Return to Video

အရှက်ရဲ့ တန်ဖိုး

  • 0:00 - 0:03
    ရှင်တို့မြင်နေရတာက ဆယ်စုနှစ်တစ်ခုစာ
    လူမြင်ကွင်းမှာ
  • 0:03 - 0:06
    တိတ်ဆိတ်နေခဲ့တဲ့ မိန်းမတစ်ယောက်ပါ။
  • 0:07 - 0:09
    ရှင်းနေတာက ဒါကပြောင်းလဲသွားပါပြီ၊
  • 0:09 - 0:10
    ဒါပေမဲ့ သိပ်မကြာခင်လေးကတင်ပါ။
  • 0:11 - 0:13
    လွန်ခဲ့တဲ့လအတော်ကြာက Forbes 30 မှာ
  • 0:13 - 0:14
    အသက် ၃၀ အောက် ထိပ်သီးညီလာခံမှာ
  • 0:14 - 0:16
    အများပြည်သူရှေ့မှောက်မှာ
    ကျွန်မရဲ့ ပထမဆုံး
  • 0:16 - 0:18
    ဟောပြောပွဲကို လုပ်ခဲ့ပါတယ်။
  • 0:18 - 0:22
    အရမ်းကိုတော်တဲ့ လူ ၁၅၀၀၊ အကုန်လုံး
    အသက် ၃၀ အောက်တွေချည်းပဲ။
  • 0:23 - 0:26
    ဆိုလိုတာက ၁၉၉၈ တုန်းက
  • 0:26 - 0:29
    အသက်အကြီးဆုံးက ၁၄ နှစ်နဲ့
  • 0:29 - 0:31
    အသက်အငယ်ဆုံးဆို ၄ နှစ်ပဲရှိမှာပါ။
  • 0:31 - 0:33
    သူတို့ထဲက တစ်ချို့ဟာ ကျွန်မအကြောင်း
  • 0:33 - 0:35
    ရက်ပ် သီချင်းတွေထဲကနေ
  • 0:35 - 0:37
    ကြားကောင်း ကြားမိကြလိမ့်မယ်လို့တောင်
  • 0:37 - 0:39
    နောက်ပြောင်ခဲ့သေးတယ်။
  • 0:39 - 0:42
    ဟုတ်တာပေါ့၊ ကျွန်မက
    ရက်ပ်သီချင်းတွေ ထဲမှာပါတယ်လေ၊
  • 0:42 - 0:45
    ရက်ပ်သီချင်း အပုဒ် ၄၀ နီးပါး
    လောက်ပေါ့။ (ရယ်သံများ)
  • 0:45 - 0:47
    ဒါပေမဲ့ ကျွန်မဟောပြောတဲ့နေ့မှာ
  • 0:47 - 0:50
    အံ့အားသင့်စရာ တစ်ခုဖြစ်ခဲ့တယ်၊
  • 0:50 - 0:56
    ကျွန်မအသက် ၄၁ နှစ်မှာ ၂၇ နှစ်သား
    ကောင်လေးနဲ့ငြိစွန်းခဲ့တယ်၊
  • 0:57 - 0:59
    ကျွန်မသိပါတယ်၊ဟုတ်လား။
  • 0:59 - 1:01
    ကောင်လေးကဆွဲဆောင်မှုရှိပြီး
  • 1:01 - 1:03
    ကျွန်မကဘဝင် ဟပ်သွားတော့တာပေါ့၊
  • 1:03 - 1:05
    ကျွနိမငြင်းလိုက်ပါတယ်၊
  • 1:05 - 1:07
    သူ့ရဲ့မအောင်မြင်တဲ့ ပျော်ပါးမှုလမ်းကြောင်းက
  • 1:07 - 1:09
    ဘာလဲဆိုတာရှင်တို့သိပါတယ်။
  • 1:09 - 1:10
    သူက ကျွန်မကို ၂၂ အရွယ်ဆီကို
  • 1:10 - 1:12
    ပိုငယ်သွားစေဖို့ လုပ်နိူင်တယ်လေ။
  • 1:12 - 1:16
    (ရယ်သံများ) (လက်ခုပ်သံများ)
  • 1:16 - 1:20
    အဲဒီညနောက်ပိုင်းမှ ကျွန်မသဘော ပေါက်ခဲ့တာက
  • 1:20 - 1:24
    ကျွန်မဟာဟာ အသက်၂၂ နှစ်ပြန်မဖြစ်ချင်တဲ့
  • 1:24 - 1:27
    တစ်ယောက်တည်းသော အမျိုးသမီး
    ဖြစ်ကောင်း ဖြစ်မယ်ဆိုတာပါ။
  • 1:27 - 1:29
    (ရယ်သံများ)
  • 1:29 - 1:33
    (လက်ခုပ်သံများ)
  • 1:35 - 1:40
    အက်၂၂ နှစ်မှာ ကျွန်မရဲ့
    အကြီးအကဲနဲ့ ချစိကြိုက်မိတယ်၊
  • 1:40 - 1:43
    အသက် ၂၄ မှာ ယူကျုံးမရစရာ
  • 1:43 - 1:47
    အကျိုးဆက်တွေကို ခံစားခဲ့ရတယ်။
  • 1:48 - 1:50
    ဒီမှာရှိတဲ့သူတွေထဲက အမှား
    မလုပ်ဖူးခဲ့သူ ဒါမှမဟုတ်
  • 1:50 - 1:53
    အသက် ၂၂ မှာနောင်တရခဲ့သူတွေ
    လက်ကလေးတွေ
  • 1:53 - 1:55
    ထောင်ပြတာကြည့်လို့ရမလားရှင်၊
  • 1:57 - 2:00
    ဟုတ်ပါပြီ။ ကျွန်မ ထင်မိတာဒါပါ။
  • 2:01 - 2:04
    ဒီတော့ ကျွန်မလိုပဲ ၂၂ နှစ်မှာ ရှင်တို့ထဲက
  • 2:04 - 2:07
    အချို့တို့ဟာလည်း လမ်းမှားကို ချိုးမိကြပြီး၊
  • 2:07 - 2:09
    မလျော်ကန်တဲ့သူနဲ့
    ချစ်ကြိုက်မိနိုင်ခဲ့ကြပါတယ်။
  • 2:09 - 2:11
    ရှင်တို့ အကြီးအကဲတောင် ဖြစ်ချင်ဖြစ်မှာလေ။
  • 2:12 - 2:15
    ဒါပေမဲ့ ကျွန်မနဲ့မတူတာက ရှင်တို့အကြီးအကဲက
  • 2:15 - 2:19
    အမေရိကန်ပြည်ထောင်စုရဲ့
    သမ္မတဖြစ်ချင်မှဖြစ်ခဲ့မှာပေါ့၊
  • 2:20 - 2:23
    တကယ်တမ်းက ဘဝဆိုတာ
    အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာပါ။
  • 2:23 - 2:26
    ကျွန်မရဲ့အမှားက သတိမရတဲ့ရက်ဆိုလို့
  • 2:26 - 2:29
    တစ်ရက်မှ မရှိခဲ့ပါဘူးရှင်။
  • 2:29 - 2:33
    ပြီးတော့ ဒီအမှားကို အလွန်အမင်
    နောင်တရခဲ့တာပါရှင်။
  • 2:33 - 2:36
    ၁၉၉၈ခုနှစ်မှာ မဖြစ်တန်ကောင်းတဲ့
    ချစ်ဇာတ်လမ်းတစ်ပုဒ်
  • 2:36 - 2:39
    ထဲကို တွန်းပို့ခံခဲ့ရပြီးနောက်
  • 2:39 - 2:42
    နိူင်ငံရေး၊ တရားရေးနဲ့ ကျွန်မတို့
  • 2:42 - 2:45
    အရင်ကမကြုံခဲ့ဖူးတဲ့ မီဒီယာဝဲဂယက်ရဲ့
  • 2:45 - 2:50
    ဗဟိုချက်မထဲကို ကျွန်မဟာ
    တွန်းပို့ခံလိုက်ရပါတယ်။
  • 2:50 - 2:52
    သိထားရမှာက ဒိအရင်နှစ်အနည်းငယ်က
  • 2:52 - 2:55
    သတင်းဆိုတာ ဒီနေရာ ၃ ခုကပဲရခဲ့တာပါ၊
  • 2:55 - 2:58
    သတင်းစာ ဒါမှမဟုတ် မဂ္ဂဇင်းဖတ်ခြင်း၊
  • 2:58 - 2:59
    ရေဒီယိုနားထောင်ခြင်းနဲ့
  • 2:59 - 3:01
    ရုပ်မြင်သံကြားကြည့်ခြင်းတို့ကပါ။
  • 3:01 - 3:02
    ဒါပဲရှိခဲ့တာပါ။
  • 3:02 - 3:06
    ဒါပေမဲ့ ကျွန်မရဲ့ကံကြမ္မာကျတော့
    အဲဒီလို မဟုတ်ခဲ့ဘူးလေ။
  • 3:06 - 3:10
    အဲဒါအစား ဒီမကောင်းသတင်းက ရှင်တို့ဆီကို
  • 3:10 - 3:12
    ဒစ်ဂျစ် တော်လှန်ရေးကြောင့်
    ရောက်လာခဲ့တာပါ။
  • 3:12 - 3:16
    ကျွန်မတို့လိုချင်တဲ့ သတင်းအားလုံး
    ရယူနိုင်တာကို ဆိုလိုတာလေ၊
  • 3:16 - 3:20
    လိုချင်တဲ့အချိန်၊ ဘယ်အချိန်မဆို၊
    ဘယ်နေရာမဆိုပါ။
  • 3:20 - 3:25
    ၁၉၉၈ ဇန်နဝါရီမှာ ဒီဇာတ်လမ်း
    ပေါက်ထွက်လာတော့
  • 3:25 - 3:27
    ဒါက အွန်လိုင်းပေါ်မှာ ဖြစ်ခဲ့တာပါ။
  • 3:27 - 3:29
    ဒါဟာ ပထမဆုံးအနေနဲ့ အစဉ်အလာ သတင်းဟာ
  • 3:29 - 3:31
    အထင်ကရ သတင်းတစ်ပုဒ်အတွက်
  • 3:31 - 3:35
    အင်တာနက်ကနေ လုယူတာကို ခံလိုက်ရတာပါ။
  • 3:35 - 3:40
    ကလစ်တစ်ချက်က တစ်ကမ္ဘာလုံးကို
    ဂယက်ရိုက်သွးစေခဲ့တာလေ။
  • 3:40 - 3:43
    ဒါက ကျွန်မအတွက်ကျတော့
    နေ့ချင်းညချင်းကြီးကို လုံးလုံးကြီး
  • 3:43 - 3:46
    သီးသန့် ပုဂ္ဂိုလ်ဖြစ်နေရာက လူသိရှင်ကြား
  • 3:46 - 3:48
    ကမ္ဘာသိ အရှက်ကွဲသွားတဲ့သူ
  • 3:48 - 3:51
    တစ်ယောက် ဖြစ်သွားခဲ့တယ် ဆိုတာပါ။
  • 3:51 - 3:55
    ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး ဂုဏ်သတင်းဟာ
    ဗြုန်းစားကြီးပဲ
  • 3:55 - 3:57
    တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ချီပြီး
  • 3:57 - 4:00
    ညှိုးနွမ်းတာနဲ့ပတ်သက်ပြီး ကျွန်မဟာ
  • 4:00 - 4:02
    သည်းခံလိုစိတ် ခေါင်းပါးနေခဲ့ပါတယ်။"
  • 4:02 - 4:04
    ဒီနည်းပညာက ထောက်ကူပေးလိုက်တဲ့
  • 4:04 - 4:06
    ဝါးလုံးထိုး အကဲဖြတ်ချက်က
  • 4:06 - 4:08
    ကျောက်တုံးနဲ့ပစ်ပေါက်အပြစ်ပေးတဲ့
  • 4:08 - 4:10
    လူရမ်းကားတွေအဖြစ်နီးပါးကို ဖြစ်စေခဲ့ပါတယ်။
  • 4:10 - 4:13
    မှန်ပါတယ်၊ ဒါက လူမှုရေးမီဒီယာတွေ
    မပေါ်ခင်ကပါ။
  • 4:13 - 4:16
    ဒါပေမဲ့ လူတွေက အွန်လိုင်းမှာ မှတ်ချက်တွေ၊
  • 4:16 - 4:20
    ဇာတ်လမ်းတွေကို မေးလ်နဲ့ပို့ပေးနိူင်တုန်းပါ။
  • 4:20 - 4:22
    တကယ်တမ်းက အကြင်နာမဲ့တဲ့
    ပြက်လုံးတွေကို မေလ်းပို့တာပါ။
  • 4:22 - 4:24
    သတင်းဌာနတွေကလည်း သတင်းစာတွေရောင်းရဖို့
  • 4:24 - 4:26
    အွန်လိုင်းက ထိပ်စည်းကြော်ငြာတွေ၊
  • 4:26 - 4:30
    ပြီးတော့ လူတွေကို တီဗီတွေကို ဆက်ကြည့်နေဖို့
  • 4:30 - 4:32
    ကျွန်မရဲ့ဓာတ်ပုံတွေကို
    နေရာတိုင်းမှာကို ကပ်ကြတယ်၊
  • 4:32 - 4:35
    ကျွန်မရဲ့ ထူးထူးခြားခြား ရုပ်ပုံတစ်ပုံကို
  • 4:35 - 4:37
    ရှင်တို့မှတ်မိကြသေးလား၊
  • 4:37 - 4:40
    ဘယ်ရီဦးထုပ်လေး ဆောင်းလို့လေ။
  • 4:41 - 4:44
    ကဲဒီတော့ ကျွန်မမှားခဲ့တာကို ဝန်ခံပါတယ်၊
  • 4:44 - 4:47
    အထူးသဖြင့်တော့ အဲဒီဘယ်ရီဦးထုပ်
    ဆောင်းခဲ့တာကိုပါ။
  • 4:47 - 4:50
    ဒါပေမဲ့ ကျွန်မရရှိခဲ့တဲ့ အာရုံစိုက်မှုနဲ့
  • 4:50 - 4:53
    အကဲဖြတ်ချက်က ဇာတ်လမ်းမဟုတ်ပဲ
  • 4:53 - 4:55
    ကျွန်မ ကိုယ်တိုင်ရရှိလိုက်တဲ့
    မကြုံစဖူးအဖြစ်အပျက်ပါ။
  • 4:55 - 4:58
    ကျွန်မဟာ ကလေကဝ၊ မိန်းပေါ့၊ မိန်းမပျက်၊
  • 4:58 - 5:00
    ပြည့်တန်ဆာမ၊ မရပ်မျက်မဆိုပြီး
  • 5:00 - 5:07
    တံဆိပ်တပ်ခံခဲ့ရတယ်။
  • 5:07 - 5:09
    တကယ်တမ်းက အဲဒီလို
  • 5:10 - 5:13
    လူအများက အမြင်ခံခဲ့ရတဲ့ မိန်းဖြစ်ပေမဲ့
  • 5:13 - 5:17
    တကယ် သိတဲ့လူက အနည်းအကျဉ်းလောက်ပါ။
  • 5:17 - 5:20
    ပြီးတော့ ဒါကို ကျွန်မသိပါတယ်၊ ဒီမိန်းမဟာ
  • 5:20 - 5:22
    ရှုထောင့်အမြင်ရှိတယ်၊ စိတ်တစ်ခုရှိခဲ့တယ်၊
  • 5:22 - 5:25
    မပြိုမကွဲရှိခဲ့တယ် ဆိုတာကို မေ့ဖို့ဆိုတာ
  • 5:25 - 5:28
    အလွယ်လေးဆိုတာကိုပါ။
  • 5:28 - 5:31
    လွန်ခဲ့တဲ့ ၁ရ နှစ်က ဒီလို အဖြစ်အပျက်
  • 5:31 - 5:34
    ကျွန်မ ကြုံရတုန်းက
    အဲဒါကို ဘယ်လိုခေါ်ရမှန်း မသိခဲ့ကြဘူး။
  • 5:34 - 5:36
    အခုတော့ ဒါကို ဆိုက်ဘာအနိူင်ကျင့်မှု၊
  • 5:36 - 5:39
    အွန်လိုင်း နှောက်ယှက်မှုလို့ ခေါ်ကြတယ်။
  • 5:39 - 5:41
    ဒီကနေ့ ကျွန်မရဲ့အတွေ့ အကြုံတစ်ချို့ကို
  • 5:41 - 5:44
    အားလုံးနဲ့ မျှဝေချင်ပါတယ်။
  • 5:44 - 5:46
    ဒီအတွေ့အကြုံက ကျွန်မရဲ့ ယဉ်ကျေးမှုဆိုင်ရာ
    ထင်မြင်ချက်တွေကို
  • 5:46 - 5:48
    ပုံသွင်းရာမှာ ဘယ်လိုအထောက်ကူပြုခဲ့ပုံနဲ့
  • 5:48 - 5:51
    ကျွန်မရဲ့ အတိတ်အတွေ့အကြုံက
    အခြားသူတွေအတွက်
  • 5:51 - 5:52
    စိတ်ဒုက္ခတွေနည်းပါးစေဖို့ ရလာဒ်တွေအတွက်
  • 5:52 - 5:54
    အပြောင်းအလဲတစ်ခုဆီ
    ဦးတည်ပေးနိူင်တယ် ဆိုတာကို
  • 5:54 - 5:57
    ဘယ်လိုကျွန်မမျှော်လင့်တယ်ဆိုတာ
    ပြောပြချင်ပါတယ်။
  • 5:57 - 6:00
    ၁၉၉၈မှာ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့
  • 6:00 - 6:03
    ဂုဏ်သိက္ခာဟာ ဆုံးရှုံးခဲ့ပါတယ်။
  • 6:03 - 6:07
    အားလုံးနီးပါး ဆုံးရှုံးခဲ့ရပါတယ်၊
  • 6:07 - 6:10
    ကျွန်မဘဝ ဆုံးလုနီးပါးပဲပေါ့။
  • 6:13 - 6:15
    ရှင်တို့ကို ပုံဖော်ပြပါရစေ။
  • 6:17 - 6:21
    ဒါက ၁၉၉၈ စက်တင်ဘာလကပါ။
  • 6:21 - 6:23
    ပြတင်းပေါက်မရှိတဲ့ ရုံးခန်းထဲမှာ
    ကျွန်မထိုင်နေတာပေါ့၊
  • 6:25 - 6:27
    ဒါက Independent Counsel ရုံးထဲမှာရှိပြီး
  • 6:27 - 6:31
    လင်းထိန်နေတဲ့ မီးအလင်းတွေ အောက်မှာပေါ့။
  • 6:31 - 6:34
    ကျွန်မဟာ ကျွန်မရဲ့ စကားသံကို
    နားထောင်နေတာပေါ့၊
  • 6:34 - 6:36
    ဒိအရင်နှစ်က ကျွန်မရဲ့ မိတ်ဆွေဆိုသူ
  • 6:36 - 6:39
    တစ်ယောက်က ဆက်ခဲ့တဲ့ ဖုန်းခေါ်သံတွေကို
  • 6:39 - 6:41
    ခိုးကြောင်ခိုးဝှက်အသံသွင်း
    ထားတဲ့စကားသံတွေပါ။
  • 6:41 - 6:43
    ကျွန်မ ဒီမှာရှိနေရတဲ့
    အကြောင်းက ဒီနာရီ ၂၀ ကျော်စာ
  • 6:43 - 6:46
    အသံသွင်းထားတဲ့ စကားပြောခန်းကို
  • 6:46 - 6:48
    ဥပဒေကြောင်းအရ ကျွန်မကိုယ်တိုင်ကိုယ်ကျ
  • 6:48 - 6:51
    သက်သေခံဖို့ လိုအပ်တယ်ဆိုလို့ပါ။
  • 6:51 - 6:54
    လွန်ခဲ့တဲ့ ၈ လလုံးလုံး
    ဒီတိတ်ခွေတွေထဲမှာပါတဲ့
  • 6:54 - 6:57
    ပဟေဠိဆန်တဲ့ အကြောင်းတွေက
  • 6:57 - 6:59
    ကျွန်မခေါင်းပေါ်ကို ဓားရှည်မိုးပြီး
  • 6:59 - 7:01
    ခြိမ်းခြောက်နေသလိုပဲပေါ့။
  • 7:01 - 7:03
    ကျွန်မဆိုလိုတာက မနှစ်ကပြောခဲ့တာကို
  • 7:03 - 7:05
    ဘယ်သူကများ မှတ်မိကြမှာလဲရှင်။
  • 7:05 - 7:09
    ထိတ်လန်၊ ရှက်ရွံ့ပြီး ကျွန်မ နားထောင်တယ်၊
  • 7:11 - 7:14
    တစ်နေ့တာ ဗူလိနတ်စပြောခဲ့တာတွေကို
    နားထောင်တယ်။
  • 7:14 - 7:17
    သမ္မတကြီးကို ကျွန်မ ချစ်နေပါတယ်လို့
  • 7:17 - 7:19
    ဝန်ခံတာကို ကျွန်မ နားထောင်တယ်။
  • 7:19 - 7:23
    ပြီးတော့ တကယ်ပါ၊ ကျွန်မရဲ့ရင်ကွဲနာပါပဲ၊
  • 7:23 - 7:26
    တစ်ခါတစ်လေ ကျွန်မ မလိုတမာဖြစ်တာ၊
    ရိုင်းပြတာတွေ၊ တစ်ခါတစ်ခါ
  • 7:26 - 7:29
    ကြမ်းကြုတ်ပြီး မိုက်မဲမိတာတွေ၊
    သည်းမခံတတ်တာတွေ၊
  • 7:29 - 7:32
    ရိုင်းပြတာတွေကို နားထောင်ပါတယ်။
  • 7:33 - 7:36
    နင့်နင့်သီးသီး ရှက်စိတ်နဲ့ပဲ ကျွန်မကိုယ်တိုင်ရဲ့
  • 7:36 - 7:39
    အဆိုးဝါးဆုံး မူကွဲတစ်ခုကို နားထောင်ပါတယ်၊
  • 7:39 - 7:42
    ကျွန်မ ကိုယ်တိုင်တောင် မမှတ်မိတော့တဲ့
    အတ္တရုပ်တစ်ခုပေါ့ရှင်။
  • 7:42 - 7:45
    ရက်အနည်းငယ်ကြာတော့ ကွန်ဂရက်မှာ
  • 7:45 - 7:48
    Starr အစီရင်ခံစာ ထွက်လာတယ်။
  • 7:48 - 7:51
    အဲဒီတိတ်ခွေတွေရယ်၊ စာသားတွေရယ်၊
    အဲဒီခိုးယူထားတဲ့
  • 7:51 - 7:54
    စကားလုံးတွေဟာ ဒါရဲ့ အစိတ်ပိုင်း
    တစ်ခုဖြစ်သွားတယ်။
  • 7:54 - 7:56
    စာသားတွေကိုဖတ်နိူင်တဲ့ အဲဒီလူတွေဟာ
  • 7:56 - 7:59
    ကြောက်ဖို့ ကောင်းလောက်အောင်ပါပဲ၊
  • 7:59 - 8:02
    ဒါပေမဲ့ သီတင်းပတ်အနည်းငယ် အကြာမှာတော့
  • 8:02 - 8:04
    အသံတိတ်ခွေတွေကို တီဗွီမှာ လွင့်ပြီးတော့
  • 8:04 - 8:06
    တော်တော်များများ အစိတ်အပိုင်းကတော့
  • 8:06 - 8:09
    အွန်လိုင်းမှာတင်ကြတယ်။
  • 8:11 - 8:15
    လူသိရှင်ကြားအရှက်ခွဲခြင်း
    ကတော့ ဆိုးဝါးလွန်းလှပါတယ်၊
  • 8:15 - 8:19
    ဘဝဟာ မခံရပ်နိူင်သလောက် နီးပါးပါပဲရှင်။
  • 8:19 - 8:22
    ဒါဟာ ၁၉၉၈ ကာလကဆို
  • 8:22 - 8:26
    သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူးရှင်။
  • 8:26 - 8:32
    ဒီနည်းနဲ့လူတွေရဲ့အတွင်းရေး
    စကားလုံးတွေ၊ လှုပ်ရှားမှုတွေ၊
  • 8:32 - 8:34
    စကားပြောတာတွေ၊ ဒါမှမဟုတ် ဓာတ်ပုံတွေကို
  • 8:34 - 8:37
    ခိုးယူပြီး လူသိရှင်ကြား လုပ်တာကို
    ဆိုလိုတာပါ
  • 8:37 - 8:39
    အများသဘောတူညီမှု
  • 8:39 - 8:42
    အဆက်အစပ်ရှိမှု၊
  • 8:42 - 8:45
    စာနာမှုမရှိပဲနဲ့ လုပ်တာလေ။
  • 8:46 - 8:49
    ရှေ့ကို ၁၂ နှစ်တိုးလိုက်တဲ့ ၂၀၁၀ မှာ
  • 8:49 - 8:52
    အခုအချိန်မှာ လူမှုရေးမီဒီယာတွေ
    မွေးဖွားလာပြီပေါ့။
  • 8:52 - 8:55
    မြင်ကွင်းဟာ ကျွန်မလိုဖြစ်ရပ်မျိုးတွေနဲ့
  • 8:55 - 8:57
    ပိုပိုများပြားပြီး ပြည့်ကျပ် လာတော့တာပေါ့။
  • 8:57 - 8:59
    တစ်ယောက်ယောက်က တကယ်တမ်း အမှားတစ်ခုကို
  • 8:59 - 9:02
    လုပ်မိတာပဲဖြစ်ဖြစ်၊ မဖြစ်ဖြစ်ပေါ့၊
  • 9:02 - 9:04
    အခုတော့ဒါဟာ အများပြည်သူနဲ့
    ဆိုင်တဲ့သူတွေ ဒါမှမှမဟုတ်
  • 9:04 - 9:07
    အရပ်သားတွေ နှစ်ခုစလုံး အတွက်ပေါ့။
  • 9:07 - 9:09
    အကျိုးဆက်တွေဟာ တစ်ချို့တွေအတွက်တော့
  • 9:09 - 9:12
    သေမလောက်ပါပဲ၊ တကယ့်ကို သေမလောက်ပါပဲ။
  • 9:14 - 9:16
    ၂၀၁၀ စက်တင်ဘာတုန်းက
  • 9:16 - 9:19
    အမေနဲ့ ကျွန်မ ဖုန်းပြောနေခဲ့တာပါ၊
  • 9:19 - 9:21
    Rutgers University က Tyler Clementi ဆိုတဲ့
  • 9:21 - 9:24
    ပထမနှစ်ကျောင်းသား
  • 9:24 - 9:26
    လူငယ်လေးအကြောင်း ပြောနေခဲ့ကြတာပါ၊
  • 9:26 - 9:28
    နှစ်လိုဖွယ် စာနာစိတ်ရှိပြီး ထိုးထွင်းဉာဏ်ရှိတဲ့
  • 9:28 - 9:30
    Tyler ဟာ အခြားယောက်ျား တစ်ယောက်နဲ့
  • 9:30 - 9:32
    လက်ပွန်းတတီးနေနေတုန်း သူ့အခန်းဖော်ရဲ့
  • 9:32 - 9:35
    webcam နဲ့တိတ်တိတ်လေး
    ခိုးရိုက်တာကို ခံလိုက်ရတာပါ။
  • 9:37 - 9:39
    အွန်လိုင်းလောကသားတွေ
    ဒီဖြစ်ရပ်ကိုသိသွားချိန်မှာ
  • 9:39 - 9:41
    ဒီလှောင်ပြောင်မှုနဲ့ ဆိုင်ဘာအနိူင်ကျင့်မှုဟာ
  • 9:41 - 9:42
    စလောင်တော့တာပေါ့။
  • 9:44 - 9:46
    နောက် ရက်အနည်းငယ် အကြာမှာ
  • 9:46 - 9:50
    Tyler ဟာ George Washington Bridge
    ကနေခုန်ချပြီး
  • 9:50 - 9:51
    သူ့ဘဝကို အဆုံးစီရင်သွားခဲ့တယ်၊
  • 9:51 - 9:54
    သူ့အသက်က ၁၈ နှစ်ပါ။
  • 9:54 - 9:57
    Tyler နဲ့ သူ့မိသားစု ဖြစ်ပျက်တာနဲ့ပတ်သက်ပြီး
  • 9:57 - 10:00
    အမေဟာ စိတ်မထိန်းနိူင် ဖြစ်ခဲ့ပါတယ်။
  • 10:00 - 10:03
    ပြီးတော့ ကျွန်မလုံးလုံး နားမလည်နိူင်ခဲ့တဲ့
  • 10:03 - 10:07
    နာကျင်မှုမျိုးနဲ့ ထိခိုက်နာကျင်ခဲ့တာပေါ့။
  • 10:07 - 10:09
    ဒါနဲ့ နောက်ဆုံး ၁၉၉၈ မှာတော့
    သူမဟာ စိတ်သက်သာရာရခဲ့တယ်
  • 10:09 - 10:11
    ဆိုတာ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။
  • 10:11 - 10:14
    ညစဉ် ကျွန်မအိပ်ရာ ဘေးမှာထိုင်နေတဲ့
  • 10:14 - 10:17
    အချိန်ဟာ စိတ်သက်သာရာရခဲ့တာပေါ့၊
  • 10:17 - 10:21
    ရေချိုးခန်းတံခါးဖွင့်ပြီး
    ကျွန်မကိုရေချိုးခိုင်းတဲ့
  • 10:21 - 10:25
    အချိန်ဟာ စိတ်သက်သာရာရချိန်ပေါ့၊
  • 10:25 - 10:29
    တည့်တည့်ပြောရရင် မိဘနှစ်ပါးစလုံးကကျွန်မ
  • 10:29 - 10:32
    အရှက်တကွဲဖြစ်ပြီး သေသွားမှာ
    ကြောက်နေတဲ့ အချိန်ဟာ
  • 10:32 - 10:34
    စိတ်သက်သာရာရချိန်ပေါ့။
  • 10:34 - 10:37
    ဒီနေ့မှာ များပြားလွန်းတဲ့မိဘတွေဟာ
  • 10:37 - 10:39
    သူတို့ရဲ့ ရင်နှစ်သည်းချာလေးတွေ အတွက်
  • 10:39 - 10:42
    ကြားဝင်ပြီး ကယ်တင်ဖို့
    အခွင့်အလမ်းမရှိရှာကြပါဘူး။
  • 10:42 - 10:44
    အတော်များများတို့ဟာ အရမ်းကြီးကို
  • 10:44 - 10:47
    နောက်ကျပြီးမှ သူတို့ရင်သွေးရဲ့
  • 10:47 - 10:49
    ဆင်းရဲဒုက္ခတွေ၊ အရှက်တကွဲဖြစ်တာတွေကို
    သိရှိကြရတာပါ။
  • 10:49 - 10:52
    Tyler ရဲ့ ဝမ်းနည်းဖွယ်၊
    အသိတရားမဲ့တဲ့ သေခြင်းဟာ
  • 10:52 - 10:55
    ကျွန်မအတွက် အလှည့်အပြောင်း
    တစ်ခုဖြစ်ခဲ့ပါတယ်။
  • 10:55 - 10:57
    ဒါက ကျွန်မအတွေ့အကြုံတွေကို ပြန်လည်
    ဆက်စပ်စဉ်းစားမိစေပြီး၊
  • 10:57 - 11:00
    ကျွန်မပတ်ဝန်းကျင်က အရှက်တကွဲဖြစ်ခြင်းနဲ့
  • 11:00 - 11:03
    အနိူင်ကျင့်ခြင်းတွေရဲ့ လောကကို
    စကြည့်မိသွားတော့
  • 11:03 - 11:06
    မတူတာ တစ်ခုခုကို တွေ့မြင်စေပါတယ်။
  • 11:06 - 11:09
    ၁၉၉၈ တုန်းက အင်တာနက်လို့ခေါ်တဲ့
  • 11:09 - 11:11
    အံ့ဖွယ် နည်းပညာသစ်က ကျွန်မတို့ကို
  • 11:11 - 11:12
    ဘယ်ကို ခေါ်သွားလိမ့်မလဲ ဆိုတာကိုသိရှိဖို့
  • 11:12 - 11:14
    နည်းလမ်းမရှိခဲ့ပါဘူး။
  • 11:14 - 11:16
    အဲဒီတုန်းကတည်း လူတွေကို
    စဉ်းစားလို့မရနိူင်တဲ့
  • 11:16 - 11:18
    နည်းလမ်းတွေနဲ့ ဆက်သွယ်ပေးခဲ့တယ်၊
  • 11:18 - 11:20
    ပျောက်ဆုံးနေတဲ့ မောင်နှမချင်းတွေကို
    ဆက်သွယ်ပေးရင်း၊
  • 11:20 - 11:22
    အသက်တွေကို ကယ်တင်ရင်း၊
  • 11:22 - 11:24
    ပြောင်းလဲခြင်းတွေကို အစပျိုးပေးရင်းပေါ့လေ၊
  • 11:24 - 11:27
    ဒါပေမဲ့ စိတ်ပျက်စရာက ဆိုက်ဘာ
    အနိူင်ကျင့်မှု၊ ပြီးတော့
  • 11:27 - 11:29
    ကျွန်မကြုံတွေ့ခဲ့တဲ့ မိန်းမပျက်ဖြစ်အောင်
  • 11:29 - 11:32
    အသရေဖျက်ခြင်းတို့က
    မှိုလိုပေါက်လာခဲ့တယ်လေ။
  • 11:33 - 11:36
    နေ့တိုင်း အွန်လိုင်းမှာ လူတွေဟာ
    အထူးသဖြင့်တော့
  • 11:36 - 11:38
    ဒါကို ကိုင်တွယ်ဖို့ စိတ်ဓာတ်ပိုင်းအရ
  • 11:38 - 11:40
    ပြည့်ပြည့်ဝဝ အဆင်သင့်မဖြစ်သေးတဲ့
  • 11:40 - 11:42
    လူငယ်တွေဟာ နောက်တစ်နေ့မှာ
  • 11:42 - 11:43
    သူတို့ဘယ်လို ရှင်သန်နေထိုင်ဖို့
  • 11:43 - 11:45
    စဉ်းစား မရနိူင်လောက်အောင်ကို
  • 11:45 - 11:46
    မတရားပြုခံ၊ အရှက်ခွဲခံနေကြရတယ်။
  • 11:46 - 11:49
    တစ်ချို့ စိတ်မကောင်းဖွယ်ရာပဲ
    အသက်ရှင်မကျန်ခဲ့ကြပါဘူး၊
  • 11:49 - 11:53
    ဒါနဲ့တူတာ ဘာရှိဦးမလဲရှင်။
  • 11:53 - 11:56
    U.K က ပြဿနာအရပ်ရပ်မှာ လူငယ်တွေကို
  • 11:56 - 12:00
    ကူညီဖို့ ရည်မှန်းချက်ထားတဲ့
  • 12:00 - 12:02
    ChildLine ဆိုတဲ့ ကိုယ်ကျိုးမဖက်
    အဖွဲ့အစည်းကနေ
  • 12:02 - 12:04
    အံ့ဩစရာကောင်းလောက်တဲ့
  • 12:04 - 12:06
    ကိန်းဂဏန်းတွေကို မနှစ်ကထုတ်ပြန်ခဲ့တယ်။
  • 12:06 - 12:08
    ၂၀၁၂ ကနေ ၂၀၁၃ ခုနှစ်အတွင်း
  • 12:08 - 12:11
    ဆိုက်ဘာအနိူင်ကျင့်ခြင်း နဲ့ဆိုင်တဲ့
  • 12:11 - 12:13
    ခေါ်ဆိုမှုတွေ၊ အီးမေးလ်တွေဟာ ၈၇ ရာခိုင်နှုန်း
  • 12:13 - 12:15
    အထိမြင့်တက်ခဲ့တယ်တဲ့လေ။
  • 12:15 - 12:17
    Netherlands ကလာတဲ့
    ကိန်းဂဏန်း စီစစ်လေ့လာချက်က
  • 12:17 - 12:20
    ပထမဆုံး အကြိမ်အနေနဲ့ ပြဆိုတာက
  • 12:20 - 12:22
    ဆိုက်ဘာအနိုင်ကျင့်ခြင်းဟာ
    အွန်လိုင်းမဟုတ်တဲ့
  • 12:22 - 12:24
    အနိုင်ကျင့်မှုထက် မိမိကိုယ်ကို
    သေကြောင်းကြံခြင်းဆိုင်ရာ
  • 12:24 - 12:26
    စိတ်ကူးပေါက်မှုတွေကို ဦးတည်စေခဲ့တာ
  • 12:26 - 12:28
    သိသိသာသာကြီး ပိုများနေပါတယ်။
  • 12:28 - 12:30
    ကျွန်မကို လန့်သွားစေတာကတော့
    အားလုံးသိကြပါတယ်
  • 12:30 - 12:32
    ဒါဟာမဖြစ်သင့်ခဲ့ပေမဲ့ မနှစ်တုန်းက
  • 12:32 - 12:34
    အခြားသုသေသနတစ်ခုက အရှက်တကွဲဖြစ်ခြင်းဟာ
  • 12:34 - 12:37
    အခြားသောစိတ်ခံစားမှုတွေ
    ဖြစ်တဲ့ ပျော်ရွှင်ခြင်း
  • 12:37 - 12:39
    ဒါမှမဟုတ် ဒေါသဖြစ်ခြင်း
    ဆိုတာတို့ထက်တောင်မှ
  • 12:39 - 12:41
    အများကြီး ပိုပြီးပြင်းပြင်းထန်ထန်
    ခံစားရတယ်လို့
  • 12:41 - 12:43
    အခိုင်အမာ ဆိုထားတာပါ။
  • 12:44 - 12:47
    သူတစ်ပါးကို ရက်စက်တယ်ဆိုတာဟာ
    အသစ်အဆန်းမဟုတ်ပါဘူး။
  • 12:47 - 12:51
    ဒါပေမဲ့ အွန်လိုင်းမှာကျတော့
    နည်းပညာအရ ပံ့ပိုးထားတဲ့
  • 12:51 - 12:54
    အရှက်ရခြင်းဟာ ချဲ့ကားကာ
  • 12:54 - 12:58
    မထိန်းချုပ်နိူင်ပဲ အမြဲတမ်းကို
    ဝင်ခွင့်ရနေတယ်လေ။
  • 12:58 - 13:01
    အရှက်တကွဲဖြစ်ခြင်းရဲ့ ပဲ့တင်သံဟာ
  • 13:01 - 13:05
    ရှင်တို့ရဲ့ မိသားစု၊ ကျေးရွာ၊
  • 13:05 - 13:07
    ဒါမှမဟုတ် ကျောင်းရပ်ကွက်
    အထိကို ရောက်ရှိနေခဲ့တယ်လေ၊
  • 13:07 - 13:11
    ဒါပေမဲ့ အခုကျတော့
    အွန်လိုင်းအဖွဲ့ဆီကိုရောလေ။
  • 13:11 - 13:14
    သန်းနဲ့ချီတဲ့လူတွေကနေပြီး
    ဘယ်သူဘယ်ဝါမသိပဲနဲ့
  • 13:14 - 13:18
    စကားလုံးတွေနဲ့ လူကို ထိုးနှက်နိူင်တယ်လေ၊
  • 13:18 - 13:21
    ကိုယ့်နားမှာ ဘယ်နှစ်ယောက်လောက်ကများ
  • 13:21 - 13:23
    လူကြားသူကြားမှာစောင့်ကြည့်
    နိူင်ပြီး လူမြင်းကွင်းထဲ
  • 13:23 - 13:26
    ကိုယ်ကိုထည့်ထားနိူင်တယ်ဆိုတဲ့
    အတိုင်းအတာတွေမရှိဘူးလေ။
  • 13:26 - 13:28
    ဒါက လူသိရှင်ကြား
    အရှက်တကွဲဖြစ်ခြင်းရဲ့
  • 13:28 - 13:30
    တကယ့်ကို ကိုယ်ပိုင်ပေးဆပ်လိုက်ရခြင်းပါ။
  • 13:30 - 13:32
    ပြီးတော့ အင်တာနက်ရဲ့ ကြီးထွားလာမှုက
  • 13:33 - 13:39
    ဒီတန်ဘိုးကို မြှင့်ပေးလိုက်တယ်လေ။
  • 13:40 - 13:42
    အခုဆို ဆယ်စုနှစ် ၂ ခုကြာကြာ
  • 13:42 - 13:44
    ကျွန်မတို့ဟာ ယဉ်ကျေးမှု မြေဆီလွာပေါ်မှာ
  • 13:44 - 13:47
    အွန်လိုင်းရော၊ အွန်လိုင်းမဟုတ်တာရောမှာ
  • 13:47 - 13:50
    အရှက်နဲ့ လူသိရှင်ကြား အရှက်ခွဲခြင်း
  • 13:50 - 13:52
    မျိုးစေ့တွေကို ပျိုးနေကြတာပါ။
  • 13:52 - 13:55
    အတင်းအဖျင်း ဝက်ဘ်ဆိုဒ်တွေ၊ ပါပါရာဇီတွေ၊
  • 13:55 - 13:57
    ဖြစ်ရပ်မှန် အစီအစဉ်တွေ၊ နိူင်ငံရေးတွေ၊
  • 13:57 - 14:00
    သတင်းဌာနတွေနဲ့ တစ်ခါတစ်လေ
    အချက်အလက် ခိုးယူသူတွေ
  • 14:00 - 14:02
    အားလုံးဟာ အရှက်ကို တရားမဝင်
    ကုန်ကူးနေကြတာပေါ့။
  • 14:02 - 14:05
    ဒါက ၎င်းကိုယ်၌က ပိုက်စိပ်တိုက်ရှာခြင်း၊
  • 14:05 - 14:08
    တစ်ကိုယ်ရေ လွတ်လပ်မှုကို ထိပါးခြင်း၊
  • 14:08 - 14:11
    ဆိုက်ဘာအနိုင်ကျင့်ခြင်းတွေကို
    အားဖြည့်ပေးတဲ့ အွန်လိုင်းမှာ
  • 14:11 - 14:14
    စာနာမှုကင်း၊ အထိန်းအချုပ်ကင်းတဲ့
    ဝန်းကျင်ဆီကို ဦးတည်စေပါတယ်။
  • 14:14 - 14:16
    ဒီအပြောင်းအလဲက
    Professor Nicolaus Mills ခေါ်တဲ့
  • 14:16 - 14:19
    အရှက်တကွဲဖြစ်ခြင်း ယဉ်ကျေးမှု
  • 14:19 - 14:21
    တစ်ခုကို ဖန်တီးလိုက်တာပါ။
  • 14:21 - 14:24
    လွန်ခဲ့တဲ့၆လကာလလောက်ကပဲ ထင်ရှားတဲ့
  • 14:24 - 14:26
    ဥပမာတွေကိုပဲ စဉ်းစားကြည့်လိုက်ပါဦး။
  • 14:26 - 14:29
    Snapchat ဆိုတဲ့ ငယ်ရွယ်တဲ့ မျိုးဆက်တွေ
  • 14:29 - 14:31
    အဓိကအသုံးပြုကြတဲ့ ဝန်ဆောင်မှုမှာ
  • 14:31 - 14:32
    ၎င်းရဲ့ သတင်းတိုတွေဟာ စက္ကန့်အနည်းငယ်
  • 14:32 - 14:34
    သက်တမ်းလောက်ပဲရှိတယ်လို့
  • 14:34 - 14:36
    အခိုင်အမာ ဆိုထားပါတယ်။
  • 14:36 - 14:37
    ဒါကရရှိတဲ့ ပါဝင်မှုအမျိုးမျိုးကို
  • 14:37 - 14:39
    မြင်ယောင်ကြည့်လို့ရပါတယ်။
  • 14:39 - 14:41
    Snapchatters ကအသုံးပြုတဲ့
    အရံလုပ်ဆောင်ချက် တစ်ခုဟာ
  • 14:41 - 14:44
    ခိုးယူထားတဲ့ သတင်းတိုတွေရဲ့
  • 14:44 - 14:47
    သက်တမ်းကို သိမ်းဆည်းထားဖို့ဖြစ်ပြီး
  • 14:47 - 14:50
    ကိုယ်ရေးကိုယ်တာ စကားပြောဆိုခြင်းတွေ၊
    ဓာတ်ပုံတွေနဲ့
  • 14:50 - 14:52
    ဗွီဒီယိုတစ်သိန်းဟာ ပေါက်ကြားသွားပြီး
  • 14:52 - 14:55
    အခုတော့ အွန်လိုင်းမှာ ထာဝရ သက်တမ်း
  • 14:55 - 14:57
    တစ်ခုရှိသွားပါတော့တယ်။
  • 14:57 - 14:59
    Jennifer Lawrence နဲ့ အခြားများစွာသော
  • 14:59 - 15:01
    သရုပ်ဆောင်တွေဟာ သူတို့ရဲ့
    iCloud အကောင့်အခိုးခံရပြီး
  • 15:01 - 15:03
    သူတို့ရဲ့ တစ်ကိုယ်ရေ၊ အတွင်းကျကျ
    ဝတ်လစ်စလစ်ပုံတွေဟာ
  • 15:03 - 15:05
    သူတို့ခွင့်ပြုချက်မပါပဲနဲ့ အင်တာနက်ပေါ်မှာ
  • 15:05 - 15:07
    လူသိရှင်ကြား ပြသခံလိုက်ရတယ်လေ။
  • 15:07 - 15:11
    အတင်းအဖျင်း ဝက်ဘ်ဆိုဒ်တစ်ခုမှာ
    ဒီဇာတ်လမ်းကို တစ်နေ့မှာ
  • 15:11 - 15:14
    အကြိမ် ၅ သန်းကျော် ကြည့်ကြတယ်လေ။
  • 15:15 - 15:19
    ပြီးတော့ Sony Pictures ဆိုက်ဘာ
    ခိုးယူမှုကျတော့ရော။
  • 15:19 - 15:22
    အများဆုံးအာရုံစိုက်ခံရတဲ့
    စာရွက်စာတမ်းတွေဟာ
  • 15:22 - 15:25
    လူတောသူတောထဲမှာ အရှက်ရမှု
    တန်ဖိုးအများဆုံးက
  • 15:25 - 15:28
    ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေပဲလေ။
  • 15:28 - 15:30
    ဒါပေမဲ့ အရှက်တကွဲဖြစ်ခြင်း
    ယဉ်ကျေးမှုမှာတော့
  • 15:30 - 15:32
    လူသိရှင်ကြား အရှက်ရခြင်းကို
    နောက်ထပ် တန်ဖိုးကတ်ပြား
  • 15:32 - 15:35
    တစ်ခု တွဲချိတ်ထားပါတယ်။
  • 15:36 - 15:39
    တန်ဖိုးဟာ ခံရသူဖြစ်တဲ့ Tyler နဲ့
    အခြားသော များပြားလှတဲ့
  • 15:39 - 15:41
    အထူးသဖြင့် အမျိုးသမီးတွေ၊ လူနည်းစုဝင်တွေ၊
  • 15:41 - 15:43
    လိင်အင်္ဂါပြောင်းလဲသူ အဖွဲ့ဝင်တွေ
  • 15:43 - 15:46
    ပေးဆပ်လိုက်ရတာနဲ့ပဲ တိုင်းတာတာ မဟုတ်ပဲ
  • 15:46 - 15:49
    သူတို့တွေကိုအနိုင်ကျင့်
    အမြတ်ထုတ်တဲ့ လူတွေရဲ့
  • 15:49 - 15:52
    အကျိုးအမြတ်ကိုပါ တိုင်းတာတာပါ။
  • 15:52 - 15:54
    ဒီအခြားသူတွေရဲ့ပိုင်နက်ကို
    ကျူးကျော်ခြင်းဟာ
  • 15:54 - 15:57
    ကျွမ်းကျွမ်းကျင်ကျင်နဲ့၊
  • 15:57 - 16:00
    ရက်ရက်စက်စက်ကို တူးဖော်၊ ထုတ်ပိုးပြီး
  • 16:00 - 16:03
    အမြတ်တင် ရောင်းချတဲ့ ကုန်ကြမ်းတစ်ခုပါ
  • 16:03 - 16:06
    လူသိရှင်ကြားအရှက်ကွဲ ရခြင်းဟာ
    ကုန်ပစ္စည်းတစ်ခု ဖြစ်ပြီး
  • 16:06 - 16:09
    အရှက်တရားဟာ လုပ်ငန်းတစ်ခု ဖြစ်တဲ့နေရာမှာ
  • 16:09 - 16:12
    စျေးကွက်တစ်ခု ပေါ်လာတော့တာပဲလေ။
  • 16:12 - 16:16
    ပိုက်ဆံဘယ်လိုရှာလိုက်လဲ၊
  • 16:16 - 16:18
    ကလစ်နှိပ်လိုက်တာပေါ့၊
  • 16:18 - 16:20
    ပိုရှက်စရာဆိုရင် ကလစ်ချက်ပိုများလေပေါ့၊
  • 16:20 - 16:24
    ကလစ်ချက်ပိုများလေ ကြော်ငြာခ
    ဒေါ်လာပိုရလေပေါ့။
  • 16:25 - 16:28
    ကျွန်မတို့ဟာ အန္တရာယ်စက်ဝန်းတစ်ခုထဲမှာပါ၊
  • 16:28 - 16:30
    ဒီလိုအတင်းအဖျင်းကို ပိုနှိပ်လေ၊
  • 16:30 - 16:32
    ဒါရဲ့နောက်ကွယ်က လူသားတွေရဲ့ဘဝတွေကို
  • 16:32 - 16:35
    ကျွန်မတို့ပိုခံစားမှု မဲ့လာကြတာပေါ့
  • 16:35 - 16:37
    ကျွန်မတို့ပိုပိုခံစားမှုမဲ့လာလေ
  • 16:37 - 16:40
    ပိုကလစ်နှိပ်လေပေါ့။
  • 16:40 - 16:43
    အဲဒီတစ်ချိန်လုံးမှာပဲ တစ်ယောက်ယောက်က
    အခြားတစ်ယောက်ရဲ့
  • 16:43 - 16:45
    ဒုက္ခတွေရဲ့နောက်ကနေ
    ပိုက်ဆံ ရှာနေတော့တာပေါ့၊
  • 16:45 - 16:47
    ကလစ်ချက်တိုင်းမှာ ကျွန်မတို့တွေဟာ
  • 16:47 - 16:49
    ရွေးချယ်မှုတစ်ခု လုပ်နေကြတာပါ။
  • 16:49 - 16:51
    ကျွန်မတို့ယဉ်ကျေးမှုဟာ လူကြား
  • 16:51 - 16:53
    သူကြား အရှက်ရခြင်းတွေနဲ့
  • 16:53 - 16:55
    တင်းကျမ်းပြည့်လေလေ၊
    ဒါကို ပိုလက်ခံရလေလေ ဖြစ်ပြီး
  • 16:55 - 16:56
    ဆိုက်ဘာအနိုင်ကျင့်မှု၊ ပိုက်စိပ်တိုက်ရှာမှု၊
  • 16:56 - 16:58
    တစ်ချိုသော အချက်အလက် ခိုးယူမှုပုံစံတွေနဲ့
  • 16:58 - 17:01
    အွန်လိုင်းနှောက်ယှက်မှုတွေလိုမျိုး
  • 17:01 - 17:04
    အပြုအမူတွေ ပိုတွေ့ရလေလေဖြစ်မှာပါ။
  • 17:04 - 17:08
    ဘာဖြစ်လို့ပါလဲ၊ အကြောင်းက
    သူတို့အားလုံးရဲ့အူတိုင်တွေမှာ
  • 17:08 - 17:10
    အရှက်တကွဲ ဖြစ်ခြင်းဟာ ရှိနေတာမို့လို့ပါ။
  • 17:10 - 17:13
    ဒီအပြုအမူဟာ ကျွန်မတို့ ဖန်တီးလိုက်တဲ့
  • 17:13 - 17:16
    ယဉ်ကျေးမှုရဲ့ လက္ခဏာတစ်ခုပါ။
  • 17:16 - 17:18
    ဒါကို စဉ်းစားပဲကြည့်လိုက်ပါတော့။
  • 17:18 - 17:20
    အပြုအမူ ပြောင်းလဲခြင်းဟာ ယုံကြည်မှုတွေ
  • 17:20 - 17:22
    ဆင့်ကဲ ပြောင်းလဲလာခြင်းနဲ့ အစပြုပါတယ်၊
  • 17:22 - 17:24
    လူမျိုးခွဲခြားမှု၊ လိင်တူဆက်ဆံခြင်းကို
    ခွဲခြားမနှစ်မြို့မှုနဲ့
  • 17:24 - 17:26
    အခြားသော ဘက်လိုက်မှု
    အမြောက်အမြား နဲ့ပတ်သက်ပြီး
  • 17:26 - 17:28
    မှန်ကန်တယ်ဆိုတာ ယနေ့ခေတ်ရော အတိတ်ကပါ
  • 17:28 - 17:30
    ကျွန်မတို့ တွေ့မြင်ပြီးကြပါပြီ။
  • 17:30 - 17:32
    လိင်တူခြင်း လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး
  • 17:32 - 17:34
    ယုံကြည်မှုတွေ ပြောင်းလာတာနဲ့အမျှ
  • 17:34 - 17:36
    လူတွေဟာ တူညီတဲ့ လွပ်လပ်ခြင်းတွေ
  • 17:36 - 17:38
    ပိုပြီး အပ်နှင်းခံလာရပါတယ်။
  • 17:39 - 17:41
    တည်တံ့နိူင်မှုကို တန်ဖိုးထားတာကို
    အစပြုလိုက်တဲ့အခါ
  • 17:41 - 17:43
    ပိုများတဲ့လူတွေက ထပ်တလဲလဲ သုံးခြင်းကို
    အစပြုလာတာပေါ့။
  • 17:43 - 17:45
    ဒီတော့ ကျွန်မတို့ရဲ့ အရှက်တကွဲဖြစ်ခြင်း
  • 17:45 - 17:47
    ယဉ်ကျေးမှု ဆက်သွားနေသရွေ့
  • 17:47 - 17:49
    ကျွန်မတို့ လိုအပ်တာက ယဉ်ကျေးမှု
    တော်လှန်ရေးတစ်ခုပါ။
  • 17:49 - 17:52
    လူသိရှင်ကြားဖြစ်အောင်အရှက်
    ခွဲခြင်းဟာ တိရိစ္ဆာန်တွေကို
  • 17:52 - 17:54
    အပျော်သတ်ဖြတ်နေတာလိုပဲ
    ရပ်တန့်ပစ်ဖို့လိုပါတယ်၊
  • 17:54 - 17:57
    ပြီးတော့ အင်တာနက်ပေါ်မှာနဲ့ ကျွန်မတို့ရဲ့
  • 17:57 - 17:59
    ယဉ်ကျေးမှုထဲမှာ ဖြန်ဖြေမှုတစ်ခုလုပ်ဖို့
    အချိန်ရောက်ပါပြီ။
  • 17:59 - 18:01
    ပြောင်းလဲမှုက ရိုးရှင်းတာလေးနဲ့
    အစပြုပါတယ်၊
  • 18:01 - 18:04
    လွယ်တော့ မလွယ်ဘူးပေါ့နော်။
  • 18:04 - 18:08
    ကျွန်မတို့ အရှည်သဖြင့် စွဲကိုင်လာခဲ့တဲ့
    သနားကရုဏာဆီကို
  • 18:08 - 18:11
    ပြန်သွားဖို့လိုတယ်၊ သနားကရုဏာနဲ့
    မျှဝေခံစားခြင်းပေါ့လေ။
  • 18:11 - 18:14
    အွန်လိုင်းမှာက သနားကရုဏာ ပြတ်လပ်ပြီး၊
  • 18:14 - 18:16
    မျှဝေခံစားမှုက ကပ်ဆိုက်နေတယ်လေ။
  • 18:17 - 18:20
    သုသတသီ Brené Brown ပြောတာကို ကိုးကားရရင်
  • 18:20 - 18:22
    အရှက်ရခြင်းဟာ မျှဝေခံစားခြင်းကို
  • 18:22 - 18:24
    အသက်ဆက်မပေးနိုင်ဘူး" တဲ့လေ။
  • 18:24 - 18:27
    အရှက်ရခြင်းဟာ မျှဝေခံစားခြင်းကို
  • 18:27 - 18:29
    အသက်ဆက်မပေးနိုင်ပါဘူး။
  • 18:31 - 18:34
    ကျွန်မဘဝမှာ အမှောင်ကျတဲ့ နေ့တွေကို
    ကျွန်မကြုံဖူးပါတယ်။
  • 18:34 - 18:37
    ကျွန်မကို ကယ်တင်ပေးခဲ့တာက ကျွန်မရဲ့
  • 18:37 - 18:40
    မိသားစု၊ မိတ်ဆွေတွေ၊ ပညာရှင်တွေနဲ့
  • 18:40 - 18:43
    တစ်ခါတစ်လေ သူစိမ်းတစ်ရံစံတွေ တောင်မှပဲလေ။
  • 18:43 - 18:46
    လူတစ်ယောက်ဆီက မျှေဝခံစားခြင်းကတောင်
  • 18:46 - 18:49
    အပြောင်းအလဲတစ်ခု လုပ်ပေးနိူင်ပါတယ်။
  • 18:50 - 18:53
    လူမှုရေးစိတ်ပညာရှင်
    Serge Moscovici အဆိုပြုထားတဲ့
  • 18:53 - 18:56
    အသေးစား သက်ရောက်မှု သီအိုရီမှာ ပြောတာက
  • 18:56 - 18:59
    "နည်းပါးတဲ့အရေအတွက်တောင်မှ
  • 18:59 - 19:01
    ကြာလာတော့ တသမတ်တည်းဖြစ်တဲ့အခါ
  • 19:01 - 19:03
    အပြောင်းအလဲဖြစ်ပေါ်နိုင်စေတယ်"တဲ့။
  • 19:03 - 19:05
    အွန်လိုင်းလောကထဲမှာ ကျွန်မတို့ဟာ တော်တည့်
  • 19:05 - 19:07
    ဖြောင့်မတ်သူတွေဖြစ်လာခြင်းကနေ
  • 19:07 - 19:08
    အသေးစား သက်ရောက်မှုကို
    တိုးမြှင့်ပေနိုင်ပါတယ်။
  • 19:08 - 19:10
    တော်တည့်ဖြေင့်မှန်သူ ဖြစ်လာရေးဆိုတာဟာ
  • 19:10 - 19:11
    ဘေးကထိုင်ကြည့်သူ စိတ်မဝင်စားမှု ဆိုတာထက်
  • 19:11 - 19:12
    တစ်ယောက်ယောက်အတွက် အပြုသဘောမှတ်ချက်
  • 19:12 - 19:14
    တစ်ခုတင်ပေးနိုင်တာ ဒါမှမဟုတ်
  • 19:14 - 19:16
    အနိုင်ကျင့်တဲ့အခြေအနေတစ်ခုကို
  • 19:16 - 19:18
    အကြောင်းကြားပေးနိုင်တာကို ဆိုလိုတာပါ။
  • 19:18 - 19:21
    ကျွန်မပြောတာကိုယုံပါ၊
    စာနာမှုပါတဲ့ မှတ်ချက်တွေဟာ
  • 19:21 - 19:23
    အနုတ်သဘောဆောင်မှုကို လျော့စဲဖို့
    အထောက်အကူပေးပါတယ်။
  • 19:23 - 19:25
    ဒီအကြောင်းအချက်မျိုးတွေကို ဖြေရှင်းတဲ့
  • 19:25 - 19:27
    အဖွဲ့အစည်းတွေကို ထောက်ခံခြင်းနည်းနဲ့
  • 19:27 - 19:29
    ဒီယဉ်ကျေးမှုကို တိုက်ဖျက်နိူင်ပါတယ်၊
  • 19:29 - 19:32
    U.S မှာရှိတဲ့ Tyler Clementi Foundation
  • 19:32 - 19:35
    U.K က Anti-Bullying Pro
  • 19:35 - 19:39
    ပြီးတော့Australia က
    Project Rockit တိုလိုမျိုးတွေပေါ့။
  • 19:39 - 19:41
    လွတ်လပ်စွာထုတ်ဖော်ပြောပြဖို့ ကျွန်မတို့ရဲ့
  • 19:41 - 19:44
    အခွင့်အရေးတွေ အကြောင်းကို
  • 19:44 - 19:46
    ကျွန်မတို့ တော်တော်ပြောကြပါတယ်၊
  • 19:46 - 19:48
    ဒါပေမဲ့ လွတ်လပ်စွာ
    ဖေါ်ထုတ်ပြောဆိုတာနဲ့ ပတ်သက်တဲ့
  • 19:48 - 19:50
    ကျွန်မတို့ရဲ့ တာဝန်ဝတ္တရား အကြောင်းကို
    ပိုပြောဖို့လိုပါတယ်။
  • 19:50 - 19:51
    ကျွန်မတို့အားလုံး ပြောတာတွေကို
    ကြားစေချင်ကြပါတယ်၊
  • 19:55 - 19:57
    ဒါပေမဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်ပြောဆိုပေးတာနဲ့
  • 19:57 - 19:59
    အာရုံစိုက်လာအောင် ရပ်တည်ပြောဆိုပေးတာ အကြားက
  • 19:59 - 20:02
    ခြားနာချက်ကို လက်ခံပေးကြရအောင်လားရှင်။
  • 20:04 - 20:06
    အခုနကပြောသလိုပဲ အင်တာနက်ဟာ
    အလွန်လျှင်မြန်တဲ့နှုန်းပါ၊
  • 20:06 - 20:08
    ဒါပေမဲ့ အွန်လိုင်းမှာ အခြားသူတွေအပေါ်ကို
    မျှဝေခံစားမှု
  • 20:08 - 20:11
    ပြသခြင်းဟာ အားလုံးအတွက် အကျိုးရှိပြီး
  • 20:11 - 20:13
    ပိုပြီးလုံခြုံ၊ ပိုပြီးကောင်းမွန်တဲ့ ကမ္ဘာတစ်ခုကို
  • 20:13 - 20:15
    ဖန်တီးဖို့ အထောက်အကူ ပေးပါတယ်။
  • 20:15 - 20:17
    ကျွန်မတို့တွေဟာ ကရုဏာတရားနဲ့
  • 20:17 - 20:19
    အွန်လိုင်း ဆက်သွယ်မှုလုပ်ဖို့၊
  • 20:19 - 20:22
    သတင်းတွေကို ကရုဏာစိတ်နဲ့ သုံးစွဲဖို့၊
  • 20:22 - 20:24
    ကရုဏာစိတ်နဲ့ ကလစ်နှိပ်ကြဖို့ လိုအပ်ပါတယ်။
  • 20:24 - 20:26
    အခြားသူတစ်ယောက်ရဲ့ သတင်းစာခေါင်းစီးထဲကို
  • 20:26 - 20:29
    ၁ မိုင်လောက် လမ်းလျှောက်ကြည့်တယ်လို့
    စိတ်ကူးကြည့်လိုက်ပါ။
  • 20:31 - 20:34
    ကျွန်မရဲ့ ကိုယ်ပိုင် မှတ်ချက်ကလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်၊
  • 20:36 - 20:38
    လွန်ခဲ့တဲ့ ၉ လအတွင်းက
  • 20:38 - 20:40
    ကျွန်မ အမေးခံရဆုံး မေးခွန်းကတော့
    ဘာကြောင့်လဲ ဆိုတာပါ၊
  • 20:40 - 20:43
    အခုတော့ရော ဘာဖြစ်လို့လဲ၊
    ဘာဖြစ်လို့ ခေါင်းမိုးစွန်းအထက်က
  • 20:43 - 20:44
    ကျွန်မ ခေါင်းပြူ ထွက်နေခဲ့တာပါလိမ့်။
  • 20:44 - 20:46
    ဒီမေးခွန်းတွေထဲက ပြောမထားတာကို
  • 20:46 - 20:48
    ရှင်တို့ ဖတ်ကြည့်နိုင်ပါတယ်၊
  • 20:48 - 20:51
    အဖြေဟာ နိုင်ငံရေးနဲ့ ပတ်သက်မှုမရှိပါဘူး။
  • 20:51 - 20:54
    ထိပ်ဆုံးက မှတ်သားဖွယ် အဖြေဟာ
    အချိန်ကြောင့်
  • 20:54 - 20:56
    ဖြစ်ခဲ့ပါတယ်၊ ဖြစ်နေဆဲပါ။
  • 20:56 - 20:58
    ကျွန်မရဲ့ အတိတ်ဝန်းကျင်ထဲကို
    ချွတ်နင်းဝင်ရောက်တာကို
  • 20:58 - 21:00
    ရပ်ဖို့ အချိန်တန်ပါပြီ၊
  • 21:00 - 21:01
    တံထွေးခွက် ပက်လက်မြောတဲ့ ဘဝတစ်ခုမှာ
  • 21:01 - 21:03
    ရှင်သန်နေတာကို ရပ်ဖို့ အချိန်ရောက်ပါပြီ၊
  • 21:03 - 21:05
    ပြီးတော့ ကျွန်မရဲ့ ဇာတ်လမ်းဆီ ပြန်သွားဖို့
  • 21:05 - 21:06
    အချိန်ရောက်ပါပြီရှင်။
  • 21:06 - 21:09
    ဒါဟာ ကျွန်မကိုယ်ကျွန်မ ကယ်တင်ဖို့ပဲ မဟုတ်ပါဘူး။
  • 21:09 - 21:12
    အရှက်ရခြင်းနဲ့ လူကြားသူကြား
    အရှက်တကွဲ ဖြစ်ရခြင်းကို
  • 21:12 - 21:15
    ခံစားနေရတဲ့ သူတိုင်းအတွက်
  • 21:15 - 21:17
    သိစရာတစ်ခု လိုအပ်ပါတယ်၊
  • 21:17 - 21:20
    "ဒါကို ကျော်လွှားနိုင်ပါတယ်"
  • 21:20 - 21:23
    ဒါဟာ ခက်ခဲတယ်ဆိုတာ ကျွန်မသိပါတယ်၊
  • 21:23 - 21:26
    မနာမကျင်၊ အလျင်အမြန် ဒါမှမဟုတ်
    အလွယ်နဲ့ ဟုတ်ချင်မှဟုတ်မယ်။
  • 21:26 - 21:28
    ဒါပေမဲ့ ရှင်တို့ဇာတ်လမ်းရဲ့
    နိဂုံးအသစ်တစ်ခုကို
  • 21:28 - 21:31
    မလျှော့တမ်း လုပ်ဆောင်နိုင်တယ်လေ။
  • 21:31 - 21:35
    ကိုယ့်ကိုကိုယ် ကြင်နာကရုဏာစိတ် မွေးပါ။
  • 21:35 - 21:38
    ကျွန်မတို့အားလုံး ကရုဏာစိတ်နဲ့
    ထိုက်တန်ပါတယ်၊
  • 21:38 - 21:41
    ပြီးတော့ ပိုပြီးကြင်နာစိတ်ရှိတဲ့
    လောကထဲက အွန်လိုင်းရော၊
  • 21:41 - 21:44
    အွန်လိုင်းမဟုတ်တာမှာပါ
    ရှင်သန်ဖို့အတွက်ပေါ့ရှင်။
  • 21:44 - 21:46

    နားဆင်ပေးတဲ့အတွက် ကျေးဇူးပါ။
  • 21:46 - 21:57
    (လက်ခုပ်သံများ)
Title:
အရှက်ရဲ့ တန်ဖိုး
Speaker:
Monica Lewinsky
Description:

"လူသိရှင်ကြားဖြစ်အောင် အရှက်ခွဲခြင်းဟာ တိရိစ္ဆာန်တွေကို အပျော်သတ်ဖြတ်နေတာလိုပဲ ရပ်တန့်ပစ်ဖို့လိုပါတယ်"လို့ ဆိုလာသူကတော့ Monica Lewinsky ပါ။ ၁၉၉၈ တုန်းက သူမပြောခဲ့တာက "ကျွန်မရဲ့ ဂုဏ်သတင်းဟာ ဗြုန်းစားကြီးဆိုသလိုပဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ချီပြီး ညှိုးနွမ်းတာနဲ့ပတ်သက်ပြီး ကျွန်မဟာ သည်းခံလိုစိတ် ခေါင်းပါးနေခဲ့ပါတယ်။" ဒီကနေ့မှာ သူမကြုံတွေ့ဖြတ်သန်းခဲ့တဲ့ အွန်လိုင်းကနေတစ်ဆင့် လူသိရှင်ကြား ဖြစ်အောင်လုပ်ခြင်းဟာ အတောမသတ်ဖြစ်နေပါတယ်။ သေစေနိူင်လောက်တယ်ပေါ့။ ဒီတိုတောင်းတဲ့ ဟောပြောချက်တစ်ခုထဲမှာ သူမဟာ အရှက်တကွဲ အကျိုးနည်းဖွယ်ရာ အွန်လိုင်းယဉ်ကျေးမှုကို ခပ်တင်းတင်းရှုမြင်လိုက်ပြီး တမျိုးရှုမြင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
22:26
Myo Aung edited Burmese subtitles for The price of shame
Myo Aung edited Burmese subtitles for The price of shame
Myo Aung edited Burmese subtitles for The price of shame
Myo Aung approved Burmese subtitles for The price of shame
Myo Aung accepted Burmese subtitles for The price of shame
Myo Aung edited Burmese subtitles for The price of shame
Myo Aung edited Burmese subtitles for The price of shame
sann tint edited Burmese subtitles for The price of shame
Show all

Burmese subtitles

Revisions