Return to Video

အမှုန်တွေနဲ့ လှိုင်းတွေ- ကွမ်တမ်မက္ကင်းနစ်ရဲ့ ပဓာန ဆန်းပြားချက် - Chad Orzel

  • 0:07 - 0:10
    ရူပဗေဒမှာ အံဩစရာ
    အကောင်းဆုံးတွေ အချက်တစ်ချက်က
  • 0:10 - 0:14
    အလင်းမှ အစ၊ အီလက်ထရွန်တွေ အလယ်၊
    အက်တမ်တွေ အဆုံး၊ စကြ၀ဠာထဲ ရှိရှိသမျှဟာ
  • 0:14 - 0:18
    တစ်ချိန်တည်းမှာ အမှုန်လိုရော လှိုင်းလိုရော
    နှစ်မျိုးစလုံး ပြုမှုနေကြတာပါပဲ။
  • 0:18 - 0:22
    ရှုပ်ထွေးပါတယ်လို့ ခင်ဗျား ကြားထားတဲ့
    ကွမ်တမ်ရူပဗေဒဆိုင်ရာ တခြားဟာတွေက
  • 0:22 - 0:27
    ရှရိုးဒင်းဂါး ကြောင်၊ ကြွေအံကစားတဲ့ ဘုရား၊
    အဝေးမှ ခြောက်လှန့်ခြင်း ဆိုတာတွေပါ။
  • 0:27 - 0:29
    ဒါတွေ အကုန်လုံးက အရာရာတိုင်းမှာ
  • 0:29 - 0:33
    လှိုင်းနဲ့ အမှုန် သဘာ၀နှစ်မျိုး ရှိတဲ့
    အချက်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။
  • 0:33 - 0:34
    ဒါက အူကြောင်ကြောင် ထင်စရာပါပဲ။
  • 0:34 - 0:38
    ခင်ဗျား၊ ကိုယ့်ဝန်းကျင်ကြည့်ရင် ကျောက်ခဲ
    တွေ၊ ရေထဲက လှိုင်းတွေရယ် မြင်ပါလိမ့်မယ်
  • 0:38 - 0:40
    ဒါတွေတူစရာက ဘာအကြောင်းမှမရှိဘဲ။
  • 0:40 - 0:42
    ဒါတွေကို ပေါင်းဖို့ စဉ်းစားတာ ဘာကြောင့်လဲ။
  • 0:42 - 0:46
    ဒီအရာတွေကို ရူပဗေဒပညာရှင်တွေ ရောစပ်ဖို့
    မဆုံးဖြတ်ခဲ့ကြတာက ဘယ်ကမှ ယူမရလို့ပါ။
  • 0:46 - 0:49
    အဲဒါ အစား၊ ဩကာသလောကရဲ့ ဒွိသဘာ၀ကို
    သူတို့က ပဟေဠိရဲ့ အစိတ်အပိုင်းတွေလို
  • 0:49 - 0:52
    အထောက်အထားလေး များစွာကို
    အထိုင်တွဲချရင်း
  • 0:52 - 0:56
    အကွက်စိပ်စိပ် လုပ်ကိုင်မှုမှတဆင့်
    ဦးတည် ဆောင်ရွက်သွားကြပါတယ်။
  • 0:56 - 1:00
    ၁၉၀၅ မှာ အလင်းရဲ့ ဒွိသဘာ၀ကို
    တစူးတနစ် အကြံပြုတဲ့ ပထမဆုံး ပုဂ္ဂိုလ်က
  • 1:00 - 1:03
    Albert Einstein ပါ။
  • 1:03 - 1:07
    ဒါပေမဲ့ သူ့ရှေ့က Max Planck ရဲ့
    စိတ်ကူးကို သူ ထုတ်နုတ်ယူလိုက်တာပါ။
  • 1:07 - 1:10
    Planck က မီလုံးထဲက မီးစာလို
    ပူတဲ့ အရာတွေမှ ထုတ်တဲ့
  • 1:10 - 1:12
    အလင်းတွေကို ရှင်းပြခဲ့ပေမဲ့
    ဒါကို ရှင်းဖို့
  • 1:12 - 1:14
    သူ လိုအပ်တဲ့ အလွန်ထိရောက်
    အရေးပါတဲ့ လှည့်ကွက်က...
  • 1:14 - 1:17
    ၀တ္ထုကို အလင်းကြိမ်နှုန်း အပေါ်မှီခိုတဲ့
    တုန်ခါနေတဲ့ အရာတွေနဲ့
  • 1:17 - 1:20
    ပြုလုပ်ကြောင်း၊ ၎င်းတို့က
    စွမ်းအင်ယူနစ် တစ်ခုရှိတဲ့
  • 1:20 - 1:24
    သဘောဖြင့်သာ အလင်းကို
    ထုတ်လွှတ်ကြောင်း ဖော်ပြခဲ့ပါတယ်။
  • 1:24 - 1:28
    Planck က အဲဒါကို မကြိက်ပေမဲ့ ဒီအချက်ကို
    ယူပြီး Einsten က ဆက်ဆောင်ရွက်ခဲ့ပါတယ်။
  • 1:28 - 1:32
    သူက၊ Planck ရဲ့ စိတ်ကူးကို
    အလင်းမှာပဲ အသုံးချလိုက်ပြီး..
  • 1:32 - 1:36
    လူတကာက လှိုင်းလို့သိတဲ့ အလင်းဟာ တကယ်တော့
    တစ်ခုစီအနေနဲ့ တိကျတဲ့ စွမ်းအင်ပမာဏ
  • 1:36 - 1:39
    ဆောင်တဲ့ ဖိုတွန်တွေရဲ့
    စီတန်း စီးဆင်းမှုတရပ်ပါ။
  • 1:39 - 1:44
    Einstein ကိုယ်၌က ဒါကို သူလုပ်ခဲ့တာ ဧကံ
    ပြောင်းလဲမှုတွေ လုပ်တာလို့ဆိုပေမဲ့
  • 1:44 - 1:49
    ဒါက၊ သတ္ထုပေါ် အလင်းကျရောက်ပါက လွတ်လပ်
    အီလက်ထရွန်ကို တိုက်ထုတ်တာကို ရှင်းပြပါတယ်။
  • 1:49 - 1:53
    ဒီစိတ်ကူးကို မုန်းသူများပင်၊ လက်တွေ့မှာ
    ဒါက ထက်မြက်ကြောင်းကို သဘောတူရပါတယ်။
  • 1:53 - 1:57
    ပဟေဠိ နောက် တပိုင်းက အင်္ဂလန်က
    Ernest Rutherford ထံမှ လာပါတယ်။
  • 1:57 - 2:02
    ၁၉၀၉ တွင် Ernest Marsden နဲ့ Hans Geiger
    တို့က Rutherford ကို ကူလုပ်ပေးရင်း
  • 2:02 - 2:05
    ရွှေအက်တမ်ကို alpha
    အမှုန်တွေနဲ့ ပစ်ကြည့်တော့...
  • 2:05 - 2:09
    တချို့က နောက်ဘက်သို့ ပြန်ကန်ထွက်ကြောင်း
    တွေ့ရလို့ အသက်ရှုမှားအောင် အံဩခဲ့ကြရပါတယ်။
  • 2:09 - 2:14
    ဒါက သေးလွန်းတဲ့ နျူးကလိယပ်ထဲမှာ အက်တမ့်
    ဒြပ်ထုအများစုကို စုဝေးထားကြောင်း ပြသပါတယ်။
  • 2:14 - 2:16
    ကျောင်းမှာသင်ရတဲ့ ကာတွန်းအက်တမ်မှာ
    အီလက်ထရွန်တွေဟာ
  • 2:16 - 2:19
    နေအဖွဲ့အစည်း ပုံစံငယ်တစ်ခုလို
    လှည့်ပတ်နေတဲ့ ပုံစံဟာ
  • 2:19 - 2:21
    Rutherford ရဲ့ အက်တမ်ပုံစံပါပဲ။
  • 2:21 - 2:25
    Rutherford အက်တမ်မှာ ရှင်းမပြနိုင်တဲ့
    ပြဿနာလေး တစ်ခုက-
  • 2:25 - 2:27
    ဝေ့လည်နေတဲ့ အီလက်ထရွန်က
    အလင်း ထုတ်လွှတ်ပြီး
  • 2:27 - 2:29
    ရေဒီယိုလှိုင်းတွေ၊ X ရောင်ခြည်တွေ
    ထုတ်လွှတ်ဖို့လည်း
  • 2:29 - 2:33
    တစ်လျှောက်လုံး သုံနေကြောင်း ရှေးရိုးစွဲ
    ရူပဗေဒက ကျုပ်တို့ကို ထောက်ပြပါတယ်။
  • 2:33 - 2:38
    ဒီတော့ အီလက်ထရွန်တွေဟာ နျူးကလိယပ်ထဲကို
    ခရုဗွေလမ်းကြောင်းအတိုင်း ပျက်မကျခင်
  • 2:38 - 2:41
    Rutherford အက်တမ်တွေဟာ X ရောင်ခြည်ကို
    ဘက်ပေါင်းစုံသို့ ထုတ်လွှင့်သင့်ပါတယ်။
  • 2:41 - 2:46
    Rutherford နဲ့တွဲလုပ်သူ ဒိန်းမတ်လူမျိုး
    ရူပဗေဒ သီအိုရီသမား Niels Bohr က
  • 2:46 - 2:48
    အက်တမ်တွေ တည်ရှိနေကြတာ
    ထင်ရှားနေကြောင်း ထောက်ပြခဲ့ပါတယ်။
  • 2:48 - 2:51
    ဒီတော့ ရူပဗေဒ ဥပဒေသတွေကို
    ပြောင်းဖို့ လိုအပ်ပါတော့တယ်။
  • 2:51 - 2:55
    တိကျတဲ့ အထူး ပတ်လမ်းမှာ ရှိတဲ့ အီလက်ထရွန်
    တစ်လုံးဟာ မည်သည့် အလင်းကိုမှ
  • 2:55 - 2:57
    မထုတ်လွှတ်ကြောင်း Bohr က အဆိုပြုခဲ့ပါတယ်။
  • 2:57 - 3:02
    အီလက်ထရွန်တွေ ပတ်လမ်းပြောင်းချိန်မှာသာ
    အက်တမ်တွေက အလင်းကို စုပ်ယူ သို့မဟုတ်...
  • 3:02 - 3:05
    ထုတ်လွှတ်ပြီးတော့ အလင်းရဲ့ ကြိမ်နှုန်းမှာ
    Planckနဲ့ Einstein
  • 3:05 - 3:09
    မိတ်ဆက်ခဲ့တဲ့ နည်းလမ်းအတိုင်း
    စွမ်းအင်ခြားနားချက် အပေါ်မူတည်ပါတယ်။
  • 3:09 - 3:11
    Bohr အက်တမ်က Rutherford
    ပြဿနာကို မွမ်းမံပြီး
  • 3:11 - 3:15
    အက်တမ်တွေက အလင်းရဲ့ အရောင်ကို တိကျစွာ
    ထုတ်လွှတ်ကြောင်း ရှင်းပြလိုက်ပါတယ်။
  • 3:15 - 3:17
    ဒြပ်စင်တိုင်းက ကိုယ်ပိုင်
    အထူးပတ်လမ်းတွေရှိပြီး
  • 3:17 - 3:20
    ဒါကြောင့်ပဲ သူမတူတဲ့ ကြိမ်နှုန်း
    အစုံလိုက်ကို ပိုင်ပါတယ်။
  • 3:20 - 3:22
    Bohr ပုံစံမှာရှိတဲ့ ပြဿနာလေး တစ်ခုကတော့
  • 3:22 - 3:26
    ထိုပတ်လမ်းတွေ အထူးဖြစ်ခြင်း အတွက်
    အကြောင်းရင်းကို ဖော်ပြမထားခြင်းပါ။
  • 3:26 - 3:29
    သို့သော် ပြင်သစ်လူမျိုး ပါရဂူကျောင်းသား
    Louis de Broglie က
  • 3:29 - 3:31
    အရာရာတိုင်းကို ဒုံရင်းဆီ ပြန်သယ်သွားပါတယ်။
  • 3:31 - 3:34
    သူထောက်ပြလိုက်တာက..
    လှိုင်းလို့ လူတိုင်း သိကြတဲ့ အလင်းက
  • 3:34 - 3:35
    အမှုန်လို ပြုမူရင်
  • 3:35 - 3:39
    အမှုန်လို့ လူတိုင်း သိကြတဲ့
    အီလက်ထရွန်ဟာလည်း၊
  • 3:39 - 3:41
    လှိုင်းကဲ့သို့ ပြုမူနိုင်ကြောင်းကိုပါ။
  • 3:41 - 3:43
    အီလက်ထရွန်တွေက လှိုင်းဖြစ်ရင်
  • 3:43 - 3:46
    Bohrရဲ့ စည်းမျဉ်းကို ဖြေရှင်းဖို့
    အထူးပတ်လမ်းဆိုတာကို ဖယ်ဖို့လွယ်သွားပါပြီ။
  • 3:46 - 3:49
    အီလက်ထရွန်တွေက လှိုင်းတွေလို
    ပြုမူကြောင်း စိတ်ကူးကို
  • 3:49 - 3:51
    ကိုယ်ကရချိန်မှာ ဒါကို ရှာနိုင်ပါပြီ။
  • 3:51 - 3:54
    ဒီလိုနဲ့ နှစ်အနည်း ငယ်အတွင်းမှာပဲ
    US နဲ့ UK က သိပ္ပံပညာရှင်တွေက
  • 3:54 - 3:57
    အီလက်ထရွန်တွေထံမှ လှိုင်းလိုအပြုအမှုကို
    တွေ့သွားခဲ့ပါတယ်။
  • 3:57 - 4:00
    ဒီကနေ့မှာ ဒါကို ရှင်းပြတဲ့ အံဩဖွယ်ရာ
    သရုပ်ပြကွက် တစ်ခုရှိတာက...
  • 4:00 - 4:05
    အပေါက်ဖောက်ထားတဲ့ အဟန့်အတားတစ်ခုကို
    အီလက်ထရွန်တွေနဲ့ တစ်လုံးချင်းစီ ပစ်လျက်
  • 4:05 - 4:09
    သီးခြားနေရာ၊ သီးခြားအချိန်မှာ အီလက်ထရွန်
    တစ်လုံးစီကို အမှုန်တစ်မှုန်လို
  • 4:09 - 4:10
    ဖမ်းယူ ထောက်လှမ်းမိမှာပါ။
  • 4:10 - 4:12
    ဒါပေမဲ့ စမ်းသပ်ချက်ကို
    ကြိမ်ဖန်များစွာ ပြုပါက
  • 4:12 - 4:17
    တစ်ခုချင်းစီဖြစ်တဲ့ အီလက်ထရွန်အားလုံးက
    လှိုင်းအပြုအမှု လက္ခဏာဖြစ်တဲ့
  • 4:17 - 4:19
    အစင်းကြောင်းတွေ ပုံစံ ပေါ်လာပါတော့တယ်။
  • 4:19 - 4:22
    အမှုန်တွေက လှိုင်းတွေလိုပြုမှုကာ
    အပြန်အလှန်အနေနဲ့လည်း မှန်တာက...
  • 4:22 - 4:25
    ရူပဗေဒမှာ အဆန်းဆုံးနဲ့ စွမ်းအား
    အကောင်းဆုံးအနက် တစ်ခုပဲဖြစ်ပါတယ်။
  • 4:25 - 4:27
    Richard Feynman က
    ကွမ်တမ်မက္ကင်းနစ်မှာ
  • 4:27 - 4:31
    ဒီကိစ္စဟာ ပဓာန ဆန်းပြားမှုရဲ့ သာဓကပါလို့
    အထင်ကရပြောသွားပါတယ်။
  • 4:31 - 4:33
    ကျန်တာတွေကတော့ ပဟေဠိရဲ့
    အစိတ်အပိုင်းတွေ
  • 4:33 - 4:36
    သူ့အကွက်နေရာသူ ဝင်ယူသွားသလိုပါပဲ။
Title:
အမှုန်တွေနဲ့ လှိုင်းတွေ- ကွမ်တမ်မက္ကင်းနစ်ရဲ့ ပဓာန ဆန်းပြားချက် - Chad Orzel
Description:

သင်ခန်းစာ အပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/particles-and-waves-the-central-mystery-of-quantum-mechanics-chad-orzel

ရူပဗေဒမှာ အံဩစရာကောင်းတဲ့ အချက်တွေအနက် တစ်ချက်က အလင်းမှ အစ၊ အီလက်ထရွန်တွေ အလယ်၊ အက်တမ်တွေ အဆုံး၊ စကြ၀ဠာထဲမှာ ရှိရှိသမျှအရာတိုင်းဟာ အမှုန် တစ်မှုန်လိုရော၊ လှိုင်း တစ်လှိုင်းလိုပါ တချိန်တည်း၊ တပြိုင်တည်းမှာ ပြုမူကြတာပါ။ ဒါပေမဲ့ ရူပဗေဒ ပညာရှင်တွေဟာ ဒီ လက်ဖျားခါလောက်အောင် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ နိဂုံးတစ်ရပ်ကို ဘယ်လိုများ ကောက်ချက်ဆွဲခဲ့ကြသလဲ။ ကွမ်တမ်မက္ကင်းနစ်ရဲ့ ဒီ ပဓာန ဆန်းကြယ်ထွေပြားမှု သဘောတရားထံ ရောက်ရှိဖို့ရာ နောက်တစ်ဦးက၊ ရှေ့တစ်ဦးရဲ့ ရှာဖွေတွေ့ရှိမှုအပေါ် တည်ဆောက်သွားကြတဲ့ သိပ္ပံပညာရှင်တွေ တသီတတန်းကြီးကို Chad Orzel က ပြန်ပြောင်းဖော်ပြထားပါတယ်။

သင်ခန်းစာတင်ဆက်သူ- Chad Orzel, ရုပ်သံလှုပ်ရှားမှု ပုံရိပ်- Joana Bartolomeu။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:52

Burmese subtitles

Revisions