1 00:00:00,560 --> 00:00:04,976 ကျွန်မတို့ ကောင်းကောင်းကြီး မှတ်မိနေကြတဲ့ ဘဝထဲမှာ အရေးကြီးတဲ့ မှတ်တိုင်တွေ ရှိပါတယ်။ 2 00:00:05,000 --> 00:00:08,616 ကျွန်မအတွက် ပထမတစ်ခုမှာ သူငယ်တန်းကို တက်စကပါ။ 3 00:00:08,640 --> 00:00:12,080 ကျွန်မ အကိုကြီးဟာ ကျောင်းကို တက်နှင့်နေကာ၊ ကျွန်မ အလှည့်ရောက်လာခဲ့တယ်။ 4 00:00:13,000 --> 00:00:15,256 ခန်းမကြီးကို ဖြတ်ပြီး ကျွန်မ သွားနေခဲ့တယ်။ 5 00:00:15,280 --> 00:00:17,760 စိတ်သိပ်ကို လှုပ်ရှားနေခဲ့ကာ တကိုယ်လုံး စိုနေခဲ့တယ်။ 6 00:00:18,520 --> 00:00:20,096 ကျွန်မ တံခါးနားကို ကပ်လိုက်တယ်၊ 7 00:00:20,120 --> 00:00:22,736 ဆရာမဟာ ရပ်နေခဲ့ကာ နွေးထွေးစွာ ကြိုဆိုလျက်၊ 8 00:00:22,760 --> 00:00:24,896 သူဟာ ကျွန်မကို အတန်းကို ခေါ်သွင်း သွားခဲ့တယ်၊ 9 00:00:24,920 --> 00:00:26,496 ကျွန်မရဲ့ နေရာကလေးကို၊ 10 00:00:26,520 --> 00:00:29,136 ရှင်တို့ အားလုံး မှတ်မိနေကြတဲ့ နေရာကလေးဟာမျိုးကို ပြတယ်၊ 11 00:00:29,160 --> 00:00:31,200 ကျွန်မတို့ရဲ့ ပစ္စည်းတွေ ထည့်ဖို့ နေရာလေ။ 12 00:00:31,240 --> 00:00:33,216 ပြီနောက်၊ “ဟိုကစားဝိုင်းကို သွား၊ 13 00:00:33,240 --> 00:00:35,520 အတန်း မစမီအထိ ကလေးတွေနဲ့ ကစားပါ။”လို့ ပြောတယ်။ 14 00:00:36,160 --> 00:00:39,616 အဲဒါနဲ့ ကျွန်မ အဲဒီနေရာကို သွားပြီး ကိုယ်ပိုင်နေရာလို ထိုင်ချလိုက်တယ်၊ 15 00:00:39,640 --> 00:00:41,056 ပြီးတော့ ကစားနေခဲ့တယ်၊ 16 00:00:41,080 --> 00:00:42,985 ရုတ်ခနဲဆိုသလို ဘေးမှာ ရပ်နေခဲ့ကာ 17 00:00:43,009 --> 00:00:46,056 အင်္ကျီဖြူနဲ့ အပြာရောင် ဘောင်းဘီတိုနဲ့ ကောင်လေးက၊ 18 00:00:46,080 --> 00:00:48,200 မနေ့က ဖြစ်ခဲ့သလိုကို ကျွန်မ မှတ်မိတယ်၊ 19 00:00:48,840 --> 00:00:51,496 ရုတ်တရက် ကစားနေတာကို ရပ်လိုက်ပြီး ပြောလိုက်တာက၊ 20 00:00:51,520 --> 00:00:53,120 “နင်ဘာဖြစ်လို့ ဒီလောက် ပုနေရတာလဲ။” 21 00:00:53,920 --> 00:00:56,816 ကျွန်မကတော့ ဆက်စကားနေတယ်၊ သူကျွန်မကို ပြောနေမှန်း မထင်ခဲ့ဘူး။ 22 00:00:56,840 --> 00:00:57,856 (ရယ်သံများ) 23 00:00:57,880 --> 00:00:59,696 သူဟာ ကျယ်လောင်တဲ့ အသံကြီးနဲ့၊ 24 00:00:59,720 --> 00:01:02,000 “ဟေး၊ နင်ဘာဖြစ်လို့ အရပ်ပုနေတာလဲ။” 25 00:01:02,600 --> 00:01:04,016 အဲဒါနဲ့ ကျွန်မ ထရပ်လိုက်ပြီး၊ 26 00:01:04,040 --> 00:01:07,736 “နင် ဘာတွေ ပြောနေတာလဲ။ ကစားကြရအောင်၊ ငါတို့ ပျော်တယ်လေ။ 27 00:01:07,760 --> 00:01:09,410 ဒီလို ကစားဖို့ စောင့်လာခဲ့တာ။ 28 00:01:09,920 --> 00:01:12,096 အဲဒါနဲ့ ဆက်ကစားလာကြရာ၊ တစ်မိနစ် အကြာမှာ၊ 29 00:01:12,120 --> 00:01:14,920 အင်္ကျီဖြူနဲ့ ပန်းနုရောင် စကတ်နဲ့ ကျွန်မဘေးက ကလေးမလေးက၊ 30 00:01:14,920 --> 00:01:17,536 မတ်တတ်ရပ်လိုက်ကာ သူ့လက်တွေကို တင်ပါးဆုံပေါ် တင်လိုက်ကာ၊ 31 00:01:17,560 --> 00:01:20,600 “ဟုတ်တယ်၊ နင့်ကြည့်ရတာ လုံးဝတမျိုးကြီးပဲ။” 32 00:01:21,560 --> 00:01:24,456 ကျွန်မက၊ “နင်တို့ ဘာတွေ ပြောနေကြတာလဲ။ 33 00:01:24,480 --> 00:01:27,840 ကျွန်မ ဘာမှမခြားနားဘူး၊ အရပ်မပုဘူး၊ ဆက်ပြီး ကစားကြရအောင်။” 34 00:01:28,520 --> 00:01:32,016 အဲဒီအချိန်မှာ ကျွန်မကို ဝန်းရံနေတဲ့ စက်ဝန်းကို ကြည့်လိုက်တော့ 35 00:01:32,040 --> 00:01:35,400 ကလေးတွေအားလုံး ကစားတာကို ရပ်လိုက်ကြပြီး ကျွန်မကို ဝိုင်းကြည့်နေကြတယ်။ 36 00:01:36,120 --> 00:01:37,696 ကျွန်မက စဉ်းစားနေခဲ့တယ်-- 37 00:01:37,720 --> 00:01:41,496 ဒီနေ့ အသုံးအနှုန်းနဲ့ ပြောရရင် အဲဒါ "OMG" (သို့) "WTF ဖြစ်ခဲ့မှာပါ။" 38 00:01:41,520 --> 00:01:44,160 (ရယ်မောသံများ) 39 00:01:45,880 --> 00:01:47,080 ဘာတွေများ ဖြစ်လာပါလိမ့်။ 40 00:01:48,240 --> 00:01:51,856 ဒီလိုနည်းဖြင့်၊ မနက်က ကျောင်းကို လာစဉ် ရှိခဲ့တဲ့ ယုံကြည်မှုဟာ 41 00:01:51,880 --> 00:01:55,216 နံနက်ခင်း ကုန်လာတာနဲ့အမှှ လွင့်ပျောက်သွားခဲ့တယ်၊ 42 00:01:55,240 --> 00:01:56,920 မေးခွန်းတွေကတော့ ဆက်လာနေတုန်းပဲ။ 43 00:01:57,300 --> 00:01:59,850 နံနက်အကုန်ပိုင်းမှာ၊ ကျွန်မ အိမ်ကို မပြန်ခင်တွင်၊ 44 00:01:59,850 --> 00:02:02,136 ဆရာမက ကျွန်မတို့ကို စက်ဝန်း ပုံစံ ရပ်ခိုင်းတယ်၊ 45 00:02:02,160 --> 00:02:04,700 ကျွန်မကျတော့ စက်ဝန်း အပြင်မှာ ရှိနေတာ သတိထားမိတယ်။ 46 00:02:04,700 --> 00:02:06,216 ကျွန်မဟာ ဘသူ့ကိုမှ မကြည့်ခဲ့ပါ။ 47 00:02:06,240 --> 00:02:08,880 ခုနက ဖြစ်ပျက်ခဲ့တာကို ကျွန်မ နားလည် မရခဲ့ပါ။ 48 00:02:09,519 --> 00:02:11,800 အဲဒီနောက်ပိုင်း နှစ်အတော်ကလေး ကြာတဲ့ အထိ၊ 49 00:02:11,800 --> 00:02:14,056 ကျွန်မဟာ လူရှေ့သူရှေ့ သွားရမှာကို မုန်းခဲ့တယ်။ 50 00:02:14,080 --> 00:02:16,976 ကျွန်မဟာ စိုက်ကြည့်ခံရတာကို တခစ်ခစ် ရယ်နေကြတာကို 51 00:02:17,000 --> 00:02:18,656 ထိုးပြနေတဲ့ လက်ချောင်းတွေကို၊ 52 00:02:18,680 --> 00:02:20,096 လက်ချောင်းကို မဟုတ်ဘူး၊ 53 00:02:20,120 --> 00:02:21,940 ထိုးပြနေတဲ့ လက်ချောင်းတွေကို၊ 54 00:02:21,940 --> 00:02:23,336 မှတ်မိနေကာ သိပ်ကို မုန်းတယ်။ 55 00:02:23,360 --> 00:02:26,680 ကျွန်မဟာ မိဘခြေတွေရဲ့ နောက်မှာ ပုန်းနေတတ်ကာ ဘသူမှ မမြင်ဘူးမှတ်တယ်။ 56 00:02:27,200 --> 00:02:28,576 ကလေးတစ်ယောက် အနေနဲ့၊ 57 00:02:28,600 --> 00:02:31,936 အခြား ကလေးတစ်ယောက်ရဲ့ စပ်စုလိုစိတ်ကို၊ လူကြီးတွေရဲ့ လျစ်လျူရှုမှုကို 58 00:02:31,960 --> 00:02:33,720 နားလည်ရန် ခဲယဉ်းပါတယ်။ 59 00:02:34,680 --> 00:02:39,016 ဒီကမ္ဘာကြီးကို ကျွန်မလို အရွယ်အစားရှိသူတွေ အတွက် တည်ဆောက်မထားဘူးဆိုတာ 60 00:02:39,040 --> 00:02:43,040 ကျွန်မအတွက် လုံးဝကို ရှင်းလာခဲ့တယ်။ 61 00:02:44,200 --> 00:02:49,776 ဒီတော့ ရှင်တို့ အားလုံး မြင်နိုင်သလို ကျွန်မဟာ မထင်မရှား နေလို့ မရနိုင်ပါ၊ 62 00:02:49,800 --> 00:02:51,536 ကျွန်မရဲ့ အရွယ်အစား ရှိသူတွေ 63 00:02:51,560 --> 00:02:55,056 အားလုံးတို့ဟာ တသက်တာမှာ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်ကြရပါတယ်။ 64 00:02:55,080 --> 00:02:58,056 အချို့တို့ဆိုရင် ကျွန်မနဲ့ တူကြမှာပါ။ 65 00:02:58,080 --> 00:02:59,656 ဒါပေမဲ့ မြင်မရတာလည်း အများကြီးပါ။ 66 00:02:59,680 --> 00:03:04,656 စိတ်ပိုင်းဆိုင်ရာ ရောဂါရှိသူကို၊ ဒါမှမဟုတ် မျိုးရိုးဗီဇဆိုင်ရာ 67 00:03:04,680 --> 00:03:07,256 ပြဿနာရှိလို့ ရုန်းကန်နေရသူကို သိမြင်ရန် မလွယ်ပါ။ 68 00:03:07,280 --> 00:03:09,700 အသက်ကြီးရင့်လာနေတဲ့ မိဘတွေကို စောင့်ရှောက်ပေးသူကို၊ 69 00:03:09,700 --> 00:03:12,036 ငွေရေးကြေးရေး အခက်အခဲမရှိသူတွေကို မြင်မရနိုင်ပါ။ 70 00:03:12,036 --> 00:03:14,230 ပြဿနာတွေကို အမျိုးမျိုး ရှိနိုင်ပါတယ်။ 71 00:03:14,560 --> 00:03:16,376 ကျွန်မလို အရွယ်အစားရှိသူရဲ့ 72 00:03:16,400 --> 00:03:19,216 ပြဿနာကို ရှင်တို့ မြင်နိုင်ကြပါပြီ၊ 73 00:03:19,240 --> 00:03:21,576 မြင်လိုက်ကြခြင်းက ကျွန်မ နေ့စဉ် ဖြတ်ကျော်ရတာတွေကို 74 00:03:21,600 --> 00:03:25,880 ကျွန်မ ရင်ဆိုင်ရတာတွေကို တကယ် နားလည်နိုင်ပြီလို့ ပြောမရနိုင်ပါ။ 75 00:03:25,880 --> 00:03:28,896 ဒီနေ့ ကျွန်မ ဒီကို ရောက်လာတာက ဒဏ္ဍာရီကို ဖွင့်ချြပဖို့ အတွက်ပါ။ 76 00:03:28,920 --> 00:03:33,056 ရှင်တို့ဟာ အခြားတစ်ဦးဦးရဲ့ ဖိန်ပ်ကို စီးမရနိုင်တာ ကျွန်မယုံတယ်၊ 77 00:03:33,080 --> 00:03:37,696 ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ ကိုယ့်ကိုကိုယ် တစ်မျိုး မြင်သင့်ပါတယ်။ 78 00:03:37,720 --> 00:03:41,616 ရိုးရိုးလေး ပြောရရင်၊ ရှင်တို့ရဲ့ဘဝကို ကျွန်မ ဘယ်တော့မှ နားလည်မရနိုင်သလိုပဲ၊ 79 00:03:41,640 --> 00:03:44,490 ကျွန်မရဲ့ အဖြစ်ကို ရှင်တို့လည်း ဘယ်တော့မှ သိနိုင်မှာ မဟတ်ပါ။ 80 00:03:44,490 --> 00:03:47,636 ကျွန်မဟာ ရှင်တို့ရဲ့ စိုးရိမ်စရာတွေ စိတ်ကူးတွေကို မသိနိုင်သလို 81 00:03:47,636 --> 00:03:49,916 ရှင်တို့ကလည်း ကျွန်မအတွက် အဲဒါကို လုပ်မရနိုင်ပါ။ 82 00:03:49,916 --> 00:03:52,440 ဒါပေမဲ့ ကျွန်မတို့ တစ်ဦးကို တစ်ဦး ကူညီပေးနိုင်ကြပါတယ်။ 83 00:03:52,440 --> 00:03:54,976 တစ်ဦးက အခြားတစ်ဦးရဲ့ ဖိနပ်ကို စီးရန် ကြိုးစားမယ့်အစား 84 00:03:55,000 --> 00:03:58,510 ကျွန်မတို့ဟာ ကိုယ့်ကိုကိုယ် အလျှော့ပေးရန် နည်းသစ်ကို ကျင့်သုံးကြရပါမယ်။ 85 00:03:59,440 --> 00:04:01,296 ငယ်ငယ်ကတည်းက ကျွန်မ နားလည်လိုက်တာ တစ်ခုက 86 00:04:01,320 --> 00:04:05,176 ကျွန်မဟာ လူအများစုနဲ့မတူဘဲ တစ်မျိုး လုပ်ရတဲ့ ကိစ္စတွေ ရှိတယ်၊ 87 00:04:05,200 --> 00:04:08,656 တချိန်တည်းမှာ အားလုံးနဲ့ တန်းတူ လုပ်နိုင်တဲ့ အရာတွေ၊ စာသင်ခန်းလိုမျိုး 88 00:04:08,680 --> 00:04:10,816 ရှိတယ်ဆိုတာကို သိနားလည်လိုက်တယ်။ 89 00:04:10,840 --> 00:04:12,800 ဟေး၊ဟေး၊ ဟေး။ တန်းတူရည်တူနော်။ 90 00:04:13,960 --> 00:04:16,896 ပြီးတော့ ဖြစ်ချင်တော့ ကျွန်ဟာ အတန်းထဲမှာ တော်ခဲ့တယ်။ 91 00:04:16,920 --> 00:04:20,495 ကျွန်မ အသက်ကြီးလာတာနဲ့အမျှ၊ ကိုယ်ကာယသုံးရမယ့် အလုပ်ကို 92 00:04:20,519 --> 00:04:23,816 ကျွန်မ မလုပ်နိုင်တာကို နားလည်လာတော့ အဲဒီအချက်ဟာ သိပ်ကို အရေးကြီးတယ်။ 93 00:04:23,840 --> 00:04:25,680 ကျွန်မဟာ ပညာသင်ဖို့ လိုခဲ့တယ်။ 94 00:04:26,240 --> 00:04:29,176 အဲဒါနဲ့ ကျွန်မ ဆက်အားထုတ်ခဲ့လို့ တက္ကသိုလ်ဘွွဲ့ကို ရယူခဲ့တယ်၊ 95 00:04:29,200 --> 00:04:32,976 ဒါပေမဲ့ အလုပ်ရဖို့အတွက် ကျွန်မဟာ သူများထက် တပန်းသာရန် လိုတာကို 96 00:04:33,000 --> 00:04:36,216 နားလည်ခဲ့တယ်၊ အဆင့်မြင့် တက္ကသိုလ်ဘွွဲ့ ရဖို့လိုလို့၊ 97 00:04:36,240 --> 00:04:37,620 ရှေ့ဆက် တက်ခဲ့လျက် ရယူခဲ့တယ်။ 98 00:04:37,620 --> 00:04:39,886 အခုတော့ ကျွန်မဟာ အင်တာဗျူး အတွက် အသင့်ရှိနေပြီ။ 99 00:04:39,886 --> 00:04:42,456 ရှင်တို့ရဲ့ ပထမဦးဆုံး အင်တာဗျူးကို မှတ်မိကြလား။ 100 00:04:42,480 --> 00:04:43,696 မေးခွန်းတွေက ဘာတွေလဲ။ 101 00:04:43,720 --> 00:04:45,520 အခိုင်အမာ လက်ဆွဲနှုတ်ဆက်ဖို့ မမေ့ရန်။ 102 00:04:46,040 --> 00:04:47,776 ကျွန်မလည်း ရှင်တို့ အတိုင်းပါပဲ။ 103 00:04:47,800 --> 00:04:49,816 အင်တာဗျား မတိုင်မီ ၂၄ နာရီအလိုတွင်၊ 104 00:04:49,840 --> 00:04:52,376 ကျွန်မ တသက်လုံး သိလာခဲ့တဲ့ မိတ်ဆွေ တစ်ဦးက 105 00:04:52,400 --> 00:04:56,640 ဖုန်းဆက်ပြီး၊ “Michele၊ နင်သွားရမယ့် အဆောက်အဦမှာ လှေခါးထစ်တွေ ရှိတယ်။“ 106 00:04:56,640 --> 00:04:58,840 ကျွန်မ လှေခါးထစ်တွေကို မတက်နိုင်တာ သူသိခဲ့တယ်။ 107 00:04:58,840 --> 00:05:01,136 အဲဒါနဲ့ ကျွန်မရဲ့ အာရုံဟာ ရုတ်ခနဲ ပြောင်းသွားတယ်။ 108 00:05:01,136 --> 00:05:04,240 ကျွန်မအခြေအနေထဲမှာ အဲဒီကို ဘယ်လိုများ သွားရမလဲ စိုးရိမ်မိတယ်။ 109 00:05:05,120 --> 00:05:10,170 ဒါနဲ့ စောစီးစွာ သွားခဲ့ပြီး ပစ္စည်းတင် ဓါတ်လှေခါးနဲ့ အင်တာဗျူးကို ရောက်သွားတယ်။ 110 00:05:10,170 --> 00:05:13,960 အဲဒီနေ့မှာ ကျွန်မ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ခဲ့ရမှန်း သူတို့ မသိတာ အိုကေပါ။ 111 00:05:14,480 --> 00:05:17,380 ကျွန်မအတွက် အဲဒီနေ့မှာ အင်တာဗျူး ဒါမှမဟုတ် အဆောက်အဦနေရာ 112 00:05:17,380 --> 00:05:19,896 ရောက်ဖို့ အခက်ဆုံး ပြဿနာလို့ ရှင်တို့ ထင်ခဲ့ကြမယ်။ 113 00:05:19,920 --> 00:05:22,856 တကယ်ကျတော့၊ ပစ္စည်းတင် ဓာတ်လှေခါးထဲ ရောက်ဖို့ လုပ်ရတဲ့ ကိစ္စဟာ 114 00:05:22,856 --> 00:05:25,465 ကျွန်မအတွက် အဲဒီနေ့မှာ အခက်ဆုံး ဖြစ်ခဲ့တယ်။ 115 00:05:26,200 --> 00:05:29,160 ကျွန်မဟာ အချို့ အခြေအနေတွေမှာ သိပ်ကို ထိခိုက်လွယ်ပါတယ်- 116 00:05:29,730 --> 00:05:34,070 လေဆိပ်တို့၊ ခန်းမကြီးတွ၊ ကားထားရုံတွေ၊ 117 00:05:34,070 --> 00:05:35,520 တွန်းလှည်းတင် ဓာတ်လှေခါးပေါ့။ 118 00:05:36,080 --> 00:05:38,096 ကျွန်မဟာ သိပ်ကို သတိထားထို့ လိုပါတယ်။ 119 00:05:38,120 --> 00:05:41,056 ကိုယ်က ကြိုတင်တွက်ရတာ၊ အလွယ်တကူ ပြောင်းလွဲနိုင်ပြီး 120 00:05:41,080 --> 00:05:43,400 ကျွန်မ တတ်နိုင်လောက် အမြန်သွားဖို့ လိုတတ်ပါတယ်။ 121 00:05:44,680 --> 00:05:46,696 အဲဒီအလုပ်ကို ကျွန်မ ရခဲ့လို့၊ 122 00:05:46,720 --> 00:05:49,776 ကျွန်မရဲ့ အလုပ်သဘောအရ မကြာခဏဆိုသလို ခရီးထွက်ရတယ်။ 123 00:05:49,800 --> 00:05:52,680 ခရီးသွားရခြင်းဟာ အခုဆိုရင် စိန်ခေါ်မှုနဲ့ တူတတ်ပါတယ်။ 124 00:05:53,280 --> 00:05:57,616 ရှင်တို့ဆိုရင်၊ လေဆိပ်ကို အမှီသွားရတာ၊ လုံခြုံရေးကို ဖြတ်ပြီး ဂိတ်ဝကို သွားရတယ်။ 125 00:05:57,640 --> 00:06:01,320 ကိုယ့်ထိုင်ရမှာက ပြူတင်းနားမှာလား၊ အဆင့်မြှင့်လို့ ရမလား ပေါ့လေ။ 126 00:06:01,750 --> 00:06:04,376 ကျွန်မကျတော့ ဘာတစ်ခုကိုမှ ပြေးလွှား လုပ်လို့ မရနိုင်ပါ။ 127 00:06:04,400 --> 00:06:05,576 (ရယ်မောသံများ) 128 00:06:05,600 --> 00:06:08,476 အထူးသဖြင့် ကျွန်မကို ဝန်ထမ်းတွေကို တင်ချပေးရတော့ လုံခြုံရေး 129 00:06:08,476 --> 00:06:11,110 စစ်ဆေးမှုတွေကို ပြေးရင်း ဖြတ်ကျော် မရနိုင်ပါ။ 130 00:06:11,560 --> 00:06:13,336 အဲဒီအကြောင်း မပြောချင်ပါဘူး။ 131 00:06:13,360 --> 00:06:15,826 အဲဒီနောက်မှာ ကျွန်မဟာ ဂိတ်ဆီကို ရှေ့ရှုသွားတတ်တယ်၊ 132 00:06:15,826 --> 00:06:19,136 ကျွန်မ မိဘတွေ ပြောသလို မွေးရာပါ မွန်ရည်စွာ စကားပြောနိုင်စွမ်းကြောင့် 133 00:06:19,160 --> 00:06:23,776 ဂိတ်စောင့်အေဂျင့်နဲ့ စကားပြောရင်း၊ ကျွန်မ စကူတားရဲ့ အလေးချိန်က ဘယ်လောက်၊ 134 00:06:23,800 --> 00:06:25,416 အဲဒီမှာ ဘက်ထရီဆဲလ် အခြောက်ပါတယ်၊ 135 00:06:25,440 --> 00:06:28,580 ကျွန်မ အဲဒါကို လေယာဉ် တံခါးပေါက်အထိ မောင်းနိုင်တာကို ပြောပြပါတယ်။ 136 00:06:28,590 --> 00:06:32,096 ပြီးတော့ တစ်နေ့ကဆိုရင်၊ ကျွန်မ ခရီး ထွက်ဖို့ ရှိတဲ့ မြို့ကို ဖုန်းဆက်ပြီး၊ 137 00:06:32,096 --> 00:06:37,200 ကျွန်မရဲ့ စကူတား ပျက်သွားခဲ့ရင် စကူတား ငှါးလို့ ရနိုင်မလား မေးကြည့်ခဲ့တယ်။ 138 00:06:37,680 --> 00:06:39,840 ဒီတော့ ကျွန်မရဲ့ အဖြစ်က နဲနဲလေးတော့ မတူချင်ပါ။ 139 00:06:40,220 --> 00:06:41,736 လေယာဉ်ပေါ်ကို ရောက်ရင်လည်း၊ 140 00:06:41,760 --> 00:06:45,290 ကျွန်မရဲ့ အိတ်ကို တင်ထားပေးရန် ပြောရင် ယဉ်ကျေးစွာ တင်ပေးကြပါတယ်။ 141 00:06:45,290 --> 00:06:48,536 လေယာဉ်ပေါ်တွင် ကျွန်မဟာ စားခြင်း သို့မဟုတ် သောက်ခြင်းကို ရှောင်ရတယ်၊ 142 00:06:48,560 --> 00:06:50,720 ထပြီး လေယာဉ်ထဲ လမ်းမလျှောက်ချင်လို့ပါ။ 143 00:06:50,720 --> 00:06:53,050 ဒါပေမဲ့ သဘာဝမှာ ၎င််းကိုယ်ပိုင် အစီအစဉ် ရှိတတ်တယ်၊ 144 00:06:53,050 --> 00:06:55,816 မကြာခင်တုန်းကပဲ ၎င်းက တံခါးကို လာခေါက်တာ ဖြေကြားလိုက်ရတယ်။ 145 00:06:55,816 --> 00:06:58,056 ကျွန်ဟာ လေယာဉ် ရှေ့ပိုင်းကို လျှောက်သွားလျက် 146 00:06:58,080 --> 00:07:00,096 တာဝန် ထမ်းဆောင်နေသူနဲ့ စကားပြောဆိုနေခဲ့တယ်၊ 147 00:07:00,120 --> 00:07:03,440 “တံခါးကိုများ စောင့်ကြည့်ပေးနိုင်မလား။ ကျွန်မလက်နဲ့ မမှီလိုပါ။” 148 00:07:04,340 --> 00:07:08,416 အဲဒါနဲ့ အထဲမှာ ထိုင်နေရင်း ကိစ္စဝိစ္စတွေ လုပ်နေတုန်း တံခါးက သူဘာသာသူ ပွင့်သွားရော။ 149 00:07:08,440 --> 00:07:10,000 ဟိုအမျိုးသားက အဲဒီမှာ ရပ်နေရင်း 150 00:07:10,880 --> 00:07:13,416 သူ့မျက်နှာက ကြောက်လန်နေလို့ပေါ့။ 151 00:07:13,440 --> 00:07:15,431 ကျွန်မကလည်း အလားတူ ဖြစ်ခဲ့မှာ သေချာတယ်။ 152 00:07:15,880 --> 00:07:20,200 ကျွန်မ ထွက်လာခဲ့တယ်၊ သူဟာ ရှေ့မှာ ရပ်နေလို့၊ 153 00:07:21,520 --> 00:07:24,400 သူဟာ လုံးဝကို စိတ်ပျက်လျက် ရှိနေခဲ့တယ်။ 154 00:07:25,120 --> 00:07:27,816 ကျွန်မဟာ သူ့ဆီကို လမ်းလျှောက်သွားလျက်၊ 155 00:07:27,840 --> 00:07:30,136 “ဒီအဖြစ်ကို ရှင်ကရော ကျွန်မလိုပဲ မှတ်မိနေမှာလား။” 156 00:07:30,160 --> 00:07:32,840 (ရယ်မောသံများ) 157 00:07:36,120 --> 00:07:38,096 သူကလည်း၊ “မှတ်မိမယ် ထင်တာပဲ။” 158 00:07:38,120 --> 00:07:39,776 (ရယ်မောသံများ) 159 00:07:39,800 --> 00:07:43,256 ကျွန်မက ဒီအကြောင်းကို ပြောနိုင်ပေမဲ့၊ သူကတော့ ဒီအကြောင်း ပြောမှာ မဟုတ်ပါ။ 160 00:07:43,256 --> 00:07:44,936 (ရယ်မောသံများ) 161 00:07:44,960 --> 00:07:47,736 ဒါပေမဲ့ ကျွန်မတို့ဟာ ကျန်တဲ့ ခရီးစဉ်မှာ စကားပြောခဲ့ကြတယ်၊ 162 00:07:47,760 --> 00:07:51,480 တစ်ဦးကိုတစ်ဦးကို၊ မိသားစုတွေ အလုပ်တွေ အပြန်အလှန် သိလာကြတယ်၊ 163 00:07:51,480 --> 00:07:53,230 ကျွန်မတို့ လေယာဉ် ဆင်းလိုက်တော့၊ သူက 164 00:07:53,230 --> 00:07:55,576 “Michele၊ ခင်ဗျား အိတ်ကို ကူတင်ပေးတာ သတိထားမိတယ်၊ 165 00:07:55,600 --> 00:07:56,816 ခင်ဗျားအတွက် ချပေးရမလား။” 166 00:07:56,840 --> 00:07:58,520 ကျွန်မ၊ “ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။” 167 00:07:59,440 --> 00:08:01,576 တစ်ဦးအတွက်တစ်ဦး ဆုမွန်ကောင်း တောင်းရင်း 168 00:08:01,600 --> 00:08:03,496 အဲဒီနေ့အတွက် အရေးကြီးဆုံးအချက်က 169 00:08:03,520 --> 00:08:07,296 သူဟာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတာကို မေ့လို့ရမှာ မဟုတ်ပါဘူး၊ 170 00:08:07,320 --> 00:08:09,530 စိတ်အနှောင့်အယှက်ခံလိုက်ရတဲ့ အတွေ့အကြုံကိုလေ။ 171 00:08:09,530 --> 00:08:12,196 သူဟာ အဲဒါကို မေ့နိုင်မှာ မဟုတ်သလို ကျွန်မလည်း မေ့မရနိုင်၊ 172 00:08:12,200 --> 00:08:14,456 ဒါပေမဲ့ သူဟာ ကျွန်မတို့ ပြောဆိုခဲ့တာတွေကို 173 00:08:14,480 --> 00:08:17,200 ဘဝအမြင် မတူကြတာကို ပိုမှတ်မိမယ် ထင်ပါတယ်။ 174 00:08:17,630 --> 00:08:20,216 အခြားနိုင်ငံတွေကို ခရီးထွက်တဲ့ အခါမှာကျတော့၊ 175 00:08:20,240 --> 00:08:22,780 တော်တော်များများဟာ ပိုလို့ကို စိန်ခေါ်ရာ ကျနိုင်ပါတယ်။ 176 00:08:22,780 --> 00:08:25,576 လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မ ဇန်ဇီဘာကို သွားခဲ့တယ်၊ 177 00:08:25,600 --> 00:08:27,216 တွန်းလှည်းလေးနဲ့ ရောက်သွားတာ၊ 178 00:08:27,240 --> 00:08:28,790 ရှင်တို့ စဉ်းစားကြည့်ကြပါ။ 179 00:08:29,440 --> 00:08:33,895 အရပ်ပုပု၊ ဆံပင်ဖြူနဲ့ အမျိုးသမီး တွန်းလှည်းထိုင်ခုံထဲမှာ။ 180 00:08:33,919 --> 00:08:35,880 နေ့စဉ် တွေ့နေကျ အရာမျိုး မဟုတ်ပါဘူး။ 181 00:08:37,360 --> 00:08:40,936 အဲဒါနဲ့ ကျွန်မ ထရပ်လိုက်ပြီး အေဂျင့်နဲ့ စကားပြောဆိုနေပါတော့တယ်။ 182 00:08:40,960 --> 00:08:44,376 ခင်မင်စွာဖြင့် သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဒီပြင် အကြောင်းတေနွကို ပြောနေစဉ်၊ 183 00:08:44,400 --> 00:08:47,190 ပေါင်းကူးတံတါး မရှိတာကို ကျွန်မ သတိထားမိတယ်။ 184 00:08:47,190 --> 00:08:49,806 အဲဒါနဲ့ ကျွန်မက၊ “ကျွန်မရဲ့ ထိုင်ခုံကို မတင်ပေးရုံတင်မက 185 00:08:49,806 --> 00:08:51,526 ကျွန်မ လှေခါးထစ်တွေကို တက်ဖို့လည်း 186 00:08:51,526 --> 00:08:53,700 အကူအညီ လိုပါဦးမယ်။”လို့ ပြောရတယ်။ 187 00:08:53,920 --> 00:08:57,510 ဒီလိုနည်းဖြင့် ပျံဖို့အတွက်ကို စောင့်နေရတာ တစ်နာရီကြာခဲ့တယ်၊ 188 00:08:57,510 --> 00:08:59,656 အဲဒီခရီးစဉ်ဟာ အရမ်းကို အံ့အားသင့်စရာကြီးပါပဲ။ 189 00:08:59,680 --> 00:09:02,930 အဲဒီနေ့မှာ ကျွန်မတို့ရဲ့ ရှုထောင့်တွေ နှစ်ဦးစလုံဆီမှာ ပြောင်းသွားတယ်။ 190 00:09:02,930 --> 00:09:04,696 ကျွန်မ လေယာဉ် အပေါ် ရောက်သွားတော့ 191 00:09:04,696 --> 00:09:07,536 သူက ကျွန်မ ကျောကို ပုပ်ပေးရင်း အားလုံးကောင်းဖို့ ဆန္ဒပြုတယ်၊ 192 00:09:07,560 --> 00:09:09,776 ကျွန်မ သူ့ကို ကျေးဇူးအရမ်းတင်မိတယ်။ 193 00:09:09,800 --> 00:09:14,256 ဒီတကြိမ်မှာလည်း အဲဒီအတွေ့အကြုံကို သူဟာ မှတ်မိမယ် ထင်ပါတယ်၊ 194 00:09:14,280 --> 00:09:17,840 ကျွန်မ စဝင်လာချိန်မှာ စနိုးစနောင့် ဖြစ်ခဲ့ရတာကို မှတ်မိမှာပါ။ 195 00:09:18,510 --> 00:09:21,360 ရှင်တို့ သတိထားမိကြသလို၊ ကျွန်မကို တော်တော်များ ကူကြတယ်။ 196 00:09:21,360 --> 00:09:23,816 ကျွန်မရဲ့ မိသားစု၊ မိတ်ဆွေတွေ၊ လုပ်ဖေါ်ကိုင်ဘက်တွေ၊ 197 00:09:23,840 --> 00:09:28,176 လူစိမ်းတွေသာ မရှိခဲ့ကြပါက ကျွန်မ အနေနဲ့ 198 00:09:28,200 --> 00:09:29,896 ဒီမှာ ရပ်နေနိုင်ခဲ့မှာ မဟုတ်ပါဘူး။ 199 00:09:29,920 --> 00:09:33,200 သူတို့အားလုံးဟာ ကျွန်မကို ကျွန်မရဲ့ နေ့စဉ်ဘဝထဲ ကူညီပေးခဲ့ကြပါတယ်။ 200 00:09:34,040 --> 00:09:37,856 ကျွန်မတို့ အားလုံးဆီမှာ ပံ့ပိုးကူညီရေး စနစ်ရှိနေတာ အရေးကြီးပါတယ်။ 201 00:09:37,880 --> 00:09:40,496 အကူအညီကို တောင်းခံခြင်းဟာ စွမ်းအားပါ၊ 202 00:09:40,520 --> 00:09:41,736 အားနည်းမှု မဟုတ်ပါ။ 203 00:09:41,760 --> 00:09:43,320 (ဩဘာပေးသံများ) 204 00:09:48,880 --> 00:09:51,776 ကျွန်မတို့ အားလုံး ဘဝတလျှောက်လုံးမှာ အကူအညီ လိုအပ်ကြပါတယ်။ 205 00:09:51,800 --> 00:09:54,216 ပြီးတော့ နောက် အရေးကြီးသေးတာက 206 00:09:54,240 --> 00:09:57,656 ကျွန်မတို့ဟာ အခြားသူတွေအား ကူညီရေး စနစ်ထဲက အစိတ်အပိုင်း ဖြစ်ကြခြင်းပါပဲ။ 207 00:09:57,680 --> 00:10:00,856 ကျွန်မတို့ဟာ အဲဒီလို အတုန့်အလှည့် သဘောကို လက်ခံကြရပါမယ်။ 208 00:10:00,880 --> 00:10:04,760 ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ အောင်မြင်မှုထဲမှာ ကပြရမယ့် အခန်း ရှိတယ်၊ 209 00:10:05,600 --> 00:10:09,176 ဒါပေမဲ့ ကျွန်မကို အခြားသူတွေ နေ့စဉ် ကူညီပေးနေကြသလို အခြားသူတွေရဲ့ 210 00:10:09,200 --> 00:10:12,880 အောင်မြင်မှုထဲ ကျွန်မတို့ ကပြရမယ့် အခန်းကိုလည်း စဉ်းစားရမယ်။ 211 00:10:14,000 --> 00:10:17,536 လူ့အဖွဲ့အစည်းထဲမှာ အစွဲအလမ်းတွေ အယူဝါဒတွေရဲ့ 212 00:10:17,560 --> 00:10:22,880 ဖိအားပေးမှုတွေ များလှတော့၊ ကျွန်မတို့ 213 00:10:24,040 --> 00:10:26,560 အပြန်အလှန်ကူညီကြရန် အရေးကြီးပါတယ်။ 214 00:10:27,600 --> 00:10:30,120 ပြီးတော့ ကျွန်မတို့ ဘဝခရီးကို နှင်ကြရာတွင် 215 00:10:30,360 --> 00:10:33,010 ကျွန်မတို့အထဲက ဘယ်သူမှာမှ အားလုံး မြင်နေကြသလို 216 00:10:33,010 --> 00:10:36,096 မဟုတ်ဘူးဆိုတဲ့ အမှန်တရားကို ရင်ဆိုင်ကြရတာကို သတိရနေရန် လိုတယ်။ 217 00:10:36,120 --> 00:10:38,216 အဲဒီထက်ကိုပိုပြီး၊ ကျွန်မတို့ အားလုံးဟာ 218 00:10:38,240 --> 00:10:41,520 မြင်လို့မရနိုင်တဲ့ အရာတွေကို ကိုင်တွယ်နေကြရပါတယ်။ 219 00:10:42,740 --> 00:10:46,216 ဒါကြောင့်မို့လို့ ဝေဖန်သုံးသပ်မှု ကင်းမဲ့စွာ နေထိုင်ကြမယ်ဆိုရင် 220 00:10:46,240 --> 00:10:50,576 ခုနက အတွေ့အကြုံတွေကို အပြန်အလှန် မျှဝေပေးနိုင်မှာမို့ 221 00:10:50,600 --> 00:10:53,656 ကျွန်မရဲ့ အဖြစ်အပျက်တွေကို ပြောပြခဲ့တဲ့ အထဲက လူတွေလိုပါပဲ၊ 222 00:10:53,680 --> 00:10:57,360 လုံးဝကို မတူကွဲပြားတဲ့ ရှုထောင့်တွေကို ရရှိလက်ခံလာနိုင်ကြမှာပါ။ 223 00:10:59,280 --> 00:11:01,576 ဒီတော့ ရှင်တို့ အားလုံး သတိရသင့်တာက ရှင်တို့ 224 00:11:01,600 --> 00:11:04,080 တကယ် လမ်းလျှောက်နိုင်တာက ကိုယ့်ဖိနပ်ကို စီးရမှာပါ။ 225 00:11:04,410 --> 00:11:06,680 ကျွန်မဟာ ရှင်တို့ရဲ့ ဖိနပ်ကို စီးမရနိုင်ပါ။ 226 00:11:07,280 --> 00:11:10,256 ပြီးတော့ ရှင်တို့ကလည်း ကျွန်မရဲ့ ဖိနပ်ဆိုက် ၁ ကို စီးမရနိုင်ပါ။ 227 00:11:10,280 --> 00:11:11,376 (ရယ်မောသံများ) 228 00:11:11,400 --> 00:11:13,050 ရှင်တို့ စမ်းကြည့်နိုင်ပါတယ်။ 229 00:11:13,500 --> 00:11:16,440 ဒါပေမဲ့ ကျွန်မတို့အားလုံး ဒီထက် ပိုကောင်းစွာ လုပ်နိုင်ကြပါတယ်။ 230 00:11:16,920 --> 00:11:20,776 စာနာစိတ်၊ အားပေးလိုစိတ်နဲ့ သိနားလည်လိုစိတ်နဲ့သာ ဆိုရင် 231 00:11:20,800 --> 00:11:23,496 ကျွန်မတို့ဟာ ဘေးချင်းယဉ် လျှောက်ရင်း 232 00:11:23,520 --> 00:11:25,490 တစ်ဦးကိုတစ်ဦး ကူညီပေးနိုင်ကြတယ်၊ 233 00:11:25,490 --> 00:11:28,010 ကျွန်မတို့ မြင်ရတာတွေကိုသာ စဉ်းစား ဆုံးဖြတ်ကြမယ့်အစား၊ 234 00:11:28,010 --> 00:11:30,286 အဲဒီလိုသာ ကျွန်မတို့ နေထိုင်နိုင်ကြမယ်ဆိုရင် 235 00:11:30,286 --> 00:11:33,400 လူ့အဖွဲ့အစည်းကြီး ဘယ်လို ပြောင်းလဲ လာမှာကို စဉ်းစားကြည့်ကြပါ။ 236 00:11:33,960 --> 00:11:35,176 ကျေးဇူးတင်ပါတယ်။ 237 00:11:35,200 --> 00:11:40,880 (လက်ခုပ်တီးသံများ) 238 00:11:40,920 --> 00:11:42,280 ကျေးဇူးတင်ပါတယ်။