အကျိုး၊အမြတ်သည် အမြဲတမ်း အဓိကမဟုတ်ပါ။
-
0:00 - 0:04အရင်းရှင်ဝါဒရဲ့ ပုံစံတစ်ခုလုံး
-
0:04 - 0:06နှင့် ကျွန်တော် နှင့် ခင်ဗျားတို့အားလုံး
လုပ်ကိုင်လာခဲ့ရကာ -
0:06 - 0:08လက်တွေ့မှာတော့ အခုဆက်ပြီး
လုပ်ကိုင်နေရဆဲ ဖြစ်တဲ့ -
0:08 - 0:10စီးပွားရေးပုံစံကို ဆောက်လုပ်ထားတာက
-
0:10 - 0:13မီလ်တန် ဖရီးဒ်မန်က တိုတိုကလေးနှင့် ရှင်းပြခဲ့တဲ့
-
0:13 - 0:15အချက်ကို ဗဟိုပြုထားပါတယ်။
-
0:15 - 0:18ပြီးတော့ မျက်မှောက်ခေတ်
စီးပွားရေးပညာရဲ့ ဗိသုကာဖြစ်သူ -
0:18 - 0:20အဒမ် စမီးတ် လွန်ခဲ့တဲ့
နှစ်ပေါင်းများစွာတုန်းက မိန့်ကြားခဲ့သလို -
0:20 - 0:21မမြင်ရသည့်လက်က
-
0:21 - 0:23တနည်း၊ "အကယ်၍ သင်သည် သင့်ကိုယ်ပိုင်
အကျိုးစီးပွားများနှင့်အညီ -
0:23 - 0:25ဆက်ပြီး လုပ်ကိုင်သွားမယ်ဆိုလျှင်
-
0:25 - 0:28သင်ဟာ လူ့အဖွဲ့အစည်းကို အကောင်းမွန်ဆုံး
လုပ်ကျွေးမှုပဲ ဖြစ်မယ်။"တဲ့ -
0:28 - 0:33တကယ်တော့ အရင်းရှင်စနစ်ဟာ
ကောင်းတဲ့ အရာတွေ လုပ်ပေးခဲ့တာ အများကြီးပါ။ -
0:33 - 0:35ပြီးတော့ ဖြစ်ပျက်ခဲ့ကြတဲ့ ကောင်းတဲ့ အရာတွေ အကြောင်း
တော်တော်များများကို ကျွန်တော်ပြောပြီးခဲ့ပါပြီ။ -
0:35 - 0:39ဒါမေပဲ့ အဲဒီတချိန်တည်းမှာပဲ
-
0:39 - 0:41လူ့အဖွဲ့အစည်းထဲမှာ ကျွန်တော်တို့ မြင်နေကြရတဲ့
စိန်ခေါ်မှု တချို့ကိုတော့ -
0:41 - 0:42ဒါက ဖြေရှင်း မပေးနိုင်ခဲ့ပါဘူး။
-
0:42 - 0:45အနည်းဆုံးအားဖြင့် ကျွန်တော်ကိုယ်တိုင်ရော
-
0:45 - 0:47ခင်ဗျားတို့ပါ လုပ်ကိုင်
ကြီးပြင်းလာခဲ့ကြရတဲ့ အဲဒီပုံစံကို -
0:47 - 0:49ကျွန်တော်က ကြီးထွားမှု G သုံးခုရဲ့ ပုံစံ ဆိုပြီး
-
0:49 - 0:51ခေါ်ဝေါ်လေ့ ရှိပါတယ်။
-
0:51 - 0:53သုံးလပတ် တစ်ခုရဲ့ နောက် သုံးလပတ် စသဖြင့်၊
-
0:53 - 0:54ပုံမှန် ရှိနေတဲ့ ကြီးထွားမှု၊
-
0:54 - 0:56အခြားသူတို့ထက် သာလွန်မှုရှိတဲ့
-
0:56 - 0:57ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့ ကြီးထွားမှု၊
-
0:57 - 0:59ပြီးတော့ အစုရှယ်များအတွက်
-
0:59 - 1:00တန်ဖိုးများကို တိုးတိုးပြီး ဖန်တီးယူဆောင်ပေးတဲ့
-
1:00 - 1:03အမြတ်ဆိုတဲ့ ကြီးထွားမှု တို့ပါပဲ။
-
1:03 - 1:06ဒါပေမဲ့ အဲဒါဟာ သိပ်လုံလောက်ခြင်း
မရှိတော့ဘူးလို့ကျွန်တော် စိုးမိပါတယ်။ -
1:06 - 1:08အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ အဲဒီ 3G ပုံစံဆီကနေပြီး
-
1:08 - 1:11ကျွန်တော်က စတုတ္ထ G ပါတဲ့ ပုံစံလို့
-
1:11 - 1:12ခေါ်တဲ့ဆီကို ဆက်ကြရပါမယ်။
-
1:12 - 1:16တာဝန်သိတတ်တဲ့ ကြီးထွားမှု G ဖြစ်ပါတယ်။
-
1:16 - 1:20ပြီးတော့ အဲဒီအချက်ကနေပြီးတော့မှ
-
1:20 - 1:22တန်ဖိုးကို ဖန်တီးပေးမှုရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း
-
1:22 - 1:24တစ်ရပ် ဖြစ်လာရပါမယ်။
-
1:24 - 1:26ကျွန်တော်ပြောချင်တာက စီးပွားရေး တန်ဖိုး
ဖန်တီးမှု အကြောင်းမဟုတ်ဘဲ -
1:26 - 1:29လူမှုရေး တန်ဖိုး ဖန်တီးမှုကိုပါ။
-
1:29 - 1:32ပြီးတော့ အောင်မြင်ကြမယ့် ကုမ္ပဏီများက
-
1:32 - 1:35ခုနက စတုတ္ထ G ကို လက်တွေ့တွင်
ဆုပ်ကိုင်နိုင်ကြမယ့် ကုမ္ပဏီတွေပါ။ -
1:35 - 1:38အဲဒီ 4G ပုံစံဟာ ရိုးရိုးလေးပါ။
-
1:38 - 1:42ကုမ္ပဏီများဟာ ဒီနေ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်း
ဖြစ်ပျက်နေတာတွေကို -
1:42 - 1:44ဘေးမှနေပြီး ရပ်ကြည့်နေလို့ မရနိုင်တော့ပါဘူး။
-
1:44 - 1:48၎င်းတို့ဟာ လက်တွေ့မှာတော့ ၎င်းတို့ကို
ထောက်ခံကျွေးမွေးနေတာဖြစ်တဲ့ -
1:48 - 1:50လူ့အဖွဲ့အစည်းများကို လုပ်ကျွေးရေး ဆိုတဲ့
-
1:50 - 1:52၎င်းတို့ရဲ့ အခန်းကဏ္ဍကို စပြီး
ထမ်းဆောင်ကြရပါမယ်။၊ -
1:52 - 1:54အဲဒီတော့
-
1:54 - 1:56နှစ်မျိုး ဆန်းစစ်ခံရေး ပုံစံဆီကို
-
1:56 - 1:59အမြတ်ကို ဘယ်လို ရယူခဲ့တာလဲ၊ လုပ်ကိုင်တာ
ကောင်းမွန်ခဲ့သလား ဆန်းစစ်ခံနိုင်ရမယ်။ -
1:59 - 2:01ကျွန်တော်တို့ရဲ့ စီးပွားရေး လုပ်ငန်းဟာ
-
2:01 - 2:03ကြီးမားရုံတင်မက ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ပါ
-
2:03 - 2:06ကောင်းမွန်ရေးကို ကျွန်တော်တို့ ဘယ်လို
အာမခံပေးကြမလဲ။ -
2:06 - 2:07အဲဒီလို ပုံစံကတော့
-
2:07 - 2:10ကောင်းတဲ့ အရာများကို
ကောင်းမွန်စွာ လုပ်ပေးမှုပါပဲ။ -
2:10 - 2:12ဒါပေမဲ့ အဲဒါဟာ အပြောလွယ်ပေမဲ့
လက်တွေ့လုပ်ဖို့ ခဲယဉ်းပါတယ်။ -
2:12 - 2:14ဒီတော့ အဲဒါကို လက်တွေ့မှာ ဘယ်လို လုပ်ယူကြမလဲ။
-
2:14 - 2:16ကျွန်တော် ယုံကြည်နေတဲ့ အတိုင်းဆိုရင်
အဲဒီလိုမေးခွန်းအတွက် -
2:16 - 2:19အဖြေကတော့ ဦးဆောင်မှု ဖြစ်ပါလိမ့်မယ်။
-
2:19 - 2:20ဒီဦးဆောင်မှုကနေပြီး
-
2:20 - 2:22ဒီအကြောင်း အရာတွေကို
-
2:22 - 2:23ပူးတွဲကျင့်သုံးနိုင်မှသာ လုပ်ပိုင်ခွင့် လိုင်စင်ကို
-
2:23 - 2:25ရရှိရမယ် ဆိုတဲ့ ခံယူချက်နဲ့
-
2:25 - 2:27စီးပွားရေး လုပ်ငန်း ပုံစံသစ်ကို
ပြဌာန်းပေးပါလိမ့်မယ်။ -
2:27 - 2:29အဲဒီလို ဖြစ်လာဖို့အတွက်ကို
-
2:29 - 2:32စီးပွားရေး လုပ်ငန်းများဟာ
သူတို့ ရောင်းနေကြတဲ့ -
2:32 - 2:34ထုတ်ကုန်များ နှင့် တံဆိပ်များထက်ကို ကျော်လွန်ပြီး
-
2:34 - 2:36အရေးပါတဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ကျယ်ပြန့်လှတဲ့
-
2:36 - 2:39သူတို့ရဲ့ အခန်းကဏ္ဍကို ရှာကြံပြဌာန်းကြရပါမယ်။
-
2:39 - 2:42ပြီးတော့၊ မြောက်အရပ်လို စစ်မှန်တဲ့ ဦးတည်ချက်ကို
ပြဌာန်းနိုင်ကြမယ့် ကုမ္ပဏီများဟာ -
2:42 - 2:44အခြေအနေအကြောင်အရာတွေအတွက်
ဆွေးနွေးညှိနှိုင်းစရာမလိုတော့ပဲ -
2:44 - 2:46ခေတ်ကာလ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊
အခြေအနေဆိုးလှသည့် ဖြစ်စေ၊ -
2:46 - 2:47ဒါကဘာမှ အရေးပါတော့မှာ မဟုတ်ပါ။
-
2:48 - 2:50ကျွန်တော်တို့ ကြံ့ကြံ့ခံ ရပ်တည်ကြရမယ့်
အရာများ ရှိပါတယ်။ -
2:50 - 2:54အဲဒါကြောင့်မို့လို့ အနာဂါတ် ကုမ္ပဏီများကို
-
2:54 - 2:56ဖန်တီးပေးကြမယ့် ဆော့ဝဲရဲ့ တွန်းအားဟာ
-
2:56 - 2:58တန်ဖိုးများ နှင့် ရည်မှန်းချက်တို့ပဲ
-
2:58 - 3:00ဖြစ်ကြပါလိမ့်မယ်။
-
3:00 - 3:01ဒီနေရာမှာ ကျွန်တော်ဟာ ကျွန်တော်ကိုယ်တိုင်ရဲ့
-
3:01 - 3:05အတွေ့အကြုံကို နည်းနည်းလေး ပြောချင်ပါတယ်။
-
3:05 - 3:08ကျွန်တော်ဟာ ယူနီလီဗားကို ၁၉၇၆ ခုနှစ်မှာ အလုပ်ဝင်ခဲ့ပါတယ်။
-
3:08 - 3:11အိန္ဒိယ နိုင်ငံမှာ စီမံခန့်ခွဲမှု သင်တန်းသား ဖြစ်ခဲ့ပါတယ်။
-
3:11 - 3:14ကျွန်တော့်ရဲ့ ပထမဆုံး အလုပ်ဆင်းတဲ့ နေ့မှာ
-
3:14 - 3:16ကျွန်တော် ရောက်လာတော့ ကျွန်တော်အထက်လူကြီးက
-
3:16 - 3:18"ခင်ဗျား ဒီမှာ ဘာလုပ်ဖို့အတွက်လဲ ဆိုတာ သိသလား?"
-
3:18 - 3:22"ဟုတ်ကဲ့ ဆပ်ပြာကို ရောင်းဖို့အတွက်ပါ" ဆိုပြီး
ကျွန်တော်ကဖြေလိုက်ပါတယ်။ -
3:22 - 3:25အဲဒီတော့ သူက "မဟုတ်ဘူး၊ ဘ၀တွေကို ပြောင်းလဲဖို့အတွက်
ခင်ဗျား ဒီမှာ ရှိနေတာ" ဆိုပြီး ပြန်ဖြေပါတယ်။ -
3:25 - 3:27ဘ၀တွေကို ပြောင်းလဲဖို့အတွက်
ခင်ဗျား ဒီမှာ ရှိနေတာတဲ့။ -
3:27 - 3:29နောက်ပြောင် ပြောလိုက်တာလို့
ကျွန်တော် ထင်မှတ်လိုက်ပါတယ်။ -
3:29 - 3:31ကျွန်တော်တို့ဟာ ဆပ်ပြာ နှင့် ဆပ်ပြာရည်တွေကို
ရောင်းကြပါတယ်။ -
3:31 - 3:34အဲဒါဟာ ဘဝကို ပြောင်းလဲမှုနှင့် ဘာဆိုင်လဲ?
-
3:34 - 3:38ဒါပေမဲ့ အဲဒီနောက်မှာ
ကျနော် သဘောပေါက်လာပါတယ် -
3:38 - 3:41ဆပ်ပြာတုံး နှင့် ဆပ်ပြာရည် ရောင်းချမှုလို
-
3:41 - 3:43ရိုးရိုးလေး လုပ်ဆောင်ချက်တွေဟာ
-
3:43 - 3:44ဆေးဝါးထုတ်လုပ်ကြတဲ့ ကုမ္ပဏီ တွေထက်ကို
-
3:44 - 3:46ပိုပြီး အသက်တွေကို ကယ်တင်ပေးနိုင်ကြပါတယ်။
-
3:46 - 3:48ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက်ကများ
-
3:48 - 3:51အသက် ငါးနှစ် မပြည့်ခင် ကလေး ငါးသန်းဟာ
-
3:51 - 3:54သာမန်ကူးစက် ရောဂါတွေကြောင့် သေကြေနေကြရတော့
-
3:54 - 3:57သူတို့ရဲ့ လက်တွေကို ဆပ်ပြာနှင့်သာ ဆေးကြောခဲ့မယ်ဆိုရင်
အဲဒါကို ရှောင်ရှားနိုင်ခဲ့တာကို သိရှိကြပါသလဲ။ -
3:57 - 3:58တကယ်တော့ ကျွန်တော်တို့ဟာ
-
3:58 - 3:59လက်ဆေးခြင်း ဆိုတဲ့
-
3:59 - 4:00ကမ္ဘာ့အကြီးမားဆုံး အစီအစဉ်ကို
ဆောင်ရွက်နေပါတယ်။ -
4:00 - 4:02ကျွန်တော်တို့ အခု ရုပ်လုံးဖေါ်နေကြတဲ့ တစ်ကိုယ်ရေ
သန့်ရှင်းရေး နဲ့ ကျန်းမာရေး အစီအစဉ်ဟာ -
4:02 - 4:05အခုဆိုရင် ကလေး သန်းငါးရာကျော်တို့ကို
လွှမ်းခြုံလာပါပြီ။ -
4:05 - 4:07အဲဒါဟာ ဆပ်ပြာကို ရောင်းချတာထက် မကတော့ဘဲ
-
4:07 - 4:09ပိုကြီးမားတဲ့ ရည်မှန်းချက် ရှိနေပါတယ်။
-
4:09 - 4:11နာမည်ကြီး တံဆိပ်များဟာ
-
4:11 - 4:13လူမှုရေးကို ပြောင်းလဲရေး
ရှေ့တန်းမှာ ရှိနိုင်ကြပါတယ်။ -
4:13 - 4:14အဲဒီလို ဖြစ်ရခြင်းရဲ့ အကြောင်းရင်းက
-
4:14 - 4:17ပြည်သူ နှစ်ဘီလီယံ တို့က တံဆိပ်တစ်ခုကို
သုံးစွဲလာကြခြင်းဟာ -
4:17 - 4:19အသံချဲ့စက်ကြီးနှင့် တူလာပါတယ်။
-
4:19 - 4:22လုပ်ဆောင်ချက် အသေးလေးတွေဟာ ကြီးမားတဲ့
အပြောင်းအလဲများကို လုပ်ပေးနိုင်ကြတယ်။ -
4:22 - 4:23နောက်ဥပမာ တစ်ခုကို ယူကြည့်ပါမယ်၊
-
4:23 - 4:27ကျွန်တော်ဟာ အိန္ဒိယနိုင်ငံထဲက ရွာတစ်ရွာမှာ
လမ်းလျှောက်နေခဲ့ပါတယ်။ -
4:27 - 4:28အဲဒီလို လုပ်ခဲ့ဘူးသူ တစ်ယောက်ကတော့
-
4:28 - 4:33အဲဒါဟာ ပန်းခြံထဲ လမ်းလျှောက်ထားတာမျိုး
မဟုတ်တာကို နားလည်မှာပါ။ -
4:33 - 4:36အဲဒီမှာ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို
-
4:36 - 4:40ဖြန့်ချိပေးသူ အမျိုးသမီး တစ်ယောက် နေထိုင်ခဲ့ပါတယ်၊
-
4:40 - 4:44သူမရဲ့ အိမ်ဟာ လှပကာ အတော့်ကို
ကြည့်ပျော်ရှုပျော် အိမ်ကလေးပါ၊ -
4:44 - 4:46သူဟာ အိမ်ရှေ့မှာ ထိုင်လျက် ရှိနေခဲ့ပါတယ်၊
-
4:46 - 4:48ဝတ်စားထားပုံဟာလဲ ကောင်းမွန်ပါတယ်။
-
4:48 - 4:50သူ့နောက်မှာ သူ့ယောက်ျား ရပ်နေတယ်၊
သူ့နောက်မှာ သူ့ယောက္ခမ၊ -
4:50 - 4:52ပြီးတော့ သူ့ယောက်မက သူ့ရဲ့ နောက်မှာ ရပ်နေပါတယ်။
-
4:52 - 4:54လူမှုရေး စနစ်ဟာ ပြောင်းလဲလာနေပါတယ်၊
-
4:54 - 4:56အဲဒီအမျိုးသမီးဟာ
-
4:56 - 4:58Project Shakti (ပရိုဂျက် ရှာကတီ)
စီမံကိန်းထဲမှာ ပါနေခဲ့သူပါ။ -
4:58 - 5:00လက်တွေ့မှာတော့ အမျိုးသမီးများကို
-
5:00 - 5:02စီးပွားရေး လုပ်ငန်းလေးကို လုပ်ကိုင်ရင်း
-
5:02 - 5:03အဟာရ နှင့် ကိုယ်လက်သန့်စင်ရေး ဆိုင်ရာ
-
5:03 - 5:06သဝဏ်လွှာကိုပါ ဖြန့်ချိပေးနေခဲ့သူ ဖြစ်ခဲ့လို့ပါ။
-
5:06 - 5:08အခုတို့ ကျွန်တော်တို့ဆီမှာ အဲဒီလို အမျိုးသမီးတွေ
-
5:08 - 5:10အိန္ဒိယ တနိင်ငံလုံးမှာ ၆၀၀၀၀ ရှိနေကြပါပြီ။
-
5:10 - 5:12အဲဒါဟာ ဆပ်ပြာ ရောင်းချမှု မဟုတ်တော့ပါ။
-
5:12 - 5:14အဲဒီလို ရောင်းပေးခြင်းအားဖြင့်
-
5:14 - 5:16လုပ်ငန်းစဉ်အတွင်းမှာ
-
5:16 - 5:18လူတွေရဲ့ ဘဝတွေကိုပါ ပြောင်းလဲလာနိုင်အောင်
သေချာစေဖို့ပါ။ -
5:18 - 5:21လုပ်ဆောင်ချက်က သေးသေးလေး၊
ခြားနားချက်က ကြီးကြီးမားမား။ -
5:21 - 5:23ကျွန်တော်တို့ရဲ့ R&D ခေါ် သုတေသနဌာနက လူတွေဟာ
-
5:23 - 5:27အံ့အားသင့်ဖွယ် ဆပ်ပြာမှုန့်ကို ထုတ်လုပ်ဖို့
အလုပ်လုပ်နေကြတာ မကပါဘူး၊ -
5:27 - 5:29ကျွန်တော်တို့ဟာ ရေကို လျှော့သုံးနိုင်ကြမှာကိုလည်း
ကြိုးစားနေကြပါသေးတယ်။ -
5:29 - 5:32ကျွန်တော်တို့ မကြာခင်တုန်းက
ဈေးကွက်တင်လိုက်ကြတဲ့ -
5:32 - 5:35One Rinse လို့ခေါ်တဲ့ ထုတ်ကုန်ဆိုရင်
အဝတ်ကို လျှော်တိုင်း -
5:35 - 5:37ရေကိုပါ သက်သာစေပါတယ်။
-
5:37 - 5:40တကယ်လို့များ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့
သုံးစွဲသူ အားလုံးတို့ကို အဲဒါကိုပဲ သုံးစွဲအောင် -
5:40 - 5:43လုပ်နိုင်ကြမယ်ဆိုရင် ရေ လီတာ
ဘီလီယံ ၅၀၀ ကို ချွေတာနိုင်မယ်။ -
5:43 - 5:45စကားမစပ်၊ အဲဒီပမာဏဟာ
-
5:45 - 5:48တိုက်ကြီး တစ်ခုလုံးအတွက် တစ်လစာ
ရေသုံးစွဲမှုနဲ့ တူညီပါတယ်။ -
5:48 - 5:50ဒီတော့ အဲဒီ အကြောင်း စဉ်းစားကြည့်ကြပါ။
-
5:50 - 5:53သေးငယ်တဲ့ လုပ်ဆောင်ချက်တွေက
ခြားနားချက် ကြီးကြီးကို လုပ်ပေးနိုင်တယ်။ -
5:53 - 5:55ဒီအကြောင်းကို ကျွန်တော်ဟာ မရပ်မနား ပြောနိုင်ပါတယ်။
-
5:55 - 5:57ကျွန်တော်တို့ရဲ့ အစားအစာ ကွင်းဆက်များ၊
သို့မဟုတ် အံ့ဩစရာ ထုတ်ကုန်များ၊ -
5:57 - 5:59ဒီနေရာမှာ ကျွန်တော်တို့အား ထောက်ပံ့ပေးကြသူတို့ထံမှ ပါးလိုက်တဲ့
စကားလုံးတွေကို ပါးပေးရတာကို ဝမ်နည်းမိပါတယ်၊ -
5:59 - 6:03Knorr၊ Hellman's နှင့် အခြားသော
အံ့ဖွယ် ထုတ်ကုန်တွေ အများကြီး ရှိပါတယ်။ -
6:03 - 6:05ကျွန်တော်တို့ အသုံးပြုကြတဲ့ လယ်ယာကုန်ကြမ်း
ပစည်းတွေ အားလုံးဟာ -
6:05 - 6:07ပြန်လည်အစားထိုး ဖြစ်ထွန်းလာနိုင်ကြတဲ့ ရင်းမြစ်များမှ၊
-
6:07 - 6:10၁၀၀ ရာနှုန်းပြည့် ပြန်လည်အစားထိုး
ဖြစ်ထွန်းလာနိုင်ကြတဲ့ ရင်းမြစ်တွေက -
6:10 - 6:12ဖြစ်ကြတာကို ကျွန်တော်တို့
သေချာအောင် ဂရုစိုက်ကြပါတယ်။ -
6:12 - 6:14ကျွန်တော်တို့ဟာ ကျွန်တော်တို့အတွက်
လိုအပ်တဲ့ စားအုန်းဆီ အားလုံးကို -
6:14 - 6:16ပြန်လည်အစားထိုး ဖြစ်ထွန်းလာနိုင်ကြတဲ့
ရင်းမြစ်များမှသာ -
6:16 - 6:18ရယူကြမယ်ဆိုပြီး ကြေညာခဲ့တာ
ကျွန်တော်တို့ဟာ ပထမဦးဆုံးပါ။ -
6:18 - 6:22ခင်ဗျားတို့ သိချင်မှ သိကြမယ့် အချက်တစ်ချက်ကို
ပြောရမယ်ဆိုရင်၊ စားအုန်းဆီကို -
6:22 - 6:24အဲဒီလို ပြန်လည်အစားထိုး ဖြစ်ထွန်းလာနိုင်ကြတဲ့
ရင်းမြစ်တွေက ဝယ်တာမျိုး မဟုတ်ဘူးဆိုရင်၊ -
6:24 - 6:27သစ်တောတွေကို ပြုန်းတီးလာစေမှာ
ဖြစ်ပြီး၊ အဲဒါကျပြန်တော့ -
6:27 - 6:29ကမ္ဘာကြီးပေါ်က အပူငွေ့ပြန်တဲ့ ဓါတ်ငွေ့များရဲ့
၂၀ % အတွက် တာဝန်ရှိပါတယ်။ -
6:29 - 6:32အဲဒါကို သဘောပေါက်လိုက်တာ ကျွန်တော်တို့က
ပထမဦးဆုံး ဖြစ်ခဲ့ပါတယ်။ -
6:32 - 6:36ကျွန်တော်တို့က ဆပ်ပြာ နှင့် ဆွပ်ပြုတ်ကို
ထုတ်လုပ်နေကြလို့ပါ။ -
6:36 - 6:38ဒီမှာ ကျွန်တော်က ထောက်ပြဖို့
ကြိုးစားနေတဲ့ အချက်က -
6:38 - 6:42ခင်ဗျားတို့ရဲ့ ကုမ္ပဏီတွေလို၊ ကျွန်တော်တို့ရဲ့
ကုမ္ပဏီတွေလို၊ ကုမ္ပဏီတွေဟာ -
6:42 - 6:44မိမိတို့ရဲ့ ရည်မှန်းချက်ကို ပြဌာန်းဆုံးဖြတ်ရန်
လိုနေခြင်းကိုပါပဲ၊ -
6:44 - 6:46အဲဒီလို တာဝန်များကို လက်ခံပြီး
-
6:46 - 6:49ကျွန်တော်တို့ဟာ ကျင်လည် လှုပ်ရှားနေကြရတဲ့
လူမှု အဖွဲ့အစည်းများထဲမှာ -
6:49 - 6:52ကပြကြရမယ့် မိမိတို့ရဲ့ အခန်းကို
နားလည်ကြရန် လိုပါတယ်။ -
6:52 - 6:54ကျွန်တော်တို့ဟာ Unilever Sustainable Living Plan
လို့ခေါ်တဲ့ -
6:54 - 6:56ယူနီလီဗား ရေရှည်ရပ်တည် နေထိုင်ရေး
စီမံကိန်းကို တင်ပြခဲ့ကြပါတယ်၊ -
6:56 - 6:59"ကျွန်တော်တို့ဟာ နေရာတိုင်းမှာ ရေရှည် ရပ်တည် နေထိုင်လို့ ရမယ့် ဒေသကို ထူထောင်လိုပါတယ်၊
-
6:59 - 7:01ပြီးတော့ ကျွန်တော်တို့ဟာ ၂၀၂၀ ပြည့်နှစ် အရောက်မှာ
ပြည်သူ တစ်ဘီလီယံရဲ့ အသက်တွေကို -
7:01 - 7:04ပြောင်းလဲလိုတယ်ဆိုပြီး ရည်ရွယ်ချက်ကို
ကြေညာခဲ့ပါတယ်။" -
7:04 - 7:06ဒီတော့ အခု မေးခွန်းက၊
-
7:06 - 7:07ဒီနေရာကနေပြီး ကျွန်တော်တို့ ရှေ့ဆက်ပြီး
သွားကြမှာက ဘယ်ဆီကိုလဲ။ -
7:07 - 7:09အဲဒီလို မေးခွန်းအတွက်
အဖြေဟာ လွယ်လွယ်လေးပါ၊ -
7:09 - 7:11တစ်ယောက်တည်းဆိုရင် ဒီကမ္ဘာကြီးကို
ဘယ်လိုမှ ပြောင်းလဲ မရနိုင်ပါ။ -
7:11 - 7:14ဒါပေမဲ့၊ ခင်ဗျားတို့လို၊ ကျွန်တော်လို၊
-
7:14 - 7:15ဒါကို နားလည်ကြတဲ့ သူတွေ အများကြီးပါ။
-
7:15 - 7:17ကျွန်တော်တို့ နားလည်ကြရန် လိုတဲ့အချက်က၊
-
7:17 - 7:19ကျွန်တော်တို့ဟာ မိတ်ဖက် ဆက်ဆံမှုတွေ၊
မဟာမိတ်ဖွဲ့ လုပ်ကိုင်မှုတွေ လိုအပ်ပါတယ်၊ -
7:19 - 7:22ပြီးတော့ ပိုလို့ အရေးကြီးတာက
ခေါင်းဆောင်မှုကို လိုအပ်ကြပါတယ်၊ -
7:22 - 7:25ကျွန်တော်တို့ကို ဒီလိုနေရာမှ စတင်
လုပ်ဆောင်ခွင့်ကို ပေးနိုင်မယ့်၊ -
7:25 - 7:26ကျွန်တော်တို့ရဲ့ ဝန်းကျင်မှာ မြင်တွေ့လိုကြတဲ့
အပြောင်းအလဲများကို လုပ်ခွင့်ကို ပေးနိုင်မယ့်၊ -
7:26 - 7:27ခေါင်းဆောင်မှုမျိုး လိုအပ်နေပါတယ်။
-
7:27 - 7:29အားလုံးကို ကျေးဇူးတင်ပါတယ်။
-
7:29 - 7:33(လက်ခုပ်တီး အားပေးသံများ)
- Title:
- အကျိုး၊အမြတ်သည် အမြဲတမ်း အဓိကမဟုတ်ပါ။
- Speaker:
- Harish Manwani
- Description:
-
ကမ္ဘာ့ နာမည်ကြီး ကော်ပိုးရေးရှင်း တစ်ခုမှ အမှုဆောင် အရာရှိက ငွေကြေးရှင်းတမ်းလိုဟာမျိုး သို့မဟုတ် အဲဒါရဲ့ အောက်ဆုံးလိုင်းကို ကျော်လွန်ပြီး ကြည့်ရှုသုံးသပ်နိုင်ပါ့မလားလို့ ကျွန်တော်တို့ ထင်မှတ် နိုင်ပါတယ်။ သို့သော် ယူနီလီဗားရဲ့ COO ခေါ် ထိပ်သီးပိုင်းထဲက တစ်ဦးဖြစ်သူHarish Manwani ဟာ ဆုံးဖြတ်ချက် ချမှတ်ရေး ထိပ်သီး ဦးစားပေး အချက်များထဲကို တန်ဖိုးများ၊ ရည်ရွယ်ချက်များ နှင့် ရေရှည်ခံ ရပ်တည်နိုင်စွမ်းတို့လို အချက်များကို ထည့်စဉ်းစားရေးမှာ အားလုံးက လက်ခံသင့်ရုံသာမက ၂၁ရာစုမှာ တာဝန်သိတတ်တဲ့ လုပ်ငန်းများကို မောင်းနှင် ရှေ့ဆောင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း စိတ်လိုက်မာန်ပါ ဆော်ဪ တိုက်တွန်းနေပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 13:58
Myo Aung edited Burmese subtitles for Profit’s not always the point | ||
Myo Aung edited Burmese subtitles for Profit’s not always the point | ||
Myo Aung approved Burmese subtitles for Profit’s not always the point | ||
Myo Aung edited Burmese subtitles for Profit’s not always the point | ||
Myo Aung edited Burmese subtitles for Profit’s not always the point | ||
Myo Aung edited Burmese subtitles for Profit’s not always the point | ||
Myo Aung commented on Burmese subtitles for Profit’s not always the point | ||
sann tint accepted Burmese subtitles for Profit’s not always the point |
sann tint
Original translation is already good and as my part , I just did some retouching words and some but just small chunks accidentally left words ! Well done !
Myo Aung
Thanks a lot!
Dimitra Papageorgiou
Please translate the talk title. Thank you!
sann tint
just more title edition !
Myo Aung
Thank you!
By the way, just some minutes ago I took for review one of your translated TED talk.