Return to Video

အလင်းရဲ့ လှည့်စားမှုက ကျွန်တော်တို့ ဦးနှောက်ကို လှည့်စားပုံ - Nathan S. Jacobs

  • 0:09 - 0:10
    ဒါကို စမ်းကြည့်ပါ:
  • 0:10 - 0:13
    ဒီမှာ ဂရစ်ကွက်ရှိပါတယ်၊
    သာမန် ဂရစ်၊ ဂရစ်-y ပါ။
  • 0:16 - 0:19
    ဒါပေမဲ့ အနီးကပ်ကြည့်ပါဦး။
    ဗဟိုမှာရှိနေတဲ့ အဖြူကွက်ထဲကိုပါ၊
  • 0:19 - 0:23
    ထောင်လိုက် လိုင်း နဲ့ ဘေးတိုက် လိုင်းတွေ
    ဆုံပြီးဖြတ်ကြတဲ့ နေရာကို ပြောနေတာ။
  • 0:23 - 0:27
    သေသေချာချာကြည့်ပါ။ဒီအစက်နဲ့ပတ်သက်ပြီး
    ထူးခြားချက် တစ်ခုခုကို သတိထားမိလား။
  • 0:27 - 0:28
    ဟုတ်ကဲ့၊ ဘာမှမရှိပါ။
  • 0:28 - 0:31
    ဒါပေမဲ့ ဆက်ကြည့်နေပါ။
    စူးစိုက်ကြည့်နေစဉ် စိတ်ပျက်လာမှာပါ။
  • 0:31 - 0:34
    အခုတော့၊ ဒီအဖြူစက်ကို ခင်ဗျားအာရုံစိုက်
    ငေးကြည့်နေတုန်း
  • 0:34 - 0:37
    ခင်ဗျားမြင်ကွင်းရဲ့ အစွန်းအဖျားမှာ
    ဖြစ်ပျက်နေတာကို စစ်ကြည့်ပါ။
  • 0:37 - 0:44
    တခြားအကွက်တွေကရော ဖြူနေတုန်းပဲလား။
    ဒါမှမဟုတ် စိတ်ပျက်စရာ မီးခိုးရောင်များလား။
  • 0:44 - 0:47
    အခုတော့ ပေါင်မု့န်ဝိုင်း ဖုတ်ဖို့ ဒယ်အိုးကို ကြည့်ပါ။
  • 0:47 - 0:49
    ဆော်ရီးပဲ၊ ခွက်တစ်ခွက်ဟာ အောက်ဘက်ကို
    ချိုင့်နေမယ့်အစား ဖောင်းကြွနေတယ်။
  • 0:52 - 0:55
    ခဏလေး၊ ဒယ်အိုးကို လှည့်လိုက်ပါ။ ကျန်တဲ့
    ငါးခုတို့ဟာ အခုတော့ ခုံးနေတယ် မဟုတ်လား။
  • 0:55 - 0:58
    ဘယ်လိုပဲဖြစ်ြဖစ်၊ ဒီဒယ်အိုးထဲ
    တစ်ခုခု လွဲမှားနေပြီ။
  • 0:58 - 1:02
    ဒီမှာ Abraham Lincoln ရဲ့ပုံပါ၊
    နောက်တစ်ခုက ဇောက်ထိုးမိုးမျှော်ပုံပါ။
  • 1:02 - 1:04
    အဲဒီထဲမှာ အထူးအဆန်း ဘာမှမရှိသလိုပါပဲ။
  • 1:04 - 1:10
    ခဏလေး၊ ဇောက်ထိုးပုံကို လှည့်လိုက်စမ်းပါ။
    အဲဒီပုံတွေက Abe နဲ့ သက်ဆိုင်မှုရှိနေသလား။
  • 1:10 - 1:13
    ဒီသုံးခုက အလင်းရဲ့ လှည့်စားမှု သုံးခုပါ၊
    ကျွန်တော်တို့ကို လှည့်စားနေသလို ခံစားရပါတယ်။
  • 1:13 - 1:15
    အဲဒါ ဘယ်လိုကြောင့်များလဲ။
  • 1:15 - 1:18
    မယုံကြည်နိုင်ဖွယ်ရာ အရာတွေဟာ
    ပုံတွေ ကိုယ်နှိုက်ထဲမှာ ဖြစ်ပျက်နေတာလား။
  • 1:18 - 1:21
    ကျွန်တော်တို့က မီးခိုးရောင်
    လျှပ်တပြက် အကွက်တွေကို
  • 1:21 - 1:24
    ဒါမှမဟုတ် ဂရစ်ကွက် အစွန်းနေရာများက
    အဖြူကွက်တွေကို ထည့်ပေးနိုင်ခဲ့တာ မှန်ပေမဲ့၊
  • 1:24 - 1:26
    ကျွန်တော်တို့ မလုပ်ကြတာကို
    ရှေးဦးစာ ကတိပြုပါရစေ။
  • 1:26 - 1:30
    ခင်ဗျားတို့ဟာ ဂရစ်ကွက်ကို ရိုးရိုးစာရွက်ပေါ်မှာ
    ရေးဆွဲလိုက်ရင်လည်း အလားတူမြင်ရမှာပါ။
  • 1:30 - 1:36
    တကယ့်ကိုပဲ ဒီဂရစ်ဟာ ဂရစ်သက်သက်ပါ။ ဒါပေမဲ့
    ဦးနှောက်ရဲ့ အမြင်စနစ်အတွက်တော့ မဟုတ်ပါ။
  • 1:36 - 1:41
    ဦးနှောက်ကနေပြီး ဂရစ်လိုခေါ်တာကို
    အဓိပ္ပါယ်ကောက်ယူပုံက ဒီလိုရှိပါတယ်။
  • 1:41 - 1:46
    အဖြူဆုံချက် နေရာတွေရဲ့ ဝန်းကျင်၊ လေးဘက်စလုံးမှာ
    ပိုပြီးဖြူတဲ့ အရာတွေ ဝိုင်းလျက် ရှိနေတယ်။
  • 1:46 - 1:49
    လိုင်းတစ်လိုင်းထဲက
    ဘယ်အဖြူနေရာနဲ့မဆို စာရင်ပေါ့လေ။
  • 1:49 - 1:54
    ခင်ဗျားတို့ရဲ့ မြင်လွှာဆဲလ်တွေက
    ဆုံချက်တစ်ဝိုက်မှာ ပိုဖြူတာကို သတိထားမယ်၊
  • 1:54 - 2:00
    ၎င်းတို့ဟာ ဘေးတိုက်အနားများနဲ့
    အဖြူအမည်းခြားနားချက်ကို ပိုများလာစေပါတယ်၊
  • 2:00 - 2:03
    အဖြူအမည်းခြားနားချက် ပိုကောင်းခြင်းက
    တစ်ခုခုရဲ့ အစွန်းနေရာကို မြင်လွယ်စေပါတယ်။
  • 2:03 - 2:08
    ကျွန်တော်တို့ရဲ့ မျက်လုံးများ နဲ့ ဦးနှောက်တို့ဟာ
    အရာတွေကို မြင်တတ်အောင် ဖွံ့ဖြိုးလာခဲ့ကြတာပါ။
  • 2:08 - 2:12
    ခင်ဗျားတို့ရဲ့ မြင်လွှာဆဲလ်တွေဟာ
    ဆုံချက်နေရာမှာ သိပ်မတုံ့ပြန်တတ်ပါ၊
  • 2:12 - 2:16
    အနီးအနားမှာ ပိုပြီးဖြူတဲ့
    ဘေးတိုက်အရာတွေ ရှိနေကြလို့ပါ၊
  • 2:16 - 2:20
    အနက်ရောင် ဝိုင်းနေတဲ့
    လိုင်းတွေနဲ့ စာကြည့်ရင်ပေါ့လေ။
  • 2:20 - 2:22
    အဲဒါဟာ ကျွန်တော်တို့ မျက်လုံးရဲ့
    ချွတ်ယွင်းချက် မဟုတ်ပါ၊
  • 2:22 - 2:27
    အဲဒီလို အလင်းဆိုင်ရာ လှည်စားမှုတွေကို
    မျက်မှတ်တပ်ထားလည်း မြင်နိုင်ပါတယ်၊
  • 2:27 - 2:30
    ဒီစက္ကူပေါ်မှာ ဒါမှမဟုတ် ကွန်ပျူတာ
    စခရင်ပေါ်မှာဖြစ်ဖြစ် မြင်နိုင်ပါတယ်။
  • 2:30 - 2:32
    အဲဒီ အလင်းဆိုင်ရာ လှည့်စားမှုတွေဟာ
  • 2:32 - 2:37
    ကျွန်တော်တို့ ဦးနှောက်ထဲက အလင်းခံ
    ကိရိယာများ နဲ့ မြင်ရတာတွေကို၊
  • 2:37 - 2:40
    ကျွန်တော်တို့ မြင်ရတဲ့ ရုပ်လုံးကြွ ကမ္ဘာကြီး
    စည်းပေးပုံကို ပြပေးနိုင်ပါတယ်၊
  • 2:40 - 2:42
    အစွန်းနေရာတွေကို ပိုပြီး ဂရုစိုက်ပေးခြင်းဖြင့်
  • 2:42 - 2:46
    ကျွန်တော်တို့ကို သတ်နိုင်တဲ့ အရာ ဒါမှမဟုတ်
    ကူညီပေးနိုင်တဲ့ အရာတွေကို ပြသပေးဖို့ အတွက်ပါ။
  • 2:46 - 2:49
    ခုနက ပေါင်မုန့်ဝိုင်း ဖုတ်တဲ့ဒယ်ကို ပြန်ကြည့်ကြည့်ပါ။
    အဲဒီမှာ ဇဝေဇဝါ ဖြစ်ခဲ့တဲ့ အချက်ကို သိသလား?
  • 2:49 - 2:55
    ကျွန်တော်တို့ရဲ့ ဦးနှောက်ရဲ့ အမြင်ဆိုင်ရာ အပြင်လွှာဟာ
    ဒီပုံရဲ့ အလင်းဆိုင်ရာ ခံယူချက်ကို အခြေခံအလုပ်လုပ်ပါတယ်။
  • 2:55 - 2:59
    အလင်းဟာ နေရာတစ်ခုထံမှ လာရမယ်၊ ထိပ်မှနေပြီး
    အောက်ဘက်ကို လင်းနေရမယ်လို့ ယူဆပါတယ်။
  • 2:59 - 3:04
    အဲဒါကြောင့်မို့လို့ အဲဒီလို အရိပ်ထိုးနေတဲ့ ပုံစံဟာ
    အောက်ဘက်ကို လင်းစေတဲ့ အလင်းကြောင့်သာ ဖြစ်နိုင်ပါတယ်၊
  • 3:04 - 3:07
    အခုံးတစ်ခုခုရဲ့ လျှောဆင်းနေတဲ့ အနားမှာ၊
    ဒါမှမဟုတ် အပေါက်တစ်ခုရဲ့ အောက်ခြေ ဖြစ်နိုင်တယ်။
  • 3:07 - 3:11
    ကျွန်တော်တို့က အဲဒီလိုသဲလွန်စတွေကို ယူပြီး
    အရိပ်ထိုးပုံကို ရေးဆွဲမယ်ဆိုရင်၊
  • 3:11 - 3:13
    ပျားချပ်နေတဲ့ စက္ကူပေါ်မှာပဲဖြစ်ဖြစ် ရေးဆွဲရင်၊
  • 3:13 - 3:17
    ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ခွက်နေတဲ့
    ဒါမှမဟုတ် ခုံးနေတဲ့ 3D ပုံကို ဖေါ်ပေးသွားမှာပါ။
  • 3:17 - 3:20
    အခုတော့ ထိတ်လန့်ဖွယ်ရာ Lincoln ရဲ့
    ဇောက်ထိုးမျက်နှာကို ရှင်းပြရပါမယ်။
  • 3:20 - 3:23
    မျက်နှာတွေဟာ ဦးနှောက်ထဲက
    မျက်နှာတွေကို သိမှတ်နိုင်ဖို့အတွက်
  • 3:23 - 3:27
    အထူးနေရာကို စပြီး အလုပ်လုပ်ရန်
    ဆွပေးပါတယ်။
  • 3:27 - 3:32
    ဝေခွဲရန် ခက်တဲ့ မျက်နှာနေရာများ နဲ့ လုံးဝန်းနေတဲ့
    ဦးခေါင်းနောက်ပိုင်း နဲ့ တခြားနေရာတွေပေါ့လေ။
  • 3:32 - 3:35
    ပြီးတော့ ကျွန်တော်တို့ဟာ လူမှုရေးကို
    သိပ်အလေးထားကြတဲ့ သတ္တဝါဖြစ်ကာ
  • 3:35 - 3:38
    တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးအတွက် သိပ်ကိုရှုပ်ထွေးတဲ့
    နည်းလမ်းများ ရှိခြင်းကလည်း အရေးပါပါတယ်။
  • 3:38 - 3:41
    ကျွန်တော်တို့က မျက်နှာတွေကို မြင်ရတာနဲ့
    ၎င်းတို့ဟာ မျက်နှာတွေဖြစ်မှန်းကို သိမှတ်ရန်၊
  • 3:41 - 3:44
    ပြီးတော့ ၎င်းတို့ ပြနေကြတာက ဘာများလဲဆိုတာ
    လျင်မြန်စွာ နားလည်ရန် လိုပါတယ်။
  • 3:44 - 3:48
    ဒီနေရာမှာ ကျွန်တော်တို့ အာရုံအစိုက်ဆုံးက
    မျက်လုံးများ နဲ့ ပါးစပ်ပါပဲ။
  • 3:48 - 3:52
    အဲဒီလိုနည်းဖြင့် တစ်ယောက်ယောက်က အရူးအမူး
    ခင်မင်ချင်တယ်၊ ဒါမှမဟုတ် မိတ်ဖွဲ့ချင်တာ သိပါတယ်၊
  • 3:52 - 3:53
    Lincoln ရဲ့မျက်နှာ ဇောက်ထိုး
    မိုးမျှော်တုန်းက ကျတော့၊
  • 3:53 - 3:56
    မျက်လုံးများ နဲ့ ပါးစပ်တွေဟာ
    လက်တွေ့မှာ မှန်ကန်တဲ့ပုံစံ ဖြစ်ခဲ့ကြလို့၊
  • 3:56 - 3:58
    တစ်ခုခု မဟုတ်တာကို ကျွန်တော်တို့
    သတိမထားမိပါဘူး။
  • 3:58 - 4:02
    ဒါပေမဲ့၊ ပုံတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်တဲ့
    အခါမှာ မျက်နှာရဲ့ အရေးကြီးဆုံးဖြစ်တဲ့
  • 4:02 - 4:07
    မျက်လုံးများ နဲ့ ပါးစပ်တို့ဟာ ဇောက်ထိုးဖြစ်နေလို့
    တစ်ခုခု မဟုတ်တာကို ကျွန်တော်တို့ ခံစားမိပါတယ်။
  • 4:07 - 4:11
    ကျွန်တော်ရဲ့ ဦးနှောက်ရဲ့ အဓိပ္ပါယ် ကောက်ယူမှု
    တစ်ခုခု လွဲမှားနေတာကို သိလိုက်ရတယ်။
  • 4:11 - 4:15
    တကယ်တော့ ဦးနှောက်က ပျင်းရိခဲ့လို့ မဟုတ်ပါ၊
    ဦးနှောက်ဟာ သိပ်ကို အလုပ်များနေပါတယ်။
  • 4:15 - 4:18
    ၎င်းဟာ သိမြင်နိုင်ရေး စွမ်းအားကို
    အတတ်နိုင်ဆုံး ထိရောက်စွာ ပို့နေတယ်၊
  • 4:18 - 4:25
    မြင်နေရတဲ့ အချက်အလက်တွေကို ယူပြီး
    ဖြစ်သင့်သလို ကမ္ဘာကြီးကို ပြပေးရန် အားထုတ်တယ်။
  • 4:25 - 4:28
    ခင်ဗျားတို့ရဲ့ ဦးနှောက်က ချက်ချင်းဆိုသလို
    ဒါတွေကို တည်းဖြတ်ပေးရတာကို စိတ်ကူးကြည့်ပါ။
  • 4:28 - 4:30
    "ဟုတ်ပြီ၊ ဟိုစတုရန်းကွက်တွေက တစ်ခုခုဖြစ်ရမယ်။
  • 4:30 - 4:34
    ဘေးမှာ ရှိနေကြတဲ့ အနားတွေရဲ့
    အဖြူအမည်း ခြားနားချက်ကို တိုးပေးလိုက်ပါစို့။
  • 4:34 - 4:35
    ထောင့်တွေကို မည်းနက်အောင် လုပ်ပေးစို့!
  • 4:35 - 4:37
    မီးခိုးဖြော့ဖြော့ထဲကို မီးခိုးရင့်ရောင်ကိုလား။၏
  • 4:37 - 4:40
    ဆင်းခြေလျှော အပေါ်မှာ နေရောင်ဟာ
    အပေါ်မှနေပြီး ကျနေတယ်လို့ ယူဆမယ်။ ဆက်လုပ်မယ်!
  • 4:40 - 4:44
    ဟိုမျက်လုံးတွေက ငါမြင်နေကျ မျက်လုံးတွေလိုပဲ၊
    အဲဒီမှာ စိတ်ပျက်စရာ ဘာမှမရှိဘူးလေ။"
  • 4:44 - 4:47
    မြင်ရလား? ကျွန်တော်တို့ရဲ့ အမြင်ဆိုင်ရာ
    လှည့်စားမှုတွေက ဦးနှောက် လုပ်ကိုင်ပုံကို ပြနေတယ်
  • 4:47 - 4:52
    ကျွန်တော်တို့ ဦးခေါင်းခွံထဲက
    3D လှုပ်ရှားပုံ စတူဒီယိုကြီးပါပဲ၊
  • 4:52 - 4:56
    သိမြင်မှု စွမ်းအားတွေကို လိုသလို နေရာချပေးကာ
    ကမ္ဘာကြီးကို ပြေးလွှားရင်း ပုံဖေါ်နေတာပါ၊
  • 4:56 - 5:01
    အများအားဖြင့်၊ အမြဲတမ်း ဟုတ်ချင်မှဟုတ်မှာပါ၊
    ၎င်းကိုယ်နှိုက်ရဲ့ လှည့်ကွက်တွေကို သုံးနေတာပါ။
Title:
အလင်းရဲ့ လှည့်စားမှုက ကျွန်တော်တို့ ဦးနှောက်ကို လှည့်စားပုံ - Nathan S. Jacobs
Speaker:
Nathan S. Jacobs
Description:

သင်ခန်းစာအပြည့်ကို ကြည့်ရန်: http://ed.ted.com/lessons/how-optical-illusions-trick-your-brain-nathan-s-jacobs

အလင်းရဲ့ လှည့်စားမှုများ ဆိုတာကတော့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ တစ်ခုခုကို တကယ်ရှိနေသလို မဟုတ်ဘဲ တစ်မျိုး မြင်လာစေတဲ့ လှည့်စားမှုများပါ။ ဘာဖြစ်လို့ အဲဒီလို ခံစားရတာလဲ? Nathan S. Jacobs ဟာ သာမန် အလင်းလှည့်စားမှု အချို့ကိုယူပြီး အဲဒီလို လှည့်စားမှုတွေက ကျွန်တော်တို့ ဦးနှောက်အနေနဲ့ ရရှိတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ 3D ကမ္ဘာကြီးကို မြင်ရအောင် လုပ်ကိုင်ပေးပုံကို ရှင်းပြထားပါတယ်။

Nathan S. Jacobs ရဲ့ သင်ခန်းစာကို TED-Ed မှ လှုပ်ရှားသက်ဝင်အောင် ရိုက်ကူးပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:19

Burmese subtitles

Revisions Compare revisions