Return to Video

Multiplying Whole Numbers and Applications 6

  • 0:00 - 0:05
    Jared က သူ့ ညီ Peter ထက် အသက်နှစ်ဆကြီးတယ်လို့ ပြောထားတယ်
  • 0:05 - 0:11
    Jared က peter ထက် အသက်နှစ်ဆကြီးပြီး Peter က အသက် ၄နှစ်ရှိတယ်တဲ့
  • 0:12 - 0:17
    Peter က ၄ နှစ်ဖြစ်ပြီး သူ အစ်ကို Jared က အသက်နှစ်ဆကြီးတယ်
  • 0:17 - 0:21
    ဒီတော့ Jared က Peterအသက် ၄ နှစ်ရဲ့ နှစ်ဆပေါ့
  • 0:21 - 0:26
    နောက်ပြီး Talia က Jared ထက်အသက် ၃ဆကြီးတယ်
  • 0:26 - 0:29
    ဒါဆို Talia နဲ့ Jared က အသက်ဘယ်လောက်ကြီးကြမလဲ
  • 0:29 - 0:34
    ဒီတော့ Talia က Jared ထက်အသက် ၃ ဆကြီးမယ်
  • 0:34 - 0:38
    အင်း... ချရေးရအောင်
  • 0:38 - 0:45
    ဒီတော့ Peter အသက်က ၄နှစ်။
  • 0:45 - 0:48
    Jared က သူညီ Peter ထက်အသက်နှစ်ဆကြီးတယ်
  • 0:48 - 0:54
    ဒီတော့ အ၀ါရောင်နဲ့  ရေးမယ်၊ Jared က ..
  • 0:54 - 1:01
    သူ့ ညီအသက်ထက်နှစ်ဆကြီးတယ်
  • 1:01 - 1:09
    နှစ်ဆဆိုတော့ သူ့ ညီရဲ့ အသက်ကို နှစ်နဲ့ မြှောက်တာနဲ့ တူတူပဲ
  • 1:09 - 1:12
    ဒီတော့ Jared က သူညီထက်အသက်နှစ်ဆကြီးတယ် (သို့ )
  • 1:12 - 1:14
    သူညီအသက်ကို၂နဲ့ မြှောက်တာနဲ့ ညီတယ်လို့ ပြောလို့ ရတယ်
  • 1:14 - 1:17
    အင်း... သူ့ ညီအသက်က ၄နှစ် လို့ ဒီမှာပြောထားတယ်
  • 1:17 - 1:21
    ဒီတော့ Jared ရဲ့ အသက်က (၂ အမြှောက် ၄)နှစ်ဖြစ်မယ်
  • 1:21 - 1:26
    ၂ အမြှောက် ၄နှစ်က... သင်သာအလီဇယားရမယ်ဆိုရင်
  • 1:26 - 1:30
    သင်က ၈လို့ တန်းသိလိမ့်မယ်၊ ၂အမြှောက် ၄ က ၈ ပါ
  • 1:30 - 1:34
    ၄ အမြှောက်၂ က ၈ (သို့ ) Peter အသက်နှစ်ဆ က ၈နှစ်
  • 1:34 - 1:39
    ဒါက ၄ အပေါင်း ၄ နဲ့ လည်းတူတယ်၊ ဒါဆိုရင်လည်း ၈ရမယ်
  • 1:39 - 1:44
    ဒီတော့ ဒါကနေ Jared ရဲ့ အသက်က ၈နှစ်လို့ ရလာမယ်
  • 1:44 - 1:49
    နောက်ဆုံးမှာ Talia ရဲ့ အသက်ကိုမေးထားတယ် ... ဒီတော့ Talia လို့ ရေးလိုက်မယ်
  • 1:49 - 1:54
    Talia အသက်က..ဒီမှာသူပေးထားတာက
  • 1:54 - 2:00
    Jared အသက်ထက် သုံးဆကြီးတယ်လို့ ပြောထားတယ်၊
  • 2:00 - 2:03
    အင်း ဒီတော့ကျွန်တော်တို့  Jared ရဲ့ အသက်ကို ရပြီးပြီ။ ၈ရတယ်
  • 2:03 - 2:06
    Jared အသက်ရဲ့ ၃ဆဆိုတော့ ...
  • 2:06 - 2:09
    အလီဇယားသာသိရင် ကျော်တွက်လို့ ရပြီ
  • 2:09 - 2:13
    နောက်ပြီးသင်သာအလီဇယားကိုသိရင် သင်္ချာတွက်ရတာတော်တော်အဆင်ပြေမယ်
  • 2:13 - 2:17
    ဒီတော့အလီဇယားကိုအပြန်ပြန်အလှန်လှန်ရရမယ်
  • 2:17 - 2:19
    ဒါဆိုရင် သင့်ဘ၀တသက်တာတော်တော်အသုံးဝင်မယ်
  • 2:19 - 2:23
    ဒါမှမဟုတ်ရင်လဲ ၃ အမြှောက် ၈ ရဖို့ ၈သုံးခါပေါင်းလိုက်
  • 2:23 - 2:27
    ဒီတော့၈ +၈+၈ ဆိုတော့... ၈+၈ က ၁၆
  • 2:27 - 2:31
    ၁၆+ ၈ က ၂၄. ဒီတော့ ၈ အမြှောက် ၃ က ၂၄ရတယ်
  • 2:31 - 2:38
    ဒီတော့ Peter က ၄နှစ်၊ Jared က ၈နှစ်၊ Talia က ၂၄နှစ်ဖြစ်ကြပါတယ်၊
Title:
Multiplying Whole Numbers and Applications 6
Description:

more » « less
Video Language:
English
Duration:
02:39

Burmese subtitles

Revisions