Return to Video

ကိုယ့်ကိုကိုယ် ပုန်းလျှိးမှုရဲ့ အန္တရာယ်

  • 0:01 - 0:06
    ကျွန်မ အသက်ငယ်တုန်းက ရှေးရိုးစွဲ
    အမေရိကန် ပြည်နယ် Kansas မှာ နေခဲ့ပေမဲ့၊
  • 0:06 - 0:10
    ကိုယ့်ကိုကိုယ် အစဉ်အလာကို
    မလိုက်နာသူဆိုပြီး ဂုဏ်ယူနေခဲ့ပါတယ်။
  • 0:10 - 0:13
    ကျွန်မဟာ လူအုပ်ကြီးရဲ့ နောက်ကို မလိုက်ခဲ့ပါ။
  • 0:13 - 0:16
    အထူးအဆန်း အဝတ်အစား ဒါမှမဟုတ် ဆံပင်ပုံစံတွေကို
    စမ်းကြည့်ဖို့ ကျွန်မ မကြောက်ပါ။
  • 0:16 - 0:20
    ကျွန်မဟာ ကိုယ်ထင်ရာကို ဖွင့်ပြောပြီး
    လူတွေအကြားမှာ လိုလိုချင်ချင် ဝင်ဆံ့ခဲ့သူပါ။
  • 0:20 - 0:26
    လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းက လန်ဒန်မှာ ပညာသင်နေခဲ့စဉ်
    ဒီပုံတွေ နဲ့ ပို့စ်ကဒ်တွေကတောင်
  • 0:26 - 0:32
    အခြားသူတွေ စိတ်ပျက်စရာကြီး ဒါမှမဟုတ်
    တမျိုးထင်ကြမှာကို ဂရုမစိုက်ခဲ့တာကို ပြနေကြပါတယ်။
  • 0:32 - 0:34
    (ရယ်မောသံများ)
  • 0:35 - 0:39
    ဒါပေမဲ့၊ အဲဒီ လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းကပဲ
    လန်ဒန်မှာ နေထိုင်ခဲ့စဉ်၊
  • 0:39 - 0:45
    ကျွန်မကိုယ်တိုင် အကြောင်း နားလည်မိခဲ့တဲ့
    အချက်တစ်ချက်ဟာ သိပ်ကို ထူးဆန်းခဲ့ပါတယ်၊
  • 0:45 - 0:48
    အဲဒါဟာ အရာတိုင်းကို ပြောင်းလဲပစ်ခဲ့ပါတယ်။
  • 0:49 - 0:53
    ကျွန်မဟာ မိမိကိုမိမိ ထင်မှတ်ထားခဲ့တာရဲ့
    ဆန့်ကျင်ဘက် ဖြစ်လာခဲ့ပါတယ်။
  • 0:53 - 0:56
    ကျွန်မဟာ လူတွေနဲ့ တွေ့ဆုံဆက်ဆံမနေဘဲ
    အခန်းထဲမှာပဲ နေနေခဲ့ပါတယ်။
  • 0:56 - 1:00
    ကလပ်အသင်းများထဲ ပါဝင်ခြင်း နဲ့ ခေါင်းဆောင်ဖြစ်ရေး
    လှုပ်ရှားမှုများကို ရပ်စဲလိုက်တယ်။
  • 1:00 - 1:04
    ကျွန်မဟာ လူအုပ်ကြီး အကြားမှာ
    ရပ်နေရမှာကို မလိုချင်တော့ပါ။
  • 1:04 - 1:08
    ကျွန်မဟာ ရုတ်တရက်ဆိုသလို
    လက်ခံလိုချင်လာလို့ မဟုတ်ခဲ့ဘဲ
  • 1:08 - 1:12
    အသက်ကြီးလာနေကာ ရင့်ကျက်လာနေလို့
    ဖြစ်တယ်လို့ ကိုယ့်ကိုကိုယ် ရှင်းပြခဲ့တယ်။
  • 1:12 - 1:15
    ကျွန်မဟာ ကိုယ့်ကိုကိုယ် လက်ခံသူ
    မဖြစ်နိုင်ဘူးလို့ ယုံကြည်နေခဲ့ပါတယ်။
  • 1:15 - 1:17
    ကျွန်မဟာ သမရိုးကျဝါဒီ မဟုတ်ခဲ့တာ
    ထင်ရှားနေခဲ့တယ်။.
  • 1:18 - 1:19
    ဒါပေမဲ့ အခုကျမှ နားလည်လာတာက
  • 1:19 - 1:24
    တစ်ခုခု ကျွန်မထဲမှာ ပြောင်းလဲသွားပြီလို့
    ကျွန်မ နားလည်မိလိုက်တဲ့ အချိန်ဟာဖြင့်
  • 1:24 - 1:29
    အစဉ်အလာတွေကို လိုက်နာမှု နဲ့ သိုဝှက်နေမှုကို
    စတင်လာတဲ့ အချိန်ပဲ ဖြစ်ခဲ့ပါတယ်။
  • 1:30 - 1:32
    ပုန်းလျှိုးမှုဟာ တစ်နေ့တစ်ခြား
    ပိုပိုအားကောင်းလာတတ်တဲ့ အကျင့်ပါ၊
  • 1:32 - 1:34
    တစ်ခါ စတင်လိုက်တာနဲ့
  • 1:34 - 1:39
    ရှေ့ကိုခြေလှမ်းလျက် လိုချင်တာကို ပြောဖြစ်ဖို့
    ပိုပိုခက်ခဲလာတတ်ပါတယ်။
  • 1:40 - 1:42
    တကယ့်တကယ်ကျတော့၊ အခုတောင်မှ၊
  • 1:42 - 1:46
    ကျွန်မက ဒီဟောပြောပွဲ အကြောင်းကို
    လူတွေအား ပြောပြစဉ်မှာတောင်၊
  • 1:46 - 1:48
    ကျွန်မဟာ ဖုံးကွယ်ဖို့ ပုံပြင်တစ်ခုကို
    ကြံဖန်ခဲ့ရပါတယ်၊
  • 1:48 - 1:51
    ကျွန်မရဲ့ TED Talk ကိစ္စကို
    အမှန်မပြောနိုင်ခဲ့ပါ။
  • 1:52 - 1:57
    ဒါကြောင့်မို့လို့ ကျွန်ဟာ ဒီမြို့ဆီကို
    ၁၆ နှစ်ကြာပြီးနောက် ပြန်သွားခြင်းဟာ
  • 1:57 - 2:02
    သင့်တင့်သလို ကြောက်ရွံ့စရာလည်း
    ကောင်းနေပါတယ်
  • 2:02 - 2:07
    ကျွန်မဟာ ပုန်းလျှိုးမှုကို လုံးဝ ရပ်စဲပစ်ဖို့အတွက်
    ဒီစင်မြင့်ကို ရွေးလိုက်တာပါ။
  • 2:08 - 2:12
    ကျွန်မဟာ ၁၆ နှစ်အထိကြာအောင်
    ဖုံးကွယ်နေခဲ့တာက ဘာများပါလိမ့်?
  • 2:14 - 2:18
    ကျွန်ဟာ လိင်တူဆက်ဆံသူ တစ်ဦးပါ။
  • 2:18 - 2:23
    (လက်ခုပ်သံများ)
  • 2:34 - 2:36
    ကျေးဇူးတင်ပါတယ်။
  • 2:36 - 2:38
    ကျွန်မဟာ အဲဒီလို စကားလုံးတွေကို သုံးပြီး
    ခေါ်ဝေါ်ကြမှာကို မလိုချင်ခဲ့လို့
  • 2:38 - 2:42
    ခုနက စကားလုံးတွေကို ထုတ်ပြောနိုင်ဖို့
    အတော့်ကို ကြိုးစားခဲ့ရပါတယ်။
  • 2:42 - 2:44
    ကျွန်မဟာ အတိတ်နှစ်များတုန်းက
    ကိုယ့်အကြောင်းကိုယ် စဉ်းစားကြည့်ခဲ့တိုင်းမှာ၊
  • 2:44 - 2:49
    ကျွန်မကို Morgana အဖြစ်သာ လူတွေကို
    သိစေလိုခဲ့ပါတယ်၊
  • 2:49 - 2:51
    သူများနဲ့မတူ Morgana ပေါ့လေ၊
  • 2:51 - 2:56
    ဒါပေမဲ့ လိင်တူချင်း ဆက်ဆံတဲ့ မိတ်ဆွေ Morgana"၊
    "ကျွန်မ လိင်တူ လုပ်ဖေါ် Morgana" မဟုတ်ဘဲ
  • 2:56 - 2:59
    Morgana သက်သက်ပါ။
  • 2:59 - 3:02
    မြို့ကြီးပြကြီးတွေမှာ နေထိုင်ကြတဲ့ ရှင်တို့ထဲက
    တချို့တို့အတွက်ဆိုရင်၊
  • 3:02 - 3:05
    ဒါဟာ ပြဿနာကြီး တစ်ခုပါလို့
    ထင်ချင်မှ ထင်ကြမှာပါ။
  • 3:05 - 3:08
    ကျွန်မဟာ အမှန်တရားကို ဖုံးဖိထားခဲ့ကာ
  • 3:08 - 3:11
    ဒီလောက်ကြာ ဖုန်းကွယ်ခဲ့ခြင်းကို
    နားလည်မရဘူးလို့ ထင်စရာ ရှိနိုင်ပါတယ်။
  • 3:11 - 3:16
    ဒါပေမဲ့ ကျွန်မကို လက်ခံကြမှာ မဟုတ်ဘူးဆိုတဲ့
    ကြောက်စိတ်တွေ လွှမ်းမိုးနေခဲ့လို့ပါ။
  • 3:17 - 3:19
    ပြီးတော့ အဲဒီလိုဖြစ်တာ
    ကျွန်မ တစ်ယောက်တည်း မဟုတ်ပါဘူး။
  • 3:19 - 3:24
    ၂၀၁၃ ခုနှစ် Deloitte သုတေသနက
    မယုံကြည်နိုင်လောက် များပြားတဲ့ လူတွေဟာ
  • 3:24 - 3:27
    သူတို့ရဲ့ ကိုယ်ပိုင် လက္ခဏာဆိုင်ရာ အချင်းအရာတွေကို
    ဖုန်းကွယ်ကြတာကို တွေ့ရှိခဲ့ပါတယ်။
  • 3:27 - 3:30
    သူတို့ လေ့လာခဲ့ကြတဲ့ လုပ်သား အားလုံးထဲက
    ၆၁ ရာခိုင်နှုန်းတို့က
  • 3:30 - 3:36
    သူတို့ အလုပ်ထဲမှာ အဆင်ပြေစေဖို့ သူတို့ရဲ့
    အမူအရာ သို့မဟုတ် အသွင်အပြင်ဆိုင်ရာ
  • 3:36 - 3:38
    တစ်ခုခုကို ပြောင်းလဲခဲ့ကြတယ်လို့ ဆိုပါတယ်။
  • 3:38 - 3:42
    လိင်တူချင်း ဆက်ဆံတဲ့ အမျိုးသား၊ အမျိုးသမီး နဲ့
    လိင်အင်္ဂါနှစ်မျိုးလုံးရှိ လုပ်သားများထဲက
  • 3:42 - 3:47
    ၈၃ ရာခိုင်နှုန်းတို့က သူတို့ရဲ့
    အလုပ်ကိုသွားကြတဲ့ အခါမှာ
  • 3:47 - 3:52
    "လိင်တူဆက်ဆံသူ" အသွင်မျိုး သိပ်မပေါ်လွင်စေရန်
    အပြောင်းအလဲ တချို့ လုပ်ခဲ့ကြရပါတယ်။
  • 3:52 - 3:55
    မတူကွဲပြားမှု မူဝါဒကို ကျင့်သုံးကြကာ အားလုံးကို
    လက်ခံကြတဲ့ ကုမ္ပဏီများထဲမှာတောင်
  • 3:55 - 3:59
    လုပ်ကိုင်ကြသူတို့ဟာ အစဉ်အလာကို လိုက်နာရန်
    အရေးကြီးတယ်လို့ ယူဆကြကာ
  • 3:59 - 4:02
    သူတို့ရဲ့ ရာထူးဆိုင်ရာ ရေရှည် အကျိုးစီးပွားကို
    ရှေ့ရှုလျက်
  • 4:02 - 4:05
    အတော့်ကို အားထုတ်ကြိုးစားကြရကြောင်း
  • 4:05 - 4:08
    အဲဒီသုတေသနက ထောက်ပြခဲ့ပါတယ်။
  • 4:08 - 4:13
    အဲဒီလောက် များပြားလှတဲ့ လူတွေဟာ
    ကျွန်မနည်းတူ သူတို့ကိုသူတို့ ပုန်းလျှိုးရန်အတွက်
  • 4:13 - 4:17
    ခက်ရာခက်ဆစ် အားထုတ်ကြိုပမ်းနေကြတာ
    ကျွန်မ စိတ်ခြောက်ခြားနေရတဲ့ကြားမှာ
  • 4:17 - 4:21
    ကျွန်မရဲ့ နှုတ်ငုံနေမှုကြောင့် သေရေးရှင်ရေး
    အကျိုးဆက်တွေဖြစ်လာနိုင်ကာ
  • 4:21 - 4:27
    ရေရှည် ဂယက်ရိုက်ခတ်မှုတွေ ရှိနိုင်တာကို
    သိလာရလို့ ပိုလို့ကို စိတ်ပျက်ခဲ့ရပါတယ်။
  • 4:29 - 4:31
    လိင်တူဆက်ဆံကြတဲ့ အမျိုးသား၊ အမျိုးသမီး နဲ့
    လိင်နှစ်မျိုးစလုံး ရှိသူတို့ဟာ
  • 4:31 - 4:35
    လိင်တူဆက်ဆံမှုကို လက်မခံတဲ့ လူ့အဖွဲ့အစည်းထဲမှာ
    နေထိုင်ကြရမယ်ဆိုရင်
  • 4:35 - 4:41
    လိင်တူဆက်ဆံမှုကို လက်ခံတဲ့
    လူ့အဖွဲ့အစည်းထဲမှာနဲ့စာရင်
  • 4:41 - 4:44
    သူတို့ရဲ့ အသက်မျှော်လင့်ချက်ဟာ
    ၁၂ နှစ် တိုတောင်းလာပါလိမ့်မည်။
  • 4:45 - 4:49
    မျှော်လင့်လို့ ရနိုင်တဲ့ အသက်ဟာ
    ဆယ်နှစ်နှစ် တိုသွားပါမယ်။
  • 4:49 - 4:52
    ဒီနှစ်ထဲ အဲဒီအကြောင်းကို The Advocate
    မဂ္ဂဇင်းထဲမှာ ကျွန်မ ဖတ်လိုက်ရတော့၊
  • 4:52 - 4:56
    ကျွန်မဟာ အဲဒါကို နှုတ်ငုံမနေနိုင်တော့တာကို
    ကျွန်မ နားလည်မိတယ်။
  • 4:57 - 5:03
    ကိုယ်ရေးကိုယ်တာ ဖိစီးမှု နဲ့ လူမှုရေး ဒဏ်ချက်တွေရဲ့ ပူးပေါင်းနှိပ်စက်မှုဟာ သေချင်စရာကြီးပါပဲ။
  • 5:05 - 5:08
    လိင်တူဆက်ဆံမှုကို လက်မခံတဲ့ လူ့အဖွဲ့အစည်းထဲမှာ
    နေနေရတဲ့ လိင်တူ ဆက်ဆံသူတို့ဟာ
  • 5:08 - 5:14
    နှလုံးရောဂါ၊ အကြမ်းဖက်မှု နဲ့ ကိုယ့်ကိုလုပ်ကြံမှုနှုန်း
    ပိုမြင့်တာကိုပါ သုတေသနက ညွှန်ပြပါတယ်။
  • 5:14 - 5:17
    တချိန်တုန်းက ပုဂ္ဂိုလ်ရေးကိစ္စပါလို့
    ကျွန်မထင်ခဲ့တဲ့ အရာဟာ
  • 5:17 - 5:19
    ဆင့်ကဲဆင့်ကဲ ဂယက်ရိုက်ခတ်လာကာ
  • 5:19 - 5:22
    လူ့အဖွဲ့အစည်းထဲမှာ အခိုင်အမာ အာဏာတည်လာပြီး၊
  • 5:22 - 5:25
    ကျွန်မလို လူတွေရဲ့ ဘဝကို
    အကျိုးသက်ရောက်လာနေပါပြီ။
  • 5:25 - 5:29
    ကျွန်မ ဘယ်သူလဲ ဆိုတာကို ပုန်းလျှိုးထားကာ
    ပြောမပြရန် ကျွန်မ ရွေးခဲ့ခြင်းဟာ
  • 5:29 - 5:33
    တကယ်တမ်းတွင် ခွဲခြားဆက်ဆံရေး
    အခြေအနေကိုမှ
  • 5:33 - 5:35
    သိသိသာသာကြီး အကျိုးပြုခဲ့ပါတယ်။
  • 5:36 - 5:42
    ကျွန်မ လိင်တူချင်း ဆက်ဆံသူဖြစ်တာ သူများကို
    ပြောပြရန် မလိုဘူးလို့ အမြဲတမ်း ယုံကြည်ခဲ့တယ်၊
  • 5:42 - 5:46
    ဒါပေမဲ့ ကျွန်မရဲ့ နှုတ်ငုံနေမှုက ကျွန်မနေထိုင်ရာ
    Kansas ပြည်နယ်ထဲမှာ
  • 5:46 - 5:51
    ခွဲခြားဆက်ဆံရေး အခြေအနေကို ပြောင်းလဲပစ်ရန်
    အခွင့်အလမ်း တစ်ခုကို လက်လွတ်လိုက်ခဲ့သလို ဖြစ်သွားကာ
  • 5:51 - 5:56
    ရင်လေးဖွယ်ရာ လူမှုရေး အကျိုးဆက်တွေကို
    ဖြစ်ပွားလာစေခဲ့တာကို နားလည်မိခဲ့ပါတယ်။
  • 5:56 - 6:02
    ဖေဖေါ်ဝါရီလတုန်းက၊ Kansas လွှတ်တော်ထဲမှာ
    လုပ်ငန်းရှင်များအား ဘာသာရေး လွတ်လပ်ခွင့်ကို
  • 6:02 - 6:04
    အကြောင်းပြပြီး အလုပ်ခန့်ရာတွင်
    လိင်တူဆက်ဆံသူများကို ငြင်းပယ်ခွင့်ပေးတဲ့
  • 6:04 - 6:11
    ဥပဒေမူကြမ်းကို မဲပေးအတည်ပြုရန်
    တင်သွင်းလာခဲ့ပါတယ်။
  • 6:13 - 6:16
    ကျွန်မရဲ့ လုပ်ဖက်ဟောင်း နဲ့
    မိတ်ဆွေတစ်ဦးရဲ့ ဖခင်ဟာ
  • 6:16 - 6:21
    Kansas လွှတ်တော်ထဲမှာ အမတ်တစ်ဦး
    ဖြစ်ခဲ့ပါတယ်။
  • 6:21 - 6:26
    သူဟာ အထက်ပါမူကြမ်းကို ထောက်ခံခဲ့တယ်၊
  • 6:26 - 6:33
    လုပ်ငန်းရှင်များ အနေနဲ့ ကျွန်မကို လက်ခံမရနိုင်အောင်
    ခွင့်ပြုပေးမဲ့ ဥပဒေကို ထောက်ခံခဲ့တာပါ။
  • 6:35 - 6:36
    ကျွန်မရဲ့ မိတ်ဆွေဟာ လိင်တူချင်းဆက်ဆံသူ
    အမျိုးသမီးတွေ၊ အမျိုးသားတွေ၊
  • 6:36 - 6:42
    လိင်နှစ်မျိုးစလုံး ရှိသူတွေ၊ လိင်စိတ်ပြောင်းသွားသူ၊ သူများနဲ့မတူသူများ၊
    ဆန်းစစ်လိုကြသူတွေကို ဘယ်လိုခံစားခဲ့တာလဲ?
  • 6:42 - 6:45
    သူမဖခင်ကကော ဘယ်လို ခံစားခဲ့တာလဲ။
  • 6:45 - 6:50
    ကျွန်မကိုယ်တိုင်က သူတို့ရဲ့ ဆက်ဆံရာတွင် ကျွန်မနဲ့
    ပတ်သက်ပြီး မရိုးသားခဲ့တော့ မပြောနိုင်ပါ။
  • 6:50 - 6:54
    အဲဒီအချက်ဟာ ကျွန်မကို
    အကြီးအကျယ် စိတ်ပျက်စေခဲ့ပါတယ်။
  • 6:54 - 6:57
    ကျွန်မရဲ့ အကြောင်းကို သူ့ကို လွန်ခဲ့တဲ့
    နှစ်များကတည်းက ပြောပြထားခဲ့ရင်ကော?
  • 6:57 - 7:00
    သူဟာ သူ့အဖေကို ကျွန်မ ဘဝအတွေ့အကြုံကိုများ
    ပြောပြခဲ့မှာလား။
  • 7:00 - 7:05
    ကျွန်မဟာ နောက်ဆုံးမှာတော့ သူ့မဲပေးမှုကို
    ပြောင်းလဲအောင် လုပ်နိုင်ခဲ့မှာလား။
  • 7:05 - 7:07
    ကျွန်မ အဲဒါကို ဘယ်တော့မှာမှ မသိနိုင်တော့ပါ၊
  • 7:07 - 7:11
    အဲဒီအချက်ကြောင့် တစ်ခုခု ပြောင်းလဲလာအောင်
  • 7:11 - 7:14
    ကျွန်မ ဘာမှမလုပ်ခဲ့တာကို သိမြင်လာစေခဲ့ပါတယ်။
  • 7:15 - 7:19
    မှတ်သားစရာ ကောင်းတဲ့အချက်က
    ကျွန်မဟာ ပြည်သူ့တွေနဲ့ ဆက်ရတဲ့
  • 7:19 - 7:22
    နယ်ပယ်ထဲမှာ အလုပ်လုပ်နေကာ
    လူတွေကို လက်ခံကြိုဆိုရသူ၊
  • 7:22 - 7:25
    လုပ်သားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို
    ဆက်သွယ်လုပ်ကိုင်ပေးနေသူ၊
  • 7:25 - 7:28
    လူ့အဖွဲ့အစည်းထဲက မတူကွဲပြားမှုကို
    လုပ်ငန်းခွင်ထဲမှာ ထင်ဟပ်ပေးရေးကို
  • 7:28 - 7:31
    အကျိုးဆောင်နေသူ တစ်ဦး ဖြစ်ပါလျက်နဲ့
  • 7:31 - 7:37
    ကျွန်မဟာ အဲဒီမတူကွဲပြားမှုကို အလုပ်အကျွေးပြုရန်
    ဘာမှ မလုပ်ခဲ့ပါဘူး။
  • 7:37 - 7:40
    လက်ရှိကုမ္ပဏီကို လွန်ခဲ့တဲ့ တစ်နှစ်တုန်းက
    ဝင်ပြီး အလုပ်လုပ်ခဲ့စဉ်၊
  • 7:40 - 7:45
    ဒီကုမ္ပဏီဟာ လိင်တူချင်းဆက်ဆံသူ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊
    လိင်နှစ်မျိုးစလုံး ရှိသူတွေ၊ လိင်စိတ်ပြောင်းသွားသူတို့အား
  • 7:45 - 7:49
    ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်နေကာ ကာကွယ်ပေးနေတယ်လို့
    ကျွန်မကိုကျွန်မ ပြောခဲ့ပါတယ်။
  • 7:49 - 7:54
    တစ်ကမ္ဘာလုံးဆိုင်ရာ သူတို့ရဲ့ လက်တွဲခေါ်ယူရေး
    အစီအစဉ်တွေက မတူကွဲပြားမှုကို ထောက်ခံနေပါတယ်။
  • 7:54 - 8:00
    ကျွန်မ ဒီကုမ္ပဏီထဲကို ရောက်သွားရင်
    ကျွန်မ ဖွင့်ထုတ် ပြောနိုင်မှာပါလို့ ထင်ခဲ့တယ်။
  • 8:01 - 8:03
    ဒါပေမဲ့ ကျွန်မ မလုပ်ဖြစ်ခဲ့ပါ။
  • 8:03 - 8:06
    ရှိနေတဲ့ အခွင့်အလမ်းကို အသုံးချမယ့်အစား၊
  • 8:06 - 8:10
    ကျွန်မ ဘာကိုမှ မလုပ်ခဲ့ပါ။
  • 8:20 - 8:26
    (လက်ခုပ်သံများ)
  • 8:28 - 8:32
    ကျွန်မဟာ လန်ဒန်မှာ လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းက
    စာသင်ခဲ့စဉ်တုန်းက
  • 8:32 - 8:35
    ကျွန်မရဲ့ လန်ဒန် ဂျာနယ် နဲ့ ဖြတ်ညှပ်ကပ်ထားတဲ့
    ဗလာစာအုပ်ကို လှန်လှော်ကြည့်နေစဉ်၊
  • 8:35 - 8:40
    Toni Morrison ရဲ့ "Paradise" စာအုပ်ထဲက
  • 8:42 - 8:46
    "ကြောက်စရာ အချက်တွေဟာ အပြင်မှာနဲ့စာရင် အတွင်းထဲမှာ
    ပိုများကြတယ်။" ဆိုတဲ့မှတ်ချက်ကို မြင်လိုက်တယ်။
  • 8:46 - 8:49
    အဲဒါနဲ့ အဲဒီအောက်နားမှာ ကျွန်မဟာ
    ကျွန်မအတွက် မှတ်ချက်ကို ရေးလိုက်တယ်၊
  • 8:49 - 8:51
    "ဒါကို မမေ့နဲ့။"
  • 8:52 - 8:57
    ကျွန်မဟာ လန်ဒန်မြို့ထဲကို ထွက်လေ့လာရန်
    မိမိကိုမိမိ အားပေးနေခဲ့တာ သေချာပါတယ်၊
  • 8:57 - 9:04
    ဒါပေမဲ့ လိုနေခဲ့တာက ကိုယ့်ကိုကိုယ် စူးစမ်းလေ့လာရန်
    နဲ့ သိနားလည်လာရန်ပဲ ဖြစ်ခဲ့ပါတယ်။
  • 9:04 - 9:07
    ကျွန်မအနေနဲ့ အခက်ဆုံး ကျော်လွှားရန်
    လိုအပ်မှာက
  • 9:07 - 9:12
    ကျွန်မကိုယ်တိုင်ရဲ့ ကြောက်စိတ်များနဲ့
    လိပ်ပြာမလုံမှုတွေ ဖြစ်မှာကိုတော့
  • 9:12 - 9:16
    ကျွန်မဟာ နောက်ဆုံးနှစ်များအထိကို
    နားမလည်နိုင်ခဲ့ပါ။
  • 9:16 - 9:24
    ကျွန်မအထဲက ကြောက်စိတ်များကို ရင်ဆိုင်ခြင်းဖြင့်
    အပြင်ဘက်က အရှိတရားကို ပြောင်းနိုင်မယ် ယုံပါတယ်။
  • 9:25 - 9:28
    ကျွန်မဟာ နှစ်ပေါင်းများစွာ ကြာအောင်
    ပုန်းလျှိုးထားခဲ့တာထဲက တစိတ်တဒေသကို
  • 9:28 - 9:34
    ဒီနေ့ ဖွင့်ထုတ်ပြသပေးဖို့
    ကျွန်မ ဆုံးဖြတ်ထားပါတယ်။
  • 9:34 - 9:39
    ဒါဟာဖြင့် ကျွန်ဟာ ဘယ်တော့မှာမှ ထပ်ပြီး
    ပုန်းကွယ်တော့မှာ မဟုတ်ဘူးလို့ မျှော်လင့်ချင်တယ်၊
  • 9:39 - 9:45
    အခုလို ဖွင့်ထုတ်ပြသလိုက်ခြင်းဖြင့် ဒေတာကို
    ပြောင်းလဲရန် တစ်ခုခု လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊
  • 9:45 - 9:52
    ကိုယ့်ကိုကိုယ် တစ်မျိုးတစ်ဖုံ ခံစားနေကြရသူတို့ပါ
    မိမိဘာသာမိမိ ရပ်တည်နိုင်ကြရန် နဲ့
  • 9:52 - 9:56
    အလုပ်ထဲမှာရော ပုဂ္ဂိုလ်ရေးထဲမှာပါ ပိုပြီး
    ပြည့်စုံလာဖို့ကို ကူနိုင်မှာကို မျှော်လင့်လိုပါတယ်။
  • 9:56 - 9:59
    ကျေးဇူးတင်ပါတယ်။
  • 9:59 - 10:05
    (လက်ခုပ်သံများ)
Title:
ကိုယ့်ကိုကိုယ် ပုန်းလျှိးမှုရဲ့ အန္တရာယ်
Speaker:
Morgana Bailey
Description:

Morgana Bailey ဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး အမှန်တရားကို ၁၆ နှစ်ကြာကို ဖုံးကွယ်နေခဲ့ပါတယ်။ ရဲဝံ့တဲ့ ဟောပြောခန်းထဲမှာ သူဟာ သူ့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ကြတဲ့ အချက်တွေကို ဖွင့်ဟ ပြောပြ ထားပါတယ်။ ဘာဖြစ်လို့ ထုတ်ပြောဖို့ လိုတာလဲ? သူ နှုတ်ငုံနေခဲ့ခြင်းကြောင့် ပုဂ္ဂိုလ်ရေးသာမက၊ လုပ်ငန်းခွင်ဆိုင်ရာ နဲ့ လူမှုရေး အကျိုးဆက်တွေ ဖြစ်ပွားလာနေတာကို သူ သိရှိနားလည်လိုက်လို့ပါ။ သူလုပ်ဖေါ်ကိုင်ဖက်တွေရဲ့ ရှေ့မှောက်မှာ သူဟာ အခြားသူတွေရဲ့ အမြင်ထဲ ရှုတ်ချခံနိုင်ရတယ်ဆိုတဲ့ ကြောက်စိတ်ဟာ ဘယ်လို အရေးကြီးပုံ နဲ့ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် တန်ဖိုးဖြတ်သုံးသပ်ကြပုံကို ဆွေးနွေးတင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:22

Burmese subtitles

Revisions