Return to Video

"အာဏာ"အကြောင်း ဘယ်လိုနားလည်နိုင်မလဲ။

  • 0:11 - 0:13
    သင့်ဘဝရဲ့နေ့တိုင်း
  • 0:13 - 0:15
    သူတပါးရဲ့ အာဏာစနစ်အောက်မှာ
    လှုပ်ရှားနေရတယ်ဆိုတာ
  • 0:15 - 0:17
    သတိပြုမိပါသလား။
  • 0:17 - 0:19
    "အာဏာ" ဆိုတာ သင် နားလည်ပါသလား။
  • 0:19 - 0:21
    ဘာလို့ အရေးကြီးတာလဲဆိုတာ သင်သိပါသလား။
  • 0:21 - 0:24
    လူ့အသိုင်းအဝိုင်းမှာ နေထိုင်ကြတဲ့
    နိုင်ငံသားတွေအနေနဲ့တော့
  • 0:24 - 0:29
    အာဏာဆိုတာ ဆွေးနွေးလို့မကောင်းတဲ့
    ခေါင်းစဉ်တစ်ခုပါ။
  • 0:29 - 0:34
    ဒီမိုကရေစီစနစ်မှာ အာဏာက
    ပြည်သူလက်ထဲမှာပဲ ရှိရမယ်။ ဒါပဲ။
  • 0:34 - 0:37
    ဒါကို ဘယ်သူ့မှာ အာဏာရှိသင့်တယ် စတာတွေ
    ဆက်ပြောနေမယ် ဆိုရင်တော့
  • 0:37 - 0:41
    မကောင်းတဲ့အရာ အကြောင်း
    ပြောနေရသလိုပဲ။
  • 0:41 - 0:45
    ဒါပေမဲ့ အာဏာက မီး (သို့) ရူပဗေဒ
    တို့လိုပဲ ကောင်းသည် ဆိုးသည်မပြောနိုင်ဘူး။
  • 0:45 - 0:47
    သူ့ဟာ နဲ့သူပဲလေ။
  • 0:47 - 0:50
    အစိုးရတစ်ခုက ဘယ်လိုပုံစံ အလုပ်လုပ်လဲ
    ထိန်းချုပ်ထားပြီး၊
  • 0:50 - 0:53
    စည်းမျည်းတွေ ဘယ်သူကချမှတ်မလဲ
    ဆုံးဖြတ်ပေးတယ်။
  • 0:53 - 0:57
    ဒီတော့ အာဏာက ဘယ်လိုပုံစံအလုပ်လုပ်လဲ
    နားလည်ခြင်းကသာ
  • 0:57 - 1:01
    ထိရောက်မှုရှိပြီး၊လေးစားခြင်းခံရကာ၊
    အခွင့်ကောင်းယူခြင်းလည်း မခံရမှာ ဖြစ်တယ်။
  • 1:01 - 1:04
    ဒီသင်ခန်းစာမှာ အာဏာဘယ်ကလာသလဲ၊
  • 1:04 - 1:10
    ဘယ်လိုကျင့်သုံးမလဲနဲ့၊ ပြည်သူတစ်ယောက်အနေနဲ့
    အာဏာပိုရှိလာအောင် ဘယ်လိုလုပ်မလဲ လေ့လာပါမယ်။
  • 1:10 - 1:12
    အခြေခံအဓိပ္ပါယ် ဖွင့်ဆိုချက်ကနေ
    စကြပါစို့။
  • 1:12 - 1:16
    မိမိလုပ်စေချင်တာ သူတစ်ပါးလုပ်လာအောင်
    လုပ်နိုင်စွမ်းကို အာဏာလို့ခေါ်တယ်။
  • 1:16 - 1:18
    ဒီအချက်က ဘဝသက်တမ်းတစ်လျှောက်
  • 1:18 - 1:24
    မိသားစု ၊အလုပ်ခွင်နှင့် ဆက်ဆံရေးများအထိ
    ဒီပုံစံအတိုင်းပဲ။
  • 1:24 - 1:27
    ပြည်သူလူထုအပေါ်
    အဓိကဦးတည်ပြီး၊
  • 1:27 - 1:29
    ကိုယ့်ရဲ့ရွေးချယ်မှုနဲ့
    လုပ်စေချင်တဲ့အရာကို
  • 1:29 - 1:33
    လူ့အသိုင်းအဝိုင်းမှ
    ဆောင်ရွက်စေမှာဖြစ်တယ်။
  • 1:33 - 1:35
    အာဏာဖြစ်ပေါ်စေနိုင်တဲ့
    အဓိကရင်းမြစ် (၆)ခုရှိတယ်။
  • 1:35 - 1:39
    ပထမတစ်ခုက ရုပ်ပိုင်းဆိုင်ရာဖိအားပေးမှု
    နှင့် အကြမ်းဖက်နိုင်စွမ်းတို့ဖြစ်ပြီး၊
  • 1:39 - 1:42
    အင်အားသုံးထိန်းချုပ်ခြင်းဖြစ်ကာ၊
    ရဲတပ်ဖွဲ့သို့မဟုတ် စစ်အင်အားက
  • 1:42 - 1:45
    အာဏာရဲ့ အဓိက မူလရင်းမြစ်ဖြစ်တယ်။
  • 1:45 - 1:48
    ဒုတိယ အဓိကရင်းမြစ်ကတော့
    ချမ်းသာကြွယ်ဝခြင်းဖြစ်တယ်။
  • 1:48 - 1:54
    ငွေကြေးက အာဏာအမျိုးအစား အားလုံးနီးပါး နဲ့
    ရလဒ်တွေကို ဝယ်နိုင်စွမ်းရှိစေတယ်။
  • 1:54 - 1:58
    တတိယ အာဏာအမျိုးအစားကတော့
    အစိုးရမှ အရေးယူဆောင်ရွက်ခြင်းဖြစ်တယ်။
  • 1:58 - 2:01
    ဥပဒေနှင့် ဗျူရိုကရေစီသုံးပြီး
    ကိစ္စအချို့ကို
  • 2:01 - 2:04
    အတင်းအကျပ် လုပ်စေခြင်း(သို့၊
    မလုပ်စေခြင်း တို့ဖြစ်တယ်။
  • 2:04 - 2:08
    ဥပမာ ဒီမိုကရေစီစနစ်မှာ
    လူထုက ရွေးကောက်ပြီး
  • 2:08 - 2:11
    အစိုးရကို အာဏာပေးတယ်။
  • 2:11 - 2:15
    အာဏာရှင်စနစ်မှာတော့ အစိုးရက
    အုပ်ချုပ်ခံများရဲ့ သဘောတူညီချက်မပါဝင်ပဲ
  • 2:15 - 2:17
    ခြိမ်းခြောက်ဖိအားပေးကာ အာဏာရယူပါတယ်။
  • 2:17 - 2:22
    စတုတ္ထ အမျိုးအစားက အခြားသူ၏ထင်မြင်ချက်များ
    ပါဝင်တဲ့ လူမှုသတ်မှတ်ချက်များ ဖြစ်တယ်။
  • 2:22 - 2:25
    သတ်မှတ်ချက်တွေက အစိုးရနဲ့မဆိုင်ဘဲ
  • 2:25 - 2:28
    လူအချင်းချင်းမှလာတဲ့
    ပျော့ပျောင်းတဲ့ ပုံစံဖြစ်တယ်။
  • 2:28 - 2:32
    သူတို့က လူအချို့ရဲ့အပြုအမူနဲ့ ဥပဒေများအထိ
    ပြောင်းလဲပစ်စေနိုင်တယ်။
  • 2:32 - 2:36
    ယနေ့ ထိမ်းမြားခြင်း သတ်မှတ်ချက်များ
    ဘယ်လိုဖြစ်ပေါ်လာလဲ တွေးကြည့်ပါ။
  • 2:36 - 2:39
    ပဉ္စမတစ်ခုကတော့
    စိတ်ကူးအကြံအစည်များ ဖြစ်တယ်။
  • 2:39 - 2:43
    စိတ်ကူးတစ်ခု၊ တစ်ဦးချင်းလွတ်လပ်ခွင့်
    (သို့)လူမျိုးရေးတန်းတူညီမျှမှုတွေက
  • 2:43 - 2:45
    လူများရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်ကို
    ပြောင်းစေနိုင်မဲ့
  • 2:45 - 2:50
    လှုံ့ဆော်မှုပေးနိုင်ရင် အကန့်အသတ်မဲ့
    အာဏာကို ဖြစ်စေတယ်။
  • 2:50 - 2:54
    ဆဌမ အာဏာအရင်းအမြစ်က ကိန်းဂဏန်းများဖြစ်ပြီး
    လူအများကြီးကို ဆိုလိုတယ်။
  • 2:54 - 2:57
    လူအများက တူညီတဲ့
    စိတ်အားထက်သန်မှုများကို
  • 2:57 - 2:59
    ပူးပေါင်းပြီး၊ လူထုအသံ ထုတ်ဖော်ခြင်းဖြင့်
  • 2:59 - 3:01
    တရားဝင်အာဏာကို ဖန်တီးနိုင်တယ်။
  • 3:01 - 3:04
    အာရပ်နွေဦး (သို့) လက်ဖက်ရည်ပါတီများ
    ဖြစ်ပေါ်လာပုံကို တွေးကြည့်ပါ။
  • 3:04 - 3:06
    လူစုလူဝေးက တကယ့်ကို
    အရေးပါတယ်။
  • 3:06 - 3:10
    ဒါတွေကတော့ အာဏာဆိုတာဘာလဲ နဲ့
    ၎င်းရဲ့ ရင်းမြစ်(၆)ခု ပဲဖြစ်တယ်။
  • 3:10 - 3:14
    အခု အာဏာက ဘယ်လိုအလုပ်လုပ်သလဲ
    စဉ်းစားကြည့်ရအောင်။
  • 3:14 - 3:18
    လေ့လာကြည့်သင့်တဲ့ အာဏာရဲ့
    ဥပဒေသ (၃)ခုရှိတယ်။
  • 3:18 - 3:21
    ဥပဒေသနံပါတ်(၁)
    အာဏာက ဘယ်တော့မှ တည်ငြိမ်ခြင်းမရှိဘူး။
  • 3:21 - 3:25
    သူက ကြီးထွားလာမယ်
    (သို့) ပျက်သုဉ်းသွားမဲ့အရာဖြစ်တယ်။
  • 3:25 - 3:30
    ဒါကြောင့် သူ့ကို မထိန်းချုပ်လျှင်
    သူက ပြန်ထိန်းချုပ်သွားမှာဖြစ်တယ်။
  • 3:30 - 3:34
    ဥပဒေသ နံပါတ်(၂)
    အာဏာက ရေကဲ့သို့ ဖြစ်တယ်။
  • 3:34 - 3:37
    ရေစီးကြောင်းလိုမျိုး
    နေ့စဉ်အသက်တာမှာ စီးဆင်းနေတယ်။
  • 3:37 - 3:41
    နိုင်ငံရေးက ဒီရေစီးကြောင်းကို လိုချင်တဲ့
    လမ်းကြောင်းအတိုင်း စီးစေခြင်းဖြစ်တယ်။
  • 3:41 - 3:46
    မူဝါဒချမှတ်ခြင်းက အာဏာလမ်းကြောင်း
    တည်စေဖို့ ကန့်သတ်ထိန်းချုပ်ခြင်းဖြစ်တယ်။
  • 3:46 - 3:49
    မူဝါဒက ထိန်းချုပ်ထားတဲ့ အာဏာဖြစ်တယ်။
  • 3:49 - 3:52
    ဥပဒေသနံပါတ် (၃)
    အာဏာက တစ်ပေါင်းတစ်စည်းထဲ ဖြစ်တယ်။
  • 3:52 - 3:56
    အာဏာကြောင့် အာဏာပိုရှိစေပြီး၊
    အာဏာမရှိသူကလည်း ပိုအားနည်းစေမှာဖြစ်တယ်။
  • 3:56 - 3:59
    ဥပဒေသနံပါတ် (၁)နဲ့(၂)ကို
    ကောင်းစွာအသုံးပြုပြီး
  • 3:59 - 4:02
    တစ်ဦးတည်းက အာဏာတည်စေတဲ့
  • 4:02 - 4:09
    ဥပဒေသ နံပါတ်(၃) အခြေအနေကို
    ရောက်ရှိစေမှာဖြစ်တယ်။
  • 4:09 - 4:14
    လူအနည်းစုမှာသာ အာဏာကြီးထွားတဲ့
    အခြေအနေ မရောက်အောင်နဲ့
  • 4:14 - 4:18
    အခွင့်ထူးခံမူဝါဒ မရှိရအောင်
    ဘာစည်းမျဉ်းတွေ ချမှတ်ကြမလဲ။
  • 4:18 - 4:20
    ဒါက ဒီမိုကရေစီဖြစ်မလား
    ဆိုတဲ့ မေးခွန်းလိုပါပဲ။
  • 4:20 - 4:25
    သတင်းတွေမှာ ဒီဥပဒေ ဖြစ်နေပုံကိုတော့
    တွေ့နေရမှာပါ။
  • 4:25 - 4:28
    လုပ်ခနည်းဝန်ထမ်းတွေ
    လစာတိုးမြှင့်ဖို့ စုစည်းကြတာ၊
  • 4:28 - 4:31
    ရေနံကုမ္ပဏီများ ပိုက်လိုင်းကြီးတွေရဖို့
    ဖိအားပေးကြတာ
  • 4:31 - 4:34
    လိင်တူချစ်သူစုံတွဲများ တရားဝင်
    လက်ထပ်နိုင်ဖို့ ကြိုးပမ်းကြတာ၊
  • 4:34 - 4:37
    မြို့နေမိဘများ အစိုးရမှ ကျောင်းဘောင်ချာ
    ထုတ်ပေးဖို့ တောင်းဆိုတာ
  • 4:37 - 4:39
    ဒါတွေကို ထောက်ခံချင်
    ခံမယ် မခံချင်လည်း မခံပါဘူး။
  • 4:39 - 4:44
    လိုချင်တဲ့အရာရဖို့ ၎င်းကို ကျွမ်းကျင်စွာ
    ကိုင်တွယ်နိုင်စွမ်း ပေါ်မူတည်ပြီး
  • 4:44 - 4:49
    လူထုအာဏာပိုရှိလာအောင်
    ဘာလုပ်နိုင်မလဲ သိစေနိုင်တယ်။
  • 4:49 - 4:52
    ဒီမှာ စာတတ်မြောက်မှုကို
    ထည့်သွင်းစဉ်းစားဖို့ လိုပြီ။
  • 4:52 - 4:56
    စိန်ခေါ်မှုတစ်ခုက အာဏာအကြောင်းဖတ်ထားပြီး
    ပညာသားပါပါရေးတတ်ဖို့လိုတယ်။
  • 4:56 - 5:01
    အာဏာအကြောင်းဖတ်ထားဖို့က
    စာအုပ်တွေကိုပဲ ဆိုလိုတာမဟုတ်ဘူး
  • 5:01 - 5:03
    ပတ်ဝန်းကျင်က အာဏာပုံစံများကို
    အာရုံစိုက်ကြည့်တာ၊
  • 5:03 - 5:06
    လူတွေဘာလိုချင်သလဲ
    လေ့လာထားခြင်းတို့ကို ပြောခြင်းဖြစ်တယ်။
  • 5:06 - 5:09
    ကျောင်း၊ မြို့ (သို့) နိုင်ငံမှာ
    ဖြစ်နေတဲ့ မကြိုက်တဲ့အချက်ရှိလား။
  • 5:09 - 5:14
    အာဏာကို ဘယ်သူက ဘယ်ပုံစံနဲ့
    ပြုလုပ်နေလဲ ရှာကြည့်ပါ။
  • 5:14 - 5:16
    ဘာလို့ဒီပုံစံဖြစ်နေလဲ။
  • 5:16 - 5:19
    ဘယ်သူကဒီလိုလုပ်ထားလဲ နဲ့
    ဘယ်သူက ဒီပုံစံဖြစ်ချင်တာလဲ နားလည်ပါ။
  • 5:19 - 5:24
    ထိုအခြေအနေများတွင်အခြားသူများသုံးတဲ့
    ဗျူဟာများက
  • 5:24 - 5:28
    တိုက်ရိုက်လား။
    သွယ်ဝိုက် တိုက်ခိုက်ခြင်းလား။
  • 5:28 - 5:32
    ညွှန့်ပေါင်း (သို့) သြဇာအခွင့်အာဏာ လား။
    စသည်ဖြင့် လေ့လာပါ။
  • 5:32 - 5:35
    ပညာသားပါပါရေးနိုင်ဖို့အတွက်
    လေ့လာပါ။
  • 5:35 - 5:39
    အာဏာကိုပြောင်းလဲသွားအောင်
    ရေးသားတဲ့ သူဖြစ်နိုင်ဖို့
  • 5:39 - 5:41
    သင့်မှာ ရေးပိုင်ခွင့် ရှိကြောင်း
  • 5:41 - 5:42
    ဦးဆုံးယုံကြည်ဖို့လိုမယ်။
  • 5:42 - 5:45
    တစ်ခြားရေးသားနည်းတွေလိုပဲ မိမိကိုယ်ကို
    ဖော်ပြတတ်ဖို့လိုမယ်။
  • 5:45 - 5:47
    မှန်ကန်စွာ ထုတ်ဖော်ပြောဆိုပါ။
  • 5:47 - 5:51
    မိမိနဲ့ အခြားသူတွေရဲ့ အကြံဉာဏ်များကို
    စုစည်းပါ။
  • 5:51 - 5:53
    သဘောတူညီမှု
    ရယူတည်ဆောက်နိုင်ရန်
  • 5:53 - 5:55
    နှင့် ပဋိပက္ခများကို လေ့ကျင့်ပါ။
  • 5:55 - 5:57
    စာရေးသလိုပဲ လေ့ကျင့်တာကလည်း
    အရေးကြီးတယ်။
  • 5:57 - 6:01
    နေ့တိုင်း အနီးအနား မှာ လေ့ကျင့်ဖို့
    အခွင့်အလမ်းတွေရှိတယ်။
  • 6:01 - 6:03
    ရည်ရွယ်ချက်တွေ တဆင့်ချင်း တိုးချသွားပါ။
  • 6:03 - 6:06
    ဘယ်ပုံစံက အလုပ်ဖြစ်မလဲ
    စောင့်ကြည့်ပါ။
  • 6:06 - 6:08
    အသားကျအောင်လုပ်ပါ
    ထပ်ခါတလဲလဲ လေ့ကျင့်ပါ။
  • 6:08 - 6:12
    ဒါက နိုင်ငံသားတွေလုပ်ရမယ့်အရာ
    ဖြစ်ပါတယ်။
  • 6:12 - 6:15
    ဒီသင်ခန်းစာလေးမှာတော့ ပြည်သူ့အာဏာ
    ဘယ်ကလာသလဲ
  • 6:15 - 6:19
    သူက ဘယ်လိုပုံစံ အလုပ်လုပ်သလဲ၊ သူ့ကို
    အသုံးပြုနိုင်ဖို့ဘာတွေလုပ်မလဲ လေ့လာကြတယ်။
  • 6:19 - 6:23
    ကျန်နေသေးတဲ့ အရေးကြီးမေးခွန်းတစ်ခုက
    ဘာလို့ အာဏာရအောင် လုပ်မှာလဲ။
  • 6:23 - 6:28
    လူတိုင်းအကျိုး အတွက်လား၊
    ဒါမှမဟုတ် သင်တစ်ဦးတစ်ယောက်ထဲ အတွက်လား။
  • 6:28 - 6:31
    သင့်ရဲ့ရည်ရွယ်ချက်က လူမှုရေး
    လိုက်စားဖို့လား၊ ဆန့်ကျင်ဖို့လား။
  • 6:31 - 6:33
    ဒီမေးခွန်းက နည်းဗျူဟာ နဲ့
    ပတ်သက်တာ မဟုတ်ဘဲ
  • 6:33 - 6:37
    အကျင့်စရိုက်နဲ့ပတ်သက်တဲ့ကိစ္စပါ။
    နောက်သင်ခန်းစာတစ်ခုမှာ ပြောပြမှာပါ။
  • 6:37 - 6:39
    ဒါပေမဲ့ တစ်ခုသိထားပါ။
  • 6:39 - 6:42
    အာဏာနဲ့ အကျင့်စရိုက် ပေါင်းရင်
    နိုင်ငံသားကောင်းတစ်ယောက်ဖြစ်လာပြီး၊
  • 6:42 - 6:45
    ဒီလိုဖြစ်ဖို့ သင့်မှာ
    အာဏာအပြည့် ရှိပါတယ်။
Title:
"အာဏာ"အကြောင်း ဘယ်လိုနားလည်နိုင်မလဲ။
Speaker:
Eric Liu
Description:

ကျွန်တော်တို့ဟာ နေ့တိုင်း အခြားသူတွေတည်ဆောက်ထားတဲ့ အာဏာစနစ်အောက်မှာ လှုပ်ရှား၊ အလုပ်လုပ် နေကြတယ်။ ဒါပေမဲ့ အာဏာအကြောင်းပြောဖို့ ကျွန်တော်တို့ ကသိကအောက်ဖြစ်ကြတယ်။ ဒါက ဘာကြောင့်လဲ။ Eric Liu က အာဏာအရင်းအမြစ်ခြောက်ခု အကြောင်း ပြောပြပြီး၊ ၎င်းတို့ကို နားလည်ခြင်းက နိုင်ငံသားကောင်းဖြစ်ဖို့ အဓိကသော့ချက်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
07:02

Burmese subtitles

Revisions