Return to Video

စူပါ ဂလူး တီထွင်ခဲ့ပုံ |Moments of Visoin 8 - Jessica Oreck

  • 0:06 - 0:13
    စိတ်ကူး တဒင်္ဂကာလ...
  • 0:13 - 0:17
    ၁၉၄၀ နှစ်လွန်တွေပါ၊ ဒုတိယကမ္ဘာရဲ့
    အထွတ်အထိပ်၊ Rochester၊ New York မှာပါ၊
  • 0:17 - 0:22
    Harry Coover လို့ ခေါ်တဲ့ ဓာတုဗေဒပညာရှင်ဟာ
    Eastman Kodak အတွက် သုတေသနလုပ်နေတုန်းပါ။
  • 0:22 - 0:24
    သူနဲ့ သူ့အဖွဲ့ဟာ စစ်တပ်အတွက် တိကျတဲ့
  • 0:24 - 0:27
    သေနတ်ချိန်ပေါက်တွေ ထုတ်လုပ်ဖို့
    ပလပ်စတစ်အကြည်တစ်ခု ရှာနေပါတယ်။
  • 0:27 - 0:30
    cyanoacrylates လို့ခေါ်တဲ့ ဓာတုပစ္စည်း
    တွေရဲ့ မျိုးတူတစ်ခုနဲ့ စတင်ခဲ့ပေမဲ့
  • 0:30 - 0:32
    အင်မတန် စိတ်တိုစရာအဖြစ် တွေ့ရတာက
  • 0:32 - 0:37
    ဓာတုပစ္စည်းတွေဟာ အရာတိုင်းမှာ
    အသေကပ်သွားတာပါ။
  • 0:37 - 0:40
    cyanoacrylates ကို လွှတ်ပစ်လိုက်ရတယ်။
  • 0:40 - 0:44
    စစ်ပြီးတော့ Coover ဟာ Tennessee က
    Kodak ရဲ့ ဓာတုစက်ရုံမှာ အလုပ်လုပ်နေတယ်။
  • 0:44 - 0:46
    ဒီအကြိမ်မှာ သူနဲ့ သူ့အဖွဲ့ဟာ ဂျက်လေယာဉ်
  • 0:46 - 0:49
    အမိုးတွေအတွက် အပူခံ ပိုလီမာတွကို
    သုတေသနလုပ်နေတယ်။
  • 0:49 - 0:53
    cyanoacrylates တွေကို စမ်းကြည့်ပေမဲ့
    အင်မတန် စိတ်ပျက်စရာ တွေ့လိုက်ရတာက
  • 0:53 - 0:56
    ဓာတုပစ္စည်းတွေဟာ အရာတိုင်းမှာ
    အသေကပ်သွားတာပါ။
  • 0:56 - 1:00
    တစ်ဖန် cyanoacrylates ကို
    လွှတ်ပစ်လိုက်ရတယ်။
  • 1:00 - 1:03
    ဒါပေမဲ့ Coover စိတ်ကူးတဒင်္ဂကာလမှာ
    သိလိုက်တာက
  • 1:03 - 1:06
    လုပ်ကိုင်ရာမှာ စိတ်တိုစရာကောင်းလှတဲ့
    ဒီဓာတုပစ္စည်းတွေရဲ့အရည်အသွေးဟာ
  • 1:06 - 1:09
    ၎င်းတို့ကို တန်ဖိုးရှိစေတာနဲ့
    တစ်ထပ်တည်းဆိုတာပါ။
  • 1:09 - 1:14
    သူဟာ မူပိုင်ခွင့်တင်ပြီး စူပါဂလူးကို
    စတင် စျေးကွက်တင်လိုက်တယ်။
  • 1:14 - 1:15
    နှစ်တွေကြာအပြီး ဗီယက်နမ် စစ်အတွင်းမှာ
  • 1:15 - 1:18
    ပြဲနေတဲ့ အနာပေါ်မှာ စူပါဂလူးသုံးခြင်းက
  • 1:18 - 1:21
    ချက်ချင်း သွေးတိတ်ကာ အသက်များစွာကို
    ကယ်ပေးတာကို
  • 1:21 - 1:23
    စစ်ဆရာဝန်တွေ တွေ့ရှိသွားတယ်။
  • 1:23 - 1:27
    ယနေ့ ဆေးဘက် အဆင့်ရှိ စူပါဂလူးတွေဟာ
    ခွဲစိတ်မှုမှာ သုံးဆဲဖြစ်ပြီး
  • 1:27 - 1:30
    မရှိမဖြစ်နီးပါး အိမ်သုံးပစ္စည်းတစ်ခုလည်း
    ဖြစ်ပါတယ်။
Title:
စူပါ ဂလူး တီထွင်ခဲ့ပုံ |Moments of Visoin 8 - Jessica Oreck
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/how-super-glue-was-invented-moments-of-vision-8-jessica-oreck တွင်ကြည့်ရှုပါ။

ယနေ့မှာ စူပါဂလူးဟာ မရှိမဖြစ်နီးပါး အိမ်သုံးပစ္စည်းတစ်ခုပါ။ ဒါပေမဲ့ ၎င်းရဲ့ မယုံနိုင်စရာကောင်းလောက်အောင် စေးကပ်လှတဲ့ သဘာဝဟာ တီထွင်ဖန်တီးမှုအဆင့်မှာ နှစ်ခါတိုင်အောင် စွန့်ပစ်ခံရလုနီးပါးဖြစ်စေခဲ့တာပါ။ ကျွန်ုပ်တို့ရဲ့ Moments of Vision’ အတွဲရဲ့ ဒီအဌမမြောက် တင်ဆက်မှုမှာ Jessica Oreck ကနေပြီး ဒီစေးကပ်တဲ့ အရာဝတ္ထုရဲ့ စစ်ကာလ မူလဇာစ်မြစ်ကို မျှဝေထားပါတယ်။

သင်ခန်းစာနဲ့ လှုပ်ရှားရုပ်ပုံများကို Jessica Oreck က ဖန်တီးပြုစုထားပါသည်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
01:54

Burmese subtitles

Revisions