ကိုယ့်ကိုယ်ကို မြှင့်တင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရဲ့ စွမ်းအား။
-
0:01 - 0:04မမှီသေး ဆိုတဲ့စွမ်းအား
-
0:04 - 0:06ချီကာဂိုက အထက်တန်းကျောင်း ကြားခဲ့ဘူးတယ်။
-
0:06 - 0:11အဲဒီမှာ ကျောင်းသားတွေဟာ ဘွဲ့ရဖို့
သင်ရိုးတစ်ချို့ကို အောင်ဖို့လိုတယ် -
0:11 - 0:16ပြီးတော့ သင်ရိုးတစ်ခုကိုမအောင်ရင်
"မမှီသေး" ဆိုတဲ့ အဆင့်ကိုပေးပါတယ်။ -
0:16 - 0:18အဲဒါက အဆန်းပဲလို့ ကျွန်မတွေးလိုက်မိတယ်။
-
0:18 - 0:22ကျရှုံးတဲ့အမှတ်ကိုရရင် "ငါဟာ အလကားပါ၊
ဘာမှအလားအလာမရှိပါဘူး" လို့ ထင်ရုံပေါ့။ -
0:22 - 0:25ဒါပေမဲ့ "မမှီသေး" ဆိုတဲ့အဆင့်ကိုရလိုက်ရင်
-
0:25 - 0:29သင်ဟာ သင်နေရတုန်းပဲလို့ နားလည်ရပါတယ်။
-
0:29 - 0:32ဒီတော့ အနာဂတ်ဆီသို့ လမ်းကြောင်း ပွင့်နေတယ်။
-
0:32 - 0:40"မမှီသေး" က ကျွန်မရဲ့ အသက်မွေးမှု အစောပိုင်းကာလမှာကို
အရေးကြီးတဲ့ ထိုးထွင်းဉာဏ်ကို ပြပေးလိုက်တာပဲလေ။ -
0:40 - 0:42တကယ့်အလှည့်အပြောင်းတစ်ခုပေါ့။
-
0:42 - 0:44ကျွန်မမြင်ချင်တာက ကလေးတွေဟာ
-
0:44 - 0:49စိန်ခေါ်မှုနဲ့အခက်အခဲတွေကို
ဘယ်လိုဖြေရှင်းကြပုံကိုပါ။ -
0:49 - 0:52ဒါကြောင့် ၁၀ နှစ်သားကလေးတွေကို
-
0:52 - 0:57သူတို့တွေအတွက် နည်းနည်းလေး ခက်လွန်းမယ်ထင်တဲ့
ပုစ္ဆာတွေကို ပေးလိုက်ပါတယ်။ -
0:57 - 1:02တစ်ချို့က အလွန့်အလွန်ကို အပြုသဘောဆောင်တဲ့
နည်းလမ်းနဲ့တုံ့ပြန်ကြတယ်။ -
1:02 - 1:06ဒီလိုမျိုးတွေပြောတတ်ကြတယ်၊
"စိန်ခေါ်မှုကို ကြိုက်တာပေါ့။ " -
1:06 - 1:11ဒါမှမဟုတ် "သိတယ်နော်၊ ဒါက အသိအမြင်
ပေးလိမ့်မယ်လို့တော့ထင်တာပဲ။" -
1:11 - 1:17သူတို့အရည်အသွေးတွေ ဖွံ့ဖြိုးလာနိုင်တယ်ဆိုတာကို
သူတို့နားလည်ကြတယ်လေ။ -
1:17 - 1:21သူတို့မှာ ကျွန်မပြောတဲ့ "ပျိုးထောင်ထားတဲ့
တွေးခေါ်မှုအလေ့အထ"ဆိုတာရှိတယ်။ -
1:21 - 1:27ဒါပေမဲ့ တခြားကျောင်းသားတွေကတော့
ဝမ်းနည်းစရာ၊ အဖြစ်ဆိုးကြီးပဲလို့ခံစားမိကြတယ်။ -
1:27 - 1:31သူတို့ရဲ့ ပိုပြီးပုံသေကားချ
အတွေးအမြင်နှင့်အညီ -
1:31 - 1:38သူတို့ရဲ့ အသိဉာဏ်ဟာ အကဲဖြတ်မှုကို
ခံယူရန် အသင့်ရှိခဲ့လို့ ကျရှုံးခဲ့ကြတာပါ။ -
1:38 - 1:43မဖြစ်သေးတာရဲ့ စွမ်းအားကို
ဇိမ်ကျနေရမယ့်အစား -
1:43 - 1:47ပစ္စုပန်ရဲ့ နိုင်လိုမင်းထက်ပြုမှုမှာ
ဇက်ကိုင်ခံလိုက်ရတာပါ။ -
1:47 - 1:50ဒီတော့ သူတို့ ရှေ့ဆက်ပြီး ဘာတွေလုပ်ကြလဲ။
-
1:50 - 1:52သူတို့ ရှေ့ဆက်ပြီး လုပ်ကြတာကို
ကျွန်မပြောပြမယ်။ -
1:52 - 1:55လေ့လာမှုတစ်ခုမှာ သူတို့ပြောပြကြတာက
နောက်တစ်ကြိမ်ကျရင် -
1:55 - 1:59ကျရှုံးခဲ့ရင် ပိုပြီး လေ့လာမယ့်အစား
လိမ်ညာခဲ့ဖို့ များတယ်တဲ့။ -
2:02 - 2:05နောက်လေ့လာမှု တစ်ခုထဲ၊ သူတို့ ကျရှုံးခဲ့ပြန်ရာ၊
-
2:05 - 2:08သူတို့ကိုယ်သူတို့ နေသာထိုင်သာရှိအောင်
-
2:08 - 2:13သူတို့ထက်ပိုဆိုးတဲ့
တစ်ယောက်ယောက်ကိုရှာကြပါတယ်။ -
2:13 - 2:19လေ့လာမှုတွေ တစ်ခုပြီးတစ်ခု သူတို့တွေဟာ
အခက်အခဲတွေကို ရှောင်ပြေးနေခဲ့ကြတယ်။ -
2:19 - 2:25သိပ္ပပညာရှင်တွေဟာ ကျောင်းသားတွေ
အမှားတစ်ခုနဲ့ ထိပ်တိုက်တွေ့တဲ့အခါ -
2:25 - 2:28ဦးနှောက်ထဲက လျှပ်စစ်ဆိုင်ရာ
တက်ကြွမှုကိုတိုင်းတာပါတယ်။ -
2:28 - 2:32ဘယ်ဖက်မှာက ပုံသေကားချ
အတွေးအခေါ်နဲ့ ကျောင်းသားတွေပါ။ -
2:32 - 2:34တက်ကြွမှု မရှိသလောက်ပါ။
-
2:34 - 2:37အမှားကနေ သူတို့ပြေးထွက်ကြတာပေါ့။
-
2:37 - 2:40သူတို့ ဒါကို ဂရုမစိုက်ပါဘူး။
-
2:40 - 2:43ညာဖက်မှာကျတော့ ကြီးထွားရေး
အတွေးအခေါ်နဲ့ ကျောင်းသားပါ။ -
2:43 - 2:47အရည်အချင်းတွေကို ဖွံဖြိုးအောင်လုပ်လို့
ရနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ပေါ့။ -
2:47 - 2:49သူတို့တွေဟာ နက်နက်ရှိုင်း စိတ်ဝင်စားပါတယ်။
-
2:49 - 2:52သူတို့ဦးနှောက်က မဖြစ်သေးခင်မှာကို
တက်ကြွနေပါတယ်။ -
2:52 - 2:54နက်နက်ရှိုင်းကို စိတ်ဝင်စားပါတယ်။
-
2:54 - 2:57သူတို့ဟာ အမှားကို ကိုင်တွယ်အရေးယူပါတယ်။
-
2:57 - 3:01ဒါကနေ သင်ယူပြီး၊ ပြင်ကြပါတယ်။
-
3:02 - 3:05ကျွန်မတို့ရဲ့ကလေးတွေကို
ဘယ်လိုပျိုးထောင်နေကြလဲ။ -
3:05 - 3:09သူတို့ကို "မမှီသေး"ဆိုတာထက်
"အခု" အတွက် ပျိုးထောင်နေကြတာလား။ -
3:09 - 3:14အဆင့်"A"တွေရဖို့ အဖြစ်သည်းနေတဲ့
ကလေးတွေကို ပျိုးထောင်နေတာလား။ -
3:14 - 3:20အိပ်မက်ကြီးတွေကို မမက်တတ်တဲ့
ကလေးတွေကိုပျိုးထောင်နေတာလား။ -
3:20 - 3:27သူတို့ရဲ့ အကြီးမားဆုံး ရည်မှန်းချက်က "A" နောက်တစ်ခုလား
ဒါမှမဟုတ် နောက်လာမယ့် စာမေးပွဲအမှတ်လား။ -
3:27 - 3:33သူတို့တွေဟာ ဒီအတောမသတ်တဲ့
အမှတ်တွေကို စစ်ဆေးခံယူနေကြတာက -
3:33 - 3:36သူတို့ အနာဂတ်ဘဝတွေထဲ သယ်ဆောင်သွားဖို့
အတွက်များလား။ -
3:36 - 3:40ဖြစ်နိုင်တယ်၊ အလုပ်ရှင်တွေဟာ ကျွန်မဆီလာပြီး
ပြောပြောကြတာက -
3:40 - 3:43"ကျွန်တော်တို့ဆီမှာ တစ်နေ့ကို ဆုတစ်ဆု မရရင်ကို
-
3:43 - 3:47တစ်ရက်တောင် အလုပ်လုပ်နိုင်စွမ်း မရှိတဲ့
လူငယ်လုပ်သား မျိုးဆက် တစ်ဆက် -
3:47 - 3:50ပေါ်ထွန်းလာနေပြီလို့ ဆိုကြတယ်။
-
3:50 - 3:53ဒီတော့ ကျွန်မတို့တွေ ဘာလုပ်ပေးနိုင်လဲ။
-
3:53 - 3:57မမှီသေးခြင်း ဆီကို ပေါင်းကူးတံတားကို
ဘယ်လိုဆောက်ပေးနိုင်မလဲ။ -
3:57 - 3:59ဟောဒါတွေကတော့ ကျွန်မတို့လုပ်နိုင်တာတွေပါ။
-
3:59 - 4:06ပထမဦးဆုံးက ဉာဏ်ရည်နဲ့ ပင်ကိုယ်အစွမ်းကို မချီးမွမ်းဘဲ
ကျွန်မတို့တွေ ချင့်ချင့်ချိန်ချိန်နဲ့ ချီးမွမ်းနိုင်ပါတယ်၊ -
4:06 - 4:08အဲဒါက မအောင်မြင်ခဲ့ဘူးလေ။
-
4:08 - 4:10အဲဒါကို ထပ်ပြီး မလုပ်ကြပါနဲ့တော့။
-
4:10 - 4:15ဒါပေမဲ့ ကလေးတွေပါဝင်နိုင်တဲ့
လုပ်ငန်းစဉ်ကို ချီမွမ်းနေပါ။ -
4:15 - 4:19သူတို့ရဲ့ အားထုတ်မှု၊ သူတို့ရဲ့ နည်းဗျူဟာ၊
သူတို့ရဲ့ အာရုံစိုက်မှု၊ သူတို့ရဲ့ လုံ့လ၊ -
4:19 - 4:21သူတို့ရဲ့ တိုးတက်မှုတွေကိုပါ။
-
4:21 - 4:22ဒီ ဖြစ်စဉ်ကို ချီးမွမ်းမှုဟာ
-
4:22 - 4:27ခံနိုင်ရည်ရှိပြီး၊ အကြမ်းခံနိုင်တဲ့
ကလေးတွေကို ပျိုးထောင်ပေးပါတယ်။ -
4:27 - 4:30"မမှီသေး"တာကို ချီးမြင့်ဖို့
နည်းလမ်းများစွာရှိပါတယ်။ -
4:30 - 4:34မကြာသေးခင်က ဝါရှင်တန်တက္ကသိုလ်မှ
-
4:34 - 4:37ဂိမ်းဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့
"မမှီသေး"ဆိုတာကို ချီးမြင့်တဲ့ -
4:37 - 4:42အွန်လိုင်း သင်္ချာဂိမ်းအသစ်တစ်ခုကို
ဖန်တီးဖို့ လက်တွဲခဲ့ပါတယ်။ -
4:42 - 4:48ဒီဂိမ်းထဲမှာ ကျောင်းသားတွေကို သူတို့ရဲ့ အားထုတ်မှု၊နည်းပရိယာယ်နဲ့တိုးတက်မှုကို ဆုချပေးပါတယ်။
-
4:48 - 4:51ပုံမှန်သင်္ချာ ဂိမ်းမှာ
-
4:51 - 4:55မှန်တဲ့အဖြေကို ချက်ချင်း ဆုချပေးတာပါ။
-
4:55 - 4:58ဒါပေမဲ့ ဒီဂိမ်းထဲမှာတော့
ဖြစ်စဉ်ကိုဆုချီးမြင့်တာပါ။ -
4:58 - 5:01နောက်ပြီးတော့ အချိန်ပိုကြာလာတာနဲ့အမျှ
-
5:01 - 5:03အားထုတ်မှု၊
-
5:03 - 5:07နည်းပရိယာယ်တွေနဲ့ ဆက်စပ်မှုတွေဟာ
ပိုများလာပါတယ်။ -
5:07 - 5:13နောက်ပြီး တကယ့်ကိုခက်ခဲတဲ့ ပြဿနာတွေနဲ့
တွေ့ကြုံတဲ့အခါမှာ လုံ့လစိုက်မှုပိုလာပါတယ်။ -
5:13 - 5:16ကျွန်မတို့ အခုတွေ့ရှိလာတဲ့ "မှီသွားပြီ" ဒါမှမဟုတ်
"မမှီသေး" ဆိုတဲ့ စကားလုံးတွေက -
5:16 - 5:20ကလေးတွေကို ပိုပြီးကြီးမားတဲ့
ယုံကြည်မှုကိုပေးပါတယ်၊ -
5:20 - 5:27သူတို့ကို ပိုကြီးကျယ်တဲ့ဇွဲနပဲ ကောင်းမယ့်
အနာဂတ်ဆီကို လမ်းခင်းပေးပါတယ်။ -
5:27 - 5:32ကျွန်မတို့ ကျောင်းသားတွေရဲ့ စိတ်ထားကို
တကယ်ပဲ ပြောင်းနိုင်ပါတယ်။ -
5:32 - 5:35လေ့လာမှုတစ်ခုမှာ အသစ်ဖြစ်ပြီး
ခက်ခဲတဲ့ တစ်ခုခုကို -
5:35 - 5:39သင်ယူတဲ့ အချိန်တိုင်းမှာ၊
သူတိုရဲ့ သက်တောင့်သက်သာဖြစ်တဲ့နေရာမှ -
5:39 - 5:43စွန့်ခွာသွားရတိုင်းမှာ၊
-
5:43 - 5:49သူတို့ဦးနှောက်ထဲက နာဗ်ဆဲလ်တွေဟာ သစ်လွင်ပြီး
ပိုအားကောင်းတဲ့ ဆက်သွယ်မှုတွေကို ဖွဲ့စည်းနိုင်လို့ -
5:49 - 5:52ကြာလာတော့ သူတို့ဟာ ပိုပြီးတော်လာကြမှာပါ။
-
5:52 - 5:55ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကြည့်လိုက်ပါဦး။
-
5:55 - 5:59ကြီးထွားရေး စိတ်ထား" သင်ကြားပေး မခံခဲ့ရတဲ့
-
5:59 - 6:04ကျောင်းသားတွေဟာ ဒီခက်ခဲတဲ့ ပညာရေး
စပ်ကူးမပ်ကူးမှာ အမှတ်တွေ ကျရှုံးနေခဲ့ကြပေမယ့် -
6:04 - 6:11ဒီသင်ခန်းစာကို သင်ယူခဲ့သူတွေကတော့ သိသိသာသာ
ပြန်တက်လာတာကို တွေ့ရတယ်။ -
6:11 - 6:17အခု ကျွန်မတို့ ပြဆိုလိုက်ပါပြီ၊
ဒီလိုတိုးတက်မှုမျိုးရနိုင်ပြီ။ -
6:17 - 6:24ထောင်၊သောင်းချီတဲ့ ကလေးတွေနဲ့ပေါ့၊
အထူးသဖြင့် ရုန်းကန်နေရတဲ့ ကျောင်းသားတွေပေါ့။ -
6:24 - 6:28ဒီတော့ တန်းတူညီမျှမှု အကြောင်းပြောရအောင်။
-
6:28 - 6:33ကျွန်မတို့နိုင်ငံမှာ အကျင့်ပါနေပြီးဖြစ်တဲ့
နိမ့်ကျစွာ လုပ်နိုင်စွမ်းရှိကြတဲ့ -
6:33 - 6:35ကျောင်းသားအုပ်စုတွေရှိတယ်။
-
6:35 - 6:38ဥပမာ မြို့တွင်း ကျောင်းထဲက ကလေးတွေ၊
တိုင်းရင်းသားတွေရဲ့ သီးသန့်နယ်မြေက ကလေးတွေပေါ့။ -
6:38 - 6:42သူတို့ရဲ့ အခြေအနေ သိပ်ကြာအောင်ကို ဆိုးဝါခဲ့လို့
-
6:42 - 6:49ဒါကို ရှောင်ရှားမရနိုင်ဘူးလို့တောင်
လူတွေ ထင်လာကြပါတယ်။ -
6:49 - 6:57ဒါပေမဲ့ ဆရာတွေက ကြီးထွားရေး စိတ်ထားကို
စာသင်ခန်းတွေထဲ မြှုပ်နှံပေးလိုက်ကြတော့ -
6:57 - 7:01တန်းတူညီမျှမှု ဆိုတာပေါ်လွင်လာပါတယ်။
-
7:01 - 7:05ဟောဒီမှာ နမူနာအနည်းငယ်ပါ။
-
7:05 - 7:11တစ်နှစ်အတွင်းမှာ New York မှ Harlem
သူငယ်တန်းဟာ -
7:11 - 7:19National Achievement Test မှာ
၉၅ ရာခိုင်နှုန်းကို ရယူနိုင်ခဲ့ပါတယ်။ -
7:19 - 7:26အဲဒီကလေး တော်တော်များများဟာ ကျောင်း
ရောက်လာတော့ ခဲတံတောင် မကိုင်တတ်သေးပါဘူး။ -
7:26 - 7:28တစ်နှစ်အတွင်းမှာ
-
7:28 - 7:33South Bronx မှ စတုတ္ထတန်းက
နောက်ကျကျန်ရစ်နေခဲ့တဲ့ ကျောင်းသားတွေဟာ -
7:33 - 7:39အစိုးရသင်္ချာစာမေးပွဲမှာ New York ပြည်နယ်က
-
7:39 - 7:43စတုတ္ထတန်းမှာ နံပါတ်တစ် ဖြစ်လာခဲ့တယ်။
-
7:43 - 7:47တစ်နှစ်-တစ်နှစ်ခွဲအတွင်းမှာ
-
7:47 - 7:53သီးသန့်နယ်မြေတစ်ခုမှ အမေရိကန်တိုင်းရင်းသား
ကျောင်းသားတွေဟာ သူတို့ဒေသရဲ့ -
7:53 - 7:59အောက်ခြေကနေ ထိပ်ဆုံးကို တက်နိုင်ခဲ့တယ်။
-
7:59 - 8:05အဲဒီဒေသထဲမှာ Seattle ရဲ့ချမ်းသာကြွယ်ဝတဲ့
အပိုင်းတွေလည်းပါဝင်တယ်။ -
8:05 - 8:12တိုင်းရင်းသားကလေးတွေဟာ Microsoft ကလေးတွေထက်
သာအောင် လုပ်နိုင်ခဲ့တာပေါ့။ -
8:12 - 8:16ဒီလိုဖြစ်လာနိုင်တာက အားထုတ်မှုနဲ့
အခက်အခဲ ဆိုတာရဲ့ -
8:16 - 8:20အနှစ်သာရ ပြောင်းလဲသွားခဲ့လို့ပါ။
-
8:20 - 8:25အရင်တုန်းက အားထုတ်မှု နဲ့ အခက်အခဲတွေက
-
8:25 - 8:30သူတို့ကို ဒုံးဝေးစေခဲ့ပါတယ်၊
လက်လျှော့ချင်စိတ် ဖြစ်စေခဲ့တယ်။ -
8:30 - 8:33ဒါပေမယ့် အခုတော့ အားထုတ်မှုနဲ့ အခက်အခဲတွေဟာ
-
8:33 - 8:37သူတိုရဲ့နာဗ်ဆဲတွေက သစ်လွင်တဲ့၊
ပိုအားကောင်းတဲ -
8:37 - 8:39ဆက်သွယ်မှုတွေ ဖန်တီးနိုင်လိုက်ကြတာကိုး။
-
8:39 - 8:43အခုတော့ သူတို့ဟာ ပိုလို့ကို
တော်တော်လာတဲ့ အချိန်ပဲပေါ့။ -
8:43 - 8:48မကြာသေးခင်က ၁၃နှစ်သား ကောင်လေး
တစ်ယောက်ဆီက စာတစ်စောင်ရခဲ့တယ်။ -
8:48 - 8:52သူဆိုတာက "လေးစားရပါသော ပါမောက္ခ Dweck ရေ၊
-
8:52 - 8:58ခင်ဗျားရဲ့ရေးသားချက်ဟာ ခိုင်မာတဲ့သိပ္ပံသုသေသနကို
အခြေခံတယ်ဆိုတာကို တန်ဖိုးထားပါတယ်။ -
8:58 - 9:04ဒါကြောင့်လည်း ဒါကို လက်တွေ့ကျင့်သုံးဖို့
ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ -
9:04 - 9:08ကျွန်တော်ဟာ ကျောင်းစာမှာ၊
-
9:08 - 9:11မိသားစုဆက်ဆံရေးမှာ၊ ကျောင်းက
ကလေးတွေနဲ့ဆက်ဆံရေးမှာ -
9:11 - 9:15ပိုပြီးတော့လုံလစိုက်လာခဲ့ပါတယ်။
-
9:15 - 9:22ဒီနယ်ပယ်တွေအားလုံးမှာ အလွန်တရာကို
တိုးတက်မှုရှိတာကို ခံစားမိပါတယ်။ -
9:22 - 9:27ကျွန်တော့ဘဝတစ်ခုလုံး နီးပါးကို အလကား
ဖြုန်းတီးမိတာကို အခု နားလည်လာပါပြီ တဲ့။ -
9:29 - 9:35ဘဝတွေကို ဆက်မဖြုန်းတီးကြပါနဲ့တော့လားရှင်။
-
9:35 - 9:39ဘာဖြစ်လို့လဲဆိုတော့ အစွမ်းအစတွေဟာ
-
9:39 - 9:44ဒီလိုဖွံ့ဖြိုးမှုကို ရယူနိုင်တာကို သိလိုက်ပြီဆိုတာနဲ့
-
9:44 - 9:50ဒါဟာ ကလေးတွေအတွက်
အခြေခံလူ့အခွင့်အရေးဖြစ်လာပါတယ်။ -
9:50 - 9:57ဖွံ့ဖြိုးမှုကို ဖန်တီးပေးတဲ့နေရာတွေမှာ
နေထိုင်ဖို့ပါ။ -
9:57 - 10:03မမှီသေး ဆိုတာနဲ့ ပြည့်နေတဲ့နေရာတွေမှာ
နေထိုင်ဖို့ပါ။ -
10:03 - 10:05ကျေဇူးတင်ပါတယ်။
-
10:05 - 10:07(လက်ခုပ်သံများ)
- Title:
- ကိုယ့်ကိုယ်ကို မြှင့်တင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရဲ့ စွမ်းအား။
- Speaker:
- Carol Dweck
- Description:
-
Carol Dweck ဟာ "ကြီးထွားရေး စိတ်ထား" ကိုသုသေသနပြုပါတယ်။ သင်ယူဖို့နဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ကျွန်တော်တို့မှာရှိတဲ့ ဦးနှောက်ရဲ့ လုပ်နိုင်စွမ်းကို ကြီးထွားလာအောင် လုပ်နိုင်ပါတယ် ဆို့တဲ့ အတွေးအခေါ်ပါ။ ဒီဟောပြောချက်ထဲမှာ သင်တို့အတွက် နည်းနည်းလေး ခက်လွန်းနေမယ့် ပြဿနာတစ်ခုကို ဖြေရှင်းရာတွင် စဉ်းစားဖို့ နည်းလမ်း နှစ်သွယ်ကို တင်ပြထားပါတယ်။ "ဒါကိုဖြေရှင်းဖို့ ဉာဏ်မမှီတာလား ဒါမှမဟုတ် မဖြေရှင်းနိုင်သေးတာလား" ဆိုတာပေါ့။ ဩဇာညောင်းလွန်းလှတဲ့ ဒီနယ်ပယ်အတွက် ထူးကဲတဲ့ နိဒါန်းတစ်ခုပါ။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 10:20
Myo Aung edited Burmese subtitles for The power of believing that you can improve | ||
Myo Aung edited Burmese subtitles for The power of believing that you can improve | ||
Myo Aung edited Burmese subtitles for The power of believing that you can improve | ||
Myo Aung approved Burmese subtitles for The power of believing that you can improve | ||
Myo Aung accepted Burmese subtitles for The power of believing that you can improve | ||
Myo Aung edited Burmese subtitles for The power of believing that you can improve | ||
Myo Aung edited Burmese subtitles for The power of believing that you can improve | ||
sann tint edited Burmese subtitles for The power of believing that you can improve |