Return to Video

မာခရိုကို ချီးကျူးပါရစေ၊ ဟုတ်ကဲ့ အာဖရိကမှာ ထောက်ပံ့ချင်ရင် မာခရိုသာ ဖြစ်သင့်တယ်

  • 0:01 - 0:07
    ကြီးထွားရေးဆိုင်ရာ သမရိုးကျ ညွှန်းချက်တွေဟာ
    အာဖရိက တိုက်ထဲမှာ သိပ် အလုပ်မဖြစ်ပါ။
  • 0:07 - 0:11
    လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် အတွင်းမှာ
  • 0:11 - 0:13
    အာဖရိကတိုက် ဖွံ့ဖြိုးရေးအတွက် ရခဲ့တဲ့
    အကူအညီတွေ ဒေါ်လာ တဘီလီယံ ရှိခဲ့ပေမဲ့၊
  • 0:13 - 0:18
    ဒီနေ့တွင် လူတဦးချင် ဝင်ငွေဟာ
    ၁၉၇၀ ပြည့်နှစ်များတုန်းက ထက်ကို နိမ့်ကျနေတယ်။
  • 0:19 - 0:21
    ကူညီမှုတွေရဲ့ အခြေအနေဟာလည်း
    သိပ်မကောင်းပါ။.
  • 0:21 - 0:23
    ဒါကို တုံ့ပြန်လျက်၊
  • 0:23 - 0:27
    Bretton Woods ဌာနများ ဖြစ်ကြတဲ့ --
    IMF နဲ့ World Bank တို့က--
  • 0:27 - 0:30
    အကူအညီအစား လွတ်လပ်တဲ့ ကုန်သွယ်မှု
    အတွက် အားထုတ်လာကြတယ်၊
  • 0:30 - 0:34
    လွတ်လပ်တဲ့ ကုန်သွယ်မှုက စီးပွားရေး
    ကြီးထွားရေးဆီကို ရှေ့ရှုကြောင်း
  • 0:34 - 0:39
    သမိုင်းဝင် လက်တွေ့အထားတွေ မရှိတာတောင်
    ကြိုးစားနေကြတယ်။
  • 0:39 - 0:42
    အသစ်စက်စက် ကြေညာလိုက်တဲ့
    အထူးလက်နက်က အသေးစားငွေချေးမှုပါ။
  • 0:42 - 0:46
    ကြည့်ရတာ၊ အာဖရိက တိုက်ထဲက ဆင်းရဲတဲ့
    လယ်သမားတိုင်းဟာ စီးပွားရေးကို
  • 0:46 - 0:50
    စွန့်စား လုပ်ကိုင်လိုကြသူတွေပဲဆိုတဲ့
    စိတ်ကူးယဉ်လိုနေခဲ့ကြပါတယ်။
  • 0:50 - 0:52
    (ရယ်မောသံများ)
  • 0:53 - 0:59
    အာဖရိကထဲက နိုင်ငံ ၄၀ ကျော်ကို
    လှည့်လည်ခဲ့ကာ အလုပ်လုပ်ခဲ့တဲ့
  • 0:59 - 1:04
    ကျွန်တော် နားလည်မိတာက လူတွေဟာ
    အလုပ်ကို လိုချင်နေကြတာပါ။
  • 1:04 - 1:07
    ကျွန်တော့အဖြေက အသေးစား လုပ်ငန်းရှင်တွေကို
    မေ့ပစ်လိုက်ကြပါ။
  • 1:07 - 1:11
    ဆူဒန်နိုင်ငံထဲ Mo Ibrahim လို
    အာဖရိက တတိုက်လုံးအတွက်
  • 1:11 - 1:15
    ဧရာမ လုပ်ငန်းရှင်ကြီးတွေထဲကို
    ငွေတွေရင်းနှီးဖို့ လိုတယ်။
  • 1:15 - 1:21
    Mo ဟာ လုံးဝအမြင်တမျိုးရှိခဲ့သူ ဖြစ်တာမို့လို့ ၉၈ ခုနှစ်ထဲ
    Celtel International ကိုထူထောင်ခဲ့တာပါ။
  • 1:21 - 1:24
    မိုဘိုင်း ဆယ်လူလာ စီမံပေးတဲ့
    ကုမ္ပဏီဖြစ်ခဲ့ရာ
  • 1:24 - 1:31
    ၂၀၀၄ ခုနှစ် အရောက်တွင် အာဖရိက ၁၄ နိုင်ငံထဲမှာ
    မှာယူသုံးစွဲသူ ၂၄ သန်း ရှိလာခဲ့ပါတယ်။
  • 1:32 - 1:36
    Mo ရဲ့ ပုံစံဟာဖြင့် ထိရောက်စွာ ရောနှော ဆက်ဆံမှုတွေ နဲ့
    အသိပညာ ဖလှယ်မှုကို ဟန့်တားတဲ့
  • 1:36 - 1:40
    လူတိုင်း လုပ်ငန်းရှင်ဖြစ်နိုင်တယ်ဆိုတဲ့
    ပုံစံနဲ့စာရင် ပိုကောင်းဖို့များပါတယ်။
  • 1:40 - 1:42
    ကျွန်တော်တို့ အာဖရိတိုက်ရဲ့
    လက်ရှိအဆင့်ဟာဖြင့်
  • 1:42 - 1:48
    လုပ်ကိုင်ကြသူတွေ နဲ့ အသေးစား လုပ်ငန်းရှင်တွေ
    ပြိုင်ဆိုင်ရင်း ကြီးထွားလာမယ့်ပုံ မဟုတ်သေးပါ။
  • 1:48 - 1:51
    ဒီလို ရွေးချယ်စရာ ဇာတ်ညွှန်း
    နှစ်မျိုးကို စဉ်းစားကြည့်ပါ။
  • 1:54 - 1:57
    နံပါတ်တစ်က ခင်ဗျားဟာ ငှက်ပျောသီး ထုတ်လုပ်သူ
    တဦးချင်းစီအား ဒေါ်လာ ၂၀၀ ထုတ်ချေးပေးကာ၊
  • 1:57 - 2:00
    သူတို့ရဲ့ ပိုလျှံနေတဲ့ ငှက်ပျော်သီးတွေကို
    အခြောက်လှန်းခွင့် ဖန်တီးပေးလိုက်တယ်၊
  • 2:00 - 2:04
    ပြီးတော့ ဒေသန္တရ ဈေးကွက်ထဲကို
    အခွန်တွေ ၁၅ ရာခိုင်နှုန်း ပိုစုစည်းပေးနိုင်ခဲ့တယ်။
  • 2:04 - 2:10
    နံပါတ် နှစ်က ခင်ဗျားဟာ တော်တဲ့ လုပ်ငန်းရှင်
    တဦးအား ဒေါ်လာ ၂၀၀ ထုတ်ချေးပေးတယ်၊
  • 2:10 - 2:16
    ပြီးတော့ ငှက်ပျောသီး
    ထုတ်လုပ်ကြသူ ၅၀၀ စလုံးတို့ရဲ့
  • 2:16 - 2:21
    ဝင်ငွေကို ၄၀ % တိုးပေးနိုင်ကာ အလုပ်နေရာသစ်
    ၅၀ ကို ဖန်တီးပေးနိုင်တယ်။
  • 2:22 - 2:24
    ကျွန်တော်တို့ဟာ
    ဒုတိယ ဇာတ်ညွှန်းကို ရွေးခဲ့ကြလို့
  • 2:24 - 2:29
    ၂၆ နှစ်အရွယ် ကင်ညာ လုပ်ငန်းရှင်
    Eric Muthomi ကို ကူညီခဲ့ကာ
  • 2:29 - 2:33
    Stawi ခေါ် စေးပျစ်အသားဓာတ်မဲ့
    ငှက်ပျောသီး ဂျုံမှုန့် နဲ့ ကလေးစာကို ထုတ်လုပ်မယ့်
  • 2:33 - 2:37
    လယ်ယာ ထွက်ကုန် စီမံမွမ်းမံရေး စက်ရုံ
    ဆောက်လုပ်နိုင်အောင် ကူညီခဲ့ကြတယ်။
  • 2:38 - 2:41
    Stawi ဟာ စီးပွားရေးကို အကြီးစား စကေးဖြင့်
    လုပ်ကိုင်နေကာ
  • 2:41 - 2:46
    ခေတ်ပေါ် ထုတ်လုပ်ရေး စနစ်တွေကို သုံးနေလို့
    ၎င်းရဲ့ ပိုင်ရှင်များအတွက်သာမက၊
  • 2:46 - 2:49
    အဲဒီလုပ်ငန်းကို လုပ်သားများပါ ပိုင်ဆိုင်ကြလို့
    တန်ဖိုး အသစ်တွေကို ဖန်တီးနေပါတယ်။
  • 2:51 - 2:57
    ကျွန်တော်တို့ရဲ့ စိတ်ကူးက အဲဒီလို Eric Muthomi
    တစ်ယောက်ကို ရှာလျက် Mo Ibrahim ဖြစ်လာအောင်
  • 2:57 - 3:02
    လိုအပ်တဲ့ ကျွမ်းကျင်မှုများ၊ ဘဏ္ဍာငွေများ၊
    ဒေသန္တရ နဲ့ ကမ္ဘာ့ စီးပွားဖက်များဖြင့် ကူညီပေးရန်ပါ။
  • 3:02 - 3:05
    အောင်မြင်ဖို့ မကြုံစဖူး ဇွဲနဘဲနဲ့
    လုပ်ကိုင်ရန်လည်း လိုအပ်ပါသေးတယ်။
  • 3:05 - 3:07
    ဘာဖြစ်လို့ အာဖရိက တတိုက်လုံးအတွက်လို့
    ပြောနေရတာလဲ။
  • 3:08 - 3:12
    ၁၈၈၄ ခုနှစ် ဘာလင် ကွန်ဖရင့်တုန်းက
    အာဖရိကတိုက် အတွက် အားထုတ်မှုတွေ နောက်မှာ၊
  • 3:12 - 3:17
    ပွင့်လင်းစွာ ပြောရရင်၊ ကျွန်တော်တို့
    အာဖရိကသားတွေကို ဘယ်လိုမှ မမေးမြန်းခဲ့ကြပါ၊
  • 3:17 - 3:22
    (ရယ်မောသံများ) (လက်ခုတ်သံများ) --
  • 3:24 - 3:26
    နိုင်ငံတွေ အစိတ်စိတ် အမွှာမွှာ
    ကွဲပြားသွားကြလို့
  • 3:26 - 3:29
    လူဦးရေ နည်းနည်းလေးသာ ရှိကြတဲ့
    အချုပ်အချာ နိုင်ငံတွေ အများကြီးပေါ်လာခဲ့ကြတယ်၊
  • 3:29 - 3:32
    Liberia ဆိုရင် လေးသန်း၊
    Cape Verde ကျတော့ 500,000 မျှသာ။
  • 3:32 - 3:34
    ဒါပေမဲ့ အာဖရိက တတိုက်လုံး ယူလိုက်ရင်
    လူဦးရေ တဘီလီယံ ရှိပါမယ်၊
  • 3:34 - 3:38
    ၎င်းတို့ဟာ နိုင်ငံပေါင်း ၅၅ နိုင်ငံမှာ နေထိုင်နေကြကာ
    အတားအဆီး အဟန့်အတားတွေ ကိုယ်စီနဲ့ပေါ့လေ၊
  • 3:38 - 3:42
    ဒါပေမဲ့ ဥရောပသားတွေက ကျွန်တော်ကို ဝိုင်းပြီး
    စည်းကို ရေးဆွဲမပေးခင်တုန်းက
  • 3:42 - 3:44
    ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဟာ တိုက်ကြီးထဲမှာ
    ကုန်ကူးခဲ့ကြတယ် မဟုတ်လား။
  • 3:44 - 3:48
    ဒီတော့ အာဖရိကတိုက်ရဲ့ အခွင့်အလမ်းတွေဟာ
    ရှိနေကြတဲ့ စိန်ခေါ်မှုတွေ ကာမိရုံသမာက၊
  • 3:48 - 3:51
    အဲဒါကြောင့်မို့လို့ Stawi ရဲ့ ဈေးကွက်ကို
    ကင်ညာနိုင်ငံမှ နေပြီး
  • 3:51 - 3:56
    အယ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား၊ ဂါနာ စသဖြင့် အဲဒီ
    အစာတွေကို ဝယ်မယ့် ဘယ်နိုင်ငံကိုမဆို တိုးချဲ့ရပါမယ်။
  • 3:56 - 4:00
    အစားအစာ လုံခြုံရေး၊ လယ်သမားတွေကို အသိပညာ
    တပ်ဆင်ပေးရေး၊ အလုပ်နေရာတွေ ဖန်တီးပေးရန်၊
  • 4:00 - 4:04
    ဒေသထဲက စီးပွားရေး တိုးတက်လာစေရန် အားထုတ်လျက်
    ဒီလိုလုပ်ရင်း ကြွယ်ဝလာကြမှာကို မျှော်လင့်လိုပါတယ်။
  • 4:04 - 4:06
    ဒီချဉ်းကပ်မှုက စွဲမက်ဖွယ်ရာ
    အကောင်းဆုံး မဟုတ်တောင်၊
  • 4:06 - 4:08
    အမျိုးသမီး တယောက်အနေနဲ့ kiva.org မှာ
    ဆိတ်တကောင်ကို ဝယ်နိုင်ဖို့ ဒေါ်လာ ၁၀၀ ကို
  • 4:08 - 4:12
    ပေးလိုက်တာမျိုးလို စိတ်ထဲ ခံစားရမှုမျိုး
    မရှိတောင်၊
  • 4:12 - 4:16
    တက်တက်ကြွကြွ ထိထိရောက်ရောက်
    လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းရှင် အနည်းငယ်ကို ကူပေးလျက်
  • 4:16 - 4:19
    အာဖရိက တတိုက်လုံး စကေးရှိမယ့်
    လုပ်ငန်းကြီးတွေကို တည်ဆောက်နိုင်အောင်
  • 4:19 - 4:22
    ကူပေးမှုက ဒီအခြေအနေကို ပြောင်းလဲအောင်
    ကူပေးနိုင်ဖွယ် ရှိပါတယ်။
  • 4:22 - 4:27
    ကျွန်တော်တို့ရဲ့ အရင့်အရင်လူတွေ ဆင်နွှဲခဲ့ကြတဲ့
    လွတ်လပ်ရေး တိုက်ပွဲဟာ
  • 4:27 - 4:31
    စီးပွားရေး လွတ်လပ်မှု မရှိရင်
    ဘာမှ အဓိပ္ပါယ် မရှိနိုင်ပါ။
  • 4:31 - 4:34
    ကျွန်တော်တို့ဟာ ကမ္ဘာ့အဆင့်မီ လုပ်ငန်းကြီးတွေကို
    ထူထောင်ပေးခြင်းဖြင့်၊
  • 4:34 - 4:37
    ဒေသထဲမှာ ဓနဥစ္စာများကို ဖန်တီးပေးခြင်းဖြင့်၊
  • 4:37 - 4:39
    ကျွန်တော်တို့ သိပ်ကို လိုအပ်နေတဲ့
    အလုပ်နေရာအသစ်တွေကို ဖန်တီးပေးခြင်းဖြင့်၊
  • 4:39 - 4:42
    အဲဒီ စီးပွားရေး လွတ်လပ်ရေး တိုက်ပွဲကို
    ပံ့ပိုးပေးနိုင်ခြင်းဖြင့်၊
  • 4:42 - 4:45
    အဲဒါတွေအားလုံးကို ရရှိအောင် ကူညီပေးနိုင်မယ်လို့
    မျှော်လင့်လိုပါတယ်။
  • 4:46 - 4:49
    အာဖရိကဟာ မြင့်တက်လာမှာပါ။
  • 4:49 - 4:50
    ကျေးဇူးတင်ပါတယ်။
  • 4:50 - 4:56
    (လက်ခုပ်သံများ)
  • 4:57 - 5:01
    Tom Rielly: ဒီမှာ Sangu ပြောလိုက်ပုံက
    အားရစရာကြီးပါပဲ။
  • 5:01 - 5:04
    ခင်ဗျားဟာ အသေးစား ငွေချေးမှုကို
    ၁၀၀ ရာနှုန်းပြည့် ဆန့်ကျင်နေကာ
  • 5:04 - 5:09
    ပုံမှန် ရင်းနှီးမှု နဲ့ ကြီးကြီးမားမား ရင်းနှီးမှုတွေကို
    ထောက်ခံနေတယ်။
  • 5:09 - 5:11
    အဲဒါတွေထဲမှာ အသေးစား ငွေချေးမှုအတွက်
    နေရာ တစုံတခု ရှိနိုင်တယ်လို့ ခင်ဗျား ထင်သလား?
  • 5:11 - 5:14
    Sangu Delle: ဟုတ်ကဲ့၊ အဲဒီလို ကဏ္ဍ
    ရှိတယ် ထင်ပါတယ်။
  • 5:14 - 5:16
    အသေးစားငွေချေးမှုဟာ ဧရာမ ဆန်းသစ်တဲ့
    နည်းလမ်းပါ၊
  • 5:16 - 5:20
    ပီရမစ်ရဲ့ အောက်ခြေရှိ လူတွေ ဘဏ္ဍာငွေတွေ
    ရရှိနိုင်တဲ့ အခွင့်အလမ်းကို တိုးချဲ့ပေးပါတယ်။
  • 5:20 - 5:22
    ဒါပေမဲ့၊ ကျွန်တော်တို့ အာဖရိက တိုက်ထဲ
    တွေ့မြင်နေရတဲ့ ပြဿနာတွေ အတွက်၊
  • 5:22 - 5:24
    စစ်မက်တွေကြောင့် စုတ်ပြတ်နေခဲ့တဲ့
    ဥရောပတိုက်ကို အသက်ပြန်သွားဖို့ သုံးခဲ့တဲ့
  • 5:24 - 5:26
    Marshall Plan ကို ကြည့်ကြည့်မယ်ဆိုရင်၊
  • 5:26 - 5:28
    ပေးလှူခဲ့ကြတဲ့ သိုးကောင်တွေနဲ့သာ
    ပြည့်နေခဲ့တာ မဟုတ်ခဲ့ပါဘူး။
  • 5:28 - 5:30
    ကျွန်တော်တို့ဟာ အသေးစား ငွေချေးမှုထက်
    ပိုမိုပြီး လိုအပ်နေပါတယ်။
  • 5:30 - 5:32
    ဒေါ်လာ ၂၀၀ ပေးရုံသက်သက်ထက် ပိုပြီး
    ကျွန်တော်တို့ လိုအပ်နေပါတယ်။
  • 5:32 - 5:35
    ကျွန်တော်တို့ဟာ လုပ်ငန်းကြီးတွေကို ထူထောင်ရန်၊
    ပြီးတော့ အလုပ်နေရာသစ်တွေ လိုအပ်တယ်။
  • 5:35 - 5:37
    TR: သိပ် မှန်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။
  • 5:37 - 5:40
    (လက်ခုပ်တီးသံများ)
Title:
မာခရိုကို ချီးကျူးပါရစေ၊ ဟုတ်ကဲ့ အာဖရိကမှာ ထောက်ပံ့ချင်ရင် မာခရိုသာ ဖြစ်သင့်တယ်
Speaker:
Sangu Delle
Description:

တိုလှပေမဲ့၊ ကျွန်တော်တို့ကို ဆွပေးထားတဲ့ ဒီဟောပြောချက်ထဲမယ် ဘဏ္ဍာရေး ပညာရှင် Sangu Delle က အသေးစား လုပ်ငန်းရှင်တွေကို အသေးစား ချေးငွေ ထုတ်ပေးမှုဟာ ဖွံ့ဖြို့းဆဲနိုင်ငံတွေမှာ စီးပွားရေး ကြီးထွားလာစေဖို့အတွက် အကောင်းဆုံး နည်းလမ်းလား ဆိုတာကို မေးခွန်း ထုတ်ထားပါတယ်။ "အာဖရိက တိုက်ထဲက ဆင်းရဲသားတိုင်းဟာ လုပ်ငန်းရှင်တွေပဲ ဆိုပြီး ကျွန်တော် ပုံသ​ေထင်နေကြတာ လွဲမှားနေတယ်လို့ သူက ဆိုပါတယ်။ "ကျွန်တော်ရဲ့ လုပ်ငန်းအတွေ့အကြုံ အရဆိုရင် လူတွေ အများဆုံး လုနေကြတာက အလုပ်တွေပါ။” TED ထဲတက်ကြွစွာ ပါဝင်နေသူ Delle က အကြီးစား ကုမ္ပဏီတွေ နဲ့ စက်ရုံတွေကို အားပေးလျက် အာဖရိက တတိုက်လုံးမှာ ကုန်သွယ်ရေး အတွက် ရှိနေကြတဲ့ အဟန့်အတားတွေကို ဖယ်ရှားပစ်ရန် တိုက်တွန်းထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
05:53

Burmese subtitles

Revisions