Return to Video

ရှင်းလင်းပြထားတဲ့ တရုတ် ဆယ့်နှစ်ရာသီခွင် ။

  • 0:01 - 0:04
    ရှင်တို့ရဲ့ တရုတ်လူမျိုး မိတ်ဆွေက
    မေးတာခံရဖူးလား။
  • 0:04 - 0:05
    "ရှင့်ရာသီခွင်ရုပ်က ဘာလဲ"လို့လေ။
  • 0:06 - 0:08
    သူတို့ အာလာပသလ္လာပ
    ပြောနေတာလို့ မထင်လိုက်ပါနဲ့။
  • 0:08 - 0:10
    "ကျုပ်က မျောက်ပါ" သင်ပြောလိုက်ရင်
  • 0:10 - 0:12
    သူတို့ ချက်ချင်း သိမှာက
  • 0:12 - 0:15
    ရှင့်အသက်ဟာ ၂၄၊ ၃၆၊ ၄၈၊ ၆၀ နှစ်
    တစ်ခုခုဆိုတာပါ။
  • 0:15 - 0:16
    (ရယ်သံများ)
  • 0:16 - 0:20
    ရာသီခွင်ရုပ်ကို မေးခြင်းဟာ အသက်ကို
    ယဉ်ကျေးတဲ့နည်းတဲ့ မေးတာပါ။
  • 0:21 - 0:25
    ရာသီခွင်ရုပ်ကို ဖော်ပြလိုက်ခြင်းဖြင့်
    သင်ဟာ အကဲဖြတ်ပါ ခံနေရတာပါ။
  • 0:25 - 0:29
    သင့်ရဲ့ကံကြမ္မာ အကောင်း အဆိုး၊ ပင်ကိုယ်
    စရိုက်၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊
  • 0:29 - 0:31
    အလားအလာတွေ အကြောင်း
    ထင်မြင်ချက်တွေ အပေးခံနေရပြီး
  • 0:31 - 0:33
    ဘယ်နှစ်မှာ ဘယ်လိုဖြစ်မယ်ဆိုတာပါ။
  • 0:33 - 0:36
    သင်နဲ့ သင့်အဖော်တွေရဲ့
    အကောင်တွေ တူတယ်ဆိုရင်
  • 0:36 - 0:40
    သင့်ရဲ့ ကိုယ်ပိုင်ဘဝအကြောင်း
    သူတို့စိတ်ထဲမှာ ပုံတစ်ပုံ ရေးဆွဲလိမ့်မယ်။
  • 0:41 - 0:43
    တရုတ်လူမျိုး ရာသီခွင်ကို
    သင်ယုံချင်မှ ယုံမှာပါ။
  • 0:43 - 0:47
    ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံကို
    အဲဒါက လွှမ်းမိုးနေတာဖြစ်လို့
  • 0:47 - 0:50
    ဒီအကြောင်း တစ်ခုခုလုပ်မှ
    အမြော်အမြင်ရှိရာကျမယ်။
  • 0:50 - 0:53
    ဒီတော့ တရုတ်ရာသီခွင်ဆိုတာ တကယ်တမ်းက ဘာလဲ။
  • 0:54 - 0:57
    အနောက်တိုင်းသား အများစုက
    ဂရိ ရိုမန် ရာသီခွင်ကိုသာ သိကြတယ်၊
  • 0:57 - 0:59
    ၁၂ လအဖြစ် ခွဲထားတဲ့ ရာသီရုပ်တွေလေ။
  • 1:00 - 1:02
    တရုတ်လူမျိုး ရာသီခွင်က ခြားနားပါတယ်။
  • 1:02 - 1:05
    ၁၂ နှစ် စက်ဝန်းကို အကောင်တွေနဲ့
    အမှတ်အသားပြုထားတယ်၊
  • 1:05 - 1:08
    ကြွက်ရုပ် နဲ့ စပြီး ဝက်ရုပ်နဲ့ ဆုံးထားကာ
  • 1:08 - 1:11
    နက္ခတ်နဲ့ ဆက်စပ်မှု မရှိပါဘူး။
  • 1:12 - 1:17
    ဥပမာ ၁၉၇၅ ခုမှာ မွေးတယ်ဆိုရင်
    သင်ဟာ ယုန်ပါ။
  • 1:17 - 1:19
    ဒီမှာ သင့်ရဲ့ ရာသီခွင်ရုပ်ကို မြင်ရလား။
  • 1:20 - 1:25
    ကျွန်မတို့ တရုတ် ဘိုဘွားတွေဟာ အရမ်း
    ရှုပ်တဲ့ အယူအဆပိုင်း ကန့်သတ်မှုတစ်ရပ်ကို
  • 1:25 - 1:30
    အတွင်းဓာတ် ယင်၊ ဓာတ်ကြီးငါးပါးနဲ့ ရာသီ
    ခွင် ၁၂ ကောင်ကို အခြေခံကာ ဆောက်ခဲ့တယ်။
  • 1:30 - 1:32
    နှစ်တွေ ထောင်ချီကျော်ပြီး
  • 1:32 - 1:37
    ဒီလူကြိုက်များတဲ့ ယဉ်ကျေးမှုဟာ
    ကင်ပွန်းတပ်၊ လက်ထပ်၊ ကလေးမွေးတာနဲ့
  • 1:37 - 1:42
    တစ်ဦးနဲ့ တစ်ဦး သဘောထားမျိုးလို အဓိက
    ဆုံးဖြတ်ချက်တွေမှာ သက်ရောက်မှုရှိခဲ့တယ်။
  • 1:42 - 1:45
    ဂယက်ရိုက်မူတွေထဲက တစ်ချို့ဟာ
    အတော်လေး အံ့ဩစရာပါ။
  • 1:46 - 1:51
    တစ်ချို့အကောင်တွေက အခြားအကောင်တွေ
    ထက် ပိုသာတယ်လို့ တရုတ်တွေ ယုံကြတယ်။
  • 1:51 - 1:56
    ဒါကြောင့် မိဘတွေဟာ ကလေးမွေးဖို့
    သီးသန့်နှစ်တွေ ရွေးချယ်ကြတယ်။
  • 1:56 - 2:01
    အကြောင်းက သင့်တော်တဲ့ အကောင်တွေကို
    ပေါင်းစပ်ပေးနိုင်ရင် အဲဒီမိသားစုတွေရဲ့
  • 2:01 - 2:03
    ကြွယ်ဝမှုကို ပေးနိုင်တာကို ယုံကြည်လို့ပါ။
  • 2:04 - 2:08
    ချစ်သံယောဇဉ်ဖွဲ့တဲ့အခါမှာတောင်
    ရာသီခွင်ကို ကြည့်ကြပါတယ်။
  • 2:09 - 2:14
    ကျွန်မက ဝက်နှစ်ပါ၊ ကျား၊ ဆိတ်နဲ့ ယုန်
    နှစ်တွေနဲ့ဆို ချစ်ရေး အဆင်ပြေဆုံးဖြစ်မယ်။
  • 2:15 - 2:19
    တစ်ချို့အကောင်တွေဟာ ပင်ကိုယ်ကိုက ရန်သူ
    တွေဆိုတာ တရုတ်လူမျိုးတွေ ယုံကြည်တယ်။
  • 2:20 - 2:23
    ဝက်ဆိုရင် မြွေကို
    သတိထားဖို့ လိုတာပေါ့။
  • 2:23 - 2:25
    မြွေနှစ်မွေးသူ လက်ထောင်ပြပါ။
  • 2:26 - 2:27
    ဒါကို နောက်မှ ပြောတာပေါ့။
  • 2:27 - 2:29
    (ရယ်သံများ)
  • 2:29 - 2:32
    တစ်ချို့အကောင်တွေက အခြားအကောင်တွေ
    ထက် ပိုကံကောင်းတယ်လို့ ယုံကြည်တယ်။
  • 2:32 - 2:34
    နဂါးလို အကောင်ပေါ့။
  • 2:34 - 2:36
    အနောက်တိုင်း ရိုးရာနဲ့ မတူတာက
  • 2:36 - 2:40
    တရုတ်နဂါးဟာ တန်ခိုး၊ အင်အားနဲ့
    ချမ်းသာမှုရဲ့ သင်္ကေတပါ။
  • 2:40 - 2:43
    နဂါးနှစ်မွေး ကလေးတယောက် ရဖို့ဟာ
    လူတိုင်းရဲ့ အိပ်မက်ပါ။
  • 2:43 - 2:46
    Jack Ma ရဲ့ မိဘတွေ အတော်ဂုဏ်ယူခဲ့ကြမှာပါ။
  • 2:46 - 2:48
    သူတို့တွေပဲ မဟုတ်ပါဘူး။
  • 2:48 - 2:51
    ၂၀၁၂ ဟာ နဂါးနှစ်ပါ။
  • 2:51 - 2:53
    တရုတ်၊ ဟောင်ကောင်နဲ့
    ထိုင်ဝမ်ရဲ့ မွေးဖွားနှုန်း
  • 2:53 - 2:55
    ငါးရာခိုင်နှုန်း တိုးခဲ့တယ်။
  • 2:56 - 2:59
    ဆိုလိုတာက နောက်ထပ် ကလေးငယ် တစ်သန်းပေါ့။
  • 3:00 - 3:03
    အစဉ်အလာ ကလေးယောက်ျား ဦးစားပေးမှုနဲ့ဆို
  • 3:03 - 3:08
    အဲဒီနှစ်က ယောက်ျားလေး၊ မိန်းကလေး
    အချိုးက ၁၂၀ နဲ့ ၁၀၀ ပါ။
  • 3:08 - 3:10
    ဒီနဂါးနှစ်မွေး ကောင်လေးတွေ ကြီးလာတော့
  • 3:10 - 3:15
    အချစ်ရေးနဲ့ အလုပ်စျေးကွက်တွေမှာ ပို
    ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ကြုံရတော့မယ်။
  • 3:16 - 3:20
    BBC နဲ့ တရုတ်အစိုးရ သတင်းထုတ်လွှင့်ချက်အရ
  • 3:20 - 3:25
    ၂၀၁၃ ဇန္နဝါရီလဟာ ဗိုက်ခွဲမွေးခြင်း
    အမြင့်ဆုံး ဖြစ်ခဲ့တယ်။
  • 3:25 - 3:26
    ဘာကြောင့်လဲ။
  • 3:27 - 3:30
    ဒါက မြင်းနှစ်ရဲ့ နောက်ဆုံးလပါ။
  • 3:30 - 3:33
    မြင်းနှစ်ကို သိပ်ကြိုက်လို့တော့ မဟုတ်ဘူး။
  • 3:33 - 3:36
    ကံမကောင်းတဲ့ ဆိတ်နှစ်ထဲ ကလေးတွေမွေးတာ
    ရှောင်ဖို့ ကြိုးစားတာကြောင့်ပါ။
  • 3:36 - 3:37
    (ရယ်သံများ)
  • 3:37 - 3:40
    သင်ဟာ ဆိတ်ဆိုရင်
    စိတ်မကောင်းတော့ မဖြစ်ပါနဲ့။
  • 3:40 - 3:42
    ဒါတွေဟာ ဆိတ်နှစ်ဖွား ကလေးတွေပါ။
  • 3:42 - 3:44
    ကျွန်မအတွက် အရှုံးသမားတွေပုံ မပေါက်ပါဘူး။
  • 3:44 - 3:45
    (ရယ်သံများ)
  • 3:45 - 3:48
    ကျားဟာ မလိုလားကြတဲ့ နောက်တစ်ကောင်ပါ။
  • 3:48 - 3:50
    ၎င်းရဲ့ မတည်ငြိမ်တဲ့ စရိုက်ကြောင့်ပါ။
  • 3:50 - 3:54
    ဒီနှစ်တွေအတွင်း တရုတ်ဒေသ အတော်
    များများမှာ မွေးဖွားနှုန်း သိသိသာသာ
  • 3:54 - 3:55
    ကျဆင်းတာ တွေ့ခဲ့ရတယ်။
  • 3:56 - 4:00
    ဖြစ်နိုင်တာက ရာသီခွင်ကို
    ပြောင်းပြန် တွေးကြည့်သင့်တယ်၊
  • 4:00 - 4:04
    ကျားနဲ့ ဆိတ်နှစ်ဖွား ကလေးတွေဟာ အရမ်း
    နည်းတဲ့ ယှဉ်ပြိုင်မှုနဲ့ ကြုံမှာမို့လေ။
  • 4:04 - 4:06
    သူတို့ဟာ ကံကောင်းသူတွေ ဖြစ်လောက်တယ်။
  • 4:08 - 4:13
    Forbes ကမ္ဘာ့အချမ်းသာဆုံး
    ထိပ်တန်း ၃၀၀ ကိုရှာကြည့်လိုက်တော့
  • 4:13 - 4:15
    စိတ်ဝင်စားစရာ တွေ့ရတာက
  • 4:15 - 4:18
    မလိုချင်ဆုံး အကောင်နှစ်ကောင်
    ဆိတ်နဲ့ ကျားနှစ်ဖွားတွေဟာ
  • 4:18 - 4:20
    ဇယားရဲ့ ထိပ်ဆုံးမှာရှိနေတာပါ။
  • 4:21 - 4:22
    နဂါးနှစ်ဖွားထက်တောင် ပိုမြင့်နေတယ်။
  • 4:22 - 4:24
    ဒီတော့ ကျွန်မတို့ စဉ်းစားသင့်တာက
  • 4:24 - 4:28
    အပြိုင်အဆိုင် ပိုနည်းခြင်းဟာ
    အများကြီး ပိုကောင်းသလိုပဲ။
  • 4:28 - 4:30
    နောက်ဆုံး စိတ်ဝင်စားစရာ အချက်က
  • 4:30 - 4:33
    တရုတ်လူမျိုး များစွာဟာ ရာသီခွင်ရုပ်
    အညွှန်းကို အခြေခံပြီး
  • 4:33 - 4:36
    ရင်းနှီးမြှပ်နှံမှု ဆုံးဖြတ်ချက်ချကြတယ်။
  • 4:37 - 4:40
    ရာသီခွင်ရုပ်ရဲ့ ယုံကြည်မှုနဲ့ အစဉ်အလာဟာ
  • 4:40 - 4:42
    နှစ်ထောင်ချီ ကျော်လွန်ပြီဖြစ်ပေမဲ့
  • 4:43 - 4:46
    အဓိကကျတဲ့ ဆုံးဖြတ်ချက်တွေချရာမှာ
    ဒါကို သုံးလာမှု များလာတာကို
  • 4:46 - 4:50
    လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကျမှပဲ
    တကယ်လက်တွေ့ ဖြစ်လာခဲ့တာပါ။
  • 4:50 - 4:54
    ကျွန်မတို့ ဘိုးဘွားတွေဟာ ဆင်းရဲမှု၊
    မိုးခေါင်မှု၊အငတ်ဘေး၊ ဆူပူမှု၊ ရောဂါနဲ့
  • 4:54 - 4:58
    ပြည်တွင်းစစ်ကနေ ရှင်ကျန်ဖို့
    အလုပ်ရှုပ်နေခဲ့တာပါ။
  • 4:58 - 5:04
    နောက်ဆုံးမှာ တရုတ်လူမျိုးတွေမှာ
    သူတို့ အမြဲ လိုချင်ခဲ့တဲ့
  • 5:04 - 5:07
    စံပြ ဘဝ ဖန်တီးဖို့ အချိန်၊ ကြွယ်ဝမှု၊
    နည်းပညာ ရှိလာတယ်။
  • 5:08 - 5:11
    လူပေါင်း ၁.၃ ဘီလီယံလုပ်တဲ့
    စုပေါင်းဆုံးဖြတ်ချက်ဟာ
  • 5:11 - 5:16
    စီပွားရေးရာနဲ့ အရာရာလိုအပ်ချက်ဖြစ်တဲ့
    ကျန်းမာရေး စောင့်ရှောက်မှုနဲ့
  • 5:16 - 5:20
    ပညာရေးကနေ ချမ်းသာမှုနဲ့ လူသုံးကုန်ထိ
    အတက်အကျဖြစ်စေပါတယ်။
  • 5:21 - 5:26
    တရုတ်ပြည်ဟာ ကမ္ဘာ့စီးပွားရေးနဲ့ ပထဝီ
    နိုင်ငံရေးမှာ အရေးပါတဲ့ အခန်းကပါနေတော့
  • 5:26 - 5:30
    ရာသီခွင်နဲ့ အခြား တရုတ်ရိုးရာတွေကို
    အခြေခံတဲ့ ဆုံးဖြတ်ချက်တွေဟာ
  • 5:30 - 5:34
    တစ်ကမ္ဘာလုံးက လူတိုင်းကို အကျိုး
    သက်ရောက်ခြင်းဖြင့် အဆုံးသတ်ပါတယ်။
  • 5:35 - 5:37
    ဒီမှာ မျောက်နှစ်မွေးတွေရှိလား။
  • 5:38 - 5:41
    ၂၀၁၆ ဟာ မျောက်နှစ်ပါ။
  • 5:41 - 5:47
    မျောက်တွေဟာ တော်တယ်၊ စပ်စုတယ်၊
    ဖန်တီးတတ်ပြီး ဆော့တတ်တယ်လေ။
  • 5:47 - 5:48
    ကျေးဇူးတင်ပါတယ်။
  • 5:48 - 5:51
    (လက်ခုပ်သံများ)
Title:
ရှင်းလင်းပြထားတဲ့ တရုတ် ဆယ့်နှစ်ရာသီခွင် ။
Speaker:
ShaoLan Hsueh
Description:

ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံဟာ တရုတ် ဆယ့်နှစ်ရာသီခွင်ကို အတော်များများ အလေးထားကြပါတယ်။ သင့်အနေနဲ့ ဒါကို မယုံကြည်ဘူးဆိုတာတောင်မှ ဒါက ဘယ်လိုလုပ်ဆောင်တယ်ဆိုတာကို သိဖို့ အမြော်အြမင်ရှိရာကျပါလိမ့်မယ် လို့ဆိုလာသူကတော့ နည်းပညာရှင်နဲ့ စွန့်ဦးထွင်သမား ShaoLan Hseuh ပါ။ သူမရဲ့ ပျော်စရာ၊ အသိအြမင်ပေးတဲ့ ဟောပြောချက်ထဲမှာ ရှေးဟောင်း ရိုးရာဓလေ့ကို နားလည်ဖို့အတွက် အကြံပေးချက်တစ်ချို့ကို မျှဝေထားပြီး ဒါကနေ သတ်မှတ်ထားတဲ့ နှစ်တစ်နှစ်အတွင်း သင့်ရဲ့ ပင်ကိုယ်စရိုက်၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ အလားအလာတွေနဲ့ ကံကြမ္မာတွေကို လွှမ်းမိုးတယ်လို့ ယုံကြည်ကြပုံကို ရှင်းလင်းတင်ပြထားပါတယ်။ သင့်ရဲ့ ရာသီရုပ်က သင့်အကြောင်း ဘာတွေပြောလဲ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:04

Burmese subtitles

Revisions