Return to Video

တူရိယာ တီးခတ်ခြင်းက သင့်ဦးနှောက်ကို အကျိုးပြုပုံ - Anita Collins

  • 0:14 - 0:17
    ဂီတပညာရှင်တွေ သူတို့တူရိယာတွေ
    ကောက်ကိုင်လိုက်တိုင်း သူတို့ ဦးနှောက်
  • 0:17 - 0:20
    တစ်ဝန်းလုံးမှာ မီးရှူးမီးပန်းတွေ
    ပေါက်ထွက်သွားတာကို သင်သိလား။
  • 0:20 - 0:23
    အပြင်ပန်းမှာ သူတို့ဟာ
    အေးဆေးပြီး အာရုံစိုက်နေလျက်၊
  • 0:23 - 0:27
    ဂီတကိုဖတ်ရင်း၊ လေ့ကျင့်ထားတဲ့ လိုအပ်တဲ့
    တိကျတဲ့ လှုပ်ရှားမှုတွေကို ဖန်တီးရင်းပေါ့။
  • 0:27 - 0:29
    ဒါပေမဲ့ ဦးနှောက်အတွင်းမှာကျတော့
    ပါတီပွဲဖြစ်နေတယ်။
  • 0:30 - 0:31
    ဒါကို ဘယ်လိုသိလဲ။
  • 0:31 - 0:33
    လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က
  • 0:33 - 0:36
    အာရုံကြော သိပ္ပံပညာရှင်တွေဟာ
    ဧရာမ တိုးတက်မှုတွေ
  • 0:36 - 0:40
    ပြုလုပ်ခဲ့တယ်။ fMRI နဲ့ PET လို
    ကိရိယာတွေနဲ့ အချိန်နဲ့ တပြေးညီ
  • 0:40 - 0:43
    ဦးနှောက်တွေ
    အလုပ်လုပ်ပုံကို နားလည်ခြင်းနဲ့ပါ။
  • 0:43 - 0:46
    လူတွေကို ဒီစက်တွေနဲ့ ချိတ်လိုက်တဲ့အခါ
  • 0:46 - 0:49
    စာဖတ်ခြင်း၊ သင်္ချာ တွက်ခြင်းလို
    လုပ်ဆောင်မှုတွေ တစ်ခုစီအတွက်
  • 0:49 - 0:53
    လှုပ်ရှားမှုတွေကို လေ့လာနိုင်တဲ့ ဦးနှောက်
    ရဲ့ သက်ဆိုင်ရာ နေရာတွေ ရှိပါတယ်။
  • 0:53 - 0:56
    ဒါပေမဲ့ သုတေသီတွေဟာ ပါဝင်သူတွေကို
    ဂီတကို နားထောင်ခိုင်းတဲ့အခါ
  • 0:56 - 0:58
    မီးရှူးမီးပန်းတွေကို မြင်ခဲ့ရတယ်။
  • 0:58 - 1:01
    အသံထုတ်လုပ်နေစဉ်မှာပဲ
    ဦးနှောက်ရဲ့ နေရာစုံဟာ
  • 1:01 - 1:03
    ချက်ချင်း လင်းလက်နေတယ်။
  • 1:03 - 1:06
    တေးသွားနဲ့ စည်းချက်လို
    အစိတ်အပိုင်းတွေကို နားလည်ဖို့
  • 1:06 - 1:10
    တစ်ပိုင်းစီ ခွဲလိုက်ကာ ဒါတွေကို ပေါင်းစည်း
    ထားတဲ့ ဂီတအတွေ့အကြုံအဖြစ် ပြန်စုလိုက်တယ်။
  • 1:10 - 1:13
    ဦးနှောက်တွေဟာ ဒါအားလုံးကို
    ဂီတကိုကြားတာနဲ့
  • 1:13 - 1:17
    ခြေထောက်တွေ လိုက်ပုတ်တဲ့ကြားက
    စက္ကန့်ပိုင်းမှာ ပြုလုပ်တာပါ။
  • 1:17 - 1:20
    ဒါပေမဲ့ သိပ္ပံပညာရှင်တွေက
    ဂီတနားဆင်သူတွေရဲ့
  • 1:20 - 1:23
    ဦးနှောက်ကို လေ့လာတာကနေ
    ဂီတပညာရှင်တွေဆီ လှည့်လိုက်တဲ့အခါ
  • 1:23 - 1:26
    အနောက်ဖက်က မီးရှူးမီးပန်းတွေဟာ
    ပွဲတော်ဖြစ်လာခဲ့တယ်။
  • 1:26 - 1:29
    ဖြစ်သွားတာက ဂီတကိုနားထောင်ခြင်းက
    ဦးနှောက်ကို အတော် စိတ်ဝင်စားစရာကောင်းတဲ့
  • 1:29 - 1:31
    လှုပ်ရှားမှုတွေမှာ ပါဝင်စေတာဟုတ်ပေမဲ့
  • 1:31 - 1:35
    ဂီတကို တီးခတ်ခြင်းကတော့ ဦးနှောက်တစ်ခု
    လုံးအတွက် လေ့ကျင့်ခန်းပါ။
  • 1:36 - 1:39
    ဦးနှောက်ရဲ့ နေရာစုံမှာ လင်းလာတာကို
    အာရုံကြော ပညာရှင်တွေတွေ့ခဲ့တယ်၊
  • 1:39 - 1:42
    တစ်ပြိုင်နက် အနုစိတ်ပြီး
    အပြန်အလှန်ဆက်နွယ်ကာ
  • 1:42 - 1:46
    အံ့သြစရာ မြန်တဲ့ အစဉ်တွေမှာ
    သတင်းအချက်အလက် ထုတ်နေတာပါ။
  • 1:46 - 1:50
    ဒါပေမဲ့ ဦးနှောက်ကို တောက်ပစေတဲ့
    ဂီတဖန်တီးမှုဆိုတာက ဘာလဲ။
  • 1:50 - 1:52
    သုတေသနက အတော့ကို သစ်နေတုန်းပါ။
  • 1:52 - 1:54
    ဒါပေမဲ့ အာရုံကြော ပညာရှင်တွေမှာ
    စိတ်ကူးကောင်းလေးရှိတယ်
  • 1:54 - 1:56
    တူရိယာတစ်ခုကို တီးခတ်ခြင်းဟာ
  • 1:56 - 1:59
    ချက်ချင်းကို ဦးနှောက်ရဲ့ နေရာတိုင်းကို
    တကယ့်ကို ဆက်စပ်ပါလာစေတယ်၊
  • 1:59 - 2:03
    အထူးသဖြင့် အမြင်၊ အကြား၊
    နဲ့ လှုပ်ရှားမှု အပြင်လွှာတွေပါ။
  • 2:03 - 2:08
    အခြားလေ့ကျင့်ခန်းတွေလိုပဲ ဂီတတီးခတ်ရာမှာ
    စည်ကမ်းတကျ တည်ဆောက်ထားတဲ့ အလေ့အကျင့်ဟာ
  • 2:08 - 2:12
    ဦးနှောက် လုပ်ဆောင်ပုံကို အားကောင်းစေကာ
    ဒီအင်အားကို အခြားလုပ်ဆောင်မှုတွေမှာ
  • 2:12 - 2:14
    အသုံးချခွင့်ပေးပါတယ်။
  • 2:14 - 2:17
    ဂီတနားထောင်ခြင်းနဲ့ တီးခတ်ခြင်းရဲ့
    အထင်ရှားဆုံးကွာခြားချက်က
  • 2:17 - 2:20
    ဒုတိယတစ်ခုက ဦးနှောက် နှစ်ခြမ်းလုံးကို
  • 2:20 - 2:23
    ထိန်းချုပ်တဲ့သိမ်မွေ့တဲ့ လှုပ်ရှားမှု
    ကျွမ်းကျင်မှု လိုအပ်တာပါ။
  • 2:23 - 2:26
    ဘယ်ဘက်အခြမ်း ပိုပါဝင်တဲ့
    ဘာသာစကားနဲ့ သင်္ချာဆိုင်ရာ
  • 2:26 - 2:28
    တိကျမှုတွေကိုလည်း ပေါင်းစပ်ပေးပါတယ်။
  • 2:28 - 2:32
    ဒါဟာ ညာဘက်က ထူးခွန်တဲ့
    မြင့်မြတ်ပြီး ဆန်းသစ်တဲ့ ပါဝင်မှုပါ။
  • 2:32 - 2:34
    ဒီအကြောင်းတွေကြောင့် ဂီတတီးခတ်ခြင်းဟာ
  • 2:34 - 2:39
    အခြမ်းနှစ်ခုကြားက တံတားဖြစ်တဲ့
    ဦးနှောက်ရဲ့ ပင်မ callosum ထဲက
  • 2:39 - 2:41
    ပမာဏနဲ့ ထုထည်ကို
    တိုးမြှင့်ပေးတယ်လို့ သိရတယ်။
  • 2:41 - 2:46
    အချက်အလက်တွေကို ဦးနှောက်မှာ ပိုမြန်၊
    ပိုစုံတဲ့ လမ်းကြောင်းတွေက ဖြတ်စေတာပါ။
  • 2:46 - 2:49
    ဒါက ဂီတပညာရှင်တွေကို
    ပညာရေးနဲ့ လူမှုရေး အခြေအနေ
  • 2:49 - 2:52
    နှစ်ခုလုံးက ပြဿနာတွေကို ထိရောက်၊
    ဆန်းသစ်စွာ ဖြေရှင်းခွင့် ပေးနိုင်တယ်။
  • 2:52 - 2:56
    အကြောင်းက ဂီတဖန်တီးခြင်းဟာ ၎င်းရဲ့
    ခံစားမှုပိုင်း အကြောင်းရပ်နဲ့ သတင်းကို
  • 2:56 - 2:58
    လက်နဲ့ ဖန်တီးခြင်း၊ နားလည်ခြင်း
    ပါဝင်လို့ပါ။
  • 2:58 - 3:02
    ဂီတပညာရှင်တွေဟာ မကြာခဏ ခန့်ခွဲမှု
    လုပ်ဆောင်ပုံရဲ့ပိုမြင့်တဲ့ အဆင့်တွေရှိတယ်၊
  • 3:02 - 3:04
    စီစဉ်တာ၊ ဗျူဟာချတာ၊ အသေးစိတ် ဂရုစိုက်တာ
  • 3:04 - 3:08
    ပါဝင်တဲ့ တုံ့ပြန်ဆက်သွယ်တဲ့
    အလုပ်တွေရဲ့ အမျိုးအစားတစ်ခုနဲ့
  • 3:08 - 3:13
    သိမှတ်မှုနဲ့ စိတ်ခံစားမှု ရှုထောင့်
    နှစ်လုံးရဲ့ ပြိုင်တူ စိစစ်မှု လိုတာပါ။
  • 3:13 - 3:16
    ဒီအရည်အချင်းဟာ မှတ်ဉာဏ်စနစ်
    လုပ်ဆောင်ပုံကိုပါ သက်ရောင်မှုရှိပါတယ်။
  • 3:17 - 3:20
    တကယ်က ဂီတပညာရှင်တွေဟာ ပိုကောင်းတဲ့
    မှတ်ဉာဏ်လုပ်ဆောင်ပုံတွေပြတယ်။
  • 3:20 - 3:25
    ဖန်တီးခြင်း၊ သိမ်းခြင်း၊ မှတ်ဉာဏ်တွေကို
    ပို လျှင်မြန် ထိရောက်စွာ ပြန်ထုတ်ခြင်းပါ။
  • 3:25 - 3:29
    လေ့လာမှုတွေက တွေ့ရှိတာက ဂီတပညာရှင်တွေဟာ
    မြင်မားစွာ သွယ်ထားတဲ့ ဦးနှောက်တွေကို
  • 3:29 - 3:32
    မှတ်ဉဏ်တိုင်းကို အမှတ်
    မျိုးစုံပေးဖို့ သုံးပုံရတာပါ။
  • 3:32 - 3:34
    ဥပမာ သဘောတရား မှတ်မှု၊ ခံစားရေး မှတ်မှု
  • 3:34 - 3:37
    အသံ မှတ်မှု၊ အခြေအနေ မှတ်မှုတို့ပါ၊
  • 3:37 - 3:39
    ကောင်းတဲ့ အင်တာနက် ရှာဖွေစက်လိုပါ။
  • 3:40 - 3:43
    ပြောရရင် အားကစား ပန်ချီတို့နဲ့ အတူတဲ့
    ဂီတမှာ တစ်မူးထူးတဲ့
  • 3:43 - 3:45
    ဒီအကျိုးအားလုံးကို ဘယ်လိုသိလဲ။
  • 3:45 - 3:48
    ဒါမှမဟုတ် ဂီတလောကက လူတွေဟာ
    အစတုန်းကတည်းက
  • 3:48 - 3:49
    ပိုပြီးတော်နိုင်တာလား။
  • 3:49 - 3:53
    အာရုံကြော ပညာရှင်တွေဟာ ဒီအချက်တွေကို
    စူးစမ်းထားပြီး ခုထိတော့
  • 3:53 - 3:55
    သိထားတာက တူရိယာတီးခတ်မှု
    သင်ယူခြင်းရဲ့ အနုပညာနဲ့
  • 3:55 - 3:57
    ရသပိုင်း ရှုထောင့်တွေဟာ အခြားအနုပညာတွေ
  • 3:57 - 4:02
    အပါအဝင် လေ့လာထားတဲ့
    အခြားးလုပ်ဆောင်မှုတွေနဲ့ ကွဲပြားတာပါ။
  • 4:02 - 4:04
    အစမှာ သိမှတ်မှု လုပ်ဆောင်ပုံနဲ့ အာရုံကြော
  • 4:04 - 4:06
    ဖြစ်စဉ်တွေ တူတဲ့
  • 4:06 - 4:09
    အဆင့်တွေပြသူ ပါဝင်သူတွေရဲ့
    ကျပန်းလေ့လာမှုများစွာက
  • 4:09 - 4:13
    တွေ့ရှိတာက ဂီတလေ့လာမှု ကာလတစ်ခုမှာ
    ထိတွေ့မှုရှိတဲ့သူတွေဟာ
  • 4:13 - 4:16
    အခြားသူတွေနဲ့ ယှဉ်ရင် ဦးနှောက်ရဲ့
    နေရာစုံမှာ ပိုကောင်းမွန်တာ ပြသပါတယ်။
  • 4:17 - 4:20
    ဒီမကြာသေးခင်က ဂီတတီးခတ်ခြင်းရဲ့
    စိတ်ကျန်းမာရေးအကြောင်း သုတေသနက
  • 4:20 - 4:23
    စိတ်လုပ်ဆောင်ပုံကို
    နားလည်ခြင်းကို အဆင့်မြှင့်ပေးတယ်။
  • 4:23 - 4:26
    ကိုယ်တွင်း စည်းချက်တွေနဲ့ အံ့ဖွယ်
    ဦးနှောက်ရဲ့ သံစုံတီးဝိုင်းက
  • 4:26 - 4:28
    ဖန်တီးတဲ့ ရှုပ်ထွေးတဲ့ ပြန်လှန်
    တုံ့ပြန်မှုတွေကို ပြရင်းနဲ့ပါ။
Title:
တူရိယာ တီးခတ်ခြင်းက သင့်ဦးနှောက်ကို အကျိုးပြုပုံ - Anita Collins
Speaker:
Anita Collins
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/how-playing-an-instrument-benefits-your-brain-anita-collins တွင်ကြည့်ရှုပါ။
ဂီတကို သင်နားထောင်တဲ့အခါ သင့်ဦးနှောက်ရဲ့ နေရာအမျိုးမျိုး ဆက်စပ်မိပြီး လှုပ်ရှားတက်ကြွလာပါတယ်။ ဒါပေမဲ့ တူရိယာ တစ်ခုခုကို တီးခတ်တဲ့အခါမှာတော့ ဒီလှုပ်ရှားတက်ကြွမှုဟာ ဦးနှောက်တစ်ခုလုံးရဲ့ လေ့ကျင့်ခန်းတစ်ခုနဲ့ ပိုတူလာပါတယ်။ ဘာဆက်ဖြစ်လဲ။ Anita Collins က ဂီတပညာရှင် တီးခတ်ချိန်မှာ သူ ဦးနှောက်ထဲမှာ မီးရှူးမီးပန်းတွေ ပေါက်ကွဲသွားတယ်လို့ ရှင်းပြထားပြီး ဒီစိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းရဲ့ အပြုသဘောဆောင်တဲ့ ရေရှည်သက်ရောက်မှု တစ်ချို့ကို ဆန်းစစ်ထားပါတယ်။
Anita Collins က သင်ခန်းစာကို စီစဉ်ပြီး လှုပ်ရှားရုပ်ပုံတွေကိုတော့ Sharon Colman Graham က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:45

Burmese subtitles

Revisions Compare revisions