Return to Video

အယ်လ်ဇိုင်းမားရောဂါ ရရှိဖို့အတွက် ပြင်ဆင်နေပုံ

  • 0:01 - 0:02
    ကျွန်မရဲ့ အဖေအကြောင်း ပြောပါရစေ။
  • 0:02 - 0:05
    အဖေ့မှာ အယ်လ်ဇိုင်းမားရောဂါ
    ရှိပါတယ်။
  • 0:05 - 0:09
    ရောဂါလက္ခဏာတွေ ပြတာက လွန်ခဲ့တဲ့
    ၁၂ နှစ်လောက်ကဖြစ်ပြီး
  • 0:09 - 0:12
    ရောဂါကို တရားဝင်တွေ့တာက ၂၀၀၅ မှာပါ။
  • 0:12 - 0:16
    အခု သူတော်တော်ကို မကျန်းမာဘူး။၊
    စားသောက်ရာမှာ အကူလို၊
  • 0:16 - 0:20
    အဝတ်လည်းရာမှာ အကူလို၊ သူဘယ်မှာ
    ရှိတယ်ဆိုတာ ဒါမှမဟုတ် ဘယ်အချိန်
  • 0:20 - 0:24
    စသဖြင့် တကယ်မသိရှာဘူး၊
    ဒါကတော်တော်ကို ခက်ခဲပါတယ်။
  • 0:24 - 0:28
    အဖေဟာ ကျွန်မဘဝ အများစုအတွက်
    သူရဲကောင်း နဲ့ ကောင်းရာညွှန်းသူပါ။
  • 0:28 - 0:31
    ပြီးခဲ့တဲ့ ဆယ်နှစ် သူပျောက်ကွယ်တာကို
    စောင့်ကြည့်ရင်း ကုန်ဆုံးပါတယ်။
  • 0:31 - 0:39
    အဖေတစ်ဦးတည်းမဟုတ်ဘူး၊ ကမ္ဘာ
    အနှံ့ စိတ်ဖောက်ပြန် ရောဂါမျိုးနဲ့နေသူ
  • 0:39 - 0:44
    ၃၅ သန်းခန့်ရှိပြီး ၂၀၃၀ မတိုင်ခင်
    သန်း ရ၀ ထိ ၂ ဆတိုးမယ်လို့ ခန့်မှန်းရတယ်။
  • 0:44 - 0:46
    ဒါဟာ တော်တော်များတဲ့ လူတွေပါ။
  • 0:46 - 0:53
    စိတ်ဖောက်ပြန်မှုက ခြောက်လှန့်နေတယ်။
    ရောဂါသည်တွေရဲ့ ရှုပ်ထွေးတဲ့မျက်နှာတွေ
  • 0:53 - 0:57
    တုန်နေတဲ့လက်တွေ ရောဂါသည်
    အရေအတွက်ဟာ လန့်စေပါတယ်။
  • 0:57 - 1:00
    ဒီကြောက်စိတ်ကြောင့်ပဲ ၂ ခုထဲက ၁ ခုကို
    လုပ်မိတတ်ကြတယ်။
  • 1:00 - 1:06
    ငြင်းတတ်တာက၊ ငါမှမဟုတ်တာ၊ ငါနဲ့
    မဆိုင်ဘူး၊ ငါဒီလိုမဖြစ်နိုင်ဘူး။
  • 1:06 - 1:09
    ဒါမှမဟုတ် စိတ်ဖောက်ပြန်တာကို ကာကွယ်ဖို့
    ဆုံးဖြတ်လိုက်တယ်၊
  • 1:09 - 1:14
    ဒါ ငါတို့ ဘယ်တော့မှမဖြစ်ဘူး၊ အကုန်ကောင်း
    အောင်လုပ်မယ် တို့ဆီမလာတော့ဘူး။
  • 1:14 - 1:20
    ကျွန်မက တတိယနည်းကိုရှာတယ်၊
    အယ်လ်ဇိုင်းမား ရရှိဖို့ပြင်ဆင်နေတယ်။
  • 1:20 - 1:26
    ကာကွယ်တာ ဟာကောင်းပါတယ်၊ အယ်ဇိုင်းမားကို
    တားဆီးဖို့လုပ်နိုင်တာတွေကို လုပ်မယ်။
  • 1:26 - 1:31
    သင့်တင့်တာစားမယ်၊ လေ့ကျင့်ခန်းနေ့တိုင်း
    လုပ်မယ်၊ စိတ်ကို တက်ကြွအောင်ထားမယ်။
  • 1:31 - 1:34
    လုပ်သင့်တယ်လို့ သုသေသနတွေက ပြောတယ်လေ။
  • 1:34 - 1:38
    ဒါပေမဲ့ ရာနှုန်းပြည့်တော့ ဘာကမှ
    မတားနိုင်ဘူးလို့ သုသေသနတွေကပြောတယ်၊
  • 1:38 - 1:42
    မကောင်းဆိုးဝါက သင့်ကိုလိုချင်ရင်
    သူကသင့်ဆီ လာမှာပါပဲ။
  • 1:42 - 1:44
    ကျွန်မအဖေ အဖြစ်က အဲလိုပါ။
  • 1:44 - 1:50
    အဖေက ၂ ဘာသာတတ် တက္ကသိလ်ဆရာ
    ဝါသနာက စစ်တုရင်၊ ဖဲနဲ့ဆောင်းပါးရေးတာ
  • 1:50 - 1:54
    (ရယ်သံများ)
  • 1:54 - 1:56
    ဘာဖြစ်ဖြစ် စိတ်ဖေါက်ပြန်တာတော့ ဖြစ်မှာပဲ။
  • 1:56 - 1:59
    မကောင်းဆိုးဝါက သင့်ကိုလိုချင်ရင်
    သူကသင့်ဆီ လာမှာပါပဲ။
  • 1:59 - 2:04
    အထူးသဖြင့် ကျွန်မဆိုရင်ပေါ့၊ အယ်လ်ဇိုင်းမားက
    မျိုးရိုးလိုက်တာကိုး။
  • 2:04 - 2:08
    ဒီတော့ အယ်လ်ဇိုင်းမားရဖို့ ကျွန်မပြင်ဆင်
    နေပါတယ်။
  • 2:08 - 2:10
    အဖေ့ကိုစောင် ရှောက်ရင်း
    သိရတာကို အခြေခံပြီး
  • 2:10 - 2:15
    စိတ်ဖောက်ပြန်တာနဲ့နေတာ လေ့လာ
    ပြင်ဆင်ရာမှာ အာရုံထားတာ ၃ ခုရှိတယ်
  • 2:15 - 2:21
    အပျော်လုပ်တာတွေကို ပြောင်းနေတယ်၊
    ကိုယ်အင်အား တည်ဆောက်ဖို့လုပ်တယ်၊
  • 2:21 - 2:28
    ပြီး ဒါက ခက်တဲ့ဟာပါ၊ ပိုကောင်းတဲ့သူ
    ဖြစ်လာဖို့ကြိုးစားနေတယ်။
  • 2:28 - 2:34
    ဝါသနာတွေနဲ့စကြစို့ စိတ်ဖောက်ပြန်တော့
    ကိုယ့်ဘာသာပျော်ဖို့ ခက်လာတယ်။
  • 2:34 - 2:38
    မိတ်ဟောင်းတွေနဲ့ ကြာကြာထိုင်ပြီး စကား
    မပြောနိုင်ဘူး၊ သူတို့ဘယ်သူဆိုတာမှ မသိတာ၊
  • 2:38 - 2:42
    တီဗွီကြည့်ဖို့က စိတ်ရှုပ်စရာ၊
    မကြာခဏတော့ ကြောက်စရာပါ။
  • 2:42 - 2:45
    စာဖတ်ဖို့ ဆိုတာကလည်း
    မဖြစ်နိုင်လောက်တာမျိုးလေ။
  • 2:45 - 2:48
    စိတ်ဖောက်ပြန်သူကို စောင့်ရှောက်တဲ့အခါ
    အလေ့အကျင့်ရပါတယ်။
  • 2:48 - 2:54
    ရင်းနှီးပြီးသား ပြောင်းရလွယ်တဲ့
    လုပ်ဆောင်မှုတွေမှာ ပါဝင်ဖို့ကျင့်ပေးတယ်၊
  • 2:54 - 2:58
    အဖေနဲ့က သူ့ကို ပုံစံတွေဖြည့်
    ခိုင်းတာဖြစ်သွားတယ်။
  • 2:58 - 3:04
    သူက အစိုးရကျောင်းက ဆရာဖြစ်တော့
    စာရွက်စာတမ်းတွေက ဘာဆိုတာ သိတယ်။
  • 3:04 - 3:08
    လိုင်းတိုင်းမှာ သူလက်မှတ်ထိုးမယ်၊
    ဘူးအားလုံကို စစ်မယ်၊
  • 3:08 - 3:11
    နံပါတ်ရှိသင့်တယ်လို့ သူထင်တဲ့
    နေရာမှာ နံပါတ်တပ်မယ်
  • 3:11 - 3:15
    ဒါပေမဲ့ တွေးမိသွားတာက ကျွန်မကို စောင့်
    ရှောက်ပေးသူက ဘာလုပ်လိမ့်မလဲပေါ့။
  • 3:15 - 3:20
    အဖေ့သမီးပဲလေ၊ စာဖတ်၊ စာရေး၊ ကမ္ဘာ့
    ကျန်းမာရေး အကြောင်း အများကြီးတွေးတယ်
  • 3:20 - 3:25
    ဘေးဘက်မှာ လျှောက်ခြစ်လို့ရအောင်
    ပညာရေး စာစောင်တွေပေးမှာလား။
  • 3:25 - 3:28
    အရောင်ခြယ်လို့ရအောင် ဇယားတွေ၊ ဂရပ်တွေ
    ပေးကြမှာလား။
  • 3:28 - 3:32
    ဒီတော့ အသုံးတည့်မယ့်ဟာတွေ
    ကြိုးစားလေ့လာနေပါတယ်။
  • 3:32 - 3:37
    ကျွန်မက ပုံဆွဲတာကို အမြဲကြိုက်တယ်၊
    ပုံဆွဲ ညံ့တာတောင် ဆွဲနေတာလေ။
  • 3:37 - 3:43
    အိုရီဂါမီ အခြေခံလေ့လာနေတယ်၊
    တကယ့် ကောင်းတဲ့ဘူး လုပ်တတ်တာပေါ့။
  • 3:43 - 3:45
    (ရယ်သံများ)
  • 3:45 - 3:52
    ပြီး သိုးမွှေးထိုး ကိုယ့်ဘာသာသင်တယ်၊
    လက်ရှိတော့ အစက်ထိုးတတ်တယ်။
  • 3:52 - 3:57
    ဒီမှာ တော်တာ၊ မတော်တာ အရေးမပါဘူး။
    အရေးပါတာက လက်တွေ လုပ်တတ်ဖို့လေ။
  • 3:57 - 4:00
    အကျွမ်းဝင်တာတွေ ပိုလာလေ လက်တွေက
    ပိုလုပ်တတ်လေဖြစ်တာကိုး။
  • 4:00 - 4:05
    ကိုယ်ပျော်ရွှင်ပြီး၊ လုပ်ရတာနဲ့ ရှုပ်တာတွေ
    ပိုများလေ ဦးနှောက်က မဖြစ်တော့ဘူးလေ။
  • 4:05 - 4:10
    လှုပ်ရှားမှုတွေနဲ့ ရှုပ်နေသူတွေဟာ ပိုပြီး
    ပျော်ကြ၊ သူတို့ကို စောင့်ရှောက်သူတွေအတွက်
  • 4:10 - 4:15
    ပိုလွယ်စေပြီး ရောဂါတိုးတာတောင်
    နှေးစေတယ် ဆိုကြတယ်။
  • 4:15 - 4:17
    ဒါအားလုံးက ကျွန်မအတွက် နိုင်မယ့်ပုံပါ။
  • 4:17 - 4:20
    တတ်နိုင်သလောက်၊ ကြာနိုင်သလောက်
    ပျော်ချင်ပါတယ်။
  • 4:20 - 4:25
    အတော်များများက အယ်ဇိုင်းမားမှာ
    ရုပ်ပိုင်းလက္ခဏာ၊ သိမှတ်မှုလက္ခဏာတွေ
  • 4:25 - 4:29
    ရှိနေတာ မသိကြဘူး။ ဟန်ချက်အာရုံ
    မထိန်းနိုင်ဖြစ်သွားတယ်။
  • 4:29 - 4:35
    ကြွက်သားက တုန်ယင်လာပြီး လူတွေကို
    ရွေ့ရှားမှု နည်း နည်း လာစေတယ်။
  • 4:35 - 4:37
    လမ်းလျှောက်ဖို့ ကြောက်လာတယ်။
    လှုပ်ဖို့ ကြောက်လာတယ်။
  • 4:37 - 4:41
    ဒီတော့ ဟန်ချက်အာရုံကို တည်ဆောက်မယ့်
    လှုပ်ရှားမှုတွေ လုပ်နေပါတယ်။
  • 4:41 - 4:45
    ဟန်ချက်ပိုကောင်းဖို့ ယောဂနဲ့ ထိုက်ချိကို
    လုပ်နေတယ်။ ဟန်ချင်စပျက်တဲ့ အခါ
  • 4:45 - 4:47
    ရွေ့ရှားနိုင်အောင်ပေါ့။
  • 4:47 - 4:51
    ဝိတ်သယ်တဲ့ လေ့ကျင့်ခန်းလုပ်တယ်၊
    ကြွက်သားသန်မာအောင်ပေါ့၊
  • 4:51 - 4:55
    စပြီးချည့်လာတဲ့အခါ လှုပ်ရှားနိုင်သေးတဲ့
    အချိန်ပိုရအောင်ပေါ့။
  • 4:55 - 5:01
    နောက်ဆုံး တတိယက ပိုကောင်းတဲ့သူ
    ဖြစ်လာဖို့ ကြိုးစားနေတာပါ။
  • 5:01 - 5:06
    အဖေ အယ်လ်ဇိုင်းမား မဖြစ်ခင်က
    ကြင်နာတယ်၊ အခုလည်း ကြင်နာတယ်
  • 5:06 - 5:11
    သူ့ရဲ့ ဉာဏ်စွမ်း၊ ဟာသဓာတ်၊ ဘာသာစကား
    စွမ်းရည် ဆုံးရှုံးတာတွေ့ရပေမဲ့
  • 5:11 - 5:15
    ဒါကိုလည်းတွေ့ရတယ်၊ သူကျွန်မကို
    ချစ်တယ်၊ ကျွန်မရဲ့သားတွေကို ချစ်တယ်။
  • 5:15 - 5:19
    ကျွန်မရဲ့ အကို၊ အမေနဲ့ သူ့ကို
    ပြုစုသူတွေကို ချစ်တယ်။
  • 5:19 - 5:23
    ဒါနဲ့ ချစ်ခြင်းက ကျွန်မတို့ကို သူ့အနား
    ရှိအောင်လုပ်ပေးတယ်၊ အခုတောင်မှပဲ၊
  • 5:23 - 5:25
    အရမ်းခက်တဲ့ အချိန်မှာတောင်မှ၊
  • 5:25 - 5:28
    ဒီကမ္ဘာထဲ သူလေ့လာထားသမျှကို
    ဖယ်ထုတ်လိုက်ပေမဲ့
  • 5:28 - 5:30
    ဝတ်လစ်စလစ် သူ့နှလုံးသား
    ဆက်တောက်ပ နေဦးမှာပါ။
  • 5:30 - 5:34
    အဖေ့လောက် ကျွန်မ မကြင်နာဖူးဘူး
    ချစ်ခင်စရာ မကောင်းခဲ့ဖူးပါဘူး။
  • 5:34 - 5:37
    အခုလိုအပ်တာက ဒီလိုဖြစ်အောင်
    သင်ယူဖို့ပါ။
  • 5:37 - 5:43
    စိတ်ဖောက်ပြန်မှုက အကုန်ခွာချရင်
    ရှင်ကျန်မယ့် ဖြူစင်တဲ့ နှလုံးသား လိုပါတယ်၊
  • 5:43 - 5:45
    အယ်လ်ဇိုင်းမားရောဂါ မရချင်ပါဘူး။
  • 5:45 - 5:49
    လိုချင်တာက နောင်နှစ် ၂၀ အတွင်း
    ကျွန်မကိုအချိန်မီ ကာကွယ်ဖို့ ကုသမှုပါ၊
  • 5:49 - 5:53
    ဒါပေမဲ့ ကျွန်မအတွက် လာရင်တော့
    အဆင်သင့် ဖြစ်တော့မှာပါရှင်။
  • 5:53 - 5:54
    ကျေးဇူးတင်ပါတယ်။
  • 5:54 - 6:03
    (လက်ခုပ်သံများ)
Title:
အယ်လ်ဇိုင်းမားရောဂါ ရရှိဖို့အတွက် ပြင်ဆင်နေပုံ
Speaker:
Alanna Shaikh
Description:

မိဘတစ်ဦး အယ်လ်ဇိုင်းမား ရောဂါခံစားရတာနဲ့ ရင်ဆိုင်လိုက်ရချိန်မှာ ကျွန်တော်တို့ အများစုဟာ "ငါတော့ ဖြစ်လာမှာမဟုတ်ပါဘူး" ဆိုတဲ့ ငြင်းဆိုချက် ဒါမှမဟုတ်လည်း ကာကွယ်ရာမှာ အလွန်အမင်း အားထုတ်မှုတွေနဲ့ တုံ့ပြန်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပညာရှင် နဲ့ TED ဝိုင်းတော်သား Alanna Shaikh ဒီအခိုက်အတန့်အတွက် ကာကွယ်တားဆီးဖို့ကို တိကျတဲ့ အဆင့်၃ဆင့်နဲ့ ဆောင်ရွက်နေပါတယ်။ သူမကိုယ်တိုင် အယ်လ်ဇိုင်းမား ရလာချိန်မယ့် အချိန်အတွက်ပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:26

Burmese subtitles

Revisions Compare revisions