Return to Video

ကမ္ဘာမြေ၏ စွမ်းအင်ဆိုင်ရာ လမ်းညွှန်- Joshua M. Sneideman

  • 0:07 - 0:10
    စွမ်းအင်ဟာ ကျုပ်တို့ရဲ့
    ပတ်ပတ်လည်မှာ ဝန်းရံနေလျက်
  • 0:10 - 0:13
    တိကျတဲ့ သဘာ၀ နိယာမများကို လိုက်နာတဲ့
    ရုပ်ပိုင်း ပမာဏ တစ်ခုဖြစ်ပါတယ်။
  • 0:13 - 0:16
    ကျုပ်တို့ စကြ၀ဠာမှာ ၎င်းရဲ့ ပမာဏဟာ
    အကန့်အသတ်နဲ့ရှိပြီး
  • 0:16 - 0:19
    ၎င်းကို ဖန်တီး၍ မရ၊ ဖျက်ဆီး၍ မရနိုင်ဘဲ
  • 0:19 - 0:20
    အရွေ့ သို့မဟုတ် အတည်စွမ်းအင်လို
  • 0:20 - 0:23
    ပုံစံ အမျိုးမျိုးကို ဆောင်နိုင်ပြီး၊
  • 0:23 - 0:26
    အချင်းလက္ခဏာတွေ ကွဲပြားလျက်
    မှတ်ယူကြရမယ့် ပုံသေနည်းတွေ မတူပါဘူး။
  • 0:26 - 0:27
    သာဓက အနေနဲ့
  • 0:27 - 0:29
    LED စာကြည့်မီးရဲ့ ၆ watt မီသီးဟာ
  • 0:29 - 0:32
    ၁ စက္ကန့်မှာ စွမ်းအင် ၆ joules ကို
    ထုတ်လွှင့်ပေးပါတယ်။
  • 0:32 - 0:35
    ဒါပေမဲ့ ကျုပ်တို့ဂြိုဟ်ကို၊
    ၎င်းရဲ့ စနစ်တွေနဲ့ ၎င်းတို့ထဲ
  • 0:35 - 0:39
    စွမ်းအင် စီးဆင်းပုံကို ကြည့်ကြည့်ရန်၊
    အာကာသထဲ ပြန်ခုန်ထွက်ကြပါစို့။
  • 0:40 - 0:42
    ကမ္ဘာကြီးရဲ့ ရုပ်ပိုင်း စနစ်များထဲမှာ
  • 0:42 - 0:44
    လေထု၊ ရေထု၊
  • 0:44 - 0:47
    မြေလွှာထုနဲ့ ဇီ၀စက်ဝန်းတို့
    ပါဝင်ကြပါတယ်။
  • 0:47 - 0:50
    ဒီစနစ်တွေထဲသို့နဲ့ ၎င်းတို့ထဲမှ
    စွမ်းအင်ဟာ ရွေ့လျားနေပြီး
  • 0:50 - 0:52
    ၎င်းတို့အကြားမှာ စွမ်းအင်
    ပြောင်းလွဲမှုများထဲမှာ
  • 0:52 - 0:55
    တချို့ဟာ ပတ်ဝန်းကျင်သို့
    အပူ၊ အလင်း၊ အသံ
  • 0:55 - 0:57
    တုန်ခါမှု သို့မဟုတ် လှုပ်ရှားမှု အဖြစ်
  • 0:57 - 0:59
    လွင့်စင်တတ်ပါတယ်။
  • 1:00 - 1:03
    ကျုပ်တို့ ဂြိုဟ်ရဲ့ စွမ်းအင်ဟာ အတွင်းနဲ့
    အပြင်ရှိ အရင်းအမြစ်များမှ လာပါတယ်။
  • 1:03 - 1:07
    ရေဒီယို သတ္တိကြွ အိုင်ဆိုတုပ်များမှ
    ဘူမိအပူ စွမ်းအင်နဲ့
  • 1:07 - 1:10
    ကမ္ဘာက မိမိဝန်ရိုးပေါ် လည်ရာမှ
    ဖြစ်ပေါ်တဲ့ လည်ခြင်း စွမ်းအင်များက
  • 1:10 - 1:12
    အတွင်းစွမ်းအင်များ ဖြစ်ပြီး၊
  • 1:12 - 1:15
    နေမင်းဟာ မိုးလေဝသနဲ့ ရာသီဥတုလိုမျိုး
    အချို့သော စနစ်တွေကို
  • 1:15 - 1:18
    မောင်းနှင်ပေးနေတဲ့ ပင်မ ပြင်ပ
    စွမ်းအင် ရင်းမြစ် ဖြစ်ပါတယ်။
  • 1:18 - 1:22
    နေရောင်ဟာ မြေမျက်နှာပြင်နဲ့ လေထုကို
    ပမာဏ အမျိုးမျိုးဖြင့် နွှေးပေးနေရာ
  • 1:22 - 1:24
    အပူလှိုင်းများကို လည်ပတ်စေလျက်
  • 1:24 - 1:26
    တိုက်လေတွေ၊ သမုဒ္ဒရာ ရေစီးကြောင်းတွေကို
    ဖန်တီးပေးပါတယ်။
  • 1:27 - 1:32
    ကမ္ဘာ့ရဲ့ ပူနွေးတဲ့မျက်နှာပြင်က
    ဖြာထွက်တဲ့ အနီအောက်ရောင်ခြည်ကို ဖန်လုံအိမ်
  • 1:32 - 1:36
    ဓာတ်ငွေ့တွေက ဖမ်းယူလှောင်ပိတ်လျက် စွမ်းအင်
    စီးဆင်းမှုကို ထပ်ပြီး သက်ရောက်စေပါတယ်။
  • 1:37 - 1:40
    နေမင်းဟာ သက်ရှိတိုင်းအတွက်
    အဓိက စွမ်းအင် အရင်းအမြစ်လည်း ဖြစ်ပါတယ်။
  • 1:41 - 1:43
    အပင်တွေ၊ ရေမှော်တွေနဲ့ cyanobacteria တွေက
  • 1:43 - 1:46
    ကာဗွန်နဲ့ ရေမှ အော်ဂင်းနစ်
    ပစ္စည်းတွေထုတ်ဖို့
  • 1:46 - 1:48
    နေရောင်ကို သုံးလျက်
  • 1:48 - 1:51
    ဇီ၀စက်ဝန်းရဲ့ အစာကွင်းစက်ကို
    မောင်းနှင်နေပါတယ်။
  • 1:51 - 1:54
    ဒီအစာစွမ်းအင်တွေကို ကျွမ်းလောင်ခြင်းနဲ့
    လေရှုခြင်းတို့လို
  • 1:54 - 1:57
    ဓာတုဓာတ်ပြုခြင်းတွေကို သုံးလျက်
    ထုတ်လုပ်ပေးပါတယ်။
  • 1:57 - 2:00
    အစာကွင်းဆက် တစ်ဆင့်စီမှာ ဓာတုဗေဒ
    ဆိုင်ရာ တည်ဆောက်မှုအသစ်တေွလုပ်ကာ
  • 2:00 - 2:02
    အချို့ စွမ်းအင်တွေကို သိုလှောင်ပေးပေမဲ့
  • 2:02 - 2:05
    အများစုက ပတ်ဝန်းကျင်သို့
    လွင့်စင်သွားတယ်။
  • 2:05 - 2:07
    အစာချေဖျက်ရာမှ ထုတ်လွှတ်ပေးတဲ့
    ခင်ဗျားရဲ့
  • 2:07 - 2:09
    ကိုယ် အပူဓာတ်လိုပါပဲ။
  • 2:09 - 2:12
    အခုတော့၊ ဦးဆုံးစားသုံးတဲ့ သတ္တဝါတွေက
    အပင်တွေကို စားသုံးလိုက်တဲ့အခါ
  • 2:12 - 2:17
    ၎င်းတို့ စွမ်းအင် စုစုပေါင်းရဲ့ ၁၀% ခန့်သာ
    နောက်တစ်ဆင့်သို့ ကူးပြောင်းသွားတယ်။
  • 2:17 - 2:21
    အစာကွင်းဆက် အတွင်းမှာ စွမ်းအင်ဟာ
    ထုတ်လုပ်သူမှ စားသုံးသူတွေနဲ့
  • 2:21 - 2:24
    ဖြိုခွဲသူတွေထံသို့ တစ်ဖက်သို့သာ
    စီးဆင်းတာကြောင့်
  • 2:24 - 2:27
    အစားကွင်းဆက် အတွင်းမှာ
    တဆင့်နိမ့်တဲ့ သက်ရှိဟာ
  • 2:27 - 2:29
    အထက်ရှိ အဆင့်ထက်
    ထိရောက်မှု ပိုမြင့်မားပါတယ်။
  • 2:29 - 2:32
    ဒါကြောင့်မို့လို့ တိရစ္ဆာန်တစ်ကောင် အတွက်
    ထုတ်လုပ်သူကို စားခြင်းက
  • 2:32 - 2:35
    ၎င်းတို့ရဲ့ စွမ်းအင်ကို ရယူရန်
    အထိရောက်ဆုံး အဆင့်ဖြစ်ပေမဲ့၊
  • 2:35 - 2:39
    အဲဒီထုတ်လုပ်သူတို့ထဲသို့
    နေရောင်မှ အများဆုံးဖြစ်တဲ့ စွမ်းအင်ကိုသာ
  • 2:39 - 2:40
    ထည့်သွင်း မပေးလျှင်၊
  • 2:40 - 2:43
    ကျုပ်တို့ သိရှိကြသလို ကမ္ဘာပေါ်မှာ
    သက်ရှိတွေ ရှင်သန်မှု ရပ်သွားမှာပါ။
  • 2:43 - 2:47
    ကျုပ်တို့ လူသားတွေဟာ စားရေးအပြင် ဆောင်
    ရွက်စရာများအတွက် စွမ်းအင်ကို သုံးစွဲရတယ်။
  • 2:47 - 2:52
    ခရီးသွားတယ်၊ အိမ်ဆောက်တယ်၊ နည်းပညာ
    ပစ္စည်းပေါင်းစုံကို မောင်းနှင်ပါတယ်။
  • 2:52 - 2:53
    ဒါတွေ အားလုံးလုပ်ဖို့ရာ၊
  • 2:53 - 2:55
    ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့စတဲ့
  • 2:55 - 2:58
    ရုပ်ကြွင်းလောင်စာလို အရင်းအမြစ်တွေကို
    အသုံးပြုကြပါတယ်၊
  • 2:58 - 3:00
    ၎င်းတို့မှာ ပါဝင်တဲ့ စွမ်းအင်ကို
  • 3:00 - 3:02
    အပင်တွေက လွန်လေပြီးသော ကာလက
    နေရောင်ခြည်မှ ဖမ်းယူထားပြီး
  • 3:02 - 3:04
    ကာဗွန်ပုံစံဖြင့် သိှေလှာင်ထားခဲ့တာပါ။
  • 3:04 - 3:08
    ဓာတ်အားပေးစက်ရုံထဲ ရုပ်ကြွင်းလောင်စာတွေကို
    ကျုပ်တို့ လောင်ကျွမ်းစေခြင်းဖြင့်
  • 3:08 - 3:09
    သိုလှောင်ထားတဲ့ ထိုစွမ်းအင်ကို
  • 3:09 - 3:12
    လျှပ်စစ်ထုတ်ဖို့ ကျုပ်တို့က
    ပြန်ထုတ်လွှတ်ပေးပါတယ်
  • 3:12 - 3:13
    လျှပ်စစ်ဓာတ်ထုတ်ဖို့
  • 3:13 - 3:17
    ရုပ်ကြွင်း လောင်စာတွေ ကျွမ်းလောင်မှုမှ
    အပူကို အသုံးပြု၍ သံလိုက်လည်စေတဲ့
  • 3:17 - 3:19
    တာဘိုင်စက်များကို မောင်းနှင်ပါတယ်၊
  • 3:19 - 3:21
    တဖန်၊ ၎င်းက ဝါယာကြိုးခွေမှာ
    သံလိုက်စက်ကွင်း
  • 3:21 - 3:24
    ပြောင်းလဲမှုအားကို ဖန်တီးပေးလျက်
  • 3:24 - 3:28
    ဝါယာကြိုးထဲမှာ အီလက်ထရွန်တွေကို
    စီးစေပါတယ်။
  • 3:28 - 3:31
    ခေတ်သစ် လူဘောင်က အီလက်ထရွန်
    စီးဆင်းမှုကို မပြတ်တမ်း
  • 3:31 - 3:34
    မောင်းပေးနိုင်တဲ့ ကျုပ်တို့ စွမ်းရည်အပေါ်
    မှီခိုနေပါတယ်။
  • 3:34 - 3:38
    ကံကောင်းတာက၊ လျှပ်စစ်ကို ထုတ်လုပ်ဖို့
    ရုပ်ကြွင်းလောင်စာကိုသာ လောင်မြှိက်
  • 3:38 - 3:40
    ပေးရမယ်လို့ ကျုပ်တို့ကို ကန့်သတ်မထားတာပါ။
  • 3:40 - 3:42
    အလင်းအမှုန်တွေနဲ့ တိုက်ရိုက်
    တွေ့ထိစေလျက်
  • 3:42 - 3:45
    အီလက်ထရွန်တွေကို စီးဆင်းအောင်
    ညှို့ငင်ပေးနိုင်ပါတယ်၊
  • 3:45 - 3:47
    အဲဒါ ဆိုလာဆဲလ်ရဲ့ လုပ်ဆောင်ပုံပါပဲ။
  • 3:47 - 3:50
    အသစ်ပြန်လည်ဖြည့်စွမ်းနိုင်တဲ့
    အခြား အရင်းအမြစ်များဖြစ်ကြတဲ့
  • 3:50 - 3:51
    လေ၊ ရေ
  • 3:51 - 3:54
    ဘူမိအပူနဲ့ ဇီ၀လောင်စာတွေကိုလည်း
  • 3:54 - 3:56
    လျှပ်စစ် ထုတ်ဖို့ အသုံးပြုနိုင်ပါတယ်။
  • 3:57 - 4:00
    ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လိုအပ်ချက်က
    မြင့်မားလာနေပေမဲ့၊
  • 4:00 - 4:02
    ကမ္ဘာ့စွမ်းအင် ရင်းမြစ်တွေကို
    ရှုပ်ထွေးလှတဲ့
  • 4:02 - 4:05
    အခြေခံ စွမ်းအင် အဆောက်အအုံတွေမှတဆင့်
    ရယူဖို့ ကန့်သတ်ချက် ရှိပါတယ်။
  • 4:05 - 4:07
    လူဦးရေ တိုးပွားလာနေပြီး
  • 4:07 - 4:10
    စက်မှုလုပ်ငန်းတွေနဲ့ ဖွံဖြိုးတိုးတက်မှု
    နှုန်းတွေအရ
  • 4:10 - 4:13
    ကျုပ်တို့ရဲ့ စွမ်းအင်ဆိုင်ရာ ဆုံးဖြတ်ချက်
    တွေဟာ ပိုလို့ကို အရေးပါ..ပါတယ်။
  • 4:13 - 4:17
    စွမ်းအင်ကို ရယူသုံးနိုင်မှုက
    ကျန်းမာရေး၊ ပညာရေး၊
  • 4:17 - 4:20
    နိုင်ငံရေးအာဏာနဲ့ လူမှုစီးပွားရေး
    အခြေအနေတွေကို သက်ရောက်ပါတယ်။
  • 4:20 - 4:22
    ကျုပ်တို့ စွမ်းအင်ရဲ့ ထိရောက်မှုကို
    မြှင့်တင်နိုင်ရင်၊
  • 4:22 - 4:25
    ကျုပ်တို့ရဲ့ သဘာ၀အရင်းအမြစ်တွေကို
    ပိုတာဝန်သိသိ သုံးနိုင်ပြီး
  • 4:25 - 4:28
    လူတိုင်းရဲ့ ဘ၀အရည်အသွေးကို
    မြှင့်တင်ပေးနိုင်ပါတယ်။
Title:
ကမ္ဘာမြေ၏ စွမ်းအင်ဆိုင်ရာ လမ်းညွှန်- Joshua M. Sneideman
Description:

သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/a-guide-to-the-energy-of-the-earth-joshua-m-sneideman။

စွမ်းအင်ကို ဖန်တီးလို့လည်းမရ၊ ဖျက်ဆီးပစ်၍လည်းမရပေမဲ့၊ စွမ်းအင်အတွက် တောင်းဆိုမှုကျတော့ တကမ္ဘာလုံးမှာ ဆက်လက် တိုးတိုးလာနေပါတယ်။ ဒါပေမဲ့ စွမ်းအင်ဟာ ဘယ်အရပ်မှလာပြီး ဘယ်ဆီကို သွားတာပါလိမ့်။ နေမင်းမှ ကျုပ်တို့ရဲ့ အစားကွင်းဆက်၊ လျှပ်စစ် စသဖြင့် ကျုပ်တို့ ဂြိုဟ်တဝမ်းမှာ စွမ်းအင်ရဲ့ သံသရာထဲတွင် နည်းလမ်းအမျိုးမျိုးဖြင့် လည်ပတ်နေကြောင်းကို M. Sneideman က စူးစမ်းဖော်ပြထားပါတယ်။

သင်ခန်းစာတင်ဆက်သူ- Joshua M. Sneideman၊ ရုပ်သံလှုပ်ရှားမှု ပုံရိပ်- Marc Christoforidis.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:44

Burmese subtitles

Revisions Compare revisions