WEBVTT 00:00:07.237 --> 00:00:10.918 ၁၉၆၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ မနက်စောစောပိုင်းမှာ 00:00:10.918 --> 00:00:14.817 စစ်သားတွေ ရဲတွေနဲ့အတူ အရှေ့ဂျာမနီလုပ်သားတွေဟာ 00:00:14.817 --> 00:00:19.717 ဘာလင်မြို့တော်တလျောက် လမ်းတွေကိုဖျက်၊ အတားအဆီးတွေချပြီး 00:00:19.717 --> 00:00:21.558 တံတိုင်းကြီးကို တည်ဆောက်ခဲ့ပါတယ်။ 00:00:21.558 --> 00:00:25.677 အဲ့သည့်နေ့မှာပဲ ကမ္ဘာ့သမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ 00:00:25.677 --> 00:00:27.807 ဘာလင်တံတိုင်း စတင်ခဲ့ပါတယ်။ 00:00:27.807 --> 00:00:30.580 ဆယ်စုနှစ်တစ်ခုကြာ တည်ဆောက်ခဲ့တဲ့ အဲ့သည့်တံတိုင်းကြီးဟာ 00:00:30.580 --> 00:00:32.058 အိမ်နီးချင်းတွေ၊ 00:00:32.058 --> 00:00:33.582 မိသားစုတွေ နဲ့ 00:00:33.582 --> 00:00:36.898 ဂျာမနီပြည်ကိုသာမက ကမ္ဘာကြီးကိုပါ နှစ်ခြမ်းခြမ်းခဲ့ပါတယ်။ 00:00:36.898 --> 00:00:39.019 ဒီအဖြစ်တွေရဲ့သမိုင်းကို ခြေရာခံဖို့အတွက် 00:00:39.019 --> 00:00:41.368 ဒုတိယကမ္ဘာစစ်ကာလကို ပြန်သွားရပါလိမ့်မယ်။ 00:00:41.368 --> 00:00:43.037 အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ 00:00:43.037 --> 00:00:47.449 ဆိုဗီယက်ပြည်ထောင်စုတို့ မဟာမိတ်ပြုလုပ် တိုက်ခိုက်ခဲ့ပြီး 00:00:47.449 --> 00:00:49.028 နာဇီဂျာမနီကို အနိုင်ရတဲ့နောက်မှာ 00:00:49.028 --> 00:00:52.739 မဟာမိတ်တွေဟာ ဂျာမနီပြည်ကို 00:00:52.739 --> 00:00:55.010 ခေတ္တခဏ ခွဲ၀ေထိန်းသိမ်းခဲ့ကြပါတယ်။ 00:00:55.010 --> 00:00:57.850 ဒါပေမယ့် မဟာမိတ်အချင်းချင်းဟာ စစ်ပြီးကာလ 00:00:57.850 --> 00:01:00.550 ဥရောပပြန်လည်ထူထောင်ရေးအတွက် အမြင်မတူကြပါဘူး။ 00:01:00.550 --> 00:01:03.248 အနောက်နိုင်ငံတွေက အရင်းရှင်စီးပွားရေးစနစ် စတင်ချင်သလို 00:01:03.248 --> 00:01:07.510 ဆိုဗီယက်ပြည်ထောင်စုကတော့ ဂျာမနီပြည်နဲ့ အခြားနိုင်ငံတွေကို 00:01:07.510 --> 00:01:10.279 ကွန်မြူနစ်နိုင်ငံတွေအဖြစ် မြင်ချင်နေပါတယ်။ 00:01:10.279 --> 00:01:11.998 မဟာမိတ်တွေ အဆင်မပြေဖြစ်လာပြီးနောက် 00:01:11.998 --> 00:01:15.300 အနောက်ဘက်မှာ အနောက်ဂျာမနီနိုင်ငံ FRG, 00:01:15.300 --> 00:01:20.312 အရှေ့ဘက်မှာ အရှေ့ဂျာမနီနိုင်ငံ GDR တို့ အသီးသီး ပေါ်ပေါက်လာပါတယ်။ 00:01:20.312 --> 00:01:23.850 ဆိုဗီယက်သြဇာခံနိုင်ငံတွေမှာ အနောက်တိုင်း စီးပွားရေးလမ်းကြောင်းတွေကို 00:01:23.850 --> 00:01:27.313 ပိတ်ပင်ခဲ့တာမို့ အင်အားကြီးစနစ်နှစ်ခုအကြား 00:01:27.313 --> 00:01:29.869 သံကန့်လန့်ကာ ဆိုတဲ့ နယ်ခြားမျဉ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ 00:01:29.869 --> 00:01:34.564 ဂျာမနီမြို့တော်ဖြစ်တဲ့ ဘာလင်မှာတော့ အခြေအနေတွေက ပိုပြီး ရှုပ်ထွေးနေပါတယ်။ 00:01:34.564 --> 00:01:38.641 ဘာလင်မြို့တော်ဟာ အရှေ့ဂျာမနီပိုင်နက်အတွင်းမှာ တည်ရှိပေမဲ့ 00:01:38.641 --> 00:01:42.921 သဘောတူညီချက်တွေအရ မြို့တော်ကို နှစ်ဖက်စလုံးက ခွဲ၀ေအုပ်ချုပ်ပါတယ်။ 00:01:42.921 --> 00:01:46.722 ဒါ့ကြောင့် အနောက်အုပ်စုဟာ ဘာလင်မြို့တော် အနောက်ခြမ်းကို 00:01:46.722 --> 00:01:49.231 သီးသန့်နယ်မြေအဖြစ် တည်ထောင်ခဲ့ပါတယ်။ 00:01:49.231 --> 00:01:52.593 အရှေ့ဂျာမနီနိုင်ငံသားတွေဟာ နိုင်ငံတွင်းမှ ပြင်ပကိုထွက်ခွာလို့ မရပါဘူး 00:01:52.593 --> 00:01:55.704 ဒါ့ကြောင့် ဘာလင်အနောက်ဘက်ကို 00:01:55.704 --> 00:01:57.963 မြို့ပတ်ရထား၊ ဘတ်စ်ကားစီးသွားကြပြီး 00:01:57.963 --> 00:01:59.482 သွားလည်လို့ရခဲ့ပြီး 00:01:59.482 --> 00:02:02.632 အနောက်ဂျာမနီဖက်ကို ခရီးထွက်သွားနိုင်ခဲ့ကြတယ်။ 00:02:02.632 --> 00:02:06.632 ဒီလို အနေအထားဟာ အရှေ့ဂျာမနီအုပ်ချုပ်ရေးကို ထိခိုက်လာပါတယ်။ 00:02:06.632 --> 00:02:10.663 မိမိတို့ဟာ နာဇီတွေကို ကွန်မြူနစ်နည်းနဲ့ တော်လှန်တိုက်ထုတ်ခဲ့တာဖြစ်ပြီး 00:02:10.663 --> 00:02:13.902 အနောက်ဂျာမနီကတော့ နာဇီဝါဒကို ပြန်လည်အသက်သွင်းနေတယ် လို့ စွပ်စွဲပါတယ်။ 00:02:13.902 --> 00:02:16.943 တကယ်တမ်းမှာတော့ အနောက်အုပ်စုဟာ အနောက်ဂျာမနီ ဖွံဖြိုးတိုးတက်ဖို့ 00:02:16.943 --> 00:02:18.873 ငွေတွေပုံအော် သုံးပေးနေချိန်မှာ 00:02:18.873 --> 00:02:21.053 ဆိုဗီယက်ပြည်ထောင်စုကတော့ ကာကွယ်ရေးအတွက်ဆိုပြီး 00:02:21.053 --> 00:02:23.493 ရှိရင်းသယံဇာတများကိုပါ ထုတ်ယူသုံးစွဲနေတာကြောင့် 00:02:23.493 --> 00:02:27.412 အရှေ့ နဲ့ အနောက်ဂျာမနီဟာ စီးပွားရေးချင်း ယှဉ်မရ ဖြစ်လာပါတယ်။ 00:02:27.412 --> 00:02:31.132 တဖန် အရှေ့ဂျာမနီပြည်သူများရဲ့ လူနေမှုဘ၀ကို STASI လို့ခေါ်တဲ့ 00:02:31.132 --> 00:02:35.283 ကွန်မြူနစ်ထောက်လှမ်းရေးအဖွဲ့၀င်များက အမြဲစောင့်ကြည့်နေပြီး 00:02:35.283 --> 00:02:37.874 အစိုးရအပေါ် သစ္စာရှိဖို့ ဖိအားပေးခံနေရပါတယ်။ 00:02:37.874 --> 00:02:40.723 အရှေ့ဘက်မှာ အခမဲ့ကျန်းမာရေး အခမဲ့ပညာရေးစနစ်တို့ ရှိခဲ့ပေမဲ့ 00:02:40.723 --> 00:02:42.844 ဂျာမန်တွေဟာ လစာပိုကောင်းတဲ့ 00:02:42.844 --> 00:02:44.522 ခေတ်မှီ အသုံးအဆောင်တွေ ပေါများတဲ့ 00:02:44.522 --> 00:02:46.654 ပိုလွတ်လပ်တဲ့ အနောက်ဘက်ကို ပိုသဘောကျကြပါတယ်။ 00:02:46.654 --> 00:02:52.664 ၁၉၆၁ ခုနှစ်မှာ ပညာတတ်လူငယ်များ အပါအ၀င် အရှေ့ဂျာမနီရဲ့ လူဦးရေ ၂၀ ရာနှုန်း 00:02:52.664 --> 00:02:56.315 လူဦးရေ ၃.၅ သန်းခန့်ဟာ အနောက်ဘက်ကို ပြောင်းရွှေ့ခိုလှုံသွားပါတယ်။ 00:02:56.315 --> 00:02:57.724 ဒီလိုအဖြစ်တွေကို ကာကွယ်ဖို့ 00:02:57.724 --> 00:03:02.924 အရှေ့ဂျာမနီဟာ နယ်စပ်တွေကိုပိတ်ပြီး ဘာလင်တံတိုင်းကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ 00:03:02.924 --> 00:03:05.434 တံတိုင်းဟာ ဘာလင်မြို့တွင်းမှာ ၄၃ ကီလိုမီတာရှည်ပြီး 00:03:05.434 --> 00:03:08.124 မြို့ပြင်မှာ ၁၁၂ ကီလိုမီတာ ၀န်းရံထားပါတယ်။ 00:03:08.124 --> 00:03:12.095 ပထမတော့ သံဆူးကြိုးတွေ သံဇကာတွေနဲ့ ကာထားပေမဲ့ 00:03:12.095 --> 00:03:14.916 သံဆူးကြိုးကို ခုန်ကျော်တာတွေ 00:03:14.916 --> 00:03:16.715 ပြတင်းပေါက်က ခုန်ကျော်တာတွေဖြစ်လာလို့ 00:03:16.715 --> 00:03:20.065 နောက်ပိုင်းမှာ ပိုမိုတင်းကျပ်လာပါတော့တယ် 00:03:20.065 --> 00:03:27.005 ၁၉၆၅ ခုနှစ်မှာတော့ ၃.၆ မီတာမြင့်ပြီး ၁၀၆ မီတာရှည်တဲ့ ကွန်ကရစ်တံတိုင်းကြီးကို 00:03:27.005 --> 00:03:30.505 တွယ်တက်ဖို့ခက်တဲ့ ပိုက်လုံးတွေတပ်ကာ စတင်တည်ဆောက်ခဲ့ပါတယ်။ 00:03:30.505 --> 00:03:34.175 နောက်ပိုင်းမှာ သံဆူးတွေ 00:03:34.175 --> 00:03:35.197 အစောင့်ခွေးတွေ ချပြီး 00:03:35.197 --> 00:03:36.866 မိုင်းတွေပါ ထောင်လာပါတယ်။ 00:03:36.866 --> 00:03:40.706 မျှော်စင် ၃၀၂ ခု၊ ဘန်ကာအလုံး ၂၀ အပြင် 00:03:40.706 --> 00:03:46.176 တံတိုင်းကို မရောက်ခင် မီတာတစ်ရာအတွင်း သတ်ကွင်းပြုလုပ်ထားပါတယ်။ 00:03:46.176 --> 00:03:50.237 သတ်ကွင်းအတွင်းက အဆောက်အအုံတွေကိုဖျက် သဲနဲ့ဖို့ပြီး 00:03:50.237 --> 00:03:53.797 အစောင့်တွေရဲ့ မြင်ကွင်းကို ရှင်းအောင်လုပ်ထားပြီး 00:03:53.797 --> 00:03:57.126 ပစ်မိန့်လည်းပေးထားပါတယ်။ 00:03:57.126 --> 00:04:03.187 သို့သော်လည်း ယင်းကာလ ၁၉၆၁ မှ ၁၉၈၉ အတွင်း 00:04:03.187 --> 00:04:06.507 အရှေ့ဂျာမနီမှ လူငါးထောင်ခန့်ဟာ အနောက်ဘက်ကို ရအောင်ထွက်ပြေးခဲ့ပါတယ်။ 00:04:06.507 --> 00:04:10.187 အစိုးရ၀န်ထမ်းတွေ အားကစားသမားတွေ နိုင်ငံခြားရောက်တုန်း ထွက်ပြေး 00:04:10.187 --> 00:04:13.367 တချို့က မြေအောက်ဥမင်တွေတူးပြီး ပြေး 00:04:13.367 --> 00:04:15.048 တချို့က တူးမြောင်းတွေကနေ ကူးပြေး 00:04:15.048 --> 00:04:16.877 တချို့က မိုးပျံပူဖေါင်းနဲ့ ပြေး 00:04:16.877 --> 00:04:21.168 တချို့က တင့်ကားခိုးပြီး တံတိုင်းတိုက်ပြေး စသဖြင့် နည်းမျိုးစုံနဲ့ ပြေးကြပါတယ်။ 00:04:21.168 --> 00:04:22.558 ပေးဆပ်ရတာတွေလည်း မနည်းပါဘူး။ 00:04:22.558 --> 00:04:26.248 ထွက်ပြေးသူထဲက ၁၃၈ ဦး အသက်ဆုံးခဲ့ပါတယ်။ 00:04:26.248 --> 00:04:30.958 အနောက်ဂျာမနီနိုင်ငံသားတွေက မြင်နေရက်နဲ့ ဘာမှမကူညီနိုင်ခဲ့ပါဘူး။ 00:04:30.958 --> 00:04:35.920 တံတိုင်းကြီးကြောင့် အလုပ်သမားပြုန်းတီးမှု လျော့ကျသွားပြီး စီးပွားရေးတည်ငြိမ်လာပေမဲ့ 00:04:35.920 --> 00:04:38.010 ကွန်မြူနစ်စနစ်ရဲ့ ဖိနှိပ်မှုတစ်ခုအဖြစ် 00:04:38.010 --> 00:04:41.947 နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့ပါတယ်။ 00:04:41.947 --> 00:04:44.088 အနောက်ဂျာမနီကတော့ အရှေ့နဲ့ပြန်လည်သင့်မြတ်ဖို့ 00:04:44.088 --> 00:04:49.219 ၁၉၇၂ စာချုပ်ကို ချုပ်ဆိုပြီး အရှေ့ဂျာမနီကို အသိအမှတ်ပြုခဲ့သလို 00:04:49.219 --> 00:04:53.808 နောက်ဆုံးမှာ ပြန်လည်ပေါင်းစည်းရေးကို မျှော်လင့်ခဲ့ပါတယ်။ 00:04:53.808 --> 00:04:56.979 အရှေ့ဂျာမနီကမိသားစုချင်း ပြန်လည်ဆုံစည်းဖို့ ခွင့်ပြုထားတယ်ဆိုပေမဲ့ 00:04:56.979 --> 00:05:00.583 ဒီအခွင့်အရေးကို လူတိုင်းလွယ်လွယ်နဲ့မရအောင် 00:05:00.583 --> 00:05:04.611 အဆင့်များစွာ တင်ပြရအောင် ငွေအများကြီးကုန်အောင် 00:05:04.611 --> 00:05:08.060 ခွင့်ပြုမိန့် အကြာကြီး စောင့်ရအောင် လုပ်ထားပြီး ချုပ်ကိုင်ထားပါတယ်။ 00:05:08.060 --> 00:05:09.790 ၁၉၈၀ ခုနှစ်အကုန်မှာတော့ 00:05:09.790 --> 00:05:12.740 အခြားအရှေ့ဥရောပနိုင်ငံများနည်းတူ အရှေ့ဂျာမနီမှာ 00:05:12.740 --> 00:05:17.481 လွတ်လပ်ခွင့်အတွက် လူစုလူဝေးနဲ့ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ 00:05:17.481 --> 00:05:20.080 ၁၉၈၉ နို၀င်ဘာ ၉ ရက်နေ့ ညနေပိုင်းမှာတော့ 00:05:20.080 --> 00:05:25.450 အရှေ့ဂျာမနီဟာ တင်းမာမှုတွေ လျော့ကျစေဖို့ ခရီးသွားလာခွင့်ကို ဖြေလျှော့ပေးခဲ့ပါတယ် 00:05:25.450 --> 00:05:28.501 ကြေညာပြီးပြီးချင်းမှာပဲ ထောင်ပေါင်းများစွာသော အရှေ့ဂျာမန်တွေဟာ 00:05:28.501 --> 00:05:31.200 နယ်စပ်ဂိတ်တွေကို လာရောက်ခဲ့ပြီး 00:05:31.200 --> 00:05:35.241 အစောင့်တွေကို ဂိတ်တွေ ချက်ခြင်းဖွင့်ခိုင်းခဲ့ပါတယ်။ 00:05:35.241 --> 00:05:37.692 လူအုပ်ကြီးဟာ အနောက်ဘာလင်ကို စုပြုံတိုး၀င်နေခဲ့သလို 00:05:37.692 --> 00:05:41.361 နှစ်ဖက်စလုံးက လူတွေဟာ တံတိုင်းပေါ်မှာ ကခုန်နေခဲ့ပါတယ်။ 00:05:41.361 --> 00:05:45.372 တချို့ကလည်း ရရာပစ္စည်းကိရိယာတွေနဲ့ တံတိုင်းကြီးကို ဖြိုချကြပါတယ်။ 00:05:45.372 --> 00:05:48.231 ပထမတော့ အစောင့်တွေဟာ အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားပေမဲ့ 00:05:48.231 --> 00:05:52.972 ဂျာမနီကို အရှေ့အနောက် ခွဲခြားထားတဲ့ခေတ်ဟာ အဆုံးသတ်အချိန်ကို ရောက်လာခဲ့ပါပြီ။ 00:05:52.972 --> 00:05:56.132 ဆယ်စုနှစ်လေးခုကြာခဲ့ပြီး ၁၉၉၀ အောက်တိုဘာလမှာတော့ 00:05:56.132 --> 00:05:58.332 ဂျာမနီဟာ တရား၀င်ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။ 00:05:58.332 --> 00:06:01.422 မကြာမှီ ဆိုဗီယက်ပြည်ထောင်စုကြီးလည်း ပြိုကွဲသွားခဲ့ပါတယ်။ 00:06:01.422 --> 00:06:04.273 ယနေ့မှာတော့ တံတိုင်းအချို့ကို အမှတ်တရအနေနဲ့ တွေ့ရမှာဖြစ်ပြီး 00:06:04.273 --> 00:06:06.323 လွတ်လပ်ခွင့်ကို တားဆီးလာတဲ့ ဘယ်အတားအဆီးမဆို 00:06:06.323 --> 00:06:08.173 မိမိတို့က ပြန်လည်ဖြိုချခွင့်ရှိကြောင်း 00:06:08.173 --> 00:06:10.312 ယင်းအစိတ်အပိုင်းများက ဖော်ပြလျက်ရှိနေကြပါတယ်