Return to Video

နှစ်ပေါင်း ၂၄၀၀ ကြာတဲ့ အက်တမ်ရှာပုံတော် -Theresa Doud

  • 0:07 - 0:09
    ရှေးခေတ် ဒဿနဆရာကြီး တစ်ဦးနဲ့
  • 0:09 - 0:12
    ၁၉ ရာစုက Quaker တစ်ဦးတို့ဟာ
  • 0:12 - 0:17
    နိုဘယ်ဆုရ သိပ္ပံပညာရှင်တွေနဲ့ တူညီတာ
    ဆိုလို့ ဘာများ ရှိနိုင်ပါ့မလဲ။
  • 0:17 - 0:21
    သူတို့ကို နှစ်ပေါင်း ၂၄၀၀ ကျော်တဲ့
    သမိုင်းက ခြားထားပေမဲ့၊
  • 0:21 - 0:25
    သူတို့ တစ်ဦချင်းက အရာဝတ္ထုကို
    ဘာနဲ့ပြုလုပ်ထားသလဲ ဆိုတဲ့ ထာဝရမေးခွန်းအား
  • 0:25 - 0:27
    ဖြေဆိုဖို့ အားထုတ်ခဲ့ကြပါတယ်။
  • 0:27 - 0:31
    ဘီစီ ၄၄၀ တဝိုက်မှာ၊ Democritus ဟာ
  • 0:31 - 0:35
    ကမ္ဘာပေါ်က အရာတိုင်းကို ဗလာနေရာခြံရံလျက်
    ရှိတဲ့ အမှုန်လေးတွေနဲ့ ပြုလုပ်ထားကြောင်း
  • 0:35 - 0:38
    ဦးစွာ အဆိုပြုခဲ့တယ်။
  • 0:38 - 0:42
    သူတို့ ပါဝင်ဖွဲ့စည်းတဲ့ အရာကို လိုက်ပြီး
    သူတို့ဟာ အရွယ်နဲ့ ပုံသဏ္ဌာန်တွေ
  • 0:42 - 0:44
    ကွဲပြားနိုင်ကြောင်းကိုပါ
    သူကပဲ သုံးသပ်ခဲ့ပါတယ်။
  • 0:44 - 0:50
    သူက ဒီအမှုန်တွေကို 'atomos' လို့
    ခေါ်ခဲ့ရာ၊ စိတ်ပိုင်းမရ ဂရိစကားလုံးပါ။
  • 0:50 - 0:54
    သူ့ စိတ်ကူးတွေကို သူ့ခေတ်၌ လူသိပိုများသော
    ဒဿနသမားတို့က ဆန့်ကျင်ခဲ့ကြတယ်။
  • 0:54 - 0:57
    ဥပမာ၊ Aristotalဟာ ဒါကို လုံး၀သဘောမတူခဲ့ပါ
  • 0:57 - 1:00
    ရုပ်ဒြပ်ကို ဓာတ်ကြီး လေးပါးဖြစ်တဲ့
  • 1:00 - 1:03
    မြေ၊ လေ၊ ရေ၊ မီး နဲ့ ပြုလုပ်သည်ဟု
    အစားထိုးဖော်ပြ၍
  • 1:03 - 1:07
    နောက်ပိုင်း သိပ္ပံသမား အများစုဟာလည်း
    သံယောင်မျှောလိုက်ခဲ့၏။
  • 1:07 - 1:12
    John Dalton အမည်ရှိတဲ့ Quaker ဆရာက
    Aristotal သီအိုရီကို စောဒကတက်လိုက်တဲ့
  • 1:12 - 1:18
    ၁၈၀၈ ခုထိ တိုင်အောင်
    အက်တမ်တွေကို မေ့ပစ်လိုက်ကြတယ်၊
  • 1:18 - 1:22
    Democriuts ရဲ့ အက်တမ်ဝါဒဟာ
    သဘောတရား သက်သက်ဖြစ်ခဲ့ပေမဲ့၊
  • 1:22 - 1:26
    Dalton က သာမန်အရာဝတ္ထုတွေကို ထုခွဲရင်
    မျိုးတူဒြပ်စင်များနဲ့ ဆင်တူအချိုးဖြင့်
  • 1:26 - 1:28
    ကွဲပြိုလာမြဲဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။
  • 1:28 - 1:31
    ဒြပ်ပေါင်းအမျိုးမျိုးဟာ
    မျိုးကွဲဒြပ်စင်တွေရဲ့
  • 1:31 - 1:34
    အက်တမ်တွေ ပေါင်းစပ်ခြင်း ဖြစ်တာမို့
    ဖန်တီး မရ၊ ဖျက်စီးလို့ မရနိုင်တဲ့
  • 1:34 - 1:36
    အက်တမ်တွေရဲ့ အရွယ်နဲ့ ဒြပ်ထုတွေဟာ
  • 1:36 - 1:40
    သတ်မှတ်ထားတဲ့ အတိုင်းဖြစ်တယ်လို့
    ကောက်ချက်ချခဲ့တယ်။
  • 1:40 - 1:42
    သူ့အလုပ်တွေအတွက် သူဟာ
    များစွာ ချီးကျူးခံခဲ့ရပေမဲ့၊
  • 1:42 - 1:46
    Quaker အဖြစ်နဲ့ Daltonဟာ သူ့ဘဝ
    အဆုံးတိုင် ချိုးနှိမ်စွာ နေခဲ့တယ်။
  • 1:46 - 1:50
    အက်တမ်ဆိုင်ရာ သဘောတရားကို
    သိပ္ပံအသိုက်အဝန်းက အခု လက်ခံထားပေမဲ့
  • 1:50 - 1:51
    ရူပဗေဒပညာရှင် J.J Thompson
  • 1:51 - 1:54
    အီလက်ထရွန် ရှာတွေ့ချိန် ၁၈၉၇ထိ
    ရာစု ၁ခု နီးပါးတိုင်
  • 1:54 - 2:00
    အရေးပါတဲ့ တိုးတက်မှု ရယ်လို့
    ဘာမှ ဖြစ်မလာခဲ့ပါ။
  • 2:00 - 2:03
    ဒီအရာကို တို့တွေက ချော့ကလက်ကပ်တဲ့
    ကွတ်ကီးပုံ အက်တမ်လို့ခေါ်နိုင်ပြီး၊
  • 2:03 - 2:08
    အက်တမ်ကို လျှပ်မ-အီလက်ထရွန်
    ဖြည့်လျက် လျှပ်ဖိုဒြပ်တို့ သမစွာပါဝင်တဲ့
  • 2:08 - 2:11
    စက်လုံးဖြစ်ကြောင်း ပြသခဲ့တယ်။
  • 2:11 - 2:16
    အီလက်ထရွန် ရှာတွေ့ခဲ့မှု အတွက်
    ၁၉၀၆ ခုနှစ်၌ Thomson နိုဘယ်ဆုရခဲ့ပေမဲ့
  • 2:16 - 2:19
    သူ့ အက်တမ်ရဲ့ ပုံစံကတော့
    တာရှည်မခံနိုင်ခဲ့ပါ။
  • 2:19 - 2:25
    အကြောင်းက သူ့ထံမှာ သိပ်တော်တဲ့
    ကျောင်းသားတွေ ရှိခဲ့လို့ပါ၊
  • 2:25 - 2:27
    အဲဒီထဲမှာ နျူးကလိယားခေတ်ရဲ့
    ဖခင်ကြီးသဖွယ် သိကြတဲ့
  • 2:27 - 2:31
    ညာလက်ရုံး Ernest Rutherford လည်း
    ပါဝင်နေခဲ့လို့ပါ။
  • 2:31 - 2:34
    ဓါတ်ငွေ့များ အပေါ် ဓာတ်မှန်ရဲ့
    သက်ရောက်မှုကို စမ်းသပ်ရင်း
  • 2:34 - 2:38
    Rutherford ဟာ ရွှေပါးလွှာကို
    လျှပ်ဖိုဆောင် အလ်ဖာအမှုန်ငယ်တွေနဲ့
  • 2:38 - 2:43
    ပစ်ဖောက်လျက်၊ အက်တမ်ကို ပို၍
    အတွင်းကျကျ စူးစမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။
  • 2:43 - 2:45
    Thomson ရဲ့ ပုံစံအရတော့
  • 2:45 - 2:47
    ပါးပါးလျလျ ပျံ့နှံ့တဲ့
    အက်တမ်ရဲ့ လျှပ်ဖိုဟာ
  • 2:47 - 2:51
    အမှုန်တွေကို တနေရာရာသို့
    လမ်းပြောင်းပေးနိုင်စွမ်း မရှိနိုင်ပါ။
  • 2:51 - 2:53
    စက္ကူပါးတစ်ရွက်ကို ထုတ်ခြင်းဖောက်ဝင်နေတဲ့
  • 2:53 - 2:56
    တင်းနစ်ဘောလုံး အတွဲလိုက်လို
    ရလဒ်က ဖြစ်ပါလိမ့်မယ်။
  • 2:56 - 2:58
    အမှုန်အများစုက ဖြတ်သန်း
    နိုင်ခဲ့ကြပေမဲ့၊
  • 2:58 - 3:01
    တချို့က နောက်ကို ပြန်ကန်ထွက်လို့
    အလွှာပါးပြားဟာ
  • 3:01 - 3:06
    အလွန်ကြီးမားတဲ့ ဇကာကျဲကျဲ ပိုက်ကွန်
    အထူနဲ့ ပိုဆင်နေတာကို ပြသနေပါတယ်။
  • 3:06 - 3:10
    Rutherford က အက်တမ်တွေဟာ
    အီလက်ထရွန် အနည်းငယ်လောက်သာ
  • 3:10 - 3:12
    ရှိပြီး နေရာလွတ်များပြားလှကာ
  • 3:12 - 3:15
    ဒြပ်ထုအများဟာ ဗဟိုချက်၌
    စုဝေးလျက် ရှိနေကြတယ်လို့ တင်ပြခဲ့ပြီး၊
  • 3:15 - 3:17
    အဲဒါကို သူက နျူးကလိယ ဆိုပြီး
    သမုတ်ခဲ့ပါတယ်။
  • 3:17 - 3:19
    အယ်ဖာမှုန်တွေက
    ဟာကွက်တွေမှ ဖြတ်သွားပေမဲ့
  • 3:19 - 3:24
    သိပ်သည်းပြီး လျှပ်ဖိုဓာတ်ဆောင်တဲ့
    နျူးကလိယမှ နောက်ကို ပြန်ကန်စေခဲ့ပါတယ်။
  • 3:24 - 3:27
    အက်တမ်ဆိုင်ရာ သဘောတရားဟာ
    ပြည့်စုံခြင်း မရှိသေးပါဘူး။
  • 3:27 - 3:32
    ၁၉၁၃ မှာ Thomson ရဲ့ ကျောင်းသားတွေထဲမှ
    Niels Bohr အမည်ရှိတဲ့ နောက်တစ်ဦးက
  • 3:32 - 3:34
    Rutherford ရဲ့ နျူးကလိယား ပုံစံကို
    ချဲ့ထွင်ခဲ့ပါတယ်။
  • 3:34 - 3:38
    Max Plank နဲ့ အိုင်းစတိုင်းတို့ ရှေ့ပြေး
    အလုပ်ကို အခြေခံလျက်
  • 3:38 - 3:41
    အီလက်ထရွန်တွေဟာ နျူးကလိယကို
    ပုံသေ စွမ်းအင်တွေနဲ့
  • 3:41 - 3:44
    အလှမ်းကွာရာမှ ပတ်လျက်
    အဆင့်တဆင့်မှ အခြားတဆင့်သို့
  • 3:44 - 3:50
    ခုန်ကူးနိုင်ပေမဲ့ ကြားနေရာလပ်၌
    မရှိနိုင်ကြောင်း သူ သုံးသပ်ခဲ့ပါတယ်။
  • 3:50 - 3:53
    Bohr ရဲ့ ဂြိုဟ်အဖွဲ့အစည်း သဏ္ဌာန်
    အက်တမ် ပုံစံဟာလည်း
  • 3:53 - 3:56
    မကြာမီပင် အခက်အခဲအချို့ ကြုံလာရပါတယ်။
  • 3:56 - 4:00
    စမ်းသပ်ချက်တွေအရ အီလက်ထရွန်တွေဟာ
    ယတိပြတ်ကြီး အမှုန်မဟုတ်ဘဲ
  • 4:00 - 4:04
    တချိန်ထဲ၌ လှိုင်းလို ပြုမူပြန်လို့
    ဟင်းလင်းပြင် အတွင်းက
  • 4:04 - 4:08
    တစ်နေရာရာမှာ တည်ရှိကြမယ်လို့
    ပြောမရနိုင်ခဲ့ပါ။
  • 4:08 - 4:11
    ပြီးတော့ သူရဲ့ နာမည်ကြီး မသေချာမှု
    အခြေခံမူရဲ့ ပုံသေနည်းအရ
  • 4:11 - 4:14
    Werner Heisenberg က
    အက်တမ်တဝိုက် ရွေ့လျားနေကြတဲ့
  • 4:14 - 4:18
    အက်တမ်တွေရဲ့ တည်နေရာနှင့် အလျင်
    နှစ်ခုစလုံးကို တပြိုင်နက်တည်း
  • 4:18 - 4:21
    တိုင်းမရနိုင်ကြောင်း ဖော်ပြခဲ့တယ်။
  • 4:21 - 4:23
    အီလက်ထရွန်တွေကို တေးမှတ်
    မရနိုင်ပေမဲ့၊ ၎င်းတို့ဟာ
  • 4:23 - 4:26
    ဖြစ်နိုင်ခြေ တည်နေရာများ
    အတွင်းမှာ ရှိနေနိုင်ကြတဲ့ အတွေးက
  • 4:26 - 4:30
    ယနေ့ခေတ် အက်တမ်ရဲ့ ကွမ်တမ်ပုံစံကို
    ပေါ်ပေါက် လာစေခဲ့ပါတယ်၊
  • 4:30 - 4:33
    အံ့အားသင့်ဖွယ် သီအိုရီ ဖြစ်ပေမဲ့
    အလုံးစုံကို နားလည်ဖို့အတွက်
  • 4:33 - 4:36
    ကြိုးစားကြရဦးမယ့် နက်နဲရှုပ်ထွေးမှုတွေ
    အများကြီး ရှိနေကြပါတယ်။
  • 4:36 - 4:40
    တို့တွေရဲ့ အက်တမ်အား သိနားလည်မှုက
    ပြောင်းလဲလာနေပေမဲ့၊
  • 4:40 - 4:42
    အက်တမ်တွေရဲ့ အခြေခံ အချက်ကတော့ဟာ
    မပြောင်းလဲပါ
  • 4:42 - 4:45
    ဒီတော့ အက်တမ်ဆိုင်ရာ သီအိုရီရဲ့
    အောင်ပွဲကို မီးပန်းတွေနဲ့
  • 4:45 - 4:47
    တို့တွေ ဂုဏ်ပြုကြစို့။
  • 4:47 - 4:50
    အက်တမ်ကို ပတ်နေတဲ့ အီလက်ထရွန်တွေဟာ
    စွမ်းအင်အဆင့်တွေ ကူးပြောင်းကြရလို့
  • 4:50 - 4:55
    စွမ်းအင်ကို အလင်းရဲ့ လှိုင်းအလျား
    ပုံစံ အချို့ဖြင့် စွန့်ပစ်-စုပ်ယူကြလို့
  • 4:55 - 4:58
    ရလဒ်အနေနဲ့ တို့တတွေဟာ ထူးကဲလှတဲ့
    အရောင်တွေကို မြင်ကြရတယ်။
  • 4:58 - 5:01
    စိတ်ကူးကြည့်နိုင်တာက Democritus ဟာ
    တနေရာရာက ရှုစားကာ
  • 5:01 - 5:04
    ထောင်စုနှစ် ၂ခုကျော် အကြာမှာ
    သူဟာ တစ်လျှောက်လုံး
  • 5:04 - 5:06
    မှန်ကန်ခဲ့တာကို သူကျေနပ်နေမိမှာကိုပါ။
Title:
နှစ်ပေါင်း ၂၄၀၀ ကြာတဲ့ အက်တမ်ရှာပုံတော် -Theresa Doud
Description:

သင်ခန်းစာအပြည့်အစုံကြည့်ရန်- http://ed.ted.com/lessons/the-2-400-year-search-for-the-atom-theresa-doud

ရုပ်ဒြပ်ကို ဘာတွေနဲ့ ပြုလုပ်ထားကြောင်း ကျွန်တော်တို့ ဘယ်နည်းနဲ့သိကြလဲ။ အက်တမ်ကို စူးစမ်းခြင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ တုန်းက ဂရိ ဒဿနပညာရှင်တစ်ဦး ဆောင်ရွက်ချက်ဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် Quaker တစ်ဦး နဲ့ သိပ္ပံနိုဘလ်ဆုရှင်များ ဆက်လက် ဆောင်ရွက်လာခဲ့ကြတဲ့ ခရီးရှည်ကြီးပါ။ အက်တမ် သဘောတရား သမိုင်းကြောင်းကို Theresa Doud က အသေးစိတ်ဖော်ပြထားပါတုယ်။

သင်ခန်းစာတင်ဆက်သူ-Theresa Doud၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်-TED-Ed။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:23

Burmese subtitles

Revisions