Return to Video

အက်တမ်တို့ ဓာတ်စည်းနှောင်ကြပုံ- George Zaidan and Charles Morton

  • 0:07 - 0:09
    အက်တမ်အများစုက တကိုယ်တော် ခရီးမနှင်ကြပါ။
  • 0:09 - 0:12
    အဲဒီအစား အခြားသော အက်တမ်တွေနဲ့
    ပေါင်းစည်းကြပါတယ်။
  • 0:12 - 0:14
    ပြီးတော့ ဒြပ်စင်တူ အက်တမ်ချင်း၊
  • 0:14 - 0:15
    (သို့) မျိုးကွဲဒြပ်စင်ရဲ့
  • 0:15 - 0:17
    အက်တမ်တွေ ကြား၌
    စည်းနှောင်မှုတွေ ဖြစ်နိုင်တယ်
  • 0:17 - 0:20
    ဓာတ်စည်းနှောင်ခြင်းကို လွန်ဆွဲပွဲလို
    စိတ်ကူးကြည့်နိုင်ပါတယ်။
  • 0:20 - 0:22
    အကယ်၍ အက်တမ်တစ်လုံးက
    တကယ် အားကောင်းရင်
  • 0:22 - 0:24
    တခြား အက်တမ်က အီလက်ထရွန်ကို
    တစ်လုံးထက်မက၊
  • 0:24 - 0:26
    ပိုပြီး ဆွဲယူနိုင်ပါတယ်။
  • 0:26 - 0:29
    အဲဒီနောက် အက်တမ်တစ်လုံးက
    လျှပ်မဓာတ်ဆောင် ionနဲ့ အခြားတစ်လုံးက
  • 0:29 - 0:31
    လျှပ်ဖိုဓာတ်ဆောင် ion အဖြစ်
    ပွဲသိမ်းကြပါတယ်။
  • 0:31 - 0:34
    ပြီးတော့ ဒီ ဆန့်ကျင်ဘက် လျှပ်စစ်ဓာတ်
    တွေကြား ဆွဲငင်ခြင်းကို
  • 0:34 - 0:36
    လျှပ်စစ်စည်း၊ Ionic Bond ခေါ်ပါတယ်။
  • 0:36 - 0:37
    ဒီ ပေးဝေမှု အမျိုးအစားက
  • 0:37 - 0:40
    သင်ဟာ သင့်အရုပ်ကို
    အခြားတစ်ဦးထံ ပေးလိုက်ရုံနဲ့
  • 0:40 - 0:42
    ဒီအရုပ်ကို ဘယ်တော့မှ ပြန်မရသလိုပါပဲ။
  • 0:43 - 0:45
    ဆားပွဲတင်ဆား ခေါ်
    Sodium Chlorideကို
  • 0:45 - 0:48
    Ionic Bondနဲ့ အတူတကွ စည်းနှောင်ထားပါတယ်။
  • 0:48 - 0:50
    Sodium အက်တမ်တိုင်းက
    အီလက်ထရွန်တစ်လုံးကို
  • 0:50 - 0:52
    Chlorine အက်တမ်းတိုင်းအား အပိုင်ပေးကာ
  • 0:52 - 0:53
    Ionတွေ ဖွဲ့စည်းပါတယ်။
  • 0:53 - 0:55
    ဒီ ionတွေက 3D အကွက်ထဲက
    lattice ခေါ်
  • 0:55 - 0:58
    ငြမ်းမှတ်တစ်ခုမှာ သူတို့ဘာသာသူတို့
    နေရာချကြပါတယ်။
  • 0:58 - 0:59
    အဲဒီမှာ Sodium ion တိုင်းကို
  • 0:59 - 1:02
    Chlorine ion ခြောက်လုံးထိ
    ဓာတ်စည်းနှောင်ပြီး၊
  • 1:02 - 1:03
    Chlorine ion တိုင်းကိုလည်း Sodium ion
  • 1:03 - 1:06
    ခြောက်လုံးထိ ဓာတ်စည်းနှောင်ကြပါတယ်။
  • 1:06 - 1:07
    Chlorine အက်တမ်က Sodium အက်တမ်ရဲ့
  • 1:07 - 1:10
    အီလက်ထရွန်တွေကို ဘယ်တော့မှ ပြန်မပေးပါဘူး။
  • 1:11 - 1:14
    အခု ဒီကိစ္စမျိုးက အမြဲတမ်း
    မူသေတော့ မမှတ်ယူနိုင်ပါ။
  • 1:14 - 1:17
    အက်တမ်တစ်လုံးက အခြား
    အက်တမ်အပေါ် လွှမ်းမိုးခြင်း လုံး၀မရှိက
  • 1:17 - 1:19
    တစ်လုံးက တစ်လုံးကို
    အီလက်ထရွန်တစ်လုံးစီ ဝေမျှနိုင်ပါတယ်။
  • 1:19 - 1:21
    ဒါဟာ ဘုံထားလိုက်သလိုပါ
  • 1:21 - 1:23
    ခင်ဗျားနဲ့ မိတ်ဆွေတစ်ဦး
    ဟင်းတစ်ပွဲစီ သယ်ပြီး
  • 1:23 - 1:26
    ခင်ဗျားတို့ နှစ်ဦး
    ဟင်းပွဲနှစ်ပွဲလုံးကို မျှစားသလိုပါ။
  • 1:26 - 1:28
    အက်တမ်တမ်တစ်လုံးစီက
    ၎င်းတို့ကြား မျှထားတဲ့
  • 1:28 - 1:29
    အီလက်ထရွန်တွေကို ဆွဲငင်ကြတဲ့
  • 1:29 - 1:32
    ဒီ ဆွဲငင်မှုကို ဖက်စပ်စည်း၊
    Covalent Bond ခေါ်ပါတယ်။
  • 1:32 - 1:34
    ဥပမာ၊ ကျုပ်တို့ ကိုယ်ခန္ဓာက Proteinနဲ့
  • 1:34 - 1:35
    DNA ဟာ
  • 1:35 - 1:38
    ဒီ Covalent Bondနဲ့ အတူတကွ
    စည်းနှောင်ပါတယ်။
  • 1:38 - 1:39
    အချို့ အက်တမ်တွေက တခြား အက်တမ်
  • 1:39 - 1:41
    တစ်လုံးနဲ့၊ တခြားဟာတွေက
    အက်တမ်များစွာနဲ့
  • 1:41 - 1:43
    ဖက်စပ်သဘော ဓာတ်စည်းနိုင်ပါတယ်။
  • 1:43 - 1:44
    အက်တမ်တစ်လုံး စည်းနှောင်နိုင်တဲ့
  • 1:44 - 1:46
    တခြား အက်တမ်တွေရဲ့
    အရေအတွက်က
  • 1:46 - 1:49
    ၎င်းရဲ့ အီလက်ထရွန်တွေကို
    စီစဉ်ထားတဲ့ အပေါ်မူတည်ပါတယ်။
  • 1:49 - 1:52
    ဒီတော့ အီလက်ထရွန်ကို ဘယ်လို စီစဉ်ထားပါလဲ
  • 1:52 - 1:54
    အရောအနှောကင်း၊ နှောင်စည်းမယ့် ဒြပ်စင်ရဲ့
  • 1:54 - 1:55
    အက်တမ်တိုင်းဟာ လျှပ်ပြယ်ပါ။
  • 1:55 - 1:57
    အကြောင်းမှာ နျူးကလိယပ်ကို
  • 1:57 - 1:58
    ဝန်းရံတဲ့ အီလက်ထရွန် ရှိတဲ့အတိုင်း
  • 1:58 - 2:01
    နျူးကလိယပ်ထဲမှာ ပရိုတွန်တွေက
    အရေအတွက်တူ ပါရှိလို့ပါ။
  • 2:01 - 2:04
    ဒီ အီလက်ထရွန်တွေ အားလုံးကိုတော့
    ဓာတ်စည်းဖို့ရာ မလိုအပ်ပါ။
  • 2:04 - 2:06
    နျူးကလိယပ်မှ အဝေးဆုံးပတ်လမ်း၌ရှိသော၊
  • 2:06 - 2:09
    အမြင့်ဆုံး စွမ်းအင် ရှိသော၊
    အပြင်ဘက် အကျဆုံးသော
  • 2:09 - 2:10
    အီလက်ထရွန်တွေကသာ
  • 2:10 - 2:13
    ဓာတ်စည်းခြင်း၌ ပါဝင်ပါတယ်။
  • 2:13 - 2:16
    ဒါက Ionic Bond မှာလည်း အကျုံးးဝင်ကြောင်း
    စကားမစပ်ပြောပါရစေ။
  • 2:16 - 2:17
    Sodium Chloride ကို မှတ်မိပါလား။
  • 2:17 - 2:19
    Sodium ဆုံးရှုံးလိုက်တဲ့ အီလက်ထရွန်က
  • 2:19 - 2:22
    ၎င်းရဲ့ နျူးကလိယပ်မှ
    အဝေးဆုံးရှိ အီလက်ထရွန်ပါ၊
  • 2:22 - 2:23
    ပြီးတော့ ၎င်းက Chlorine ထဲ ဝင်တဲ့အခါ
  • 2:23 - 2:25
    ဒီ အီလက်ထရွန် နေရာယူတဲ့ပတ်လမ်းဟာ
  • 2:25 - 2:28
    Chlorine နျူးကလိယပ်မှ အဝေးဆုံးမှာရှိတဲ့
    ပတ်လမ်းမှာ ဖြစ်ပါတယ်။
  • 2:28 - 2:30
    Covalent Bond ဓာတ်စည်းကို ပြန်သွားစို့။
  • 2:30 - 2:32
    Carbon မှာ ဓာတ်စည်းဖို့
    လွတ်လပ်-
  • 2:32 - 2:33
    အီလက်ထရွန် လေးလုံး၊
  • 2:33 - 2:34
    Nitrogen မှာ သုံးလုံးနဲ့
  • 2:34 - 2:35
    Oxygen က နှစ်လုံးပါ။
  • 2:35 - 2:37
    ဒီတော့ Carbon က ဓာတ်စည်း လေးခု
  • 2:37 - 2:38
    Nitrogen သုံးခု
  • 2:38 - 2:40
    Oxygen နှစ်ခု ဖြစ်ဖို့များတယ်။
  • 2:40 - 2:41
    Hydrogenက အီလက်ထရွန်
    တစ်လုံးပဲရှိတယ်
  • 2:41 - 2:43
    ဒီတော့ ဓာတ်စည်း တစ်ခုသာ ဖွဲ့နိုင်တယ်။
  • 2:43 - 2:45
    အထူးကိစ္စရပ်တွေမှာ အက်တမ်တွေဟာ
  • 2:45 - 2:46
    သင် မျှော်လင့်တာထက် ပိုများတဲ့
  • 2:46 - 2:48
    ဓာတ်စည်းဖြစ်နိုင်ပေမဲ့
  • 2:48 - 2:50
    ဒီလိုလုပ်ဖို့ အကြောင်းပြချက်
    ကောင်းကောင်းရှိကြပါတယ်။
  • 2:50 - 2:52
    သို့မဟုတ် အရာ၀တ္ထုတွေ
    ပဲ့ထွက်ကုန်မှာပါ။
  • 2:52 - 2:53
    တစ်ဖွဲ့နဲ့ တစ်ဖွဲ့
  • 2:53 - 2:55
    ပေးမျှစည်းနဲ့ အီလက်ထရွန်တွေမျှတဲ့
    အက်တမ်
  • 2:55 - 2:57
    အုပ်စုတွေကို Molecule ခေါ်ပါတယ်။
  • 2:58 - 2:59
    သူတို့က သေး နိုင်တယ်။
  • 2:59 - 3:01
    ဥပမာ၊ Oxygen ဓာတ်ငွေ့ရဲ့
    Moleculeတိုင်းကို
  • 3:01 - 3:03
    တစ်ခုနဲ့ တစ်ခု ဓာတ်စည်းထားတဲ့
    Oxygen အက်တမ်ဟာ
  • 3:03 - 3:05
    နှစ်လုံးတည်းနဲ့ ပြုလုပ်ပါတယ်။
  • 3:05 - 3:06
    တကယ့် ကြီးမားတာတွေဖြစ်နိုင်တယ်။
  • 3:06 - 3:09
    လူ့ ခရိုမိုဇုန်း ၁၃ ဟာ မော်လီကျူး
    နှစ်လုံးသာ ဖြစ်ပါတယ်။
  • 3:09 - 3:13
    ဒါပေမဲ့ တစ်ခုစီမှာ အက်တမ်ပေါင်း
    ၃၇ ဘီလျှံကျော်ရှိပါတယ်
  • 3:13 - 3:14
    ပြီးတော့ ဒီ အနီးအပါးက၊
  • 3:14 - 3:15
    ဒီ အက်တမ့်မြို့တော်ကို
  • 3:15 - 3:18
    သာမည ဓာတုဓာတ်စည်းနဲ့သာ
    အတူတကွ စည်းနှောင်ပါတယ်။
Title:
အက်တမ်တို့ ဓာတ်စည်းနှောင်ကြပုံ- George Zaidan and Charles Morton
Description:

အပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/how-atoms-bond-george-zaidan-and-charles-morton။

အက်တမ်များသည် မော်လီကျူးတွေ ဖွဲ့စည်းဖို့ စဉ်ဆက်မပြတ် စည်းနှောင်နိုင်ကြပါတယ်။ တခါတလေဆို Ionic bond၊ လျှပ်စစ်စည်း ဖွဲ့စည်းခြင်းဖြင့် အက်တမ်တစ်လုံးက အခြား အက်တမ်မှ အီလက်ထရွန်တွေကို လွန်ဆွဲသလို ဆွဲယူကြပါတယ်။ Covalent bond၊ ဖက်စပ်စည်းတွင် အက်တမ်တွေက အီလက်ထရွန်တွေကို မျှမျှတတ ဝေမျှပြီး စည်းနှောင်ကြပါတယ်။ George Zaidanနဲ့ Charles Morton တို့က ရိုးရှင်းတဲ့ အောက်စီဂျင်မှ ရှုပ်ထွေးတဲ့ လူ့ ခရိုမိုဇုန်း ၁၃ ထိ သာမည ဓာတ်စည်းကို ခွဲခြမ်းပြထားပါသည်။

သင်ခန်းစာတင်ဆက်သူ- George Zaidan and Charles Morton၊ ရုပ်သံလှုပ်ရှားမှု- Bevan Lynch။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:34

Burmese subtitles

Revisions