Return to Video

အသက် ဘယ်လောက်ပဲ ဖြစ်ဖြစ် ထက်သန်ပြင်းပြစွာ နေထိုင်နည်း

  • 0:01 - 0:03
    ကလေးတို့ရေ
  • 0:03 - 0:04
    (ရယ်သံများ)
  • 0:04 - 0:07
    ကျွန်မက ၇၁ နှစ်ပါ။
  • 0:07 - 0:09
    (လက်ခုပ်သံများ)
  • 0:09 - 0:12
    ကျွန်မ ခင်ပွန်းက ၇၆ နှစ်။
  • 0:12 - 0:15
    မိဘတွေကတော့ ၉၀ နှောင်းပိုင်း
  • 0:15 - 0:18
    ခွေးကလေး Olivia က ၁၆ နှစ်။
  • 0:18 - 0:20
    ဒီတော့ ဇရာအကြောင်းကို ပြောကြရအောင်ကွယ်။
  • 0:20 - 0:22
    မှန်ကြည့်တဲ့အခါ အတွန့်ကြောင်းတွေမြင်ရလို့၊
  • 0:22 - 0:24
    ကျွန်မရဲ့ အစိတ်အပိုင်းတစ်ချို့ဟာ
  • 0:24 - 0:27
    တွဲကျနေလို့ အဲဒါတွေကို လိုက်ရှာရင် တွေ့မှာ မဟုတ်တာကို
    သဘောပေါက်လာရလို့
  • 0:27 - 0:30
    စိတ်ထံ ခံစားရတာတွေကို ပြောပါရစေ။
  • 0:30 - 0:31
    (ရယ်သံများ)
  • 0:31 - 0:34
    Mary Oliver ကသူမရဲ့ကဗျာ
    တစ်ပုဒ်ထဲမှာဆိုထားတာက
  • 0:34 - 0:38
    "ပြောပါဦး၊ မင်းရဲ့အရိုင်းဆန်ပြီး တန်ဖိုးရှိလှတဲ့ဘဝကို
  • 0:38 - 0:42
    ဘယ်လိုများ လုပ်ဖို့ စီစဉ်ထားလဲဆိုတာ"
  • 0:42 - 0:46
    ကျွန်မကတော့ စတ်ဓာတ် ထက်ထက်သန်သန်နဲ့
    နေထိုင်ဖို့ ရည်ရွယ်ထားတယ်လေ။
  • 0:46 - 0:48
    အိုမင်းခြင်းဟာ ဘယ်အချိန်မှာ စလဲ။
  • 0:48 - 0:50
    လူ့အဖွဲ့အစည်းက ဆုံးဖြတ်တာက
    ကျွန်မတို့အိုမင်းတာက
  • 0:50 - 0:54
    ထုံစံအရတော့ ၆၅ နှစ်လောက်၊ သက်ကြီးရွယ်အိုဆေးဝါး
    အကူအညီရရှိတဲ့အခါပေါ့။
  • 0:54 - 0:57
    ဒါပေမဲ့ တကယ်က မွေးစမှာပဲ စပြီးအိုမင်းလာတာပါ
  • 0:57 - 0:59
    ကျွန်မတို့ဟာ အခုကို အိုမင်းနေကြပြီး၊
  • 0:59 - 1:02
    ဒါကို အတွေ့ကြုံခံစားပုံက အမျိုးမျိုးပါ။
  • 1:02 - 1:06
    ကျွန်မတို့အားလုံးဟာ တကယ့်အသက်ထက်
    ပိုပြီးနုပျိုကြပါတယ်။
  • 1:06 - 1:08
    ဘာလို့လဲဆိုတော့ စိတ်ဓာတ်က အိုတယ်လို့မှမရှိတာ။
  • 1:08 - 1:11
    ကျွန်မ ၁ရ နှစ်ပဲရှိသေးတယ်။
  • 1:11 - 1:15
    Sophia Loren ပါ။ သူမကိုကြည့်လိုက်ပါ။
  • 1:15 - 1:18
    သူပြောတာက သင်ဘာပဲမြင်မြင်၊
  • 1:18 - 1:20
    သူကတော့ spaghetti ကိုပဲ အရင်းခံတယ်တဲ့။
  • 1:20 - 1:22
    ကျွန်မ စမ်းကြည့်လိုက်တာ မဟုတ်တဲ့နေရာတွေမှာ
  • 1:22 - 1:25
    ၁၀ ပေါင်တိုးလာတာပဲ။
  • 1:25 - 1:30
    သဘောထားအနေနဲ့ကျတော့၊ အိုမင်းခြင်းဟာ
    သဘောထားနဲ့ ကျန်းမာရေးလည်းဖြစ်တယ်
  • 1:30 - 1:33
    ဒီအိုမင်းခြင်း ခရီးရှည်မှာ ကျွန်မရဲ့ ဂုရုစစ်စစ်က
  • 1:33 - 1:35
    Olga Murray ပါ။
  • 1:35 - 1:38
    ဒကယ်လီဖိုးနီးယားက ဒီမိန်းကလေးက
    အသက် ၆၀ အရွယ်မှာ
  • 1:38 - 1:41
    အိမ်စေအကျဉ်းသား မိန်းကလေးတွေကို ကယ်ဖို့
  • 1:41 - 1:44
    နီပေါမှာ အလုပ် စလုပ်ကိုင်လာခဲ့တယ်။
  • 1:44 - 1:48
    အသက် ၈၈ မှာ မိန်းကလေး ၁၂၀၀၀ ကို ကယ်နိုင်ခဲ့ပြီ။
  • 1:48 - 1:50
    နိုင်ငံထဲက ယဉ်ကျေးမှုကို ပြောင်းလဲလိုက်ပြီလေ။
  • 1:50 - 1:51
    (လက်ခုပ်သံများ)
  • 1:51 - 1:55
    အခု သမီးငယ်တွေကို အခိုင်းစေအဖြစ် ရောင်းစားတဲ့
  • 1:55 - 1:58
    ဖခင်တွေဟာ တရားမဝင်တော့ဘူး။
  • 1:58 - 2:01
    သူက မိဘမဲ့ရိပ်သာနဲ့
  • 2:01 - 2:03
    အဟာရဆိုင်ရာ ဆေးခန်းတွေကိုလည်း
    ထူထောင်ထားသေးတယ်။
  • 2:03 - 2:04
    သူဟာ အမြဲပျော်ရွှင်နေပြီး
  • 2:04 - 2:08
    ထာဝရ နုပျိုနေတာပေါ့။
  • 2:08 - 2:12
    လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ကျွန်မ
    ဘာတွေဆုံရှုံးသွားပြီလဲ။
  • 2:12 - 2:14
    လူတွေ၊ ဟုတ်တာပေါ့၊
  • 2:14 - 2:18
    နေရာတွေ ပြီးတော့ နုပျိုမှုရဲ့
    အကန့်သတ်မဲ့စွမ်းအင်ပေါ့
  • 2:18 - 2:20
    လွတ်လပ်မှု စပြီးဆုံးရှုံးနေခြင်းက
  • 2:20 - 2:22
    ကျွန်မကို ခြောက်လှန့်တော့တာပေါ့။
  • 2:22 - 2:26
    Ram Dass ပြောတာက မှီခိုမှုဟာ နာကျင်ပေမဲ့
  • 2:26 - 2:29
    ဒါကို လက်ခံလိုက်ရင် ဝေဒနာခံစားမှု
    ပိုနည်းပါတယ်တဲ့။
  • 2:29 - 2:31
    ဆိုးဝါးတဲ့ လေဖြတ်ပြီးတဲ့နောက်
  • 2:31 - 2:35
    သူ့ရဲ့ ထာဝရစိတ်ရင်းက
    ကိုယ်ခန္ဓာထဲက အပြောင်းအလဲတွေကို
  • 2:35 - 2:37
    သိမ်မွေ့ခြင်းနဲ့ စောင့်ကြည့်ပြီး၊
  • 2:37 - 2:41
    သူကို ကူညီသူတွေကိုကျေးဇူး တင်တယ်။
  • 2:41 - 2:44
    ဘာတွေ ကျွန်မရရှိထားလဲ။
  • 2:44 - 2:48
    လွတ်လပ်မှု၊ နောက်ထပ်ဘာကိုမှ သက်သေပြစရာ
    မလိုတော့ဘူးလေ။
  • 2:48 - 2:51
    ငါဘယ်သူဖြစ်ခဲ့တယ်၊ ဘာဖြစ်ချင်တယ်၊
  • 2:51 - 2:52
    တခြားလူတွေကငါ့ကိုဘာဖြစ်ဖို့
    မျှော်လင့်တယ်ဆိုတဲ့
  • 2:52 - 2:56
    အတွေးထဲမှာ နစ်မနေဘူးလေ။
  • 2:56 - 3:00
    ယောက်ျားတွေ နှစ်သက်အောင်လည်း
    လုပ်စရာမလိုတော့ဘူး၊
  • 3:00 - 3:03
    တိရိစ္ဆာန်တွေပဲရှိတော့တာပေါ့။
  • 3:03 - 3:06
    ကိုယ့်အတ္တစိတ်ကို ခေါက်ထားပြီး
  • 3:06 - 3:09
    ရှိနေသေးတာကိုပဲ အရသာခံဖို့ပြော ပြောနေမိတယ်။
  • 3:09 - 3:11
    ခန္ဓာကိုယ်က ပြိုလဲလာပေမဲ့
  • 3:11 - 3:14
    ဦးနှောက်ကတော့ အဲ့လိုမဟုတ်သေးပါဘူး။
  • 3:14 - 3:16
    ကျွန်မဦးနှောက်ကို မြတ်နိုးတယ်
  • 3:16 - 3:19
    ပိုပြီးပေါ့ပါးလာတယ်လို့ ခံစားရတယ်
  • 3:19 - 3:24
    အာဃာတတို့၊ ရည်မှန်းချက်တို့၊ ပလွှားမှုတို့၊
  • 3:24 - 3:26
    ဒုက္ခခံရကျိုး မနပ်တဲ့ ဘယ်ငရဲကျမယ့်
  • 3:26 - 3:28
    အပြစ်ကြီးတွေကိုမှ ဆောင်မထားဘူး
  • 3:28 - 3:30
    လွှတ်ချလိုက်ရတာ အရမ်းကောင်းလိုက်တာ။
  • 3:30 - 3:32
    ဒီထက်စောစောက စခဲ့သင့်တာလေ။
  • 3:32 - 3:35
    ပိုပြီးသိမ်မွေ့လာတယ်လို့လည်း ခံစားရသေးတယ်၊
  • 3:35 - 3:39
    အားနွဲ့သူဖြစ်ရတာကို လန့်မနေတော့တဲ့ အတွက်လေ။
  • 3:39 - 3:43
    ဒါကိုပျော့ကွက်တစ်ခုလို့ မမြင်တော့ဘူး။
  • 3:43 - 3:45
    ပြီးတော့ ယုံကြည်သက်ဝင်မှုကို
    လည်းရလိုက်ပါပြီ
  • 3:45 - 3:47
    အရင်က မရဏတရားက
  • 3:47 - 3:49
    အနီးနားမှာဆိုတာကို သတိမူမိပါတယ်။
  • 3:49 - 3:55
    အခု ဘေးချင်းကပ် ဒါမှမဟုတ်
    ကျွန်မအိမ်ထဲမှာပေါ့။
  • 3:55 - 3:57
    သတိရှိရှိနေထိုင်ပြီး
  • 3:57 - 3:59
    ပစ္စုပ္ပန်ကာလထဲမှာပဲ ရှိနေဖို့ကြိုးစားပါတယ်။
  • 3:59 - 4:01
    စကားမစပ် Dalai Lama ဆိုတာက
  • 4:01 - 4:03
    ကျက်သရေရှိရှိ အိုမင်းလာတဲ့သူပါ။
  • 4:03 - 4:06
    ဒါပေမဲ့ ဘယ်သူ သတ်သက်လွတ်စားပြီး၊
    အိမ်ထောင်မပြုပဲနေချင်ကြလဲ။
  • 4:06 - 4:09
    (ရယ်သံများ)
  • 4:13 - 4:15
    တရားထိုင်ခြင်းက ကူပါတယ်။
  • 4:15 - 4:19
    ။ (ဗွီဒီယို) ကလေး။ ဥုံ၊ ဥုံ၊ ဥုံ။
  • 4:19 - 4:21
    Isabel Allende: ဥုံ၊ ဥုံ။ ဒါပါပဲ၊
  • 4:21 - 4:23
    စောစောစရင် ကောင်းတာပေါ့။
  • 4:23 - 4:27
    သိတဲ့အတိုင်း၊ ကျွန်မလို အလကား
    မိန်းမ တစ်ယောက်အတွက်တော့
  • 4:27 - 4:30
    ဒီယဉ်ကျေးမှုထဲမှာ အိုမင်းဖို့ဟာ
    တော်တော်ခက်ပါတယ်။
  • 4:30 - 4:35
    အတွင်းမှာ နေလို့ကောင်း၊ နှစ်လိုဖွယ်ကောင်း၊
    စွဲမက်စရာ၊ ညှို့ဓာတ်ရှိသူလို ခံစားမိတယ်။
  • 4:35 - 4:38
    ဒါကို တခြားဘယ်သူမှ မသိကြဘူး။
    (ရယ်သံများ)
  • 4:38 - 4:40
    ကျွန်မကို မြင်မရနိုင်ဘူး။
  • 4:40 - 4:42
    လူတွေရဲ့ဂရုစိုက်မှုကို လိုချင်တယ်၊
  • 4:42 - 4:45
    မမြင်မိကြမှာကို ရွံ့မုန်းတယ်။
  • 4:45 - 4:47
    (ရယ်သံများ) (လက်ခုပ်သံများ)
  • 4:47 - 4:49
    ဒါကတော့ Grace Dammann ရဲ့ အဆိုပါ။
  • 4:49 - 4:51
    သူမဟာ ကြောက်မက်ဖွယ်
    ယဉ်မတော်တဆ ဖြစ်မှုနောက်မှာ
  • 4:51 - 4:54
    တွန်းလှည်းနဲ့ ထိုင်နေရတာ ၆နှစ် ရှိပါပြီ။
  • 4:54 - 4:58
    သူပြောတာက ရေနွေးပူပူဖြင့် ရေချိုးရတာလောက်
  • 4:58 - 4:59
    ဇိမ်ကျတာ ဘာမှမရှိဘူးတဲ့၊
  • 4:59 - 5:01
    ရေစက်တိုင်းဟာ
  • 5:01 - 5:04
    အာရုံတိုင်းကို ကောင်းချီးပေးတာတဲ့။
  • 5:04 - 5:07
    သူ့ကိုယ်သူ ဒုက္ခိတ တစ်ယောက်လို့မမြင်ဘူး။
  • 5:07 - 5:11
    သူ့စိတ်ထဲမှာတော့ သမုဒ္ဒရာထဲမှာ
    လှိုင်းစီးနေတုန်းပဲ။
  • 5:11 - 5:15
    Ethel Seiderman ဆိုရင်
    ကျွန်မတို့ ကယ်လီဖိုးနီးယားက
  • 5:15 - 5:18
    မြတ်နိုးခံရသူ တက်ကြွစွာ
    လှုပ်ရှားနေသူတစ်ယောက်ပါ။
  • 5:18 - 5:22
    အနီရောင် အထူးဒီဇိုင်း ဖိနပ်ကိုစီးထားကာ
  • 5:22 - 5:24
    သူမရဲ့ဂါထာကတော့ ပုဝါတစ်ထည်က ကောင်းနေပေမယ့်
  • 5:24 - 5:26
    နှစ်ထည် ဆိုရင် ပိုကောင်းတာပေါ့တဲ့။
  • 5:26 - 5:29
    မုဆိုးမဖြစ်တာ ၉နှစ် ရှိပါပြီ။
  • 5:29 - 5:31
    ဒါပေမဲ့ နောက်အဖော်ကို ရှာမနေပါဘူး။
  • 5:31 - 5:34
    သူပြောတာက သံဝါသပြုနိုင်တဲ့ နည်းတွေက
  • 5:34 - 5:36
    အကန့်အသတ်တစ်ခုအနေနဲ့ပဲရှိတာပါတဲ့။
  • 5:36 - 5:38
    အင်း နောက်တစ်နည်းနဲ့ သူပြောတာက
  • 5:38 - 5:40
    နည်းအားလုံးကို သူစမ်းပြီးပြီတဲ့။
  • 5:40 - 5:43
    (ရယ်သံများ)
  • 5:43 - 5:44
    ကျွန်မကတော့
  • 5:44 - 5:48
    Antonio Banderas နဲ့
    ကာမဂုဏ် စိတ်ကူးတွေရှိတုန်းပဲ။
  • 5:48 - 5:49
    (ရယ်သံများ)
  • 5:49 - 5:54
    သနားစရာ ကျွန်မ အမျိုးသားကတော့
    ဒါကိုသည်းခံဖို့လိုတာပေါ့
  • 5:54 - 5:56
    ဒီတော့ ဘယ်လိုလုပ်ပြီး ထက်သန်တဲ့စိတ် ဘယ်ရှိနေနိုင်တာလဲ။
  • 5:56 - 6:00
    ကျွန်မ အသက် ၇၁ နှစ်မှာ ထက်သန်စရာ
    စိတ်ဆန္ဒ မရှိနိုင်ဘူးလေ။
  • 6:00 - 6:02
    ကာလတစ်ခုကြာ လေ့ကျင့်နေခဲ့ပြီး
  • 6:02 - 6:06
    ထိုင်းမှိုင်း၊ ငြီးငွေ့လာရင် ဟန်ဆောင်လိုက်တာပေါ့။
  • 6:06 - 6:08
    သဘောထား၊ သဘောထားပါပဲ။
  • 6:08 - 6:11
    ဘယ်လိုလေ့ကျင့်လဲ။ ဘာကိုပဲကြုံတွေ့တွေ့၊
  • 6:11 - 6:13
    အင်းလို့ပြောရင်း လေ့ကျင့်တာပေါ့။
  • 6:13 - 6:16
    အလွမ်းဇာတ်၊ ဟာသ၊ အဆွေးဇာတ်၊
  • 6:16 - 6:19
    အချစ်၊ မရဏ၊ ဆုံးရှုံးမှု စတာတွေပေါ့။
  • 6:19 - 6:21
    ဘဝကို လက်ခံလိုက်ခြင်းပါ။
  • 6:21 - 6:24
    ပြီးတော့ ချစ်ခင်နေတုန်းပဲဆိုပြီး
    ကြိုးစားလေ့ကျင့်တယ်။
  • 6:24 - 6:26
    ဒါကအမြဲတမ်းတော့ အလုပ်မဖြစ်ပါဘူး။
  • 6:26 - 6:27
    ဒီလိုကြိုစားခြင်းအတွက်
  • 6:27 - 6:29
    ကျွန်မကိုအပြစ်တင်လို့ မရဘူးလေ။
  • 6:29 - 6:31
    နောက်ပြီး နောက်ဆုံးမှတ်ချက်တစ်ခုက
  • 6:31 - 6:35
    အငြိမ်းစားယူတာကို
    စပိန်ဘာသာက jubilación တဲ့။
  • 6:35 - 6:38
    ဂုဏ်ယူဝင့်ကြွားခြင်းပေါ့။ အောင်ပွဲခံခြင်းလေ
  • 6:38 - 6:39
    ကျွန်မတို့ပေးစရာတွေ ပေးပြီးပြီလေ။
  • 6:39 - 6:41
    လူ့အဖွဲ့အစည်းကို ပေးဆပ်ပြီးပါပြီ။
  • 6:41 - 6:45
    အခုကျွန်မတို့အချိန်ပါ၊
    သိပ်ကောင်းတဲ့ ကာလတစ်ခုပါ။
  • 6:45 - 6:48
    နေမကောင်းတာ ဒါမှမဟုတ်
    ဆင်းရဲတာ မဟုတ်ရင်
  • 6:48 - 6:49
    သင့်မှာ ရွေးချယ်စရာတွေ ရှိပါတယ်။
  • 6:49 - 6:52
    ကျွန်မကတော့ စိတ်ဓာတ် ထက်သန်စွာနေဖို့
    ရွေးချယ်ထားတယ်၊
  • 6:52 - 6:54
    ပွင့်လင်းတဲ့နှလုံးသားနဲ့ ထိတွေ့ပြီးတော့ပါ။
  • 6:54 - 6:57
    ဒီအပေါ်မှာ နေ့တိုင်းလုပ်နေပါတယ်။
  • 6:57 - 7:01
    ကျွန်မနဲ့အတူ ပါဝင်ချင်လား။
  • 7:01 - 7:02
    ကျေးဇူးတင်ပါတယ်။
  • 7:02 - 7:08
    (လက်ခုပ်သံများ)
  • 7:08 - 7:11
    June Cohen၊ ဒီတော့ Isabel IA၊ ကျေးဇူးတင်ပါတယ်ရှင်။

  • 7:11 - 7:14
    JC၊ ပထမဆုံးက TED အဖွဲ့အတွက်
  • 7:14 - 7:17
    ပြောဆိုဖို့တစ်ခါမှ မှတ်ယူမထားချင်ပေမယ့် ကျွန်မ
    ရှင့်ကိုပြောချင်တာက
  • 7:17 - 7:19
    ရှင်ဟာ နှစ်လိုဖွယ်ကောင်းတုန်း ညှို့ဓာတ်ရှိတုန်း၊
    ရမ္မက်ဆန်တုန်းပဲ
  • 7:19 - 7:21
    ကျွန်မတို့အားလုံး သဘောတူတယ်လို့
  • 7:21 - 7:23
    ကျွန်မခံစားမိတာပါ။ ဟူတ်တယ်နော်။
  • 7:23 - 7:26
    IA၊ ဩော်၊ ကျေးဇူးတင်ပါတယ်ရှင်။
    (လက်ခုပ်သံများ)
  • 7:26 - 7:27
    JC၊ လက်တွေကို ချလိုက်ပါ။
    IA၊ မဟုတ်ပါဘူး၊ ဒါက မိတ်ကပ်ပါ။
  • 7:28 - 7:30
    JC ရှင့်ရဲ့ ကာမဂုဏ်စိတ်ကူးတွေဆိုင်ရာ
    နောက်မေးခွန်းကို မေးမယ်ဆိုရင်ကော
  • 7:30 - 7:32
    IA၊အိုး ရပါတယ်၊ ဘာများပါလိမ့်။
  • 7:32 - 7:34
    (ရယ်သံများ)
  • 7:34 - 7:35
    JC၊ ကာမဂုဏ်စိတ်ကူးတွေအကြောင်းပါ။
    IA၊ Antonio Banderas နဲ့ပေါ့။
  • 7:35 - 7:38
    JC၊ ရှင့်မှာ ဒိထက်ပိုပြီးမျှဝေချင်တာများ
    ရှိနေမလားလို့ပါ။
  • 7:38 - 7:41
    IA၊ ကောင်းပြီ၊ အဲဒီထဲကတစ်ခုတော့ ဒါပါ။(ရယ်သံများ)
  • 7:41 - 7:46
    အဲဒီထဲကတစ်ခုတော့
  • 7:46 - 7:48
    မက်ဆီကိုချပါတီပေါ်မှာ Antonio Banderas ရဲ့
  • 7:48 - 7:51
    ဝတ်လစ်စလစ်ပုံကို တင်ထားလိုက်တယ်။
  • 7:51 - 7:55
    နယ်ထားတဲ့ ထောပတ်သီးအနှစ်နဲ့ဆော့ကို
    သူ့အပေါ်မှာဆမ်းလိုက်တယ်။
  • 7:55 - 7:58
    သူ့ကိုလိပ်ပြီး စားလိုက်တာပေါ့။ (ရယ်သံများ)
  • 7:58 - 8:00
    ကျေးဇူးတင်ပါတယ်။
  • 8:00 - 8:03
    (လက်ခုပ်သံများ)
Title:
အသက် ဘယ်လောက်ပဲ ဖြစ်ဖြစ် ထက်သန်ပြင်းပြစွာ နေထိုင်နည်း
Speaker:
Isabel Allende
Description:

စာရေးဆရာမ Isabel Allende ဟာ အသက်(ရ၁)နှစ်ရှိပါပြီ။ အရေးအကြောင်း အနည်းငယ် ရှိပေမည့်လည်း သူမမှာ မယုံနိုင်လောက်တဲ့ အနာဂတ်အမြင်လည်းရှိပါသေးတယ်။အရွယ်မျိုးစုံကို ရည်ရွယ်တဲ့ ဒီပွင့်လင်းတဲ့ ဟောပြောချက်ထဲမှာ အသက်အရွယ်ရလာတာနဲ့အမျှ သူမရဲ့ ကြောက်ရွံ့မှုတွေ အကြောင်းကို ပြောပြထားပြီး၊ စိတ်ဓာတ် ထက်ထက်သန်သန်နဲ့ ဆက်လက် နေထိုင်ဖို့ သူမရဲ့ အစီအစဉ်တွေကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
08:16

Burmese subtitles

Revisions