Return to Video

သတင်းတုများက တကယ့် အန္တရာယ်ပြုပုံ

  • 0:01 - 0:04
    မိန်းကလေးတစ်ဦးရဲ့ ဇာတ်လမ်းကို
    ပြောပြချင်ပါတယ်။
  • 0:05 - 0:07
    သူမရဲ့ အမည်ရင်းကိုတော့ မပြောနိုင်ပါဘူး။
  • 0:07 - 0:09
    ဒီတော့ သူမကို Hadiza လို့ပဲ ခေါ်ကြစို့။
  • 0:10 - 0:11
    Hadiza က အသက် ၂၀ ပါ။
  • 0:12 - 0:13
    သူမက ရှက်တတ်ပေမဲ့
  • 0:13 - 0:16
    သူမမျက်နှာမှာ ဝင်းပနေတဲ့
    လှပတဲ့ အပြုံးကလေးနဲ့သူပါ။
  • 0:17 - 0:19
    ဒါပေမဲ့ သူမဟာ အမြဲပဲ နာကျင်နေတယ်။
  • 0:21 - 0:24
    ကျန်တဲ့ ဘဝတစ်ခုလုံး ဆေးဝါးသုံနေဖို့
    ဖြစ်နိုင်ခြေရှိတယ်။
  • 0:25 - 0:27
    ဘာကြောင့် ရှင်တို့ သိချင်ကြလား။
  • 0:28 - 0:31
    Hadiza ဟာ Chibok က မ်န်းကလေးဖြစ်ပြီး
  • 0:31 - 0:34
    ၂၀၁၄ ဧပြီလ ၁၄ ရက်မှာ Boko Haram
    အကြမ်းဖက်သမားတွေရဲ့
  • 0:34 - 0:36
    ပြန်ပေးဆွဲတာ ခံခဲ့ရတယ်။
  • 0:36 - 0:39
    ဒါပေမဲ့လည်း မိန်းကလေးတွေကို တင်လာတဲ့
    ကုန်တင်ကားကနေ
  • 0:39 - 0:42
    ခုန်ချပြီးသူမလွတ်မြောက်အောင်
    လုပ်နိုင်ခဲ့တယ်။
  • 0:42 - 0:46
    ဒါပေမဲ့ သူမ မြေပေါ်ကျတော့
    ခြေထောက်နှစ်ဖက်လုံး ကျိုးသွားပြီး
  • 0:46 - 0:49
    ချုံပုတ်တွေထဲမှာပုန်းဖို့
    သူမဝမ်းဗိုက်နဲ့ ဝမ်းလျားထိုးသွားခဲ့ရတယ်။
  • 0:49 - 0:53
    Boko Haram တွေ သူမဆီပြန်လာမှာကို
    လန့်တယ်လို့ ကျွန်မကို ပြောပြတယ်။
  • 0:54 - 0:58
    သူမဟာ အဲဒီနေ့က လွတ်မြောက်နိုင်ခဲ့တဲ့
    မိန်းကလေး ၅၇ ဦးထဲက တစ်ဦးပါ။
  • 0:58 - 1:01
    ဒီဇာတ်လမ်းက ကမ္ဘာတစ်ဝှမ်းမှာ တော်တော်လေး
  • 1:01 - 1:02
    ဂယက်ထစေခဲ့တယ်။
  • 1:02 - 1:06
    Michelle Obama၊ Malala အခြား သူတို့လို
    ပုဂ္ဂိုလ်တွေက ဆန့်ကျင်ပွဲမှာ
  • 1:06 - 1:08
    သူတို့ရဲ့ သဘောထားတွေ အားဖြည့်ကြတယ်။
  • 1:08 - 1:11
    အဲဒီတစ်ချိန်တည်းမှာ
    ကျွန်မက London မှာ နေနေတုန်းမှာ
  • 1:11 - 1:16
    ကျွန်မကို London ကနေ Abuja ကို
    Nigeria ကနေ ပထမဆုံး ကျင်းပနေတဲ့
  • 1:16 - 1:18
    World Economic Forum ကို
    သတင်းယူဖို့ စေလွှတ်ခံရတယ်။
  • 1:19 - 1:23
    ဒါပေမဲ့ ကျွန်မတို့ရောက်တော့ မြို့ထဲမှာ
    အဖြစ်ကတစ်ခုတည်းဆိုတာ ရှင်းနေတယ်။
  • 1:24 - 1:26
    အစိုးရကို ကျွန်မတို့ ဖိအားပေးတယ်။
  • 1:26 - 1:28
    ဒီမိန်းကလေးတွေကို ပြန်ခေါ်ဖို့
    ဘာတွေလုပ်နေလဲလို့
  • 1:28 - 1:30
    ခက်ခဲတဲ့ မေးခွန်းတွေ မေးခဲ့တယ်။
  • 1:30 - 1:32
    ကံဆိုးချင်တော့
  • 1:32 - 1:35
    ကျွန်မတို့ မေးခွန်းတန်းကြီးကို
    သူတို့ ဘဝင်မကျကြဘူး။
  • 1:35 - 1:39
    "ရှေ့နောက်မညီတဲ့အချက်တွေ" ရဲ့
    အတော်ကြီး ရခဲ့တယ်ပဲ ဆိုပါတော့။
  • 1:39 - 1:41
    (ရယ်သံများ)
  • 1:41 - 1:45
    အဲဒီတုန်းက
    သြဇာရှိတဲ့ နိုက်ဂျီးရီးယန်းတွေက
  • 1:45 - 1:47
    ကျွန်မတို့ကို နုံတယ်၊
  • 1:47 - 1:50
    နိုက်ဂျီးရီးယားက နိင်ငံရေးကို
    နားမလည်ကြဘူးလို့ ပြောနေကြတယ်။
  • 1:51 - 1:53
    ဒါပေမဲ့ Chibok မိန်းကလေးတွေရဲ့
    ဇာတ်လမ်းဟာ
  • 1:53 - 1:56
    လှည့်ကွက်လို့လည်း
  • 1:56 - 1:57
    ပြောကြတယ်။
  • 1:58 - 2:01
    စိတ်မကောင်းစရာက ဒီလှည့်ကွက်
    ဇာတ်လမ်းက ဆက်လက်ရှိနေပြီး
  • 2:01 - 2:03
    Chibok မိန်းကလေးတွေ တစ်ခါမှ
    ပြန်ပေးဆွဲမခံရဘူးလို့
  • 2:03 - 2:06
    ယုံကြည်သူတွေ
    နိုက်ဂျီးရီးယား မှာ ယနေ့ထိ ရှိဆဲပါ။
  • 2:07 - 2:09
    ဒါပေမဲ့ဒီလိုလူတွေကို ကျွန်မ ပြောနေခဲ့တယ်၊
  • 2:10 - 2:12
    ယူကျုံးမရဖြစ်နေတဲ့မိဘတွေကိုပါ၊
  • 2:12 - 2:16
    အဲဒီနေ့က Boko Haram တွေကသူတို့
    သမီးတွေကို ပြန်ပေးဆွဲသွားတယ်၊
  • 2:16 - 2:21
    သမီးတွေကို ကုန်တင်ကားနဲ့တင်ပြီး Sambis
    သစ်တောထဲ ပြေးဝင်သွားတယ်လို့္ပေပြာသူတွေပါ။
  • 2:21 - 2:25
    သူတို့ဟာ တောခုတ်ဓားတွေနဲ့
    တိုက်ဖို့ပြင်ခဲ့ပေမဲ့ Boko Haram တွေမှာ
  • 2:25 - 2:26
    သေနတ်တွေရှိတော့
    အတင်းပြန်ဆုတ်ခဲ့ရတယ်။
  • 2:27 - 2:31
    မလွှဲဧကန်ပဲ နှစ်နှစ်လုံးလုံး
    သတင်းအစီအစဉ် ဆက်ရှိနေပြီး
  • 2:31 - 2:33
    နှစ်နှစ်လုံးလုံး
  • 2:33 - 2:36
    Chibok မိန်းကလေးတွေအကြောင်း
    သိပ် မကြားရဘူး။
  • 2:36 - 2:38
    သူတို့တွေ သေပြီလို့ လူတိုင်းက ထင်ခဲ့တာ၊
  • 2:38 - 2:40
    ဒါပေမဲ့ မနှစ်က ဧပြီမှာတော့
  • 2:40 - 2:42
    ဒီဗီဒီယိုကို ရယူနိုင်ခဲ့တယ်။
  • 2:43 - 2:45
    ဒါက ဗီဒီယိုထဲက ရုပ်သေတစ်ခုပါ၊
  • 2:45 - 2:48
    Boko Haram တွေက အသက်ရှိတာရဲ့
    သက်သေအဖြစ် ရိုက်ကူးခဲ့တာဖြစ်ပြီး
  • 2:49 - 2:51
    အရင်းအမြစ်တစ်ခုကနေ
    ဒီဗီဒီယိုကို ကျွန်မရယူခဲ့တာပါ။
  • 2:52 - 2:54
    ဒါပေမဲ့ ဒါကို မထုတ်ပြန်ခင်
  • 2:54 - 2:57
    ဒါကို မိဘတွေကို ပြောဖို့၊ အတည်ပြုဖို့
    နိုက်ဂျီးရီးယား
  • 2:57 - 2:59
    မြောက်ပိုင်းကို ခရီးထွက်ခဲ့ရတယ်။
  • 2:59 - 3:03
    အတည်ပြုချက်ရဖို့ အကြာကြီး
    မစောင့်ခဲ့ရပါဘူး။
  • 3:04 - 3:07
    ဒီဗီဒီယိုကိုကြည်တော့ မိခင်တစ်ယောက်
    ကျွန်မကို ပြောတာက
  • 3:07 - 3:10
    လက်တော့ပ်ထဲကိုသာ သူမ ဝင်လို့ရပြီး
  • 3:10 - 3:14
    သူမရဲ့ ကလေးကို ဆွဲထုတ်လို့ရရင်
  • 3:14 - 3:15
    ဆွဲထုတ်လိုက်မိမှာပဲတဲ့။
  • 3:16 - 3:19
    ကျွန်မလိုပဲ ပရိတ်သတ်ထဲက
    မိဘဖြစ်သူတွေအတွက်တော့
  • 3:19 - 3:22
    ့ဒီအမေ ခံစားရတဲ့ မချိတင်ကဲ
    ဝေဒနာကို စိတ်ကူးကြည့်လို့ပဲ
  • 3:22 - 3:24
    ရနိုင်တာပါ။
  • 3:26 - 3:32
    ဒီဗီဒီယိုက Boko Haram နဲ့ ညှိနှိုင်းဆွေး
    နွေးပွဲတွေ နှိုးဆွဖို့ ဆက်ဖြစ်စေလိမ့်မယ်။
  • 3:32 - 3:36
    နိုက်ဂျီးရီးယန်း လွှတ်တော်အမတ်က
    ကျွန်မကိုပြောတာက ဒီဗီဒီယိုကြောင့်
  • 3:36 - 3:38
    သူတို့ ဆွေးနွေးပွဲတွေ ဝင်ခဲ့တယ်၊
  • 3:38 - 3:42
    အကြောင်းက Chibok မိန်းကလေးတွေ
    သေပြီလို့ ယူဆခဲ့ကြလို့တဲ့လေ။
  • 3:43 - 3:47
    ပြီးခဲ့တဲ့ အောက်တိုဘာမှ
    မိန်းကလေး နှစ်ဆယ့်တစ်ဦး လွတ်ခဲ့တယ်။
  • 3:47 - 3:51
    ဝမ်းနည်းစရာက သူတို့ထဲက
    ၂၀၀ နီးပါးက ပျောက်နေတုန်းပါ။
  • 3:52 - 3:56
    ကျွန်မ ဝန်ခံရမှာက ကျွန်မဟာ ဒီဇာတ်လမ်း
    ဖော်ပြရာမှာ ဓမ္မဓိဌာန်ကျတဲ့ အကဲခတ်သူ
  • 3:56 - 3:57
    မဖြစ်ခဲ့ဘူးဆိုတာပါ။
  • 3:57 - 4:01
    ဒီမိန်းကလေးတွေကို ကယ်တင်ဖို့
    ဖြုန်းတီးလိုက်တဲ့ အခွင့်အလမ်းတွေကို
  • 4:02 - 4:03
    တွေးမိတော့ ဒေါသဖြစ်မိတယ်။
  • 4:03 - 4:07
    ဒါတွေဟာ ချမ်းသာပြီး သြဇာရှိတဲ့သူတွေရဲ့
    သမီးတွေသာဆိုရင်ဒီထက်ကို
  • 4:07 - 4:10
    အများကြီးစောပြီး တွေ့လိမ့်မယ်လို့
    မိဘတွေ ကျွန်မကို ပြောတာ
  • 4:10 - 4:12
    တွေးမိတော့ ကျွန်မ ဒေါသဖြစ်မိတယ်။
  • 4:14 - 4:16
    အဲဒီလှည့်ကွက် ဇာတ်လမ်းဆိုတာကို
  • 4:16 - 4:18
    ကျွန်မ ဒေါသဖြစ်မိတယ်။
  • 4:18 - 4:20
    ကျွန်မ ခိုင်မာစွာ ယုံကြည်တာက
  • 4:20 - 4:22
    နှောင့်နှေးမှုဖြစ်စေတယ်၊
  • 4:22 - 4:25
    သူတို့တုံ့ပြန်မှုမှာ
    နှောင့်နှေးတဲ့ အကြောင်းရဲ့ အပိုင်းဆိုတာပါ
  • 4:27 - 4:31
    ဒါက ကျွန်မကို သတင်းတုတွေရဲ့ သေလောက်တဲ့
    အန္တရာယ်ကို မီးထိုးပြလိုက်တယ်။
  • 4:31 - 4:33
    ဒီတော့ ဒါနဲ့ ဘာလုပ်နိုင်လဲ။
  • 4:34 - 4:36
    အရမ်းကို တော်တဲ့ လူတွေရှိတယ်၊
  • 4:36 - 4:38
    Google နဲ့ Facebook က
    နည်းပညာသုံးပြီး သတင်းတုတွေ
  • 4:38 - 4:43
    ပျံ့ပွားတာ တးဆီးဖို့ ကြိုးပမ်းနေသူတဲ့
    တော်တဲ့ အင်ဂျင်နီယာတွေပါ။
  • 4:43 - 4:48
    ဒါပေမဲ့ ဒါရဲ့အလွန်မှာ ကျွန်မ ထင်တာက
    ဒီကလူတိုင်း ရှင်တို့ရော ကျွန်မပါ
  • 4:48 - 4:50
    ဒီမှာ ပါဝင်ဖို့ ကဏ္ဍတစ်ရပ်ရှိတယ်။
  • 4:50 - 4:53
    ကျွန်မတို့ဟာ အကြောင်းအရာကို
    မျှဝေသူတွေပါ။
  • 4:53 - 4:55
    ကျွန်မတို့ဟာ အွန်လိုင်းမှာ ဇာတ်လမ်းတွေ
    မျှဝေသူတွေပါ။
  • 4:55 - 4:57
    ဒီနေ့နဲ့ ဒီခေတ်မှာ အားလုံးဟာ
    ထုတ်ပြန်သူတွေပါ၊
  • 4:59 - 5:01
    ပြီးတော့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။
  • 5:01 - 5:03
    သတင်းစာသမားအဖြစ် ကျွန်မလုပ်မှာ
  • 5:03 - 5:05
    ကျွန်မ စစ်ဆေးတယ်၊ အတည်ပြုတယ်၊
  • 5:05 - 5:09
    ကိုယ့်စိတ် ကိုယ်ယုံပေမဲ့
    ခက်ခဲတဲ့ မေးခွန်းတွေတေ့ မေးပါတယ်။
  • 5:10 - 5:12
    ဘာကြောင့် ဒီပုဂ္ဂိုလ်က ဒီဇာတ်လမ်းကို
    ကျွန်မကို ပြောနေတာလဲ။
  • 5:13 - 5:16
    ဒီသတင်းအချက်အလက်ကို မျှဝေခြင်းက
    သူတို့ ဘာတွေရဖို့ လိုတာလဲ။
  • 5:16 - 5:18
    သူတို့မှာ ဝှက်ထားတဲ့ အစီအစဉ်ရှိလား။
  • 5:19 - 5:24
    ကျွန်မတို့အားလုံး အွန်လိုင်းမှာ တွေ့ရှိတဲ့
    သတင်းအချက်အလက်တွေ အကြောင်း
  • 5:24 - 5:27
    မေးခွန်းတွေ အတူတူ
    စတင် မေးခွန်းထုတ်ကြရပါမယ်။
  • 5:30 - 5:35
    သုတေသနကပြတာတာ ကျွန်မတို့တစ်ချို့ဟာ
    ဇာတ်လမ်းတွေကို မမျှဝေခင်
  • 5:35 - 5:38
    ခေါင်းစဉ်တွေကိုတောင် မဖတ်ကြဘူးတဲ့။
  • 5:38 - 5:39
    ဒါကို ဘဘ်သူလုပ်လိုက်တာလဲ။
  • 5:40 - 5:41
    ကျွန်မလုပ်တာ ကျွန်မသိတယ်။
  • 5:42 - 5:44
    ဒါပေမဲ့ အပေါ်ယံ တန်ဖိုးမှာ
  • 5:45 - 5:50
    ကျွန်မတို့ တွေ့ရှိထဲ့ သတင်းအချက်အလက်ကို
    ယူတာ ရပ်လိုက်ရင်ရော။
  • 5:50 - 5:54
    ကျွန်မတို့ လက်ဆင့်ကမ်းတဲ့
    သတင်းအချက်အလက်ရဲ့ အကျိုးဆက်နဲ့
  • 5:54 - 5:56
    ၎င်းရဲ့ အကြမ်းဖက်မှု(သို့)
    အမုန်းတရာကို
  • 5:56 - 6:00
    လှုံ့ဆော်ဖို့ အလားအလာကို
    တွေးဖို့ ရပ်လိုက်မယ်ဆိုရင်ရော။
  • 6:01 - 6:05
    ကျွန်မတို့ မျှဝေတဲ့ သတင်းအချက်အလက်ရဲ့
    လက်တွေ့ဘဝ အကျိုးဆက်တွေအကြောင်းကို
  • 6:05 - 6:07
    တွေးဖို့ ရပ်လိုက်မယ်ဆိုရင်ရော။
  • 6:08 - 6:10
    နားဆင်ပေးတဲ့အတွက်
    ကျေးဇူးအများကြီးပါ။
  • 6:10 - 6:13
    (လက်ခုပ်သံများ)
Title:
သတင်းတုများက တကယ့် အန္တရာယ်ပြုပုံ
Speaker:
Stephanie Busari
Description:

၂၀၁၄ ဧပြီလ ၁၄ ရက်မှာ အကြမ်းဖက် အဖွဲ့အစည်း Boko Haram ဟာ နိက်ဂျီးရီးယားနိုင်ငံ Chibok မြို့က ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့တယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဒီမှုခင်းဟာ #BringBackOurGirls ဆိုတဲ့ ဆောင်ပုဒ်နဲ့ စံနမူနာဖြစ်လာခဲ့တယ်။ ဒါပေမဲ့ နိုက်ဂျီးရီးယားမှာတော့ အစိုးရ အာဏာပိုင်တွေက မိန်းကလေးတွေကို ကယ်တင်ဖို့ အားထုတ် ဆောင်ရွက်မှုတွေလုပ်ဖို့ ဇဝေဇဝါဖြစ်ရင်း နှောင့်နှေးရင်း ဒီအမှုကို လိမ်ညာမှုလို့ ခေါ်ခဲ့ကြတယ်။ ဒီအားကောင်းလှတဲ့ ဟောပြောချက်မှာ သတင်းစာသမား Stephanie Busari ကနေပြီး သတင်းတုတွေရဲ့ ဘေးအန္တရာယ်နဲ့ ဒါကိုတားဆီးဖို့ ကျွန်ုပ်တို့ လုပ်နိုင်တာကို ရှင်းပြဖို့ Chibok ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးကို ထောက်ပြလိုက်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:26

Burmese subtitles

Revisions