Return to Video

Richard St. John ရဲ့ အောင်မြင်မှု ၏ လျှို့ဝှက်ချက် ၈ ချက်

  • 0:00 - 0:03
    ကျွန်တော် အထက်တန်းကျောင်းသူကျောင်းသားတွေအတွက် ၂နာရီ လောက်ဟောပြောတာကို
  • 0:03 - 0:04
    အခု ၃ မိနစ်တည်းနဲ့ပဲ တင်ပြမှာပါ။
  • 0:04 - 0:07
    ကျွန်တော် TED ကို တစ်နေ့လေယာဉ်နဲ့အလာမှာ ဒါစတင်ခဲ့ပါတယ်
  • 0:07 - 0:08
    လွန်ခဲ့တဲ့ ရနှစ်ကပါ။
  • 0:08 - 0:09
    ကျွန်တော့်ရဲ့ ဘေးထိုင်ခုံမှာ
  • 0:09 - 0:13
    ဆယ်ကျော်သက် အထက်တန်းကျောင်းသူတစ်ယောက် ထိုင်ပါလာပါတယ်။
  • 0:13 - 0:15
    ဆင်းရဲတဲ့မိသားစုမှ ဆင်းသက်လာခဲ့သူပါ။
  • 0:15 - 0:18
    သူမဟာ သူမဘဝအတွက် တခုခုလုပ်ချင်လို့
  • 0:18 - 0:19
    မေးခွန်းရှင်းရှင်းလေးတစ်ခု ကျွန်တော့်ကိုမေးခဲ့တယ်။
  • 0:19 - 0:21
    သူမမေးတာက "အောင်မြင်မှုဆီကို ဘယ်လိုသွားနိုင်မလဲ?"
  • 0:21 - 0:23
    ကျွန်တော် တကယ့်ကို စိတ်မကောင်းဖြစ်သွားတယ်။
  • 0:23 - 0:25
    သူမအတွက် အဖြေကောင်းကို ကျွန်တော်မပေးနိုင်ခဲ့ဘူး။
  • 0:25 - 0:28
    ဒါနဲ့ကျွန်တော် လေယာဉ်ပေါ်ကဆင်းပြီး TED ကိုလာခဲ့တယ်။
  • 0:28 - 0:31
    ပြီးတော့ "အင်း၊ ဒီအခန်းထဲမှာ အောင်မြင်တဲ့လူတွေနဲ့ ပြည့်နေပါကလား။
  • 0:31 - 0:34
    ဒါဆိုရင် သူတို့အောင်မြင်]ရေးကို ကူပေးခဲ့တာကို သူတို့ကိုပဲ မေးပြီး
  • 0:34 - 0:36
    လူငယ်တွေကို လက်ဆင့်ကမ်းလိုက်ရင် မကောင်းဘူးလား?
  • 0:36 - 0:40
    အခု ရနှစ် နဲ့ အင်တာဗျူး ၅၀၀ ပြီးတဲ့ အချိန်မှာတော့
  • 0:40 - 0:43
    ကျွန်တော်ဟာ ဘာလုပ်ရင် အောင်မြင်မှု့ ကို သေချာပေါက် ရရှိမယ်ဆိုတာ နဲ့
  • 0:43 - 0:45
    TED ဝိုင်းတော်သားများရဲ့ ခံယူချက်များ ကိုတင်ပြမှာပါ။
  • 0:45 - 0:47
    ပထမဆုံး အချက်ကတော့ ဝါသနာပဲ။
  • 0:47 - 0:50
    Freeman Thomas ကပြောတယ် "ကျွန်တော်ကတော့ ဝါသနာပါ မှ စိတ်ပါတယ်။"
  • 0:50 - 0:53
    TED ဝိုင်းတော်သားများက ငွေအတွက် အလုပ်လုပ်တာ မဟုတ်ပါဘူး။
  • 0:53 - 0:56
    Carol Coletta ကပြောတယ် "ကျွန်မလုပ်တာကို လုပ်ပေးဖို့ ကျမတစ်ယောက်ယောက်ကို ပိုက်ဆံပေးရပါမယ်။"
  • 0:56 - 0:58
    စိတ်ဝင်စားစရာ ကောင်းတာကတော့
  • 0:58 - 1:00
    ဝါသနာပါလို့ တစ်ခုခုကို အမြတ်တနိုးလုပ်ပေးရင် ပိုက်ဆံရမှာပဲ။
  • 1:00 - 1:04
    ကြိုးစားလုပ်ပါ! Rupert Murdoch က ကျွန်တော့်ကိုပြောဖူးတယ် "အလုပ်ကို ပင်ပင်ပမ်းပမ်း လုပ်ရတယ်၊
  • 1:04 - 1:06
    လွယ်လွယ်ရတာ ဘာမှမရှိနိုင်ပါဘူး။ ဒါပေမဲ့ အရမ်းပျော်စရာကောင်းတယ်။
  • 1:06 - 1:10
    ပျော်စရာကောင်းတယ်တဲ့? Rupert? ဟုတ်ပါ့ဗျာ။
  • 1:10 - 1:14
    TED ဝိုင်းတော်သားတွေ အလုပ်လုပ်ရတာကို ပျော်ကြတယ်။ အလုပ်ကို ကြိုးစားလုပ်ကြတယ်။
  • 1:14 - 1:17
    ကျွန်တော်နားလည်လိုက်တာက သူတို့ဟာ အလုပ်စွဲနေကြသူတွေ မဟုတ်ပဲ အလုပ်ကို ပျော်စရာ လုပ်ပစ်လိုက်ကြသူတွေဖြစ်ကြပါတယ်။
  • 1:18 - 1:24
    ကောင်းပါပြီ! Alex Garden ကပြောပါတယ် "အောင်မြင်ချင်ရင် တစ်ခုခုကို စူးစူးစိုက်စိုက်လေ့လာပါ၊
  • 1:24 - 1:25
    ပြီးတော့ အဲဒါကို အရမ်းကောင်းအောင် လုပ်ပြပါ။
  • 1:25 - 1:28
    ဥုံဖွဆိုပြီး ဆိုရုံနဲ့ ရတာမရှိပါဘူး၊ လေ့ကျင့်၊ လေ့ကျင့်၊ လေ့ကျင့်ပါ။
  • 1:28 - 1:31
    နောက်ပြီးတော့ အာရုံစွဲမြဲမှု! Norman Jewison က ကျွန်တော့်ကိုပြောဖူးတယ်၊
  • 1:31 - 1:34
    "ကျွန်တော်ကတော့ အလုပ်တစ်ခုမှာ အာရုံစိုက်လုပ်ဖို့ အရေးအကြီးဆုံး လို့ထင်ပါတယ်။"
  • 1:34 - 1:38
    တွန်းပေးပါ! David Gallo ပြောတာကတော့ "ကိုယ့်ကိုယ်ကို တွန်းပေးပါ။"
  • 1:38 - 1:40
    ကိုယ်ရောစိတ်ပါ တချိန်လုံး တွန်းပေးဖို့လိုတယ်ဗျ။"
  • 1:40 - 1:43
    ရှက်ကြောက်စိတ် နှင့် ကိုယ့်ကိုယ်ကို မယုံကြည်မှုတို့ကို လုံးဝဖယ်ရှားရမယ်။
  • 1:43 - 1:46
    Goldie Hawn ကတော့ "ကျွန်မ တချိန်လုံး ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိခဲ့ဘူး။"
  • 1:46 - 1:48
    ကျွမ်းကျင်မှု နည်းသေးတယ်၊ သိပ်မတော်ဘူးလို့ထင်ခဲ့တယ်။
  • 1:48 - 1:50
    ကျမအောင်မြင်မယ်လို့လဲ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။"
  • 1:50 - 1:52
    တကယ်တော့ ကိုယ့်ကိုယ်ကို တချိန်လုံး တွန်းပေးရေးဟာ မလွယ်တာကို ပြောချင်ပါတယ်
  • 1:52 - 1:57
    အဲဒါကြောင့်မို့လို့ မိခင်များဆိုတာကို တီထွင်ပေးခဲ့ရပါတယ်။ (ရယ်သံများ)
  • 1:57 - 2:00
    Frank Gehry -- Frank Gehry ကျွန်တော့်ကိုပြောဖူး တာကတော့
  • 2:00 - 2:01
    "ကျွန်တော့်အမေက ကျွန်တော့်ကို တွန်းပေးလာခဲ့ပါတယ်။"
  • 2:02 - 2:07
    အကျိုးဆောင်ရမယ်! Sherwin Nuland ကပြောပါတယ် "ဆရာဝန်တစ်ယောက် အနေနဲ့ အများအကျိုးဆောင်ပေးရတာကို ဂုဏ်ယူမိပါတယ်။"
  • 2:07 - 2:10
    သန်းကြွယ်သူဌေးဖြစ်ချင်တယ်လို့ အခုခေတ် ကလေးတွေက ကျွန်တော့်ကိုပြောပါတယ်။
  • 2:10 - 2:11
    ကျွန်တော်က သူတို့ကို စကားစပုံက
  • 2:11 - 2:13
    "ကောင်းပြီ၊ မင်းတို့ ကိုယ့်အကျိုးကို မဆောင်နိုင်ကြဘူး ဆိုတော့၊
  • 2:13 - 2:15
    သူများအတွက် တန်ဖိုးရှိတာ တစ်ခုခု အကျိုးဆောင်ပေးရမယ်။
  • 2:15 - 2:18
    လူတွေ ချမ်းသာလာကြတာ အဲဒီလိုနည်းနဲ့မို့လို့ ဖြစ်ပါတယ်။"
  • 2:19 - 2:23
    စိတ်ကူးအကြံများ။ TED အဖွဲ့ဝင် Bill Gates ပြောတဲ့စကားအရ "ကျွန်တော် အကြံတစ်ခု ရှိခဲ့ပါတယ်
  • 2:23 - 2:26
    ပထမဦးဆုံး micro-computer software ကုမ္ပဏီ ကို တည်ထောင်ဖို့ပါ။"
  • 2:26 - 2:28
    အတော့်ကိုကောင်းတဲ့ အကြံတစ်ခုဘဲလို့ ကျွန်တော်ပြောချင်ပါတယ်။
  • 2:28 - 2:31
    ပြီးတော့ အကြံဉာဏ်ကောင်း ရှာကြံရာမှာ ဖြတ်လမ်း မရှိပါဘူး။
  • 2:31 - 2:33
    ရိုးရိုးလေးအချက်များကို ကြိုးပမ်းအားထုတ်သွားရန်သာ လိုတာပါ။
  • 2:33 - 2:35
    ပြီးတော့ ကျွန်တော်ဆီမှာ သာဓကတွေ အများကြီးကို ပေးပါတယ်။
  • 2:35 - 2:37
    ဇွဲနဘဲရှိရမယ်။ Joe Kraus ပြောတာကတော့
  • 2:37 - 2:40
    "မရမနေ ဇွဲနဲ့ လုပ်ကိုင်ခြင်းဟာ ကျွန်တော်တို့အောင်မြင်မှု့များရဲ့ အဓိက အချက်တစ်ခုပါ"။
  • 2:40 - 2:44
    မအောင်မြင်မှုတွွေ၊ စိတ်ညစ်စရာတွေကို အံတုပြီး ဇွဲနဲ့ ကျော်ဖြတ်ရမယ်!™
  • 2:44 - 2:47
    အဲဒါကတော့ ရှုံ့ချမှုတွေ၊ ပယ်ချခံရမှုတွေ၊ စိတ်အနှောင့်အယှက်ပေးတဲ့လူတွေ နဲ့ စိတ်ဖိစီးမှုတွေ ပါဘဲ။
  • 2:47 - 2:49
    (ရယ်သံများ)
  • 2:50 - 2:54
    ဒီတော့ကား အရေးကြီးဆုံး အဖြေက သိပ်လွယ်ပါတယ်-
  • 2:54 - 2:57
    ဒေါ်လာ ၄၀၀၀ ပေးပြီး TED ကိုလာခဲ့။
  • 2:57 - 3:00
    အဲဒီလို မလုပ်နိုင်ရင် ကျွန်တော်ပြောတဲ့ အချက်ရှစ်ချက်ကိုလုပ်ပါ၊ ကျနော်ပြေတာကို ယုံပါ၊
  • 3:00 - 3:04
    ဒါတွေဟာ အောင်မြင်မှု့ဆီကို အရောက်ပို့ပေးကြမဲ့ အရေးကြီးဆုံး ရှစ်ချက်ပါပဲ။
  • 3:04 - 3:06
    တွေ့ဆုံမေးမြန်းခံခဲ့ကြတဲ့ TED ဝိုင်းတော်သားများအားလုံးကို ကျေးဇူးတင်ပါတယ်။
Title:
Richard St. John ရဲ့ အောင်မြင်မှု ၏ လျှို့ဝှက်ချက် ၈ ချက်
Speaker:
Richard St. John
Description:

လူတွေ အောင်မြင်ကြတာ ဘာကြောင့်လဲ? တော်လို့လား? ကံကောင်းလို့လား? မဟုတ်ပါဘူး။ Richard St. John ဟာ နှစ်ပေါင်းများစွာကြာ တွေ့ဆုံမေးမြန်းခဲ့တာတွေကို အကျဉ်းချုပ်ပြီး အောင်မြင်မှု ၏ လှို့ဝှက်ချက်များကို ၃ မိနစ် စလိုက်(ဒ်)ရှိုး အဖြစ် တင်ပြထားပါသည်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
03:13

Burmese subtitles

Revisions Compare revisions