ဆရာတွေကို ပဥ္စလက်အတတ် ဖန်တီးတတ်အောင် သင်ကြားပေးလိုက်ပါ။
-
0:01 - 0:05ကျွန်တော်က ဆီရဲရာ လီယွန်းမှာ မွေးဖွားကြီးပြင်းခဲ့တာပါ။
-
0:05 - 0:07အနောက်အာဖရိကမှာရှိတဲ့ သေးငယ်ပြီး
-
0:07 - 0:09အရမ်းလှပတဲ့ နိူင်ငံတစ်ခုပေါ့။
-
0:09 - 0:12ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်တွေနဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ ပင်ကိုယ်စွမ်းရည်
-
0:12 - 0:14နှစ်မျိုးစလုံး ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံပါ။
-
0:14 - 0:16ဒါပေမယ့် ဆယ်စုနှစ်တစ်ခုစာကြာခဲ့ပြီး ရွာလုံးကျွတ်လိုက်ဆိုသလို မီးရှို့ခံခဲ့ရတဲ့
-
0:16 - 0:19(၉၀)ခုနှစ်ပ်ိုင်းက ပုန်ကန်စစ်ပွဲကြောင့်
-
0:19 - 0:22ဆီရဲရာ လီယွန်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေပါတယ်
-
0:22 - 0:26ဒီကာလအတွင်းမှာ ခန့်မှန်းခြေ (၈၀၀၀)လောက်ရှိတဲ့ ယောက်ျား၊ မိန်းမ၊ ကလေးတွေဟာ
-
0:26 - 0:30သူတို့ရဲ့ လက်တွေ၊ခြေထောက်တွေ ဆုံးရှုံးခဲ့ပါတယ်။
-
0:30 - 0:33ကျွန်တော် (၁၂)နှစ်သားအရွယ်မှာ အဲဒီတိုက်ပွဲ တစ်ခုကနေ
-
0:33 - 0:36ကျွန်တော်နဲ့ ကျွန်တော့်မိသားစုဟာ ဘေးလွတ်ရာကို ရှောင်ပြေးစဉ်မှာ
-
0:36 - 0:39ငါတို့ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံမျိုး
-
0:39 - 0:42ငါတို့ရဲ့ကလေးတွေ မကြုံစေဖို့
-
0:42 - 0:45ငါလုပ်နိုင်တာမှန်သမျှ လုပ်မယ်လို့ ကျွန်တော် သန္နိဋ္ဌာန်ချလိုက်ပါတယ်။
-
0:45 - 0:48အမှန်တကယ်တော့ သူတို့လေးတွေဟာ စစ်ပွဲ နဲ့ ကိုယ်အင်္ဂါဖြတ်တောက်ကုသခြင်းတွေက
-
0:48 - 0:50အာဏာရရှိရေးအတွက် နည်းဗျူဟာတစ်ခုမဟုတ်တော့တဲ့ ဆီရဲရာ လီယွန်းရဲ့
-
0:50 - 0:55အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်
-
0:55 - 0:59ကျွန်တော် သိကျွမ်းတဲ့ ၊ချစ်ခင်ရတဲ့ သူတွေ
-
0:59 - 1:00ဒီဝမ်းနည်းကြေကွဲစရာ အဖြစ်ဆိုးကနေ နာလန်ထူလာတာကို ကြည့်နေမိတဲ့အခိုက်မှာ
-
1:00 - 1:03ကျွန်တော့်ကို အလွန်အမင်း စိတ်သောကဖြစ်စေတာက
-
1:03 - 1:06ဒီနိုင်ငံမှာရှိတဲ့ ခြေလက်ဖြတ်တောက်ခံထားရတဲ့သူတွေအများစုဟာ
-
1:06 - 1:08ခြေတု၊လက်တုတွေသုံးကြမှာ မဟုတ်ဘူးဆိုတာပါ။
-
1:08 - 1:10ကျွန်တော်တွေ့တွေ့နေခဲ့တဲ့ အကြောင်းပြချက်ကတော့
-
1:10 - 1:12သူတို့တွေရဲ့ ခြေတု၊လက်တုစွပ်တဲ့ အံစွပ်တွေက
-
1:12 - 1:17သိပ်ပြီး ခွင်ကျမဟုတ်တော့ နာကျင်စေတာကြောင့်ပါတဲ့
-
1:17 - 1:20ခြေတု၊လက်တုစွပ်တဲ့ အံဆိုတာကတော့
-
1:20 - 1:23ခြေ၊လက်ဖြတ်ခံထားရသူတွေက သူတို့ရဲ့ကြွင်းကျန်တဲ့ ခြေ၊လက်အင်္ဂါကို ထည့်သွင်းတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး၊
-
1:23 - 1:25ဒါက ခြေချင်းဝတ်အတုကို ဆက်ပေးထားတာပါ။
-
1:25 - 1:27ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင်
-
1:27 - 1:31လူနာတစ်ယောက်အတွက် သက်တောင့်သက်သာဖြစ်တဲ့ အံစွပ်တစ်ခုရနိုင်မယ်ဆိုရင်တောင်
-
1:31 - 1:35အချိန် (၃)လ ကနေ တစ်ခါတစ်ရံ နှစ်နဲ့ချီပြီး အချိန်ယူရတာမျိုးရှိတွေရှိတတ်တော့ဗျာ။
-
1:35 - 1:38ခြေတု၊လက်တု ပညာရှင်တွေဟာ ကုန်ကြမ်းပစ္စည်း တစ်မျိုးတည်းပါတဲ့
-
1:38 - 1:40ခြေ၊လက်အတု အစွပ်တွေကို ဖန်တီးဖို့ ပုံသွင်းခြင်းနဲ့ပုံလောင်းခြင်းတွေမျိုးလို
-
1:40 - 1:44သမာရိုးကျ နည်းစနစ်တွေကိုပဲ အသုံးပြုနေကြတုန်းပဲလေ။
-
1:44 - 1:47ဒီလို အစွပ်မျိုးတွေက မကြာခဏဆိုသလို လူနာရဲ့ ခြေလက်အင်္ဂါပေါ်ကို
-
1:47 - 1:49မခံရပ်နိုင်လောက်တဲ့ ဖိအား ပမာဏတွေ ဖြစ်ပေါ်စေတတ်တယ်လေ။
-
1:49 - 1:54ဖိမိပြီးတော့ဖြစ်တဲ့ နာကျင်တာတွေ၊ အရည်ကြည်ဖုပေါက်တာတွေ ဖြစ်ကျန်ခဲ့တာပေါ့။
-
1:54 - 1:56ခြေကျင်းဝတ်အတုဟာ ဘယ်လောက်ပဲ
-
1:56 - 1:59အားကောင်းကောင်း အရေးမကြီးပါဘူး။
-
1:59 - 2:02ခြေတုအစွပ်က သက်တောင့်သက်သာ မဖြစ်ဘူးဆိုရင်တော့
-
2:02 - 2:03ခြေထောက်ကို သုံးလို့ရမှာ မဟုတ်သလို
-
2:03 - 2:05ဒါဟာ ကျွန်တော်တို့ ခေတ်မှာ လက်ခံနိုင်စရာလည်း မရှိဘူးဆိုရုံပဲပေါ့။
-
2:07 - 2:10ဒီလိုနဲ့ တစ်နေ့မှာ လွန်ခဲ့တဲ့ (၂)နှစ်ခွဲလောက်က
-
2:10 - 2:11ပါမောက္ခ ဟာ့(ဂ်) ဟား(ရ်)နဲ့ဆုံမိတုန်းက
-
2:11 - 2:14သူကျွန်တော့ကို မေးတာက ကျွန်တော် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိလားတဲ့။
-
2:14 - 2:16ကျွန်တော်က မသိသေးပါဘူးဗျာ၊
-
2:16 - 2:18ဒါပေမဲ့ ဒါကို နည်းလမ်းရှာကြည့်ချင်ပါတယ်လို့ဖြေလိုက်ပါတယ်။
-
2:18 - 2:22ဒီလိုနဲ့ MIT Media Lab မှာ ကျွန်တော့်ရဲ့ ပါရဂူဘွဲ့အတွက်
-
2:22 - 2:24သမာရိုးကျ ခြေတုအစွပ်တွေထက်
-
2:24 - 2:27ပိုပြီးသက်တောင့်သက်သာဖြစ်တဲ့ စိတ်တိုင်းကျခြေတုစွပ်တွေကို
-
2:27 - 2:29မြန်မြန်ဆန်ဆန် ဈေးသက်သက်သာသာနဲ့
-
2:29 - 2:32ပုံစံထုတ်ခဲ့ပါတယ်။
-
2:32 - 2:34လူနာရဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံသဏ္ဍာန်အမှန်ကို ဖမ်းယူဖို့အတွက်
-
2:34 - 2:38သံလိုက် အသံလှိုင်း လှုံ့ဆော်မှုစနစ်ပါတဲ့ ပုံရိပ်ဖမ်းခြင်းကို အသုံးပြုခဲ့ပါတယ်။
-
2:38 - 2:41နောက်ပြီးတော့ သာမန် တွန်းအားတွေ အပေါ်မှာ သက်ရောက်နေတဲ့
-
2:41 - 2:43ကိုယ်တွင်းပိုင်းဆိုင်ရာ ဖိညှစ်အားနဲ့ ဝန်ပိခြင်းတွေကို ပိုပြီးကောင်းကောင်းမွန်မွန် ကြိုတင်ခန့်မှန်းနိူင်ဖို့အတွက်
-
2:43 - 2:45ကန့်သတ်ထားတဲ့ အစိတ်အပိုင်းဆိုင်ရာ ပုံစံငယ်ပြုလုပ်ခြင်းအတတ်ပညာကို သုံးပါတယ်။
-
2:45 - 2:50ဒီနောက်မှာတော့ ခြေတုအစွပ်တစ်ခု ထုတ်လုပ်ဖို့အတွက် ဖန်တီးပါတယ်။
-
2:50 - 2:53လူနာရဲ့ ကိုယ်ခန္ဓာတည်ဆောက်မှု အပေါ်ရှိ
-
2:53 - 2:57ဖိအားကို လိုအပ်တဲ့ နေရာမှာ သက်သာစေတဲ့
-
2:57 - 3:00ကုန်ကြမ်းမျိုးစုံပါဝင်တဲ့ ခြေတုအစွပ်တစ်ခုကို ဖန်တီးဖို့
-
3:00 - 3:03သုံးဖက်မြင် ပုံနှိပ် ကိရိယာကို သုံးပါတယ်။
-
3:03 - 3:06တိုတိုပြောရရင် ဆန်းသစ်တဲ့ အစွပ်တွေကို မြန်မြန်ဆန်ဆန်နဲ့
-
3:06 - 3:10ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်ဖို့အတွက် ကိန်းဂဏန်းအချက်အလက်တွေကို အသုံးပြုနေပါတယ်။
-
3:10 - 3:12Media Lab မှာ လက်စသတ်ခဲ့တဲ့
-
3:12 - 3:14တလောက စမ်းသပ်စစ်ဆေးမှုတစ်ခုမှာ
-
3:14 - 3:16ကျွန်တော်တို့ရဲ့ လူနာတွေထဲက တစ်ယောက်ဖြစ်တဲ့
-
3:16 - 3:19အနှစ်(၂၀)လောက် ခြေတစ်ဖက် ဖြတ်ခံထားရသူ အမေရိကန် စစ်ပြန်ကြီးတစ်ယောက်၊
-
3:19 - 3:22ခြေထောက်အတုတွေ အများကြီးလည်း တပ်ခဲ့ဖူးသူပါ။
-
3:22 - 3:26ကျွန်တော်တို့ ပုံနှိပ်ထုတ်လုပ်ထားတဲ့ အစိတ်အပိုင်းတစ်ခုနဲ့ပတ်သက်ပြီး သူပြောတာကတော့
-
3:26 - 3:30" ဒါက အရမ်းကို နူးညံ့တာပဲဗျာ၊ ခေါင်းအုံးတွေပေါ်မှာ လမ်းလျှောက်ရသလိုမျိုးပဲဗျ။
-
3:30 - 3:32နောက်ပြီးတော့ သောက်ရမ်းကို မိုက်တယ်ဗျာ။
-
3:32 - 3:36(ရယ်သံများ)
-
3:36 - 3:39ကျွန်တော်တို့ခေတ်မှာ မသန်စွမ်းဖြစ်ခြင်းဟာ
-
3:39 - 3:41ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အဓိပ္ပါယ်ရှိတဲ့ ဘဝနေထိုင်မှုမျိုးကနေ
-
3:41 - 3:44တားဆီးနေခြင်းမျိုး မဖြစ်သင့်ပါဘူး။
-
3:44 - 3:47ကျွန်တော့်ရဲ့ မျှော်လင့်ချက်နဲ့ ဆန္ဒကတော့
-
3:47 - 3:49ကျွန်တော်တို့ သုသေသနအဖွဲ့ကနေ တီထွင်ဖန်တီးတဲ့ ကိရိယာတွေနဲ့ လုပ်ငန်းစဉ်တွေဟာ
-
3:49 - 3:52စွမ်းဆောင်ရည်မြင့်ကိုယ်အင်္ဂါအတုတွေကို လိုအပ်နေသူတွေအတွက်
-
3:52 - 3:55ဖန်တီးဆောင်ကြဉ်းလာဖို့ အသုံးပြုနိုင်ဖို့ပါ
-
3:55 - 4:00ကျွန်တော့်အနေနဲ့တော့ စစ်ပွဲနဲ့ အနာရောဂါ ဖြစ်ခြင်းကြောင့်
-
4:00 - 4:04ထိခိုက်ခံစားကြရသူတွေရဲ့ စိတ်နှလုံးတွေကို စတင် ကုစားဖို့ နေရာတစ်ခုဆိုတာဟာ
-
4:04 - 4:08သူတို့ရဲ့ ကိုယ်ခန္ဓာတွေအတွက် သက်တောင့်သက်သာဖြစ်ပြီး၊ တတ်နိူင်လောက်တဲ့ကြားခံပေါင်းကူးပေးတဲ့ စနစ်တွေ
-
4:08 - 4:10ဖန်တီးပေးခြင်းနည်းလမ်းပဲ ဖြစ်ပါတယ်။
-
4:10 - 4:13ဆီရဲယာ လီယွန်းပဲဖြစ်ဖြစ်၊ ဘော့စတန်မှာပဲဖြစ်ဖြစ်ပါ၊
-
4:13 - 4:16ဒါဟာဆိုရင် သူတို့ရဲ့လူသားဆိုင်ရာစွမ်းပကား အသိတရားကို ပြန်လည်ထိန်းသိမ်းပေးရုံမကပဲ၊
-
4:16 - 4:20အမှန်တကယ်ကို ပြောင်းလဲပေးနိူင်တယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
-
4:20 - 4:23ကျေးဇူးအများကြီး တင်ပါတယ်။
-
4:23 - 4:27(လက်ခုပ်သံများ)
- Title:
- ဆရာတွေကို ပဥ္စလက်အတတ် ဖန်တီးတတ်အောင် သင်ကြားပေးလိုက်ပါ။
- Speaker:
- Chris Emdin
- Description:
-
ရက်(ပ်)ဂီတ ဖျော်ဖြေပွဲတွေ၊ ဆံသဆိုင်က အာလာပသလ္လာပ နဲ့ တနင်္ဂနွေ ဝတ်ပြု ဆုတောင်းမှု တွေမှာ တူညီနေတာက ဘာများပါလိမ့်။ Chris Emdin ပြောတဲ့အတိုင်း ဆိုရင်တော့ သူတို့တွေအားလုံးဟာ နှစ်သက်ကြည်နူးစေဖို့နဲ့ သင်ကြားပေးဖို့ကို တစ်ချိန်တည်းမှာ ပြုလုပ်ဖို့ အတွက် လျှို့ ဝှက်တဲ့ မှော်အတတ်ကို ပိုင်ဆိုင်ထားပါတယ်တဲ့။ ဒါဟာဆိုရင် မကြာခဏ ဆိုသလို ကျောင်းဆရာတွေကို မသင်ပေးမိတဲ့ အတတ်ပညာတစ်ခုပါ။ သိပ္ပံဆိုင်ရာ တရားရုံးရှေ့နေက(GZA of the Wu-Tang Clan နှင့်အတူ Science Genius B.A.T.T.L.E.S. ကိုပူးတွဲ တည်ထောင်သူ) စာသင်ခန်းကို သင်ဝင် လှုပ်ရှားလာအောင် လုပ်ဖို့စိတ်ကူးစိတ်သန်း တစ်ခုကို ပေးထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 06:54
Myo Aung edited Burmese subtitles for Teach teachers how to create magic | ||
Myo Aung edited Burmese subtitles for Teach teachers how to create magic | ||
Dimitra Papageorgiou approved Burmese subtitles for Teach teachers how to create magic | ||
Myo Aung accepted Burmese subtitles for Teach teachers how to create magic | ||
Myo Aung edited Burmese subtitles for Teach teachers how to create magic | ||
Myo Aung edited Burmese subtitles for Teach teachers how to create magic | ||
Myo Aung edited Burmese subtitles for Teach teachers how to create magic | ||
Myo Aung edited Burmese subtitles for Teach teachers how to create magic |