Return to Video

ခင်ဗျားတို့ မှားပြီး လုပ်မိနိုင်တဲ့ တခုတည်းသော အရာမှာ ဘာမှ မလုပ်ဘဲနေခြင်းပါပဲ- Geo

  • 0:21 - 0:25
    လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကျွန်တော်ဟာ
    လက်တင်ဘာသာကို သင်ယူခဲ့လို့
  • 0:25 - 0:30
    ကျွန်တော့ဆီမှာ ကင်ဆာရောဂါ
    ရှာတွေ့ထားတာကို သိလာခဲ့တယ်။
  • 0:30 - 0:32
    ကျွန်တော့ကို ခုနလေးတင် စစ်ဆေးပြီးသွားတဲ့
    ဆရာဝန် ပြောနေတာကို
  • 0:32 - 0:37
    နားလည်ဖို့ ကျွန်တော် လက်တင်ဘာသာကို
    သင်ယူဖို့ လိုတယ်လို့ ခံစားမိခဲ့လို့ပါ။
  • 0:37 - 0:39
    သူက၊ "ခင်ဗျားဆီမှာ testis ကင်ဆာ ရှိတယ်"တဲ့။
  • 0:39 - 0:42
    ကျွန်တော်က၊ "ကျွန်တော်က test လုပ်ရမှာက
    ဘာအတွက်လဲ?" (ရယ်မောသံများ)
  • 0:42 - 0:45
    "မဟုတ်၊ မဟုတ်ဘူး၊ ခင်ဗျားဆီမှာ
    testis ကင်ဆာ ရှိတယ်။"
  • 0:45 - 0:50
    လက်တင်လို testis က ဝှေးစေ့ကို ဆိုလိုတာပါ။
  • 0:50 - 0:54
    ကျွန်တော် ကိုယ်တိုင် လက်တင်လူမျိုးနဲ့
    သိပ်တူလို့များလား မသိ။
  • 0:54 - 0:57
    (ရယ်မောသံများ)
  • 0:57 - 1:02
    ကျွန်တော့ ပြဿနာကို ဆရာဝန်က လက်တင်နဲ့
    ပြောပြဖို့ ဆုံးဖြတ်ခဲ့တာကိုး။
  • 1:02 - 1:06
    တကယ်တော့၊ နောက်ဆုံး ၁၆ နှစ်အတွင်းမှာ
    လူရွှင်တော် ဖြစ်ခဲ့တဲ့ ကျွန်တော့အတွက်၊
  • 1:06 - 1:11
    ဆရာဝန်က ကျွန်တော် သေနိုင်တာကို သေနေတဲ့
    ဘာသာစကားနဲ့ ပြောတာ ရယ်စရာကောင်းနေခဲ့တယ်။
  • 1:11 - 1:14
    (ရယ်မောသံများ)
  • 1:14 - 1:19
    (လက်ခုပ်သံများ)
  • 1:19 - 1:25
    ခဏတဖြုတ် လက်တင်လို ပြောဆိုလိုက်ရခြင်းဟာ
    အဲဒီနောက်ပိုင်း တနှစ်ခွဲ ကာလအတွက်
  • 1:25 - 1:28
    အတော်ကလေး အရေးပါတဲ့ နမိတ်လက္ခဏာ
    ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်မိပါတယ်။
  • 1:28 - 1:32
    လူတွေအနေနဲ့ စိုးရိမ်စရာ ရောဂါရှိတဲ့လူတွေနဲ့
    စကားပြောရတာဟာ၊
  • 1:32 - 1:36
    ကျွန်တော့အတွက် ခင်ဗျားတို့အတွက်သာမက၊
    ဆရာဝန်တွေ အတွက်ပါ၊
  • 1:36 - 1:41
    သိပ်ကို မလွယ်လှတာကို ကျွန်တော်
    တွေ့ရှိနားလည်လာခဲ့ရလို့ပါ။
  • 1:41 - 1:45
    ကင်ဆာဟာ ကျွန်တော့ အဆုပ်ဆီကို ကူးစက်ပျံ့နှံ
    လာတာနဲ့ ကျွန်တော့အတွက် ရှင်းလာတာက
  • 1:45 - 1:48
    ကျွန်တော့ ဇနီးရော မိခင်ကပါ ကျွန်တော့နဲ့
  • 1:48 - 1:50
    စကားပြောပုံဆိုပုံဟာ တမျိုးကြီး ဖြစ်လာခဲ့တယ်။
  • 1:50 - 1:53
    ကျွန်တော့ ဇနီးဆိုရင် နှုတ်ငုံနေတာ များပြီး
  • 1:53 - 1:57
    ကျွန်တော် ဘယ်လို ခံစားနေရကြောင်း
    မေးခွန်း သိပ်မေးမနေတော့ပါ၊
  • 1:57 - 1:59
    ကြည့်ရတာ သူဟာ ကျွန်တော့ အပေါ် စိတ်ဖိစီးမှု
    များလာမှာကို ကြောက်နေခဲ့တယ်၊
  • 1:59 - 2:05
    ကျွန်တော့ မခင်ကျတော့၊ သိပ်ကို စိတ်ပူမိနေတဲ့
    မိခင်မျိုး ဖြစ်နေခဲ့တယ်၊
  • 2:05 - 2:07
    ဘ ယ်သူကကိုယ့်ကလေး ဖျားနာမှာကို
    ဘယ်မြင်ချင်ပါ့မလဲ။
  • 2:07 - 2:12
    အဲဒါကြောင့်မို့လို့ သူဟာ ကျွန်တော့ဆီ
    ဖုန်းဆက်ရမှာကို စိတ်ထဲ မသက်သာခဲ့ပါဘူး၊
  • 2:12 - 2:14
    အဲဒါနဲ့ —
  • 2:28 - 2:33
    ကျွန်တော် ဖုန်းဆက်နိုင်လောက်အောင် အားအင်
    ရှိချိန်မှာ သူ့ကို ဆက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
  • 2:34 - 2:36
    တကယ်တော့ ကျွန်တော်တို့ တခုခု
    ဖြစ်လာခဲ့ရင်
  • 2:36 - 2:37
    အဲဒါကို အလုံးစုံ သိရှိစေကာ တာဝန်ယူနိုင်မယ့်
    သူတွေက
  • 2:37 - 2:40
    ကိုယ့်ဇနီး နဲ့ မိခင်ဘဲ ဖြစ်ကြတာ အမှန်ပါပဲ။
  • 2:40 - 2:42
    ကိုယ့်မိခင်ဆီက မေးခွန်း တစ်ထောင်ကို
    နေ့စဉ် ကြားချင်ပါတယ်၊
  • 2:42 - 2:46
    မိခင်ဆီက ဖုန်းခေါ်မှု လွတ်သွားတာ တစ်ထောင်
    ရှိစေလိုကြတာ အမှန်ပါပဲ။
  • 2:46 - 2:49
    ပြီးတော့း ကျွန်တော့ သူငယ်ချင်း အများအပြား
    တို့ထံမှ ကြားခဲ့ရသေးတာက၊
  • 2:49 - 2:51
    "ဟုတ်တယ်ဗျာ၊ ခင်ဗျားတို့ မဆက်ချင်ခဲ့ကြဘူး၊
  • 2:51 - 2:53
    ဒို့ကပဲ ငိုမိမှာလား၊ ခင်ဗျားကပဲ ငိုမိမှာလား
    စိုးနေခဲ့ကြတာ၊
  • 2:53 - 2:59
    ကျွန်တော်တို့ ပြောကြမယ့် စကားလုံးတွေ
    သင့်တော်မလား ကျွန်တော်တို့ မသေချာခဲ့ကြဘူး။"
  • 2:59 - 3:03
    ဒီနေရာမှာ ကျွန်တော် ပေးချင်တဲ့ အကြံပေးက၊
    တယောက် အပြင်းအထန် နေမကောင်းတာ သိကြရင်၊
  • 3:03 - 3:08
    ခင်ဗျားတို့ ပြောလိုက်တာ လုပ်လိုက်တာ မှားတာ
    ဘာမှ မရှိနိုင်ပါ၊
  • 3:08 - 3:11
    မှားတာဆိုလို့ လုပ်မိနိုင်တဲ့ တခုတည်းသောအရာက
    ဘာမှ မလုပ်ဘဲနေတာသာ ဖြစ်နိုင်ပါတယ်။
  • 3:11 - 3:15
    တကယ်တော့၊ "ခင်ဗျားကို သတိရနေပါတယ်"
    ဆိုရင်ကို လုံလောက်မှာပါ၊
  • 3:16 - 3:19
    ရှည်ရှည်ဝေးဝေး ပြောနေဖို့ မလိုပါဘူး။
  • 3:19 - 3:22
    ပြီးတော့ ကျွန်တော့ မိခင်ဆိုရင်၊ မိုဘိုင်း
    ဖုန်းမရှိ၊ ကွန်ပျူတာလည်း မရှိပါဘူး၊
  • 3:22 - 3:27
    သူဟာ စာတို ဒါမှမဟုတ်
    အီးမေးလ် မပို့နိုင်ခဲ့ပါ၊
  • 3:27 - 3:30
    ဒါပေမဲ့ ကျွန်တော်တို့ အားလုံးဆီမှာ ကျတော့၊
    ကျွန်တော့ မိခင်ကလွဲလို့၊
  • 3:30 - 3:34
    (ရယ်မောသံများ)
    အဲဒီ ကိရိယာလေး ရှိနေတယ်လေ၊
  • 3:34 - 3:36
    ဒီတော့ ခင်ဗျားတို့က တစ်ယောက်ယောက်
    နေမကောင်းတာကို သိတယ်ဆိုရင်၊
  • 3:36 - 3:40
    တစ်ပတ်ကို ၂၄ နာရီလုံး
    နေ့စဉ် ဆက်သွယ်နိုင်ပါတယ်။
  • 3:40 - 3:43
    သူတို့ဆီကို စာတို၊ အီးမေးလ်၊
    facebook၊ twitter ရေးပို့ကြပါ၊
  • 3:43 - 3:47
    ခင်ဗျားတို့က သူ့အကြောင်းကို၊ သူချစ်တဲ့
    သူတွေအကြောင်း သတိရမိတကို ပြောပြကြပါ။
  • 3:48 - 3:52
    ကျွန်တော်ဆိုရင် အခုထက်ထိ မှတ်မိတာက -
  • 3:53 - 3:57
    ကျွန်တော်ဟာ မိတ်ဆွေတွေ မိသားစုဝင်တွေထံမှ
    စာတို ရာချီ ရရှိခဲ့တာ နေ့စဉ်တော့ မဟုတ်ခဲ့ပါ၊
  • 3:57 - 4:00
    ပြီးတော့ နေ့စဉ် ဖတ်နိုင်လောက်အောင်
    အားအင်လည်း ကျွန်တော့ဆီမှာ မရှိခဲ့ပါ၊
  • 4:00 - 4:04
    ဒါပေမဲ့၊ အခြေအနေ ကောင်းတဲ့ နေ့တွေမှာဆိုရင်
    ကျွန်တော်ဟာ ကျွန်တော့ဖုန်းကို ဖွင်လျက်
  • 4:04 - 4:07
    ဝင်လာတဲ့ အသံစာတွေ စာတိုတွေကို နားထောင်ရင်း
    ဖတ်ကြည့်ရင်း နေခဲ့တာကို မှတ်မိနေတုန်းပါ၊
  • 4:07 - 4:10
    အဲဒါဟာ တကယ့်ကိုပဲ ကျွန်တော့ကို ဆက်ပြီး
    အသက်ရှင် နေထိုင်နိုင်အောင် ကူခဲ့ကြတာပါ။
  • 4:12 - 4:15
    ကျွန်တော့်ကို ရယ်မောစေခဲ့တဲ့
    ဟာတွေကို အထူးကို ထောက်ပြချင်ပါတယ်။
  • 4:17 - 4:22
    အဲဒီလို ရယ်မောနေမိတဲ့ တခဏမှာ
    ကျွန်တော်ဟာ ရောဂါရှိနေတာကို မေ့မိပါတယ်။
  • 4:22 - 4:25
    အဲဒါနဲ့ ပတ်သက်ပြီး ဥပမာ ပြပေးနိုင်တယ်၊
    ကျွန်တော့ဆီမှာ အရင်တုန်းက
    ဆံပင် ရှိခဲ့တယ်၊
  • 4:25 - 4:27
    ဒါပေမဲ့ ဓာတုကုသနည်းကို လုပ်ပြီးတဲ့နောက်
    ကျွန်တော့ ဆံပင်တွေ အားလုံးကျွတ်သွားတယ်၊
  • 4:27 - 4:31
    ကျွန်တော်ဟာ ဆံပင်ရှည်ကို ထားခဲ့တာ အနှစ်
    ၂၀ ရှိခဲ့ရာ၊ အမှတ်တံဆိပ်လို ဖြစ်ခဲ့တာ၊
  • 4:32 - 4:37
    အဲဒါနဲ့ ကျွန်တော်ဟာ လုပ်ဖေါ်ကိုင်ဖက်
    လူရွှင်တော် တယောက်ဆီကနေပြီး စာတိုရခဲ့ရာ
  • 4:37 - 4:39
    သူဟာ ဆံပင်တုကို တပ်ထားပြီး
    ရိုက်ထားတဲ့ ပုံကို ပို့ပေးခဲ့တယ်။
  • 4:39 - 4:40
    (ရယ်မောသံများ)
  • 4:40 - 4:43
    အဲဒီမှာ၊ "စိတ်မပူနဲ့ သူငယ်ချင်း၊
    ငါမင်းနဲ့အတူတူ ရှိနေမှာပါ" ရေးထားတယ်။
  • 4:43 - 4:45
    (ရယ်မောသံများ)
  • 4:45 - 4:48
    "ကျွန်တော့ငွေတွေကို ထိန်းပေးဖို့ အတွက်လေ။"
    (ရယ်မောသံများ)
  • 4:48 - 4:52
    ကျွန်တော်ဟာ အဲဒီတုန်းက အသံလွှင့်ဌာန တခုမှာ
    အလုပ်နေခဲ့ရာ၊ အကြီးအကဲဟာ
  • 4:52 - 4:54
    ဥပုံစံ ချော့ကလက် ၇ လုံး ယူလာခဲ့တယ်။
  • 4:54 - 4:58
    ကျွန်တော်က ဝှေးစေ့ကို ထုတ်ပစ်ခံလိုက်ရတော့ —
    (ရယ်မောသံများ)
  • 4:58 - 5:01
    အစားထိုးဖို့ လိုမယ်လို့ သူထင်ခဲ့တယ်၊
    (ရယ်မောသံများ)
  • 5:01 - 5:04
    သူဟာ ကျွန်တော့ အရွယ်အစား မသိတော့
    အကြီးအသေး မျိုးစုံ ယူလာခဲ့တာ။
  • 5:04 - 5:06
    (ရယ်မောသံများ)
  • 5:08 - 5:11
    ကျွန်တော့ဆီမှာ ကင်ဆာ မရှိတော့ဘူးလို့
    ကြေညာလိုက်တော့
  • 5:11 - 5:14
    လွန်ခဲ့တဲ့ ၁ နှစ် နဲ့ ၈ ရက်တုန်းက၊
  • 5:14 - 5:15
    ကျွန်တော် ပို့စ်တင်လိုက်တယ်...
    (လက်ခုပ်သံများ)
  • 5:15 - 5:20
    ကျေးဇူးတင်ပါတယ်။
    (လက်ခုပ်သံများ)
  • 5:20 - 5:24
    (လက်ခုပ်သံများ)
  • 5:24 - 5:28
    ကျွန်တော်ဟာ အဲဒါကို Facebook မှာ
    စိတ်လိုက်မာန်ပါ ရေးတင်လိုက်တယ်၊
  • 5:28 - 5:32
    "ကျွန်တော် ကင်ဆာကို နိုင်လိုက်ပြီ၊
    ကောင်းလိုက်တာ၊"
  • 5:32 - 5:36
    ကျွန်တော်ဟာ like တွေကို ၄၀၀၀ ရလိုက်တယ်၊
    လူ 4000 တို့က ရေးလိုက်တာကို ကြိုက်ခဲ့ကြတယ်!
  • 5:36 - 5:40
    ကျွန်တော်ဟာ အဲဒါကို သူနာပြုဆရာမကို
    "ဒီမှာ လူ ၄၀၀၀ ကျွန်တော်ရေးတာ ကြိုက်ကြတယ်"
  • 5:40 - 5:44
    သူက တချစ်ကြည့်လိုက်ပြီး "ရှင့်ဆီမှာ
    ရှင့်ကို အားပေးကြသူ ၅၀၀၀၀ တောင် ရှိတာပဲ!"
  • 5:44 - 5:48
    (ရယ်မောသံများ)
  • 5:48 - 5:52
    ဒီလိုဆိုတော့၊ ကျန်တဲ့ ၄၆၀၀၀ တို့က
    ဆဲနေကြတာများလား? (ရယ်မောသံများ)
  • 5:54 - 5:57
    ပြီးတော့ ကျွန်တော်ဟာ ကျွန်တော့ မိတ်ဆွေတွေ
    မိသားစုဝင်တွေဆီကို
  • 5:57 - 5:59
    အတိအကျ ပြောရရင် လူ ၁၅၀ ဆီကို၊
  • 5:59 - 6:02
    "ကျွန်တော် ပြန်လာပြီ၊ အသက်ရှင်လျက်ပါ၊
    ကျွန်တော် ကင်ဆာကို နိုင်လိုက်ပြီ"
  • 6:02 - 6:04
    ၁၄၉ ယောက်တို့က ပြန်ရေးခဲ့ကြတယ်၊
  • 6:04 - 6:08
    "အံ့အားသင့်စရာကြီးပဲ၊ မင်းကို ဒို့ချစ်တယ်၊
    အားလုံး မင်းကို ချစ်ကြတယ်။"
  • 6:08 - 6:12
    ကျွန်တော့ သူငယ်ချင်း Uve က လွဲလို့၊
    တက္ကသိုလ်က သူငယ်ချင်း၊
  • 6:13 - 6:16
    သူက၊"သူငယ်ချင်း Geo ရေ၊ ဒီသတင်းဟာ
    သိပ်ကောင်းတယ်။
  • 6:18 - 6:22
    ငါကိုယ်တိုင် မကြာခင်တုန်းက နေမကောင်းခဲ့ဘူး၊
    ဖျားသလိုလို ရှိနေခဲ့တာ။
  • 6:23 - 6:27
    (ရယ်မောသံများ)
  • 6:27 - 6:29
    ငါလည်း ခေါင်းထဲမှာ နောက်ကျိနေခဲ့တာ
    အခုတော့ အားလုံးကောင်းသွားပြီ!
  • 6:29 - 6:31
    (ရယ်မောသံများ)
  • 6:31 - 6:33
    ခုလေးတင် Mexico သွားဖို့ လက်မှတ်
    ဝယ်လိုက်တယ်၊ သိပ်ကို ဟန်ကျမှာပါ"တဲ့။
  • 6:33 - 6:36
    ကျွန်တော်ဟာ အဲဒီ Uve ဆီ ပြန်ရေးခဲ့ရတယ်၊
  • 6:36 - 6:37
    "ဟေ့လူ၊ ကျွန်တော်က ကင်ဆာကို
    တိုက်ပွဲဝင်နေခဲ့တာ၊
  • 6:37 - 6:40
    လွန်ခဲ့တဲ့ တစ်နှစ်ခွဲလုံး တိုက်ပွဲဝင်နေခဲ့တာ၊
  • 6:40 - 6:45
    ငါဟာ နိုင်လိုက်ပြီ၊ စိတ်ပိုင်းအရ ငွေရေးကြေးရေး
    အရ ပျက်ပြုန်းနေသူ ဖြစ်နိုင်တယ်၊
  • 6:45 - 6:47
    ငါအသက်ရှင် ကျန်ရစ်တာကို
    ဘသူမှ ဂရုမစိုက်ပါကလား!"
  • 6:47 - 6:50
    "ခေါင်းထဲ မူးနောက်နောက် ရှိနေခဲ့တယ်တဲ့"
    (ရယ်မောသံများ)
  • 6:50 - 6:52
    ဒီတော့ ကျွန်တော် အခု ပြပေးလိုက်တဲ့
    ဥပမာ လေးခုစလုံးဟာ
  • 6:52 - 6:54
    တခုနဲ့တခု လုံးဝမတူ ကွဲပြားကြတာ မှန်ပေမဲ့၊
  • 6:54 - 6:56
    ၎င်းတို့ အားလုံးဟာ အကောင်းကိုသာ
    ဆိုလိုခဲ့ကြတာ ရှင်းနေပါတယ်၊
  • 6:56 - 6:59
    Uve ကလည်း ကောင်းတာကို ဆိုလိုခဲ့တာပါ၊
    ရေးပုံရေးနည်း တမျိုးဖြစ်ခဲ့တာတောင်။
    (ရယ်မောသံများ)
  • 6:59 - 7:03
    ကျွန်တော့ကို ဝမ်းသာစေခဲ့တာပါ။
  • 7:03 - 7:06
    ပြီးတော့ ရယ်လည်း ရယ်ခဲ့ရသေးတယ်။
    (ရယ်မောသံများ)
  • 7:08 - 7:11
    ကျွန်တော် ပြောချင်တာက Uve ကလည်း
    တခုခု လုပ်ခဲ့တယ်။
  • 7:11 - 7:15
    ကြည့်ကြပါ၊ ကျွန်တော်ဟာ
    ကျွန်တော့ဖုန်းကို ထုတ်ယူလိုက်တယ်၊
  • 7:15 - 7:17
    ခင်ဗျားတို့ကလည်း ခင်ဗျားတို့ ဖုန်းတွေကို
    ထုတ်ယူထားကြပြီ၊
  • 7:17 - 7:20
    ကျွန်တော်ဟာ အခုစက္ကန့်ပိုင်း အတွင်းမှာ
    ဟောပြောခန်း ပြီးတော့မယ် -
  • 7:20 - 7:23
    ကျွန်တော် ပြီးသွားချိန်မှာ၊
    ခင်ဗျားတို့ကို လုပ်စေချင်တာက
  • 7:23 - 7:26
    ခင်ဗျားတို့ဆီက တခုခုကို ကြားချင်နေတဲ့သူဆီ
    စာတိုပို့ကြပါ၊ ဖုန်းဆက်ကြပါ။
  • 7:29 - 7:32
    မှတ်မိဖို့လိုတာက၊ ခင်ဗျားတို့ ပြောလိုက်တာ
    လုပ်လိုက်တာထဲမှာ အမှားမရှိနိုင်ပါ၊
  • 7:32 - 7:35
    မှားနိုင်တဲ့ တခုတည်းသော အရာဆိုလို့
    ဘာမှ မလုပ်ဘဲနေခြင်းသာ ဖြစ်နိုင်ပါတယ်။
  • 7:35 - 7:36
    အထူးကျေးဇူးတင်ပါတယ်။
  • 7:36 - 7:40
    (လက်ခုပ်သံများ)
  • 7:40 - 7:43
    (ချီးကျူးသံများ)
Title:
ခင်ဗျားတို့ မှားပြီး လုပ်မိနိုင်တဲ့ တခုတည်းသော အရာမှာ ဘာမှ မလုပ်ဘဲနေခြင်းပါပဲ- Geo
Description:

ရောဂါ အပြင်းအထန် ရထားတဲ့ လူတွေနေဲ့ စကားပြောရတာ ဘာဖြစ်လို့ သိပ်ခဲယဉ်းတာလဲ? လူရွှင်တော Geo ဆီမှာ ကင်ဆာ ရောဂါရှိကြောင်း ရှာတွေ့လိုက်တဲ့ အခါမှာ၊ လူတယောက်ယောက်ဆီမှာ သေနိုင်လောက်တဲ့ ရောဂါ ရှိနေရင် လူတွေ သူနဲ့ ဆက်ဆံစကားပြောကြတာ လုံးဝတမျိုး ဖြစ်လာတာကို ခံစားတွေ့ရှိလာပါတယ်။ အဲဒါကို ပတ်ဝန်းကျင်ဟာ ဘယ်လို တုံ့ပြန်ရမလဲ? သူတို့ဟာ ရောဂါရှိတဲ့ မိတ်ဆွေ၊ ယောက်ျား ဒါမှမဟတ် သားဖြစ်သူကို ဘယ်လို ဆက်ဆံကြရမလဲ? Geo ရဲ့ ဟောပြောချက်ထဲမှာ သူရဲ့ ကိုယ်တွေ့မှနေပြီး အဲဒီအကြောင်းကို ရှင်းလင်း ပြောပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
07:57

Burmese subtitles

Revisions