Return to Video

စိတ်ဓာတ်ကျရောဂါ ဆိုတာဘာလဲ − Helen M.Farrell

  • 0:08 - 0:11
    စိတ်ဓာတ်ကျရောဂါ ဆိုတာ ကမ္ဘာကြီးပေါ်မှာ
    မသန်စွမ်းမှုရဲ့ အဓိကကြောင်းရင်းပါ။
  • 0:11 - 0:12
    အမေရိကန်ပြည်ထောင်စုမှာ
  • 0:12 - 0:16
    သက်ကြီး ၁၀%နီးပါးခန့်ဟာ စိတ်ဓာတ်ကျ့ခြင်း
    ဝေဒနာနဲ့ လုံးပန်းနေရပါတယ်
  • 0:16 - 0:17
    စိတ်ပိုင်း နာမကျန်းမာမှုဖြစ်လို့
  • 0:17 - 0:22
    ကိုလက်စထရော မြင့်နေတဲ့ ရောဂါထက်
    ဒီကိစ္စကို နားလည်ဖို့ ခက်ခဲနိုင်ပါတယ်
  • 0:22 - 0:25
    ဓိတ်ဓာတ်ကျမှု ရှိနေခြင်းနဲ့ စိတ်ဓာတ်
    ကျနေသလိုလို ခံစားရမှု အတူခြင်းက
  • 0:25 - 0:28
    အဲဒါနဲ့ပတ်သက်ပြီး ရောထွေးရခြင်းရဲ့
    အဓိက အကြောင်းရင်းပါ။
  • 0:28 - 0:31
    လူတိုင်းလိုလို အချိန်နဲ့ အမျှ
    စိတ်ဓာတ်ကျတကို ခံစားခဲ့ဘူးတယ်။
  • 0:31 - 0:33
    အမှတ်မကောင်းတာ၊
  • 0:33 - 0:34
    အလုပ် ပြုတ်သွားတာ၊
  • 0:34 - 0:35
    ငြင်းခုံစကားများရတာ၊
  • 0:35 - 0:38
    မိုးရွာတဲ့ နေ့ကတောင် ဝမ်းနည်းစရာ
    အကြောင်းဖြစ်နိုင်တယ်။
  • 0:38 - 0:40
    တခါတလေ အကြောင်းဆိုလို့
    တစ်ခုမှ မရှိတတ်ပါ။
  • 0:40 - 0:42
    ရုတ်တရက် ဖြစ်ပေါ်လာတာမျိူးပါ။
  • 0:42 - 0:44
    အခြေအနေတွေ ပြောင်းလဲလာတာနဲ့
  • 0:44 - 0:46
    အဲဒီ ဝမ်းနည်း ပူဆွေးမှုတွေ
    ပျောက်ကွယ်သွားတတ်ပါတယ်
  • 0:46 - 0:48
    ကုသရန်လိုအပ်တဲ့ စိတ်ဓာတ်ကျမှုက တစ်မျိုးပါ။
  • 0:48 - 0:50
    ဆေးပညာဆိုင်ရာ ချို့ယွင်းချက်ပါ၊
  • 0:50 - 0:53
    ကိုယ်က လိုချင်လို ပျောက်မသွားနိုင်ပါ။
  • 0:53 - 0:55
    အဲဒါက အနည်းဆုံးအားဖြင့်
    နှစ်ပတ်ဆက်တိုက် ကြာတတ်ကာ၊
  • 0:55 - 0:59
    လူရဲ့ လုပ်ကိုင်နိုင်စွမ်းကို၊
    ကစားနိုင်စွမ်းကို၊ ချစ်နိုင်စွမ်းကို၊
  • 0:59 - 1:00
    သိသာစွာ
  • 1:00 - 1:01
    သက်ရောက်မှုရှိတယ်။
  • 1:01 - 1:03
    စိတ်ဓာတ်ကျရောဂါရဲ့
    ရောဂါလက္ခဏာတွေ အမျိုးမျိုး
  • 1:03 - 1:04
    ရှိရာ၊ စိတ်မပါတာ၊
  • 1:04 - 1:07
    ပုံမှပျော်ရွှင်တတ်တဲ့ ကိစ္စတွေမှာ
    စိတ်ဝင်စားမှုမဲ့လာတာ
  • 1:07 - 1:08
    စားသောက်ချင်စိတ် ပြောင်းလဲလာတာ၊
  • 1:08 - 1:11
    အသုံးမကျသလို အပြစ်ရှိသလိုခံစားရတာ၊
  • 1:11 - 1:14
    အရမ်းထိုးအိပ်နေတာ ဒါမှမဟုတ် အိပ်မပျော်တာ၊
  • 1:14 - 1:15
    အာရုံစူးစိုက်မရတာ၊
  • 1:15 - 1:17
    ကဏ္ဍာမငြိမ် ဒါမှမဟုတ် တုံ့နှေးနေတာ၊
  • 1:17 - 1:19
    အားအင်တွေကုန်ခမ်းနေတာ၊
  • 1:19 - 1:21
    ခဏခဏ သတ်သေချင်စိတ်ပေါ်နေတာတွေပါ။
  • 1:21 - 1:23
    အဲဒီလက္ခဏာတွေထဲက
    အနည်းဆုံး ၅ ခု ရှိနေပြီဆိုရင်၊
  • 1:23 - 1:25
    စိတ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်တွေအရ
  • 1:25 - 1:29
    ခင်ဗျားမှာ စိတ်ကျရောဂါရှိနေပြီလို့
    ပြောလို့ရပါပြီ။
  • 1:29 - 1:31
    နေပုံထိုင်ပုံဆိုင်ရာ
    လက္ခဏာတွေသာ ရှိတာ မကပါ။။
  • 1:31 - 1:35
    စိတ်ကျရောဂါကို ဦးနှောက်ထဲမှာ
    ရုပ်ပိုင်း လက္ခဏာများအရ မြင်နိုင်ပါသေးတယ်
  • 1:35 - 1:37
    ပထမဆုံးအနေနဲ့၊
  • 1:37 - 1:39
    သာမာန်မျက်စိနဲ့ မြင်ရနိုင်တဲ့
    ပြောင်းလဲမှုတွေရှိတယ် ..
  • 1:39 - 1:41
    ဓာတ်မှန်နဲ့ မြင်နိုင်တယ်။
  • 1:41 - 1:45
    Frontal lobes နဲ့ hippocampal volumes
    တွေ အဲဒီထဲ ပါဝင်ကြပါတယ်။
  • 1:45 - 1:47
    အနုစိတ် ကြည့်မယ်ဆိုရင်၊
  • 1:47 - 1:49
    စိတ်ဓာတ်ကျရောဂါက ကိစ္စတချို့နဲ့
    ဆက်စပ်နေတယ်-
  • 1:49 - 1:53
    neurotransmitters အချို့ ကုန်ခမ်းလားတာ
    သို့မဟုတ် ထုတ်လွှင့်မှု ပုံမမှန်တာ၊
  • 1:53 - 1:57
    အထူးသဖြင့် serotonin, norepinephrine,
    and dopamine တွေပါ၊
  • 1:57 - 1:59
    circadian စည်းချက် မမှန်တေ့တာ၊
  • 1:59 - 2:03
    သို့မဟုတ် အိပ်ချိန် စက်ဝိုင်းထဲက REM နဲ့
    နှေးတဲ့ လှိုင်းများ ပြောင်းလဲလာတာ၊
  • 2:03 - 2:05
    ဟိုမုန်းဆိုင်ရာ ပုံမမှန်မှုတွေ၊
  • 2:05 - 2:10
    cortisol မြင့်တက်တာနဲ့ thyroid ဟိုမုန်း
    မမှန်ကန်တာတွေလည်း ပါဝင်တယ်။
  • 2:10 - 2:13
    ဒါပေမယ့် အာရုံကြောဆိုင်ရာ ပညာရှင်တွေဟာ
    စိတ်ကျရောဂါ
  • 2:13 - 2:15
    ဖြစ်ရခြင်းရဲ့ အကြောင်းရင်း
    အပြည့်အစုံ မသိပါ။
  • 2:15 - 2:20
    ဗီဇနှင့် ပတ်ဝန်းကျင်ပေါ်နှင့်လည်း
    ရှုပ်ထွေး ဆက်နွယ်မှု ရှိတယ်လို့ထင်ရပေမဲ့၊
  • 2:20 - 2:22
    အဲဒါဟာ ဘယ်နေရာ ဘယ်အချိန်မှာ
    ဖြစ်လာမယ်
  • 2:22 - 2:26
    တိကျစွာ ခန့်မှန်းလို့ရမယ့် စူးစမ်းရေး
    ကိရိယာတွေ ကျွန်ုပ်တို့ထံတွင် မရှိသေးပါ။
  • 2:26 - 2:29
    စိတ်ဓာတ်ကျရောဂါရဲ့ လက္ခဏာကို ကိုင်ကြည့်
    မရနိုင်တော့၊
  • 2:29 - 2:32
    အဆင်ပြေပုံ ပေါက်နေပေမယ့် လက်တွေ့တွင်
    ရုန်းကန်နေရတာကို သိဖို့ခက်ခဲလှတယ်။
  • 2:32 - 2:35
    National Institute of
    Mental Health အရဆိုရင်
  • 2:35 - 2:38
    သာမန်လူတစ်ယောက် စိတ်ပိုင်းဆိုင်ရာ
    ဝေဒနာခံစားနေရသူ အနေနှင့်
  • 2:38 - 2:41
    အကူအညီတောင်းလာဖို့ဆိုရင်
    ဆယ်နှစ်ကျော် ကြာတတ်ပါတယ်။
  • 2:41 - 2:43
    ဒါပေမဲ့ ထိရောက်တဲ့ ကုသမှုနည်းတွေ ရှိတယ်။
  • 2:43 - 2:48
    ဆေးဝါးပေးခြင်းနဲ့ ကုသခြင်းတွေက ဦးနှောက်ထဲက
    ဓာတ်ပစ္စည်းတွေကို အားဖြည့်ပေးနိုင်တယ်။
  • 2:48 - 2:51
    အရမ်းဆိုးနေရေင်တော့
    electroconvulsive therapy ကိုသုံးတယ်
  • 2:51 - 2:54
    လူနာ့ဦးနှောက်တွင် ထိန်းချုပ်လုပ်တဲ့
    လျှပ်စစ်ဓာတ်နဲ့ ကုသမှုပါ၊
  • 2:54 - 2:55
    တကယ့်ကို ကူညီပေးနိုင်ပါတယ်။
  • 2:55 - 2:57
    transcranial magnetic stimulation လို
  • 2:57 - 3:00
    အခြား အလားအလာရှိတဲ့ ကုသနည်းတွေကိုလည်း
  • 3:00 - 3:02
    လေ့လာ စမ်းသပ်နေကြပါသေးတယ်။
  • 3:02 - 3:04
    တစ်စုံတစ်ယောက်ဟာ စိတ်ကျရောဂါနဲ့
    ရုန်းကန်နေရတာကိုသိရင်
  • 3:04 - 3:09
    သူတို့ကိုအားပေးပါ၊ သိမ်မွေ့စွာ အဲဒီလို
    ရွေးစရာများကို ရှာနိုင်အောင် ကူပေးပါ။
  • 3:09 - 3:11
    အထူး လုပ်ဆောင်ချက်တွေနဲ့လည်း
    ကူညီပေးနိုင်ပါသေးတယ်၊
  • 3:11 - 3:13
    နေထိုင်ရာမှာ ကုသနိုင်မယ့်သူကို
    ကူရှာတာမျိုး၊
  • 3:13 - 3:16
    ဒါမှမဟုတ် ဆရာဝန်ထံ မေးမယ့်မေးခွန်းတွေ
    စာရင်းလုပ်ပေးတာမျိုး။
  • 3:16 - 3:18
    စိတ်ဓာတ်ကျရောဂါ ရနေသူအတွက်တော့
  • 3:18 - 3:21
    ဒီလိုပထမဆုံး ခြေလှမ်းတွေကို
    ကျော်လွှားဖို့ ခဲယဉ်းနိုင်တယ်။
  • 3:21 - 3:23
    သူတို့ အပြစ်ရှိသလို
    ဋ္ဌရှက်ရွံ့သလိုလိုဖြစ်နေရင်၊
  • 3:23 - 3:26
    စိတ်ကျရောဂါဆိုတာ ကုသရန်လိုရောဂါ
    ဖြစ်တာ ထောက်ပြပါ၊
  • 3:26 - 3:28
    ပန်းနာရင်ကျပ်တို့ ဆီးချိုတို့လိုပေါ့။
  • 3:28 - 3:30
    ဒါက ကိုယ့်အားနည်းမှု ဒါမှမဟုတ်
    ကိုယ့်အပြစ် မဟုတ်ပါဘူး၊
  • 3:30 - 3:34
    အဲဒါတွေ အလိုလို ပျောက်သွားမယ်လို့
    မျှော်လင့်မရနိုင်ပါ၊
  • 3:34 - 3:37
    ကျိုးနေတဲ့လက် ပြန်ကောင်းသွားတာမျိုး
    လုံးဝ မဟုတ်ပါ။
  • 3:37 - 3:39
    ခင်ဗျားကိုယ်တိုင် စိတ်ကျရောဂါကို
    မခံစားခဲ့ရပါက၊
  • 3:39 - 3:43
    ခင်ဗျား စိတ်ညစ်နေခဲ့ရတဲ့ ကာလမျိုးနဲ့
    ယှဉ်ပြောတာမျိုး ကိုရှောင်ပါ။
  • 3:43 - 3:47
    သူတို့ခံစားနေရတာကို သာမန် ယာယီ
    ဝမ်းနည်းစိတ်ညစ်တာမျိုးနဲ့ ယှဉ်ပြောလိုက်ရင်
  • 3:47 - 3:50
    ရုန်းကန်နေရသူအတွက် ပိုအပြစ်ရှိသလို
    ခံစားရစေနိုင်ပါတယ်။
  • 3:50 - 3:53
    စိတ်ကျရောဂါအကြောင်း ပွင့်ပွင့်လင်းလင်း
    ပြောတာကတောင်မှ ကူညီပေးနိုင်တယ်။
  • 3:53 - 3:57
    ဥပမာဆိုရင်၊ သတ်သေချင်တဲ့အတွေးတွေ အကြောင်း
    မေးတာက၊ သူတို့သတ်သေနိုင်တဲ့ အလားအလာကို
  • 3:57 - 4:00
    လျော့နည်းသွားနိုင်ကြောင်း
    လေ့လာမှုက ပြသခဲ့ပါတယ်။
  • 4:00 - 4:04
    စိတ်ကျန်းမာရေးအကြောင်း ပွင့်လင်းစွာ
    ဆွေးနွေးမှုက အမည်းစက်တွေကို တိုက်ဖျက်ကာ
  • 4:04 - 4:07
    လူတွေ အနေနဲ့ အကူအညီ
    တောင်းလာစမှေုကိုလည်းပိုလွယ်ကူစေပါတယ်။
  • 4:07 - 4:08
    လူနာတွေက ကုသမှုကို ရယူလေလေ၊
  • 4:08 - 4:11
    သိပ္ပံပညာရှင်တွေ စိတ်ကျရောဂါ အကြောင်း
    တိုးတိုးသိလာလို့၊
  • 4:11 - 4:13
    ကုသမှုတွေ ပိုပို ကောင်းလာမှာပါ။
Title:
စိတ်ဓာတ်ကျရောဂါ ဆိုတာဘာလဲ − Helen M.Farrell
Speaker:
Helen M. Farrell
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/what-is-depression-helen-m-farrell မှာ ကြည့်ရှုပါ
စိတ်ဓာတ်ကျရောဂါ ဆိုတာ ကမ္ဘာကြီးပေါ်မှာ မသန်စွမ်းမှုကို ဖြစ်စေတဲ့ ထိပ်ဆုံးအကြောင်းရင်းတစ်ခုပါ၊ အမေရိကန် ပြည်ထောင်စုမှာ သက်ကြီး ဆယ်ရာခိုင်နှုန်းနီးပါးတို့ဟာ အဲဒီရောဂါနဲ့ လုံးပန်းနေကြရပါတယ်။ အဲဒါဟာ စိတ်ဆိုင်ရာ ရောဂါဖြစ်တဲ့အတွက်၊ ဥပမာ၊ ကိုလက်စထရော မြင့်မားနေခြင်းလို ရောဂါမျိုးထက် နားလည်ရန် တော်တော့ကို ခဲယဉ်းပါတယ်။ M. Farrell ဟာ စိတ်ဓာတ်ကျမှုရဲ့ ရောဂါလက္ခဏာများနဲ့ ကုသမှုများကို စူးစမ်းရင်း မိတ်ဆွေ တစ်ယောက် အဲဒီရောဂါကို ခံစားနေရရင် ဘယ်လို ကူညီပေးနိုင်ကြောင်း အကြံပေးချက် အချို့ကို တင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:29

Burmese subtitles

Revisions