Return to Video

မော်လီကျူးတစ်လုံး၏ ပုံသဏ္ဌာန်ဆိုတာ ဘာလဲ - George Zaidan and Charles Morton

  • 0:07 - 0:09
    မော်လီကျူးတစ်လုံးရဲ့ ပုံစံဆိုတာ ဘာပါလဲ။
  • 0:09 - 0:12
    မော်လီကျူးတစ်လုံးမှာဆို
    နေရာလွတ်ဟာ အများစုပါ။
  • 0:12 - 0:14
    ၎င်းရဲ့ဒြပ်ထု အားလုံးနီးပါကို
  • 0:14 - 0:17
    အက်တမ်တွေထဲက အလွန်သိပ်သည်းတဲ့
    နျူးကလိယပ်တွေမှာ စုပုံထားတာပါ။
  • 0:17 - 0:18
    အက်တမ်တွေ တခုနဲ့တခု
  • 0:18 - 0:20
    စည်းနှောင်ပုံကို ပြဌာန်းပေးတဲ့
  • 0:20 - 0:21
    အီလက်ထရွန်တွေဟာ
  • 0:21 - 0:23
    သီးသန့်၊ တလုံးစီနေခြင်းထက်
    လျှပ်မဓာတ်ဆောင်
  • 0:23 - 0:26
    တိမ်စိုင်များနှယ် ဆင်တူဖွယ်ရှိပါတယ်။
  • 0:26 - 0:27
    ဒီတော့ မော်လီကျူးတစ်လုံးဟာ...
  • 0:27 - 0:29
    ဥပမာ၊ ရုပ်တုမှာရှိတဲ့ ပုံစံလိုမျိုး
  • 0:29 - 0:31
    ပုံသဏ္ဌာန်ရယ်လို့မရှိပါဘူး။
    ဒါပေမဲ့...
  • 0:31 - 0:32
    မော်လီကျူးတိုင်းအတွက်
  • 0:32 - 0:33
    နျူးကလိယပ်တွေ၊ အီလက်ထရွန်တွေ
  • 0:33 - 0:36
    နေရာချဖို့ နည်းလမ်းတခုတော့
    အနည်းဆုံးရှိပါတယ်
  • 0:36 - 0:38
    ဒီနည်းက ဆန့်ကျင်ဘက်
    လျှပ်စစ်ဓာတ်တွေ
  • 0:38 - 0:39
    ဆွဲငင်မှု အမြင့်ဆုံးနဲ့
  • 0:39 - 0:40
    မျိုးတူလျှပ်စစ်ဓာတ်တွေ
  • 0:40 - 0:43
    တွန်းကန်မှု အနိမ့်ဆုံးဖြစ်ဖို့ပါ။
  • 0:43 - 0:44
    မော်လီကျူးပုံကို ဖော်ဖို့ အရေးပါတဲ့
  • 0:44 - 0:46
    အီလက်ထရွန်တွေဟာ၊
    ပါဝင်တဲ့ အက်တမ်
  • 0:46 - 0:49
    တစ်လုံးစီ၏ အပြင်ဘက်ဆုံးက
    အီလက်ထရွန်တွေကိုသာ စဉ်းစားပါစို့။
  • 0:49 - 0:51
    အက်တမ်တွေကြားက
  • 0:51 - 0:53
    အီလက်ထရွန် တိမ်စိုင်တွေ၊
  • 0:53 - 0:55
    တနည်းဆိုသော်
    မော်လီကျူး ဓာတ်စည်း
  • 0:55 - 0:57
    တစ်ခုကို အသားချောင်းလို
    ပုံသဏ္ဌာန်မျိုးလို့ ယူဆတာပါ။
  • 0:57 - 1:00
    နျူးကလိယပ်တွေက အဖိုဓာတ်နဲ့
    အီလက်ထရွန်တွေက
  • 1:00 - 1:02
    အမဓာတ်ဆောင်ကြောင်းကို သတိရပေးပါဦး။
  • 1:02 - 1:04
    မော်လီကျူး၏
    နျူးကလိယပ်အားလုံးကို
  • 1:04 - 1:05
    တစ်စု သို့မဟုတ်
  • 1:05 - 1:07
    အီလက်ထရွန်အားလုံးကို တစ်စု စုရင်.
    အုပ်စုတွင်း
  • 1:07 - 1:09
    အချင်းချင်း တွန်းကန်လို့
    ဘယ်သူမှ တားမရအောင်
  • 1:09 - 1:11
    ကွဲထွက်သွားပါလိမ့်မယ်။
  • 1:11 - 1:14
    ၁၇၇၆မှာ Alessandro Voltaက
    မီသိန်းကို ရှာတွေ့ခဲ့ပါတယ်။
  • 1:14 - 1:17
    ဒါက သူ့ရဲ့ ဘက္ထရီ တီထွင်မှု ဖြစ်မလာခင်
  • 1:17 - 1:18
    ဆယ်နှစ်ကျော် ကာလမှာပါ။
  • 1:18 - 1:22
    အခုတော့ မီသိန်းရဲ့ ဓာတုဗေဒဆိုင်ရာ
    ပုံသေနည်းက CH4 ပါ။
  • 1:22 - 1:23
    ဒီပုံသေနည်းက
  • 1:23 - 1:25
    မီသိန်း မော်လီကျူးတိုင်းဟာ
  • 1:25 - 1:28
    ကာဗွန်တစ်ခု၊ ဟိုက်ဒရိုဂျင် အက်တမ်လေးခုနဲ့
    ပြုလုပ်ကြောင်း ဖော်ပြပါတယ်။
  • 1:28 - 1:31
    ဒါပေမဲ့ ဘယ်ဟာက ဘယ်ဟာကို
    စည်းနှောင်ကြောင်း သို့မဟုတ် 3D
  • 1:31 - 1:35
    ဟင်းလင်းပြင်မှာ ယင်းအက်တမ်တွေကို
    စီစဉ်ထားပုံကို ဒါက ဖော်ပြမထားပါဘူး။
  • 1:35 - 1:36
    ၎င်းတို့ရဲ့အီလက်ထရွန် အနေအထားတွေအရ၊
  • 1:36 - 1:38
    ကာဗွန်က ဟိုက်ဒြိုဂျင်အက်တမ်
  • 1:38 - 1:40
    လေးလုံးထိ ဓာတ်စည်းနိုင်ပြီး
  • 1:40 - 1:42
    ဟိုက်ဒြိုဂျင်တစ်လုံးစီက
    တခြား တစ်လုံးနဲ့သာ
  • 1:42 - 1:43
    ဓာတ်စည်းနိုင်တာကို သိထားပါတယ်။
  • 1:43 - 1:44
    ဒီတော့ ကာဗွန်က ဟိုက်ဒြိုဂျင်
  • 1:44 - 1:46
    အားလုံးကို အလယ်ခေါင်
    နေရာမှ အုပ်စည်းတဲ့
  • 1:46 - 1:49
    အက်တမ် ဖြစ်သင့်ကြောင်းကို
    ကျုပ်တို့ ခန့်မှန်းနိုင်ပါတယ်။
  • 1:49 - 1:50
    အခု၊ ဓာတ်စည်းတစ်ခုစီဟာ
  • 1:50 - 1:52
    အီလက်ထရွန် ၂လုံး
    ဝေမျှခြင်းဖြစ်ပြီး
  • 1:52 - 1:55
    မျှဝေတဲ့ အီလက်ထရွန် တစ်စုံစီကို
    မျဉ်းကြောင်းလို ဆွဲသားပါတယ်။
  • 1:55 - 1:57
    ဒီတော့၊ အခု ကျုပ်တို့မှာ
    ဒီမော်လီကျူးရဲ့
  • 1:57 - 1:58
    ချပ်ပြားပုံစံ သရုပ်ပေါ်ပါပြီ။
  • 1:58 - 2:01
    ဒါပေမဲ့ သုံးဘက်တိုင်းမှာဆို
    ဘယ်လို ပုံပေါ်လိမ့်မလဲ။
  • 2:01 - 2:02
    ချိန်ဆပြောနိုင်တာက၊
  • 2:02 - 2:03
    ဒီအစည်း တစ်စည်းစီက
  • 2:03 - 2:06
    လျှပ်မဓာတ်နယ် ဖြစ်တာရယ်၊
    မျိုးတူ လျှပ်စစ်တွေဟာ
  • 2:06 - 2:07
    တစ်ခုကိုတစ်ခု တွန်းကန်တာရယ်ကြောင့်
  • 2:07 - 2:10
    အက်တမ်တွေကို ဦးစားပေးသင့်ဆုံး
    အနေအထားက
  • 2:10 - 2:12
    ဓာတ်စည်းတွေကြားမှာ အကွာအဝေး
    အများဆုံးဖြစ်ပါလိမ့်မယ်။
  • 2:12 - 2:14
    ပြီးတော့ စည်းတွေအားလုံးကို
  • 2:14 - 2:16
    စုစည်းလိုက်ရင် တစ်ခုနဲ့တစ်ခု
    ဝေးနိုင်သမျှ
  • 2:16 - 2:19
    ဝေးသွားကြပါမယ်၊
    ဒါ အသင့်တော်ဆုံး ပုံစံပါ။
  • 2:19 - 2:21
    ဒါကို လေးမျက်နှာထုပုံလို့ ခေါ်ပါတယ်။
  • 2:21 - 2:23
    အခု၊ ပါဝင်တဲ့ မျိုးကွဲအက်တမ်တွေ
    အပေါ်မူတည်ကာ
  • 2:23 - 2:25
    ကွဲပြားတဲ့ ပုံစံမြားစွာကို
    အမှန်ပင်ရရှိနိုင်ပါတယ်။
  • 2:25 - 2:28
    အမိုးနီးယား(NH3)က
    ပိရိမစ်လို ပုံသဏ္ဌာန်ဖြစ်ပြီး
  • 2:28 - 2:31
    ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)က
    မျဉ်းဖြောင့်တစ်ကြောင်းပုံဖြစ်၏။
  • 2:31 - 2:35
    ရေ(H2O)က သင့် တံတောင်ဆစ်ကွေးလို
    အကွေးဖြစ်ပြီး
  • 2:35 - 2:37
    ကလိုရင်း ထရိုင်ဖလိုရိုက်(CLF3)က
  • 2:37 - 2:39
    အက္ခရာ T လို ပုံသဏ္ဌာန်ဖြစ်၏။
    ဒီနေရာမှာ
  • 2:39 - 2:41
    ကျုပ်တို့လုပ်နေတာက 3Dပုံသဏ္ဌာန်
  • 2:41 - 2:44
    တည်ဆောက်ဖို့ အက်တမ်တွေနဲ့
    အီလက်ထရွန်တွေကို ကျုပ်တို့ရဲ့
  • 2:44 - 2:46
    ပုံစံမှာ ချဲ့ထွင်နေခြင်းဖြစ်ကြောင်း
    သတိရပေးပါဦး။
  • 2:46 - 2:47
    ဒီမော်လီကျူးတွေဟာ
  • 2:47 - 2:48
    ခန့်မှန်းတဲ့ပုံသဏ္ဌာန်
  • 2:48 - 2:50
    ဟုတ်၊မဟုတ် ဖော်ထုတ်ဖို့
    စမ်းသပ်ချက်လုပ်ဖို့လိုတယ်
  • 2:50 - 2:51
    စဖို့အချက်ပြပါပြီ။
  • 2:51 - 2:54
    အများစုက ဟုတ်ပေမဲ့
    တချိုတလေကြတော့ မဟုတ်ပါဘူး။
  • 2:54 - 2:55
    အခုနေ အက်တမ် အရေအတွက်ကို
  • 2:55 - 2:57
    တိုးရင် ပုံသဏ္ဌာန်တွေ ပိုရှုပ်ကုန်မှာပါ။
  • 2:57 - 2:59
    ကျုပ်တို့ ဖော်ပြခဲ့တဲ့
    ဥပမာအားလုံးက
  • 2:59 - 3:01
    ဗဟိုမှာ အက်တမ်တစ်လုံးရှိတဲ့
    မော်လီကျူးတွေ အကြောင်းပါ။
  • 3:01 - 3:02
    ဒါပေမဲ့ မော်လီကျူးအများစုက
  • 3:02 - 3:04
    အတော် သေးငယ်တဲ့ ဆေးဝါးတွေမှ
  • 3:04 - 3:05
    မျိုးဗီဇ သို့မဟုတ် အသားဓာတ်လို
  • 3:05 - 3:08
    ရှည်လျားတဲ့ ပိုလီမာတွေထိ
    ဆက်တိုက်ဖြစ်လာတာ မဟုတ်ပါ။
  • 3:08 - 3:09
    မှတ်မိဖို့ အဓိကအချက်ဟာ
  • 3:09 - 3:11
    ဓာတ်စည်းတဲ့ အက်တမ်တွေက
    မျိုးကွဲဓာတ်တွေကြား
  • 3:11 - 3:14
    ဆွဲငင်မှု အမြင့်ဆုံးနဲ့
    မျိုးတူ ဓာတ်တွေကြား
  • 3:14 - 3:17
    တွန်းကန်မှု အနိမ့်ဆုံးဖြစ်ဖို့
    ၎င်းတို့ကိုယ်တိုင်သာ စီစဉ်တာကိုပါ။
  • 3:17 - 3:19
    မော်လီကျူးတချို့မှာ နှစ်ခုမက
    တည်မြဲတဲ့ အက်တမ်
  • 3:19 - 3:21
    စီစဉ်မှုတွေရှိပြီး၊ ၎င်းရဲ့
  • 3:21 - 3:22
    အက်တမ်အရေအတွက်နဲ့ အမျိုးအစားဆိုတဲ့
  • 3:22 - 3:25
    ဒီမော်လီကျူးတွေရဲ့ အချိုးကျပါဝင်မှုကို
  • 3:25 - 3:27
    လုံး၀ မပြောင်းတောင်၊ ထိုအနေအထားတွေကြား
  • 3:27 - 3:30
    တစ်ခုမှ တစ်ခု ကူးပြောင်းလျက်
    တကယ်ပဲ ဆန်းကြယ်တဲ့
  • 3:30 - 3:32
    ဓာတုအာနိသင်ကို အမှန်ပင် ရရှိနိုင်ပါသည်။
Title:
မော်လီကျူးတစ်လုံး၏ ပုံသဏ္ဌာန်ဆိုတာ ဘာလဲ - George Zaidan and Charles Morton
Description:

သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/what-is-the-shape-of-a-molecule-george-zaidan-and-charles-morton

မော်လီကျူးတစ်လုံးဆိုတာ ၎င်းမှာပါဝင်တဲ့ အက်တမ်တွေရဲ့ သိပ်သည်းလွန်းတဲ့ နျူးကလိယတွေနဲ့ ၎င်းတို့ကို အတူတကွ ဓာတ်စည်းနှောင်ပေးသော တိမ်စိုင်သဖွယ် အီလက်ထရွန်တို့မှတပါး လုံး၀နီးပါ ဗလာကျင်းတဲ့ ဟင်းလင်းပြင်ဖြစ်ပါတယ်။ ထိုမော်လီကျူးတစ်လုံးကို ဖွဲစည်းတဲ့အခါ ဆန့်ကျင်ဘက် လျှပ်စစ်ဓာတ်၏ ဆွဲအား အမြင့်ဆုံးဖြစ်ဖို့နဲ့ မျိုးတူ တွန်းကန်အားကို အနည်းဆုံးဖြစ်ဖို့ ၎င်းတို့ဘာသာ၎င်းတို့ စီစဉ်ဆောင်ရွက်ပါတယ်။ George Zaidan and Charles Morton က ကျုပ်တို့ မော်လီကျူးရဲ့ပုံရိပ်ကို ပုံဖော်ပါတယ်။

သင်ခန်းစာတင်ဆက်သူ- George Zaidan and Charles Morton၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်- Bevan Lynch.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:48

Burmese subtitles

Revisions