Return to Video

ရူးသွပ်တဲ့ စိတ်ကူးတွေ ဘာကြောင့် လိုအပ်ပါသလဲ Liam Morrow | TEDxRundleAcademy

  • 0:18 - 0:21
    သာမန်သုံးကြတဲ့ ကွန်ပျူတာတွေရဲ့ နှုန်း
    နှင့် စွမ်းပကားဟာ
  • 0:21 - 0:23
    နှစ်နှစ်ခွဲတိုင်းမှာ နှစ်ဆ ကြီးထွား
    လာနေပါတယ်။
  • 0:23 - 0:26
    ဒီလိုနှုန်းနဲ့သာ ဆက်ပြီး တိုးတက်မယ်ဆိုရင်၊
  • 0:26 - 0:31
    ၂၀၄၅ ခုနှစ်တွင် ကျွန်တော်တို့ ကိုယ်ပိုင်
    အသိစိတ်ရှိတဲ့ ကွန်ပျူတာကို ဖန်တီးနိုင်မယ်။
  • 0:31 - 0:34
    အဲဒီ အချိန်ကာလကို ထူးကဲတဲ့
    အချိန်ဆိုပြီး ဆိုရပါမယ်၊
  • 0:34 - 0:37
    အဲဒီအချိန်မှာ ကွန်ပျူတာဟာ ကျွန်တော်တို့ထက်
    ပိုပြီး စမတ်ကျလာပါမယ်။
  • 0:38 - 0:42
    ဒီဟောပြောခန်းမှာ ကျွန်တော်က
    အဲဒီကွန်ပျူတာဆီမှာ အသိစိတ်
  • 0:42 - 0:45
    ရှိနိုင်ပါ့မလား ဆိုတာကို ဆန်းစစ်ချင်ပါတယ်။
  • 0:45 - 0:49
    ပထမအချက် အနေနဲ့၊ ဦးနှောက်ရဲ့ ဘယ်အပိုင်းက
    အသိစိတ်ကို တာဝန်ယူတာကို
  • 0:49 - 0:51
    မသိကြတဲ့ အပြင် ၎င်း အလုပ်လုပ်ပုံကို
    သိတာနည်းတယ်။
  • 0:51 - 0:52
    ကျွန်တော်တို့ သိထားတက၊
  • 0:53 - 0:55
    ဦးနှောက်ဟာ ကွန်ပျူတာပါပဲ။
  • 0:55 - 0:58
    ဝါယာကြိုးတွေလိုပဲ အချက်ပြမှုကို
    ပို့တတ်ပါတယ်၊
  • 0:58 - 1:01
    လုပ်ငန်း အမျိုးမျိုး လုပ်ရန် ၎င်းထဲမှာ
    အစိတ်အပိုင်း မျိုးစုံရှိတယ်၊
  • 1:01 - 1:06
    ပြီးတော့ နူရွန်းများဆိုတဲ့
    သေးနှုပ်တဲ့ အပိုင်းလေးတွေ ရှိတယ်၊
  • 1:06 - 1:09
    ၎င်းတို့ကို ကွန်ပျူတာထဲက ထရန်စစ္စတာတွေနဲ့
    နှိုင်းလို့ ရပါတယ်။
  • 1:09 - 1:11
    မှတ်ဉာဏ်အတွက်၊ တွက်ချက်ရန်၊
    အာရုံခံရန် စသဖြင့် အပိုင်းတွေ
  • 1:11 - 1:13
    ရှိကြပြီး အားလုံး အပြန်အလှန်
    ဆက်သွယ်ကြတယ်။
  • 1:13 - 1:17
    ဒီတော့ ငွေကြေး၊ သုတေသန နဲ့
    အချိန် လုံလောက်ပါက
  • 1:17 - 1:18
    ဒါကို လုပ်နိုင်တာ သိတယ်။
  • 1:18 - 1:22
    ကျွန်တော်တို့ လုပ်နိုင်ရင်၊
    ဂြိုဟ်သားတွေလဲ လုပ်နိုင်မယ် မဟုတ်လား။
  • 1:23 - 1:26
    ဆူပါ တော်ကြတဲ့ ဂြိုဟ်သားတွေကို
    စိတ်ကူးကြည့်ကြပါ။
  • 1:26 - 1:28
    အဲဒီဂြိုဟ်သားတွေဟာ
    နည်းပညာတွေ အားလုံးထဲမှာ
  • 1:28 - 1:30
    ကျွန်တော်တို့ထက် နှစ်တစ်ထောင်
    ရှေ့မှာ ရှိကြတယ်။
  • 1:30 - 1:33
    ၎င်းဟာ စကြာဝဠာ တစ်ခုကို
    အတု ဖန်တီးဖို့ ဆုံးဖြတ်တယ်၊
  • 1:33 - 1:35
    စကြာဝဠာအတွက် အသေးဆုံး
    အကွာအဝေး Planck မှာ
  • 1:35 - 1:38
    အတိအကျကြီး ဆောက်ရန် ဖြစ်တယ်။
  • 1:38 - 1:40
    ဒီလို လုပ်ရခြင်းရဲ့ အကြောင်းရင်း
    အမျိုးမျိုး ရှိနိုင်တယ်။
  • 1:40 - 1:42
    အချို့သော အလားအလာများက-
  • 1:42 - 1:45
    သေတော့မယ့် ယဉ်ကျေးမှုအတွက်
    ဖြစ်နိုင်တယ်။
  • 1:45 - 1:50
    အန္တရာယ်များနိုင်တဲ့ အရာတွေကို
    စမ်းသပ်ကြည့်ရန်နဲ့ စကြာဝဠာ
  • 1:50 - 1:54
    တစ်ခုလုံးအား အကျိုးသက်ရောက်ပုံကို
    လေ့လာရန် ဖြစ်နိုင်တယ်။
  • 1:54 - 1:57
    ရူပဗေဒ နိယာ အမျိုးမျိုးကို
    စမ်းသပ်ကြည့်လျက် စကြာဝဠာ
  • 1:57 - 1:59
    တစ်ခုလုံးအား အကျိုးသက်ရောက်ပုံကို
    လေ့လာရန် ဖြစ်နိုင်တယ်။
  • 1:59 - 2:02
    ဒါမှမဟုတ် လူအနည်းငယ်ကို
    ဖြေဖျော်ရန် ဖြစ်နိုင်တယ်။
  • 2:02 - 2:05
    ဒါမှမဟုတ် ဖွံ့ဖြိုးမှုနည်းတဲ့
    လူ့အဖွဲ့အစည်း လိုနေတာ ဖြစ်နိုင်တယ်။
  • 2:05 - 2:09
    ခုနလေးတင် ထူးကဲလှတဲ့ ၂၀၄၅ ခုနှစ်ကို
    ဖြတ်ကျော်လိုက်တာမျိုးလိုပေါ့၊
  • 2:09 - 2:13
    သုတေသန နှင့်/သို့မဟုတ် ဖြေဖျော်မှု
    သဘောမျိုးဖြင့် ထိန်းချုပ်ထားတဲ့
  • 2:13 - 2:17
    အခြေအနေထဲတွင် လူအနည်းငယ် အပေါ်မှာ
    သုတေသန လုပ်နေတာ ဖြစ်နိုင်တယ်။
  • 2:18 - 2:20
    အခုထက်ထိ နားထောင်လာခဲ့ကြလို့
    ကျွန်တော်
  • 2:20 - 2:23
    ပြောလာခဲ့တာက ဒီဟောပြောချက်ရဲ့
    အဓိက အတွေးအခေါ်ပဲ ထင်နိုင်ကြတယ်။
  • 2:23 - 2:28
    တကယ်တမ်းတွင်၊ ခင်ဗျားတို့ အားလုံးအတွက်
    ဒီနေ့ ချန်ထားခဲ့ချင်တဲ့ စဉ်းစားကြရန်မှာ
  • 2:28 - 2:31
    လက်တွေ့မဖြစ်နိုင်ဘူး ထင်ရတဲ့
    စိတ်ကူးတွေကို စွန့်ပစ်မှုဟာဖြင့်
  • 2:31 - 2:34
    ကမ္ဘာကြီးပေါ်က အဓိကရ ပြဿနာတွေကို
    ဖြေရှင်းရာတွင် ကူမပေးနိုင်ပါ။
  • 2:34 - 2:35
    အဲဒီအကြောင်း စဉ်းစားကြပါ။
  • 2:35 - 2:38
    ဒီနေ့တွင် အဓိကအကျဆုံး အသိပညာများ
    ဖြစ်လာခဲ့ကြတဲ့ အယူအဆ အများဟာ
  • 2:38 - 2:42
    ဥပမာ၊ ကမ္ဘာကြီး နွေးလာမှု၊ ဆင့်ကဲ
    ဖြစ်စဉ်၊ ယုတ္တိမရှိတဲ့ ဂဏန်းများ၊
  • 2:42 - 2:45
    ပေါက်ကွဲမှုကြီး သီအိုရီ၊ ကမ္ဘာက နေကို
    ပတ်နေတယ်ဆိုတဲ့ အချက်၊
  • 2:45 - 2:47
    စကြာဝဠာဟာ ကျွန်တော်တို့ရဲ့
    နေစနစ်ထက်ကို ပိုကြီးခြင်း၊
  • 2:47 - 2:51
    အားလုံးကို အစပိုင်းတွင် ရူးမိုက်တယ်၊
    မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတယ်။
  • 2:51 - 2:55
    စာရင်းအင်းအရ၊ ၎င်းတို့ ရှိနိုင်တဲ့ အလားအလာ
    ရှိပေမဲ့ ၎င်းတို့ မရှိကြပါ၊
  • 2:55 - 2:57
    အဲဒါကို သက်သေထူပြရန် ပယ်ချရန် ခဲယဉ်းပါတယ်။
  • 2:57 - 3:02
    ဒီတော့၊ ဘယ် စိတ်ကူးဟာမဆို
    လက်တွေ့ကျ မကျကျ၊
  • 3:02 - 3:03
    မဖြစ်နိုင်ဘူးလို့
  • 3:03 - 3:06
    ယူဆမရနိုင်သလို၊ တခါတရံတွင်
    ကမ္ဘာကြီးရဲ့ ပြဿနာကို ဖြေရှင်းပေးရန်၊
  • 3:06 - 3:10
    လက်တွေ့မဖြစ်နိုင်တဲ့ စိတ်ကူးကို
    ထည့်စဉ်းစားရန် လိုပါတယ်၊
  • 3:10 - 3:13
    ၎င်းတို့ဟာ ကမ္ဘာကြီးကို
    ပြောင်းပစ်နိုင်တာ မှတ်မိစေလိုပါတယ်။
  • 3:13 - 3:14
    ကျေးဇူးတင်ပါတယ်။
  • 3:14 - 3:16
    (လက်ခုပ်တီးသံများ)
Title:
ရူးသွပ်တဲ့ စိတ်ကူးတွေ ဘာကြောင့် လိုအပ်ပါသလဲ Liam Morrow | TEDxRundleAcademy
Description:

ရူးသွပ်တဲ့ စိတ်ကူးပါလို့ ထင်ရတဲ့ဟာက အရှုပ်ထွေးဆုံး ကမ္ဘာ့ပြဿနာတွေကို ထိုးဖောက် ဖြေရှင်းနိုင်တဲ့ စိတ်ကူးဖြစ်နိုင်တာကို မြင်ရန် မလွယ်လှပါ။ တိုတောင်းလှကာ ဆွပေးထားတဲ့ ဒီဟောပြောချက်ထဲတွင်၊ Liam Morrow က လောလောဆယ်တွnင် ဖြစ်နိုင်တယ် ဘောင်ကို ကျော်လွန်ပြီး စဉ်းစားရန် လိုတာကို တိုက်တွန်းထားပါတယ်။
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx
တွင် ပိုလေ့လာပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
03:17

Burmese subtitles

Revisions