Return to Video

အကောင်းဆုံး အလုပ်ခန့်ခံရသူတွေဟာ ပြီးပြည့်စုံတဲ့ ကိုယ်ရေးအကျဉ်း ရှိချင်မှရှိကြတာ ဘာကြောင့်လဲ။

  • 0:01 - 0:04
    သင့်ကုမ္ပဏီဟာ လစ်လပ်ရာထူးအတွက်
    လူသစ်ကို စရှာနေပါတယ်။
  • 0:05 - 0:07
    လျှောက်လွှာတွေ လှိမ့်ဝင်လာကြလို့
  • 0:07 - 0:10
    အရည်အချင်းမီတဲ့ လျှောက်လွာရှင်တွေကို
    တွေ့တယ်ပေါ့။
  • 0:11 - 0:13
    အခုတော့ ရွေးချယ်မှု စတယ်ပေါ့။
  • 0:14 - 0:19
    ပထမလူ၊ ကျောင်းက Ivy League၊ ၄.၀
    ခြောက်ပြစ်ကင်း ကိုယ်ရေးအကျဉ်း
  • 0:19 - 0:21
    ထောက်ခံချက် အပျံစား။
  • 0:21 - 0:23
    အားလုံး ကောင်းတယ်။
  • 0:24 - 0:29
    ဒုတိယလူ၊ အစိုးရကျောင်းထွက်၊
    အလုပ် ဟိုခုန်ဒီခုန် နည်းနည်းရှိ၊
  • 0:29 - 0:33
    အလုပ်တွေက ငွေကိုင်တို့၊ သီချင်းဆို
    စာပွဲထိုးလို ကျပန်း အလုပ်တွေ။
  • 0:34 - 0:37
    နှစ်ယောက်လုံး အဆင့်မီတာကို မမေ့ကြပါနဲ့။
  • 0:38 - 0:39
    ဒီတော့ ရှင်တို့ကို မေးမယ်၊
  • 0:39 - 0:41
    ဘယ်သူ့ကို ရွေးကြမလဲ ရှင်။
  • 0:42 - 0:46
    ကျွန်မနဲ့ အလုပ်ဖော်တွေဟာ
    လျှောက်လွှာရှင် တွေရဲ့ထူခြားတဲ့
  • 0:46 - 0:49
    အမျိုးအစား နှစ်ခုကို ထုတ်ဖော်ဖို့
    သတ်မှတ်ချက်တွေကို ချမှတ်ထားတယ်။
  • 0:50 - 0:53
    ပထမလူကို "ငွေဇွန်း" လို့ခေါ်လိုက်တယ်၊
  • 0:53 - 0:58
    သိသိသာသာ တစ်ပန်းသာနေလို့
    အောင်မြင်ဖို့ လျာထားပြီးသားလေ။
  • 0:58 - 1:02
    ဒုတိယလူကိုတော့
    "ရုန်းကန်ခဲ့ရသူ" လို့ပေါ့။
  • 1:02 - 1:05
    ဒီနေရာကိုရဖို့ များပြားလှတဲ့
    ကြုံရာ အခက်အခဲတွေနဲ့
  • 1:05 - 1:07
    ရုန်းကန်ခဲ့ရသူလေ။
  • 1:08 - 1:12
    လူ့အရင်းအမြစ် ဒါရိုက်တာ တစ်ဦးက
    ရှင်တို့ကြားလိုက်ရသလို ငွေဇွန်းတွေနဲ့
  • 1:12 - 1:13
    ရုန်းကန်ခဲ့ရသူဆိုပြီး ခေါ်ထားပါတယ်
  • 1:14 - 1:15
    (ရယ်သံများ)
  • 1:15 - 1:19
    ဒီလို သုံးနှုန်းမှုဟာ စောဒက တက်စရာ
    ဖြစ်နိုင်ကာ တန်ဖိုးဖြတ်သလို ရှိနေပါတယ်။
  • 1:19 - 1:23
    ဒါပေမဲ့ ကျွန်မရဲ့ လူ့အရင်းအမြစ်
    အောင်လက်မှတ် ရုပ်သိမ်းမခံရခင်
  • 1:23 - 1:24
    (ရယ်သံများ)
  • 1:25 - 1:26
    ရှင်းပြပါရစေ။
  • 1:27 - 1:29
    ကိုယ်ရေးအကျဉ်းဟာ
    ဇာတ်လမ်းတစ်ခုကို ပြောပြပါတယ်။
  • 1:29 - 1:32
    နှစ်တွေကြာတော့ လူတွေရဲ့အတွေ့အကြုံကို
    ဖတ်ရတာဟာ
  • 1:32 - 1:36
    စပ်ချုပ်ထားတဲ့ အိပ်ရာဖုံးနဲ့
    တူတာကို နားလည်လာပြီး
  • 1:36 - 1:39
    သူတို့ရဲ့ ကိုယ်ရေးအကျဉ်းတွေကို
    မလွှင့်ပစ်ခင်မှာ
  • 1:39 - 1:42
    ဘာက်စုံမှ ပြန်ပြီးစဉ်းစားဖို့
    ဆုံးဖြတ်ရပါတယ်။
  • 1:43 - 1:45
    ကျပန်းအလုပ်တွေ တသီကြီးလုပ်ခဲ့မှုက
    ရှေ့နောက်မညီမှု၊
  • 1:45 - 1:50
    အာရုံမစိုက်နိုင်မှုကို ပြနိုင်ပါတယ်။
  • 1:50 - 1:55
    ဒါမှမဟုတ် အတားအဆီးတွေကို
    ရုန်းကန်ကျော်လွှားခဲ့ရမှုကို ပြနိုင်ပါတယ်။
  • 1:55 - 2:00
    အနည်းဆုံးတော့ ရုန်းကန်ခဲ့ရသူကို
    လူတွေ့ မေးမြန်းထိုက်ပါတယ်။
  • 2:01 - 2:02
    ရှင်းသွားရအောင်
  • 2:02 - 2:05
    ငွေဇွန်းတွေကို ကျွန်မ မဆန့်ကျင်ပါဘူး။
  • 2:05 - 2:09
    အကောင်းစား တက္ကသိုလ်တစ်ခုကို
    တက်ပြီး ဘွဲ့ရဖို့ဆိုတာ
  • 2:09 - 2:12
    တော်တော်ကြိုးစားပြီး စွန့်လွှတ်ရမှုတွေ
    လိုပါတယ်။
  • 2:12 - 2:16
    ဒါပေမဲ့ ကိုယ့်ဘဝတစ်ခုလုံးကို
    အောင်မြင်မှုဆီကိုပဲ ကြံစည်ထားတယ်ဆိုရင်
  • 2:16 - 2:19
    ခက်ခဲတဲ့ကာလတွေကို ဘယ်လိုကိုင်တွယ်မလဲ။
  • 2:19 - 2:24
    ကျွန်မ အလုပ်ခန့်ခဲ့တဲ့ သူတစ်ယောက်က
    အကောင်းစား တက္ကသိုလ်တွေတက်ခဲ့လို့
  • 2:24 - 2:27
    တစ်ချို့အလုပ်တာဝန်တွေဟာ
    သူနဲ့မတန်ဘူးလို့ ခံစားရတယ်တဲ့။
  • 2:27 - 2:32
    လုပ်ငန်းကို ပိုနားလည်ဖို့ ကာယအားနဲ့
    လုပ်ရတဲ့ ယာယီ အလုပ်မျိုးတွေပေါ့။
  • 2:33 - 2:34
    နောက်ဆုံး သူထွက်သွားတယ်။
  • 2:36 - 2:38
    ဒါပေမဲ့ အခြားတစ်ဘက်မှာက
  • 2:38 - 2:43
    ကိုယ့်ဘဝတစ်ခုလုံးကို ကျဆုံးမှုအတွက်
    လျာထားတယ် ဆိုရင်
  • 2:43 - 2:45
    သင်ဟာ တကယ်ပဲ အောင်မြင်သူလား။
  • 2:46 - 2:49
    ရုန်းကန်ခဲ့ရသူကို တွေဆုံမေးမြန်းဖို့
    တိုက်တွန်းချင်ပါတယ်။
  • 2:51 - 2:55
    ကျွန်မဟာ ရုန်းကန်လှုပ်ရှားခဲ့ရသူဖြစ်လို့
    ဒီအကြောင်း အများကြီးသိပါတယ်။
  • 2:56 - 2:57
    ကျွန်မ မမွေးခင်က
  • 2:57 - 3:01
    ကျွန်မအဖေဟာ သံသယလွန်ကဲတဲ့
    စိတ်ကစဉ့်ကလျားရောဂါ ဖြစ်ခဲ့ပြီး
  • 3:01 - 3:05
    သူဟာ ထက်မြက်ခဲ့ပေမဲ့ အလုပ်တစ်ခုမှာ
    မမြဲနိုင်ခဲ့ပါဘူး။
  • 3:06 - 3:09
    ကျွန်မတို့ ဘဝဟာ တစ်ပိုင်းက"Cuckoo's Nest"
  • 3:09 - 3:11
    တစ်ပိုင်းက " Awakenings"
  • 3:11 - 3:13
    တစ်ပိုင်းက "A beautiful Mind " ဖြစ်ခဲ့တယ်။
  • 3:14 - 3:16
    ( ရယ်သံများ)
  • 3:17 - 3:20
    ကျွန်မဟာ New York က Brooklyn မှာရှိတဲ့
    ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ
  • 3:20 - 3:23
    အမေတစ်ဦးတည်းက ပြုစုခဲ့ရတဲ့
    ကလေး ငါးယောက်ထဲက စတုတ္ထမြောက်ပါ။
  • 3:23 - 3:28
    ကိုယ်ပိုင် အိမ်တစ်လုံး၊ ကားတစ်စီး၊
    အဝတ်လျှော်စက် တစ်ခါမှ မရှိခဲ့ပဲ
  • 3:28 - 3:32
    ကလေးဘဝ အများစုမှာ ဖုန်းတစ်လုံးတောင်
    မရှိခဲ့ပါဘူး။
  • 3:33 - 3:34
    ဒီတော့ စီးပွားရေး အောင်မြင်မှု
  • 3:34 - 3:39
    နဲ့ ရုန်းကန်လှုပ်ရှားသူ ကြားက ဆက်စပ်မှုကို
    နားလည်ဖို့ သိပ်ကို စိတ်ဓာတ်တက်ကြွခဲ့တယ်။
  • 3:39 - 3:44
    အကြောင်းက ကျွန်မဘဝဟာ အလွယ်လေးနဲ့
    လုံးဝတစ်မျိုး ပြောင်းသွားနိုင်ခဲ့လို့ပါ။
  • 3:45 - 3:47
    အောင်မြင်တဲ့ လုပ်ငန်းရှင်တွေကိုတွေ့ခဲ့ပြီး
  • 3:47 - 3:50
    ဩဇာကြီးမားတဲ့ ခေါင်းဆောင်တွေ
    အကြောင်းဖတ်ရင်း
  • 3:50 - 3:52
    တူညီတဲ့ အရည်အသွေးကို သတိထားမိလိုက်တယ်။
  • 3:53 - 3:57
    အများအပြားတို့ဟာ အစောပိုင်း
    ခက်ခဲမှုတွေ ရှိခဲ့တယ်၊
  • 3:57 - 4:00
    ဆင်းရဲမှု ကနေ ၊ စွန့်လွှတ်ခံရမှု
  • 4:00 - 4:02
    ငယ်စဉ်မှာ မိဘတစ်ဦး သေဆုံးမှု၊
  • 4:02 - 4:06
    သင်ယူမှု ချို့ယွင်းတာ၊ အရက်စွဲခြင်း၊
    အကြမ်းဖက်မှုတွေ အထိပါ။
  • 4:07 - 4:11
    အစဉ်အလာတွေးခေါ်မှုက
    စိတ်ဒဏ်ရာက သောကဖြစ်စေပြီး
  • 4:11 - 4:15
    ကမောက်ကမဖြစ်ခြင်းအကျိုးဆက်ကို
    အရမ်းအာရုံစိုက်ခဲ့ရပါတယ်။
  • 4:15 - 4:20
    ဒါပေမဲ့ အဲဒါတွေကို လေ့လာစဉ် ဒေတာ
    တွေက မထင်မိတဲ့အတွင်းသဘောကို ပြတာက
  • 4:20 - 4:26
    အဆိုးဆုံး အခြေအနေတွေမှာတောင်
    တိုးတက်မှုနဲ့ ပြောင်းလဲခြင်း ဖြစ်နိုင်တယ်။
  • 4:26 - 4:30
    ထူးခြားပြီး ဗီဇသဘောကိုဆန့်ကျင်တဲ့
    ဖြစ်ရပ်တစ်ခုကို ရှာဖွေတွေ့ရှိထားပြီး
  • 4:30 - 4:35
    သိပ္ပံပညာရှင်တွေက သောက တိုးပွားမှု
    အလွန် လို့ခေါ်ကြတယ်။
  • 4:35 - 4:39
    ဘေးကြုံရတဲ့ ကလေးတွေအပေါ်
    ဒုက္ခ သက်ရောက်မှုတွေကို တိုင်းတာဖို့
  • 4:39 - 4:41
    ပုံစံထုတ်ထားတဲ့ လေ့လာမှုတစ်ခုမှာ
  • 4:41 - 4:45
    အပြင်းထန်ဆုံး အခြေအနေကို
    တွေ့ကြုံခံစားရတဲ့
  • 4:45 - 4:50
    ကလေး ၆၉၈ ထဲက သုံးပုံတစ်ပုံဟာ
  • 4:50 - 4:56
    ကျန်းမာ၊အောင်မြင်၊ ဖြစ်ထွန်းတဲ့
    ဘဝတွေ အထိ အပြည့်အဝ ကြီးပြင်းလာခဲ့ကြတယ်။
  • 4:56 - 5:02
    အရာရာနဲ့ အဆင်မပြေမှုတွေကြုံရသော်လည်း
    သူတို့အောင်မြင်ကြပါတယ်။
  • 5:02 - 5:03
    သုံးပုံတစ်ပုံပါ။
  • 5:04 - 5:06
    ဒီကိုယ်ရေးအကျဉ်းကိုကြည့်ပါဦး။
  • 5:06 - 5:09
    ဒီလူရဲ့မိဘတွေက သူ့ကို
    သူများကို မွေးစားဖို့ ပေးလိုက်တယ်။
  • 5:09 - 5:11
    ကျောင်းလည်း မပြီးခဲ့ဘူးလေ။
  • 5:12 - 5:14
    အလုပ် ဟိုခုန်ဒီခုန် နည်းနည်းရှိတယ်။
  • 5:14 - 5:17
    အိန္ဒိယမှာ တစ်နှစ်လောက် အောင်းနေခဲ့ပြီး
  • 5:17 - 5:20
    အဆိုးဆုံးက သူ့မှာ စာဖတ်ခက်တဲ့ ရောဂါရှိတယ်။
  • 5:20 - 5:22
    ဒီလူကို ခန့်ကြမလား။
  • 5:23 - 5:25
    သူ့နာမည်က Steve Jobs ပါ။
  • 5:26 - 5:30
    ကမ္ဘာ့ အအောင်မြင်ဆုံး စွန့်ဦးထွင်တွေကို
    လေ့လာမှုမှာ
  • 5:30 - 5:34
    အချိုးမကျတဲ့ အရေအတွက်က
    စာဖတ်ခက်တဲ့ ရောဂါပါ။
  • 5:35 - 5:36
    အမေရိကမှာ
  • 5:36 - 5:40
    လေ့လာထားတဲ့ စွန့်ဦးထွင်တွေရဲ့ ၃၅% မှာ
    စာဖတ်တာခက်တဲ့ ရောဂါရှိကြတယ်။
  • 5:41 - 5:45
    သောက တိုးပွားမှုအလွန် ရောဂါခံစားရတဲ့
    စွန့်ဦးထွင်တွေအနက်က
  • 5:45 - 5:48
    အံ့သြစရာက သူတို့ရဲ့ သင်ယူမှု
    ချို့ယွင်းတာကို
  • 5:48 - 5:51
    တစ်ပန်းသာမှုကို ထောက်ပံ့တဲ့
  • 5:51 - 5:56
    လိုလားအပ်တဲ့ အခက်အခဲလို့ရှုမြင်ကြတာပါ။
  • 5:56 - 6:01
    သူတို့ဟာ ပိုကောင်းတဲ့နားထောင်သူတွေနဲ့
    အသေးစိပ် ဂရုစိုက်တဲ့သူတွေ ဖြစ်လာလို့ပါ။
  • 6:01 - 6:06
    အခက်အခဲရှိနေတာနဲ့ သူတို့ဖြစ်တည်
    နေတာလို့ မယူဆဘဲ
  • 6:06 - 6:11
    အခက်အခဲရှိနေခြင်းကြောင့်
    သူတို့ဖြစ်တည်နေတာကို သိတာပါ။
  • 6:11 - 6:13
    သူတို့ရဲ့ စိတ်ဒဏ်ရာနဲ့ အခက်အခဲတွေကို
  • 6:13 - 6:16
    သူတို့ဖြစ်လာတာရဲ့ အဓိက
    အစိတ်အပိုင်းတွေအဖြစ်
  • 6:16 - 6:19
    ပွေ့ဖက်ပြီး ဒီအတွေ့အကြုံတွေသာ မရှိရင်
  • 6:19 - 6:23
    အောင်မြင်လာဖို့ အစွမ်းနဲ့ သတ္တိ
    ဖွံ့ဖြိုးမလာနိုင်လောက်ဘူး
  • 6:23 - 6:24
    ဆိုတာ သိကြပါတယ်။
  • 6:26 - 6:29
    ကျွန်မရဲ့ လုပ်ဖော်တစ်ယောက်ဟာ ၁၉၆၆
    တရုတ်ပြည် ယဉ်ကျေ;မှု တော်လှန်ရေး
  • 6:29 - 6:34
    အကျိုးဆက်ကြောင့် သူ့ဘဝဟာ
    ကျွမ်းပြန်သွားခဲ့တယ်။
  • 6:35 - 6:40
    အသက် ၁၃ နှစ်မှာ သူ့မိဘတွေဟာ
    တောရွာကို ပြောင်းရွေ့ခံရတယ်။
  • 6:40 - 6:42
    ကျောင်းတွေ အပိတ်ခံရပြီး
  • 6:42 - 6:47
    အသက် ၁၆ နှစ်အထိ သူ့ဝမ်းသူကျောင်းဖို့
    ဘေဂျင်းမှာ တစ်ယောက်တည်း ကျန်ခဲ့ပြီး
  • 6:47 - 6:50
    အထည်စက်ရုံမှာ အလုပ် ရခဲ့တယ်။
  • 6:50 - 6:52
    ဒါပေမဲ့ ကံကြမ္မာကို လက်ခံမယ့်အစား
  • 6:52 - 6:56
    သူ့ရဲ့ သမရိုးကျ ပညာရေးကို
    ဆက်လုပ်မယ်လို့ သန္နိဋ္ဌာန်ချလိုက်တယ်။
  • 6:58 - 7:01
    တစ်ဆယ့်တစ်နှစ်ကြာပြီး
    နိုင်ငံရေး မြင်ကွင်း ပြောင်းလဲတဲ့အခါ
  • 7:01 - 7:06
    အရမ်း စီစစ်ရွေးချယ်တဲ့ တက္ကသိုလ်ဝင်ခွင့်
    စာမေးပွဲကို ကြားမိလိုက်တယ်။
  • 7:06 - 7:10
    အလယ်တန်းနဲ့ အထက်တန်းသင်ရိုး
    တစ်ခုလုံးကိုလေ့လာဖို့
  • 7:10 - 7:12
    သူ့မှာ အချိန် သုံးလရှိတယ်။
  • 7:13 - 7:17
    ဒါနဲ့ နေ့စဉ် စက်ရုံကနေ အိမ်ရောက်ရင်
  • 7:17 - 7:21
    တစ်မှေးလောက် အိပ်ပြီး မနက် ၄ နာရီအထိ
    စာကျက်၊ အလုပ်ကိုပြန်သွားနဲ့
  • 7:21 - 7:25
    ဒီအစဉ်ကို သုံးလတိုင်တိုင် နေ့စဉ်
    အထပ်ထပ်လုပ်ခဲ့တယ်။
  • 7:26 - 7:29
    သူလုပ်ခဲ့တယ်၊ အောင်သွားခဲ့ပါတယ်။
  • 7:30 - 7:35
    သူ့ရဲ့ပညာရေးမှာ နှစ်မြှပ်မှုဟာ မဆုတ်မနစ်ပဲ
    မျှော်လင့်ချက် လုံးဝမပျောက်ခဲ့ဘူး။
  • 7:35 - 7:38
    ဒီနေ့မှာ သူဟာ မဟာဘွဲ့ရဖြစ်ပြီး
  • 7:38 - 7:43
    သူ့ သမီးတွေတိုင်းဟာ Cornell နဲ့
    Harvard ဘွဲ့ရတွေပါ။
  • 7:43 - 7:46
    ရုန်းကန်လှုပ်ရှားသူတွေဟာ မိမိတစ်ဦးတည်းကသာ
  • 7:46 - 7:51
    မိမိကိုယ်ကို အပြည့်အဝ ထိန်းချုပ်မှုရှိတယ်
    ဆိုတဲ့ ယုံကြည်ချက်ရဲ့ မောင်းနှင်သူတွေပါ။
  • 7:52 - 7:54
    အခြေအနေတွေ ကောင်းမွန်စွာ ဖြစ်မလာတဲ့အခါ
  • 7:54 - 7:59
    သူတို့မေးတာက " ပိုကောင်းတဲ့ ရလဒ်
    ဖန်တီးဖို့ ငါဘာကို မတူအောင်လုပ်နိုင်လဲ"
  • 7:59 - 8:01
    ရုန်းကန်လှုပ်ရှားရသူက မိမိတို့ကိုယ်ကို
  • 8:01 - 8:04
    လက်လျှော့ခြင်းကနေ တားဆီးနိုင်တဲ့
    အသိစိတ်ရှိပြီး၊ ဆိုပါတော့
  • 8:04 - 8:10
    ကိုယ့်ဟာ ဆင်းရဲမှု၊ ကြောင်နေတဲ့အဖေ
    များလှတဲ့ ရိုက်နက်မှုတွေထက် ရှင်ကျန်နေရင်
  • 8:10 - 8:13
    စဉ်းစားတာက "စီးပွားရေး စိန်ခေါ်မှုတွေလားဟ"
  • 8:13 - 8:14
    (ရယ်သံများ)
  • 8:14 - 8:15
    တကယ်လား။
  • 8:15 - 8:18
    အလွယ်လေးပါ၊ ငါ့မှာ ရှိတယ်လေ"
  • 8:18 - 8:19
    (ရယ်သံများ)
  • 8:19 - 8:21
    ဒါက ကျွန်မကို သတိရသွားစေတာက ဟာသပါ။
  • 8:21 - 8:25
    ရုန်းကန်လှုပ်ရှားသူတွေဟာ ဟာသက
    ခက်ခဲတဲ့ ကာလတွေကို လွန်မြောက်စေပြီး
  • 8:25 - 8:27
    ရယ်မောတာဟာ သင့်အမြင်ကို
    ပြောင်းလဲစေတာ သိကြတယ်။
  • 8:28 - 8:31
    နောက်ဆုံး ဆက်နွယ်မှုတွေ ရှိကြပါတယ်။
  • 8:31 - 8:35
    အခက်အခဲကို ကျော်လွှားသူတွေဟာ
    ဒါကို တစ်ယောက်တည်း မလုပ်ကြပါဘူး။
  • 8:35 - 8:37
    လမ်းတစ်လျှောက် တစ်နေရာရာမှာ
  • 8:37 - 8:41
    သူတို့ဆီက အကောင်းဆုံးတွေ
    ထွက်ပေါ်လာစေပြီး အောင်မြင်မှုမှာ
  • 8:41 - 8:44
    ရင်းနှီးမြှပ်နှံထားသူတွေကို တွေ့ပါတယ်။
  • 8:44 - 8:48
    ဘာဖြစ်ဖြစ် ကိုယ်အားထားလို့ရမယ့်
    လူတစ်ယောက်ရှိခြင်းဟာ
  • 8:48 - 8:50
    အခက်အခဲ ကျော်လွှားဖို့ မရှိမဖြစ်ပါ။
  • 8:51 - 8:52
    ကျွန်မ ကံကောင်းခဲ့တယ်။
  • 8:53 - 8:55
    ကောလိပ်ပြီးတော့ ပထမဆုံး အလုပ်မှာ
  • 8:55 - 8:58
    ကျွန်မမှာ ကားမရှိခဲ့တော့
    တံတား နှစ်စင်းဖြတ်ပြီး
  • 8:58 - 9:01
    ဥက္ကဋ္ဌရဲ့ လက်ထောက် အမျိုးသမီးနဲ့
    ကားပေါင်းစီးခဲ့တယ်။
  • 9:01 - 9:03
    သူမက ကျွန်မ အလုပ်လုပ်တာ ကြည့်ပြီး
  • 9:03 - 9:06
    အနာဂတ်ကို အာရုံစိုက်ဖို့၊
    အတိတ်မှာ မနေဖို့
  • 9:06 - 9:08
    အားပေးခဲ့ပါတယ်။
  • 9:09 - 9:12
    လမ်းတစ်လျှောက် ကျွှန်မကို
    အင်တန်မှ ရိုးသားတဲ့
  • 9:12 - 9:15
    တုံ့ပြန်မှု၊အကြံဉာဏ်၊ သွန်သင်မှုပေးတဲ့သူ
    အများအပြားကို
  • 9:15 - 9:17
    ဆုံတွေ့ခဲ့ပါတယ်။
  • 9:18 - 9:20
    ဒီလူတွေဟာ တစ်ခါက ကျွန်မဟာ
  • 9:20 - 9:24
    ကောလိပ်စရိတ် ပေးနိုင်ဖို့ သီချင်းဆို
    စားပွဲထိုးလုပ်ခဲ့တာကို စိတ်ထဲမထားကြပါဘူး။
  • 9:24 - 9:25
    ( ရယ်သံများ)
  • 9:25 - 9:29
    အားလုံးကို အဖိုးတန် ပိတ်ဆုံး ထိုးထွင်း
    အမြင် တစ်ခု မျှပေးလိုပါတယ်။
  • 9:29 - 9:34
    မတူကွဲပြားသဘောကို လက်ခံထားကာ
    လက်တွဲခေါ်ယူရန် ရည်စူးတဲ့ ကုမ္ပဏီတွေဟာ
  • 9:34 - 9:36
    ရုန်းကန်သူတွေကို ထောက်ပံ့တတ်ကြပြီး
  • 9:36 - 9:39
    သူတို့ဟာ အခြားသူတို့ထက် သာတတ်ပါတယ်။
  • 9:39 - 9:42
    Diversity Inc အဆိုအရ
  • 9:42 - 9:46
    သူတို့ရဲ့ ထိပ်တန်း ကုမ္ပဏီ ၅၀ ရဲ့
    မတူကွဲပြားမှုကို လေ့လာကြည့်ခဲ့ရာ
  • 9:46 - 9:51
    S&P 500 ထက် ၂၅% သာခဲ့ကြပါတယ်။
  • 9:52 - 9:55
    ဒီတော့ ကျွန်မရဲ့ မူလမေးခွန်းကို
    ပြန်ကောက်ရအောင်
  • 9:56 - 9:58
    ဘယ်သူ့ကို လောင်းကြေး ထပ်မလဲ။
  • 9:58 - 10:01
    ငွေဇွန်းလား၊ ရုန်းကန်လှုပ်ရှားခဲ့ရသူလား။
  • 10:02 - 10:06
    ကျွန်မက လျှော့တွက်ခံရတဲ့
    ပြိုင်ပွဲဝင်ကို ရွေးပါလို့ ပြောျင်ပါတယ်၊
  • 10:06 - 10:09
    သူ့ရဲ့ လျှို့ဝှက်တဲ့ လက်နက်တွေဟာ
    ထက်သန်မှုနဲ့ သန္နိဋ္ဌာန်ချမှုတွေလေ။
  • 10:10 - 10:12
    ရုန်းကန် လှုပ်ရှားသူကို ခန့်လိုက်ပါ။
  • 10:12 - 10:16
    (လက်ခုပ်သံများ)
Title:
အကောင်းဆုံး အလုပ်ခန့်ခံရသူတွေဟာ ပြီးပြည့်စုံတဲ့ ကိုယ်ရေးအကျဉ်း ရှိချင်မှရှိကြတာ ဘာကြောင့်လဲ။
Speaker:
Regina Hartley
Description:

အလုပ်ခန့်ဖို့ စဉ်းစားရာတွင် လူ့စွမ်းအား အရင်းအမြစ် အမှုဆောင် Regina Hartley ဟာ ပြီးပြည့်စုံတဲ့ ကိုယ်ရေးအကျဉ်းရှိသူ တစ်ဦးနဲ့ အခက်အခဲတွေကို တိုက်ခိုက် ကျော်လွှားလာခဲ့ရသူ တစ်ဦး အကြားမှာ ရွေးရပါက အမြဲတမ်းဆိုသလို ရုန်းကန်ကျော်လွှားခဲ့ရသူကို အခွင့်အရေး ပေးတတ်ပါတယ်။ အခက်အခဲကို ဖြတ်ကျော်ရင်း ကြီးပြင်းလာသူ တစ်ယောက်အနေနဲ့ Hartley သိတာက အမှောင်မိုက်ဆုံး ကာလတွေမှာ ကြီးပွားဖြစ်ထွန်းနိုင်စွမ်း ရှိကြသူတို့ဟာ တချိန်လုံး ပြောင်းလဲနေတဲ့ အလုပ်ခွင်မှာ ရပ်တည်နိုင်စွမ်း ရှိကြမယ် ဆိုတာပါပဲ။ သူမပြောတာက "လျှော့တွက်ခံထားရတဲ့ ပြိုင်ပွဲဝင်သူကို ရွေးချယ်လိုက်ပါ၊ သူ့ရဲ့ လျှို့ဝှက်တဲ့ လက်နက်တွေဟာ ထက်သန်မှုနဲ့ သန္နိဋ္ဌာန်ချမှုတွေပါ။" "ရုန်းကန်ကျော်လွှားခဲ့ရသူကို အလုပ်ခန့်လိုက်ပါ"တဲ့။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:31

Burmese subtitles

Revisions