-
ထောင်ချောက်
-
လက်ရှိပါမစ်မရခင်တော့ စာရွက်စာတမ်းမရှိဘဲနေခဲ့ရတယ်
-
တစ်ခါတော့ကျွန်တော်လမ်းလျှောက်နေတုန်း ရဲကလှမ်းခေါ်တော့တာပဲ
-
I just pretended not to hear them because I didn't have any money.
ပိုက်ဆံမရှိတော့လည်း မကြားချင်ဟန်ဆောင်လိုက်သေးတယ်
-
ကျွန်မမှာက(၉)ရင်းဂစ်၊သူငယ်ချင်းဆီမှာရင်းဂစ်(၅၀)ရှိတယ်
-
အဲဒီနောက်တော့ရဲက ကျွန်မတို့ကိုထပ်ခေါ်တော့တာပဲ
-
သူက နားကန်းနေလားလို့ ထပ်အော်ပါရော
-
ကျွန်မတို့လည်းလှည့်ပြီး နင်ငါ့တို့ကိုခေါ်လား လို့မေးလိုက်တယ်
-
သူက ဟုတ်တယ်ပေါ့။ပြီးတော့ သူ့နားလာခိုင်းတယ်
-
ကျွန်မလည်းသွားရတာပေါ့။သူက ကျွန်မပါမစ်စာရွက်စာတမ်းတွေကိုမေးတယ်
-
ကျွန်မမှာ မရှိဘူးလို့ပြောလိုက်တယ်
-
အဲဒီအခါကျ သူကကျွန်မတို့ကို ခေါ်သွားမယ်လို့ပြောလာတယ်
-
ဒီနေရာမှာဖြေရှင်းနိုင်မလားလို့ကျွန်မမေးတယ်။ သူက မရဘူးတဲ့။ ရဲစခန်းခေါ်သွားမယ်ချည်းပြောနေတယ်
-
ကျွန်မမှမတတ်နိုင်တာ အင်ဒိုနီးရှားပြန်ရုံဆိုတော့ ကောင်းပြီလို့ပြောလိုက်တယ်
-
ကျွန်မလုပ်ခက ရင်းရစ် ၇၀၀ ထဲလေ
-
ဒီလောက်နဲ့ပါမစ်မလုပ်နိုင်ဘူး။ ဒီတော့အင်ဒိုပြန်ရုံပေါ့လို့။ ဒီလောက်လစာလေးကတော့ကျွန်မကလေးတွေကိုထောက်ပံ့ဖို့ပဲ တတ်နိုင်တယ်လို့
-
အဲ့ဒီလိုကျွန်မသူ့ကို ပြောတော့..
-
သူတို့က ကျွန်မနဲ့ကျွန်မသူငယ်ချင်းဆူခမကို စူပါမတ်ကတ်ကြီးရဲ့ခေါင်မိုးက ကားပါကင်နေရာကို ခေါ်သွားတယ်
-
အဲဒီနေရာမှာ ကျွန်မကိုသူပြောတော့တာပဲ
-
သူက ကျွန်မကိုဘယ်သူရွေးမလဲ လို့မေးတယ်
-
ကျွန်မက ဒီမှာ ဆွေမျိုးမရှိ တစ်ကောင်ကြွက် ဘယ်သူမှမရှိဘူး လို့..
-
နောက်ဆုံးကျွန်မအမျိုးသားတောင် အင်ဒိုမှာလို့ပြောလိုက်တယ်
-
အဲဒီအခါကျသူက နင်ဘယ်လောက်ပေးနိုင်မလဲ မေးတော့တာပဲ
-
ကျွန်မမှာ(၉)ရင်းဂစ် ပဲရှိတယ်လို့။ကျွန်မပိုက်ဆံအိတ်ကို သူ့ကိုပေးလိုက်တယ်
-
ကျွန်မသူငယ်ချင်းပိုက်ဆံနဲ့ပေါင်းရင်(၅၉)ရင်းဂစ်ကျွန်မတို့ပေးလိုက်တယ်
-
ဒီအခါကျ သူကငွေကို မလိုချင်တော့ပြန်ဘူး
-
သူက ငွေအတွက်မဟုတ်ဘူးလို့ ပြောလာပြန်တယ်
-
ဒါက ရဲအရာရှိတစ်ယောက်ကမေးတာ။ တစ်ယောက်မေးရင် တခြားတစ်ယောက်ကမမေးဘူး
-
ဒီတော့သူကပဲ နင့်မှာရွေးမယ့်လူမရှိဘူးဆိုတော့ စခန်းခေါ်သွားမှဖြစ်မယ် လို့ပြောလာတယ်
-
ကျွန်မသူ့ကို ငိုရင်း ဆွဲရင်း တောင်းပန်တော့တာပဲ
-
အဲဒီအခါကျသူက နင်..သိပ်အိုက်တင်ကောင်းတာပဲလို့ ငေါ့တယ်
-
ကျွန်မကမဟုတ်ဘူး.ကျွန်မတကယ်အကူအညီလိုလို့တောင်းပန်တာပါဆရာလို့
-
ဒါကကျွန်မမှာရှိသမျှအကုန်ပါပဲဆရာလို့။ ကလေး(၃)ယောက်လည်းရှိသေးတယ်လို့
-
ကျွန်မသူငယ်ချင်းကလည်း သူ့မှာကိုယ်ဝန်နဲ့ပါလို့ ရှင်းပြပါတယ်
-
ဒီနောက် ရဲက ငွေအကုန်ယူလိုက်တယ်
-
ဆရာရယ်..ကျွန်မတို့ဒီကနေ မပြန်တတ်လို့ ကားခပိုက်ဆံနည်းနည်းပြန်ပေးနိုင်မလား လို့အောက်ကျို့မေးတယ်
-
တက္စ္ကစီငှားဖို့တောင် ပိုက်ဆံရယ်မရှိတော့ဘူးလေ
-
ဒီတော့ဆရာ..နည်းနည်းလောက်ပြန်ပေးနိုင်မလား မေးရတာပေါ့
-
ကျွန်မတို့ ရင်းဂစ်(၅၀)ပေးပါ့မယ်ဆရာရယ်လို့ပြောတော့
-
သူလက်ခံတယ်.သူက ကျွန်မကိုလက်ညိုးနဲ့ဒီလိုထိုးပြီး..
-
ဟိုမီးသတ်ကားအောက်မှာ ဘာရှိလဲသွားကြည့်လို့ခိုင်းတယ်
-
ကျွန်မသွားကြည့်ပြီး ဘာမှမရှိပါဘူးဆရာလို့ ပြန်ဖြေတော့သူက.
-
အင်ဂျင်အောက် ကြည့်ကြည့်လေ လို့ပြန်ပြောတယ်
-
ကျွန်မလည်း သွားကြည့်ရော အတွင်းခံ။ အမျိုးသမီးအတွင်းခံကို တွေ့လိုက်ရတယ်
-
ဒါဘယ်သူလဲဆရာ လို့ ကျွန်မမေးတော့..
-
မနေ့ညတုန်းက တစ်စုံတစ်ယောက်လက်ချက် လို့သူကပြောတယ်
-
ဒီနောက် ငါသူတို့ကိုဖမ်းလိုက်တယ်လေ လို့ သူကထပ်ပြောတယ်
-
ကျွန်မက ဆရာကိုယ်တိုင်လုပ်ခဲ့တာလားလို့မေးတော့
-
သူက ဒါငါမဟုတ်ဘူး။ တစ်ယောက်ယောက်လို့ ပြောတယ်
-
ကျွန်မလည်း ဒါအင်ဒိုနီးရှားလား။မလေးလားလို့ မေးတာပေါ့
-
သူပြောတာတော့ မလေးရှားဆိုပဲ
-
မလေးဖြစ်ဖြစ် အင်ဒိုဖြစ်ဖြစ်ဒါကအတူတူပါပဲ။ ဒီလိုလုပ်တဲ့လူတွေအတူတူပါပဲလို့ ကျွန်မပြောလိုက်တယ်
-
ဒီတော့သူကလည်း ဟုတ်တယ်လေ။သိပ်တော့လည်း မခြားကြဘူး။ ဒီလိုမျိုးချည်းပါပဲတဲ့
-
ဒီတော့သူက နင့်မှာရွေးမယ့်လူမရှိဘူးဆိုတော့ ဒါမျိုးလုပ်နိုင်မလားလို့ မေးလာတယ်
-
ကျွန်မ မလုပ်နိုင်ဘူး။ မလုပ်ချင်ဘူး လို့ပြောလိုက်တယ်
-
အဲဒီနောက်တော့ သူကကျွန်မတို့ငွေအကုန်ယူလိုက်တယ်။ ကျွန်မလည်းကားပေါ်ကဆင်းလိုက်တယ်
-
သူက စူပါမားကတ်ကနေ ဘင်တန်ကိုသွားတဲ့လမ်းကို ညွှန်ပြတယ်
-
သူက စူပါမတ်ကတ်ဆီသွားတဲ့ လှေကားသေးသေးလေးကိုညွှန်ပြပြီး
-
shopping mall ဆီကိုလေ
-
ကျွန်မလည်း တန်းပြေးတော့တာ။ ပါဒေါင်ဂျဝါရောက်မယ့်လမ်းကို လူတွေလိုက်မေးပြီးပြန်ခဲ့ရတယ်
-
ပြန်လည်းရောက်ရော ညတောင်နက်နေပြီ
-
ကျွန်မက( ၅)နာရီဆိုအိမ်ပြန်တာလေ။ ကျွန်မတို့ စကားပြောပြီးတာနဲ့ဆို(၇)နာရီလောက် ရောက်သွားလောက်တယ်
-
အဲဒီနေ့ကသာ ကျွန်မမှာသူငယ်ချင်းမရှိရင် ဘာတွေဖြစ်မယ်ဆိုတာ မတွေးတတ်တော့ပါဘူး
-
ဂျလန်ကီဘန်လမ်းနဲ့ ပတ်သတ်ပြီး ကျွန်မအတွေ့အကြုံရှိသွားပြီ
-
ဂျလန်ကီဘန်ဆိုတာဘူကစ်ရီမောရဲစခန်းနဲ့ နီးတဲ့လမ်းပေါ့
-
အဲဒီအကျဉ်းထောင်ထဲမှာ နာရီအချို့တော့ နေခဲ့ရဖူးတယ်
-
ရဲတွေကတော့ အစုံလုပ်တာပဲ။ ကျွန်မဆို ရဲအရာရှိ(၂)ယောက်အခေါ်ခံရတာလေ
-
အဲဒီအချိန်တုန်းက ကျွန်မကလန်ဘက်ကိုသွားချင်တယ်
-
ကျွန်မသူငယ်ချင်းအတွက် နွားနို့ဝယ်တိုက်ချင်တာနဲ့.
-
အဲဒီမှာရဲအလိုက်ခံရတော့တာ။ ကျွန်မပြေးပေမယ့်အဖမ်းခံလိုက်ရတယ်
-
ဘူကစ်ရီမောရဲစခန်းကို ခေါ်သွားခံရတယ်
-
အဲဒါနဲ့ စခန်းကထောင်မှာ အထည့်ခံရတာပေါ့
-
ကျွန်မက ရဲကို နှိပ်နယ်ပေးရမလားလို့မေးလိုက်တယ်
-
ဒါပေမယ့်အပြင်မှာပဲရမယ်။ ထောင်ထဲမရဘူးတဲ့
-
သူက ပြောသေးတယ်.င့ါနင့်ကိုလိုက်ရလို့ ပင်ပန်းနေပြီ
-
နင်သိလား။ ငါဒီလို မပြေးနိုင်ဘူးလို့ သူကပြောတယ်
-
ပြီး..သူကကျွန်မခေါ်ပြီး တံတိုင်တွေထဲထည့်ပိတ်ပစ်လိုက်တာပဲ
-
ကျွန်မက ထောင်ထဲရောက်သွားပေမယ့် သူငယ်ချင်းကတော့မကျဘူး
-
အဲဒီရဲက တံခါးပိတ်လိုက်ပြီး ကျွန်မကိုဆွဲဖို့ကြိုးစားတော့တာပဲ.ကျွန်မကို ကြမ်းပြင်ပေါ်လဲချဖို့ကြိုးစားတယ်
-
နင့်ကိုဘယ်သူရွေးမှာလဲ ဆိုပြီးလည်းမေးသေး။ ကျွန်မမှာ ဘယ်သူမှမရှိပါဘူးဆရာလို့
-
ကျွန်မဒီမှာအလုပ်မရှိဘူး။ ပိုက်ဆံလည်းမရှိဘူးဆရာလို့
-
ဒီတော့သူက နင့်မှာငွေမရှိမှာတော့ နင်ဘာလုပ်နိုင်မှာလဲလို့မေးပြန်တယ်
-
ဆရာရယ် ကျွန်မကလေးတွေအတွက် အလုပ်ရှာဖို့ဒီလာတာပါလို့တောင်းပန်ရတယ်
-
ဒီတော့သူက ငါနင့်ကိုကူညီနိုင်တယ်။ ဒါပေမယ့် နင်လည်းငါ့ကိုပြန်ကူညီရမယ်လို့ပြောတယ်
-
ဒါဆိုကျွန်မဘယ်လိုကူညီနိုင်မလဲ ဆရာ လို့မေးတော့
-
နင်လိုချင်မလားမလိုချင်မလား မသိဘူး။ ငါနင်နဲ့အိပ်ရင်ရောလို့မေးလာတယ်
-
ဒီလိုမလုပ်ပါနဲ့ဆရာရယ်..ကျွန်မကတစ်စုံတစ်ယောက်ရဲ့မိန်းမပါ
-
ဆရာ့ဇနီးတစ်ယောက်ယောက်နဲ့ဖောက်ပြန်ရင် ဆရာဘယ်လိုခံစားရမလဲလို့ ...
-
ဆရာ.ဒေါသထွက်မှာ မဟုတ်လား။ ကျွန်မတို့တွေက မွတ်စလင်တွေပါ။ အစ္စလာမ်မှာဒါက အပြစ်ကြီးပါလို့..
-
ဒီတော့သူက နင်ကဒီနေရာမှာ ဟိတ်ဟန်လာပြနေတာမဟုတ်လားတဲ့
-
နင်ကဒီလိုဆိုတော့လည်း ကောင်းပြီလေ။ ထွက်ခဲ့လို့ သူကပြောတယ်
-
အဲဒီလိုပြောပြီးသူဘယ်ထွက်သွားတယ်မသိဘူး။ သိပ်မကြာဘူး။ ကျွန်မနဲ့သူငယ်ချင်း ထွက်လာခွင့်ရကြတယ်
-
ဒါပေမယ့် တခြားရဲတစ်ယောက်နဲ့ကျွန်မသူငယ်ချင်းနောက်တစ်ယောက်နဲ့ ဘယ်လိုစခန်းသွားတယ်ဆိုတာ ကျွန်မမသိဘူး
-
ကျွန်မဖြစ်ရပ်မှာတော့ ကျွန်မဒီလူနဲ့ မအိပ်ခဲ့ဘူး
-
ထောင်ကလွတ်ပေးပြီးတာနဲ့ အဲဒီရဲရဲ့အကြည့်က ကျွန်မအပေါ် တူးတူးခါးခါးမုန်းသလိုပါပဲ
-
ဒီလူတော်တော်စိတ်ဆိုးသွားပြီး ကျွန်မကို စိုက်ကြည့်နေတာ
-
ဘာမှမပေး ဘယ်သူနဲ့မှ မအိပ်ဘဲ ထောင်ကကျွန်မလွတ်လာခဲ့တယ်
-
ဒါပေမယ့်ရဲကတော့ ကျွန်မဖုန်းနံပါတ်တောင်းထားတယ်
-
သူက ခဏခဏခေါ်နေတာပဲ။ နောက်ဆုံးကျ..
-
သူငယ်ချင်းက ကျွန်မနံပါတ်ကိုပြောင်းပေးလိုက်မှ အဆင်ပြေတော့တယ်
-
ရဲတွေက အမျိုးသမီးတွေဆီက တစ်ခုခုအမြတ်ထုတ်ဖို့ အမြဲကြိုးစားတယ်.အထူးသဖြင့် မိန်းကလေးချောရင်ပေါ့
-
ဒီတော့ စာရွက်စာတမ်းမရှိဘဲ နေနေရတဲ့ ကျွန်မတို့အမျိုးသမီးတွေ အကြောက်ဆုံးက အဲဒီအရာပါပဲ