Return to Video

တစ်သန်းပိုင်း တစ်ပိုင်းကို မြင်ယောင်ကြည့်နည်း။

  • 0:07 - 0:10
    တစ်သန်းမှာ တစ်ခုဖြစ်ဖို့
    ဆိုတာက ဘာကိုဆိုလိုတာလဲ။
  • 0:10 - 0:13
    နှုတ်ဆက်ကဒ်ပြားထဲမှာ မဟုတ်ပဲ
  • 0:13 - 0:15
    တစ်သန်းပိုင်း တစ်ပိုင်းဆိုတာဟာ
  • 0:15 - 0:18
    တိုင်းတာမှု ယူနစ်တစ်ခုဖြစ်တဲ့
    သိပ္ပံဆိုင်ရာ သတ်မှတ်ချက်ပါ။
  • 0:18 - 0:22
    တစ်သန်းပိုင်းရဲ့ အပိုင်းတွေဆိုတာက
    အခြားတစ်ခုခုက ယူနစ်တစ်သန်းရှိလျင် ရှိမယ့်
  • 0:22 - 0:24
    အရာဝတ္ထုတစ်ခုရဲ့ အရေအတွက်ပါ
  • 0:24 - 0:28
    သေးတဲ့ ပမာဏက ခြားနားမှုကြီးကို ဖန်တီး
    တဲ့အခါ ပါဝင်မှုတွေကို တိုင်းနိုင်ပါတယ်။
  • 0:28 - 0:34
    ဥပမာ လေထဲက ကာဗွန်မိုနော့ဆိုဒ်
    ၃၅ ppm ရဲ့ ပါဝင်မှုဟာ
  • 0:34 - 0:36
    ကျွန်တော်တို့ကို အဆိပ်ဖြစ်စေပါတယ်။
  • 0:36 - 0:39
    ဒီလို အတိုင်းအတာတွေကို
    မကြာခဏကိုပဲ ကြုံတွေ့ရပေမဲ့
  • 0:39 - 0:42
    တကယ် ကြီးမားတဲ့ ကိန်းတွေကို
    တွေးဆကြည့်ဖို့ကျတော့ ခက်ပါတယ်။
  • 0:42 - 0:47
    တစ်သန်းပုံမှာ တစ်ပုံရဲ့ တကယ့် အနက်ကို
    ဦးနှောက်နဲ့ တိုင်းကြည့်ဖို့ ခက်ပါတယ်။
  • 0:47 - 0:50
    ဒီမှာကတော့ မြင်ယောင်ကြည့်ဖို့
    အထောက်အကူပေးတဲ့ နည်း ကိုးနည်းပါ။
  • 0:50 - 0:55
    ဒီတော့ စန္ဒရား ၁၁၃၆၃ လုံးစာအတွက်
    စန္ဒရား ခလုတ်တွေရှိတယ်ဆိုရင်
  • 0:55 - 1:01
    ဒီခလုတ်တွေထဲက တစ်ခုဟာ
    တစ်သန်းရဲ့ တစ်ပုံလောက်ရှိမယ်။
  • 1:01 - 1:06
    ဒီတော့ သကြားတုံး ၂၇၃ တုံးအနက်က
    သကြားပွင့်တစ်ပွင့်ဖြစ်လိမ့်မယ်။
  • 1:06 - 1:10
    တစ်ဆယ့်တစ်ရက်နဲ့ နေ့ဝက်ထဲက တစ်စက္ကန့်ပေါ့။
  • 1:10 - 1:12
    (သို့) "La Grande Jatte ကျွန်းပေါ်က
  • 1:12 - 1:17
    တနင်္ဂနွေ နေ့လည်ခင်းတစ်ခု"
    ပန်းချီကားထဲက အစက် လေးစက်ပေါ့။
  • 1:17 - 1:21
    သင့် ရေချိုးကန်က ဆန့်တာက
    ၆၀ ဂါလံလောက်ပါ။
  • 1:21 - 1:25
    ဒီတော့ မှင်ခုနှစ်စက်ဟာ
    တစ်သန်းပိုင်းမှာ တစ်ပိုင်းဖြစ်လိမ့်မယ်။
  • 1:25 - 1:32
    Harry Potter ဇာတ်လမ်းတွဲရဲ့ အင်္ဂလိပ်
    စာ မူကွဲက စာလုံးပေါင်း ၁၀၈၄၁၇၀ ပါ။
  • 1:32 - 1:37
    ဒါက "The Prisoner of Azkaban" ရဲ့စာမျက်နှာ
    ၂၂၁ က ဒဏ္ဍာရီ သတ္တဝါကို ဖန်တီးတယ်။
  • 1:37 - 1:41
    တစ်သန်းပုံမှာ တစ်ပုံလျော့လျော့ပေါ့။
  • 1:41 - 1:45
    ပြောင်းစေ့ တစ်သန်းဟာ
    အနှံ ၁၂၅၀ လောက်ရှိတယ်။
  • 1:45 - 1:49
    ဒီတော့ ကုန်ကားတစ်စီးစာထဲက
    တစ်စေ့ဟာ တစ်သန်းမှာ တစ်ပုံဖြစ်လိမ့်မယ်။
  • 1:49 - 1:53
    Empire State Building မှာ
    အုတ်အလုံးရေ ၁၀ သန်းရှိတယ်။
  • 1:53 - 1:57
    ဒီတော့ တစ်သန်းမှာ တစ်ပုံဟာ
    ဆယ်ပုံ တစ်ပုံလောက်ပါပဲ။
  • 1:57 - 2:02
    နောက်ဆုံး ဒီဗီဒီယို ဖန်တီးဖို့
    လူ ၁၀၀ အတူတူလုပ်ခဲ့တယ်။
  • 2:02 - 2:06
    စုပေါင်းအားဖြင့် သူတို့ ခေါင်းတွေမှာ
    ဆံပင်မွေး ၁၀ သန်းရှိတယ်။
  • 2:06 - 2:11
    ဒီဆံပင် ဆယ်ပင်ကို နှုတ်လိုက်ရင်
    တစ်သန်းမှာ တစ်ခုရတာပေါ့။
Title:
တစ်သန်းပိုင်း တစ်ပိုင်းကို မြင်ယောင်ကြည့်နည်း။
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/how-to-visualize-one-part-per-million-kim-preshoff-the-ted-ed-community တွင်ကြည့်ပါ။
"တစ်သန်းပိုင်း ဘယ်နှစ်ပိုင်း” ဆိုတာဟာ အခြားယူနစ် တစ်ခုက ယူနစ်တစ်သန်းရှိလျှင် ရှိရမယ့် အရာဝတ္ထုတစ်ခုရဲ့ ယူနစ်ကို ရေတွက်တဲ့ သိပ္ပံပညာဆိုင်ရာ တိုင်းတာမှုတစ်ခုပါ။ ဒါပေမဲ့ တကယ်ကို ကြီးမားတဲ့ ကိန်းတွေကို တွေးဆကြည့်ဖို့ကျတော့ ခက်ခဲပါတယ်။ "တစ်သန်းပုံမှာ တစ်ပုံ" ဆိုတာရဲ့ တကယ့် အနက်ဆိုလိုချက်ကို ကျွန်တော်တို့ရဲ့ ဦးနှောက် အနေနှင့် တိုင်းကြည့်ဖို့ ခက်ခဲတာကြောင့်ပါ။
Kim Preshoff ဟာ (TED-Ed Community မှ လှုပ်ရှားရုပ်ပုံ ဖန်တီးရှင်တွေရဲ့ အကူအညီနဲ့အတူ) ဒါကို မြင်ယောင်ကြည့်ဖို့ အထောက်အကူရတဲ့ နည်းလမ်းတွေကို မျှဝေထားပါတယ်။
သင်ခန်းစာကို Kim Preshoff ကပြုစုပြီး သက်ဝင်လှုပ်ရှား ရုပ်ပုံများကို TED-Ed Community ကဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
02:28

Burmese subtitles

Revisions