Return to Video

ခင်ဗျားက လူသားလား ။

  • 0:01 - 0:04
    (တေးဂီတသံ) ဒါဟာ လူသားရဲ့ စစ်ဆေးချက်ပါ။
  • 0:04 - 0:07
    ခင်ဗျားတို့ဟာ လူသားတစ်ယောက် ဟုတ်မဟုတ်ကို သိရှိဖို့ စစ်ဆေးချက်တစ်ခုပါ။
  • 0:07 - 0:11
    တစ်ခုခုဟာ ခင်ဗျားတို့နဲ့ သက်ဆိုင်တယ်ဆိုရင် ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ လက်ကိုမြှောက်လိုက်ပါ။
  • 0:11 - 0:15
    သဘောတူတယ်နော်။ ဟုတ်လားဗျာ။
  • 0:15 - 0:17
    ဒါဆိုရင် စလိုက်ကြရအောင်။
  • 0:17 - 0:19
    ခင်ဗျားတို့တွေ ဟိုးငယ်ငယ် ကလေးဘဝတုန်းက
  • 0:19 - 0:22
    နှပ်ချေးခြောက်စားဖူးလား။
  • 0:22 - 0:25
    (ရယ်သံများ)
  • 0:25 - 0:28
    ကောင်းပြီဗျာ။ ဒီမှာ စိတ်ချရပါတယ်ဗျာ။
  • 0:28 - 0:32
    ခင်ဗျားတို့တွေ ရှက်ကိုးရှက်ကန်းဖြစ်စရာ တစ်ခုခုကို သတိရမိတဲ့ အချိန်မှာ
  • 0:32 - 0:37
    ဘယ်လိုမှန်းမသိရတဲ့ အသံကလေးတစ်ခု လုပ်ဖူးလားဗျာ။
  • 0:37 - 0:39
    ခင်ဗျားတို့တွေ ဝမ်းနည်းတဲ့ ဒါမှမဟုတ် စိတ်ပျက်တဲ့
  • 0:39 - 0:41
    အထင်အမြင်ရောက်သွားစေဖို့အတွက်
  • 0:41 - 0:45
    စာပိုဒ်တစ်ပိုဒ်ရဲ့ ပထမစာလုံးကို တမင်တကာ စာလုံးသေးနဲ့ ရေးဖူးလား။
  • 0:45 - 0:47
    (ရယ်သံများ)
  • 0:47 - 0:50
    ကောင်းပါပြီးဗျာ။
  • 0:50 - 0:53
    ခင်ဗျားတို့တွေ ရန်လိုတဲ့ သင်္ကေတအဖြစ်နဲ့ စာတစ်ပိုဒ်ကို ဒါအပြတ်ပဲဆိုပြီး
  • 0:53 - 1:00
    ပုဒ်မချ အဆုံးသတ်ဖူးလား။ ကောင်းပြီဗျာ၊ ဒါအပြတ်ပဲ။
  • 1:00 - 1:02
    တစ်ယောက်ယောက်ကနေပြီး ခင်ဗျားတို့ကို စုတ်တီးစုတ်ပဲ့ တစ်ခုခုပြောလိုက်တဲ့အခါ
  • 1:02 - 1:04
    ခင်ဗျားတို့တွေ ရယ်မောတာ၊ ဒါမှမဟုတ် ပြုံးလိုက်တာတို့ လုပ်ဖူးလား။
  • 1:04 - 1:06
    နောက်ပြီးတော့ ဘာကြောင့် ခင်ဗျားတို့ အဲဒီလို တုံ့ပြန်မိတာပါလိမ့်ဆိုတာကိုတွေးမိရင်း
  • 1:06 - 1:10
    ကျန်တဲ့ တစ်နေ့တာလုံးကို ကုန်ဆုံးဖူးလား။
  • 1:10 - 1:13
    ဖြစ်ဖူးတယ်။
  • 1:13 - 1:15
    စစ်ဆေးရေးဂိတ်ကနေ အဝင်ပေါက်ကို လျှောက်သွားနေခိုက်
  • 1:15 - 1:17
    အကြိမ်တစ်ထောင်လောက်
  • 1:17 - 1:20
    လေယဉ်လက်မှတ် ပျောက်သလိုမျိုးဖြစ်ဖူးလား။
  • 1:20 - 1:22
    ဟုတ်တယ်။
  • 1:22 - 1:25
    ဘောင်းဘီဝတ်ပြီးတဲ့နောက်မှာမှ
  • 1:25 - 1:27
    ချောင်ချိနေတဲ့ ခြေစွပ်က ပေါင်းရင်းကိုတက်ပြီးတွန်းထိုးနေတာကို
  • 1:27 - 1:29
    နောက်အကြာကြီးနေမှသိလိုက်ရတာကို ကြံဖူးလား။
  • 1:29 - 1:31
    (ရယ်သံများ)
  • 1:31 - 1:34
    ကောင်းတယ်ဗျာ။
  • 1:34 - 1:37
    ခင်ဗျားတို့တွေ တစ်ခြားတစ်ယောက်ယောက်ကနေ ပိတ်ထားတဲ့ အကောင့်တစ်ခုရဲ့
  • 1:37 - 1:41
    စကားဝှက်ကို မှန်းဆဖို့ ကြိမ်ဖန်များစွာ ကြိုးစားဖူးလား။
  • 1:41 - 1:43
    အင်း။
  • 1:43 - 1:46
    ခင်ဗျားတို့တွေ တနေ့နေ့မှာ အလိမ်ပေါ်သွားလိမ့်မယ်ဆိုတဲ့
  • 1:46 - 1:50
    အတွေးမျိုးနဲ့ စိတ်ထဲမှာကသိကအောက်ဖြစ်ဖူးလား။
  • 1:50 - 1:53
    ရပါတယ်၊ ဒီမှာ စိတ်ချရပါတယ်။
  • 1:53 - 1:56
    ခင်ဗျားတို့တွေ ပင်ကိုယ်သဘာဝအရ ခင်ဗျားတို့ အရမ်းထူးချွန်ခဲ့တဲ့
  • 1:56 - 1:58
    ခင်ဗျားတို့ မသိရှိသေးတဲ့
  • 1:58 - 2:02
    အရည်အချင်းတစ်ခုရှိခဲ့တယ်လို့ မျှော်လင့်ခဲ့ဖူးလား။
  • 2:02 - 2:03
    အင်း။
  • 2:03 - 2:06
    ခင်ဗျားတို့ တကယ့်ဘဝမှာ တစ်ခုခုကို ချိုးဖောက်မိပြီးတော့
  • 2:06 - 2:08
    လက်တွေ့ဘဝမှာ ခင်ဗျားဟာ ပြန်ပယ်ဖျက်တဲ့
  • 2:08 - 2:13
    ခလုတ်ကို ရှာမိလျက်သားဖြစ်နေတာ ကြုံဖူးလား။
  • 2:13 - 2:15
    ခင်ဗျားတို့ရဲ့ TED ရင်ထိုး အထားမှားပြီး၊
  • 2:15 - 2:17
    နောက် ချက်ချင်းဆိုသလိုပဲ ဗန်ကိုဗာ (၃)ရက် အားလပ်ရက်ခရီးဟာ
  • 2:17 - 2:22
    ဘယ်လိုများဖြစ်လိမ့်မလဲလို့ စတင်စိတ်ကူးမိဖူးလား။
  • 2:24 - 2:25
    ခင်ဗျားတို့အနေနဲ့ အရမ်းကို သာမန်ရုပ်ကြမ်းရေကြိုရှိတဲ့
  • 2:25 - 2:29
    တစ်စုံတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့များ ဗြုန်းစားချည်း အရမ်းကို
  • 2:29 - 2:33
    လှပလာနိူင်သလဲဆိုတာကို အံ့ဩချီးမွမ်းဖူးလား။
  • 2:33 - 2:35
    တစ်ယောက်ယောက်ကို စာတိုပို့နေရင်း အရူးတစ်ယောက်လိုမျိုး
  • 2:35 - 2:38
    ခင်ဗျားတို့ ဖုန်းကို ပြုံးပြီးစိုက်ကြည့်နေဖူးလား။
  • 2:38 - 2:40
    "ငါတော့ အရူးတစ်ယောက်လိုပဲ ဖုန်းကို
  • 2:40 - 2:43
    ပြုံးပြီးစိုက်ကြည့်နေတယ်ဟေ့"လိုဆိုပြီး
  • 2:43 - 2:46
    နောက်ဆက်တွဲအနေနဲ့ အဲဒီလူဆီ
  • 2:46 - 2:49
    စာတိုပို့လိုက်ဖူးလား။
  • 2:49 - 2:51
    အခြားတစ်ယောက်ရဲ့ ဖုန်းကို
  • 2:51 - 2:53
    ဝင်ကြည့်ချင်စိတ်ပေါက်ပြီး၊ နောက်တော့
  • 2:53 - 2:57
    ဒီဖျားယောင်းမှုကို အညံ့ခံဖူးလား။
  • 2:57 - 2:59
    တစ်ယောက်တည်းစကားပြောပြီးမှာ
  • 2:59 - 3:01
    ခင်ဗျားကိုခင်ဗျား တော်တော် အသုံးမကျတဲ့ ငကြောင်တစ်ယောက်လို့
  • 3:01 - 3:05
    ရုတ်တရက် အသိတရားရရှိသွားမိတာမျိုး ရှိဖူးလား
  • 3:05 - 3:07
    (ရယ်သံများ)
  • 3:07 - 3:10
    စကားအချေအတင်ပြောနေတုန်းမှာ ဖုန်းကဓာတ်ခဲကုန်သွားပြီး၊
  • 3:10 - 3:12
    ဒီဖုန်းက ခင်ဗျားတို့နှစ်ယောက်စလုံးကို
  • 3:12 - 3:14
    အဆက်ပြတ်အောင်လုပ်နေတယ်လို့
  • 3:14 - 3:18
    ခံစားမိတာမျိုး ဖြစ်ဖူးလား။
  • 3:18 - 3:20
    ပြဿနာတစ်ရပ်ဟာ ဒီထက်ပိုပြီး လွယ်ကူသင့်တယ်၊
  • 3:20 - 3:22
    ဒါမှမဟုတ် ဒါဟာ သဘာဝအတိုင်းပဲ ဖြစ်ပျက်တယ်လို့ထင်မှတ်
  • 3:22 - 3:25
    ယူဆသင့်တယ်ဆိုတဲ့အတွက်ကြောင့် ခင်ဗျားတို့ နှစ်ဦးအကြား
  • 3:25 - 3:30
    စီမံလုပ်ကိုင်နေတဲ့ ကိစ္စဟာ အလဟဿပဲလို့ တွေးမိဖူးလား။
  • 3:30 - 3:33
    ရေရှည်မှာ သဘာဝအတိုင်း ဖြစ်ပျက်တဲ့ အရာတွေဟာ
  • 3:33 - 3:36
    မရှိစလောက် နည်းတာကို သင် သိရှိသဘောပေါက်ဖူးလား။
  • 3:36 - 3:39
    ခင်ဗျားတို့ဟာ အတိသုခ ပျော်ရွှင်စွာနဲ့ နိူးထပြီတော့၊ ရုတ်တရက် တစ်စုံတစ်ယောက်က ခင်ဗျားကို
  • 3:39 - 3:42
    ပစ်ထားခဲ့တယ်ဆိုတဲ့ ဆိုးရွားလှတဲ့ အောက်မေ့အမှတ်ရမှုရဲ့
  • 3:42 - 3:45
    ဖိစီးလွှမ်းမိုးမှုကို ခံရဘူးလား။
  • 3:45 - 3:48
    ခင်ဗျားတို့ဘဝမှာ မရှိတော့တဲ့ လူတစ်ယောက်မရှတော့တဲ့ နောက်မှာ
  • 3:48 - 3:49
    အနာဂတ်ကို မြင်ယောင်စိတ်ကူးကြည့်လို့
  • 3:49 - 3:52
    မရနိုင်တော့ဘူးလို့ မျှော်လင့်ချက်တွေ ဆုံးရှုံးသွားဖူးလား။
  • 3:54 - 3:56
    ဒီအဖြစ်အပျက်ကို ဆောင်းဦးပေါက်ရဲ့ ဝမ်းနည်းစရာအပြုံးနဲ့
  • 3:56 - 3:58
    ဘာပဲဖြစ်ဖြစ်အနာဂတ်ဆိုတာတွေဟာ
  • 3:58 - 4:02
    ဆက်လက်ဖြစ်ပျက်နေမှာပဲဆိုတဲ့ အသိတရားနဲ့
  • 4:02 - 4:05
    ပြန်လည် စောင်းငဲ့ ကြည့်ဖူးလား။
  • 4:05 - 4:07
    ဝမ်းသာပါတယ်ဗျာ။
  • 4:07 - 4:09
    အခု ခင်ဗျားတို့ စစ်ဆေးလွှာကို ဖြေဆိုပြီးမြောက်သွားပါပြီ။
  • 4:09 - 4:13
    ခင်ဗျားတို့အားလုံးဟာ လူသားတွေပါ။
  • 4:13 - 4:16
    (လက်ခုပ်သံများ)
Title:
ခင်ဗျားက လူသားလား ။
Speaker:
ဇီ ဖရန့်(ခ်) (Ze Frank)
Description:

"ငါဟာ လူသားတစ်ယောက်လား"လို့ ခင်ဗျားတို့ စဉ်းစားမိဖူးလား။ ဇီ ဖရန့်(ခ်)က ဒါကိုအဆုံးအဖြတ်ပေးဖို့အတွက် ရိုးရှင်းတဲ့မေးခွန်း တသီတတန်းကြီးကို အကြုံပြုဆွေးနွေးထားပါတယ်။ ကျေးဇူးပြုပြီး စိတ်အေးအေးထားပြီးတော့ တိုက်တွန်းချက်ကလေးတွေနောက်ကို လိုက်သွားလိုက်ပါတော့။ စလိုက်ရအောင်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
04:34
Myo Aung approved Burmese subtitles for Are you human?
Myo Aung commented on Burmese subtitles for Are you human?
Myo Aung accepted Burmese subtitles for Are you human?
Myo Aung edited Burmese subtitles for Are you human?
Myo Aung edited Burmese subtitles for Are you human?
Myo Aung edited Burmese subtitles for Are you human?
Myo Aung commented on Burmese subtitles for Are you human?
Myo Aung edited Burmese subtitles for Are you human?
Show all

Burmese subtitles

Revisions