Return to Video

တရုတ်ဆယ့်နှစ်ရာသီခွင် နောက်ကွယ်က ဒဏ္ဍာရီ။ Megan Campisi နဲ့ Pen-Pen Chen

  • 0:09 - 0:11
    သင့်ရဲ့ ရာသီရုပ်က ဘာလဲ။
  • 0:11 - 0:12
    အနောက်တိုင်း နက္ခတ္တဗေဒမှာတော့
  • 0:12 - 0:16
    ပြက္ခဒိန်ထဲမှာ သင့်မွေးရက် ကျရောက်တဲ့
    အချိန်ကနေ သတ်မှတ်ထားတဲ့ တာရာတစ်လုံးပါ။
  • 0:16 - 0:20
    ဒါပေမဲ့ တရုတ် ရာသီခွင် သို့မဟုတ်
    shēngxiào အရတော့
  • 0:20 - 0:24
    ဒါဟာ သင့်ရဲ့ shuxiang ပါ၊ သင့်မွေးနှစ်ကို
    သတ်မှတ်ပေးတဲ့ အကောင်လို့ ဆိုလိုတယ်။
  • 0:24 - 0:28
    ဒီအကောင် ရာသီရုပ်တွေနဲ့ ၎င်းတို့ရဲ့
    အစီအစဉ်ကို ရှင်းပြတဲ့ ဒဏ္ဍာရီများစွာအနက်
  • 0:28 - 0:32
    အဓွန့်ရှည်ဆုံးတစ်ခုကတော့
    The Great Race ပါ။
  • 0:32 - 0:36
    ဇာတ်လမ်းအရတော့ Yù Dì (သို့)
    ကျောက်စီမ်း ဧကရာဇ်၊ မိုးနတ်မင်းဟာ
  • 0:36 - 0:41
    အချိန်ကိုတိုင်းတာဖို့ နည်းလမ်းတစ်ခုကို
    ထွင်ချင်တော့ ပြိုင်ပွဲတစ်ခုကို ကျင်းပတယ်။
  • 0:41 - 0:44
    မြစ်ကိုဖြတ်နိုင်တဲ့ ပထမဆုံး ၁၂ ကောင်ဟာ
    ရောက်တဲ့ နေရာအရ
  • 0:44 - 0:48
    ပြက္ခဒိန်ပေါ်က ရာသီခွင်ထဲမှာ
    နေရာတစ်ခု ရကြလိမ့်မယ်။
  • 0:48 - 0:51
    စောစော စဖို့ ကြွက်က နေနဲ့အတူ
    ထလာခဲ့ပေမဲ့
  • 0:51 - 0:52
    မြစ်ဆီ သွားတဲ့လမ်းမှာ
  • 0:52 - 0:55
    မြင်း၊ ကျား၊ နွားတို့နဲ့ ဆုံတွေ့ခဲ့တယ်။
  • 0:55 - 0:58
    ကြွက်က အကောင်သေးပြီး
    ရေကောင်းကောင်း မကူးတတ်တာကြောင့်
  • 0:58 - 1:00
    ပိုကြီးတဲ့ အကောင်တွေကို အကူအညီတောင်းတယ်။
  • 1:00 - 1:02
    ကျားနဲ့ မြင်းက ငြင်းဆိုခဲ့ပေမဲ့
  • 1:02 - 1:05
    ကြင်နာစိတ်ရှိတဲ့ နွားက ကြွက်ကို မြစ်တစ်ဖက်
    ဆီ သယ်သွားဖို့ သဘောတူခဲ့တယ်။
  • 1:05 - 1:08
    သို့ပေမည့် တစ်ဖက်ကမ်းကို
    သူတို့ ရောက်တော့မယ့်အခိုက်မှာ
  • 1:08 - 1:13
    ကြွက်က နွားရဲ့ ခေါင်းကနေ ခုန်ပြီး
    ပထမနေရာကို ရယူနိုင်ခဲ့တယ်။
  • 1:13 - 1:15
    နွားက ဒုတိယ ရောက်လာခဲ့တယ်။
  • 1:15 - 1:17
    သူ့နောက်က အားသန်တဲ့ ကျားနဲ့အတူပါ။
  • 1:17 - 1:19
    ယုန်က ရေစီးကြောင်းကို
    အံတုဖို့ ငယ်လွန်းတယ်။
  • 1:19 - 1:23
    စတုတ္ထနေရာ ရဖို့ ကျောက်တုံးတွေ၊
    သစ်တုံးတွေကို သွက်လက်စွာ ခုန်သွားတယ်။
  • 1:23 - 1:26
    နောက် ရောက်တာက နဂါးပါ၊
    တိုက်ရိုက် ပျံပြီး ခုန်နိုင်ပေမဲ့
  • 1:26 - 1:29
    လမ်းမှာ သူတွေ့ခဲ့ရတဲ့ အကောင်တွေကို
    ရပ်ပြီး ကူညီခဲ့သူပါ။
  • 1:29 - 1:33
    သူ့နောက်မှာတော့ မြစ်ကို ကဆုန်စိုင်း
    ဖြတ်ရင်း မြင်းရောက်လာတယ်။
  • 1:33 - 1:36
    ဒါပေမဲ့ သူ ဖြတ်ကူးစဉ်မှာ
    မြွေက လျှောတိုက် ဝင်လာတယ်။
  • 1:36 - 1:40
    လန့်သွားတဲ့ မြင်းက နောက်လှည့် ပတပ်ရပ်ကာ
    မြွေကို ဆဌမနေရာကို ခိုးဝင်စေတယ်။
  • 1:40 - 1:42
    ကျောက်စီမ်း ဧကရာဇ်ဟာ မြစ်ကို ကြည့်တော့
  • 1:42 - 1:46
    သိုး၊ မျောက်နဲ့ ကြက်ဖတို့အားလုံးကို
    ဖောင်တစ်ခုထိပ်မှာ တွေ့မိတယ်၊
  • 1:46 - 1:49
    ပေါင်းမြက်တွေကိုဖြတ်ပြီး
    ဖောင်ကို တွန်းဖို့ လုပ်နေတာပါ။
  • 1:49 - 1:50
    ကူးဖြတ်ပြီးတဲ့အခါ
  • 1:50 - 1:53
    သုံးဦးသားဟာ သူတို့တွေထဲမှာ
    နှစ်သိမ့်မှု အပေးဆုံးနဲ့
  • 1:53 - 1:56
    သဟဇာတအဖြစ်ဆုံး သိုးကို
    အဌမ နေရာပေးပြီး
  • 1:56 - 1:58
    နောက်ကနေ မျောက်နဲ့
    ကြက်ဖကို ထားဖို့သဘောတူခဲ့ကြတယ်။
  • 1:58 - 2:01
    နောက် ရောက်လာတာက ကမ်းပေါ်ကို
    ကုတ်ကတ်ဖက်တွယ်လာတဲ့ ခွေးပါ၊
  • 2:01 - 2:03
    တော်တဲ့ ရေကူးသမားပေမဲ့
  • 2:03 - 2:07
    ဆယ့်တစ်ယောက်မြောက်နေရာကို ရောက်နိုင်ဖို့
    ရေထဲမှာ အကြာကြီး ဆော့ကစားနေခဲ့တယ်။
  • 2:07 - 2:09
    နောက်ဆုံးနေရာကို တော့ ဝက်က ရယူသွားတယ်။
  • 2:09 - 2:12
    နောက်ဆုံး ယက်ကန်ယက်နဲ့
    ပန်းတိုင်ကို မရောက်မီ
  • 2:12 - 2:15
    ဆာလောင်ပြီး စားဖို့နဲ့
    တစ်မှေးအိပ်ဖို့ ရပ်နားခဲ့တဲ့သူပေါ့။
  • 2:15 - 2:20
    ဒီလိုနဲ့ တစ်နှစ်စီဟာ နှစ် ၆၀ တိုင်းမှာ
    အစပြန်ကောက်တဲ့
  • 2:20 - 2:23
    ဒီအစီအစဉ်ထဲက အကောင်
    တစ်ကောင်နဲ့ ဆက်စပ်နေတယ်။
  • 2:23 - 2:24
    ဘာလို့ ဆယ့်နှစ်မဟုတ်ဘဲ ၆၀ ဖြစ်တာလဲ။
  • 2:24 - 2:29
    ကောင်းပြီ၊ တရုတ်ရိုးရာ ပြက္ခဒိန်ဟာ
    ထပ်နေတဲ့ စနစ်နှစ်ခုနဲ့ ဖွဲ့စည်းထားတယ်။
  • 2:29 - 2:32
    ရာသီခွင်ရဲ့ အကောင်းတွေဟာ
    လောကီရေးရာ ကိုင်းခွဲ ၁၂ ခု
  • 2:32 - 2:37
    (သို့) shí'èrzhī လို့ခေါ်တာနဲ့ ဆက်စပ်တယ်။
  • 2:37 - 2:41
    နောက်စနစ်တစ်ခုက ကောင်းကင်ဘုံနဲ့ဆိုင်တဲ့
    ပင်စည် ၁၀ ခု (သို့) tiāngān နဲ့
  • 2:41 - 2:44
    ဆက်စပ်တဲ့ ရှေးရိုး ဓာတ်တွေပါ။
  • 2:44 - 2:45
    သတ္တု၊ xīn၊
  • 2:45 - 2:47
    သစ်သား၊ mù၊
  • 2:47 - 2:49
    ရေ၊ shuǐ၊
  • 2:49 - 2:50
    မီး၊ huǒ နဲ့
  • 2:50 - 2:52
    မြေ၊ tǔ တို့ပါ။
  • 2:52 - 2:56
    ဓာတ်တစ်ခုစီကို ဆယ်နှစ် စက်ဝန်းဖန်တီးတဲ့
  • 2:56 - 2:58
    ယင် (သို့) ယန် သတ်မှတ် ထားတယ်။
  • 2:58 - 3:00
    လောကီကိုင်းခွဲ ဆယ့်နှစ်
    ကောင်ဟာ ကောင်းကင်ဘုံ
  • 3:00 - 3:02
    ပင်စည်တွေရဲ့ယင်နဲ့ယန် ပေါင်းထားတဲ့
  • 3:02 - 3:05
    ဓာတ်ငါးပါးနဲ့ တွဲလိုက်တဲ့အခါ
  • 3:05 - 3:08
    မတူညီတဲ့ ပေါင်းစပ်မှုတွေရဲ့
    နှစ် ၆၀ ကို ဖန်တီးပေးတယ်။
  • 3:08 - 3:11
    နှစ်ခြောက်ဆယ် စက်ဝန်း(သို့)
    gānzhī လို့ လူသိများပါတယ်။
  • 3:11 - 3:16
    ဒီတော့ ၁၉၈၀ ခုနှစ်မှာ မွေးတဲ့သူဟာ
    ယန် သတ္တု မျောက် ရာသီရုပ်ဆိုပေမဲ့
  • 3:16 - 3:21
    ၂၀၀၇ ခုနှစ်မှာ မွေးသူကတော့
    ယင် မီး ဝက်ဖြစ်လိမ့်မယ်။
  • 3:21 - 3:25
    တကယ်တမ်း သင့်မှာရှိနိုင်သေးတာက
    မွေးလကိုအခြေခံတဲ့ အတွင်းပိုင်း တစ်ကောင်၊
  • 3:25 - 3:28
    သင့်မွေးရက်ကို အခြေခံတဲ့
    အကောင်စစ်စစ်တစ်ကောင်နဲ့
  • 3:28 - 3:32
    မွေးနာရီကို အခြေခံတဲ့ လျှို့ဝှက်တဲ့
    တစ်ကောင်ပါ။
  • 3:32 - 3:34
    ဒါက ဘယ်အကောင်းတွေဟာ
    တရုတ် ရာသီခွင်မှာ ထည့်ထားတာကို
  • 3:34 - 3:37
    သတ်မှတ်တယ်လို့
    ယူဆရတဲ့ အပြေးပြိုင်ပွဲကြီးဆိုပေမဲ့
  • 3:37 - 3:39
    ဒီစနစ်မှာ အာရှအနှံ့ ပျံ့ခဲ့တာကြောင့်
  • 3:39 - 3:42
    အခြားယဉ်ကျေးမှုတွေက သူတို့လူစုတွေကို
    ထင်ဟပ်ဖို့ အပြောင်းအလဲတွေလုပ်တယ်။
  • 3:42 - 3:45
    ဒီတော့ ဗီယက်နမ် ရာသီခွင်နဲ့ အကြံဉာဏ်ယူရင်
  • 3:45 - 3:48
    သင်ဟာ ယုန်မဟုတ်ဘဲ၊ ကြောင်ဖြစ်နေတာ
    တွေ့ရှိနိင်ပါတယ်။
  • 3:48 - 3:49
    သင်ဟာ ထိုင်းနိုင်ငံမှာဆိုရင်တော့
  • 3:49 - 3:53
    နဂါးကို နဂါးဆိုတဲ့ ဒဏ္ဍာရီလာ
    မြွေက နေရာယူထားတယ်။
  • 3:53 - 3:56
    တသီးပုဂ္ဂလတစ်ယောက်အဖြစ်
    သင့်အကြောင်းပြောတဲ့
  • 3:56 - 3:58
    ရာသီခွင်ထဲမှာ သင် ပုံသေရှိတာ၊ မရှိတာထက်
  • 3:58 - 4:01
    ဒါက ၎င်းက နောက်ခံ ယဉ်ကျေးမှုအကြောင်းကို
    အများကြီး ဖော်ပြပါတယ်။
Title:
တရုတ်ဆယ့်နှစ်ရာသီခွင် နောက်ကွယ်က ဒဏ္ဍာရီ။ Megan Campisi နဲ့ Pen-Pen Chen
Speaker:
Megan Campisi နဲ့ Pen-Pen Chen
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/the-myth-behind-the-chinese-zodiac-megan-campisi-and-pen-pen-chen တွင် ကြည့်ရှုပါ။

သင့်ရဲ့ ရာသီရုပ်က ဘာလဲ။ အနောက်တိုင်း နက္ခတ်ဗေဒင်မှာတော့ ပြက္ခဒိန်ထဲမှာ သင့်မွေးရက် ကျရောက်တဲ့ အချိန်ကနေ သတ်မှတ်ထားတဲ့ တာရာတစ်လုံးပါ။ ဒါပေမဲ့ တရုတ် ရာသီခွင်(生肖) အရတော့ ဒါဟာ သင့်ရဲ့ shuxiang ပါ၊ သင့်မွေးနှစ်ကို သတ်မှတ်ပေးတဲ့ အကောင်ပါ။ ဒီအကောင် ရာသီရုပ်တွေနဲ့ ၎င်းတို့ရဲ့ အစီအစဉ်ကို ရှင်းပြတဲ့ ဒဏ္ဍာရီများစွာအနက် အဓွန့်ရှည်ဆုံးတစ်ခုကတော့ The Great Race ပါ။ Megan Campisi နဲ့ Pen-Pen Chen တို့ကနေပြီး ဒီရှေးဟောင်း ဒဏ္ဍာရီကို ပြန်ပြောပြထားပါတယ်။

သင်ခန်းစာကို Megan Campisi နဲ့ Pen-Pen Chen တို့က ပြုစုပြီး လှုပ်ရှားမှုပုံရိပ်များကိုတော့ Marta Prokopová က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:23

Burmese subtitles

Revisions