Return to Video

သင့် စမတ်ဖုန်းဟာ အများပြည်သူ ရပိုင်ခွင့် ကိစ္စရပ်တစ်ခုပါ။

  • 0:00 - 0:03
    ၂၀၁၆ ရဲ့ နွေဦးမှာ
  • 0:03 - 0:07
    Apple နဲ့ FBI အကြားက
    ဥပဒေရေးရာ တိုက်ပွဲတစ်ခုကို
  • 0:07 - 0:09
    တစ်ကမ္ဘာလုံးက အာရုံစိုက် နေခဲ့တယ်
  • 0:10 - 0:13
    Apple ဟာ ၎င်းရဲ့ မိုဘိုင်းထုတ်ကုန်တွေ
    ထဲမှာ၎င်း ကိရိယာတွေပေါ်က ဒေတာကို
  • 0:13 - 0:17
    ပိုင်ရှင်ကလွဲပြီး အခြားသူတွေကနေ ကာကွယ်တဲ့
    လုံခြုံရေး အင်္ဂါရပ်တွေတည်ဆောက်ထားတယ်။
  • 0:17 - 0:21
    ဆိုလိုတာက ရာဇဝတ်သားတွေ၊
    ဟက်ကာတွေ၊ ပြီးတော့ အစိုးရတွေတောင်တို့မှ
  • 0:22 - 0:23
    အားလုံးကို ပိတ်ဆို့ထားတာပါ။
  • 0:24 - 0:26
    Apple ရဲ့ ဝယ်သူတွေအတွက်တော့
    သိပ်ကောင်းတဲ့ အရာပါ
  • 0:27 - 0:29
    ဒါပေမဲ့ အစိုးရတွေကတော့
    သိပ်သဘောမကျဘူးပေါ့။
  • 0:29 - 0:31
    Apple ဟာ စောင့်ကြည့်ခြင်း ရန်ကလွတ်အောင်
  • 0:31 - 0:34
    သတိရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုချလိုက်တာပါ။
  • 0:34 - 0:37
    Apple ဟာ အစိုးရေတွေ (သို့)
    အခြားလုပ်ဆောင်သူတွေ စောင့်ကြည့်တာကို
  • 0:37 - 0:40
    တတ်နိုင်သမျှ ခက်အောင်လုပ်ထားလိုက်တယ်။
  • 0:42 - 0:44
    တကယ်က ကမ္ဘာ့ စမတ်ဖုန်း
    စျေးကွက်မှာ စမတ်ဖုန်း
  • 0:44 - 0:46
    လုပ်ဆောင်ရေး စနစ်နှစ်ခုရှိပါတယ်။
  • 0:46 - 0:47
    iOS နဲ Android ပါ။
  • 0:48 - 0:51
    iOS က Applမှ လုပ်ထားပြီး
    Android က Google ကလုပ်တာပါ။
  • 0:51 - 0:55
    Apple ဟာ ၎င်းရဲ့ထုတ်ကုန်တွေကို
  • 0:55 - 0:58
    အလုံခြုံဆုံးဖြစ်စေဖို့
    အချိန်နဲ့ ငွေ အများကြီးသုံးထားတယ်။။
  • 0:58 - 1:02
    Apple ဟာ iPhone မှာ အလိုလျောက်
    သိမ်းထားတဲ့ ဒေတာအားလုံးကို
  • 1:02 - 1:06
    စကားဝှက်လုပ်ထားပြီး Apple သုံးစွဲသူ
    အချင်းချင်းပို့ကြတဲ့ စာတိုတွေကို
  • 1:06 - 1:08
    သုံးစွဲသူ ဘာမှလုပ်စရာမလိုပဲ
  • 1:08 - 1:10
    အလိုလို စကားဝှက်လုပ်ထားတယ်။
  • 1:11 - 1:12
    ဆိုလိုတာက
  • 1:12 - 1:16
    တကယ်လို့ ရဲက iPhone ကို သိမ်းမိပြီး
    ၎င်းမှာ စကားဝှက် ထည့်ထားရင်
  • 1:17 - 1:20
    ဒီထဲက ဒေတာတွေရဖို့ အခက်အခဲတွေ့မှာပါ။
  • 1:20 - 1:22
    လုပ်လို့ ရနိုင်တောင်မှပါ။
  • 1:22 - 1:27
    ဆန့်ကျင်ဘက်က Android ရဲ့
    လုံခြုံရေးစနစ်က သိပ်မကောင်းပါဘူး။
  • 1:27 - 1:30
    Android ဖုန်းတွေဟာ အနည်းဆုံး
    ဝယ်သူတွေကို ရောင်းထားတဲ့
  • 1:30 - 1:31
    Android ဖုန်းအများစုဟာ
  • 1:31 - 1:34
    အလိုလိုသိမ်းထားတဲ့
    ဒေတာအားလုံးအတွက် စကားဝှက်မလုပ်ဘူး။
  • 1:34 - 1:39
    Android မှာပါတဲ့ စာတိုပို့တဲ့ app ကလည်း
    စကားဝှက်ကို မသုံးပါဘူး။
  • 1:40 - 1:42
    ဒီတော့ ရဲက Android ဖုန်းကို သိမ်းမိရင်
  • 1:42 - 1:46
    ဖြစ်နိုင်တာက ဒီကိရိယာကနေ လိုချင်တဲ့
  • 1:46 - 1:47
    ဒေတာအကုန် ရနိုင်ပါလိမ့်မယ်။
  • 1:48 - 1:50
    ကမ္ဘာမှာ အကြီးဆုံး
  • 1:50 - 1:52
    ကုမ္ပဏီနှစ်ခုက စမတ်ဖုန်းနှစ်လုံးပါ။
  • 1:52 - 1:54
    တစ်မျိုးက အလိုလျောက် ဒေတာ ကာကွယ်တယ်၊
  • 1:55 - 1:56
    တစ်မျိုးက မကာကွယ်ဘူးပေါ့။
  • 1:57 - 2:00
    Apple ဟာ ဇိမ်ခံပစ္စည်းတွေ ရောင်းသူပါ၊
  • 2:00 - 2:02
    စျေးကွက်မှာ အမြင့်ဆုံးကို
    လွှမ်းမိုးထားတယ်။
  • 2:03 - 2:07
    အင်္ဂါရပ်တွေ ပိုပါတဲ့ ထုတ်ကုန်တွေရှိဖို့
    ဇိမ်ခံပစ္စည်းတွေ ထုတ်လုပ်သူတစ်ဦးကို
  • 2:07 - 2:09
    ကျွန်တော်တို့ မျှော်လင့်မိမှာပေါ့။
  • 2:10 - 2:12
    ဒါပေမဲ့ လူတိုင်း iPhone မတတ်နိုင်ဘူးလေ။
  • 2:12 - 2:15
    ဒါက စျေးကွက်ရဲ့ အလယ်အလတ်နဲ့
    အနိမ့်ပိုင်းမှာ
  • 2:15 - 2:17
    Android က တကယ်ကို ကြီးစိုးတဲ့ နေရာပါ။
  • 2:17 - 2:20
    ဖုန်းတစ်လုံးကို ဒေါ်လာ
    ၆၀၀ မသုံးနိုင် (သို့)
  • 2:20 - 2:23
    သုံးမှာမဟုတ်တဲ့ လူပေါင်း ဘီလီယံ
    တစ်သန်းခွဲအတွက်
  • 2:23 - 2:25
    စမတ်ဖုန်းတွေပါ။
  • 2:29 - 2:35
    ဒါပေမဲ့ Android ကြီးစိုးမှုက ကျွန်တော်
    ခေါ်တဲ့ "ဒစ်ဂျစ်တယ် လုံခြုံရေး ခွဲခြားမှု"
  • 2:35 - 2:37
    ကို ဖြစ်စေတယ်။
  • 2:37 - 2:40
    ဆိုလိုတာက အခုအခါ အလိုလို
    ဒေတာလုံခြုံမှုပေးနိုင်တဲ့
  • 2:40 - 2:44
    ကိရိယာတွေကို တတ်နိုင်တဲ့ လူချမ်းသာတွေနဲ့
  • 2:45 - 2:47
    သူတို့ကို အလိုလို ကာကွယ်ဖို့
    မဆိုစလောက်လေးသာ တတ်နိုင်တဲ့
  • 2:48 - 2:49
    ဆင်းရဲသားတွေကြားက
  • 2:50 - 2:55
    သီသန့်ဖြစ်မှုနဲ့ လုံခြုံမှု
    ကွာခြားချက်က တိုးတိုးလာနေတယ်။
  • 2:56 - 2:59
    ဒီတော့ သာမန် Apple သုံးသူတစ်ယောက်ကို
    တွေးကြည့်ပါ။
  • 3:00 - 3:05
    ဘဏ်သူဌေး၊ ရှေ့နေ၊ဆရာဝန်၊
    နိုင်ငံရေးသမား တစ်ယောက်ယောက်ပေါ့။
  • 3:05 - 3:11
    ဒီတစ်ဦးချင်းဟာ သူတို့ အိပ်ကပ်တွေထဲမှာ
    သတင်းအချက်အလက်တွေကို လုံခြုံအောင်
  • 3:11 - 3:14
    ဘာမှလုပ်စရာမလိုပဲ
    သူတို့ ကိရိယာတွေပေါ်က ခေါ်ဆိုမှုတွေ၊
  • 3:14 - 3:16
    စာတိုတွေကို ဒေတာတွေကို
  • 3:16 - 3:20
    စကားဝှက်လုပ်ပေးတဲ့
    စမတ်ဖုန်းတွေ တိုးတိုးရှိလာနေတယ်။
  • 3:21 - 3:25
    ဆန့်ကျင်ဘက်အနေနဲ့ လူအဖွဲ့အစည်းတွေထဲက
    ဆင်းရဲသားတွေနဲ့ ခုခံစွမ်းမရှိဆုံးတွေဟာ
  • 3:25 - 3:30
    စောင့်ကြည့်တာကိုလုံးဝ ခုခံစွမ်းမရှိတာကို
    သူတို့ကိုချန်ထားတဲ့ ကိရိယာတွေ သုံးနေတယ်။
  • 3:31 - 3:33
    ကျွန်တော်နေတဲ့ အမေရိကန် ပြည်ထောင်စုမှာ
  • 3:33 - 3:37
    အာဖရိကန်-အမေရိကန်တွေဟာ 

    သံသယပိုအဖြစ်ခံရ၊ စာရင်းအသွင်းခံရဖို့
  • 3:37 - 3:39
    (သို့) ဖြစ်နိုင်ခြေပိုများကာ
  • 3:40 - 3:43
    နိုင်ငံတော်က စောင့်ကြည့်တာရဲ့
    ပစ်မှတ်ထားခံရဖို့ ပိုဖြစ်နိုင်ခြေရှိတယ်။
  • 3:44 - 3:47
    ဒါပေမဲ့ အမေရိကန်-အာဖရိကန်တွေဟာ
    သူတို့ကို ကာကွယ်ဖို့
  • 3:47 - 3:50
    ဘာမှ လုပ်မပေးတဲ့ Android
    ကိရိယာတွေကို အချိုးအစား မမျှမတ
  • 3:50 - 3:52
    သုံးဖို့လည်း ပိုများနိုင်ပါတယ်။
  • 3:53 - 3:54
    ဒါက ပြဿနာတစ်ရပ်ပါ။
  • 3:56 - 3:58
    စောင့်ကြည့်ခြင်းဟာ လက်နက်တစ်ခုဆိုတာ
    သတိရရမှာပါ။
  • 3:59 - 4:01
    ဒါဟာ အာဏာရှိသူတွေက
    အာဏာမဲ့တွေကို သုံးတဲ့
  • 4:02 - 4:04
    လက်နက်တစ်ခုပါ။
  • 4:05 - 4:10
    Apple လို ကုမ္ပဏီတွေက
    လူတွေအတွက် စကားဝှက်လုပ်ဖို့
  • 4:10 - 4:13
    လွယ်ကူအောင် လုပ်ပေးတာတာ
    လုံးဝကောင်းတယ်လို့ ထင်မိပေမဲ့
  • 4:14 - 4:18
    အစိုးရစောင့်ကြည့်ခြင်းက
    သူတို့ကိုယ်သူတို့ကာကွယ်နိုင်တဲ့
  • 4:18 - 4:20
    လူတွေဟာ ချမ်းသာသူတွေနဲ့
  • 4:20 - 4:21
    အာဏာရှိသူတွေပဲဆိုရင်
  • 4:22 - 4:23
    ဒါဟာ ပြဿနာတစ်ရပ်ပါ။
  • 4:24 - 4:27
    ဒါဟာ ဆိုက်ဘာလုံခြုံရေး ပြဿနာတစ်ခု
    သက်သက် မဟုတ်ပါဘူး၊
  • 4:28 - 4:29
    ဒါဟာ အများ ရပိုင်ခွင့် ပြဿနာပါ။
  • 4:31 - 4:34
    ဒီတော့ Android မှာ အလိုလျောက်
    လုံခြုံမှုကင်းတာဟာ
  • 4:34 - 4:39
    ဒီကိရိယာကို အားကိုးနေကြတဲ့
    ဆင်းရဲသားတွေနဲ့ ခုခံနိုင်စွမ်းမရှိတဲ့
  • 4:39 - 4:41
    လူတွေအတွက် ပြဿနာပဲမဟုတ်ပါဘူး။
  • 4:41 - 4:44
    ဒါက ကျွန်တော်တို့ ဒီမိုကရေစီအတွက်
    တကယ့် ပြဿနာပါ။
  • 4:44 - 4:46
    ဆိုလိုတာကို ရှင်းပြပါ့မယ်။
  • 4:47 - 4:49
    ခေတ်သစ် လူမှုရေး လှုပ်ရှားမှုတွေဟာ
    နည်းပညာအပေါ် မူတည်ပါတယ်၊
  • 4:49 - 4:55
    Black Lives Matter ကနေ Arab Spring ထိ
    Occupy Wall Street ထိပါ
  • 4:55 - 4:59
    ဒီလှုပ်ရှားမှုတွေရဲ့ စည်းရုံးသူတွေနဲ့
    အဖွဲ့ဝင်တွေဟာ စမတ်ဖုန်းတွေနဲ့
  • 4:59 - 5:03
    တိုးကာတိုးကာ ဆက်သွယ်ပြီး
    ချိတ်ဆက်ညှိနှိုင်းပါတယ်။
  • 5:04 - 5:08
    ဒီတော့ သဘာဝပဲလေ ဒီလှုပ်ရှားမှုတွက
    ခြိမ်းခြောက်တယ်လို့ ခံစားမိတဲ့ အစိုးရတွေဟာ
  • 5:08 - 5:12
    စည်းရုံးသူတွေနဲ့ စမတ်ဖုန်းတွေကိုလည်း
    ပစ်မှတ်ထားကြမှာပေါ့။
  • 5:13 - 5:16
    ကဲ တော်တော်ဖြစ်နိုင်တာက
  • 5:16 - 5:20
    အနာဂတ် Martin Luther King(သို့) Mandela
    (သို့) Gandhi ဟာiPhone ရှိမှာဖြစ်ပြီး
  • 5:20 - 5:24
    အစိုးရ စောင့်ကြည့်တာနေ
    ကာကွယ်ပါလိမ့်မယ်။
  • 5:24 - 5:26
    ဒါပေမဲ့ ဖြစ်နိုင်တာက
  • 5:26 - 5:30
    သူတို့ အိတ်ကပ်တွေမှာ ဒေါ်လာ ၂၀ တန် အပေါစား
    Android ဖုန်းပဲ ရှိနိုင်လောက်တယ်။
  • 5:31 - 5:34
    ဒီတော့ ဒစ်ဂျစ်တယ် လုံခြုံရေး
    ခွဲခြားမှကို ဖြေရှင်းဖို့ ဘာမှမလုပ်ရင်၊
  • 5:35 - 5:38
    ကျွန်တော်တို့ လူ့အဖွဲ့အစည်းက လူတိုင်းကို
    စကားဝှက်ရဲ့ တူညီတဲ့
  • 5:39 - 5:41
    အကျိုးရဖို့ အလားတူ
    အစိုးရက စောင့်ကြည့်တာကို
  • 5:41 - 5:45
    သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့
    သေချာအောင် ဘာမှမလုပ်ဘူးဆိုရင်
  • 5:45 - 5:50
    ဆင်းရဲသားတွေနဲ့ ခုခံနိုင်စွမ်းမရှိသူတွေဟာ
    စောင့်ကြည့်မှုကနေ အကာကွယ်မဲ့တာသာမက
  • 5:50 - 5:53
    အနာဂတ် အများပြည့်သူ
    အခွင့်အရေး လှုပ်ရှားမှုတွေဟာ ၎င်းတို့ရဲ့
  • 5:53 - 5:56
    ပြည့်ဝတဲ့ စွမ်းအားမရခင်မှာ
    ချေမှုန်းခံရနိုင်ပါတယ်။
  • 5:56 - 5:57
    ကျေးဇူးတင်ပါတယ်။
  • 5:57 - 6:00
    (လက်ခုပ်သံများ)
  • 6:04 - 6:06
    Helen Walters: ကျေးဇူ အရမ်းတင်ပါတယ်
  • 6:06 - 6:08
    Chris ရေ၊ ကျွန်မမှာ မေးစရာတစ်ခုရှိတယ်။
  • 6:08 - 6:10
    တစ်လောက သတင်းတွေထဲမှာ
    Facebook က
  • 6:10 - 6:15
    Mark Zuckerberg ဟာ သူကင်မရာကို အုပ်ပြီး
  • 6:15 - 6:18
    နားကြပ်က မိုက်နဲ့ တစ်ခုခုလုပ်တာ တွေ့တယ်။
  • 6:18 - 6:21
    ဒီတော့ ကိုယ်ရေးကိုယ်တာ မေးခွန်းတစ်ခု
    မေးချင်ပါတယ်၊
  • 6:21 - 6:22
    ရှင်ရော ဒီလိုလုပ်လား။
  • 6:22 - 6:25
    ပြီး ဒီက လူတိုင်းရဲ့ ကိုယ်စား
    အထူးသဖြင့် ကျွန်မပေါ့၊
  • 6:25 - 6:26
    ကျွန်မတို့ ဒီလိုလုပ်သင့်လား
  • 6:26 - 6:28
    ဒါတွေကကို ကွယ်ထားသင့်လား။
  • 6:28 - 6:32
    Christopher Soghoian: စတစ်ကာ တပ်တာပေါ့၊
    တကယ်ပါ၊ ဆေးပလတ်စတာကို ကြိုက်တယ်။
  • 6:32 - 6:34
    အကြောင်းက ဒါတွေကို ဖယ်ပြီး
    ပြန်တပ်လို့ရတယ်လေ။
  • 6:34 - 6:36
    Skype တို့ ဘာတို့ခေါ်တဲ့
    အခါတိုင်း၊ လေ။
  • 6:36 - 6:38
    ဝက်ဘ်ကမ်မှာ စတစ်ကာတပ်ခြင်းဟာ
  • 6:38 - 6:41
    တွက်ခြေကိုက်မှုအရ
    ကိုယ့်သီးသန့်ဖြစ်မှုအတွက် လုပ်နိုင်တဲ့
  • 6:41 - 6:42
    အကောင်းဆုံး ဖြစ်လောက်တယ်။
  • 6:42 - 6:46
    တကယ်ရှိတာက မကောင်းတဲ့
    ဖျက်လိုဖျက်ဆီး ဆော့ဖ်ဝဲရှိနေတာပါ၊
  • 6:46 - 6:48
    ဒါက မီးမဖွင့်ထားတာတောင်
  • 6:48 - 6:50
    သင့် ဝက်ဘ်ကမ်ကို ထိန်းချုပ်တာပါ။
  • 6:50 - 6:53
    ဒါက ရာဇဝတ်သားတွေသုံးတာ၊
    ဒါက အမဲလိုက်သူတွေ သုံးတာပါ။
  • 6:53 - 6:58
    "ရည်းစားဟောင်း ထောက်လှမ်းရေးကို"
    ၁၉.၉၉ ဒေါ်လာနဲ့ အွန်လိုင်းမှာ ဝယ်လို့ရတယ်။
  • 6:58 - 6:59
    တကယ့်ကို ကြောက်စရာပါ။
  • 6:59 - 7:02
    နောက်ပြီး တကယ်တော့
    ဒါက အစိုးတွေ သုံးကြတာပါ။
  • 7:02 - 7:05
    ရှင်းနေတာက ဒါနဲ့ဆိုင်တဲ့
    လိင်အကြမ်းဖက်မှု ကိရိယာရှိတယ်။
  • 7:05 - 7:09
    ဒါက အမျိုးသမီးတွေနဲ့ လူ့အဖွဲ့အစည်းက
    အရှက်ကွဲစေနိုင်တဲ့ အခြားလူတွေကို
  • 7:09 - 7:16
    စောင့်ကြည့်ရာမှာ ထိထိရောက်ရောက်ကြီး
    သုံးနိုင်တဲ့ အမျိုးအစားပါ။
  • 7:16 - 7:19
    အနည်းဆုံး သင့်မှာ ဘာမှ ဖုံးကွယ်စရာမရှိ
    ဘူး
  • 7:19 - 7:23
    ထင်တာတောင် သင့်တို့ ဘဝမှာ ကလေးတွေ၊
    ဆယ်ကျော်သက်တွေ ရှိတယ်ဆိုရင်
  • 7:23 - 7:26
    သူတို့ကင်မရာနဲ့ ဖုန်းမှာ ကာကွယ်ဖို့
    စတစ်ကာတပ်ဖို့ သေချာပါစေ။
  • 7:26 - 7:28
    HW: အိုး၊ကျေးဇူးပါ။
    CS: ကျေးဇူးပါ။
  • 7:28 - 7:29
    HW: ကျေးဇူးပါ၊ Chris
  • 7:29 - 7:32
    (လက်ခုပ်သံများ)
Title:
သင့် စမတ်ဖုန်းဟာ အများပြည်သူ ရပိုင်ခွင့် ကိစ္စရပ်တစ်ခုပါ။
Speaker:
Christopher Soghoian
Description:

သင်အသုံးပြုတဲ့ စမတ်ဖုန်းဟာ ကိုယ်ရေးကိုယ်တာ အကြိုက်တစ်ခုထက် ပိုပြီး ထင်ဟပ်စေပါတယ်။ သင့်ကို နီးနီးကပ်ကပ် ခြေရာခံလိုက်နိုင်ရေး အတွက် သုံးရန် ဆုံးဖြတ်နိုင်ပါတယ်။ တစ်ကိုယ်ရေ သီးသန့်ဖြစ်မှု ကျွမ်းကျင်ပညာရှင် TED ဝိုင်းတော်သား Christopher Soghoian ကနေပြီး Apple နဲ့ Android ကိရိယာတွေမှာ သုံးထားတဲ့ စကားဝှက်ရေးသွင်းမှု အကြားက သိသာလှတဲ့ ခြားနားချက်ကို အသေးစိတ်တင်ပြထားပြီး တိုးပွားလာနေတဲ့ ဒစ်ဂျစ်တယ် လုံခြုံမှုဆိုင်ရာ ခွဲခြားမှုကို သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။ သူပြောတာက "အစိုးရဲ့ စူးစိုက်ကြည့်ခြင်းကနေ ကာကွယ်နိုင်သူတွေဟာ ချမ်းသာပြီး အာဏာရှိသူတွေပဲဆိုရင် ဒါဟာ ပြဿနာတစ်ရပ်ပါ။ ဒါဟာ ဆိုက်ဘာလုံခြုံရေး ပြဿနာတစ်ခုသက်သက် မဟုတ်ပါဘူး၊ ဒါဟာ အများပြည်သူ ရပိုင်ခွင့် ကိစ္စရပ်တစ်ခုပါ"တဲ့။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
07:44

Burmese subtitles

Revisions