Return to Video

အကူအညီတောင်းခြင်းဟာ ခွန်အားပါ၊ အားနည်းမှု မဟုတ်ပါ

  • 0:01 - 0:05
    ကျွန်မတို့ ကောင်းကောင်းကြီး မှတ်မိနေကြတဲ့
    ဘဝထဲမှာ အရေးကြီးတဲ့ မှတ်တိုင်တွေ ရှိပါတယ်။
  • 0:05 - 0:09
    ကျွန်မအတွက် ပထမတစ်ခုမှာ
    သူငယ်တန်းကို တက်စကပါ။
  • 0:09 - 0:12
    ကျွန်မ အကိုကြီးဟာ ကျောင်းကို တက်နှင့်နေကာ၊
    ကျွန်မ အလှည့်ရောက်လာခဲ့တယ်။
  • 0:13 - 0:15
    ခန်းမကြီးကို ဖြတ်ပြီး ကျွန်မ သွားနေခဲ့တယ်။
  • 0:15 - 0:18
    စိတ်သိပ်ကို လှုပ်ရှားနေခဲ့ကာ
    တကိုယ်လုံး စိုနေခဲ့တယ်။
  • 0:19 - 0:20
    ကျွန်မ တံခါးနားကို ကပ်လိုက်တယ်၊
  • 0:20 - 0:23
    ဆရာမဟာ ရပ်နေခဲ့ကာ
    နွေးထွေးစွာ ကြိုဆိုလျက်၊
  • 0:23 - 0:25
    သူဟာ ကျွန်မကို အတန်းကို
    ခေါ်သွင်း သွားခဲ့တယ်၊
  • 0:25 - 0:26
    ကျွန်မရဲ့ နေရာကလေးကို၊
  • 0:27 - 0:29
    ရှင်တို့ အားလုံး မှတ်မိနေကြတဲ့
    နေရာကလေးဟာမျိုးကို ပြတယ်၊
  • 0:29 - 0:31
    ကျွန်မတို့ရဲ့ ပစ္စည်းတွေ ထည့်ဖို့ နေရာလေ။
  • 0:31 - 0:33
    ပြီနောက်၊ “ဟိုကစားဝိုင်းကို သွား၊
  • 0:33 - 0:36
    အတန်း မစမီအထိ
    ကလေးတွေနဲ့ ကစားပါ။”လို့ ပြောတယ်။
  • 0:36 - 0:40
    အဲဒါနဲ့ ကျွန်မ အဲဒီနေရာကို သွားပြီး
    ကိုယ်ပိုင်နေရာလို ထိုင်ချလိုက်တယ်၊
  • 0:40 - 0:41
    ပြီးတော့ ကစားနေခဲ့တယ်၊
  • 0:41 - 0:43
    ရုတ်ခနဲဆိုသလို ဘေးမှာ
    ရပ်နေခဲ့ကာ
  • 0:43 - 0:46
    အင်္ကျီဖြူနဲ့ အပြာရောင်
    ဘောင်းဘီတိုနဲ့ ကောင်လေးက၊
  • 0:46 - 0:48
    မနေ့က ဖြစ်ခဲ့သလိုကို ကျွန်မ
    မှတ်မိတယ်၊
  • 0:49 - 0:51
    ရုတ်တရက် ကစားနေတာကို
    ရပ်လိုက်ပြီး ပြောလိုက်တာက၊
  • 0:52 - 0:53
    “နင်ဘာဖြစ်လို့ ဒီလောက်
    ပုနေရတာလဲ။”
  • 0:54 - 0:57
    ကျွန်မကတော့ ဆက်စကားနေတယ်၊
    သူကျွန်မကို ပြောနေမှန်း မထင်ခဲ့ဘူး။
  • 0:57 - 0:58
    (ရယ်သံများ)
  • 0:58 - 1:00
    သူဟာ ကျယ်လောင်တဲ့ အသံကြီးနဲ့၊
  • 1:00 - 1:02
    “ဟေး၊ နင်ဘာဖြစ်လို့
    အရပ်ပုနေတာလဲ။”
  • 1:03 - 1:04
    အဲဒါနဲ့ ကျွန်မ ထရပ်လိုက်ပြီး၊
  • 1:04 - 1:08
    “နင် ဘာတွေ ပြောနေတာလဲ။
    ကစားကြရအောင်၊ ငါတို့ ပျော်တယ်လေ။
  • 1:08 - 1:09
    ဒီလို ကစားဖို့ စောင့်လာခဲ့တာ။
  • 1:10 - 1:12
    အဲဒါနဲ့ ဆက်ကစားလာကြရာ၊
    တစ်မိနစ် အကြာမှာ၊
  • 1:12 - 1:15
    အင်္ကျီဖြူနဲ့ ပန်းနုရောင် စကတ်နဲ့
    ကျွန်မဘေးက ကလေးမလေးက၊
  • 1:15 - 1:18
    မတ်တတ်ရပ်လိုက်ကာ သူ့လက်တွေကို
    တင်ပါးဆုံပေါ် တင်လိုက်ကာ၊
  • 1:18 - 1:21
    “ဟုတ်တယ်၊ နင့်ကြည့်ရတာ
    လုံးဝတမျိုးကြီးပဲ။”
  • 1:22 - 1:24
    ကျွန်မက၊ “နင်တို့ ဘာတွေ ပြောနေကြတာလဲ။
  • 1:24 - 1:28
    ကျွန်မ ဘာမှမခြားနားဘူး၊ အရပ်မပုဘူး၊
    ဆက်ပြီး ကစားကြရအောင်။”
  • 1:29 - 1:32
    အဲဒီအချိန်မှာ ကျွန်မကို ဝန်းရံနေတဲ့
    စက်ဝန်းကို ကြည့်လိုက်တော့
  • 1:32 - 1:35
    ကလေးတွေအားလုံး ကစားတာကို ရပ်လိုက်ကြပြီး
    ကျွန်မကို ဝိုင်းကြည့်နေကြတယ်။
  • 1:36 - 1:38
    ကျွန်မက စဉ်းစားနေခဲ့တယ်--
  • 1:38 - 1:41
    ဒီနေ့ အသုံးအနှုန်းနဲ့ ပြောရရင်
    အဲဒါ "OMG" (သို့) "WTF ဖြစ်ခဲ့မှာပါ။"
  • 1:42 - 1:44
    (ရယ်မောသံများ)
  • 1:46 - 1:47
    ဘာတွေများ ဖြစ်လာပါလိမ့်။
  • 1:48 - 1:52
    ဒီလိုနည်းဖြင့်၊ မနက်က
    ကျောင်းကို လာစဉ် ရှိခဲ့တဲ့ ယုံကြည်မှုဟာ
  • 1:52 - 1:55
    နံနက်ခင်း ကုန်လာတာနဲ့အမှှ
    လွင့်ပျောက်သွားခဲ့တယ်၊
  • 1:55 - 1:57
    မေးခွန်းတွေကတော့ ဆက်လာနေတုန်းပဲ။
  • 1:57 - 2:00
    နံနက်အကုန်ပိုင်းမှာ၊ ကျွန်မ
    အိမ်ကို မပြန်ခင်တွင်၊
  • 2:00 - 2:02
    ဆရာမက ကျွန်မတို့ကို စက်ဝန်း
    ပုံစံ ရပ်ခိုင်းတယ်၊
  • 2:02 - 2:05
    ကျွန်မကျတော့ စက်ဝန်း အပြင်မှာ
    ရှိနေတာ သတိထားမိတယ်။
  • 2:05 - 2:06
    ကျွန်မဟာ ဘသူ့ကိုမှ မကြည့်ခဲ့ပါ။
  • 2:06 - 2:09
    ခုနက ဖြစ်ပျက်ခဲ့တာကို ကျွန်မ
    နားလည် မရခဲ့ပါ။
  • 2:10 - 2:12
    အဲဒီနောက်ပိုင်း နှစ်အတော်ကလေး
    ကြာတဲ့ အထိ၊
  • 2:12 - 2:14
    ကျွန်မဟာ လူရှေ့သူရှေ့
    သွားရမှာကို မုန်းခဲ့တယ်။
  • 2:14 - 2:17
    ကျွန်မဟာ စိုက်ကြည့်ခံရတာကို
    တခစ်ခစ် ရယ်နေကြတာကို
  • 2:17 - 2:19
    ထိုးပြနေတဲ့ လက်ချောင်းတွေကို၊
  • 2:19 - 2:20
    လက်ချောင်းကို မဟုတ်ဘူး၊
  • 2:20 - 2:22
    ထိုးပြနေတဲ့ လက်ချောင်းတွေကို၊
  • 2:22 - 2:23
    မှတ်မိနေကာ သိပ်ကို မုန်းတယ်။
  • 2:23 - 2:27
    ကျွန်မဟာ မိဘခြေတွေရဲ့ နောက်မှာ
    ပုန်းနေတတ်ကာ ဘသူမှ မမြင်ဘူးမှတ်တယ်။
  • 2:27 - 2:29
    ကလေးတစ်ယောက် အနေနဲ့၊
  • 2:29 - 2:32
    အခြား ကလေးတစ်ယောက်ရဲ့ စပ်စုလိုစိတ်ကို၊
    လူကြီးတွေရဲ့ လျစ်လျူရှုမှုကို
  • 2:32 - 2:34
    နားလည်ရန် ခဲယဉ်းပါတယ်။
  • 2:35 - 2:39
    ဒီကမ္ဘာကြီးကို ကျွန်မလို အရွယ်အစားရှိသူတွေ
    အတွက် တည်ဆောက်မထားဘူးဆိုတာ
  • 2:39 - 2:43
    ကျွန်မအတွက် လုံးဝကို ရှင်းလာခဲ့တယ်။
  • 2:44 - 2:50
    ဒီတော့ ရှင်တို့ အားလုံး မြင်နိုင်သလို
    ကျွန်မဟာ မထင်မရှား နေလို့ မရနိုင်ပါ၊
  • 2:50 - 2:52
    ကျွန်မရဲ့ အရွယ်အစား ရှိသူတွေ
  • 2:52 - 2:55
    အားလုံးတို့ဟာ တသက်တာမှာ စိန်ခေါ်မှုတွေ
    အများကြီးကို ရင်ဆိုင်ကြရပါတယ်။
  • 2:55 - 2:58
    အချို့တို့ဆိုရင် ကျွန်မနဲ့ တူကြမှာပါ။
  • 2:58 - 3:00
    ဒါပေမဲ့ မြင်မရတာလည်း အများကြီးပါ။
  • 3:00 - 3:05
    စိတ်ပိုင်းဆိုင်ရာ ရောဂါရှိသူကို၊
    ဒါမှမဟုတ် မျိုးရိုးဗီဇဆိုင်ရာ
  • 3:05 - 3:07
    ပြဿနာရှိလို့ ရုန်းကန်နေရသူကို
    သိမြင်ရန် မလွယ်ပါ။
  • 3:07 - 3:10
    အသက်ကြီးရင့်လာနေတဲ့ မိဘတွေကို
    စောင့်ရှောက်ပေးသူကို၊
  • 3:10 - 3:12
    ငွေရေးကြေးရေး အခက်အခဲမရှိသူတွေကို
    မြင်မရနိုင်ပါ။
  • 3:12 - 3:14
    ပြဿနာတွေကို အမျိုးမျိုး ရှိနိုင်ပါတယ်။
  • 3:15 - 3:16
    ကျွန်မလို အရွယ်အစားရှိသူရဲ့
  • 3:16 - 3:19
    ပြဿနာကို ရှင်တို့ မြင်နိုင်ကြပါပြီ၊
  • 3:19 - 3:22
    မြင်လိုက်ကြခြင်းက ကျွန်မ နေ့စဉ်
    ဖြတ်ကျော်ရတာတွေကို
  • 3:22 - 3:26
    ကျွန်မ ရင်ဆိုင်ရတာတွေကို တကယ်
    နားလည်နိုင်ပြီလို့ ပြောမရနိုင်ပါ။
  • 3:26 - 3:29
    ဒီနေ့ ကျွန်မ ဒီကို ရောက်လာတာက
    ဒဏ္ဍာရီကို ဖွင့်ချြပဖို့ အတွက်ပါ။
  • 3:29 - 3:33
    ရှင်တို့ဟာ အခြားတစ်ဦးဦးရဲ့
    ဖိန်ပ်ကို စီးမရနိုင်တာ ကျွန်မယုံတယ်၊
  • 3:33 - 3:38
    ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ
    ကိုယ့်ကိုကိုယ် တစ်မျိုး မြင်သင့်ပါတယ်။
  • 3:38 - 3:42
    ရိုးရိုးလေး ပြောရရင်၊ ရှင်တို့ရဲ့ဘဝကို
    ကျွန်မ ဘယ်တော့မှ နားလည်မရနိုင်သလိုပဲ၊
  • 3:42 - 3:44
    ကျွန်မရဲ့ အဖြစ်ကို ရှင်တို့လည်း
    ဘယ်တော့မှ သိနိုင်မှာ မဟတ်ပါ။
  • 3:44 - 3:48
    ကျွန်မဟာ ရှင်တို့ရဲ့ စိုးရိမ်စရာတွေ
    စိတ်ကူးတွေကို မသိနိုင်သလို
  • 3:48 - 3:50
    ရှင်တို့ကလည်း ကျွန်မအတွက်
    အဲဒါကို လုပ်မရနိုင်ပါ။
  • 3:50 - 3:52
    ဒါပေမဲ့ ကျွန်မတို့ တစ်ဦးကို
    တစ်ဦး ကူညီပေးနိုင်ကြပါတယ်။
  • 3:52 - 3:55
    တစ်ဦးက အခြားတစ်ဦးရဲ့ ဖိနပ်ကို
    စီးရန် ကြိုးစားမယ့်အစား
  • 3:55 - 3:59
    ကျွန်မတို့ဟာ ကိုယ့်ကိုကိုယ် အလျှော့ပေးရန်
    နည်းသစ်ကို ကျင့်သုံးကြရပါမယ်။
  • 3:59 - 4:01
    ငယ်ငယ်ကတည်းက ကျွန်မ
    နားလည်လိုက်တာ တစ်ခုက
  • 4:01 - 4:05
    ကျွန်မဟာ လူအများစုနဲ့မတူဘဲ
    တစ်မျိုး လုပ်ရတဲ့ ကိစ္စတွေ ရှိတယ်၊
  • 4:05 - 4:09
    တချိန်တည်းမှာ အားလုံးနဲ့ တန်းတူ
    လုပ်နိုင်တဲ့ အရာတွေ၊ စာသင်ခန်းလိုမျိုး
  • 4:09 - 4:11
    ရှိတယ်ဆိုတာကို သိနားလည်လိုက်တယ်။
  • 4:11 - 4:13
    ဟေး၊ဟေး၊ ဟေး။ တန်းတူရည်တူနော်။
  • 4:14 - 4:17
    ပြီးတော့ ဖြစ်ချင်တော့ ကျွန်ဟာ
    အတန်းထဲမှာ တော်ခဲ့တယ်။
  • 4:17 - 4:20
    ကျွန်မ အသက်ကြီးလာတာနဲ့အမျှ၊
    ကိုယ်ကာယသုံးရမယ့် အလုပ်ကို
  • 4:21 - 4:24
    ကျွန်မ မလုပ်နိုင်တာကို နားလည်လာတော့
    အဲဒီအချက်ဟာ သိပ်ကို အရေးကြီးတယ်။
  • 4:24 - 4:26
    ကျွန်မဟာ ပညာသင်ဖို့ လိုခဲ့တယ်။
  • 4:26 - 4:29
    အဲဒါနဲ့ ကျွန်မ ဆက်အားထုတ်ခဲ့လို့
    တက္ကသိုလ်ဘွွဲ့ကို ရယူခဲ့တယ်၊
  • 4:29 - 4:33
    ဒါပေမဲ့ အလုပ်ရဖို့အတွက် ကျွန်မဟာ
    သူများထက် တပန်းသာရန် လိုတာကို
  • 4:33 - 4:36
    နားလည်ခဲ့တယ်၊ အဆင့်မြင့်
    တက္ကသိုလ်ဘွွဲ့ ရဖို့လိုလို့၊
  • 4:36 - 4:38
    ရှေ့ဆက် တက်ခဲ့လျက် ရယူခဲ့တယ်။
  • 4:38 - 4:40
    အခုတော့ ကျွန်မဟာ အင်တာဗျူး
    အတွက် အသင့်ရှိနေပြီ။
  • 4:40 - 4:42
    ရှင်တို့ရဲ့ ပထမဦးဆုံး အင်တာဗျူးကို
    မှတ်မိကြလား။
  • 4:42 - 4:44
    မေးခွန်းတွေက ဘာတွေလဲ။
  • 4:44 - 4:46
    အခိုင်အမာ လက်ဆွဲနှုတ်ဆက်ဖို့
    မမေ့ရန်။
  • 4:46 - 4:48
    ကျွန်မလည်း ရှင်တို့ အတိုင်းပါပဲ။
  • 4:48 - 4:50
    အင်တာဗျား မတိုင်မီ ၂၄ နာရီအလိုတွင်၊
  • 4:50 - 4:52
    ကျွန်မ တသက်လုံး သိလာခဲ့တဲ့
    မိတ်ဆွေ တစ်ဦးက
  • 4:52 - 4:57
    ဖုန်းဆက်ပြီး၊ “Michele၊ နင်သွားရမယ့်
    အဆောက်အဦမှာ လှေခါးထစ်တွေ ရှိတယ်။“
  • 4:57 - 4:59
    ကျွန်မ လှေခါးထစ်တွေကို
    မတက်နိုင်တာ သူသိခဲ့တယ်။
  • 4:59 - 5:01
    အဲဒါနဲ့ ကျွန်မရဲ့ အာရုံဟာ
    ရုတ်ခနဲ ပြောင်းသွားတယ်။
  • 5:01 - 5:04
    ကျွန်မအခြေအနေထဲမှာ အဲဒီကို
    ဘယ်လိုများ သွားရမလဲ စိုးရိမ်မိတယ်။
  • 5:05 - 5:10
    ဒါနဲ့ စောစီးစွာ သွားခဲ့ပြီး ပစ္စည်းတင်
    ဓါတ်လှေခါးနဲ့ အင်တာဗျူးကို ရောက်သွားတယ်။
  • 5:10 - 5:14
    အဲဒီနေ့မှာ ကျွန်မ ဘယ်လို အခက်အခဲတွေ
    ရင်ဆိုင်ခဲ့ရမှန်း သူတို့ မသိတာ အိုကေပါ။
  • 5:14 - 5:17
    ကျွန်မအတွက် အဲဒီနေ့မှာ အင်တာဗျူး
    ဒါမှမဟုတ် အဆောက်အဦနေရာ
  • 5:17 - 5:20
    ရောက်ဖို့ အခက်ဆုံး ပြဿနာလို့
    ရှင်တို့ ထင်ခဲ့ကြမယ်။
  • 5:20 - 5:23
    တကယ်ကျတော့၊ ပစ္စည်းတင် ဓာတ်လှေခါးထဲ
    ရောက်ဖို့ လုပ်ရတဲ့ ကိစ္စဟာ
  • 5:23 - 5:25
    ကျွန်မအတွက် အဲဒီနေ့မှာ
    အခက်ဆုံး ဖြစ်ခဲ့တယ်။
  • 5:26 - 5:29
    ကျွန်မဟာ အချို့ အခြေအနေတွေမှာ
    သိပ်ကို ထိခိုက်လွယ်ပါတယ်-
  • 5:30 - 5:34
    လေဆိပ်တို့၊ ခန်းမကြီးတွ၊ ကားထားရုံတွေ၊
  • 5:34 - 5:36
    တွန်းလှည်းတင် ဓာတ်လှေခါးပေါ့။
  • 5:36 - 5:38
    ကျွန်မဟာ သိပ်ကို သတိထားထို့ လိုပါတယ်။
  • 5:38 - 5:41
    ကိုယ်က ကြိုတင်တွက်ရတာ၊
    အလွယ်တကူ ပြောင်းလွဲနိုင်ပြီး
  • 5:41 - 5:43
    ကျွန်မ တတ်နိုင်လောက် အမြန်သွားဖို့
    လိုတတ်ပါတယ်။
  • 5:45 - 5:47
    အဲဒီအလုပ်ကို ကျွန်မ ရခဲ့လို့၊
  • 5:47 - 5:50
    ကျွန်မရဲ့ အလုပ်သဘောအရ
    မကြာခဏဆိုသလို ခရီးထွက်ရတယ်။
  • 5:50 - 5:53
    ခရီးသွားရခြင်းဟာ အခုဆိုရင်
    စိန်ခေါ်မှုနဲ့ တူတတ်ပါတယ်။
  • 5:53 - 5:58
    ရှင်တို့ဆိုရင်၊ လေဆိပ်ကို အမှီသွားရတာ၊
    လုံခြုံရေးကို ဖြတ်ပြီး ဂိတ်ဝကို သွားရတယ်။
  • 5:58 - 6:01
    ကိုယ့်ထိုင်ရမှာက ပြူတင်းနားမှာလား၊
    အဆင့်မြှင့်လို့ ရမလား ပေါ့လေ။
  • 6:02 - 6:04
    ကျွန်မကျတော့ ဘာတစ်ခုကိုမှ
    ပြေးလွှား လုပ်လို့ မရနိုင်ပါ။
  • 6:04 - 6:06
    (ရယ်မောသံများ)
  • 6:06 - 6:08
    အထူးသဖြင့် ကျွန်မကို ဝန်ထမ်းတွေကို
    တင်ချပေးရတော့ လုံခြုံရေး
  • 6:08 - 6:11
    စစ်ဆေးမှုတွေကို ပြေးရင်း
    ဖြတ်ကျော် မရနိုင်ပါ။
  • 6:12 - 6:13
    အဲဒီအကြောင်း မပြောချင်ပါဘူး။
  • 6:13 - 6:16
    အဲဒီနောက်မှာ ကျွန်မဟာ ဂိတ်ဆီကို
    ရှေ့ရှုသွားတတ်တယ်၊
  • 6:16 - 6:19
    ကျွန်မ မိဘတွေ ပြောသလို မွေးရာပါ
    မွန်ရည်စွာ စကားပြောနိုင်စွမ်းကြောင့်
  • 6:19 - 6:24
    ဂိတ်စောင့်အေဂျင့်နဲ့ စကားပြောရင်း၊
    ကျွန်မ စကူတားရဲ့ အလေးချိန်က ဘယ်လောက်၊
  • 6:24 - 6:25
    အဲဒီမှာ ဘက်ထရီဆဲလ် အခြောက်ပါတယ်၊
  • 6:25 - 6:29
    ကျွန်မ အဲဒါကို လေယာဉ် တံခါးပေါက်အထိ
    မောင်းနိုင်တာကို ပြောပြပါတယ်။
  • 6:29 - 6:32
    ပြီးတော့ တစ်နေ့ကဆိုရင်၊ ကျွန်မ ခရီး
    ထွက်ဖို့ ရှိတဲ့ မြို့ကို ဖုန်းဆက်ပြီး၊
  • 6:32 - 6:37
    ကျွန်မရဲ့ စကူတား ပျက်သွားခဲ့ရင် စကူတား
    ငှါးလို့ ရနိုင်မလား မေးကြည့်ခဲ့တယ်။
  • 6:38 - 6:40
    ဒီတော့ ကျွန်မရဲ့ အဖြစ်က
    နဲနဲလေးတော့ မတူချင်ပါ။
  • 6:40 - 6:42
    လေယာဉ်ပေါ်ကို ရောက်ရင်လည်း၊
  • 6:42 - 6:45
    ကျွန်မရဲ့ အိတ်ကို တင်ထားပေးရန်
    ပြောရင် ယဉ်ကျေးစွာ တင်ပေးကြပါတယ်။
  • 6:45 - 6:49
    လေယာဉ်ပေါ်တွင် ကျွန်မဟာ စားခြင်း
    သို့မဟုတ် သောက်ခြင်းကို ရှောင်ရတယ်၊
  • 6:49 - 6:51
    ထပြီး လေယာဉ်ထဲ လမ်းမလျှောက်ချင်လို့ပါ။
  • 6:51 - 6:53
    ဒါပေမဲ့ သဘာဝမှာ
    ၎င််းကိုယ်ပိုင် အစီအစဉ် ရှိတတ်တယ်၊
  • 6:53 - 6:56
    မကြာခင်တုန်းကပဲ ၎င်းက တံခါးကို
    လာခေါက်တာ ဖြေကြားလိုက်ရတယ်။
  • 6:56 - 6:58
    ကျွန်ဟာ လေယာဉ် ရှေ့ပိုင်းကို
    လျှောက်သွားလျက်
  • 6:58 - 7:00
    တာဝန် ထမ်းဆောင်နေသူနဲ့
    စကားပြောဆိုနေခဲ့တယ်၊
  • 7:00 - 7:03
    “တံခါးကိုများ စောင့်ကြည့်ပေးနိုင်မလား။
    ကျွန်မလက်နဲ့ မမှီလိုပါ။”
  • 7:04 - 7:08
    အဲဒါနဲ့ အထဲမှာ ထိုင်နေရင်း ကိစ္စဝိစ္စတွေ
    လုပ်နေတုန်း တံခါးက သူဘာသာသူ ပွင့်သွားရော။
  • 7:08 - 7:10
    ဟိုအမျိုးသားက အဲဒီမှာ ရပ်နေရင်း
  • 7:11 - 7:13
    သူ့မျက်နှာက ကြောက်လန်နေလို့ပေါ့။
  • 7:13 - 7:15
    ကျွန်မကလည်း အလားတူ ဖြစ်ခဲ့မှာ သေချာတယ်။
  • 7:16 - 7:20
    ကျွန်မ ထွက်လာခဲ့တယ်၊ သူဟာ
    ရှေ့မှာ ရပ်နေလို့၊
  • 7:22 - 7:24
    သူဟာ လုံးဝကို စိတ်ပျက်လျက် ရှိနေခဲ့တယ်။
  • 7:25 - 7:28
    ကျွန်မဟာ သူ့ဆီကို လမ်းလျှောက်သွားလျက်၊
  • 7:28 - 7:30
    “ဒီအဖြစ်ကို ရှင်ကရော ကျွန်မလိုပဲ
    မှတ်မိနေမှာလား။”
  • 7:30 - 7:33
    (ရယ်မောသံများ)
  • 7:36 - 7:38
    သူကလည်း၊ “မှတ်မိမယ် ထင်တာပဲ။”
  • 7:38 - 7:40
    (ရယ်မောသံများ)
  • 7:40 - 7:43
    ကျွန်မက ဒီအကြောင်းကို ပြောနိုင်ပေမဲ့၊
    သူကတော့ ဒီအကြောင်း ပြောမှာ မဟုတ်ပါ။
  • 7:43 - 7:45
    (ရယ်မောသံများ)
  • 7:45 - 7:48
    ဒါပေမဲ့ ကျွန်မတို့ဟာ ကျန်တဲ့
    ခရီးစဉ်မှာ စကားပြောခဲ့ကြတယ်၊
  • 7:48 - 7:51
    တစ်ဦးကိုတစ်ဦးကို၊ မိသားစုတွေ
    အလုပ်တွေ အပြန်အလှန် သိလာကြတယ်၊
  • 7:51 - 7:53
    ကျွန်မတို့ လေယာဉ် ဆင်းလိုက်တော့၊ သူက
  • 7:53 - 7:56
    “Michele၊ ခင်ဗျား အိတ်ကို
    ကူတင်ပေးတာ သတိထားမိတယ်၊
  • 7:56 - 7:57
    ခင်ဗျားအတွက် ချပေးရမလား။”
  • 7:57 - 7:59
    ကျွန်မ၊ “ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။”
  • 7:59 - 8:02
    တစ်ဦးအတွက်တစ်ဦး ဆုမွန်ကောင်း တောင်းရင်း
  • 8:02 - 8:03
    အဲဒီနေ့အတွက် အရေးကြီးဆုံးအချက်က
  • 8:04 - 8:07
    သူဟာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတာကို
    မေ့လို့ရမှာ မဟုတ်ပါဘူး၊
  • 8:07 - 8:10
    စိတ်အနှောင့်အယှက်ခံလိုက်ရတဲ့
    အတွေ့အကြုံကိုလေ။
  • 8:10 - 8:12
    သူဟာ အဲဒါကို မေ့နိုင်မှာ မဟုတ်သလို
    ကျွန်မလည်း မေ့မရနိုင်၊
  • 8:12 - 8:14
    ဒါပေမဲ့ သူဟာ ကျွန်မတို့ ပြောဆိုခဲ့တာတွေကို
  • 8:14 - 8:17
    ဘဝအမြင် မတူကြတာကို ပိုမှတ်မိမယ်
    ထင်ပါတယ်။
  • 8:18 - 8:20
    အခြားနိုင်ငံတွေကို ခရီးထွက်တဲ့
    အခါမှာကျတော့၊
  • 8:20 - 8:23
    တော်တော်များများဟာ ပိုလို့ကို
    စိန်ခေါ်ရာ ကျနိုင်ပါတယ်။
  • 8:23 - 8:26
    လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက
    ကျွန်မ ဇန်ဇီဘာကို သွားခဲ့တယ်၊
  • 8:26 - 8:27
    တွန်းလှည်းလေးနဲ့ ရောက်သွားတာ၊
  • 8:27 - 8:29
    ရှင်တို့ စဉ်းစားကြည့်ကြပါ။
  • 8:29 - 8:34
    အရပ်ပုပု၊ ဆံပင်ဖြူနဲ့ အမျိုးသမီး
    တွန်းလှည်းထိုင်ခုံထဲမှာ။
  • 8:34 - 8:36
    နေ့စဉ် တွေ့နေကျ အရာမျိုး မဟုတ်ပါဘူး။
  • 8:37 - 8:41
    အဲဒါနဲ့ ကျွန်မ ထရပ်လိုက်ပြီး
    အေဂျင့်နဲ့ စကားပြောဆိုနေပါတော့တယ်။
  • 8:41 - 8:44
    ခင်မင်စွာဖြင့် သူတို့ရဲ့ ယဉ်ကျေးမှုနဲ့
    ဒီပြင် အကြောင်းတေနွကို ပြောနေစဉ်၊
  • 8:44 - 8:47
    ပေါင်းကူးတံတါး မရှိတာကို ကျွန်မ
    သတိထားမိတယ်။
  • 8:47 - 8:50
    အဲဒါနဲ့ ကျွန်မက၊ “ကျွန်မရဲ့
    ထိုင်ခုံကို မတင်ပေးရုံတင်မက
  • 8:50 - 8:52
    ကျွန်မ လှေခါးထစ်တွေကို တက်ဖို့လည်း
  • 8:52 - 8:54
    အကူအညီ လိုပါဦးမယ်။”လို့ ပြောရတယ်။
  • 8:54 - 8:58
    ဒီလိုနည်းဖြင့် ပျံဖို့အတွက်ကို
    စောင့်နေရတာ တစ်နာရီကြာခဲ့တယ်၊
  • 8:58 - 9:00
    အဲဒီခရီးစဉ်ဟာ အရမ်းကို
    အံ့အားသင့်စရာကြီးပါပဲ။
  • 9:00 - 9:03
    အဲဒီနေ့မှာ ကျွန်မတို့ရဲ့ ရှုထောင့်တွေ
    နှစ်ဦးစလုံဆီမှာ ပြောင်းသွားတယ်။
  • 9:03 - 9:05
    ကျွန်မ လေယာဉ် အပေါ် ရောက်သွားတော့
  • 9:05 - 9:08
    သူက ကျွန်မ ကျောကို ပုပ်ပေးရင်း
    အားလုံးကောင်းဖို့ ဆန္ဒပြုတယ်၊
  • 9:08 - 9:10
    ကျွန်မ သူ့ကို ကျေးဇူးအရမ်းတင်မိတယ်။
  • 9:10 - 9:14
    ဒီတကြိမ်မှာလည်း အဲဒီအတွေ့အကြုံကို
    သူဟာ မှတ်မိမယ် ထင်ပါတယ်၊
  • 9:14 - 9:18
    ကျွန်မ စဝင်လာချိန်မှာ စနိုးစနောင့်
    ဖြစ်ခဲ့ရတာကို မှတ်မိမှာပါ။
  • 9:19 - 9:21
    ရှင်တို့ သတိထားမိကြသလို၊
    ကျွန်မကို တော်တော်များ ကူကြတယ်။
  • 9:21 - 9:24
    ကျွန်မရဲ့ မိသားစု၊ မိတ်ဆွေတွေ၊
    လုပ်ဖေါ်ကိုင်ဘက်တွေ၊
  • 9:24 - 9:28
    လူစိမ်းတွေသာ မရှိခဲ့ကြပါက
    ကျွန်မ အနေနဲ့
  • 9:28 - 9:30
    ဒီမှာ ရပ်နေနိုင်ခဲ့မှာ မဟုတ်ပါဘူး။
  • 9:30 - 9:33
    သူတို့အားလုံးဟာ ကျွန်မကို ကျွန်မရဲ့
    နေ့စဉ်ဘဝထဲ ကူညီပေးခဲ့ကြပါတယ်။
  • 9:34 - 9:38
    ကျွန်မတို့ အားလုံးဆီမှာ ပံ့ပိုးကူညီရေး
    စနစ်ရှိနေတာ အရေးကြီးပါတယ်။
  • 9:38 - 9:40
    အကူအညီကို တောင်းခံခြင်းဟာ စွမ်းအားပါ၊
  • 9:41 - 9:42
    အားနည်းမှု မဟုတ်ပါ။
  • 9:42 - 9:43
    (ဩဘာပေးသံများ)
  • 9:49 - 9:52
    ကျွန်မတို့ အားလုံး ဘဝတလျှောက်လုံးမှာ
    အကူအညီ လိုအပ်ကြပါတယ်။
  • 9:52 - 9:54
    ပြီးတော့ နောက် အရေးကြီးသေးတာက
  • 9:54 - 9:58
    ကျွန်မတို့ဟာ အခြားသူတွေအား ကူညီရေး
    စနစ်ထဲက အစိတ်အပိုင်း ဖြစ်ကြခြင်းပါပဲ။
  • 9:58 - 10:01
    ကျွန်မတို့ဟာ အဲဒီလို အတုန့်အလှည့်
    သဘောကို လက်ခံကြရပါမယ်။
  • 10:01 - 10:05
    ကျွန်မတို့ဟာ ကျွန်မတို့ရဲ့
    အောင်မြင်မှုထဲမှာ ကပြရမယ့် အခန်း ရှိတယ်၊
  • 10:06 - 10:09
    ဒါပေမဲ့ ကျွန်မကို အခြားသူတွေ နေ့စဉ်
    ကူညီပေးနေကြသလို အခြားသူတွေရဲ့
  • 10:09 - 10:13
    အောင်မြင်မှုထဲ ကျွန်မတို့ ကပြရမယ့်
    အခန်းကိုလည်း စဉ်းစားရမယ်။
  • 10:14 - 10:18
    လူ့အဖွဲ့အစည်းထဲမှာ အစွဲအလမ်းတွေ
    အယူဝါဒတွေရဲ့
  • 10:18 - 10:23
    ဖိအားပေးမှုတွေ များလှတော့၊ ကျွန်မတို့
  • 10:24 - 10:27
    အပြန်အလှန်ကူညီကြရန် အရေးကြီးပါတယ်။
  • 10:28 - 10:30
    ပြီးတော့ ကျွန်မတို့ ဘဝခရီးကို နှင်ကြရာတွင်
  • 10:30 - 10:33
    ကျွန်မတို့အထဲက ဘယ်သူမှာမှ အားလုံး
    မြင်နေကြသလို
  • 10:33 - 10:36
    မဟုတ်ဘူးဆိုတဲ့ အမှန်တရားကို
    ရင်ဆိုင်ကြရတာကို သတိရနေရန် လိုတယ်။
  • 10:36 - 10:38
    အဲဒီထက်ကိုပိုပြီး၊ ကျွန်မတို့ အားလုံးဟာ
  • 10:38 - 10:42
    မြင်လို့မရနိုင်တဲ့ အရာတွေကို
    ကိုင်တွယ်နေကြရပါတယ်။
  • 10:43 - 10:46
    ဒါကြောင့်မို့လို့ ဝေဖန်သုံးသပ်မှု
    ကင်းမဲ့စွာ နေထိုင်ကြမယ်ဆိုရင်
  • 10:46 - 10:51
    ခုနက အတွေ့အကြုံတွေကို
    အပြန်အလှန် မျှဝေပေးနိုင်မှာမို့
  • 10:51 - 10:54
    ကျွန်မရဲ့ အဖြစ်အပျက်တွေကို ပြောပြခဲ့တဲ့
    အထဲက လူတွေလိုပါပဲ၊
  • 10:54 - 10:57
    လုံးဝကို မတူကွဲပြားတဲ့ ရှုထောင့်တွေကို
    ရရှိလက်ခံလာနိုင်ကြမှာပါ။
  • 10:59 - 11:02
    ဒီတော့ ရှင်တို့ အားလုံး
    သတိရသင့်တာက ရှင်တို့
  • 11:02 - 11:04
    တကယ် လမ်းလျှောက်နိုင်တာက
    ကိုယ့်ဖိနပ်ကို စီးရမှာပါ။
  • 11:04 - 11:07
    ကျွန်မဟာ ရှင်တို့ရဲ့ ဖိနပ်ကို
    စီးမရနိုင်ပါ။
  • 11:07 - 11:10
    ပြီးတော့ ရှင်တို့ကလည်း ကျွန်မရဲ့
    ဖိနပ်ဆိုက် ၁ ကို စီးမရနိုင်ပါ။
  • 11:10 - 11:11
    (ရယ်မောသံများ)
  • 11:11 - 11:13
    ရှင်တို့ စမ်းကြည့်နိုင်ပါတယ်။
  • 11:14 - 11:16
    ဒါပေမဲ့ ကျွန်မတို့အားလုံး ဒီထက်
    ပိုကောင်းစွာ လုပ်နိုင်ကြပါတယ်။
  • 11:17 - 11:21
    စာနာစိတ်၊ အားပေးလိုစိတ်နဲ့
    သိနားလည်လိုစိတ်နဲ့သာ ဆိုရင်
  • 11:21 - 11:23
    ကျွန်မတို့ဟာ ဘေးချင်းယဉ် လျှောက်ရင်း
  • 11:24 - 11:25
    တစ်ဦးကိုတစ်ဦး ကူညီပေးနိုင်ကြတယ်၊
  • 11:25 - 11:28
    ကျွန်မတို့ မြင်ရတာတွေကိုသာ စဉ်းစား
    ဆုံးဖြတ်ကြမယ့်အစား၊
  • 11:28 - 11:30
    အဲဒီလိုသာ ကျွန်မတို့
    နေထိုင်နိုင်ကြမယ်ဆိုရင်
  • 11:30 - 11:33
    လူ့အဖွဲ့အစည်းကြီး ဘယ်လို ပြောင်းလဲ
    လာမှာကို စဉ်းစားကြည့်ကြပါ။
  • 11:34 - 11:35
    ကျေးဇူးတင်ပါတယ်။
  • 11:35 - 11:41
    (လက်ခုပ်တီးသံများ)
  • 11:41 - 11:42
    ကျေးဇူးတင်ပါတယ်။
Title:
အကူအညီတောင်းခြင်းဟာ ခွန်အားပါ၊ အားနည်းမှု မဟုတ်ပါ
Speaker:
Michele L. Sullivan
Description:

ကျွန်မတို့ အားလုံးဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်မှုတွေကို ရင်ဆိုင်ကြရတယ်၊ တချို့ကို မြင်နိုင်သလို မမြင်နိုင်တာလည်း ရှိတယ်လို့ Michele L. Sullivan က ဆိုထားပါတယ်။ ဘဝရှုထောင့်ဆိုင်ရာ ဒီဆွေးနွေးခန်းမှာ၊ Sullivan ဟာ ကျွန်ုပ်တို့ အားလုံးဟာ အပြန်အလှန် ကူညီပံ့ပိုးနေကြရတဲ့ စနစ်များရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်ကြတာကို ထောက်ပြနေတဲ့ ဟာသဆိုင်ရာ အမြော်အမြင်ကြီးမားမှုဆိုင်ရာတွေနဲ့ ပြည့်နေတဲ့ ဖြစ်ရပ်တွေ အကြောင်းကို ပြောပြထားပါတယ်။ "ကျွန်မတို့ လမ်းကောင်းကောင်း လျှောက်ချင်ရင် ကိုယ့်ဖိနပ်ကိုသာ စီးရန် လိုပါတယ်၊ စာနာစိတ်၊ အားပေးမှုနဲ့ နားလည်မှုသာ ရှိရင် ကျွန်မတို့ ဘေးချင်းယဉ်ပြီး လမ်းလျှောက်နိုင်ကြမှာပါ။"လို့ သူမက တင်ပြထားတာ နားဆင်ကြည့်ကြပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
11:55

Burmese subtitles

Revisions