတ်လိုက်တာတွေပါဘဲ
  • 2:06 - 2:08
    သင့်ကိုကူညီနိုင်မယ့်အကောင်းဆုံးနည်းလမ်းကတော့ ဘယ်ဘက်ကဘာဆိုတာကိုမှတ်မိနေဖို့
  • 2:08 - 2:10
    ကိုယ်Code ရေးနေစဉ်မှာ ကိုယ့်ကိုယ်ကိုသတိပေးနေဖို့လိုပါတယ်။
  • 2:10 - 2:11
    ကောင်းမွန်တဲ့ Programရေးသူတွေ ပြုမူသလိုပါဘဲ။
  • 2:11 - 2:15
    တကယ်လို့သင်ဟာ ညီမျှခြင်းသင်္ကေတကို ရိုက်နှိပ်လိုက်ပြီဆိုရင်တော့ ဒါကို ညီမျှခြင်း(equal) လို့မခေါ်ပါနဲ့ ရယူသည်(get)လို့ခေါ်ကြရအောင်။
  • 2:15 - 2:19
    ဒီတော့ eyeSize (မျက်လုံးအရွယ်အစား)ကို ၂၀လို့ရယူလိုက်ပါ
  • 2:20 - 2:22
    ပြီးတော့သင်ရဲ့ပရိုဂရမ်မှာ eyeSize ကိုသုံးလိုက်တဲ့အချိန်တိုင်း
  • 2:22 - 2:25
    ကွန်ပြူတာက ဘယ်လိုဖြစ်သွားမလဲဆိုတော့..အိုး!ဟုတ်တယ် အဲ့ဒါvariable
  • 2:25 - 2:28
    သူမ ဒီတန်ဖိုး၂၀ဆိုတာကိုဆိုလိုမှန်းကျွန်တော်သိပါတယ်
  • 2:28 - 2:31
    ဒါဆို ကြည့်လိုက်ကြရအောင်.. ကျွန်တော်ဒီဟာကို ကော်ပီလုပ်လိုက်မယ်
  • 2:31 - 2:34
    ပြီးတော့ဒီဂဏန်း၎ခုမှာအစားထိုးလိုက်မယ်
  • 2:35 - 2:37
    ကျွန်တော့ရဲ့eyeSize variable အသစ်တွေနဲ့အစားထိုးလိုက်မယ်
  • 2:38 - 2:40
    ပြီးတော့ ဟောဒီမှာတွေ့လား!
  • 2:40 - 2:44
  • 2:44 - 2:47
    တစ်ကယ်လို့မျက်လုံးတစ်စုံရဲ့ တန်ဖိုးတွေကိုကျွန်တော်ပြောင်းချင်တယ်ဆိုရင်
  • 2:47 - 2:48
    ဒါမှမဟုတ် မျက်လုံးတစ်စုံရဲ့ အရွယ်အစားကိုပြောင်းချင်တယ်ဆိုရင်
  • 2:48 - 2:51
    ဒီ Variable ရဲ့တန်ဖိုးတွေကို ပြောင်းလဲနိုင်ပါတယ်
  • 2:51 - 2:53
    အာ!!! တော်တော်ကောင်းသွားပြီ
  • 2:54 - 2:56
    ကောင်းပြီ... အဆုံးသတ်ကြရအောင်
  • 2:56 - 2:59
    ဒီမှာ ကျွန်တော်တို့ eyeSize(မျက်လုံးအရွယ်အစား)လို့ခေါ်တဲ့ variable အသစ်တစ်ခု ပြုလုပ်ခဲ့ပြီ
  • 2:59 - 3:01
    ပြီးတော့ သူ့ရဲ့တန်ဖိုးကို ၃၃လို့ ကျွန်တော်တို့ပေးခဲ့ပြီ
  • 3:01 - 3:03
    ဒါတွေအားလုံးကို အဆင့်တစ်ခုထဲနဲ့ ကျွန်တော်တို့လုပ်နိုင်ပါတယ်
  • 3:03 - 3:06
    var eyeSize လို့ရိုက်လိုက်ပါ ။ ဒါကပထမအဆင့်ပါ
  • 3:06 - 3:09
    ၃၃လို့ရိုက်လိုက်ပါ ။ ဒါက ဒုတိယအဆင့်ပါ။
  • 3:09 - 3:11
    တကယ်လို့ ဒီနှစ်ကြောင်းလုံးကို ဖျက်လိုက်တယ်ဆိုရင်တောင်
  • 3:11 - 3:13
    အရာအားလုံးက ဆက်ပြီးအလုပ်လုပ်နေအုံးမှာကို သင်မြင်တွေ့နိုင်ပါတယ်။
  • 3:13 - 3:17
    နောက်ပြီး ကွန်ပြူတာဟာ code တွေကို အထက်ကနေအောက် ဖတ်သွားတယ်ဆိုတာကိုလဲသတိပြုရပါမယ်။
  • 3:17 - 3:19
    ဒါကြောင့်အောက်မှာ eyeSize ရှိတယ်ဆိုတာကိုသိရပါမယ်
  • 3:19 - 3:22
    ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဲ့ဒါကို အပေါ်မှာ သတ်မှတ်ထားပြီးသားမို့လို့ပါဘဲ။
  • 3:22 - 3:24
    အကယ်၍ ဒါကိုအောက်မှာထားလိုက်တယ်ဆိုရင်
  • 3:25 - 3:28
    ဒီ code ရေးထားတဲ့ အကြောင်းကိုရောက်တဲ့အခါ ကွန်ပြူတာက
  • 3:28 - 3:31
    eyeSize ! eyeSize ဆိုတာဘာပါလိမ့်..ဒါကိုဘာလဲကျွန်တော်မသိဘူးလို့ပြပါလိမ့်မယ်။
  • 3:31 - 3:34
    အမှန်က ကျွန်တော်တို့မှာeyeSize ကို သတ်မှတ်ထားတာမရှိဘူးလို့ error တက်နေတာပါ။
  • 3:34 - 3:36
    သင်ဟာသင့်ကိုယ်သင် တွေးထင်ကောင်းတွေးထင်နေပါလိမ့်မယ်
  • 3:36 - 3:37
    ငါဒီမှာ သတ်မှတ်ထားခဲ့သားဘဲလို့ပေါ့
  • 3:37 - 3:40
    ဒါပေမယ့် ကွန်ပြူတာကအဲ့ဒီလောက်မတော်ပါဘူး.. သူဒါကိုမသိပါဘူး
  • 3:40 - 3:43
    အပေါ်ကိုပြန်သွားကြည့်ရအောင်
  • 3:44 - 3:46
    သင်သေချာအောင်လုပ်ရမှာက
  • 3:46 - 3:48
    ဒါကိုမသုံးခင် သင်ဟာ variable သတ်မှတ်ထားခဲ့လားဆိုတာပါဘဲ
  • 3:52 - 3:56
    ခုတော့သင်ဟာ variable တွေအကြောင်းကိုသိသွားပါပြီ.. ရေးးးးးးး!!!!!!!!
Title:
Intro To Variables (Video Version)
Description:
more » « less
Video Language:
English
Duration:
03:53
Burmese subtitles
Revisions