ခင်ဗျားတို့ မှားပြီး လုပ်မိနိုင်တဲ့ တခုတည်းသော အရာမှာ ဘာမှ မလုပ်ဘဲနေခြင်းပါပဲ- Geo
-
0:21 - 0:25လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကျွန်တော်ဟာ
လက်တင်ဘာသာကို သင်ယူခဲ့လို့ -
0:25 - 0:30ကျွန်တော့ဆီမှာ ကင်ဆာရောဂါ
ရှာတွေ့ထားတာကို သိလာခဲ့တယ်။ -
0:30 - 0:32ကျွန်တော့ကို ခုနလေးတင် စစ်ဆေးပြီးသွားတဲ့
ဆရာဝန် ပြောနေတာကို -
0:32 - 0:37နားလည်ဖို့ ကျွန်တော် လက်တင်ဘာသာကို
သင်ယူဖို့ လိုတယ်လို့ ခံစားမိခဲ့လို့ပါ။ -
0:37 - 0:39သူက၊ "ခင်ဗျားဆီမှာ testis ကင်ဆာ ရှိတယ်"တဲ့။
-
0:39 - 0:42ကျွန်တော်က၊ "ကျွန်တော်က test လုပ်ရမှာက
ဘာအတွက်လဲ?" (ရယ်မောသံများ) -
0:42 - 0:45"မဟုတ်၊ မဟုတ်ဘူး၊ ခင်ဗျားဆီမှာ
testis ကင်ဆာ ရှိတယ်။" -
0:45 - 0:50လက်တင်လို testis က ဝှေးစေ့ကို ဆိုလိုတာပါ။
-
0:50 - 0:54ကျွန်တော် ကိုယ်တိုင် လက်တင်လူမျိုးနဲ့
သိပ်တူလို့များလား မသိ။ -
0:54 - 0:57(ရယ်မောသံများ)
-
0:57 - 1:02ကျွန်တော့ ပြဿနာကို ဆရာဝန်က လက်တင်နဲ့
ပြောပြဖို့ ဆုံးဖြတ်ခဲ့တာကိုး။ -
1:02 - 1:06တကယ်တော့၊ နောက်ဆုံး ၁၆ နှစ်အတွင်းမှာ
လူရွှင်တော် ဖြစ်ခဲ့တဲ့ ကျွန်တော့အတွက်၊ -
1:06 - 1:11ဆရာဝန်က ကျွန်တော် သေနိုင်တာကို သေနေတဲ့
ဘာသာစကားနဲ့ ပြောတာ ရယ်စရာကောင်းနေခဲ့တယ်။ -
1:11 - 1:14(ရယ်မောသံများ)
-
1:14 - 1:19(လက်ခုပ်သံများ)
-
1:19 - 1:25ခဏတဖြုတ် လက်တင်လို ပြောဆိုလိုက်ရခြင်းဟာ
အဲဒီနောက်ပိုင်း တနှစ်ခွဲ ကာလအတွက် -
1:25 - 1:28အတော်ကလေး အရေးပါတဲ့ နမိတ်လက္ခဏာ
ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်မိပါတယ်။ -
1:28 - 1:32လူတွေအနေနဲ့ စိုးရိမ်စရာ ရောဂါရှိတဲ့လူတွေနဲ့
စကားပြောရတာဟာ၊ -
1:32 - 1:36ကျွန်တော့အတွက် ခင်ဗျားတို့အတွက်သာမက၊
ဆရာဝန်တွေ အတွက်ပါ၊ -
1:36 - 1:41သိပ်ကို မလွယ်လှတာကို ကျွန်တော်
တွေ့ရှိနားလည်လာခဲ့ရလို့ပါ။ -
1:41 - 1:45ကင်ဆာဟာ ကျွန်တော့ အဆုပ်ဆီကို ကူးစက်ပျံ့နှံ
လာတာနဲ့ ကျွန်တော့အတွက် ရှင်းလာတာက -
1:45 - 1:48ကျွန်တော့ ဇနီးရော မိခင်ကပါ ကျွန်တော့နဲ့
-
1:48 - 1:50စကားပြောပုံဆိုပုံဟာ တမျိုးကြီး ဖြစ်လာခဲ့တယ်။
-
1:50 - 1:53ကျွန်တော့ ဇနီးဆိုရင် နှုတ်ငုံနေတာ များပြီး
-
1:53 - 1:57ကျွန်တော် ဘယ်လို ခံစားနေရကြောင်း
မေးခွန်း သိပ်မေးမနေတော့ပါ၊ -
1:57 - 1:59ကြည့်ရတာ သူဟာ ကျွန်တော့ အပေါ် စိတ်ဖိစီးမှု
များလာမှာကို ကြောက်နေခဲ့တယ်၊ -
1:59 - 2:05ကျွန်တော့ မခင်ကျတော့၊ သိပ်ကို စိတ်ပူမိနေတဲ့
မိခင်မျိုး ဖြစ်နေခဲ့တယ်၊ -
2:05 - 2:07ဘ ယ်သူကကိုယ့်ကလေး ဖျားနာမှာကို
ဘယ်မြင်ချင်ပါ့မလဲ။ -
2:07 - 2:12အဲဒါကြောင့်မို့လို့ သူဟာ ကျွန်တော့ဆီ
ဖုန်းဆက်ရမှာကို စိတ်ထဲ မသက်သာခဲ့ပါဘူး၊ -
2:12 - 2:14အဲဒါနဲ့ —
-
2:28 - 2:33ကျွန်တော် ဖုန်းဆက်နိုင်လောက်အောင် အားအင်
ရှိချိန်မှာ သူ့ကို ဆက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ -
2:34 - 2:36တကယ်တော့ ကျွန်တော်တို့ တခုခု
ဖြစ်လာခဲ့ရင် -
2:36 - 2:37အဲဒါကို အလုံးစုံ သိရှိစေကာ တာဝန်ယူနိုင်မယ့်
သူတွေက -
2:37 - 2:40ကိုယ့်ဇနီး နဲ့ မိခင်ဘဲ ဖြစ်ကြတာ အမှန်ပါပဲ။
-
2:40 - 2:42ကိုယ့်မိခင်ဆီက မေးခွန်း တစ်ထောင်ကို
နေ့စဉ် ကြားချင်ပါတယ်၊ -
2:42 - 2:46မိခင်ဆီက ဖုန်းခေါ်မှု လွတ်သွားတာ တစ်ထောင်
ရှိစေလိုကြတာ အမှန်ပါပဲ။ -
2:46 - 2:49ပြီးတော့း ကျွန်တော့ သူငယ်ချင်း အများအပြား
တို့ထံမှ ကြားခဲ့ရသေးတာက၊ -
2:49 - 2:51"ဟုတ်တယ်ဗျာ၊ ခင်ဗျားတို့ မဆက်ချင်ခဲ့ကြဘူး၊
-
2:51 - 2:53ဒို့ကပဲ ငိုမိမှာလား၊ ခင်ဗျားကပဲ ငိုမိမှာလား
စိုးနေခဲ့ကြတာ၊ -
2:53 - 2:59ကျွန်တော်တို့ ပြောကြမယ့် စကားလုံးတွေ
သင့်တော်မလား ကျွန်တော်တို့ မသေချာခဲ့ကြဘူး။" -
2:59 - 3:03ဒီနေရာမှာ ကျွန်တော် ပေးချင်တဲ့ အကြံပေးက၊
တယောက် အပြင်းအထန် နေမကောင်းတာ သိကြရင်၊ -
3:03 - 3:08ခင်ဗျားတို့ ပြောလိုက်တာ လုပ်လိုက်တာ မှားတာ
ဘာမှ မရှိနိုင်ပါ၊ -
3:08 - 3:11မှားတာဆိုလို့ လုပ်မိနိုင်တဲ့ တခုတည်းသောအရာက
ဘာမှ မလုပ်ဘဲနေတာသာ ဖြစ်နိုင်ပါတယ်။ -
3:11 - 3:15တကယ်တော့၊ "ခင်ဗျားကို သတိရနေပါတယ်"
ဆိုရင်ကို လုံလောက်မှာပါ၊ -
3:16 - 3:19ရှည်ရှည်ဝေးဝေး ပြောနေဖို့ မလိုပါဘူး။
-
3:19 - 3:22ပြီးတော့ ကျွန်တော့ မိခင်ဆိုရင်၊ မိုဘိုင်း
ဖုန်းမရှိ၊ ကွန်ပျူတာလည်း မရှိပါဘူး၊ -
3:22 - 3:27သူဟာ စာတို ဒါမှမဟုတ်
အီးမေးလ် မပို့နိုင်ခဲ့ပါ၊ -
3:27 - 3:30ဒါပေမဲ့ ကျွန်တော်တို့ အားလုံးဆီမှာ ကျတော့၊
ကျွန်တော့ မိခင်ကလွဲလို့၊ -
3:30 - 3:34(ရယ်မောသံများ)
အဲဒီ ကိရိယာလေး ရှိနေတယ်လေ၊ -
3:34 - 3:36ဒီတော့ ခင်ဗျားတို့က တစ်ယောက်ယောက်
နေမကောင်းတာကို သိတယ်ဆိုရင်၊ -
3:36 - 3:40တစ်ပတ်ကို ၂၄ နာရီလုံး
နေ့စဉ် ဆက်သွယ်နိုင်ပါတယ်။ -
3:40 - 3:43သူတို့ဆီကို စာတို၊ အီးမေးလ်၊
facebook၊ twitter ရေးပို့ကြပါ၊ -
3:43 - 3:47ခင်ဗျားတို့က သူ့အကြောင်းကို၊ သူချစ်တဲ့
သူတွေအကြောင်း သတိရမိတကို ပြောပြကြပါ။ -
3:48 - 3:52ကျွန်တော်ဆိုရင် အခုထက်ထိ မှတ်မိတာက -
-
3:53 - 3:57ကျွန်တော်ဟာ မိတ်ဆွေတွေ မိသားစုဝင်တွေထံမှ
စာတို ရာချီ ရရှိခဲ့တာ နေ့စဉ်တော့ မဟုတ်ခဲ့ပါ၊ -
3:57 - 4:00ပြီးတော့ နေ့စဉ် ဖတ်နိုင်လောက်အောင်
အားအင်လည်း ကျွန်တော့ဆီမှာ မရှိခဲ့ပါ၊ -
4:00 - 4:04ဒါပေမဲ့၊ အခြေအနေ ကောင်းတဲ့ နေ့တွေမှာဆိုရင်
ကျွန်တော်ဟာ ကျွန်တော့ဖုန်းကို ဖွင်လျက် -
4:04 - 4:07ဝင်လာတဲ့ အသံစာတွေ စာတိုတွေကို နားထောင်ရင်း
ဖတ်ကြည့်ရင်း နေခဲ့တာကို မှတ်မိနေတုန်းပါ၊ -
4:07 - 4:10အဲဒါဟာ တကယ့်ကိုပဲ ကျွန်တော့ကို ဆက်ပြီး
အသက်ရှင် နေထိုင်နိုင်အောင် ကူခဲ့ကြတာပါ။ -
4:12 - 4:15ကျွန်တော့်ကို ရယ်မောစေခဲ့တဲ့
ဟာတွေကို အထူးကို ထောက်ပြချင်ပါတယ်။ -
4:17 - 4:22အဲဒီလို ရယ်မောနေမိတဲ့ တခဏမှာ
ကျွန်တော်ဟာ ရောဂါရှိနေတာကို မေ့မိပါတယ်။ -
4:22 - 4:25အဲဒါနဲ့ ပတ်သက်ပြီး ဥပမာ ပြပေးနိုင်တယ်၊
ကျွန်တော့ဆီမှာ အရင်တုန်းက
ဆံပင် ရှိခဲ့တယ်၊ -
4:25 - 4:27ဒါပေမဲ့ ဓာတုကုသနည်းကို လုပ်ပြီးတဲ့နောက်
ကျွန်တော့ ဆံပင်တွေ အားလုံးကျွတ်သွားတယ်၊ -
4:27 - 4:31ကျွန်တော်ဟာ ဆံပင်ရှည်ကို ထားခဲ့တာ အနှစ်
၂၀ ရှိခဲ့ရာ၊ အမှတ်တံဆိပ်လို ဖြစ်ခဲ့တာ၊ -
4:32 - 4:37အဲဒါနဲ့ ကျွန်တော်ဟာ လုပ်ဖေါ်ကိုင်ဖက်
လူရွှင်တော် တယောက်ဆီကနေပြီး စာတိုရခဲ့ရာ -
4:37 - 4:39သူဟာ ဆံပင်တုကို တပ်ထားပြီး
ရိုက်ထားတဲ့ ပုံကို ပို့ပေးခဲ့တယ်။ -
4:39 - 4:40(ရယ်မောသံများ)
-
4:40 - 4:43အဲဒီမှာ၊ "စိတ်မပူနဲ့ သူငယ်ချင်း၊
ငါမင်းနဲ့အတူတူ ရှိနေမှာပါ" ရေးထားတယ်။ -
4:43 - 4:45(ရယ်မောသံများ)
-
4:45 - 4:48"ကျွန်တော့ငွေတွေကို ထိန်းပေးဖို့ အတွက်လေ။"
(ရယ်မောသံများ) -
4:48 - 4:52ကျွန်တော်ဟာ အဲဒီတုန်းက အသံလွှင့်ဌာန တခုမှာ
အလုပ်နေခဲ့ရာ၊ အကြီးအကဲဟာ -
4:52 - 4:54ဥပုံစံ ချော့ကလက် ၇ လုံး ယူလာခဲ့တယ်။
-
4:54 - 4:58ကျွန်တော်က ဝှေးစေ့ကို ထုတ်ပစ်ခံလိုက်ရတော့ —
(ရယ်မောသံများ) -
4:58 - 5:01အစားထိုးဖို့ လိုမယ်လို့ သူထင်ခဲ့တယ်၊
(ရယ်မောသံများ) -
5:01 - 5:04သူဟာ ကျွန်တော့ အရွယ်အစား မသိတော့
အကြီးအသေး မျိုးစုံ ယူလာခဲ့တာ။ -
5:04 - 5:06(ရယ်မောသံများ)
-
5:08 - 5:11ကျွန်တော့ဆီမှာ ကင်ဆာ မရှိတော့ဘူးလို့
ကြေညာလိုက်တော့ -
5:11 - 5:14လွန်ခဲ့တဲ့ ၁ နှစ် နဲ့ ၈ ရက်တုန်းက၊
-
5:14 - 5:15ကျွန်တော် ပို့စ်တင်လိုက်တယ်...
(လက်ခုပ်သံများ) -
5:15 - 5:20ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ) -
5:20 - 5:24(လက်ခုပ်သံများ)
-
5:24 - 5:28ကျွန်တော်ဟာ အဲဒါကို Facebook မှာ
စိတ်လိုက်မာန်ပါ ရေးတင်လိုက်တယ်၊ -
5:28 - 5:32"ကျွန်တော် ကင်ဆာကို နိုင်လိုက်ပြီ၊
ကောင်းလိုက်တာ၊" -
5:32 - 5:36ကျွန်တော်ဟာ like တွေကို ၄၀၀၀ ရလိုက်တယ်၊
လူ 4000 တို့က ရေးလိုက်တာကို ကြိုက်ခဲ့ကြတယ်! -
5:36 - 5:40ကျွန်တော်ဟာ အဲဒါကို သူနာပြုဆရာမကို
"ဒီမှာ လူ ၄၀၀၀ ကျွန်တော်ရေးတာ ကြိုက်ကြတယ်" -
5:40 - 5:44သူက တချစ်ကြည့်လိုက်ပြီး "ရှင့်ဆီမှာ
ရှင့်ကို အားပေးကြသူ ၅၀၀၀၀ တောင် ရှိတာပဲ!" -
5:44 - 5:48(ရယ်မောသံများ)
-
5:48 - 5:52ဒီလိုဆိုတော့၊ ကျန်တဲ့ ၄၆၀၀၀ တို့က
ဆဲနေကြတာများလား? (ရယ်မောသံများ) -
5:54 - 5:57ပြီးတော့ ကျွန်တော်ဟာ ကျွန်တော့ မိတ်ဆွေတွေ
မိသားစုဝင်တွေဆီကို -
5:57 - 5:59အတိအကျ ပြောရရင် လူ ၁၅၀ ဆီကို၊
-
5:59 - 6:02"ကျွန်တော် ပြန်လာပြီ၊ အသက်ရှင်လျက်ပါ၊
ကျွန်တော် ကင်ဆာကို နိုင်လိုက်ပြီ" -
6:02 - 6:04၁၄၉ ယောက်တို့က ပြန်ရေးခဲ့ကြတယ်၊
-
6:04 - 6:08"အံ့အားသင့်စရာကြီးပဲ၊ မင်းကို ဒို့ချစ်တယ်၊
အားလုံး မင်းကို ချစ်ကြတယ်။" -
6:08 - 6:12ကျွန်တော့ သူငယ်ချင်း Uve က လွဲလို့၊
တက္ကသိုလ်က သူငယ်ချင်း၊ -
6:13 - 6:16သူက၊"သူငယ်ချင်း Geo ရေ၊ ဒီသတင်းဟာ
သိပ်ကောင်းတယ်။ -
6:18 - 6:22ငါကိုယ်တိုင် မကြာခင်တုန်းက နေမကောင်းခဲ့ဘူး၊
ဖျားသလိုလို ရှိနေခဲ့တာ။ -
6:23 - 6:27(ရယ်မောသံများ)
-
6:27 - 6:29ငါလည်း ခေါင်းထဲမှာ နောက်ကျိနေခဲ့တာ
အခုတော့ အားလုံးကောင်းသွားပြီ! -
6:29 - 6:31(ရယ်မောသံများ)
-
6:31 - 6:33ခုလေးတင် Mexico သွားဖို့ လက်မှတ်
ဝယ်လိုက်တယ်၊ သိပ်ကို ဟန်ကျမှာပါ"တဲ့။ -
6:33 - 6:36ကျွန်တော်ဟာ အဲဒီ Uve ဆီ ပြန်ရေးခဲ့ရတယ်၊
-
6:36 - 6:37"ဟေ့လူ၊ ကျွန်တော်က ကင်ဆာကို
တိုက်ပွဲဝင်နေခဲ့တာ၊ -
6:37 - 6:40လွန်ခဲ့တဲ့ တစ်နှစ်ခွဲလုံး တိုက်ပွဲဝင်နေခဲ့တာ၊
-
6:40 - 6:45ငါဟာ နိုင်လိုက်ပြီ၊ စိတ်ပိုင်းအရ ငွေရေးကြေးရေး
အရ ပျက်ပြုန်းနေသူ ဖြစ်နိုင်တယ်၊ -
6:45 - 6:47ငါအသက်ရှင် ကျန်ရစ်တာကို
ဘသူမှ ဂရုမစိုက်ပါကလား!" -
6:47 - 6:50"ခေါင်းထဲ မူးနောက်နောက် ရှိနေခဲ့တယ်တဲ့"
(ရယ်မောသံများ) -
6:50 - 6:52ဒီတော့ ကျွန်တော် အခု ပြပေးလိုက်တဲ့
ဥပမာ လေးခုစလုံးဟာ -
6:52 - 6:54တခုနဲ့တခု လုံးဝမတူ ကွဲပြားကြတာ မှန်ပေမဲ့၊
-
6:54 - 6:56၎င်းတို့ အားလုံးဟာ အကောင်းကိုသာ
ဆိုလိုခဲ့ကြတာ ရှင်းနေပါတယ်၊ -
6:56 - 6:59Uve ကလည်း ကောင်းတာကို ဆိုလိုခဲ့တာပါ၊
ရေးပုံရေးနည်း တမျိုးဖြစ်ခဲ့တာတောင်။
(ရယ်မောသံများ) -
6:59 - 7:03ကျွန်တော့ကို ဝမ်းသာစေခဲ့တာပါ။
-
7:03 - 7:06ပြီးတော့ ရယ်လည်း ရယ်ခဲ့ရသေးတယ်။
(ရယ်မောသံများ) -
7:08 - 7:11ကျွန်တော် ပြောချင်တာက Uve ကလည်း
တခုခု လုပ်ခဲ့တယ်။ -
7:11 - 7:15ကြည့်ကြပါ၊ ကျွန်တော်ဟာ
ကျွန်တော့ဖုန်းကို ထုတ်ယူလိုက်တယ်၊ -
7:15 - 7:17ခင်ဗျားတို့ကလည်း ခင်ဗျားတို့ ဖုန်းတွေကို
ထုတ်ယူထားကြပြီ၊ -
7:17 - 7:20ကျွန်တော်ဟာ အခုစက္ကန့်ပိုင်း အတွင်းမှာ
ဟောပြောခန်း ပြီးတော့မယ် - -
7:20 - 7:23ကျွန်တော် ပြီးသွားချိန်မှာ၊
ခင်ဗျားတို့ကို လုပ်စေချင်တာက -
7:23 - 7:26ခင်ဗျားတို့ဆီက တခုခုကို ကြားချင်နေတဲ့သူဆီ
စာတိုပို့ကြပါ၊ ဖုန်းဆက်ကြပါ။ -
7:29 - 7:32မှတ်မိဖို့လိုတာက၊ ခင်ဗျားတို့ ပြောလိုက်တာ
လုပ်လိုက်တာထဲမှာ အမှားမရှိနိုင်ပါ၊ -
7:32 - 7:35မှားနိုင်တဲ့ တခုတည်းသော အရာဆိုလို့
ဘာမှ မလုပ်ဘဲနေခြင်းသာ ဖြစ်နိုင်ပါတယ်။ -
7:35 - 7:36အထူးကျေးဇူးတင်ပါတယ်။
-
7:36 - 7:40(လက်ခုပ်သံများ)
-
7:40 - 7:43(ချီးကျူးသံများ)
- Title:
- ခင်ဗျားတို့ မှားပြီး လုပ်မိနိုင်တဲ့ တခုတည်းသော အရာမှာ ဘာမှ မလုပ်ဘဲနေခြင်းပါပဲ- Geo
- Description:
-
ရောဂါ အပြင်းအထန် ရထားတဲ့ လူတွေနေဲ့ စကားပြောရတာ ဘာဖြစ်လို့ သိပ်ခဲယဉ်းတာလဲ? လူရွှင်တော Geo ဆီမှာ ကင်ဆာ ရောဂါရှိကြောင်း ရှာတွေ့လိုက်တဲ့ အခါမှာ၊ လူတယောက်ယောက်ဆီမှာ သေနိုင်လောက်တဲ့ ရောဂါ ရှိနေရင် လူတွေ သူနဲ့ ဆက်ဆံစကားပြောကြတာ လုံးဝတမျိုး ဖြစ်လာတာကို ခံစားတွေ့ရှိလာပါတယ်။ အဲဒါကို ပတ်ဝန်းကျင်ဟာ ဘယ်လို တုံ့ပြန်ရမလဲ? သူတို့ဟာ ရောဂါရှိတဲ့ မိတ်ဆွေ၊ ယောက်ျား ဒါမှမဟတ် သားဖြစ်သူကို ဘယ်လို ဆက်ဆံကြရမလဲ? Geo ရဲ့ ဟောပြောချက်ထဲမှာ သူရဲ့ ကိုယ်တွေ့မှနေပြီး အဲဒီအကြောင်းကို ရှင်းလင်း ပြောပြထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 07:57
Myo Aung edited Burmese subtitles for The only wrong you can do is not doing anything: Geo at TEDxCopenhagen | ||
Myo Aung edited Burmese subtitles for The only wrong you can do is not doing anything: Geo at TEDxCopenhagen | ||
Myo Aung edited Burmese subtitles for The only wrong you can do is not doing anything: Geo at TEDxCopenhagen | ||
Myo Aung approved Burmese subtitles for The only wrong you can do is not doing anything: Geo at TEDxCopenhagen | ||
sann tint accepted Burmese subtitles for The only wrong you can do is not doing anything: Geo at TEDxCopenhagen | ||
sann tint edited Burmese subtitles for The only wrong you can do is not doing anything: Geo at TEDxCopenhagen | ||
sann tint edited Burmese subtitles for The only wrong you can do is not doing anything: Geo at TEDxCopenhagen | ||
Myo Aung edited Burmese subtitles for The only wrong you can do is not doing anything: Geo at TEDxCopenhagen |