1 00:00:06,735 --> 00:00:10,151 ရူပဗေဒမှာ အံဩစရာ အကောင်းဆုံးတွေ အချက်တစ်ချက်က 2 00:00:10,151 --> 00:00:13,758 အလင်းမှ အစ၊ အီလက်ထရွန်တွေ အလယ်၊ အက်တမ်တွေ အဆုံး၊ စကြ၀ဠာထဲ ရှိရှိသမျှဟာ 3 00:00:13,758 --> 00:00:18,163 တစ်ချိန်တည်းမှာ အမှုန်လိုရော လှိုင်းလိုရော နှစ်မျိုးစလုံး ပြုမှုနေကြတာပါပဲ။ 4 00:00:18,163 --> 00:00:21,625 ရှုပ်ထွေးပါတယ်လို့ ခင်ဗျား ကြားထားတဲ့ ကွမ်တမ်ရူပဗေဒဆိုင်ရာ တခြားဟာတွေက 5 00:00:21,625 --> 00:00:26,549 ရှရိုးဒင်းဂါး ကြောင်၊ ကြွေအံကစားတဲ့ ဘုရား၊ အဝေးမှ ခြောက်လှန့်ခြင်း ဆိုတာတွေပါ။ 6 00:00:26,549 --> 00:00:28,747 ဒါတွေ အကုန်လုံးက အရာရာတိုင်းမှာ 7 00:00:28,747 --> 00:00:32,561 လှိုင်းနဲ့ အမှုန် သဘာ၀နှစ်မျိုး ရှိတဲ့ အချက်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ 8 00:00:32,561 --> 00:00:34,432 ဒါက အူကြောင်ကြောင် ထင်စရာပါပဲ။ 9 00:00:34,432 --> 00:00:38,243 ခင်ဗျား၊ ကိုယ့်ဝန်းကျင်ကြည့်ရင် ကျောက်ခဲ တွေ၊ ရေထဲက လှိုင်းတွေရယ် မြင်ပါလိမ့်မယ် 10 00:00:38,243 --> 00:00:39,758 ဒါတွေတူစရာက ဘာအကြောင်းမှမရှိဘဲ။ 11 00:00:39,758 --> 00:00:41,876 ဒါတွေကို ပေါင်းဖို့ စဉ်းစားတာ ဘာကြောင့်လဲ။ 12 00:00:41,876 --> 00:00:46,035 ဒီအရာတွေကို ရူပဗေဒပညာရှင်တွေ ရောစပ်ဖို့ မဆုံးဖြတ်ခဲ့ကြတာက ဘယ်ကမှ ယူမရလို့ပါ။ 13 00:00:46,035 --> 00:00:49,439 အဲဒါ အစား၊ ဩကာသလောကရဲ့ ဒွိသဘာ၀ကို သူတို့က ပဟေဠိရဲ့ အစိတ်အပိုင်းတွေလို 14 00:00:49,439 --> 00:00:51,887 အထောက်အထားလေး များစွာကို အထိုင်တွဲချရင်း 15 00:00:51,887 --> 00:00:56,131 အကွက်စိပ်စိပ် လုပ်ကိုင်မှုမှတဆင့် ဦးတည် ဆောင်ရွက်သွားကြပါတယ်။ 16 00:00:56,131 --> 00:01:00,372 ၁၉၀၅ မှာ အလင်းရဲ့ ဒွိသဘာ၀ကို တစူးတနစ် အကြံပြုတဲ့ ပထမဆုံး ပုဂ္ဂိုလ်က 17 00:01:00,372 --> 00:01:03,078 Albert Einstein ပါ။ 18 00:01:03,078 --> 00:01:06,651 ဒါပေမဲ့ သူ့ရှေ့က Max Planck ရဲ့ စိတ်ကူးကို သူ ထုတ်နုတ်ယူလိုက်တာပါ။ 19 00:01:06,651 --> 00:01:09,814 Planck က မီလုံးထဲက မီးစာလို ပူတဲ့ အရာတွေမှ ထုတ်တဲ့ 20 00:01:09,814 --> 00:01:11,812 အလင်းတွေကို ရှင်းပြခဲ့ပေမဲ့ ဒါကို ရှင်းဖို့ 21 00:01:11,813 --> 00:01:14,264 သူ လိုအပ်တဲ့ အလွန်ထိရောက် အရေးပါတဲ့ လှည့်ကွက်က... 22 00:01:14,264 --> 00:01:17,274 ၀တ္ထုကို အလင်းကြိမ်နှုန်း အပေါ်မှီခိုတဲ့ တုန်ခါနေတဲ့ အရာတွေနဲ့ 23 00:01:17,274 --> 00:01:20,086 ပြုလုပ်ကြောင်း၊ ၎င်းတို့က စွမ်းအင်ယူနစ် တစ်ခုရှိတဲ့ 24 00:01:20,086 --> 00:01:23,549 သဘောဖြင့်သာ အလင်းကို ထုတ်လွှတ်ကြောင်း ဖော်ပြခဲ့ပါတယ်။ 25 00:01:23,550 --> 00:01:28,334 Planck က အဲဒါကို မကြိက်ပေမဲ့ ဒီအချက်ကို ယူပြီး Einsten က ဆက်ဆောင်ရွက်ခဲ့ပါတယ်။ 26 00:01:28,338 --> 00:01:31,678 သူက၊ Planck ရဲ့ စိတ်ကူးကို အလင်းမှာပဲ အသုံးချလိုက်ပြီး.. 27 00:01:31,683 --> 00:01:36,179 လူတကာက လှိုင်းလို့သိတဲ့ အလင်းဟာ တကယ်တော့ တစ်ခုစီအနေနဲ့ တိကျတဲ့ စွမ်းအင်ပမာဏ 28 00:01:36,179 --> 00:01:38,569 ဆောင်တဲ့ ဖိုတွန်တွေရဲ့ စီတန်း စီးဆင်းမှုတရပ်ပါ။ 29 00:01:38,569 --> 00:01:43,997 Einstein ကိုယ်၌က ဒါကို သူလုပ်ခဲ့တာ ဧကံ ပြောင်းလဲမှုတွေ လုပ်တာလို့ဆိုပေမဲ့ 30 00:01:43,997 --> 00:01:49,122 ဒါက၊ သတ္ထုပေါ် အလင်းကျရောက်ပါက လွတ်လပ် အီလက်ထရွန်ကို တိုက်ထုတ်တာကို ရှင်းပြပါတယ်။ 31 00:01:49,122 --> 00:01:53,396 ဒီစိတ်ကူးကို မုန်းသူများပင်၊ လက်တွေ့မှာ ဒါက ထက်မြက်ကြောင်းကို သဘောတူရပါတယ်။ 32 00:01:53,396 --> 00:01:57,158 ပဟေဠိ နောက် တပိုင်းက အင်္ဂလန်က Ernest Rutherford ထံမှ လာပါတယ်။ 33 00:01:57,158 --> 00:02:01,990 ၁၉၀၉ တွင် Ernest Marsden နဲ့ Hans Geiger တို့က Rutherford ကို ကူလုပ်ပေးရင်း 34 00:02:01,990 --> 00:02:04,925 ရွှေအက်တမ်ကို alpha အမှုန်တွေနဲ့ ပစ်ကြည့်တော့... 35 00:02:04,925 --> 00:02:08,983 တချို့က နောက်ဘက်သို့ ပြန်ကန်ထွက်ကြောင်း တွေ့ရလို့ အသက်ရှုမှားအောင် အံဩခဲ့ကြရပါတယ်။ 36 00:02:08,983 --> 00:02:14,041 ဒါက သေးလွန်းတဲ့ နျူးကလိယပ်ထဲမှာ အက်တမ့် ဒြပ်ထုအများစုကို စုဝေးထားကြောင်း ပြသပါတယ်။ 37 00:02:14,041 --> 00:02:16,380 ကျောင်းမှာသင်ရတဲ့ ကာတွန်းအက်တမ်မှာ အီလက်ထရွန်တွေဟာ 38 00:02:16,380 --> 00:02:19,381 နေအဖွဲ့အစည်း ပုံစံငယ်တစ်ခုလို လှည့်ပတ်နေတဲ့ ပုံစံဟာ 39 00:02:19,381 --> 00:02:21,261 Rutherford ရဲ့ အက်တမ်ပုံစံပါပဲ။ 40 00:02:21,261 --> 00:02:24,686 Rutherford အက်တမ်မှာ ရှင်းမပြနိုင်တဲ့ ပြဿနာလေး တစ်ခုက- 41 00:02:24,687 --> 00:02:26,733 ဝေ့လည်နေတဲ့ အီလက်ထရွန်က အလင်း ထုတ်လွှတ်ပြီး 42 00:02:26,733 --> 00:02:29,163 ရေဒီယိုလှိုင်းတွေ၊ X ရောင်ခြည်တွေ ထုတ်လွှတ်ဖို့လည်း 43 00:02:29,163 --> 00:02:33,072 တစ်လျှောက်လုံး သုံနေကြောင်း ရှေးရိုးစွဲ ရူပဗေဒက ကျုပ်တို့ကို ထောက်ပြပါတယ်။ 44 00:02:33,072 --> 00:02:37,549 ဒီတော့ အီလက်ထရွန်တွေဟာ နျူးကလိယပ်ထဲကို ခရုဗွေလမ်းကြောင်းအတိုင်း ပျက်မကျခင် 45 00:02:37,549 --> 00:02:41,136 Rutherford အက်တမ်တွေဟာ X ရောင်ခြည်ကို ဘက်ပေါင်းစုံသို့ ထုတ်လွှင့်သင့်ပါတယ်။ 46 00:02:41,136 --> 00:02:45,866 Rutherford နဲ့တွဲလုပ်သူ ဒိန်းမတ်လူမျိုး ရူပဗေဒ သီအိုရီသမား Niels Bohr က 47 00:02:45,866 --> 00:02:48,481 အက်တမ်တွေ တည်ရှိနေကြတာ ထင်ရှားနေကြောင်း ထောက်ပြခဲ့ပါတယ်။ 48 00:02:48,481 --> 00:02:51,210 ဒီတော့ ရူပဗေဒ ဥပဒေသတွေကို ပြောင်းဖို့ လိုအပ်ပါတော့တယ်။ 49 00:02:51,210 --> 00:02:54,818 တိကျတဲ့ အထူး ပတ်လမ်းမှာ ရှိတဲ့ အီလက်ထရွန် တစ်လုံးဟာ မည်သည့် အလင်းကိုမှ 50 00:02:54,818 --> 00:02:57,484 မထုတ်လွှတ်ကြောင်း Bohr က အဆိုပြုခဲ့ပါတယ်။ 51 00:02:57,484 --> 00:03:01,666 အီလက်ထရွန်တွေ ပတ်လမ်းပြောင်းချိန်မှာသာ အက်တမ်တွေက အလင်းကို စုပ်ယူ သို့မဟုတ်... 52 00:03:01,666 --> 00:03:04,582 ထုတ်လွှတ်ပြီးတော့ အလင်းရဲ့ ကြိမ်နှုန်းမှာ Planckနဲ့ Einstein 53 00:03:04,582 --> 00:03:08,732 မိတ်ဆက်ခဲ့တဲ့ နည်းလမ်းအတိုင်း စွမ်းအင်ခြားနားချက် အပေါ်မူတည်ပါတယ်။ 54 00:03:08,732 --> 00:03:10,914 Bohr အက်တမ်က Rutherford ပြဿနာကို မွမ်းမံပြီး 55 00:03:10,914 --> 00:03:15,087 အက်တမ်တွေက အလင်းရဲ့ အရောင်ကို တိကျစွာ ထုတ်လွှတ်ကြောင်း ရှင်းပြလိုက်ပါတယ်။ 56 00:03:15,087 --> 00:03:17,454 ဒြပ်စင်တိုင်းက ကိုယ်ပိုင် အထူးပတ်လမ်းတွေရှိပြီး 57 00:03:17,454 --> 00:03:20,441 ဒါကြောင့်ပဲ သူမတူတဲ့ ကြိမ်နှုန်း အစုံလိုက်ကို ပိုင်ပါတယ်။ 58 00:03:20,441 --> 00:03:22,449 Bohr ပုံစံမှာရှိတဲ့ ပြဿနာလေး တစ်ခုကတော့ 59 00:03:22,449 --> 00:03:25,741 ထိုပတ်လမ်းတွေ အထူးဖြစ်ခြင်း အတွက် အကြောင်းရင်းကို ဖော်ပြမထားခြင်းပါ။ 60 00:03:25,741 --> 00:03:28,631 သို့သော် ပြင်သစ်လူမျိုး ပါရဂူကျောင်းသား Louis de Broglie က 61 00:03:28,635 --> 00:03:30,665 အရာရာတိုင်းကို ဒုံရင်းဆီ ပြန်သယ်သွားပါတယ်။ 62 00:03:30,665 --> 00:03:33,908 သူထောက်ပြလိုက်တာက.. လှိုင်းလို့ လူတိုင်း သိကြတဲ့ အလင်းက 63 00:03:33,908 --> 00:03:35,482 အမှုန်လို ပြုမူရင် 64 00:03:35,483 --> 00:03:38,695 အမှုန်လို့ လူတိုင်း သိကြတဲ့ အီလက်ထရွန်ဟာလည်း၊ 65 00:03:38,695 --> 00:03:40,834 လှိုင်းကဲ့သို့ ပြုမူနိုင်ကြောင်းကိုပါ။ 66 00:03:40,835 --> 00:03:42,538 အီလက်ထရွန်တွေက လှိုင်းဖြစ်ရင် 67 00:03:42,538 --> 00:03:46,253 Bohrရဲ့ စည်းမျဉ်းကို ဖြေရှင်းဖို့ အထူးပတ်လမ်းဆိုတာကို ဖယ်ဖို့လွယ်သွားပါပြီ။ 68 00:03:46,253 --> 00:03:49,070 အီလက်ထရွန်တွေက လှိုင်းတွေလို ပြုမူကြောင်း စိတ်ကူးကို 69 00:03:49,070 --> 00:03:51,047 ကိုယ်ကရချိန်မှာ ဒါကို ရှာနိုင်ပါပြီ။ 70 00:03:51,047 --> 00:03:54,406 ဒီလိုနဲ့ နှစ်အနည်း ငယ်အတွင်းမှာပဲ US နဲ့ UK က သိပ္ပံပညာရှင်တွေက 71 00:03:54,406 --> 00:03:57,289 အီလက်ထရွန်တွေထံမှ လှိုင်းလိုအပြုအမှုကို တွေ့သွားခဲ့ပါတယ်။ 72 00:03:57,289 --> 00:04:00,487 ဒီကနေ့မှာ ဒါကို ရှင်းပြတဲ့ အံဩဖွယ်ရာ သရုပ်ပြကွက် တစ်ခုရှိတာက... 73 00:04:00,487 --> 00:04:04,637 အပေါက်ဖောက်ထားတဲ့ အဟန့်အတားတစ်ခုကို အီလက်ထရွန်တွေနဲ့ တစ်လုံးချင်းစီ ပစ်လျက် 74 00:04:04,637 --> 00:04:08,664 သီးခြားနေရာ၊ သီးခြားအချိန်မှာ အီလက်ထရွန် တစ်လုံးစီကို အမှုန်တစ်မှုန်လို 75 00:04:08,664 --> 00:04:10,119 ဖမ်းယူ ထောက်လှမ်းမိမှာပါ။ 76 00:04:10,119 --> 00:04:12,307 ဒါပေမဲ့ စမ်းသပ်ချက်ကို ကြိမ်ဖန်များစွာ ပြုပါက 77 00:04:12,307 --> 00:04:16,582 တစ်ခုချင်းစီဖြစ်တဲ့ အီလက်ထရွန်အားလုံးက လှိုင်းအပြုအမှု လက္ခဏာဖြစ်တဲ့ 78 00:04:16,582 --> 00:04:18,902 အစင်းကြောင်းတွေ ပုံစံ ပေါ်လာပါတော့တယ်။ 79 00:04:18,902 --> 00:04:22,034 အမှုန်တွေက လှိုင်းတွေလိုပြုမှုကာ အပြန်အလှန်အနေနဲ့လည်း မှန်တာက... 80 00:04:22,035 --> 00:04:25,487 ရူပဗေဒမှာ အဆန်းဆုံးနဲ့ စွမ်းအား အကောင်းဆုံးအနက် တစ်ခုပဲဖြစ်ပါတယ်။ 81 00:04:25,487 --> 00:04:27,427 Richard Feynman က ကွမ်တမ်မက္ကင်းနစ်မှာ 82 00:04:27,437 --> 00:04:31,252 ဒီကိစ္စဟာ ပဓာန ဆန်းပြားမှုရဲ့ သာဓကပါလို့ အထင်ကရပြောသွားပါတယ်။ 83 00:04:31,252 --> 00:04:33,307 ကျန်တာတွေကတော့ ပဟေဠိရဲ့ အစိတ်အပိုင်းတွေ 84 00:04:33,307 --> 00:04:35,992 သူ့အကွက်နေရာသူ ဝင်ယူသွားသလိုပါပဲ။