Return to Video

အခဲ၊ အရည်၊ အငွေ့ ပြီးတော့ ပလဇ်မာလား- Michael Murillo

  • 0:08 - 0:12
    တည်ငြိမ်လျှပ်စစ်ကြောင့်ဖြစ်တဲ့
    အလင်းပွင့် တစ်ပွင့်ကို သင် မြင်ဖူးပါသလား။
  • 0:12 - 0:15
    ဒီ မီးပွားက ဘာပါလိမ့်။
  • 0:15 - 0:16
    မိုးကြိုး၊
  • 0:16 - 0:17
    ဥတ္တရ အလင်း၊
  • 0:17 - 0:19
    သို့မဟုတ် ကြယ်တံခွန်ရဲ့အမြီးရော
    ဘာတွေပါလိမ့်။
  • 0:19 - 0:21
    ဒါတွေအကုန်လုံး ပြီးတော့
    အခြားအရာများစွာဟာ
  • 0:21 - 0:27
    တကယ်ဆို စကြ၀ဠာရဲ့ ၉၉% အထိကို
    plasma နဲ့ပြုလုပ်ပါတယ်။
  • 0:27 - 0:29
    Plasma ဆိုတာဟာ
    မြင်နေကျ ပုံစံတွေကနေ
  • 0:29 - 0:33
    ဗြန်းစားကြီး ကွဲပြားလာတဲ့
    ရုပ်အခြေအနေ တရပ်ပါ။
  • 0:33 - 0:34
    ဥပမာပေးဖို့
    ရေခဲတုံးကိုယူပါ။
  • 0:34 - 0:38
    အခဲဖြစ်တဲ့ ရေခဲက
    အရည်ဖြစ်တဲ့ ရေအဖြစ် အရည်ပျော်မယ်၊
  • 0:38 - 0:43
    ယင်းကို အပူပေးတဲ့အခါ ဓာတ်ငွေ့ဖြစ်တဲ့
    ရေနွေးငွေ့အဖြစ် အငွေ့ပျံပါတယ်။
  • 0:43 - 0:46
    အပူချိန် အလုံအလောက်နဲ့ ရေနွေးငွေ့ကို
    ဆက်တိုက် အပူပေးလို့
  • 0:46 - 0:50
    ၎င်းထဲရှိ ရေမော်လီကျူးတွေကို ကြုံရာကျပန်း
    လှည့်ပတ် ရွှေ့လျားစေရင်
  • 0:50 - 0:54
    ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင် အက်တမ်တွေ
    အဖြစ် ခွဲထွက်လာပါမယ်။
  • 0:54 - 0:57
    အပူ အနည်းငယ် ထပ်တိုးရင်
    အိုင်းယွန်းဖြစ်ထွန်းစေကာ
  • 0:57 - 1:01
    အနုတ်လျှပ်စစ် ဓာတ်ဆောင် အီလက်ထရွန်တွေဟာ
    အပေါင်းလျှပ်စစ်ဓာတ်ဆောင်
  • 1:01 - 1:04
    အိုင်းယွန်းတွေကို ချန်ရစ်ကာ
    အက်တမ်ကို စွန့်ခွာကြပါတယ်။
  • 1:04 - 1:10
    လျှပ်စစ် အနုတ်ဓာတ်နှင့် အပေါင်းဓာတ်များ
    လွတ်လပ်စွာ ကျပန်း ရောနှောခြင်းဟာ plasma ပါ
  • 1:10 - 1:15
    အလုံအလောက် မြင့်မားတဲ့ အပူချိန်၌ မည်သည့်
    ဓာတ်ငွေ့ကိုမဆို ဒါမျိုးပြုလုပ်နိုင်ပါတယ်။
  • 1:15 - 1:19
    လွတ်လပ်စွာ လှုပ်ရှားနေတဲ့ လျှပ်စစ်ဆောင်
    အမှုန်တွေဟာ တပါးသော ရုပ်ဒြပ်
  • 1:19 - 1:22
    တွေထဲက အမှုန်တွေနဲ့ ယှဉ်ရင်
    အလွန်ခြားနားစွာ ပြုမူပြန်တယ်။
  • 1:22 - 1:25
    အခဲဖြစ်တဲ့ တံခါးလက်ကိုင်ပေါ်မှာ
    တည်ငြိမ်လျှပ်စစ်ဆောင်တဲ့အခါ
  • 1:25 - 1:28
    အနေအထား သို့မဟုတ်
    ပြုမူပုံဟာ ထူးမခြားနားပါ။
  • 1:28 - 1:32
    သံလိုက်အိမ်မြောင် သို့မဟုတ် တခြား
    သံလိုက်ဓာတ်ဆောင် ၀တ္ထုတွေ ခြွင်းချက်ထားရင်
  • 1:32 - 1:37
    သံလိုက်စက်ကွင်းကို တုန့်ပြန်တဲ့
    ရုပ်ဒြပ်မျိုးဟာ မြင်ရ ခဲပါတယ်။
  • 1:37 - 1:40
    ဒါပေမဲ့ plasma ကို လျှပ်စစ်စက်ကွင်း
    သို့မဟုတ် သံလိုက်စက်ကွင်းထဲ ထားပါက
  • 1:40 - 1:42
    သိပ်ကို ကွဲပြားတဲ့ တုန့်ပြန်မှုတွေ
    သင် ရလိမ့်မယ်။
  • 1:42 - 1:44
    plasma ဟာ လျှပ်စစ်ဓာတ်
    ဆောင်ခြင်းကြောင့်
  • 1:44 - 1:46
    ယင်းကို လျှပ်စစ်စက်ကွင်းက
    အရှိန်တင်ပြီး
  • 1:46 - 1:51
    သံလိုက်စက်ကွင်းတွေက စက်ဝိုင်းဆန်ဆန်
    ပတ်လမ်းမှာ သူတို့ကို ပဲ့ကိုင်ပါတယ်။
  • 1:51 - 1:53
    plasma အတွင်းရှိ အမှုန်ငယ်များ
    တိုက်မိတဲ့အခါ
  • 1:53 - 1:56
    ဒါမှမဟုတ် လျှပ်စစ်ဓာတ် သို့မဟုတ်
    သံလိုက်ဓာတ်က အရှိန်တင်ပေးတဲ့အခါ
  • 1:56 - 1:58
    အလင်းကို ထုတ်လွှတ်ပါတယ်၊
  • 1:58 - 2:00
    ဒါက Plasma တွေကို တို့ကြည့်တဲ့အခါ
    မြင်ရတာပါ၊
  • 2:00 - 2:03
    ဥတ္တရ အလင်းလိုမျိုးပါ။
  • 2:03 - 2:07
    plasma တွေက အလှဆန်တဲ့ အာကာသဆိုင်ရာ
    ဖြစ်စဉ်တွေ လောက်ပဲ မဟုတ်ပါဘူး။
  • 2:07 - 2:13
    သာမာန် ဓာတ်ငွေ့ပါတဲ့ ကုဗတုံးလေးတွေကို
    ဗို့အား အများကြီး ပေးထားတယ်လို့ စိတ်ကူးပါ။
  • 2:13 - 2:15
    ဖြစ်ပေါ်လာတဲ့ လျှပ်စစ်စက်ကွင်းက
  • 2:15 - 2:20
    အက်တမ်မှ အီလက်ထရွန်တစ်ချို့ကို
    တွန်းထုတ်ပြီး အရှိန်မြှင့်တင်ပေးလို့
  • 2:20 - 2:23
    အခြားအက်တမ်တွေကိုပါ
    အိုင်းယွန်း ဖြစ်စေလိုက်ပါတယ်။
  • 2:23 - 2:27
    ဓာတ်ငွေ့ထည့်ထားတဲ့ ကုဗတုံးငယ်အတွင်း
    ပါဝင်ရောနှောနေတဲ့ အခြားအမှုန်တွေက
  • 2:27 - 2:31
    ခရမ်းလွန် ရောင်ခြည်ပုံစံဖြင့်
    တိကျတဲ့ စွမ်းအင်တရပ်ကို
  • 2:31 - 2:35
    စုပ်ဖို့ သို့မဟုတ် စွန့်ဖို့
    ၎င်းကို ဖြစ်စေပါတယ်။
  • 2:35 - 2:37
    ဒီ ကုဗတုံးလေးတွေကို တွဲသီကာ
  • 2:37 - 2:40
    ပြင်းအားတိကျတဲ့ ခရမ်းလွန်ရောင်ခြည်ကို
    ၎င်းထံ ကျရောက်စေတဲ့အခါ
  • 2:40 - 2:45
    အလင်းထုတ် ပစ္စည်းက သတ်မှတ်ထားတဲ့
    အရောင်တွေ လင်းပါတယ်။
  • 2:45 - 2:49
    အခုတော့ အလင်းထုတ်ပစ္စည်းကို လေးထောင့်ပုံ
    သီတွဲကာ ရှုပ်ထွေးအဆင့်မြင့်တဲ့
  • 2:49 - 2:53
    အီလက်ထရောနစ်ပညာသုံးလို့
    တစ်ခုချင်းစီကို ခွဲခြားထိန်းချုပ် ပါတယ်။
  • 2:53 - 2:56
    အခု သင် ကြည့်နေတာ အဲဒီ
    တစ်ခုဖြစ်နိုင်ပါတယ်။
  • 2:56 - 2:59
    ဒါမျိုးကို plasma တီဗီလို့ ခေါ်ပါတယ်။
  • 2:59 - 3:02
    plasma က ကျန်းမာရေးစောင့်ရှောက်မှု
    လုပ်ငန်း အသုံးတွေ ရှိပါတယ်
  • 3:02 - 3:06
    Plasmaလုပ်တဲ့ ဓာတုဗေဒသမားတွေက
    အရည်အသွေးမြင့် Plasma တွေဖန်တီးလို့
  • 3:06 - 3:09
    ပစ်မှတ်ထားတဲ့ ဓာတုပစ္စည်းတွေကို
    ဖျက်စီးနိုင်၊ ပြောင်းလဲနိုင်လို့
  • 3:09 - 3:15
    ဒီနည်းနဲ့ စားစရာတွေ၊ ဆေးရုံနံရံတွေပေါ်က
    ရောဂါပိုးမွှားတွေကို သုတ်သင်ပစ်ပါတယ်။
  • 3:15 - 3:17
    Plasma တွေက ကြီးကြီးမားမားနဲ့
    သေးသေးမွှားမွှား
  • 3:17 - 3:20
    ပုံစံနှစ်မျိုးလုံးဖြင့် ကျွန်တော်တို့ကို
    လုံး၀ ဝန်းရံထားပါတယ်။
  • 3:20 - 3:23
    နောင်အနာဂတ်မှာဆို Plasma ကို
  • 3:23 - 3:26
    မြေဖို့အမှိုက်တွေကို
    ထာ၀ရ ဖယ်ရှားဖို့၊
  • 3:26 - 3:29
    လေနဲ့ ရေမှ အဆိပ်တွေကို
    ထိရောက်စွာ ဖယ်ရှားဖို့၊
  • 3:29 - 3:33
    ပြီးတော့ သန့်စင်တဲ့ ပြည့်ဖြိုးမြဲ
    စွမ်းအင်ကို တို့တွေ လိုအပ်သမျှ
  • 3:33 - 3:35
    ထောက်ပံ့ဖို့ အသုံးပြုရာ
    ဖြစ်နိုင်ခြေရှိနိုင်ပါလိမ့်မယ်။
Title:
အခဲ၊ အရည်၊ အငွေ့ ပြီးတော့ ပလဇ်မာလား- Michael Murillo
Description:

သင်ခန်းစားအပြည့်အစုံကြည်ရန်၊ http://ed.ted.com/lessons/solid-liquid-gas-and-plasma-michael-murillo

တည်ငြိမ်လျှပ်စစ်ကြောင့်ဖြစ်တဲ့ အလင်းပွင့် တစ်ပွင့်ကို မြင်ဖူးပါသလား။ ဒီ မီးပွင့်က ဘာပါလိမ့်။ မိုးကြိုး၊ ဥတ္တရ အလင်း၊ ကြယ်တံခွန်ရဲ့ အမြီးတန်းကရော ဘာတွေပါလိမ့်။ ဒါတွေ အားလုံးနဲ့ အခြား အရာများစွာ.. တခြားအရာတွေလို့ဆိုပေမဲ့ တကယ်တော့ စကြ၀ဠာရဲ့ ၉၉%ကို ပလဇ်မာတွေနဲ့ ပြုလုပ်ပါတယ်။ Michael Murillo က Plasma ရဲ့ ရုပ်ပုံလွှာကို ပြည့်စုံစွာဖော်ပြပေးထားပါတယ်။

သင်ခန်းစာတင်ဆက်သူ- Michael Murillo၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်- Tomás Pichardo Espaillat။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:52

Burmese subtitles

Revisions