Return to Video

စိတ်ဖိစီးမှုက ကိုယ်ခန္ဓာကို ထိခိုက်ပုံ။ Sharon Horesh Bergquist

  • 0:09 - 0:11
    စာတွေ တွန်းကျက်နေတာလား။
  • 0:11 - 0:14
    ကိုယ့်မှာရှိတဲ့ အချိန်ထက်
    ပိုပြီးဖို့ ကြိုးစားလုပ်နေတာလား။
  • 0:14 - 0:20
    စိတ်ဖိစီးမှုက စိန်ခေါ်ခံရတာ (သို့) ဖိစီးခံ
    ရတဲ့အခါ အားလုံး ကြုံရတဲ့ ခံစားချက်တစ်ခုပါ။
  • 0:20 - 0:22
    ဒါပေမဲ့ စိတ်ခံစားမှုတစ်ခုထက် ပိုတယ်။
  • 0:22 - 0:29
    စိတ်ဖိစီးမှုဟာ ခန္ဓာတစ်ခုလုံး လှည့်ပတ်တဲ့
    ဗီဇအရလှုံ့ဆော်တဲ့ ရုပ်ပိုင်းတုံ့ပြန်မှုပါ။
  • 0:29 - 0:32
    ရေတိုမှာ
    စိတ်ဖိစီးမှုဟာ အကျိုးပြုနိုင်ပေမဲ့
  • 0:32 - 0:35
    သိပ်ကြာပြီး မကြာခဏဖြစ်လွန်းရင်
  • 0:35 - 0:38
    သင့်ရဲ အရိုးခံ တိုက်၊ မတိုက်ရင် ပြေး
    စိတ်ဖိစီးမှု တုံ့ပြန်မှုက
  • 0:38 - 0:40
    သင့်ဦးနှောက်ကို ပြောင်းလဲရုံမက
  • 0:40 - 0:46
    သင့်ခန္ဓာကိုယ်အနှံ့က များစွာသော အခြား
    အင်္ဂါတွေ၊ဆဲလ်တွေကိုပါ ပျက်စီးစေနိုင်တယ်။
  • 0:46 - 0:49
    အဒရီနယ် ဂလင်းက adrenaline နဲ့
    norepinephrine လို့ပါ သိကြတဲ့
  • 0:49 - 0:53
    cortisol epinephrine တွေဖြစ်တဲ့
    စိတ်ဖိစီးမှု ဟိုမုန်းတွေကိုပါ
  • 0:53 - 0:55
    ထုတ်ပေးတယ်။
  • 0:55 - 0:58
    ဒီဟိုမုန်းတွေက သွေးစီးကြောင်း
    တစ်လျှောက် လည်ပတ်စဉ်
  • 0:58 - 1:01
    သွေးကြောတွေနဲ့ နှလုံးဆီကို
    အလွယ်တကူ ရောက်သွားတယ်။
  • 1:01 - 1:04
    အဒရီနယ်လင်က သင့်နှလုံး ခုန်တာကို
    ပိုမြန်စေပြီး
  • 1:04 - 1:09
    သွေးဖိအားကို မြင့်စေကာ
    ကြာတော့ သွေးတိုးရောဂါဖြစ်စေတယ်။
  • 1:09 - 1:14
    ကော်တီဇောက endothelium (သို့)
    သွေးကြောတွေရဲ့ အတွင်းမျက်နှာပြင်ကို
  • 1:14 - 1:16
    ပုံမှန် လုပ်ဆောင်မှု ပျက်ယွင်းစေတယ်။
  • 1:16 - 1:19
    ဒါဟာ ဦးနှောက် သွေးလွတ်
    ကြောတွေမှာ စုပြုံလာတဲ့
  • 1:19 - 1:22
    atherosclerosis (သို့)
    cholesterol plaque ဖြစ်စဉ်ရဲ့
  • 1:22 - 1:26
    ပဏမအဆင့်တစ်ဆင့် ဆိုတာကို
    သိပ္ပံပညာရှင်တွေ အခု သိကြတယ်။
  • 1:26 - 1:32
    အတူတကွ ဒီပြောင်းလဲမှုတွေဟာ နှလုံးဖောက်ပြန်
    မှု (သို့) လေဖြတ်ဖို့ အခွင့်တွေ တိုးစေတယ်။
  • 1:32 - 1:34
    ဦးနှောက်က စိတ်ဖိစီးမှုကို သတိပြုမိတဲ့အခါ
  • 1:34 - 1:37
    ဒါက သင့်ရဲ့ အလိုအလျောက်
    အာရုံကြောစနစ်ကို နှိုးဆွပေးတယ်။
  • 1:37 - 1:39
    အာရုံကြောစနစ်ရဲ့ ဒီကွန်ရက်ကနေ
  • 1:39 - 1:42
    သင့်ဦးနှောက်ကြီးဟာ စိတ်ဖိစီးမှုကို
    သင့်ရဲ့အူတွင်း အာရုံကြောစနစ်ဆီ
  • 1:42 - 1:47
    ဆက်သွယ်ပေးတယ်။
  • 1:47 - 1:50
    စိတ်ဂနာမငြိမ်ဖြစ်စဗတာတွေအပြင်
  • 1:50 - 1:55
    ဒီဦးနှောက်-အူ ဆက်သွယ်မှုက အူတစ်လျှောက်
    အစာကို ရွေ့စေတဲ့ သဘာဝ စည်းချက်ကျတဲ့
  • 1:55 - 1:57
    ကျုံ့ခြင်းတွေကို နှောင့်ယှက်နိုင်တယ်၊
  • 1:57 - 1:59
    ကသိကအောက်ဖြစ်စေတဲ့
    အူရောဂါလက္ခဏာစု ဖြစ်စေခြင်းပါ။
  • 1:59 - 2:03
    သင့်အူက အက်ဆစ်ကို တုံ့ပြန်နိုင်မှုကို
    တိုးပွားစေနိုင်တယ်။
  • 2:03 - 2:06
    ရင်ပူရင်ဆာဖြစ်ဖို့ အလားအလာ ပိုဖြစ်စေတာပါ။
  • 2:06 - 2:07
    အူရဲ့ အာရုံကြောစနစ်မှတစ်ဆင့်
  • 2:07 - 2:13
    စိတ်ဖိစီးမှုဟာ သင့်ရဲ့အစာခြေတာနဲ့ ယေဘုယျ
    ကျန်းမာရေးကို ထိခိုက်နိုင်တဲ့
  • 2:13 - 2:17
    အူ ဘက်တီးရီယားရဲ့ဖွဲ့စည်းမှုနဲ့
    လုပ်ဆောင်မှုကို ပြောင်းလဲနိုင်သေးတယ်။
  • 2:17 - 2:21
    အစာချေခြင်းဆိုလို့ တာရှည် စိတ်ဖိစီးမှုဟာ
    သင့်ရဲ့ခါးတိုင်းကို ထိခိုက်စေလား။
  • 2:21 - 2:22
    ထိခိုက်ပါတယ်။
  • 2:22 - 2:24
    ကော်တီဇောက စားချင်စိတ်ကို တိုးစေတယ်။
  • 2:24 - 2:27
    ဒါက စွမ်းအင် သိုလှောင်မှုတွေကို
    စွမ်းအင် သိပ်သည်းတဲ့ အစာတွေ၊
  • 2:27 - 2:34
    ကာဗိုဟိုက်ဒြိတ်နဲ့ဖြည့်ဖို့ ခန္ဓာကိုယ်ကို
    ပြောတယ်။ ဇိမ်ခံအစာတွေကို တောင့်တစေတာပါ။
  • 2:34 - 2:37
    မြင့်မားတဲ့ ကိုတီဇော အဆင့်တွေဟာ
    ကလီစာ(သို့) အတွင်းကျတဲ့ ဗိုက်အဆီလို
  • 2:37 - 2:41
    အပိုကယ်လိုရီတွေ တက်စေနိုင်တယ်။
  • 2:41 - 2:44
    ဒီအဆီအမျိုးအစားဟာ ဘောင်းဘီမှာ
    ကြယ်သီးတပ်ဖို့ ပိုခက်ခဲစေရုံမက
  • 2:44 - 2:47
    ဒါက ဟိုမုန်းတွေနဲ့ နှလုံးရောဂါနဲ့
    အင်ဆူလင် ခုခံမှုလို
  • 2:47 - 2:50
    နာတာရှည် ရောဂါတွေဖြစ်ပေါ်စေတဲ့
    အန္တရာယ် တိုးစေနိုင်တဲ့
  • 2:50 - 2:54
    cytokines လို့ခေါ်တဲ့
    ခုခံအားစနစ်ဓာတုပစ္စည်းတွေ
  • 2:54 - 2:57
    တက်ကြွစွာ ထုတ်ပေးတဲ့ အင်္ဂါတစ်ခုပါ။
  • 2:57 - 3:02
    တစ်ချိန်တည်းမှာ စိတ်ဖိစီးမှု ဟိုမုန်းတွေက
    ခုခံအားဆဲလ်တွေကို နည်းအစုံနဲ့ ထိခိုက်တယ်။
  • 3:02 - 3:06
    အစမှာ ကျူးကျော်သူတွေကို တိုက်ခိုက်ရန်နှင့်
    ဒဏ်ရာရပြီးနောက် ကုသဖို့ ပြင်ဆင်ကူညီပေမဲ့
  • 3:06 - 3:10
    တာရှည် စိတ်ဖိစီးမှု ခုခံအား ဆဲလ်တချို့ရဲ့
    လုပ်ဆောင်မှုကို လျော့ကျစေတယ်၊
  • 3:10 - 3:15
    ကူးစက်ရောဂါဖြစ်ဖို့ လွယ်ပြီး
    ပျောက်ကင်းမှုနှုန်းကို နှေးစေတယ်။
  • 3:15 - 3:17
    အသက်ရှည်ရှည် နေချင်လား။
  • 3:17 - 3:20
    တာရှည် စိတ်ဖိစီးမှုကို
    ထိန်းချုပ်ဖို့လိုနိုင်တယ်။
  • 3:20 - 3:24
    အကြောင်းက ဒါဟာ တိုသွားတဲ့ telomeres
    တွေနဲ့ ဆက်တောင် ဆက်စပ်တာကြောင့်ပါ။
  • 3:24 - 3:28
    ဆဲလ်တစ်ခုရဲ့ အသက်ကို တိုင်းတာတဲ့
    ခရိုမိုဇုန်းတွေရဲ့ ဖိနပ်ကြိုး အဖျားတွေလေ။
  • 3:28 - 3:30
    Telomeres ဟာ ဆဲလ်ရဲ့ ဗီဇ ကုဒ်ကို
  • 3:30 - 3:34
    မပျက်စီးစေပဲ ဆဲလ်ရဲ့ပိုင်းခြားမှုတိုင်းကို
    DNA က ကူးယူခွင့်ပေးတဲ့
  • 3:34 - 3:37
    ခရိုမိုဇုန်းတွေကို ဖုံးထားပြီး
  • 3:37 - 3:40
    ဆဲလ်ပိုင်းခြားမှုတိုင်းကို တိုသွားစေတယ်။
  • 3:40 - 3:45
    telomeres တွေ တိုလွန်းလာတဲ့အခါ
    ဆဲလ်တစ်ခုဟာ မပိုင်းခြားတော့ဘဲ သေသွားတယ်။
  • 3:45 - 3:47
    ဒါအားလုံးဟာ မလုံလောက်သည့်အလား
  • 3:47 - 3:50
    တာရှည် စိတ်ဖိစီးမှုမှာ ကျန်းမာရေးကို
    ပိုဖျက်ဆီးနိုင်တဲ့ နည်းလမ်းတွေတောင်ရှိတယ်။
  • 3:50 - 3:52
    ဝက်ခြံပေါက်တာ၊
  • 3:52 - 3:53
    ဆံပင်ကျွတ်တာ၊
  • 3:53 - 3:54
    လိင်ကိစ္စ ချွတ်ယွင်းတာ
  • 3:54 - 3:56
    ခေါင်းကိုက်တာတွေ၊
  • 3:56 - 3:57
    ကြွက်သား တင်းတာ၊
  • 3:57 - 3:58
    အာရုံစိုက်ဖို့ ခက်ခဲ့တာ၊
  • 3:58 - 3:59
    ပင်ပန်းတာနဲ့
  • 3:59 - 4:01
    ကသိကအောက်ဖြစ်တာ အပါအဝင်ပါ။
  • 4:01 - 4:04
    ဒီတော့ ဒါအားလုံးက သင့်အတွက်
    ဘာကို ဆိုလိုတာလဲ။
  • 4:04 - 4:07
    သင့်ဘဝဟာ စိတ်ဖိစီးတဲ့ အခြေအနေတွေနဲ့
    အမြဲ ပြည့်နေပါလိမ့်မယ်။
  • 4:07 - 4:11
    ဒါပေမဲ့ သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်
    တစ်ခုလုံးအတွက် အရေးကြီးတာက
  • 4:11 - 4:13
    ဒီစိတ်ဖိစီးမှုကို သင် တုံ့ပြန်ပုံပါ။
  • 4:13 - 4:18
    ဒီအခြေအနေတွေကို မကျော်လွှားနိုင်တဲ့
    ခြိမ်းခြောက်မှုတွေဆိုတာထက်
  • 4:18 - 4:21
    သင်ထိန်းချုပ်၊ ပိုင်နိုင်တဲ့
    စိန်ခေါ်မှုတွေအဖြစ် မြင်နိုင်ရင်
  • 4:21 - 4:26
    ရေတိုမှာ ပိုကောင်းကောင်း လုပ်ဆောင်ပြီး
    ရေရှည်မှာ ကျန်းမာစွာ ဆက်ရှိနေမှာပါ။
Title:
စိတ်ဖိစီးမှုက ကိုယ်ခန္ဓာကို ထိခိုက်ပုံ။ Sharon Horesh Bergquist
Speaker:
Sharon Horesh Bergquist
Description:

သင်ခန်းစာ အပြည့်အစုံကို :http://ed.ted.com/lessons/how-stress-affects-your-body-sharon-horesh-bergquist တွင် ကြည့်ရှုပါ။

ကျွန်ပ်တို့ရဲ့ ဗီဇအရ လှုံဆော်တဲ့ စိတ်ဖိစီးမှုအား တုံ့ပြန်မှုက အကောင်းဆုံး လုပ်ဆောင်ဖို့ လိုအပ်တဲ့ အရှိန်မြှင့်ထားတဲ့ နိုးကြားမှုနဲ့ စွမ်းအင်ရဲ့ လျှပ်တစ်ပြက် ပေါက်ကွဲမှုကို ပေးဖို့ ပုံစံချထားတာပါ။
ဒါပေမဲ့ စိတ်ဖိစီးမှုက အလုံးစုံ ကောင်းတာတော့ မဟုတ်ဘူး။ သိပ်ကြာလွန်းပြီး သိပ်မကြာခဏ နှိုးဆွခံရတဲ့အခါ စိတ်ဖိစီးမှုဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတိုင်းကို ထိခိုက်နိုင်လုနီးပါးပါ။
Sharon Horesh Bergquist ကနေပြီး နာတာရှည် စိတ်ဖိစီးမှုဖြစ်တဲ့အခါ ကိုယ်ခန္ဓာအတွင်းမှာ ဆက်ဖြစ်နေတာကို ပေးကြည့်လိုက်တာပါ။

သင်ခန်းစာကို Sharon Horesh Bergquist က ပြုစုပြီး လှုပ်ရှားမှု ရုပ်ပုံများကို Adriatic Animation က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:43

Burmese subtitles

Revisions Compare revisions