Return to Video

ဘာကြောင့်များ ကိုယ့်ပစ္စည်းတွေကို စွဲလမ်းကြတာပါလိမ့်။ Christian Jarrett

  • 0:08 - 0:11
    သူတို့ကိုယ်ပိုင်လို့ ထင်မှတ်ထားတဲ့ အရာတွေ
    ကိုယ့်ဆီက ယူသွားတဲ့အခါတိုင်း
  • 0:11 - 0:15
    ကလေးတွေ ပြင်းထန်စွာ အမျက်ဒေါသ ထွက်ကြတာကို
    မျက်မြင်တွေ့ပြီးနောက်မှာ
  • 0:15 - 0:19
    ကလေးစိတ်ပညာကို တည်ထောင်ခဲ့သူ ဖခင်
    Jean Piaget ဟာ
  • 0:19 - 0:22
    လူသားရဲ့ နက်ရှိုင်းတဲ့ ဘဘာဝ အကြောင်း
    အရာတစ်ခုကို စူစမ်းလေ့လာခဲ့ပါတယ်။
  • 0:22 - 0:27
    ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု အာရုံဟာ
    မယုံနိုင်အောင် စောစီးစွာ ပေါ်လာတတ်တယ်။
  • 0:27 - 0:29
    ဘာကြောင့်များ အရမ်းကို စွဲလမ်းကြတာပါလိမ့်။
  • 0:29 - 0:31
    စိတ်ပညာမှာ ဆက်ခံမှုအကျိုးဆက်လို့ သိကြတဲ့
  • 0:31 - 0:34
    အခြေခိုင်နေတဲ့ ဖြစ်စဉ်တစ်ခုရှိရာ
  • 0:34 - 0:39
    ကျွန်ုပ်တို့ဟာ ပစ္စည်းတွေကို ပိုင်ဆိုင်မှု
    ထက်အများကြီး ပိုတန်ဖိုးထားကြပါတယ်။
  • 0:39 - 0:41
    ထင်ရှားတဲ့ သရုပ်ပြမှုတစ်ခုမှာ
  • 0:41 - 0:43
    ကျောင်းသားတွေဟာ ကော်ဖီတစ်ခွက် (သို့)
  • 0:43 - 0:46
    ဆွစ်ချောကလက်တောင့်ကို သုတေသနကို ကူညီတဲ့
  • 0:46 - 0:49
    ဆုလာဘ်အဖြစ် ရွေးချယ်ခွင့် ရရှိခဲ့ကြတယ်။
  • 0:49 - 0:52
    တစ်ဝက်က ကော်ဖီခွက်ကိုရွေးပြီး
    တစ်ဝက်က ချောကလက်ကို ရွေးတယ်။
  • 0:52 - 0:56
    ဆိုလိုတာက ဆုနှစ်ခုကို အတူတူပဲ
    သူတို့ တန်ဖိုးထားကြတယ်ပေါ့။
  • 0:56 - 0:58
    အခြားကျောင်းသားတွေကို ခွက်အရင်ပေးပြီး
  • 0:58 - 1:02
    အဲဒါကို ရုတ်တရက် ချောကလက်နဲ့လဲဖို့
    အခွင့်ပေးလိုက်တဲ့ အခါမှာ
  • 1:02 - 1:05
    လဲချင်သူတွေက ၁၁% ပဲ ရှိခဲ့တယ်။
  • 1:05 - 1:08
    နောက်တစ်စုကိုတော့ ချောကလက်နဲ့ စလိုက်တယ်၊
  • 1:08 - 1:11
    အများစုက လဲဖို့ထက် ဆက်ယူထားဖို့
    ပိုလိုလားကြတယ်။
  • 1:11 - 1:15
    တစ်နည်းဆိုရရင် ကျောင်းသားတွေဟာ
    ဘာဆုလာဘ်ဖြစ်ဖြစ် သူတို့စရခဲ့တာကို
  • 1:15 - 1:18
    အမြဲတမ်းနီးပါး ပိုတန်ဖိုးထားကြတာပါ။
  • 1:18 - 1:21
    ဒါရဲ့ အပိုင်းက ကျွန်တော်တို့ရဲ့
    အတ္တသဘောနဲ့ ကိုယ့်ပစ္စည်းလို့
  • 1:21 - 1:26
    ထင်ထားကြတာက ဆက်သွယ်မှုကို အလျင်အမြန်
    ပုံဖော်တာနဲ့ သက်ဆိုင်တယ်။
  • 1:26 - 1:29
    ဒါကို ကြားနေအဆင့်မှာတောင် တွေ့နိုင်ပါတယ်။
  • 1:29 - 1:33
    လေ့လာမှုတစ်ခုမှာ အာရုံကြောသိပ္ပံပညာရှင်
    တွေဟာ"ငါ့ဟာ" (သို့) "Alex"ရဲ့ဟာ
  • 1:33 - 1:37
    လို့တံဆိပ်ကပ်ထားတဲ့ အရာဝတ္ထုမျိုးစုံကို
  • 1:37 - 1:40
    ချပေးရင်း ပါဝင်သူတွေရဲ့ ဦးနှောက်ကို
    စကင်ဖတ်လိုက်တယ်။
  • 1:40 - 1:43
    ပါဝင်သူတွေဟာ နောက်ပိုင်း သူတို့
    ပစ္စည်းသစ်တွေကို ကြည့်တဲ့အခါ
  • 1:43 - 1:46
    သူတို့ ဦးနှောက်တွေဟာ အသက်ဇီဝထဲမှာ
    အမြဲ တဖျပ်ဖျပ်လှုပ်တဲ့
  • 1:46 - 1:48
    နေရာတစ်ခုမှာ ပိုလှုပ်ရှားမှုရှိတာ ပြတယ်၊
  • 1:48 - 1:51
    ကိုယ့်ကိုကိုယ်လို့ တွေးတဲ့အခါတိုင်းပါ။
  • 1:51 - 1:53
    ပိုင်ဆိုင်မှုတွေကို နှစ်သက်ရတဲ့
    နောက်တစ်ကြောင်းက
  • 1:53 - 1:57
    ဒီအရာတွေဟာ ထူးခြားတဲ့ အနှစ်သာရ
    ရှိကြတယ်လို့ ငယ်စဉ်က ယုံကြည်ချက်ပါ။
  • 1:57 - 2:01
    ဒါကို စိတ်ပညာရှင်တွေက သုံးနှစ်ကနေ
    ခြောက်နှစ်သားကလေးတွေကို
  • 2:01 - 2:05
    ကူးယူတဲ့ စက်တစ်လုံးဆောက်တာကို နားချတဲ့
    စိတ်လှည့်စားမှုသုံးရင်း ပြသခဲ့တယ်။
  • 2:05 - 2:09
    ပစ္စည်းတိုင်းရဲ့ ပကတိပုံတူတွေကို
    ဖန်တီးနိုင်တဲ့ ကိရိယာတစ်ခုပါ။
  • 2:09 - 2:12
    သူတို့ရဲ့ အနှစ်သက်ဆုံး ကစားစရာနှင့်
    ကြည့်ရသလောက်
  • 2:12 - 2:14
    ထပ်တူပွားတစ်ခုကြား ရွေးချယ်ဖို့
    ကမ်းလှမ်းကြည့်တတဲ့အခါ
  • 2:14 - 2:17
    ကလေးအများစုဟာ မူလအရာကို
    နှစ်သက်ကြပါတယ်။
  • 2:17 - 2:23
    တကယ်တော့ ပုံတူကို အိမ်ကိုယူသွာဖို့အရေးမှာ
    မကြာခဏ တုန်လှုပ်ကြတယ်။
  • 2:23 - 2:27
    ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဒီမှော်ဆန်တဲ့
    အတွေးဟာ အရွယ်နဲ့ မလိုက်တာတော့ မဟုတ်ပါ။
  • 2:27 - 2:32
    ဒီအစား ပိုပြီးတောင် အသေးစိတ်လာရင်း
    လူကြီးဘဝထဲကို ဇွတ်ဝင်လာတယ်။
  • 2:32 - 2:35
    ဥပမာ အကျော်အမော်တွေပိုင်တဲ့
    ပစ္စည်းတွေအပေါ် တန်ဖိုးကြီးကြီး
  • 2:35 - 2:37
    ထားတာကို စဉ်းစားကြည့်ပါ။
  • 2:37 - 2:40
    သူတို့ဝယ်တဲ့ ပစ္စည်းတွေဟာ
    အရင် အကျော်အမော်ပိုင်ရှင်တွေရဲ့
  • 2:40 - 2:45
    အနှစ်သာရ စိမ့်ဝင်နေတယ်လို့
    ဝယ်သူတွေက ယုံကြည်နေတာမျိုးလေ။
  • 2:45 - 2:49
    အလားတူ အကြောင်းပြချက်တွေအတွက်
    ကျွန်တော်တို့ အမျာအပြားဟာ
  • 2:49 - 2:53
    သံယောဇဉ်ရှိသလို ခံစားမိစေတဲ့ ဘိုးဘွား
    ပိုင်ပစ္စည်းတွေကို ခွဲဖို့ ဝန်လေးကြတယ်။
  • 2:53 - 2:57
    ဒီယုံကြည်မှုတွေဟာ ကျွန်တော်တို့ရဲ့
    ရုပ်လောက အမြင်ကိုတောင် ပြောင်းလဲနိုင်ပြီး
  • 2:57 - 2:59
    အားကစား အရည်အသွေးတွေကို
    ပြောင်းလဲစေပါတယ်။
  • 2:59 - 3:03
    မကြာခင်က လေ့လာမှုမှာ ပါဝင်သူတွေကို
    သူတို့ဟာ တစ်ခါက ချန်ပီယံ Ben Curtis
  • 3:03 - 3:06
    ပိုင်ခဲ့တဲ့ ဂေါက်ကျင်းစိမ်းတုတ်ကို
    သုံးနေတာလို့ပြောခဲ့တယ်။
  • 3:06 - 3:07
    စမ်းသပ်မှုအတွင်းမှာ
  • 3:07 - 3:11
    သူတို့တွေဟာ ပုံမှန်တုတ်သုံးတဲ့
    ကန့်သတ်ထားတဲ့ ပါဝင်သူတွေထက်
  • 3:11 - 3:14
    ကျင်းကို တစ်စင်တီမီတာလောက်
    ပိုကြီးတယ်လို့ ထင်မြင်မိကြပြီး
  • 3:14 - 3:17
    ရိုက်ချက်တွေမှာ နည်းနည်းပို ကျင်းစိမ်တယ်။
  • 3:17 - 3:22
    ပိုင်ဆိုင်မှုခံစားချက်တွေဟာ ဘဝအစောပိုင်း
    မှာပေါ်ပေမဲ့ ယဉ်ကျေးမှုလည်း တစ်ပိုင်းပါ။
  • 3:22 - 3:27
    ဥပမာ မကြာခင်က တွေ့ရှိတာက
    ခေတ်သစ်ယဉ်ကျေးမှုကနေ ကင်းကွာနေတဲ့
  • 3:27 - 3:29
    Tanzania မြောက်ပိုင်းက Hadza လူမျိုးတွေဟာ
  • 3:29 - 3:32
    ဆက်ခံခွင့်အကျိုးဆက်ကို မပြသတာကြပါ။
  • 3:32 - 3:35
    ဒါဖြစ်နိုင်တဲ့အကြောင်းက သူတို့ဟာ
    အားလုံးနီးပါးကို မျှဝေတဲ့ သာတူညီမျှ
  • 3:35 - 3:37
    အဖွဲ့အစည်းမှာ နေထိုင်တာကြောင့်ပါ။
  • 3:37 - 3:42
    အခြားအစွန်းမှာ တစ်ခါတစ်လေ ပစ္စည်းတွေကို
    စွဲလမ်းမှုဟာ အစွန်းရောက်နိုင်လွန်းတာပါ။
  • 3:42 - 3:47
    စုစောင်းခြင်း ဖရိုဖရဲဖြစ်ခြင်းရဲ့ အကြောင်း
    တရားရဲ့တစ်စိတ်တစ်ပိုင်းက ချဲ့ကားတဲ့
  • 3:47 - 3:50
    တာဝန်ယူမှု သဘောနဲ့ တစ်ဦးဦးရဲ့
    ပိုင်ဆိုင်မှုတွေကို ကာကွယ်မှုပါ။
  • 3:50 - 3:55
    ဒါကြောင့်ပဲ ဒီအခြေအနေနဲ့လူတွေဟာ အရာ
    တိုင်းကို လွှင့်ပစ်ဖို့ ခက်တယ် ထင်ကြတာပါ။
  • 3:55 - 3:57
    ယနေ့မှာ မြင်ဖို့ကျန်နေသေးတာက
  • 3:57 - 4:00
    ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့
    ဆက်စပ်မှုရဲ့ သဘာဝဟာ
  • 4:00 - 4:03
    ဒစ်ဂျစ်တယ် နည်းပညာတွေရဲ့ တိုးတက်မှုနဲ့
    အတူ ဘယ်လိုပြောင်းမလဲ ဆိုတာပါ။
  • 4:03 - 4:07
    ရုပ်ပိုင်း စာအုပ်တွေနဲ့ ဂီတဟာ ချုပ်ငြိမ်း
    တော့မယ်လို့ ဟောကိန်းတွေ ရှိပေမဲ့
  • 4:07 - 4:09
    အခုတော့ အနည်းဆုံးအနေနဲ့
    ဒါက ဆန္ဒစောနေပုံရပါတယ်။
  • 4:09 - 4:13
    ဖြစ်နိုင်တာက ပစ္စည်းတစ်ခုကို
    လက်တွေထဲမှာ ကိုင်ထားပြီး
  • 4:13 - 4:17
    ကျွန်တော့ဟာလို့ ခေါ်နိုင်တဲ့ ထူးခြားလှတဲ့
    ကျေနပ်နှစ်သိမ့်မှုဟာ အမြဲရှိနေပါလိမ့်မယ်။
Title:
ဘာကြောင့်များ ကိုယ့်ပစ္စည်းတွေကို စွဲလမ်းကြတာပါလိမ့်။ Christian Jarrett
Speaker:
Christian Jarrett
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/why-are-we-so-attached-to-our-things-christian-jarrett တွင်ကြည့်ပါ။
သူတို့ကိုယ်ပိုင်လို့ ထင်မှတ်ထားတဲ့ အရာတွေ ကိုယ့်ဆီက ယူသွားတဲ့အခါတိုင်း ကလေးတွေ ပြင်းထန်စွာ အမျက်ဒေါသ ထွက်ကြတာကို မျက်မြင်တွေ့ပြီးနောက်မှာ ကလေးစိတ်ပညာကို တည်ထောင်ခဲ့သူ ဖခင် Jean Piaget ဟာ လူသား သဘာဝရဲ့ နက်ရှိုင်းတဲ့ အကြောင်း အရာတစ်ခုကို စူစမ်းလေ့လာခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ ပိုင်ဆိုင်မှု အာရုံဟာ မယုံနိုင်လောက်အောင် စောစီးစွာ ပေါ်ထွက်တတ်တာပါ။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ဘာကြောင့်များ ပစ္စည်းတွေကို စွဲလမ်းကြတာပါလိမ့်။ Christian Jarrett ကနေပြီး ပိုင်ဆိုင်မှုရဲ့ စိတ်ပညာအကြောင်း အသေးစိတ်ကို ဖေါ်ပြထားပါတယ်။

သင်ခန်းစာကို Christian Jarrett ကပြုစုပြီး လှုပ်ရှားရုပ်ပုံများကို Avi Ofer ကဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:35

Burmese subtitles

Revisions