Return to Video

အသက်ဝင်လာစေတဲ့ စိတ်ကူးယဉ်ဝတ္ထုရေးနည်း။ Nalo Hopkinson

  • 0:08 - 0:12
    စိတ်ကူးယဉ် ဝတ္ထုကို အကြောင်းများစွာ
    အတွက် ဖတ်ရှုကြပါတယ်။
  • 0:12 - 0:13
    စိတ်အပန်းဖြေဖို့၊
  • 0:13 - 0:15
    ဘယ်သူရေးလိုက်တာကို သိရှိဖို့၊
  • 0:15 - 0:18
    ဆန်းပြားတဲ့ ဂြိုဟ်သစ်တွေဆီ သွားဖို့
  • 0:18 - 0:19
    ခြောက်လှန့်ခံရဖို့၊
  • 0:19 - 0:20
    ရယ်မောဖို့၊
  • 0:20 - 0:21
    ငိုကြွေးဖို့၊
  • 0:21 - 0:22
    တွေးတောဖို့၊
  • 0:22 - 0:23
    ခံစားဖို့၊
  • 0:23 - 0:28
    ကိုယ်ရှိနေတဲ့နေရာကို ခဏလောက်
    မေ့သွားတဲ့အထိ အာရုံကို ဆွဲဆောင်ဖို့ပါ။
  • 0:28 - 0:31
    ဒီတော့ စိတ်ကူးယဉ် ဝတ္ထုရေးတာကရော။
  • 0:31 - 0:34
    ဇာတ်လမ်းတွေထဲကို စာဖတ်သူတွေ
    ဘယ်လို ပါဝင်အောင်လုပ်လဲ။
  • 0:34 - 0:36
    စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တစ်ခုနဲ့လား။
    ဖြစ်နိုင်တယ်။
  • 0:36 - 0:39
    စိတ်ဝင်စားစရာ ဇာတ်ကောင်တွေနဲ့လား။
    ဖြစ်လောက်ပါတယ်။
  • 0:39 - 0:43
    လှပတဲ့ ဘာသာစကားလား။
    ဖြစ်နိုင်တာပေါ့။
  • 0:43 - 0:48
    "Billie ရဲ့ ခြေထောက်တွေဟာ ခေါက်ဆွဲတွေ။
    သူဆံပင်အဖျားတွေက အဆိပ်အပ်တွေ။
  • 0:48 - 0:53
    သူ့လျှာက ကြမ်းတမ်းစူးရှတဲ့ ရေမြှုပ်တစ်ခု၊
    သူ့မျက်လုံးတွေက ချွတ်ဆေးအိတ်တွေ။"
  • 0:53 - 0:58
    ဒီသရုပ်ဖော်မှုက Billie ဟာ အော်ဂလီဆန်စရာ
    လို့ သင့်ကို ခံစားမိသလောက် ဖြစ်စေခဲ့လား။
  • 0:58 - 1:01
    Billie ရဲ့ခြေထောက်တွေဟာ တကယ်တော့
    ခေါက်ဆွဲတွေ မဟုတ်တာ ရိပ်စားမိပါတယ်။
  • 1:01 - 1:04
    Billie အတွက် ချက်ထားတဲ့ ခေါက်ဆွဲလို
    ပျော့နေတယ်လို့ သူတို့ ခံစားမိတယ်။
  • 1:04 - 1:07
    ဒါက သွယ်ဝိုက် နှိုင်းယှဉ်မှုတစ်ခု၊
    ဥပစာတစ်ခုပါ။
  • 1:07 - 1:10
    ဒီတော့ ဘာလို့ ဒီလို ရိုးရိုး မရေးတာလဲ။
  • 1:10 - 1:13
    "Billie ဟာ အော်ဂလီဆန်ပြီး အားနည်းတယ်။"
  • 1:13 - 1:18
    ဖြစ်နိုင်တာကတော့ ဒုတိယ သရုပ်ဖော်ချက်ဟာ
    ပထမဟာလောက် ကွက်ကွက်ကွင်းကွင်း မဖြစ်တာပါ။
  • 1:18 - 1:21
    စိတ်ကူးယဉ်ဝတ္ထုရဲ့ အဓိကအချက်က
    ညှို့ယူ ဖမ်းစားဖို့ပါ၊
  • 1:21 - 1:26
    ဇာတ်လမ်းရဲ့ကမ္ဘာထဲမှာ သင် နေထိုင်နေတဲ့
    တဒင်္ဂသာကြာတဲ့ အရိပ်အယောင်တစ်ခုပါ။
  • 1:26 - 1:28
    စိတ်ကူးယဉ် ဝတ္ထုဟာ အာရုံတွေကိုဆွဲဆောင်တယ်။
  • 1:28 - 1:31
    ဇာတ်ကောင်တွေမှာ ရှိနေတဲ့ အတွေ့အကြုံတွေရဲ့
  • 1:31 - 1:34
    ထင်ရှားတဲ့ စိတ်ပိုင်း အသွင်တူတွေကို
    ကူညီဖန်တီးပေးတယ်။
  • 1:34 - 1:37
    ဇာတ်စင်နဲ့ ပိတ်ကားက ကျွန်ုပ်တို့ရဲ့
    အာရုံတွေကို တိုက်ရိုက် ဆွဲဆောင်တယ်။
  • 1:37 - 1:42
    ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်း အပြင်အဆင်ရဲ့
    တုံ့လှည်မှုတွေကို မြင်ရ၊ကြားရတယ်။
  • 1:42 - 1:43
    ဒါပေမဲ့ စကားပြေ စိတ်ကူးယဉ် ဝတ္ထုက
  • 1:43 - 1:48
    ကွဲပြားနေတဲ့ နောက်ခံတစ်ခုပေါ်က
    ငြိမ်နေတဲ့ သင်္ကေတပဲရှိတာပါ။
  • 1:48 - 1:52
    ဇာတ်လမ်းကို အရှိအတိုင်း မမြင်သာတဲ့
    ဘာသားစကားနဲ့ သရုပ်ဖော်ရင်
  • 1:52 - 1:54
    ဖမ်းစားမှုက အားနည်းတဲ့တစ်ခု
    ဖြစ်သွားတဲ့ အလားအလာပါ။
  • 1:54 - 1:58
    စာဖတ်သူက အကွေးအတွန့်တွေကို အနက်ကောက်တာကို
    ကျော်ကာအများကြီး မရောက်လောက်ဘူး။
  • 1:58 - 2:00
    Billie ဘယ်လို ခံစားရတာကို
    သူ နားလည်ပေမဲ့
  • 2:00 - 2:04
    Billie ခံစားရတာကိုတော့
    ခံစားမိမှာ မဟုတ်ဘူး။
  • 2:04 - 2:07
    ဇာတ်လမ်းရဲ့ကမ္ဘာမှာ နစ်မနေဘဲ ဖတ်နေရင်း
  • 2:07 - 2:13
    တစ်ချိန်တည်းမှာ Billie ကိုယ်တိုင်လုပ်တဲ့
    သူ့ရဲ့ဘဝ အမှန်တရားတွေကို ရှာဖွေလိမ့်မယ်။
  • 2:13 - 2:16
    စိတ်ကူးယဉ် ဝတ္ထုဟာ ကျွန်တော်တို့ရဲ့
    အာရုံတွေနဲ့အတူ ကစားပါတယ်။
  • 2:16 - 2:17
    အရသာ၊
  • 2:17 - 2:18
    အနံ့၊
  • 2:18 - 2:19
    အထိအတွေ့၊
  • 2:19 - 2:20
    အကြား၊
  • 2:20 - 2:21
    အမြင်နဲ့
  • 2:21 - 2:23
    လှုပ်ရှားမှု သဘောပါ။
  • 2:23 - 2:29
    ရှုပ်ထွေးတဲ့ ဆက်စပ်မှုတွေကို ထုတ်နှုတ်၊
    ဖန်တီးနိုင်စွမ်းနဲ့လည်း ကစားပါတယ်။
  • 2:29 - 2:31
    အောက်ပါ ဝါကျကို ကြည့်ပါ။
  • 2:31 - 2:33
    "ကမ္ဘာက တစ္ဆေ-တိတ်ဆိတ်မှုဖြစ်ခဲ့တယ်။
  • 2:33 - 2:38
    ရွက်တွေရဲ့ အက်ကွဲသံနဲ့ လှေဝမ်းကို
    တိုက်တဲ့ ရေဗလုံထိုးသံကလွဲလို့ပေါ့။
  • 2:38 - 2:41
    "တိတ်ဆိတ်" "အက်ကွဲသံ" နဲ့
    "ဗလုံထိုး" စကားလုံးတွေဟာ
  • 2:41 - 2:43
    အကြားအာရုံကို ဆွဲဆောင်စေတယ်။
  • 2:43 - 2:47
    Buckell ဟာ ယေဘုယျ စကားလုံး
    အသံ မသုံးတာ သတိပြုပါ။
  • 2:47 - 2:53
    သူရွေးတဲ့ စကားလုံးတိုင်းဟာ အသံရဲ့
    ထူးခြားတဲ့ အရည်အသွေးကို လှုံ့ဆော်တယ်။
  • 2:53 - 2:56
    ဒီနောက်မှာ ပန်ချီဆရာတစ်ဦးက
    ပန်ချိကားတစ်ချပ်အတွက် ဖွဲ့စပ်ပုံ
  • 2:56 - 2:59
    သဘောကိုပေးဖို့ အရောင်ရဲ့
    ဆေးရည်တွေမှာ လွှာထပ်သလို
  • 2:59 - 3:04
    နောက်တစ်လွှာ လှုပ်ရှားမှု
    "ရွက်များရဲ့ အက်ကွဲသံ"
  • 3:04 - 3:08
    အထိအတွေ့"လှေဝမ်းကိုတိုက်တဲ့
    ရေဗလုံထိုးသံကို ထပ်ပေါင်းတယ်။
  • 3:08 - 3:11
    နောက်ဆုံးမှာ တစ္ဆေ စကားလုံးကို
    တိတ်ဆိတ်မှု စကားလုံးနဲ့
  • 3:11 - 3:15
    ချိတ်ဆက်ရင်း စိတ္တဇ
    ဆက်သွယ်မှုတစ်ခုကို ပေးတယ်
  • 3:15 - 3:17
    စာဖတ်သူနဲ့ အတွေ့အကြုံကြားမှာ
  • 3:17 - 3:19
    အပြုံးရဲ့ ခပ်ခွာခွာ အလွှာတစ်ခု
    ထည့်ပေးမယ့်
  • 3:19 - 3:21
    "တစ္ဆေတစ်ကောင်လို
    တိတ်ဆိတ်"မဟုတ်ဘူး။
  • 3:21 - 3:26
    ဒီအစား Buckell က မဖုံးကွယ်တာထက်
    သွယ်ဝိုက်တဲ့ နှိုင်းယှဉ်တစ်ခုအတွက်
  • 3:26 - 3:29
    ဥပစာ "တစ္ဆေ-တိတ်ဆိတ်မှု" ကို
    ဖန်တီးလိုက်တယ်။
  • 3:29 - 3:32
    စာရေးသူတွေကို အပ်ကြောင်းထပ်တာတွေ
    ရှောင်ဖို့ အမြဲပြောတယ်။
  • 3:32 - 3:36
    အကြောင်းက အလွန်အ သုံးထားတဲ့ ပုံရိပ်တစ်ခု
    မှာ စာဖတ်သူ ပါဝင်မှုက အလွန်နည်းလို့ပါ။
  • 3:36 - 3:38
    ဥပမာ "နှင်းဆီလို နီရဲနေတယ်"။
  • 3:38 - 3:39
    ဒါပေမဲ့ ပေးတာက
  • 3:39 - 3:42
    "အချစ်ဟာ ကမ်းခြေတစ်ခုမှာ စတင်ခဲ့တယ်။
  • 3:42 - 3:47
    Jacob က ချယ်ရီရင့်ရင့် ဝတ်စုံနဲ့
    Anette ကို တွေ့တဲ့နေ့မှာ စတင်ခဲ့တယ်"
  • 3:47 - 3:50
    သူတို့ဦးနှောက်တွေဟာ ချယ်ရီရင့်ရင့် ဝတ်စုံက
    ဘယ်လိုဆိုတာ
  • 3:50 - 3:53
    မှန်းဆနေတဲ့ စိတ်ဝင်စားဖွယ်
    အလုပ်မှာ ပါဝင်နေတယ်။
  • 3:53 - 3:57
    ရုတ်တရက် သူတို့ဟာ ချစ်မိသွားကြဖို့
    ကမ်းခြေတစ်ခုကို ရောက်သွားတယ်။
  • 3:57 - 4:01
    အလိုအလျောက်နဲ့ အယူအဆအပေါ် အခြေခံတဲ့
    အဆင့်နှစ်ခုစလုံးမှာ ဇာတ်လမ်းကို ခံစားတယ်။
  • 4:01 - 4:04
    အာရုံတွေရဲ့ တက်ကြွတဲ့
    ကမ္ဘာတစ်ခုဖန်ဆင်းခြင်းရဲ့
  • 4:04 - 4:08
    စိတ်ကူးယဉ် ပြဇာတ်ထဲမှာ စာရေးသူနဲ့
    အပေးအယူလုပ်နေတယ်။
  • 4:08 - 4:11
    ဒီတော့ သင် စာရေးတဲ့အခါ
    အသံ၊ အမြင်၊ အရသာ၊အတွေ့အထိ၊ အနုံ့နဲ့
  • 4:11 - 4:16
    လှုပ်ရှားမှုကို ဆွဲဆောင်စေဖို့ အသေအချာ
    ရွေးထားတဲ့ စကားလုံးတွေကို သုံးပါ။
  • 4:16 - 4:21
    ဒီနောက် ဇာတ်လမ်း အရိပ်အယောင်တွေကြားမှာ
    မမျှော်လင့်တဲ့ ဂယက်အနက်တွေ ဖန်တီးပြီး
  • 4:21 - 4:25
    သင့်စာဖတ်သူတွေရဲ့ တောမီး စိတ်အာရုံတွေကို
    မီးရှို့ပေးလိုက်ပါ။
Title:
အသက်ဝင်လာစေတဲ့ စိတ်ကူးယဉ်ဝတ္ထုရေးနည်း။ Nalo Hopkinson
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/how-to-write-fiction-that-comes-alive-nalo-hopkinson ကို ကြည့်ပါ။
စိတ်ကူးယဉ်ဝတ္ထုရဲ့ အဓိကအချက်က ညှို့ယူ ဖမ်းစားဖို့ပါ၊ ဇာတ်လမ်းရဲ့ကမ္ဘာထဲမှာ သင် နေထိုင်နေတဲ့ တဒင်္ဂသာကြာတဲ့ အရိပ်အယောင်တစ်ခုပါ။ ဒါပေမဲ့ စာရေးသူတစ်ယောက်အနေနဲ့ ဒီနည်းလမ်းနဲ့ သင့်ဇာတ်လမ်းတွေထဲကို သင့်ရဲ့စာဖတ်ပရိသတ်ကို ဘယ်လို ပါဝင်ပတ်သက်အောင်လုပ်လဲ။ Nalo Hopkinson ကနေပြီး သင့်စိတ်ကူးယဉ်ဝတ္ထုကို အသက်ဝင်လာစေအောင် ဘာသာစကားကို အသုံးပြုနည်း အကြံပြုချက်တွေကို မျှဝေထားပါတယ်။
သင်ခန်းစာကို Nalo Hopkinson က ပြုစုပြီး လှုပ်ရှားမှု ရုပ်ပုံများကိုတော့ Enjoyanimation က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:42

Burmese subtitles

Revisions