Return to Video

ကလေးတွေအတွက် လွယ်ကူတဲ့ DIY ပရိုဂျက်များ

  • 0:01 - 0:03
    ကျွန်မဟာအလယ်တန်း နဲ့ အထက်တန်း
  • 0:03 - 0:05
    ကျောင်းသားများအတွက် ပစ္စည်းတွေကို
    မျှော်လင့်မရတဲ့
  • 0:05 - 0:08
    ပုံစံမျိုးဖြင့် သုံးပြီး နည်းပညာ
    စီမံကိန်းတွေ ပြုစုသူပါ။
  • 0:09 - 0:13
    ကျွန်မရဲ့ နေ့စဉ်ဘဝထဲက ပြဿနာတွေမှ
    စိတ်ကူးတွေကို ရရှိပါတယ်။
  • 0:13 - 0:14
    ဥပမာ ဆိုပါစို့၊
  • 0:14 - 0:18
    တစ်ခါက ပွဲတစ်ခုကို သွားရန် ကျွန်မဟာ
    ဝတ်စုံ လိုအပ်နေခဲ့တယ်၊
  • 0:18 - 0:20
    ဒါပေမဲ့ ကျွန်မ သိပ် မကုန်မကျ မခံချင်ခဲ့ပါ၊
  • 0:20 - 0:21
    ကိုယ့်ဘာသာ ချုပ်ခဲ့တယ်...
  • 0:23 - 0:25
    ဟောဒီမှာ မြင်ရတဲ့ အတိုင်းပဲလေ။
  • 0:25 - 0:26
    (ရယ်သံများ)
  • 0:27 - 0:28
    နောက် တစ်ခါကျတော့၊
  • 0:28 - 0:32
    ကျွန်မ အကြိုက်ဆုံး မိုဘိုင်း ဂိမ်း ဖြစ်တဲ့
    Flappy Bird
  • 0:32 - 0:33
    app store ထဲမှာ မရှိလို့
  • 0:33 - 0:35
    အကြီးအကျယ် စိတ်ပျက်နေခဲ့တယ်။
  • 0:35 - 0:37
    (ရယ်သံများ)
  • 0:37 - 0:38
    အဲဒါကြောင့် ပြဿနာကြီး ဖြစ်လာတာက
  • 0:38 - 0:42
    ကျွန်မဖုန်းကို ဘယ်တော့မှ အပ်ဒိတ် မလုပ်ဘဲ
    နေ၊ ဒါမှမဟုတ် Flappy Bird မကစားဘဲ နေမလား။
  • 0:42 - 0:44
    (ရယ်သံများ)
  • 0:45 - 0:47
    ရွေးချယ်စရာ နှစ်ခုစလုံးက
    စိတ်ပျက်စရာကြီးပါ။
  • 0:47 - 0:50
    ဒါနဲ့ ကျွန်မ လုပ်လို့ ရတဲ့ အရာ
    တစ်ခုကိုပဲ လုပ်ခဲ့တယ်။
  • 0:50 - 0:52
    App Store ကဘယ်တော့မှ ရုပ်သိမ်းမရနိုင်တဲ့
  • 0:52 - 0:54
    Flappy Bird ရုပ်ပိုင်း မူကွဲ ထုတ်ခဲ့တယ်။
  • 0:54 - 0:56
    (ရယ်သံများ)
  • 0:57 - 1:00
    (ဂီတ)
  • 1:02 - 1:04
    (အချက်ပေးသံ)
  • 1:05 - 1:07
    (ဂီတ)
  • 1:07 - 1:08
    (ရယ်သံများ)
  • 1:09 - 1:12
    ကျွန်မရဲ့ မိတ်ဆွေ တချို့ကလည်း အဲဒီဂိမ်း
    ကစားတာကို စွဲနေကြတာမို့လို့၊
  • 1:12 - 1:14
    သူတို့ကိုပါ ကစားရန် ဖိတ်ကြားခဲ့ပါတယ်။
  • 1:15 - 1:16
    (ဗီဒီယို) မိတ်ဆွေ - အာ!
  • 1:16 - 1:18
    (ရယ်သံများ)
  • 1:19 - 1:21
    (ဗီဒီယို) မိတ်ဆွေ - သောက်ကျိုးနဲ!
  • 1:21 - 1:22
    (ရယ်သံများ)
  • 1:22 - 1:26
    အဲဒါဟာ မူရင်း ဂိမ်းလိုဘဲ ဒေါသထွက်စရာ
    ဖြစ်ကြောင်း သူတို့က ဆိုကြတယ်။
  • 1:26 - 1:27
    (ရယ်သံများ)
  • 1:27 - 1:30
    ဒါနဲ့ အဲဒီပရိုဂျက်ကို ကျွန်မ
    အွန်လိုင်းမှာ တင်ပေးလိုက်ရာ
  • 1:30 - 1:33
    တောမီးလို ပျံ့သွားတာ အံ့ဩရာကြီးပဲ။
  • 1:33 - 1:36
    ရက်ပိုင်းအတွင်းမှာကို ကြည့်တဲ့သူ
    နှစ်သန်းကျော်ခဲ့တယ်။
  • 1:36 - 1:37
    (ရယ်သံများ)
  • 1:38 - 1:41
    လူတွေ ထင်မြင်ချက် ပေးကြတာကလည်း
    စိတ်ဝင်စားစရာ ကောင်းတယ်။
  • 1:41 - 1:43
    လူအများကြီးက သူတို့ ကိုယ်ပိုင်ဟာကို
    လုပ်လိုကြတယ်။
  • 1:43 - 1:45
    အဲဒါကို ဘယ်လို လုပ်တာလဲ
    မေးတာ ရှိကြတယ်။
  • 1:45 - 1:49
    ဖန်တီးရေး ပရိုဂျက်နဲ့ကနေ လူတွေကို
    စက်ပစ္စည်းတွေ အကြောင်းကို သင်လို့
  • 1:49 - 1:52
    ရနိုင်တယ်ဆိုတဲ့ ကျွန်မအတွေးကို
    အတည်ပြုချက်ပါ။
  • 1:52 - 1:55
    အဲဒီ ပျံ့သွားတဲ့ ဗီဒီယိုက
    ရလိုက်တဲ့ ငွေနဲ့
  • 1:55 - 1:57
    ကျွန်မတို့ အတန်းထဲက ကျောင်းသားတွေကို
  • 1:57 - 1:59
    ဘူးထဲမှာ ကိုယ်ပိုင် ဂိမ်း
    လုပ်နိုင်လာတယ်။
  • 2:00 - 2:01
    အဲဒါက တကယ့်စိန်ခေါ်မှုကြီး ဖြစ်ခဲ့ပေမဲ့
  • 2:01 - 2:05
    သူတို့ဟာ စက်ပစ္စည်း နဲ့ ပရိုဂရမ်
    ဆိုင်ရာ အတော်လေး သိနားလည် လာကြတယ်။
  • 2:05 - 2:08
    သူတို့ဟာ အဲဒီလို သင်ယူရတာကို
    သဘောကျလွန်းလို့ ဂိမ်းကို ပြီးခဲ့ကြတယ်။
  • 2:09 - 2:10
    (ရယ်သံများ)
  • 2:10 - 2:13
    အဲဒီ Flappy Bird Box မတိုင်မီတုန်းက
  • 2:13 - 2:19
    ကျောင်းသားတွေကို သင်ရာတွင် ဖန်တီးရေး
    စက်မှု ပရိုဂျက်တွေကို သုံးချင်ခဲ့တယ်။
  • 2:19 - 2:21
    ကျွန်မ အလယ်တန်းမှာ ပို့ချနေခဲ့စဉ်၊
  • 2:21 - 2:26
    ပုံမှန် နည်းပညာ ဘူးက ပစ္စည်းများဖြင့်
    ရိုဘော့စက်ရုပ် ဆောက်ခိုင်းခဲ့တယ်။
  • 2:26 - 2:29
    သူတို့ထဲက တော်တော်များများဟာ
    စိတ်ရှုပ်နေကြတာ သတိထားမိတယ်။
  • 2:29 - 2:31
    နောက်မှာတော့ တချို့က
    စက္ကူစတွေကို လာယူကြကာ
  • 2:31 - 2:33
    စက်ရုပ်တွေကို ဆင်ယင်ကြတယ်။
  • 2:33 - 2:35
    အဲဒီနောက်မှာ ပိုများတဲ့
    ကလေးတွေ ပါလာတယ်၊
  • 2:35 - 2:38
    သူတို့ဟာ ပရိုဂျက်ထဲကို တိုးတိုးပြီး
    စိတ်ဝင်စားလာကြတယ်။
  • 2:38 - 2:41
    ဒါနဲ့ ကျွန်မဟာ နည်းပညာတွေကို
    ကျောင်းသားတွေကို မိတ်ဆက်ပေးရန်
  • 2:41 - 2:43
    တီထွင်ရေး နည်းလမ်းတွေကို
    တိုးတိုးပြီး ရှာလာရတယ်။
  • 2:44 - 2:48
    ကျောင်းမှာ ရှိကြတဲ့ နည်းပညာ ဘူးတွေဟာ
  • 2:48 - 2:50
    နည်းနည်းလေး စိတ်ပျက်စရာ ကောင်းကြတယ်။
  • 2:50 - 2:53
    ၎င်းတို့ကို မိမိစိတ်ကြိုက် လုပ်ရန်
    မလွယ်တဲ့ ပလပ်စတစ်နဲ့ လုပ်ထားတာ။
  • 2:54 - 2:56
    ပိုဆိုးတာ ၎င်းတို့ အားလုံးဟာ
    ဈေးသိပ်ကြီးကြတယ်။
  • 2:56 - 2:59
    တစ်ဘူးတစ်ဘူးကို ဒေါ်လာ ရာချီ ပေးရတယ်။
  • 2:59 - 3:03
    ဒီတော့ အတန်းအတွက်
    ဘတ်ဂျက်နဲ့ မတတ်နိုင်တာ များပါတယ်။
  • 3:03 - 3:05
    အဆင်ပြေမှာကို ရှာမတွေ့တာနဲ့
  • 3:05 - 3:07
    ကိုယ့်ဘာသာကိုယ် လုပ်ရန်
    ကျွန်မ ဆုံးဖြတ်ခဲ့တယ်။
  • 3:07 - 3:10
    စက္ကူ နဲ့ အဝတ်စနဲ့ ကျွန်မ စတင်ခဲ့တယ်။
  • 3:10 - 3:13
    တကယ်တော့ ကျွန်မတို့ အားလုံး ကလေး
    ဘဝကတည်းက အဲဒီလို ကစားလာခဲ့ပြီး
  • 3:13 - 3:15
    ဈေးကလည်း အတော်ကလေး ချိုကာ
  • 3:15 - 3:18
    အိမ်တိုင်းမှာ ရှာတွေ့နိုင်တဲ့ဟာတွေပါ။
  • 3:18 - 3:20
    ကျွန်မဟာ စက္ကူ နဲ့ အဝတ်စနဲ့
  • 3:20 - 3:22
    ပြူဝိုင်းနေတဲ့ မျက်လုံးများဖြင့်
    လင်းလာမယ့် အကောင်ပုံစံ
  • 3:23 - 3:25
    ပရိုဂျက်ကို ကျောင်းသားတွေအတွက်
    စီစဉ်ပေးလိုက်တယ်။
  • 3:25 - 3:27
    သူတို့အားလုံး အတန်းထဲမှာ
    အချင်းချင်း ကူလုပ်ရင်း
  • 3:27 - 3:30
    ရယ်မောရင်း နဲ့ ပရိုဂျက်ကို
    ဆွေးနွေးနေခဲ့ကြတယ်။
  • 3:30 - 3:31
    ဒီနေရာမှာ အရေးကြီးဆုံးက
  • 3:31 - 3:34
    ပရိုဂျက်ထဲကို ကိုယ်ပိုင်
    ဖန်တီးမှုကို ထည့်နိုင်ခဲ့ခြင်းပါ။
  • 3:35 - 3:37
    အဲဒီပရိုဂျက် အောင်မြင်လာခဲ့လို့ ကျွန်မဟာ
  • 3:37 - 3:39
    ကျောင်းသားတွေကို စိန်ခေါ်နိုင်ရန်
    စက်ပစ္စည်းဆိုင်ရာ
  • 3:39 - 3:41
    ပရိုဂျက်တွေကို ဆက်ပြီးတီထွင်နေခဲ့တယ်။
  • 3:41 - 3:45
    ပြီးတော့ အဲဒီ အလုပ်ရုံတွေကိုလည်း
    ကျောင်း အပြင် ရပ်ကွက် အသိုင်းအဝိုင်း
  • 3:45 - 3:47
    ဆီကိုလည်း ထုတ်ယူသွားတယ်။
  • 3:47 - 3:49
    တကယ့်ကို စိတ်ဝင်စားစရာ ဖြစ်ပျက်လာတယ်။
  • 3:49 - 3:52
    ဘဝနောက်ခံ အမျိုးမျိုးရှိကြတဲ့
    လူတော်တော်များက ကျွန်မတို့
  • 3:52 - 3:55
    အလုပ်ရုံတွေကို လာကြတာ
    သတိထားမိတယ်။
  • 3:55 - 3:56
    အထူးသဖြင့်၊
  • 3:56 - 4:01
    ပုံမှန်အားဖြင့် သမရိုးကျ စက်မှုဆိုင်ရာ
    အလုပ်ရုံတွေမှာ တွေ့ဖို့ မျှော်လင့်မရတဲ့
  • 4:01 - 4:04
    အမျိုးသမီးတွေ နဲ့ တိုင်းရင်းသား
    လူနည်းစုလည်း လာကြတယ်။
  • 4:05 - 4:11
    ၂၀၁၆ ခုနှစ်တွင် နည်းပညာ ကုမ္ပဏီ တစ်ခုမှ
    လုပ်သား အစီရင်ခံစာကို ကြည့်ကြည့်ပါ။
  • 4:11 - 4:15
    အမျိုးသမီးတွေဟာ နည်းပညာ လုပ်အားထဲမှာ
    ၁၉ % ပဲ ရှိကြတယ်။
  • 4:15 - 4:19
    တိုင်းရင်းသား လူနည်းစုတွေဆိုရင်လည်း
    လေး ရာခိုင်နှုန်းဘဲ ရှိပါတယ်။
  • 4:19 - 4:21
    ရှင်တို့ အထက်တန်း ကျောင်းထဲက ရိုဘော့
    စက်ရုပ်
  • 4:22 - 4:25
    ဒါမှမဟုတ် စက်မှု အတန်းကို
    သွားကြည့်မယ် ဆိုရင်လည်း
  • 4:25 - 4:27
    အလားတူ အချိုးအစားကိုပဲ တွေ့ကြရမှာပါ။
  • 4:28 - 4:32
    နည်းပညာ အလုပ်သမားတွေ အကြားမှာ
    မျိုးမတူကွဲပြားမှု နည်းနေခြင်းကြောင့်
  • 4:32 - 4:36
    ပေါ်ပေါက်လာကြတဲ့ ပြဿနာ
    တွေက မျိုးစုံလှပါတယ်။
  • 4:36 - 4:38
    ဖြေရှင်းနည်း တစ်ခုမှာ ကျောင်းသားတွေကို
  • 4:39 - 4:43
    နည်းပညာတွေကို တီထွင်ကြံဆရေး ပရိုဂျက်များမှ
    တဆင့် မိတ်ဆက်ပေးရန် ဖြစ်ပါတယ်။
  • 4:44 - 4:47
    အဲဒါက အရာရာတိုင်းကို
    ဖြေရှင်းပေးမယ်လို့ မဆိုလိုပါ
  • 4:47 - 4:50
    ဒါပေမဲ့ သူ့ဘာသာသူ နည်းပညာကို ကျောင်းမှာ
  • 4:50 - 4:53
    တင်ဆက် ပို့ချပေးပုံကို စိတ်
    မဝင်စားကြသူတို့ကို
  • 4:53 - 4:56
    မိတ်ဆက်ပေးနိုင်တဲ့ နည်းဖြစ်လာနိုင်ပါတယ်။
  • 4:57 - 5:02
    ဒီတော့ နည်းပညာအား ခံယူမြင်ကြပုံကို
    ပြောင်းလဲဖို့ ဘယ်လို စတင်ကြမလဲ။
  • 5:02 - 5:07
    အဲဒါတွေဟာ ကျောင်းသား အများစုအတွက်
    စိတ်ညစ်စရာ ဒါမှမဟုတ် အလကားလို ထင်ကြလို့
  • 5:07 - 5:10
    ကျွန်မဟာ ပရိုဂျက်တွေကို ပြုစုရာတွင်
    အခြေခံမူ သုံးခုကို လိုက်နာပါတယ်။
  • 5:10 - 5:13
    ပထမအချက်က အခြေခံ နိမ့်ရန် လိုပါတယ်၊
  • 5:13 - 5:16
    ဒါမှ ပရိုဂျက်ကို လွယ်လွယ်နဲ့
    စတင်လို့ ရနိုင်မယ်။
  • 5:17 - 5:20
    ဒီတော့ ဒီ နည်းပညာ သင်တန်းကို ကြည့်ကြပါ။
  • 5:20 - 5:22
    ကျောင်းသားတွေကို လေ့လာရန်
    ကျွန်မတို့ ပထမဆုံး
  • 5:22 - 5:24
    စက္ကူပေါ်မှာ ပတ်လမ်းကို လုပ်ခိုင်းတာပါ။
  • 5:24 - 5:27
    တွေ့နိုင်သလို သင်ယူဖို့
    အချိန် အများကြီး မလိုပါ။
  • 5:27 - 5:29
    စလုပ်သူအတွက်တောင်
    အတော်ကလေး လွယ်ပါတယ်။
  • 5:30 - 5:34
    အခြေခံနိမ့်တယ် ဆိုတော့ ကျွန်မတို့ဟာ
    ပရိုဂျက် မပြီးစီးအောင် ဟန့်တားတတ်တဲ့
  • 5:34 - 5:37
    ဘဏ္ဍာရေး အတားအဆီးကို
    ဖယ်ရှား ပေးလိုက်ကြပါတယ်။
  • 5:37 - 5:41
    ဒီတော့ စက္ကူ၊ ကြေးနီ တိပ်ခွေ၊
    မီးလုံး နဲ့ ဘက်ထရီရှိရင်
  • 5:41 - 5:45
    လူတွေ ဒီပရိုဂျက်ကို တစ်ဒေါ်လာနဲ့
    ပြီးအောင် လုပ်နိုင်ကြတယ်။
  • 5:45 - 5:49
    ဒုတိယ အခြေခံမူက
    အမိုးမြင့်မားရန် လိုပါတယ်။
  • 5:49 - 5:52
    ကြီးထွားဖို့အတွက် နေရာတွေ
    လုံလုံလောက် ရှိရန် လိုတယ်၊
  • 5:52 - 5:54
    ကျောင်းသားတွေဟာ တချိန်လုံး
    စိန်ခေါ်ခံကြရတယ်။
  • 5:55 - 5:58
    အစပိုင်းတွင် လင်းလာနိုင်တဲ့
    အကောင် ဖြစ်နိုင်တယ်၊
  • 5:58 - 6:01
    အဲဒီနောက်မှာတော့ အာရုံခံကိရိယာ
    တွေနဲ့ မိုက်ခရို ထိန်းစက်တွေ
  • 6:01 - 6:05
    ပါလာနိုင်ကာ အကောင်ကို ပတ်ဝန်းကျင်အား
    တုံ့ပြန်နိုင်အောင် ပရိုဂရမ် လုပ်နိုင်တယ်။
  • 6:05 - 6:06
    (ရယ်သံများ)
  • 6:06 - 6:07
    နောက်ဆုံး ဖြစ်တဲ့
  • 6:07 - 6:10
    တတိယ အခြေခံမူက စိတ်တိုင်းကျ
    စီမံလုပ်ယူရန် ဖြစ်တယ်။
  • 6:10 - 6:15
    ဒီတော့ ဒီလို ပရိုဂျက်ကို ဘယ်သူအတွက်မဆို
    ရည်ရွယ် လုပ်ပေးနိုင်တယ်။
  • 6:15 - 6:17
    နေ့စဉ်သုံး ပစ္စည်းတွေကို
    သုံးနိုင်ခြင်းက သိပ်ကောင်း၊
  • 6:17 - 6:21
    စက္ကူ နဲ့ အဝတ်စကို မိမိစိတ်တိုင်းကျ
    လုပ်ရတာ သိပ်ကို လွယ်ပါတယ်။
  • 6:21 - 6:24
    ရှင်တို့က Flappy Bird ကို မကြိုက်
    တောင်မှ ရှင်တို့ရဲ့ စိတ်ကြိုက်
  • 6:24 - 6:26
    ဂိမ်းကို ထုတ်လုပ်နိုင်ကြတယ်။
  • 6:27 - 6:30
    (ဗီဒီယို)ကျောင်းသား- ဂိမ်းက
    Justin Bieber အကြောင်းပါ
  • 6:30 - 6:33
    သူက အရမ်းမြန်လို့ သူ့ကို LAPD မှ နေပြီး
  • 6:33 - 6:37
    ဖမ်းမမိရေးက ကျွန်တော်တို့ လုပ်ကိုင်ရမယ့်
    ရည်ရွယ်ချက် ဖြစ်တယ်--
  • 6:37 - 6:40
    (ရယ်သံများ)
  • 6:40 - 6:42
    (ဗီဒီယို) ကျောင်းသား- သူကပါ
    လိုက်ပြောင်းနေတော့
  • 6:42 - 6:44
    ကျွန်တော်တို့ကပါ သူနဲ့ အတူတူ ရှိနေတယ်။
  • 6:44 - 6:46
    (ရယ်သံများ)
  • 6:46 - 6:48
    ကျေးဇူးတင်ပါတယ်။
  • 6:48 - 6:50
    (လက်ခုပ်သံများ)
Title:
ကလေးတွေအတွက် လွယ်ကူတဲ့ DIY ပရိုဂျက်များ
Speaker:
Fawn Qiu
Description:

TED ကို လာနေကျဖြစ်တဲ့ Fawn Qiu ဟာ ကလေးတွေကို စက်မှုနည်းပညာတွေကို မိတ်ဆက်ပေးရန် စက္ကူ နဲ့ ပိတ်စတွေလို အားလုံးသိကြတဲ့ ပစ္စည်းတွေကို သုံးပြီး ပျော်ရွှင်စရာ စရိတ်ကျဉ်း ပရိုဂျက်တွေကို ပြုစုတတ်ပါတယ်။ တိုပေမဲ့ သိကောင်းစရာ အများကြီးပါတဲ့ ဒီဟောပြောချက်မှာ သူမဟာ သူမရဲ့ သမရိုးကျ မဟုတ်တဲ့ အလုပ်ရုံတွေက နည်းပညာအား ခံယူနားလည်မှုကို ပြောင်းလဲပစ်လိုက်ကာ ကျောင်းသားတွေကို အဲဒါတွေကို ဖန်တီးမှုထဲ ပါဝင်လာအောင် လှုံ့ဆော်ပေးနိုင်ပုံကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
07:03

Burmese subtitles

Revisions