ဒီဟာနဲ့  ပတ်သက်ပြီးကူညီဖို့  ကျွန်တော်တို့မှာ ၀င်စတန်လို့ခေါ်တဲ့သူငယ်ချင်းလေးရှိပါတယ် သူ့ပုံစံကြည့်ရတာတော့ မထင်မှတ်လောက်အောင်ဘဲကောင်းလွန်းလှပါတယ် ဒါပေမယ့်ကျွန်တော်ကတော့ သူ့မျက်လုံးရဲ့အရွယ်အစားကိုအနည်းငယ်လောက်ပြောင်းချင်ပါတယ် ဒီနေရာဟာ သူ့မျက်လုံးကို ကျွန်တော်ဆွဲရမယ့်နေပါဘဲ ဒီမှာကျွန်တော်တို့ အရာင်ဖြည့်ထားတယ် ၊ ဘဲဥပုံ ၂ခုဆွဲထားတာကိုသင်မြင်တွေ့နိုင်ပါတယ်။ တကယ်လို့ ကျွန်တ်ာဟာဘဲဥပုံရဲ့အရွယ်အစားကို ထပ်ပြီးသေးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့သူ့ရဲ့အကျယ်အ၀န်းကိုပြင်ပေးလို့ရပါတယ်။ နောက်ထပ် ကျွန်တော်တို့သူ့ကိုပိုမိုလုံးဝန်းအောင် ပြင်ချင်သေးပါတယ်။ ဒါကြောင့်ကျွန်တော်သူ့ရဲ့အမြင့်ကို အရွယ်အစားတူသွားအောင်ပြင်ဆင်ပေးပါမယ်။ ကောင်းပြီ။ နောက်ထပ်ကျွန်တော်ဟာသူ့ရဲ့ မျက်လုံးတစ်စုံကို အရွယ်အစားတူအောင်ပြင်ချင်ပါသေးတယ်။ ဒါ့ကြောင့်သူ့နောက်ထပ်မျက်လုံးတစ်ဖက်ရဲ့ အမြင့်နဲ့ အကျယ်ကို ပြောင်းလဲပေးရပါမယ်။ မဟုတ်သေးဘူး။ သူတို့မျက်လုံးတွေဟာ အနည်းငယ်သေးနေသေးတယ်။ ဒါကြောင့် ကျွန်တော်သူတို့ကို ထပ်ပြီး ပြောင်းလဲပါအုံးမယ်။ အကယ်၍ ဂဏန်းတစ်လုံးထဲပြောင်းလိုက်မယ်ဆိုရင် သိပ်ပြီးမကောင်းနိုင်ပါဘူး၊ ပြီးတော့ မျက်လုံး၂ဖက်လုံးပြောင်းရင်ကောင်းမလား? ဒီမှာတင် variables ရဲ့ဇာတ်လမ်းစတာပါဘဲ။ Variable ဆိုတာ နာမည် ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုအတွက် အမှတ်အသားလိုပါဘဲ။ ကျွန်တော်ကတော့ variable ကို ကြီးမားပြီး နာမည်ပေးထားတဲ့ ပုံးတစ်ပုံးအနေနဲ့ မှတ်ယူပါတယ်။ သင်ဟာအဲ့ဒီပုံးကြီးထဲကို သင်ကြိုက်နှစ်သက်ရာတွေကိုထည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့် သင်ပေးထားတဲ့ပုံးရဲ့နာမည်ကတော့မပြောင်းလဲပါဘူး။ အဲ့ဒီပုံးထဲကအရာတွေကိုတော့ Variable ရဲ့တန်ဖိုးတွေလို့ကျွန်တော်တို့ခေါ်ဆိုနိုင်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ Variable တွေ ကိုလက်တွေ့စပြီးသုံးကြည့်ရအောင်။ ကျွန်တော်တို့အဲ့ဒါတွေကိုဒီမှာဘဲလုပ်ကြရအောင် သင်တို့လုပ်ရမှာကVariable ကိုကိုယ်စားပြုတဲ့ var ဆိုတာလေးရိုက်ရမှာပါ။ space ခြား ..ပြီးတော့ Variableရဲ့နာမည် အဲ့ဒီအရာဟာ Variable ကဘာကိုသိမ်းထားမယ်ဆိုတာကိုဖော်ပြပေးမယ့်အရာဘဲ ဆိုတော့ ဒါကိုကျွန်တော်တို့ eyeSize(မျက်လုံးရဲ့အရွယ်အစား) လို့ခေါ်ရအောင် ပြီးတော့ သင်ကြိုက်နှစ်သက်ရာနာမည်လဲပေးလို့ရပါတယ်။ ဒါပေမယ့် စာလုံးတွေရဲ့ကြားမှာ space ခြားလို့တော့မရပါဘူး။ ပြီးတော့ semicolonလဲ မမေ့ခဲ့ပါနဲ့အုံး။ ဒီတော့ကျွန်တော်တို့ eyeSize လို့ခေါ်တဲ့ variable လေး လုပ်ပြီးသွားပြီ ဘာကြောင့်လဲဆိုတော့ ၀င်စတန်ရဲ့မျက်လုံးရဲ့အရွယ်အစားကို ဒီကောင်လေးက သိမ်းထားမယ်။ ဒါပေမယ့် variable ထဲမှာ တန်ဖိုးမရှိသေးဘူး။ သူ့ကိုတန်ဖိုးထည့်ဖို့ဆိုရင်.. ကျွန်တော်တို့ eyeSize လို့အရင်ရိုက်ရမယ် ပြီးရင် ညီမျှခြင်း( = ) လို့ရိုက်.. ပြီးရင် ၂၀ ဆိုပြီးရိုက်ရမယ်။ ကောင်းပြီ .. ယခု ညီမျှခြင်း အမှတ်သင်္ကေတကိုတွေ့ပါသလား? သင်တို့ သချာင်္ဆရာကသင်တို့ကိုသင်ထားတာတွေကိုမေ့ပစ်လိုက်ပါ အဲ့ဒီ ညီမျှခြင်း အမှတ်သင်္ကေတဟာ ညီတူညီမျှဖြစ်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး အဲ့ဒါဟာသတ်မှတ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ဟာ ၂၀ဆိုတဲ့ တန်ဖိုးကို eyeSize လိုခေါ်တဲ့ variable ထဲမှာ သတ်မှတ်လိုက်တာပါ။ တခြားတနည်းနဲ့ပြောရမယ်ဆိုရင် ၂၀ဆိုတဲ့ဂဏန်းကို ထည့်လိုက်တာပါဘဲ eyeSize လို့ခေါ်တဲ့ ပုံးထဲကိုထည့်လိုက်တာပါ။ ကျွန်တော်တို့မှတ်မိရမှာက သချာင်္စာသင်ခန်းထဲမှာဆို x=3 ရယ် 3=Xရယ် ဆိုတာဟာ တူညီပါတယ်လို့ပြောတာပါ။ ကောင်းပြီ ဒီမှာတော့ သင်အဲ့ဒီလိုလုပ်လို့မရပါဘူး။ ညီမျှခြင်း သင်္ကေတရဲ့ ဘယ်ဘက်မှာရှိနေတဲ့အရာတွေဟာ variable ဘဲဖြစ်ပါတယ် ညီမျှခြင်း သင်္ကေတရဲ့ ညာဘက်အခြမ်းမှာရှိနေတာတွေကတော့ တန်ဖိုးတွေဖြစ်ပါတယ်။ အဲ့ဒီအရာတွေဟာ သင် Variable ထဲကို သတ်မှတ်လိုက်တာတွေပါဘဲ သင့်ကိုကူညီနိုင်မယ့်အကောင်းဆုံးနည်းလမ်းကတော့ ဘယ်ဘက်ကဘာဆိုတာကိုမှတ်မိနေဖို့ ကိုယ်Code ရေးနေစဉ်မှာ ကိုယ့်ကိုယ်ကိုသတိပေးနေဖို့လိုပါတယ်။ ကောင်းမွန်တဲ့ Programရေးသူတွေ ပြုမူသလိုပါဘဲ။ တကယ်လို့သင်ဟာ ညီမျှခြင်းသင်္ကေတကို ရိုက်နှိပ်လိုက်ပြီဆိုရင်တော့ ဒါကို ညီမျှခြင်း(equal) လို့မခေါ်ပါနဲ့ ရယူသည်(get)လို့ခေါ်ကြရအောင်။ ဒီတော့ eyeSize (မျက်လုံးအရွယ်အစား)ကို ၂၀လို့ရယူလိုက်ပါ ပြီးတော့သင်ရဲ့ပရိုဂရမ်မှာ eyeSize ကိုသုံးလိုက်တဲ့အချိန်တိုင်း ကွန်ပြူတာက ဘယ်လိုဖြစ်သွားမလဲဆိုတော့..အိုး!ဟုတ်တယ် အဲ့ဒါvariable သူမ ဒီတန်ဖိုး၂၀ဆိုတာကိုဆိုလိုမှန်းကျွန်တော်သိပါတယ် ဒါဆို ကြည့်လိုက်ကြရအောင်.. ကျွန်တော်ဒီဟာကို ကော်ပီလုပ်လိုက်မယ် ပြီးတော့ဒီဂဏန်း၎ခုမှာအစားထိုးလိုက်မယ် ကျွန်တော့ရဲ့eyeSize variable အသစ်တွေနဲ့အစားထိုးလိုက်မယ် ပြီးတော့ ဟောဒီမှာတွေ့လား! ၀င်စတန့်ရဲ့မျက်လုံးတစ်စုံက အခုတော့ လုံးဝန်းပြီးအရွယ်အစားတူသွားပြီ တစ်ကယ်လို့မျက်လုံးတစ်စုံရဲ့ တန်ဖိုးတွေကိုကျွန်တော်ပြောင်းချင်တယ်ဆိုရင် ဒါမှမဟုတ် မျက်လုံးတစ်စုံရဲ့ အရွယ်အစားကိုပြောင်းချင်တယ်ဆိုရင် ဒီ Variable ရဲ့တန်ဖိုးတွေကို ပြောင်းလဲနိုင်ပါတယ် အာ!!! တော်တော်ကောင်းသွားပြီ ကောင်းပြီ... အဆုံးသတ်ကြရအောင် ဒီမှာ ကျွန်တော်တို့ eyeSize(မျက်လုံးအရွယ်အစား)လို့ခေါ်တဲ့ variable အသစ်တစ်ခု ပြုလုပ်ခဲ့ပြီ ပြီးတော့ သူ့ရဲ့တန်ဖိုးကို ၃၃လို့ ကျွန်တော်တို့ပေးခဲ့ပြီ ဒါတွေအားလုံးကို အဆင့်တစ်ခုထဲနဲ့ ကျွန်တော်တို့လုပ်နိုင်ပါတယ် var eyeSize လို့ရိုက်လိုက်ပါ ။ ဒါကပထမအဆင့်ပါ ၃၃လို့ရိုက်လိုက်ပါ ။ ဒါက ဒုတိယအဆင့်ပါ။ တကယ်လို့ ဒီနှစ်ကြောင်းလုံးကို ဖျက်လိုက်တယ်ဆိုရင်တောင် အရာအားလုံးက ဆက်ပြီးအလုပ်လုပ်နေအုံးမှာကို သင်မြင်တွေ့နိုင်ပါတယ်။ နောက်ပြီး ကွန်ပြူတာဟာ code တွေကို အထက်ကနေအောက် ဖတ်သွားတယ်ဆိုတာကိုလဲသတိပြုရပါမယ်။ ဒါကြောင့်အောက်မှာ eyeSize ရှိတယ်ဆိုတာကိုသိရပါမယ် ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဲ့ဒါကို အပေါ်မှာ သတ်မှတ်ထားပြီးသားမို့လို့ပါဘဲ။ အကယ်၍ ဒါကိုအောက်မှာထားလိုက်တယ်ဆိုရင် ဒီ code ရေးထားတဲ့ အကြောင်းကိုရောက်တဲ့အခါ ကွန်ပြူတာက eyeSize ! eyeSize ဆိုတာဘာပါလိမ့်..ဒါကိုဘာလဲကျွန်တော်မသိဘူးလို့ပြပါလိမ့်မယ်။ အမှန်က ကျွန်တော်တို့မှာeyeSize ကို သတ်မှတ်ထားတာမရှိဘူးလို့ error တက်နေတာပါ။ သင်ဟာသင့်ကိုယ်သင် တွေးထင်ကောင်းတွေးထင်နေပါလိမ့်မယ် ငါဒီမှာ သတ်မှတ်ထားခဲ့သားဘဲလို့ပေါ့ ဒါပေမယ့် ကွန်ပြူတာကအဲ့ဒီလောက်မတော်ပါဘူး.. သူဒါကိုမသိပါဘူး အပေါ်ကိုပြန်သွားကြည့်ရအောင် သင်သေချာအောင်လုပ်ရမှာက ဒါကိုမသုံးခင် သင်ဟာ variable သတ်မှတ်ထားခဲ့လားဆိုတာပါဘဲ ခုတော့သင်ဟာ variable တွေအကြောင်းကိုသိသွားပါပြီ.. ရေးးးးးးး!!!!!!!!