0:00:00.736,0:00:03.770 (တေးဂီတသံ) ဒါဟာ လူသားရဲ့ စစ်ဆေးချက်ပါ။ 0:00:03.770,0:00:07.290 ခင်ဗျားတို့ဟာ လူသားတစ်ယောက် ဟုတ်မဟုတ်ကို သိရှိဖို့ စစ်ဆေးချက်တစ်ခုပါ။ 0:00:07.290,0:00:11.489 တစ်ခုခုဟာ ခင်ဗျားတို့နဲ့ သက်ဆိုင်တယ်ဆိုရင် ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ လက်ကိုမြှောက်လိုက်ပါ။ 0:00:11.489,0:00:15.330 သဘောတူတယ်နော်။ ဟုတ်လားဗျာ။ 0:00:15.330,0:00:17.486 ဒါဆိုရင် စလိုက်ကြရအောင်။ 0:00:17.486,0:00:19.395 ခင်ဗျားတို့တွေ ဟိုးငယ်ငယ် ကလေးဘဝတုန်းက 0:00:19.395,0:00:21.937 နှပ်ချေးခြောက်စားဖူးလား။ 0:00:21.937,0:00:24.583 (ရယ်သံများ) 0:00:24.583,0:00:28.161 ကောင်းပြီဗျာ။ ဒီမှာ စိတ်ချရပါတယ်ဗျာ။ 0:00:28.161,0:00:31.510 ခင်ဗျားတို့တွေ ရှက်ကိုးရှက်ကန်းဖြစ်စရာ တစ်ခုခုကို သတိရမိတဲ့ အချိန်မှာ 0:00:31.510,0:00:37.150 ဘယ်လိုမှန်းမသိရတဲ့ အသံကလေးတစ်ခု လုပ်ဖူးလားဗျာ။ 0:00:37.150,0:00:39.206 ခင်ဗျားတို့တွေ ဝမ်းနည်းတဲ့ ဒါမှမဟုတ် စိတ်ပျက်တဲ့ 0:00:39.206,0:00:41.310 အထင်အမြင်ရောက်သွားစေဖို့အတွက် 0:00:41.310,0:00:45.320 စာပိုဒ်တစ်ပိုဒ်ရဲ့ ပထမစာလုံးကို တမင်တကာ စာလုံးသေးနဲ့ ရေးဖူးလား။ 0:00:45.320,0:00:47.454 (ရယ်သံများ) 0:00:47.454,0:00:50.168 ကောင်းပါပြီးဗျာ။ 0:00:50.168,0:00:52.940 ခင်ဗျားတို့တွေ ရန်လိုတဲ့ သင်္ကေတအဖြစ်နဲ့ စာတစ်ပိုဒ်ကို ဒါအပြတ်ပဲဆိုပြီး 0:00:52.940,0:00:59.650 ပုဒ်မချ အဆုံးသတ်ဖူးလား။ ကောင်းပြီဗျာ၊ ဒါအပြတ်ပဲ။ 0:00:59.650,0:01:01.817 တစ်ယောက်ယောက်ကနေပြီး ခင်ဗျားတို့ကို စုတ်တီးစုတ်ပဲ့ တစ်ခုခုပြောလိုက်တဲ့အခါ 0:01:01.817,0:01:04.489 ခင်ဗျားတို့တွေ ရယ်မောတာ၊ ဒါမှမဟုတ် ပြုံးလိုက်တာတို့ လုပ်ဖူးလား။ 0:01:04.489,0:01:06.250 နောက်ပြီးတော့ ဘာကြောင့် ခင်ဗျားတို့ အဲဒီလို တုံ့ပြန်မိတာပါလိမ့်ဆိုတာကိုတွေးမိရင်း 0:01:06.250,0:01:10.354 ကျန်တဲ့ တစ်နေ့တာလုံးကို ကုန်ဆုံးဖူးလား။ 0:01:10.354,0:01:12.532 ဖြစ်ဖူးတယ်။ 0:01:12.532,0:01:15.292 စစ်ဆေးရေးဂိတ်ကနေ အဝင်ပေါက်ကို လျှောက်သွားနေခိုက် 0:01:15.292,0:01:17.180 အကြိမ်တစ်ထောင်လောက် 0:01:17.180,0:01:20.210 လေယဉ်လက်မှတ် ပျောက်သလိုမျိုးဖြစ်ဖူးလား။ 0:01:20.210,0:01:22.260 ဟုတ်တယ်။ 0:01:22.260,0:01:24.837 ဘောင်းဘီဝတ်ပြီးတဲ့နောက်မှာမှ 0:01:24.837,0:01:26.676 ချောင်ချိနေတဲ့ ခြေစွပ်က ပေါင်းရင်းကိုတက်ပြီးတွန်းထိုးနေတာကို 0:01:26.676,0:01:29.308 နောက်အကြာကြီးနေမှသိလိုက်ရတာကို ကြံဖူးလား။ 0:01:29.308,0:01:31.280 (ရယ်သံများ) 0:01:31.280,0:01:33.812 ကောင်းတယ်ဗျာ။ 0:01:33.812,0:01:36.708 ခင်ဗျားတို့တွေ တစ်ခြားတစ်ယောက်ယောက်ကနေ ပိတ်ထားတဲ့ အကောင့်တစ်ခုရဲ့ 0:01:36.708,0:01:40.985 စကားဝှက်ကို မှန်းဆဖို့ ကြိမ်ဖန်များစွာ ကြိုးစားဖူးလား။ 0:01:40.985,0:01:42.674 အင်း။ 0:01:42.674,0:01:45.820 ခင်ဗျားတို့တွေ တနေ့နေ့မှာ အလိမ်ပေါ်သွားလိမ့်မယ်ဆိုတဲ့ 0:01:45.820,0:01:50.240 အတွေးမျိုးနဲ့ စိတ်ထဲမှာကသိကအောက်ဖြစ်ဖူးလား။ 0:01:50.240,0:01:53.314 ရပါတယ်၊ ဒီမှာ စိတ်ချရပါတယ်။ 0:01:53.314,0:01:55.910 ခင်ဗျားတို့တွေ ပင်ကိုယ်သဘာဝအရ ခင်ဗျားတို့ အရမ်းထူးချွန်ခဲ့တဲ့ 0:01:55.910,0:01:57.840 ခင်ဗျားတို့ မသိရှိသေးတဲ့ 0:01:57.840,0:02:01.760 အရည်အချင်းတစ်ခုရှိခဲ့တယ်လို့ မျှော်လင့်ခဲ့ဖူးလား။ 0:02:01.760,0:02:03.360 အင်း။ 0:02:03.360,0:02:06.264 ခင်ဗျားတို့ တကယ့်ဘဝမှာ တစ်ခုခုကို ချိုးဖောက်မိပြီးတော့ 0:02:06.264,0:02:07.976 လက်တွေ့ဘဝမှာ ခင်ဗျားဟာ ပြန်ပယ်ဖျက်တဲ့ 0:02:07.976,0:02:13.050 ခလုတ်ကို ရှာမိလျက်သားဖြစ်နေတာ ကြုံဖူးလား။ 0:02:13.050,0:02:15.232 ခင်ဗျားတို့ရဲ့ TED ရင်ထိုး အထားမှားပြီး၊ 0:02:15.232,0:02:16.800 နောက် ချက်ချင်းဆိုသလိုပဲ ဗန်ကိုဗာ (၃)ရက် အားလပ်ရက်ခရီးဟာ 0:02:16.800,0:02:21.829 ဘယ်လိုများဖြစ်လိမ့်မလဲလို့ စတင်စိတ်ကူးမိဖူးလား။ 0:02:23.523,0:02:25.402 ခင်ဗျားတို့အနေနဲ့ အရမ်းကို သာမန်ရုပ်ကြမ်းရေကြိုရှိတဲ့ 0:02:25.402,0:02:28.537 တစ်စုံတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့များ ဗြုန်းစားချည်း အရမ်းကို 0:02:28.537,0:02:32.946 လှပလာနိူင်သလဲဆိုတာကို အံ့ဩချီးမွမ်းဖူးလား။ 0:02:32.946,0:02:35.450 တစ်ယောက်ယောက်ကို စာတိုပို့နေရင်း အရူးတစ်ယောက်လိုမျိုး 0:02:35.450,0:02:37.954 ခင်ဗျားတို့ ဖုန်းကို ပြုံးပြီးစိုက်ကြည့်နေဖူးလား။ 0:02:37.954,0:02:40.460 "ငါတော့ အရူးတစ်ယောက်လိုပဲ ဖုန်းကို 0:02:40.460,0:02:42.820 ပြုံးပြီးစိုက်ကြည့်နေတယ်ဟေ့"လိုဆိုပြီး 0:02:42.820,0:02:45.612 နောက်ဆက်တွဲအနေနဲ့ အဲဒီလူဆီ 0:02:45.612,0:02:49.158 စာတိုပို့လိုက်ဖူးလား။ 0:02:49.158,0:02:51.228 အခြားတစ်ယောက်ရဲ့ ဖုန်းကို 0:02:51.228,0:02:53.166 ဝင်ကြည့်ချင်စိတ်ပေါက်ပြီး၊ နောက်တော့ 0:02:53.166,0:02:57.111 ဒီဖျားယောင်းမှုကို အညံ့ခံဖူးလား။ 0:02:57.111,0:02:59.391 တစ်ယောက်တည်းစကားပြောပြီးမှာ 0:02:59.391,0:03:01.375 ခင်ဗျားကိုခင်ဗျား တော်တော် အသုံးမကျတဲ့ ငကြောင်တစ်ယောက်လို့ 0:03:01.375,0:03:04.568 ရုတ်တရက် အသိတရားရရှိသွားမိတာမျိုး ရှိဖူးလား 0:03:04.568,0:03:06.975 (ရယ်သံများ) 0:03:06.975,0:03:09.879 စကားအချေအတင်ပြောနေတုန်းမှာ ဖုန်းကဓာတ်ခဲကုန်သွားပြီး၊ 0:03:09.879,0:03:12.265 ဒီဖုန်းက ခင်ဗျားတို့နှစ်ယောက်စလုံးကို 0:03:12.265,0:03:13.863 အဆက်ပြတ်အောင်လုပ်နေတယ်လို့ 0:03:13.863,0:03:17.915 ခံစားမိတာမျိုး ဖြစ်ဖူးလား။ 0:03:17.915,0:03:19.513 ပြဿနာတစ်ရပ်ဟာ ဒီထက်ပိုပြီး လွယ်ကူသင့်တယ်၊ 0:03:19.513,0:03:22.483 ဒါမှမဟုတ် ဒါဟာ သဘာဝအတိုင်းပဲ ဖြစ်ပျက်တယ်လို့ထင်မှတ် 0:03:22.483,0:03:25.204 ယူဆသင့်တယ်ဆိုတဲ့အတွက်ကြောင့် ခင်ဗျားတို့ နှစ်ဦးအကြား 0:03:25.204,0:03:29.948 စီမံလုပ်ကိုင်နေတဲ့ ကိစ္စဟာ အလဟဿပဲလို့ တွေးမိဖူးလား။ 0:03:29.948,0:03:33.356 ရေရှည်မှာ သဘာဝအတိုင်း ဖြစ်ပျက်တဲ့ အရာတွေဟာ 0:03:33.356,0:03:35.812 မရှိစလောက် နည်းတာကို သင် သိရှိသဘောပေါက်ဖူးလား။ 0:03:35.812,0:03:39.341 ခင်ဗျားတို့ဟာ အတိသုခ ပျော်ရွှင်စွာနဲ့ နိူးထပြီတော့၊ ရုတ်တရက် တစ်စုံတစ်ယောက်က ခင်ဗျားကို 0:03:39.341,0:03:42.148 ပစ်ထားခဲ့တယ်ဆိုတဲ့ ဆိုးရွားလှတဲ့ အောက်မေ့အမှတ်ရမှုရဲ့ 0:03:42.148,0:03:45.212 ဖိစီးလွှမ်းမိုးမှုကို ခံရဘူးလား။ 0:03:45.212,0:03:47.949 ခင်ဗျားတို့ဘဝမှာ မရှိတော့တဲ့ လူတစ်ယောက်မရှတော့တဲ့ နောက်မှာ 0:03:47.949,0:03:49.246 အနာဂတ်ကို မြင်ယောင်စိတ်ကူးကြည့်လို့ 0:03:49.246,0:03:52.500 မရနိုင်တော့ဘူးလို့ မျှော်လင့်ချက်တွေ ဆုံးရှုံးသွားဖူးလား။ 0:03:54.418,0:03:56.458 ဒီအဖြစ်အပျက်ကို ဆောင်းဦးပေါက်ရဲ့ ဝမ်းနည်းစရာအပြုံးနဲ့ 0:03:56.458,0:03:58.366 ဘာပဲဖြစ်ဖြစ်အနာဂတ်ဆိုတာတွေဟာ 0:03:58.366,0:04:01.766 ဆက်လက်ဖြစ်ပျက်နေမှာပဲဆိုတဲ့ အသိတရားနဲ့ 0:04:01.766,0:04:04.901 ပြန်လည် စောင်းငဲ့ ကြည့်ဖူးလား။ 0:04:04.901,0:04:06.966 ဝမ်းသာပါတယ်ဗျာ။ 0:04:06.966,0:04:09.341 အခု ခင်ဗျားတို့ စစ်ဆေးလွှာကို ဖြေဆိုပြီးမြောက်သွားပါပြီ။ 0:04:09.341,0:04:12.540 ခင်ဗျားတို့အားလုံးဟာ လူသားတွေပါ။ 0:04:12.540,0:04:16.053 (လက်ခုပ်သံများ)