တည်ငြိမ်လျှပ်စစ်ကြောင့်ဖြစ်တဲ့ အလင်းပွင့် တစ်ပွင့်ကို သင် မြင်ဖူးပါသလား။ ဒီ မီးပွားက ဘာပါလိမ့်။ မိုးကြိုး၊ ဥတ္တရ အလင်း၊ သို့မဟုတ် ကြယ်တံခွန်ရဲ့အမြီးရော ဘာတွေပါလိမ့်။ ဒါတွေအကုန်လုံး ပြီးတော့ အခြားအရာများစွာဟာ တကယ်ဆို စကြ၀ဠာရဲ့ ၉၉% အထိကို plasma နဲ့ပြုလုပ်ပါတယ်။ Plasma ဆိုတာဟာ မြင်နေကျ ပုံစံတွေကနေ ဗြန်းစားကြီး ကွဲပြားလာတဲ့ ရုပ်အခြေအနေ တရပ်ပါ။ ဥပမာပေးဖို့ ရေခဲတုံးကိုယူပါ။ အခဲဖြစ်တဲ့ ရေခဲက အရည်ဖြစ်တဲ့ ရေအဖြစ် အရည်ပျော်မယ်၊ ယင်းကို အပူပေးတဲ့အခါ ဓာတ်ငွေ့ဖြစ်တဲ့ ရေနွေးငွေ့အဖြစ် အငွေ့ပျံပါတယ်။ အပူချိန် အလုံအလောက်နဲ့ ရေနွေးငွေ့ကို ဆက်တိုက် အပူပေးလို့ ၎င်းထဲရှိ ရေမော်လီကျူးတွေကို ကြုံရာကျပန်း လှည့်ပတ် ရွှေ့လျားစေရင် ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင် အက်တမ်တွေ အဖြစ် ခွဲထွက်လာပါမယ်။ အပူ အနည်းငယ် ထပ်တိုးရင် အိုင်းယွန်းဖြစ်ထွန်းစေကာ အနုတ်လျှပ်စစ် ဓာတ်ဆောင် အီလက်ထရွန်တွေဟာ အပေါင်းလျှပ်စစ်ဓာတ်ဆောင် အိုင်းယွန်းတွေကို ချန်ရစ်ကာ အက်တမ်ကို စွန့်ခွာကြပါတယ်။ လျှပ်စစ် အနုတ်ဓာတ်နှင့် အပေါင်းဓာတ်များ လွတ်လပ်စွာ ကျပန်း ရောနှောခြင်းဟာ plasma ပါ အလုံအလောက် မြင့်မားတဲ့ အပူချိန်၌ မည်သည့် ဓာတ်ငွေ့ကိုမဆို ဒါမျိုးပြုလုပ်နိုင်ပါတယ်။ လွတ်လပ်စွာ လှုပ်ရှားနေတဲ့ လျှပ်စစ်ဆောင် အမှုန်တွေဟာ တပါးသော ရုပ်ဒြပ် တွေထဲက အမှုန်တွေနဲ့ ယှဉ်ရင် အလွန်ခြားနားစွာ ပြုမူပြန်တယ်။ အခဲဖြစ်တဲ့ တံခါးလက်ကိုင်ပေါ်မှာ တည်ငြိမ်လျှပ်စစ်ဆောင်တဲ့အခါ အနေအထား သို့မဟုတ် ပြုမူပုံဟာ ထူးမခြားနားပါ။ သံလိုက်အိမ်မြောင် သို့မဟုတ် တခြား သံလိုက်ဓာတ်ဆောင် ၀တ္ထုတွေ ခြွင်းချက်ထားရင် သံလိုက်စက်ကွင်းကို တုန့်ပြန်တဲ့ ရုပ်ဒြပ်မျိုးဟာ မြင်ရ ခဲပါတယ်။ ဒါပေမဲ့ plasma ကို လျှပ်စစ်စက်ကွင်း သို့မဟုတ် သံလိုက်စက်ကွင်းထဲ ထားပါက သိပ်ကို ကွဲပြားတဲ့ တုန့်ပြန်မှုတွေ သင် ရလိမ့်မယ်။ plasma ဟာ လျှပ်စစ်ဓာတ် ဆောင်ခြင်းကြောင့် ယင်းကို လျှပ်စစ်စက်ကွင်းက အရှိန်တင်ပြီး သံလိုက်စက်ကွင်းတွေက စက်ဝိုင်းဆန်ဆန် ပတ်လမ်းမှာ သူတို့ကို ပဲ့ကိုင်ပါတယ်။ plasma အတွင်းရှိ အမှုန်ငယ်များ တိုက်မိတဲ့အခါ ဒါမှမဟုတ် လျှပ်စစ်ဓာတ် သို့မဟုတ် သံလိုက်ဓာတ်က အရှိန်တင်ပေးတဲ့အခါ အလင်းကို ထုတ်လွှတ်ပါတယ်၊ ဒါက Plasma တွေကို တို့ကြည့်တဲ့အခါ မြင်ရတာပါ၊ ဥတ္တရ အလင်းလိုမျိုးပါ။ plasma တွေက အလှဆန်တဲ့ အာကာသဆိုင်ရာ ဖြစ်စဉ်တွေ လောက်ပဲ မဟုတ်ပါဘူး။ သာမာန် ဓာတ်ငွေ့ပါတဲ့ ကုဗတုံးလေးတွေကို ဗို့အား အများကြီး ပေးထားတယ်လို့ စိတ်ကူးပါ။ ဖြစ်ပေါ်လာတဲ့ လျှပ်စစ်စက်ကွင်းက အက်တမ်မှ အီလက်ထရွန်တစ်ချို့ကို တွန်းထုတ်ပြီး အရှိန်မြှင့်တင်ပေးလို့ အခြားအက်တမ်တွေကိုပါ အိုင်းယွန်း ဖြစ်စေလိုက်ပါတယ်။ ဓာတ်ငွေ့ထည့်ထားတဲ့ ကုဗတုံးငယ်အတွင်း ပါဝင်ရောနှောနေတဲ့ အခြားအမှုန်တွေက ခရမ်းလွန် ရောင်ခြည်ပုံစံဖြင့် တိကျတဲ့ စွမ်းအင်တရပ်ကို စုပ်ဖို့ သို့မဟုတ် စွန့်ဖို့ ၎င်းကို ဖြစ်စေပါတယ်။ ဒီ ကုဗတုံးလေးတွေကို တွဲသီကာ ပြင်းအားတိကျတဲ့ ခရမ်းလွန်ရောင်ခြည်ကို ၎င်းထံ ကျရောက်စေတဲ့အခါ အလင်းထုတ် ပစ္စည်းက သတ်မှတ်ထားတဲ့ အရောင်တွေ လင်းပါတယ်။ အခုတော့ အလင်းထုတ်ပစ္စည်းကို လေးထောင့်ပုံ သီတွဲကာ ရှုပ်ထွေးအဆင့်မြင့်တဲ့ အီလက်ထရောနစ်ပညာသုံးလို့ တစ်ခုချင်းစီကို ခွဲခြားထိန်းချုပ် ပါတယ်။ အခု သင် ကြည့်နေတာ အဲဒီ တစ်ခုဖြစ်နိုင်ပါတယ်။ ဒါမျိုးကို plasma တီဗီလို့ ခေါ်ပါတယ်။ plasma က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း အသုံးတွေ ရှိပါတယ် Plasmaလုပ်တဲ့ ဓာတုဗေဒသမားတွေက အရည်အသွေးမြင့် Plasma တွေဖန်တီးလို့ ပစ်မှတ်ထားတဲ့ ဓာတုပစ္စည်းတွေကို ဖျက်စီးနိုင်၊ ပြောင်းလဲနိုင်လို့ ဒီနည်းနဲ့ စားစရာတွေ၊ ဆေးရုံနံရံတွေပေါ်က ရောဂါပိုးမွှားတွေကို သုတ်သင်ပစ်ပါတယ်။ Plasma တွေက ကြီးကြီးမားမားနဲ့ သေးသေးမွှားမွှား ပုံစံနှစ်မျိုးလုံးဖြင့် ကျွန်တော်တို့ကို လုံး၀ ဝန်းရံထားပါတယ်။ နောင်အနာဂတ်မှာဆို Plasma ကို မြေဖို့အမှိုက်တွေကို ထာ၀ရ ဖယ်ရှားဖို့၊ လေနဲ့ ရေမှ အဆိပ်တွေကို ထိရောက်စွာ ဖယ်ရှားဖို့၊ ပြီးတော့ သန့်စင်တဲ့ ပြည့်ဖြိုးမြဲ စွမ်းအင်ကို တို့တွေ လိုအပ်သမျှ ထောက်ပံ့ဖို့ အသုံးပြုရာ ဖြစ်နိုင်ခြေရှိနိုင်ပါလိမ့်မယ်။