Return to Video

ဘာလင်တံတိုင်းကြီ ပေါ်လာခဲ့ပြီး ဖြိုခွင်းခံလိုက်ရမှု အကြောင်း - Konrad H. Jarausch

  • 0:07 - 0:11
    ၁၉၆၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့
    မနက်စောစောပိုင်းမှာ
  • 0:11 - 0:15
    စစ်သားတွေ ရဲတွေနဲ့အတူ
    အရှေ့ဂျာမနီလုပ်သားတွေဟာ
  • 0:15 - 0:20
    ဘာလင်မြို့တော်တလျောက်
    လမ်းတွေကိုဖျက်၊ အတားအဆီးတွေချပြီး
  • 0:20 - 0:22
    တံတိုင်းကြီးကို တည်ဆောက်ခဲ့ပါတယ်။
  • 0:22 - 0:26
    အဲ့သည့်နေ့မှာပဲ ကမ္ဘာ့သမိုင်းမှာ
    နာမည်ဆိုးနဲ့ကျော်ကြားတဲ့
  • 0:26 - 0:28
    ဘာလင်တံတိုင်း စတင်ခဲ့ပါတယ်။
  • 0:28 - 0:31
    ဆယ်စုနှစ်တစ်ခုကြာ တည်ဆောက်ခဲ့တဲ့
    အဲ့သည့်တံတိုင်းကြီးဟာ
  • 0:31 - 0:32
    အိမ်နီးချင်းတွေ၊
  • 0:32 - 0:34
    မိသားစုတွေ နဲ့
  • 0:34 - 0:37
    ဂျာမနီပြည်ကိုသာမက
    ကမ္ဘာကြီးကိုပါ နှစ်ခြမ်းခြမ်းခဲ့ပါတယ်။
  • 0:37 - 0:39
    ဒီအဖြစ်တွေရဲ့သမိုင်းကို ခြေရာခံဖို့အတွက်
  • 0:39 - 0:41
    ဒုတိယကမ္ဘာစစ်ကာလကို ပြန်သွားရပါလိမ့်မယ်။
  • 0:41 - 0:43
    အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့
  • 0:43 - 0:47
    ဆိုဗီယက်ပြည်ထောင်စုတို့
    မဟာမိတ်ပြုလုပ် တိုက်ခိုက်ခဲ့ပြီး
  • 0:47 - 0:49
    နာဇီဂျာမနီကို အနိုင်ရတဲ့နောက်မှာ
  • 0:49 - 0:53
    မဟာမိတ်တွေဟာ ဂျာမနီပြည်ကို
  • 0:53 - 0:55
    ခေတ္တခဏ ခွဲ၀ေထိန်းသိမ်းခဲ့ကြပါတယ်။
  • 0:55 - 0:58
    ဒါပေမယ့် မဟာမိတ်အချင်းချင်းဟာ စစ်ပြီးကာလ
  • 0:58 - 1:01
    ဥရောပပြန်လည်ထူထောင်ရေးအတွက်
    အမြင်မတူကြပါဘူး။
  • 1:01 - 1:03
    အနောက်နိုင်ငံတွေက အရင်းရှင်စီးပွားရေးစနစ်
    စတင်ချင်သလို
  • 1:03 - 1:08
    ဆိုဗီယက်ပြည်ထောင်စုကတော့
    ဂျာမနီပြည်နဲ့ အခြားနိုင်ငံတွေကို
  • 1:08 - 1:10
    ကွန်မြူနစ်နိုင်ငံတွေအဖြစ် မြင်ချင်နေပါတယ်။
  • 1:10 - 1:12
    မဟာမိတ်တွေ
    အဆင်မပြေဖြစ်လာပြီးနောက်
  • 1:12 - 1:15
    အနောက်ဘက်မှာ အနောက်ဂျာမနီနိုင်ငံ FRG,
  • 1:15 - 1:20
    အရှေ့ဘက်မှာ အရှေ့ဂျာမနီနိုင်ငံ GDR တို့
    အသီးသီး ပေါ်ပေါက်လာပါတယ်။
  • 1:20 - 1:24
    ဆိုဗီယက်သြဇာခံနိုင်ငံတွေမှာ
    အနောက်တိုင်း စီးပွားရေးလမ်းကြောင်းတွေကို
  • 1:24 - 1:27
    ပိတ်ပင်ခဲ့တာမို့ အင်အားကြီးစနစ်နှစ်ခုအကြား
  • 1:27 - 1:30
    သံကန့်လန့်ကာ ဆိုတဲ့
    နယ်ခြားမျဉ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
  • 1:30 - 1:35
    ဂျာမနီမြို့တော်ဖြစ်တဲ့ ဘာလင်မှာတော့
    အခြေအနေတွေက ပိုပြီး ရှုပ်ထွေးနေပါတယ်။
  • 1:35 - 1:39
    ဘာလင်မြို့တော်ဟာ
    အရှေ့ဂျာမနီပိုင်နက်အတွင်းမှာ တည်ရှိပေမဲ့
  • 1:39 - 1:43
    သဘောတူညီချက်တွေအရ မြို့တော်ကို
    နှစ်ဖက်စလုံးက ခွဲ၀ေအုပ်ချုပ်ပါတယ်။
  • 1:43 - 1:47
    ဒါ့ကြောင့် အနောက်အုပ်စုဟာ
    ဘာလင်မြို့တော် အနောက်ခြမ်းကို
  • 1:47 - 1:49
    သီးသန့်နယ်မြေအဖြစ် တည်ထောင်ခဲ့ပါတယ်။
  • 1:49 - 1:53
    အရှေ့ဂျာမနီနိုင်ငံသားတွေဟာ
    နိုင်ငံတွင်းမှ ပြင်ပကိုထွက်ခွာလို့ မရပါဘူး
  • 1:53 - 1:56
    ဒါ့ကြောင့် ဘာလင်အနောက်ဘက်ကို
  • 1:56 - 1:58
    မြို့ပတ်ရထား၊ ဘတ်စ်ကားစီးသွားကြပြီး
  • 1:58 - 1:59
    သွားလည်လို့ရခဲ့ပြီး
  • 1:59 - 2:03
    အနောက်ဂျာမနီဖက်ကို
    ခရီးထွက်သွားနိုင်ခဲ့ကြတယ်။
  • 2:03 - 2:07
    ဒီလို အနေအထားဟာ
    အရှေ့ဂျာမနီအုပ်ချုပ်ရေးကို ထိခိုက်လာပါတယ်။
  • 2:07 - 2:11
    မိမိတို့ဟာ နာဇီတွေကို ကွန်မြူနစ်နည်းနဲ့
    တော်လှန်တိုက်ထုတ်ခဲ့တာဖြစ်ပြီး
  • 2:11 - 2:14
    အနောက်ဂျာမနီကတော့ နာဇီဝါဒကို
    ပြန်လည်အသက်သွင်းနေတယ် လို့ စွပ်စွဲပါတယ်။
  • 2:14 - 2:17
    တကယ်တမ်းမှာတော့ အနောက်အုပ်စုဟာ
    အနောက်ဂျာမနီ ဖွံဖြိုးတိုးတက်ဖို့
  • 2:17 - 2:19
    ငွေတွေပုံအော် သုံးပေးနေချိန်မှာ
  • 2:19 - 2:21
    ဆိုဗီယက်ပြည်ထောင်စုကတော့
    ကာကွယ်ရေးအတွက်ဆိုပြီး
  • 2:21 - 2:23
    ရှိရင်းသယံဇာတများကိုပါ
    ထုတ်ယူသုံးစွဲနေတာကြောင့်
  • 2:23 - 2:27
    အရှေ့ နဲ့ အနောက်ဂျာမနီဟာ
    စီးပွားရေးချင်း ယှဉ်မရ ဖြစ်လာပါတယ်။
  • 2:27 - 2:31
    တဖန် အရှေ့ဂျာမနီပြည်သူများရဲ့
    လူနေမှုဘ၀ကို STASI လို့ခေါ်တဲ့
  • 2:31 - 2:35
    ကွန်မြူနစ်ထောက်လှမ်းရေးအဖွဲ့၀င်များက
    အမြဲစောင့်ကြည့်နေပြီး
  • 2:35 - 2:38
    အစိုးရအပေါ် သစ္စာရှိဖို့
    ဖိအားပေးခံနေရပါတယ်။
  • 2:38 - 2:41
    အရှေ့ဘက်မှာ အခမဲ့ကျန်းမာရေး
    အခမဲ့ပညာရေးစနစ်တို့ ရှိခဲ့ပေမဲ့
  • 2:41 - 2:43
    ဂျာမန်တွေဟာ လစာပိုကောင်းတဲ့
  • 2:43 - 2:45
    ခေတ်မှီ အသုံးအဆောင်တွေ ပေါများတဲ့
  • 2:45 - 2:47
    ပိုလွတ်လပ်တဲ့ အနောက်ဘက်ကို
    ပိုသဘောကျကြပါတယ်။
  • 2:47 - 2:53
    ၁၉၆၁ ခုနှစ်မှာ ပညာတတ်လူငယ်များ အပါအ၀င်
    အရှေ့ဂျာမနီရဲ့ လူဦးရေ ၂၀ ရာနှုန်း
  • 2:53 - 2:56
    လူဦးရေ ၃.၅ သန်းခန့်ဟာ
    အနောက်ဘက်ကို ပြောင်းရွှေ့ခိုလှုံသွားပါတယ်။
  • 2:56 - 2:58
    ဒီလိုအဖြစ်တွေကို ကာကွယ်ဖို့
  • 2:58 - 3:03
    အရှေ့ဂျာမနီဟာ နယ်စပ်တွေကိုပိတ်ပြီး
    ဘာလင်တံတိုင်းကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
  • 3:03 - 3:05
    တံတိုင်းဟာ ဘာလင်မြို့တွင်းမှာ
    ၄၃ ကီလိုမီတာရှည်ပြီး
  • 3:05 - 3:08
    မြို့ပြင်မှာ ၁၁၂ ကီလိုမီတာ ၀န်းရံထားပါတယ်။
  • 3:08 - 3:12
    ပထမတော့ သံဆူးကြိုးတွေ သံဇကာတွေနဲ့
    ကာထားပေမဲ့
  • 3:12 - 3:15
    သံဆူးကြိုးကို ခုန်ကျော်တာတွေ
  • 3:15 - 3:17
    ပြတင်းပေါက်က ခုန်ကျော်တာတွေဖြစ်လာလို့
  • 3:17 - 3:20
    နောက်ပိုင်းမှာ ပိုမိုတင်းကျပ်လာပါတော့တယ်
  • 3:20 - 3:27
    ၁၉၆၅ ခုနှစ်မှာတော့ ၃.၆ မီတာမြင့်ပြီး
    ၁၀၆ မီတာရှည်တဲ့ ကွန်ကရစ်တံတိုင်းကြီးကို
  • 3:27 - 3:31
    တွယ်တက်ဖို့ခက်တဲ့ ပိုက်လုံးတွေတပ်ကာ
    စတင်တည်ဆောက်ခဲ့ပါတယ်။
  • 3:31 - 3:34
    နောက်ပိုင်းမှာ သံဆူးတွေ
  • 3:34 - 3:35
    အစောင့်ခွေးတွေ ချပြီး
  • 3:35 - 3:37
    မိုင်းတွေပါ ထောင်လာပါတယ်။
  • 3:37 - 3:41
    မျှော်စင် ၃၀၂ ခု၊ ဘန်ကာအလုံး ၂၀ အပြင်
  • 3:41 - 3:46
    တံတိုင်းကို မရောက်ခင် မီတာတစ်ရာအတွင်း
    သတ်ကွင်းပြုလုပ်ထားပါတယ်။
  • 3:46 - 3:50
    သတ်ကွင်းအတွင်းက အဆောက်အအုံတွေကိုဖျက်
    သဲနဲ့ဖို့ပြီး
  • 3:50 - 3:54
    အစောင့်တွေရဲ့ မြင်ကွင်းကို
    ရှင်းအောင်လုပ်ထားပြီး
  • 3:54 - 3:57
    ပစ်မိန့်လည်းပေးထားပါတယ်။
  • 3:57 - 4:03
    သို့သော်လည်း ယင်းကာလ ၁၉၆၁ မှ ၁၉၈၉ အတွင်း
  • 4:03 - 4:07
    အရှေ့ဂျာမနီမှ လူငါးထောင်ခန့်ဟာ
    အနောက်ဘက်ကို ရအောင်ထွက်ပြေးခဲ့ပါတယ်။
  • 4:07 - 4:10
    အစိုးရ၀န်ထမ်းတွေ အားကစားသမားတွေ
    နိုင်ငံခြားရောက်တုန်း ထွက်ပြေး
  • 4:10 - 4:13
    တချို့က မြေအောက်ဥမင်တွေတူးပြီး ပြေး
  • 4:13 - 4:15
    တချို့က တူးမြောင်းတွေကနေ ကူးပြေး
  • 4:15 - 4:17
    တချို့က မိုးပျံပူဖေါင်းနဲ့ ပြေး
  • 4:17 - 4:21
    တချို့က တင့်ကားခိုးပြီး တံတိုင်းတိုက်ပြေး
    စသဖြင့် နည်းမျိုးစုံနဲ့ ပြေးကြပါတယ်။
  • 4:21 - 4:23
    ပေးဆပ်ရတာတွေလည်း မနည်းပါဘူး။
  • 4:23 - 4:26
    ထွက်ပြေးသူထဲက ၁၃၈ ဦး
    အသက်ဆုံးခဲ့ပါတယ်။
  • 4:26 - 4:31
    အနောက်ဂျာမနီနိုင်ငံသားတွေက
    မြင်နေရက်နဲ့ ဘာမှမကူညီနိုင်ခဲ့ပါဘူး။
  • 4:31 - 4:36
    တံတိုင်းကြီးကြောင့် အလုပ်သမားပြုန်းတီးမှု
    လျော့ကျသွားပြီး စီးပွားရေးတည်ငြိမ်လာပေမဲ့
  • 4:36 - 4:38
    ကွန်မြူနစ်စနစ်ရဲ့ ဖိနှိပ်မှုတစ်ခုအဖြစ်
  • 4:38 - 4:42
    နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့ပါတယ်။
  • 4:42 - 4:44
    အနောက်ဂျာမနီကတော့
    အရှေ့နဲ့ပြန်လည်သင့်မြတ်ဖို့
  • 4:44 - 4:49
    ၁၉၇၂ စာချုပ်ကို ချုပ်ဆိုပြီး
    အရှေ့ဂျာမနီကို အသိအမှတ်ပြုခဲ့သလို
  • 4:49 - 4:54
    နောက်ဆုံးမှာ ပြန်လည်ပေါင်းစည်းရေးကို
    မျှော်လင့်ခဲ့ပါတယ်။
  • 4:54 - 4:57
    အရှေ့ဂျာမနီကမိသားစုချင်း
    ပြန်လည်ဆုံစည်းဖို့ ခွင့်ပြုထားတယ်ဆိုပေမဲ့
  • 4:57 - 5:01
    ဒီအခွင့်အရေးကို လူတိုင်းလွယ်လွယ်နဲ့မရအောင်
  • 5:01 - 5:05
    အဆင့်များစွာ တင်ပြရအောင်
    ငွေအများကြီးကုန်အောင်
  • 5:05 - 5:08
    ခွင့်ပြုမိန့် အကြာကြီး စောင့်ရအောင်
    လုပ်ထားပြီး ချုပ်ကိုင်ထားပါတယ်။
  • 5:08 - 5:10
    ၁၉၈၀ ခုနှစ်အကုန်မှာတော့
  • 5:10 - 5:13
    အခြားအရှေ့ဥရောပနိုင်ငံများနည်းတူ
    အရှေ့ဂျာမနီမှာ
  • 5:13 - 5:17
    လွတ်လပ်ခွင့်အတွက်
    လူစုလူဝေးနဲ့ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။
  • 5:17 - 5:20
    ၁၉၈၉ နို၀င်ဘာ ၉ ရက်နေ့ ညနေပိုင်းမှာတော့
  • 5:20 - 5:25
    အရှေ့ဂျာမနီဟာ တင်းမာမှုတွေ လျော့ကျစေဖို့
    ခရီးသွားလာခွင့်ကို ဖြေလျှော့ပေးခဲ့ပါတယ်
  • 5:25 - 5:29
    ကြေညာပြီးပြီးချင်းမှာပဲ
    ထောင်ပေါင်းများစွာသော အရှေ့ဂျာမန်တွေဟာ
  • 5:29 - 5:31
    နယ်စပ်ဂိတ်တွေကို လာရောက်ခဲ့ပြီး
  • 5:31 - 5:35
    အစောင့်တွေကို ဂိတ်တွေ
    ချက်ခြင်းဖွင့်ခိုင်းခဲ့ပါတယ်။
  • 5:35 - 5:38
    လူအုပ်ကြီးဟာ အနောက်ဘာလင်ကို
    စုပြုံတိုး၀င်နေခဲ့သလို
  • 5:38 - 5:41
    နှစ်ဖက်စလုံးက လူတွေဟာ
    တံတိုင်းပေါ်မှာ ကခုန်နေခဲ့ပါတယ်။
  • 5:41 - 5:45
    တချို့ကလည်း ရရာပစ္စည်းကိရိယာတွေနဲ့
    တံတိုင်းကြီးကို ဖြိုချကြပါတယ်။
  • 5:45 - 5:48
    ပထမတော့ အစောင့်တွေဟာ အခြေအနေကို
    ထိန်းသိမ်းဖို့ ကြိုးစားပေမဲ့
  • 5:48 - 5:53
    ဂျာမနီကို အရှေ့အနောက် ခွဲခြားထားတဲ့ခေတ်ဟာ
    အဆုံးသတ်အချိန်ကို ရောက်လာခဲ့ပါပြီ။
  • 5:53 - 5:56
    ဆယ်စုနှစ်လေးခုကြာခဲ့ပြီး
    ၁၉၉၀ အောက်တိုဘာလမှာတော့
  • 5:56 - 5:58
    ဂျာမနီဟာ တရား၀င်ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။
  • 5:58 - 6:01
    မကြာမှီ ဆိုဗီယက်ပြည်ထောင်စုကြီးလည်း
    ပြိုကွဲသွားခဲ့ပါတယ်။
  • 6:01 - 6:04
    ယနေ့မှာတော့ တံတိုင်းအချို့ကို
    အမှတ်တရအနေနဲ့ တွေ့ရမှာဖြစ်ပြီး
  • 6:04 - 6:06
    လွတ်လပ်ခွင့်ကို တားဆီးလာတဲ့
    ဘယ်အတားအဆီးမဆို
  • 6:06 - 6:08
    မိမိတို့က ပြန်လည်ဖြိုချခွင့်ရှိကြောင်း
  • 6:08 - 6:10
    ယင်းအစိတ်အပိုင်းများက
    ဖော်ပြလျက်ရှိနေကြပါတယ်
Title:
ဘာလင်တံတိုင်းကြီ ပေါ်လာခဲ့ပြီး ဖြိုခွင်းခံလိုက်ရမှု အကြောင်း - Konrad H. Jarausch
Speaker:
Konrad H. Jarausch
Description:

ကျုပ်တို့ရဲ့ အဓိက စာမျက်နှာမှာလည်း ရှာကြည့်ကြပါ- https://www.patreon.com/teded

၁၉၆၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ မနက်စောစောပိုင်းမှာ စစ်သားတွေ၊ ရဲတွေနဲ့အတူ အရှေ့ဂျာမနီ လုပ်သားတွေဟာ ဘာလင်မြို့တော် တလျောက် လမ်းတွေကိုဖျက်၊ အတားအဆီးတွေချပြီး တံတိုင်းကြီးတစ်ခုကို စတင်တည်ဆောက်ခဲ့ပါတယ်။ အဲ့သည့်နေ့မှာပဲ သမိုင်းမှာနာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘာလင်တံတိုင်း စတင်ခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခုကြာ တည်ဆောက်ခဲ့တဲ့ အဲ့သည့်တံတိုင်းကြီးဟာ အိမ်နီးချင်းတွေ၊ မိသားစုတွေ နဲ့ ဂျာမနီပြည်ကိုသာမက ကမ္ဘာကြီးကိုပါ နှစ်ခြမ်းခြမ်းခဲ့ပါတယ်။ Konrad H. Jarausch က ယင်းအကြောင်းကို လေ့လာတင်ပြထားပါတယ်။

ပို့ချသူ - Konrad H. Jarausch
ကာတွန်းရုပ်ရှင်ဖန်တီးသူ - Remus & Kiki

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
06:26

Burmese subtitles

Revisions