Return to Video

တိရိစ္ဆာန်တွေ နာကျင်မှုကို ဘယ်လိုခံစားကြရလဲ။ Robyn J. Crook

  • 0:07 - 0:10
    လူသားတွေဟာ အပ်ထိုးမိလို့နာကျင်တာ
  • 0:10 - 0:13
    ခလုတ်တိုက်မိလို့ခြေထောက်နာသွားတာ
  • 0:13 - 0:15
    သွားတစစ်စစ်ကိုက်တာတွေကို သိကြပါတယ်။
  • 0:15 - 0:20
    ကျွနု်ပ်တို့ဟာနာကျင်မှုပေါင်းများစွာကို
    သိနိုင်ပြီး သက်သာမယ့်နည်းတွေလည်းရှိကြတယ်။
  • 0:20 - 0:22
    ဒါဆို အခြားသောသတ္တဝါတွေကကော?
  • 0:22 - 0:26
    ကျွနု်ပ်တို့ပတ်ဝန်းကျင်မှာရှိတဲ့တိရိစ္ဆာန်
    တွေကနာကျင်မှုကိုဘယ်လိုခံစားကြရပါလဲ။
  • 0:26 - 0:28
    ဒါဟာကျွန်တော်တို့အခုလေ့လာကြမယ့်
    အဓိကအချက်ပေါ့။
  • 0:28 - 0:30
    သူတို့ဟာပတ်ဝန်းကျင်အကျိုးပြုလို့
  • 0:30 - 0:31
    တိရိစ္ဆာန်တွေကိုအိမ်မှာမွေးကြတယ်
  • 0:31 - 0:34
    အချို့မျိုးစိတ်ကိုတော့အစားအစားအတွက်
    မွေးကြတယ်။
  • 0:34 - 0:38
    နောက်ခေတ်မီသိပ္ပံစမ်းသပ်မှုတွေနဲ့ လူသား
    ကျန်းမာရေးအတွက်လည်း သူတို့ကိုသုံးပါတယ်။
  • 0:38 - 0:40
    တိရိစ္ဆာန်တွေဟာကျုပ်တို့အတွက်
    အရေးပါပါတယ်။
  • 0:40 - 0:44
    ဒါကြောင့် သူတို့လေးတွေ အလကားနေရင်း
    မနာကျင်စေဖို့ကလည်းအရေးကြီးပါတယ်။
  • 0:44 - 0:47
    လူသားနဲ့တူတဲ့ နို့တိုက်သတ္တဝါလိုအကောင်တွေ
    အတွက်
  • 0:47 - 0:50
    ထိခိုက်မိလို့နာကျင်ရတာဟာမြင်သာပါတယ်။
  • 0:50 - 0:53
    သို့သော်မမြင်သာတဲ့နာကျင်မှုတွေလည်း
    ရှိပါသေးတယ်။
  • 0:53 - 0:56
    လူသားတွေကို နာကျင်မှုသက်သာစေတဲ့အရာတွေက
    သူတို့ကိုလည်းအထောက်အကူပြုပါတယ်။
  • 0:56 - 0:58
    တိရစ္ဆာန်တွေရဲ့သဘာ၀ဟာ
    လူသားတွေနဲ့မတူလေလေ၊
  • 0:58 - 1:01
    သူတို့ရဲ့နာကျင်မှုကိုနားလည်ဖို့
    ပိုခက်လေလေပဲဖြစ်ပါတယ်။
  • 1:01 - 1:04
    ပုဇွန်တစ်ကောင်နာနေမနေကို
    သင်ဘယ်လိုပြောနိုင်မလဲ
  • 1:04 - 1:05
    မြွေဆိုရင်ကော?
  • 1:05 - 1:07
    ခရုတစ်ကောင်ကော?
  • 1:07 - 1:09
    လူသားတွေအပါအဝင်ဖြစ်တဲ့
    ကျောရိုးရှိသတ္တဝါတွေမှာ
  • 1:09 - 1:12
    နာကျင်မှုကို အဓိကအားဖြင့် အပိုင်းကြီး
    ၂ပိုင်းခွဲနိုင်ပါတယ်။
  • 1:12 - 1:17
    ပထမတစ်ခုကတော့ အာရုံကြောနဲ့အရေပြားဟာ
    နာကျင်မှုတွေကို အာရုံခံတယ်၊
  • 1:17 - 1:19
    နောက် အဲ့ဒီသတင်းတွေကို
    ပင်မအာရုံကြောမကြီးဆီပို့လိုက်တယ်။
  • 1:19 - 1:22
    အဲ့မှာရှိတဲ့motor neurons
    တွေကလှုပ်ရှားမှုကိုဖြစ်စေပြီး
  • 1:22 - 1:25
    အန္တရာယ်မှရုတ်တရက်ပြန်လည်
    ရုပ်သိမ်းလိုက်တယ်။
  • 1:25 - 1:28
    ဒါဟာnociceptionလို့ခေါ်တဲ့ကိုယ်ခန္ဓာ
    အပြင်ပိုင်းထိခိုက်မှုကိုသိခြင်းဖြစ်တယ်၊
  • 1:28 - 1:30
    တိရစ္ဆာန်အားလုံးနီးပါးကော၊
  • 1:30 - 1:32
    အချို့ရိုးရှင်းတဲ့အာရုံကြောစနစ်ပဲ
    ရှိတဲ့အကောင်တွေတောင်မှ၊
  • 1:32 - 1:34
    ဒီနာကျင်မှုကိုခံစားရပါတယ်။
  • 1:34 - 1:37
    ဒီအစွမ်းအစလေးမှမရှိရင်
    အန္တရာယ်တွေကိုရှောင်ဖယ်နိုင်မှာမဟုတ်ဘဲ
  • 1:37 - 1:40
    နောက်ပြီးရှင်သန်ဖို့အတွက်လည်း
    ခက်ခဲသွားပါလိမ့်မယ်။
  • 1:40 - 1:43
    ဒုတိယတစ်ခုကတော့ အန္တရာယ်ကို
    စိတ်မှသိနေခြင်းဖြစ်ပါတယ်။
  • 1:43 - 1:47
    လူတွေရဲ့အရေပြားမှာရှိတဲ့အာရုံခံဆဲလ်လေးတွေက
    ပင်မအာရုံကြောမကြီးကတဆင့်
  • 1:47 - 1:51
    ဦးနှောက်ဆီသို့ဒုတိယအကြိမ်သတင်းပို့ပါတယ်။
  • 1:51 - 1:57
    ခန္ဒာကို်ယ်အနှံ့ အာရုံခံဆဲလ်သန်းပေါင်း
    များစွာက နာကျင်မှုကိုခံစားသိနိုင်ပါတယ်။
  • 1:57 - 2:01
    လူသားတွေမှာ ဒီဖြစ်စဉ်က ရှုပ်ထွေးပြီး
    ကြောက်ရွံမှု နာကျင်မှု၊
  • 2:01 - 2:02
    ဖိစီးမှုတွေလိုမျိုး၊
  • 2:02 - 2:03
    စိတ်ခံစားချက်တွေနဲ့၊
  • 2:03 - 2:06
    ဆက်စပ်နေပါတယ်။
  • 2:06 - 2:08
    ဒီဒုတိယဖြစ်စဉ်ကို တိရစ္ဆာန်တွေဘယ်လို
    တုံ့ပြန်ကြလည်းဆိုတာ
  • 2:08 - 2:11
    တိတိကျကျသိဖို့အတော်လေးခက်ပါတယ်၊
  • 2:11 - 2:14
    ဘာလို့လဲဆို သူတို့ဘယ်လိုခံစားနေရတယ်ဆိုတာ
    မပြောပြနိုင်လို့ပါ၊
  • 2:14 - 2:19
    သို့သော် တိရစ္ဆာန်တွေဘယ်လိုပြုမူတယ်ဆိုတာ
    ကြည့်ပြီး လေ့လာနိုင်ပါတယ်။
  • 2:19 - 2:22
    တောရိုင်းတိရိစ္ဆာန်တွေကဒဏ်ရာတွေကို
    သူတို့ကိုယ်သူတို့ပြုစုကြတယ်။
  • 2:22 - 2:25
    နာကျင်မှုကို အသံကျယ်ကျယ် မြည်ဟိန်းပြပြီး၊
  • 2:25 - 2:27
    အကောင်တွေနဲ့ဝေးရာကိုသွားလိုက်ပါတယ်၊
  • 2:27 - 2:31
    စမ်းသပ်ခန်းထဲက ကြက်တို့ကြွက်တို့ စတဲ့
    တိရစ္ဆာန်တွေက နာကျင်ခဲ့ရင် ကိုယ့်ဘာသာ
  • 2:31 - 2:36
    နာတာသက်သာအောင်လုပ်ကြတာကို
    သုတေသီတွေကရှာဖွေတွေ့ရှိခဲ့တယ်။
  • 2:36 - 2:39
    တိရစ္ဆာန်တွေဟာ သူတို့နာကျင်မှုခံစားခဲ့ရတဲ့
    အခြေအနေတွေလို ထပ်ကြုံတွေ့လာရင်၊
  • 2:39 - 2:42
    အန္တရာယ်ရှိတာကိုသိပြီးအဲ့လိုနေရာတွေက
    ရှောင်ဖယ်သွားကြပါတယ်၊
  • 2:42 - 2:45
    ရှာဖွေတွေ့ရှိမှုတွေက ကျောရိုးရှိသတ္တဝါတွေက
    နာကျင်မှုကို
  • 2:45 - 2:47
    ခံစားနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်
    ဒါကြောင့်
  • 2:47 - 2:52
    ကျောရိုးရှိသတ္တဝါတွေကိုရည်ရွယ်ချက်မရှိ
    နာကျင်စေတာကနိုင်ငံအများပြားမှာတရားမဝင်ဘူး။
  • 2:52 - 2:56
    သို့သော် ကျောရိုးမရှိတဲ့သတ္တဝါတွေလို အခြား
    တိရစ္ဆာန်တွေကြတော့ကော။
  • 2:56 - 2:58
    သူတို့အတွက်ဥပဒေအရကာကွယ်ပေးထားတာ
    မရှိပါဘူး၊
  • 2:58 - 3:02
    ဘာလို့လဲဆိုတော့သူတို့ရဲ့ပြုမူလုပ်ရှားပုံ
    တွေက နားလည်ဖို့ခက်ခဲလို့ပါ။
  • 3:02 - 3:04
    သူတို့ထဲကမှအချို့အကောင်တွေဖြစ်တဲ့
    ရေဘဝဲ၊
  • 3:04 - 3:05
    တီကောင်၊ ရေခူ
  • 3:05 - 3:06
    လိုအကောင်တွေတော့၊
  • 3:06 - 3:07
    ခန့်မှန်းလို့ရပါတယ်။
  • 3:07 - 3:10
    ဒါဟာရိုးရှင်းပြီး ဦးနှောက်မပါတဲ့အကောင်တွေ
    အတွက်
  • 3:10 - 3:12
    သာဓကတွေပါပဲ။
  • 3:12 - 3:16
    ရေဘဝဲဟာသူ့ကိုသံပရာသီးနဲ့ညှစ်လိုက်ရင်
    တွန့်သွားပါတယ် ဒါဟာသူရဲ့
  • 3:16 - 3:19
    ထိတွေ့မှုအာရုံခံနိုင်စွမ်းကြောင့်ဖြစ်တယ်။
  • 3:19 - 3:21
    သို့သော်ရိုးရှင်းလှတဲ့အာရုံကြောစနစ်ဟာ
  • 3:21 - 3:25
    နာကျင်မှုကို စိတ်ကထိန်းချုပ်ထားနိုင်တဲ့
    ပုံစံမျိုးမဟုတ်ပါဘူး။
  • 3:25 - 3:27
    ရေဘဝဲရဲ့ဦးနှောက်ကဆန်းပြားရှုပ်ထွေးသော်လည်း
  • 3:27 - 3:29
    အခြားသောကျောရိုးမဲ့။
  • 3:29 - 3:30
    သတ္တဝါကနားလည်ဖို့ခက်ပါတယ်၊
  • 3:30 - 3:34
    နောက်ပြီးရေဘဝဲတွေဟာဉာဏ်အကောင်းဆုံး
    ကျောရိုးမဲ့သတ္တဝါတွေထဲက တကောင်ဖြစ်တယ်။
  • 3:34 - 3:40
    နိုင်ငံတော်တော်များများကလူတွေကရေဘဝဲကို
    အရှင်လတ်လတ်စားကြတဲ့ဓလေ့ကရှိနေတုန်းဖြစ်တယ်။
  • 3:40 - 3:44
    ပုဇွန်တွေ ကျောက်ပုဇွန်တွေ ဂဏန်းတွေကို
    နာတတ်မတတ်သေချာမသိကြပေမယ့်
  • 3:44 - 3:47
    အရှင်လတ်လတ်ပြုတ်စားကြပါသေးတယ်။
  • 3:47 - 3:49
    ဒါဟာ ဥပဒေကြောင်းအရဆိုင်တဲ့ပြဿနာ
    တစ်ခုပါ၊
  • 3:49 - 3:53
    ဘာကြောင့်လဲဆိုတော့ ဒီကောင်တွေကို
    မလိုအပ်ဘဲနာကျင်မှုကိုခံစားစေရလို့ဖြစ်တယ်။
  • 3:53 - 3:57
    သိပ္ပံနည်းကျရှာဖွေမှုတစ်ခုဟာ အငြင်းပွားစရာ
    ဖြစ်နေသော်လည်း သဲလွန်စလေးတွေရခဲ့ပါတယ်။
  • 3:57 - 4:01
    ဝင်ကစွပ်တွေကိုစမ်းသပ်မှုမှာ သူတို့ဟာ
    လျှပ်စစ်နဲ့မေ့မျောအောင်လုပ်လိုက်ရင်
  • 4:01 - 4:03
    အခွံကနေဖို့မသင့်တော်ဘူးဆိုကာ
    ထွက်သွားလိမ့်မယ်၊
  • 4:03 - 4:06
    သို့သော် ကောင်းတဲ့အခွံလွတ်ထဲနေကြတယ်။
  • 4:06 - 4:09
    နာနေတဲ့လက်ချောင်းကို
    ကာကွယ်ဖို့ကွေးထားတတ်တဲ့ရေဘဝဲတွေဟာ
  • 4:09 - 4:12
    အဲဒီလက်ချောင်းကိုသုံးပြီးအစာဖမ်းနိုင်တယ်။
  • 4:12 - 4:17
    ဒါဟာဒီတိရိစ္ဆာန်တွေဟာအန္တ့ရာယ်တွေကို
    တုံ့ပြန်နိုင်ရုံတင်မကဘဲ ထိတွေ့အာရုံကိုလည်း
  • 4:17 - 4:20
    ကောင်းကောင်းအသုံးချတတ်တာကို
    ပြသနေပါတယ်။
  • 4:20 - 4:24
    ဂဏန်းတွေဟာ ဓာတ်လိုက်ခံလိုက်ရရင်
    အဲ့ထိမိတဲ့နေရာကို
  • 4:24 - 4:27
    ထပ်ခါထပ်ခါပွတ်နေပါတော့တယ်။
  • 4:27 - 4:29
    ပင်လယ်ပက်ကျိတွေတောင်မှ
    အန္တရာယ်
  • 4:29 - 4:32
    ဖြစ်နိုင်ခြေရှိတဲ့လှုံဆော်မှုကိုရရင်
    တန်းပြေးတော့တာပဲ။
  • 4:32 - 4:36
    ဒါတွေဟာရုပ်ပိုင်းဆိုင်ရာခံစားမှုတချို့ကို
    မှတ်ထားနိုင်တဲ့မှတ်ဉာဏ်အနည်းငယ်ရှိနေတယ်
  • 4:36 - 4:38
    လို့ဆိုလိုတာပါ
    လူတွေဟာတိရစ္ဆာန်တွေရဲ့နာကျင်ခြင်းကို
  • 4:38 - 4:41
    ဆက်ရှာဖွေလေ့လာနေပါတယ်၊
    လူတွေအသိတိုးတက်လာနေလို့
  • 4:41 - 4:45
    တစ်နေ့မှာ တိရစ္ဆာန်တွေကိုရည်ရွှယ်ချက်မရှိ
    နာကျင်ခြင်းမဲ့တဲ့ ကမ္ဘာတစ်ခုဖြစ်လာလောက်တယ်
Title:
တိရိစ္ဆာန်တွေ နာကျင်မှုကို ဘယ်လိုခံစားကြရလဲ။ Robyn J. Crook
Speaker:
Robyn J. Crook
Description:

သင်ခန်းစာအပြည့်အစုံသို့ =>http://ed.ted.com/lessons/how-do-animals-experience-pain-robyn-j-crook

လူတွေဟာ ရုတ်တရက်အပ်စူးတာကိုသိတယ်၊ မတော်တဆခြေထောက်တိုက်မိတာသိတယ်၊သွားကိုက်တာကိုသိတယ်။ နည်းမျိုးစုံသောနာကျင်မှုတွေကို လူသားတွေခွဲခြားခံစားနိုင်ပါတယ်။ သို့သော် အခြားမျိုးစိတ်တွေကကော။ ပတ်ဝန်းကျင်မှာရှိနေတဲ့တိရိစ္ဆာန်တွေနာကျင်မှုကို ဘယ်လိုသိကြခံစားကြရပါသလဲ။ Robyn J. Crook ကကျောရိုးရှိကော ကျောရိုးမဲ့သတ္တဝါတွေရဲ့နာကျင်မှုကိုတင်ဆက်ထားပါတယ်။

Robyn J. Crook ရဲ့ သင်ခန်းစာကို Anton Bogaty မှ သက်ဝင်ပုံများဖြင့် တင်ဆက်ပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:07

Burmese subtitles

Revisions Compare revisions