Return to Video

ပုရွက်ဆိတ်တွေသင်ပေးတဲ့ ဦးနှောက်၊ ကင်ဆာနဲ့ အင်တာနက် အကြောင်း

  • 0:00 - 0:03
    ကျွန်မဟာ ပုရွက်ဆိတ်တွေကို လေ့လာပါတယ်
  • 0:03 - 0:06
    သဲကန္တာရထဲမှာ၊ အပူပိုင်း သစ်တောတွေမှာ
  • 0:06 - 0:08
    ကျွန်မရဲ့ မီးဖိုခန်းထဲမှာ၊
  • 0:08 - 0:12
    ပြီးတော့ ကျွန်မ နေထိုင်ရာ Silicon Valley
    ဝန်းကျင်မှာ လေ့လာပါတယ်။
  • 0:12 - 0:13
    မကြာမီက ကျွန်မ သိနားလည်လာမိတာက
  • 0:13 - 0:15
    ပုရွက်ဆိတ်တွေဟာ ပတ်ဝန်းကျင်
    အခြေအနေ မတူတဲ့အခါမှာ
  • 0:15 - 0:17
    အပြန်အလှန်ဆက်ဆံကြပုံဟာလည်း
    မတူကွဲပြားပါတယ်၊
  • 0:17 - 0:20
    အဲဒါနဲ့ အဲဒီအချက်ထဲကနေပြီး
    ကျွန်မ စဉ်းစားမိတာက
  • 0:20 - 0:22
    ကျွန်မတို့ဟာ အခြားသော စနစ်များကို၊
    ဦးနှောက်များနှင့်
  • 0:22 - 0:26
    ကျွန်မတို့ ကိုင်တွယ်နေကြရတဲ့
    ဒေတာကွန်ရက်တအတွက်၊
  • 0:26 - 0:29
    ပြီးတော့ ကင်ဆာ အတွက်တောင် လေ့လာစရာ
    အချက်တွေ ရယူနိုင်ကြပါတယ်။
  • 0:29 - 0:31
    အဲဒီစနစ်တွေအားလုံးထဲမှာ တူတဲ့ အချက်ဆိုလို့
  • 0:31 - 0:34
    ဗဟိုမှ ထိန်းချုပ်မှု မရှိဘူးဆိုတဲ့
    အချက်ပါပဲ။
  • 0:34 - 0:37
    ပုရွက်ဆိတ် အုပ်စုကြီးထဲမှာ မျိုးပွား
    နိုင်စွမ်း မရှိတဲ့ လုပ်သားတွေ ရှိကြတယ်၊
  • 0:37 - 0:41
    ကျွန်မတို့ ပတ်ဝန်းကျင်မှာ မြင်တွေ့ကြရတဲ့
    ပြေးလွှားနေကြတဲ့ ပုရွက်ဆိတ်တွေပါပဲ၊
  • 0:41 - 0:44
    ပြီးတော့ မျိုးပွားပေးရတဲ့ ပုရွတ်ဆိတ်
    တစ်ကောင် နှစ်ကောင် ရှိပါတယ်
  • 0:44 - 0:45
    ဥတွေကို ချပေးသူပါပဲ။
  • 0:45 - 0:47
    သူတို့ဟာ ဘယ်လို ညွှန်ကြားချက်တွေကိုမှ
    မပေးကြပါဘူး။
  • 0:47 - 0:49
    သူတို့ကို ဘုရင်မလို ခေါ်ဝေါ်ကြပေမဲ့၊
  • 0:49 - 0:52
    ၎င်းတို့ဟာ ဘယ်သူကိုမှ ဘာလုပ်ရမယ်ဆိုတာကို
    မိန့်ကြားတာ မဟုတ်ပါ။
  • 0:52 - 0:55
    ဒီတော့ ပုရွက်ဆိတ် အုပ်ကြီးထဲမှာ
    တာဝန်ယူအုပ်ချပ်နေသူဆိုတာ မရှိပါဘူး၊
  • 0:55 - 0:58
    ပြီတော့ ဗဟိုမှ ထိန်းချုပ်ခြင်း မရှိတဲ့
    အဲဒီလိုစနစ်တွေ အားလုံးကို
  • 0:58 - 1:01
    ရိုးရှင်တဲ့ အပြန်အလှန်ဆက်ဆံမှုတွေကို
    သုံးပြီး ညှိနှိုင်းရပါတယ်။
  • 1:01 - 1:04
    ပုရွက်ဆိတ်တွေဟာ အနံ့ကို သုံးပြီး
    အပြန်အလှန် ဆက်ဆံကြပါတယ်။
  • 1:04 - 1:06
    သူတို့ဟာ ဦးမှင်ဖြင့် အနံ့ကို ခံယူကြပါတယ်၊
  • 1:06 - 1:09
    တစ်ကောင်နဲ့ တစ်ကောင် ဆက်ဆံမှုကိုလည်း
    ဦးမှင်နဲ့ပဲ လုပ်ကြပါတယ်၊
  • 1:09 - 1:12
    ဒါကြောင့်မိုလို့ ပုရွက်ဆိတ်က နောက်
    တစ်တောင်ကို ဦးမှင်နဲ့ ထိလိုက်တဲ့ အခါမှာ၊
  • 1:12 - 1:14
    ဥပမာ၊ အခြား ပုရွက်ဆိတ်ဟာ
    သူ့အုပ်စုထဲက
  • 1:14 - 1:15
    ဟုတ်မဟုတ်ကို ပြောနိုင်သလို
  • 1:15 - 1:19
    အဲဒီ အခြားသော ပုရွက်ဆိတ်က ဘယ်လိုအလုပ်
    လုပ်နေတယ်ဆိုတာကို သိနိုင်ပါတယ်။
  • 1:19 - 1:21
    အခုဒီမှာ ပုရွက်ဆိတ်တွေ အများကြီး
    သွားလာလှုပ်ရှားနေကြတာကို
  • 1:21 - 1:24
    အခြားသော တလင်းပြင်
    နှစ်ခုနဲ့ ပြွန်များဖြင့် ဆက်ထားတဲ့
  • 1:24 - 1:28
    စမ်းသပ်ရေး တလင်းပြင်မှာ တစ်ကောင်နဲ့
    တစ်ကောင် တုံ့ပြန်နေတာကို မြင်နိုင်ပါတယ်။
  • 1:28 - 1:31
    ဒီတော့ ပုရွက်ဆိတ် တစ်ကောင်က
    အခြား တစ်ကောင်ကို တွေ့မြင်တဲ့ အခါမှာ၊
  • 1:31 - 1:34
    တွေ့လိုက်ရတဲ့ ပုရွက်ဆိတ်က ဘယ်လိုမျိုးလဲ
    ဆိုတာ အရေးမကြီးပါ၊
  • 1:34 - 1:36
    ပြီးတော့ သူတို့ဟာ တစ်ကောင်က တစ်ကောင်ကို
  • 1:36 - 1:39
    ရှုပ်ထွေးတဲ့ အချက်ပြမှု သို့မဟုတ်
    သဝဏ်လွှာပေးမှုကို မလုပ်ကြပါဘူး။
  • 1:39 - 1:40
    ပုရွက်ဆိတ် အတွက် အရေးကြီးဆုံးက
  • 1:40 - 1:43
    နောက် ပုရွက်ဆိတ် တစ်ကောင်ကို
    တွေ့ဆုံတဲ့ နှုန်းထားပါပဲ။
  • 1:43 - 1:45
    အဲဒီလို ထိတွေ့မှုတွေ တစ်ခုလုံးဟာ၊
    ခြုံကြည့်မယ်ဆိုရင်၊
  • 1:45 - 1:47
    ကွန်ရက် တစ်ခု ဖြစ်နေတာကို မြင်နိုင်ပါတယ်။
  • 1:47 - 1:50
    ဒီတော့ မြင်နေရတာက
    ပုရွတ်ဆိတ်တွေရဲ့ ကွန်ရက်ပါပဲ၊
  • 1:50 - 1:52
    သူတို့ဟာ တလင်းပြင် တလျှောက်မှာ
    ပြေးလွှားနေကြပတယ်၊
  • 1:52 - 1:56
    ဒါဟာ တစ်ချိန်လုံး
    လှုပ်ရှားပြောင်းလဲနေတဲ့ ကွန်ရက်ဖြစ်ကာ
  • 1:56 - 1:58
    အုပ်စု တစ်ခုလုံးရဲ့ ပြုမူပုံကို
    ပြပေးနေပါတယ်၊
  • 1:58 - 2:01
    ပုရွက်ဆိတ်တွေ အားလုံး သူတို့ရဲ့
    အသိုက်ထဲမှာ ပုန်းအောင်းနေကြတာလား၊
  • 2:01 - 2:03
    ဒါမှမဟုတ် အစာရေစာကို ရှာနေကြတာလားကို
    တွေ့နိုင်ပါတယ်။
  • 2:03 - 2:05
    တကယ်တော့ ဦးနှောက်
    အလုပ်လုပ်ပုံကလဲ ဆင်တူပါပဲ၊
  • 2:05 - 2:07
    ပုရွက်ဆိတ်တွေရဲ့ သာဓကထဲ
    အရမ်းကောင်းနေတာက
  • 2:07 - 2:12
    ကွန်ရက် တစ်ခုလုံးရဲ့ ကားချပ်ပုံ
    တစ်ရပ်လုံးကို မြင်နိုင်ခြင်းပါပဲ။
  • 2:12 - 2:15
    ပုရွက်ဆိတ်တွေဟာ
    မျိုးစိတ်ပေါင်း ၁၂၀၀၀ ရှိကြပြီး၊
  • 2:15 - 2:17
    စိတ်ကူးလို့ ရနိုင်တဲ့
    ဝန်းကျင်တိုင်းမှာ ရှိကြပါတယ်၊
  • 2:17 - 2:20
    သူတို့ရဲ့ မတူတဲ့ ပတ်ဝန်းကျင်ရဲ့
    စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့
  • 2:20 - 2:23
    သူတို့ ထိတွေ့ဆက်ဆံရေး
    ပုံစံအမျိုမျိုးကို သုံးကြပါတယ်။
  • 2:23 - 2:25
    စနစ်အတွက် ပတ်ဝန်းကျင်ရဲ့ စိန်ခေါ်မှုက
  • 2:25 - 2:27
    အဲဒီစနစ် လည်ပတ်ရန်အတွက်
  • 2:27 - 2:29
    ဘယ်လို တန်ဖိုးကို ပေးရသလဲ၊
  • 2:29 - 2:31
    ပေးရတဲ့ ကုန်ကျစရိတ်တွေပါပဲ။
  • 2:31 - 2:33
    ပတ်ဝန်းကျင်ရဲ့ စိန်ခေါ်မှု
    တစ်ခုကတော့ ရင်းမြစ်တွေပါ၊,
  • 2:33 - 2:36
    ရင်းမြစ်တွေကို
    ရှာဖွေမှု နဲ့ စုစည်းမှုပါပဲ။
  • 2:36 - 2:38
    သဲကန္တရာမှာဆိုရင်၊ ရေဟာ ရှားပါးတာမို့လို့၊
  • 2:38 - 2:40
    လုပ်ကိုင် လည်ပတ်မှု စရိတ်ဟာ မြင့်မားပါတယ်။
  • 2:40 - 2:43
    ကျွန်မ လေ့လာခဲ့ရတဲ့ သဲကန္တရမှာ
    အစေ့တွေကို စားကြတဲ့
  • 2:43 - 2:46
    ပုရွက်ဆိတ်တွေဆိုရင် ရေကို ရယူဖို
    ရေကိုပဲ သုံးကြရပါတယ်။
  • 2:46 - 2:48
    နေပူထဲမှာ အစာရှာ ထွက်နေရတဲ့
  • 2:48 - 2:49
    ပုရွက်ဆိတ်ဟာ
  • 2:49 - 2:51
    ရေကို လေထဲမှာ ဆုံးရှုံးရပါတယ်။
  • 2:51 - 2:54
    ဒါပေမဲ့ အဲဒီ အုပ်စုဟာ အဲဒီရေကိုပဲ
    ဇီဝဖြစ်ပျက်မှုနည်းဖြင့်
  • 2:54 - 2:55
    အစေ့တွေထဲမှ သူတို့ စားသုံးရန်လိုတဲ့
  • 2:55 - 2:57
    အဆီကို ထုတ်ယူရင်း ရေကိုလည်း ထုတ်ကြပါတယ်။
  • 2:57 - 3:00
    အဲဒီလို ဝန်းကျင်မျိုးထဲမှာ
    အစာရေစာ ရှာဖွေမှုကို စတင်ဖို့ အတွက်
  • 3:00 - 3:02
    အပြန်အလှန် ထိတွေ့မှုကို
    အသုံးပြုကြပါတယ်။
  • 3:02 - 3:04
    အပြင်ထွက်မယ့်သူဟာ ပြန်လာတဲ့
    အစာရှာသူတွေထံမှ
  • 3:04 - 3:07
    လုံလုံလောက်လောက် ထိတွေ့
    မဆက်ဆံဘဲနဲ့အပြင်ထွက်မှာ မဟုတ်ပါဘူး၊
  • 3:07 - 3:08
    ဒီမှာ မြေအောက်ကို ဝင်နေကြတဲ့၊
  • 3:08 - 3:11
    အုံကြီးထဲ ဝင်လိုကြတဲ့
    အစာရှာပြီးပြန်လာသူတွေပါ၊
  • 3:11 - 3:13
    အပြင်ထွက်မယ့် အစာရှာသူတွေကို
    သူတို့ လမ်းမှာဆုံကြတယ်။
  • 3:13 - 3:15
    ဒါဟာ ပုရွက်ဆိတ် အုပ်စုအတွက် အရေးကြီးတယ်၊
  • 3:15 - 3:17
    အပြင်မှာ အစာအစားတွေ များလေလေ၊
  • 3:17 - 3:19
    အစာရှာသူတွေဟာ
    မြန်မြန် ရှာတွေ့နိုင်မှာမို့လို့
  • 3:19 - 3:20
    သူတို့ မြန်မြန် ပြန်လာနိုင်တယ်၊
  • 3:20 - 3:23
    ပြီးတော့ အစာရှာသူတွေအပြင်ကို
    တိုးပြီး စေလွှတ်နိုင်ပါတယ်။
  • 3:23 - 3:26
    အဲဒီစနစ်အလုပ်လုပ်ပုံက
    ကောင်းတဲ့ အရာတစ်ခုမဖြစ်မချင်း
  • 3:26 - 3:28
    လည်ပတ်လှုပ်ရှားမှုကို ရပ်ဆိုင်းထားတယ်။
  • 3:28 - 3:32
    ာအပြန်အလှန် ထိတွေ့မှုတွေက
    အစာရှာသူတွေကို လှုံ့ဆော်ပေးပါတယ်။
  • 3:32 - 3:34
    ကျွန်မတို့ဟာ ဒီစနစ်ရဲ့ ဆင့်ကဲ
    ပြောင်းလဲမှုကို လေ့လာခဲ့ကြပါတယ်။
  • 3:34 - 3:36
    ကွဲပြားချက်တွေကို ထောက်ပြရပါမယ်။
  • 3:36 - 3:38
    အဲဒီ ပုရွက်ဆိတ် ကိုလိုနီတွေ
    မတူကြတာ တွေ့လာရပါတယ်။
  • 3:38 - 3:41
    ခြောက်သွေ့တဲ့ နေ့တွေမှာ၊
    တချို့ ကိုလိုနီတွေ အစာကို လျှော့ရှာကြတယ်၊
  • 3:41 - 3:42
    ဆိုလိုချင်တာက ကိုလိုနီတွေက
  • 3:42 - 3:44
    အစေ့များကို ရှာဖွေဖို့ အသုံးပြုတဲ့ရေနဲ့
  • 3:44 - 3:47
    အစေ့တွေထဲမှ ပြန်ပြီး ရေကို ရယူကြပုံကို
  • 3:47 - 3:50
    ချဉ်းကပ်လုပ်ကိုင်ကြပုံဟာ
    တစ်ခုနဲ့တစ်ခို မတူပါဘူး။
  • 3:50 - 3:52
    ဒီတော့ တချို့ ကိုလိုနီတွေဟာ အခြားသူတွေထက်
  • 3:52 - 3:54
    လျှော့ပြီ အစာရှာကြတာ ဘာကြောင့်လဲဆိုတာကို၊
  • 3:54 - 3:56
    ပုရွက်ဆိတ်တွေကို neuron တွေလို သဘောထားပြီး
  • 3:56 - 3:59
    neuroscience မော်ဒယ်တွေကို သုံးလိုပါတယ်။
  • 3:59 - 4:01
    neuron တစ်ခုက စေ့ဆော်ချက်ကို
    ပို့လွှတ်ရန် အတွက်
  • 4:01 - 4:03
    အခြားneuron များထံမှ
    လှုံ့ဆော်ချက်ကို လိုအပ်သလိုပဲ၊
  • 4:03 - 4:06
    ပုရွက်ဆိတ်က အစာရှာဖို့
    သွားမယ်မသွားဘူး ဆုံးဖြတ်ရန် အတွက်
  • 4:06 - 4:08
    အခြား ပုရွက်ဆိတ်များထံမှ
    လှုံ့ဆော်ချက် လိုပါတယ်။
  • 4:08 - 4:10
    အဲဒါနဲ့ ပုရွက်ဆိတ်က
    အပြင်ကို အစာရှာထွက်ဖို့
  • 4:10 - 4:12
    အပြန်အလှန်ထိတွေ့မှု ဘယ်လောက်များ လိုသလဲ
  • 4:12 - 4:14
    ဆိုတဲ့ထဲမှာ ကိုလိုနီတွေရဲ့ ချဉ်းကပ်ပုံဟာ
  • 4:14 - 4:17
    ကွဲပြားချက်တွေ အနည်းနဲ့အများ ရှိလား
    ဆိုတာ သိချင်လာပါတယ်၊
  • 4:17 - 4:21
    ကိုလိုနီ တစ်ခုခုဟာ အစာရေစာကို
    လျှော့ပြီး ရှာတာမျိုး ရှိနိုင်ပါတယ်။
  • 4:21 - 4:24
    ဒီအချက်ကျပြန်တော့ ဦးနှောက်များအတွက်ပါ
    အလားတူ မေးစရာဖြစ်ပါတယ်။
  • 4:24 - 4:26
    ဦးနှောက် အကြောင်း ပြောဆိုကြရာမှာ၊
  • 4:26 - 4:28
    ဦးနှောက် တစ်ခုနဲ့တစ်ခု
    မသိမသာ ခြားနားကြပါတယ်၊
  • 4:28 - 4:29
    ဒီတော့ ဖြစ်နိုင်ခြေရှိတာက၊
  • 4:29 - 4:32
    အချို့သော လူများ ဒါမှမဟုတ်
    အခြေအနေများထဲမှာ
  • 4:32 - 4:34
    neuron တွေရဲ့ လျှပ်စစ်ဆိုင်ရာ
    အရည်အချင်းတွေကြောင့်
  • 4:34 - 4:38
    စေ့ဆော်ချက်ကို ပို့လွှတ်ရန်အတွက် သူတို့ဟာ
    ပိုပြီး လှုံ့ဆော်မှုတွေ လိုအပ်နိုင်ပါတယ်၊
  • 4:38 - 4:41
    အဲဒီလိုဆိုရင် ဦးနှောက်ရဲ့
    လုပ်ကိုင်ပုံဟာလည်း ကွဲပြားနိုင်ပါတယ်။
  • 4:41 - 4:44
    ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ
    မေးခွန်းတွေကို မေးချင်ရင်၊
  • 4:44 - 4:47
    ကျွန်မတို့ဟာ မျိုးပွားမှုဖြစ်စဉ်ရဲ့
    အချက်တွေကို သိရန် လိုပါတယ်။
  • 4:47 - 4:49
    ဒါကတော့ ကျွန်မတို့
    လာကြတဲ့ နေရာရဲ့ မြေပုံပါပဲ
  • 4:49 - 4:52
    အဲဒီမှာ ကျွန်မဟာ အစေ့တွေကို
    ရှာဖွေကြတဲ့ ပုရွက်ဆိတ် ကိုလိုနီတွေကို
  • 4:52 - 4:54
    ၂၈ နှစ်ကြာ လေ့လာလာခဲ့ပါတယ်၊
  • 4:54 - 4:57
    တကယ့်တကယ် အဲဒါဟ ကိုလိုနီ တစ်ခုရဲ့
    သက်တမ်းကာလနဲ့ တူပါတယ်။
  • 4:57 - 4:59
    ဒီမှာ မြင်ရတဲ့ သင်္ကေတတိုင်းဟာ
    ကိုလိုနီ တစ်ခုစီပါ၊
  • 4:59 - 5:03
    အဲဒီသင်္ကေတရဲ့ အရွယ်အစားကျတော့
    မျိုးဆက်ဘယ်နှစ်ခု ပွားထားတာကို ပြပါတယ်၊
  • 5:03 - 5:06
    မျိုးရိုးဗီဇဆိုင်ရာ
    ကွဲပြားမှုပုံစံတွေကို စောင့်ကြည့်နိုင်လို့
  • 5:06 - 5:09
    မိဘ နဲ့ သူတို့ဆီမှ မွေးလာတဲ့
    ကိုလိုနီများကို နှိုင်းယှဉ်နိုင်ကြပါတယ်၊
  • 5:09 - 5:11
    တနည်း ပြောရရင်၊ ဘယ်ကိုလိုနီတွေကို
  • 5:11 - 5:12
    ထူထောင်ခဲ့တဲ့ သမီးဘုရင်မက ဘယ်ဟာလဲ၊
  • 5:12 - 5:15
    ပြီးတော့ ဘယ်မိဘ ကိုလိုနီက
    သူ့ကို မွေးပေးခဲ့တာ သိပါတယ်။
  • 5:15 - 5:17
    ဒီလို နှစ်ပေါင်းများစွာ လေ့လာခဲ့ရာကနေ၊
  • 5:17 - 5:19
    ဥပမာ၊ ကိုလိုနီ ၁၅၄ ဟာဆိုရင်၊
  • 5:19 - 5:22
    ကျွန်မက နှစ်ပေါင်းများစွာ ကောင်းကောင်း
    သိနေတဲ့ ကိုလိုနီဟာ၊
  • 5:22 - 5:24
    အဖွားရဲ့မိခင်ကိုလိုနီ ဖြစ်နေတာကိုး။
  • 5:24 - 5:25
    ဒီမှာက သူ့သမီးရဲ့ ကိုလိုနီ၊
  • 5:25 - 5:28
    ဒါက သူ့မြေးမရဲ့ ကိုလိုနီ၊
  • 5:28 - 5:30
    ဟောဒါကျတော့ သူ့မြစ်မတွေရဲ့ ကိုလိုနီတွေပါ။
  • 5:30 - 5:32
    ဒီလေ့လာမှုရဲ့ ကျေးဇူးကြောင့်
    မျိုးပွားကိုလိုနီတွေဟာ
  • 5:32 - 5:35
    မိဘကိုလိုနီများနဲ့ တူတာကို တွေ့ရှိလာပါတယ်
  • 5:35 - 5:38
    ဘယ်နေ့ဟာဖြင့် ပူလွန်းလို့
    သူတို့ အစာမရှာဘဲနေမှာကို
  • 5:38 - 5:39
    ဆုံးဖြတ်ကြရာမှာ တူနေကြပါတယ်၊
  • 5:39 - 5:41
    တကယ်မှာ အဲဒီမိဘတွေက ပွားလာတဲ့ ကိုလိုနီတွေ
  • 5:41 - 5:45
    တစ်ခုနဲ့တစ်ခု ဝေးလွန်းလို့
    အဲဒီပုရွက်ဆိတ်တွေ တွေ့ဆုံနိုင်စရာ မရှိပါ။
  • 5:45 - 5:46
    ဆိုလိုတာက၊ မျိုးပွား ကိုလိုနီဟာ
  • 5:46 - 5:49
    အဲဒါကို မိဘ ကိုလိုနီထံမှ
    သင်ယူနိုင်ခဲ့စရာ မရှိပါဘူး။.
  • 5:49 - 5:50
    ဒီတော့ နောက်တစ်ဆင့်က
  • 5:50 - 5:54
    အဲဒီလို ဆင်တူရခြင်းရဲ့ မျိုးရိုးဗီဇ
    အကြောင်းရင်းခံကို ရှာကြည့်ရန် ဖြစ်ပါတယ်။
  • 5:54 - 5:58
    ဒီလိုဆိုကောင်းပြီ၊ ဘသူတွေရဲ့ လုပ်ကိုင်ပုံ
    ပိုကောင်းတာ ဆိုတာကို ဆန်းစစ်နိုင်ပါမယ်။
  • 5:58 - 6:01
    ကျွန်မတို့ လေ့လာနေတဲ့ နှစ်တွေ အတွင်းမှာ၊
  • 6:01 - 6:02
    နောက်ဆုံး ၁၀ နှစ်အတွင်းမှာ၊
  • 6:02 - 6:06
    အမေရိက ပြည်ထောင်စုရဲ့
    အနောက်တောင်ပိုင်း ဒေသထဲမှာ
  • 6:06 - 6:08
    အတော့်ကို ပြင်းထန်ခဲ့တဲ့
    မိုးခေါင်မှုကို ကြုံခဲ့ရပါတယ်။
  • 6:08 - 6:11
    ဒီလိုအခြေအနေမျိုးထဲမှာ
    ကျွန်မတို့ တွေ့လာရတာက
  • 6:11 - 6:15
    ရေကို ချွေတာတဲ့ ကိုလိုနီတွေဟာ၊ အပြင်မှာ
    အရမ်းပူချိန်မှာ မထွက်ဘဲ အောင်းနေသူတွေဟာ၊
  • 6:15 - 6:18
    ရနိုင်တဲ့ အစာတွေကို ရသလောက်မယူပဲ
    စွန့်လွှတ်ကြတဲ့ သူတွေဟာ၊
  • 6:18 - 6:21
    မျိုးဆက်အသစ်ရှိဖို့ အလားအလာများသူတွေ
    ဖြစ်နေကြတာကို တွေ့ရပါတယ်။
  • 6:21 - 6:24
    ဒီနှစ်တွေ တစ်လျှောက်လုံး ကျွန်မထင်နေခဲ့တာက
    ဒီကိုလိုနီ ၁၅၄ ဟာ အရှုံးသမားတွေပဲ
  • 6:24 - 6:26
    တကယ့်ကို ခြောက်သွေ့တဲ့ နေ့တွေမှာ၊
  • 6:26 - 6:28
    သူတို့မှာ စားစရာမရှိစုလောက်ပဲ ရှိခဲ့တာကိုး
  • 6:28 - 6:29
    အဲဒီအချိန်မှာ တခြားကိုလိုနီတွေကျတော့
  • 6:29 - 6:31
    အပြင်ထွက် အစာကို ရှာပြီး
    အများကြီး ရယူခဲ့ကြတယ်ပေါ့၊
  • 6:31 - 6:34
    ဒါပေမဲ့၊ တကယ်ကျတော့ ကိုလိုနီ ၁၅၄ ဟာ
    တကယ့်အောင်မြင်နေသူတွေပါ။
  • 6:34 - 6:36
    အဲဒါကြောင့် အားလုံးရဲ့
    မိခင်ကြီး ဖြစ်နေတာပါ။
  • 6:36 - 6:39
    သူဟာ ဒီလေ့လာရေး ဒေသထဲက
    ရှားရှားပါးပါး အဖွားရဲ့အဖွား ဖြစ်နေတာကိုး။
  • 6:39 - 6:42
    ကျွန်မအထင်၊ အခုလို သူတို့ရဲ့
    စုပေါင်းပြုမူပုံ ဆင့်ကဲဖြစ်ပျက်မှုကို
  • 6:42 - 6:43
    အခုလို ခြေရာခံ လေ့လာမှုဟာ
  • 6:43 - 6:46
    ပထမဦးဆုံး အကြိမ် ဖြစ်ပုံရပါတယ်။
  • 6:46 - 6:48
    အကောင်တွေရဲ့ သဘာဝဝန်းကျင်ထဲမှာကို
    လေ့လာပြီး
  • 6:48 - 6:53
    ဘယ်လို စနစ်ကမှ လက်တွေ့မှာ အကောင်းဆုံး
    အလုပ်လုပ်တာလဲ ဆိုတာကို ဆိုလိုပါတယ်။
  • 6:53 - 6:55
    ရှေ့ဆက်ပြီး၊ အင်တာနက် ထဲမှာ
  • 6:55 - 6:58
    ဒေတာ စီးဆင်းမှုကို ညှိပေးဖို့
    အသုံးပြုတဲ့ အယ်လ်ရိုရီသမ် ရှိပါတယ်၊
  • 6:58 - 7:00
    ကျွန်မတို့ မြင်ခဲ့ကြရတဲ့
    အစေ့ရှာ ပုရွက်ဆိတ်တွေက
  • 7:00 - 7:03
    အစာရှာကြမယ့် အကောင်တွေရဲ့
    စီးဆင်းမှုကို ညှိကြပုံနှင့်
  • 7:03 - 7:04
    သိပ်ကို ဆင်တူပါတယ်။
  • 7:04 - 7:08
    အဲဒီလို ဆင်တူမှုကို ကျွန်မတို့ ခေါ်ကြပုံ
    ရှင်တို့ ခန့်မှန်းကြည့်နိုင်မလား?
  • 7:08 - 7:09
    အန်တာနက် (anternet) လာတော့မယ်။
  • 7:09 - 7:11
    (လက်ခုပ်တီးသံများ)
  • 7:11 - 7:14
    ဒေတာဟာ ၎င်းအနေနဲ့ လိုရာသို့ သွားဖို့
    လိုအပ်တဲ့ လှိုင်းခွင်မျိုး မရှိရင်
  • 7:14 - 7:17
    ရင်းမြစ် ကွန်ပျူတာ ထဲကနေပြီး
  • 7:17 - 7:20
    ထွက်ခွာတော့မှာ မဟုတ်ပါဘူး။
  • 7:20 - 7:21
    အင်တာနက်ရဲ့ အစောပိုင်း နှစ်များတုန်းက၊
  • 7:21 - 7:24
    လည်ပတ်မှု စရိတ်စကတွေက
    တကယ့်ကို မြင့်မားခဲ့တုန်းက၊
  • 7:24 - 7:27
    ပြီးတော့ ဘယ်ဒေတာကိုမှ မဆုံးရှုံးဖို့
    အရေးကြီးခဲ့တဲ့ အချိန် ဖြစ်ပါတယ်၊
  • 7:27 - 7:29
    အဲဒီနောက်မှာ ဒေတာ စီးဆင်းမှုကို
    စတင်ရေးအတွက်
  • 7:29 - 7:32
    အပြန်အလှန်တုံ့ပြန်ရေး စနစ်ကို
    ထွင်လာခဲ့ရပါတယ်။
  • 7:32 - 7:35
    ခုနက ကျွန်မ ပြောပြခဲ့တဲ့
    ပုရွက်ဆိတ်တွေရဲ့ အယ်လ်ဂိုရီသမ်ဟာ
  • 7:35 - 7:38
    ကျွန်မတို့ မကြာမီလေးက တီထွင်ခဲ့ကြတာနဲ့
    သိပ်ကို ဆင်တူနေပါတယ်၊
  • 7:38 - 7:41
    ဒါပေမဲ့၊ တကယ့်တကယ်ကျတော့
    ဒါဟာ ကျွန်မတို့ သိလာခဲ့ရတဲ့
  • 7:41 - 7:44
    ပုရွက်ဆိတ်တွေရဲ့ တစ်ခုတည်းသော
    အယ်လ်ဂိုရီသမ်မျှသာ ဖြစ်ပါတယ်၊
  • 7:44 - 7:46
    ပုရွက်ဆိတ်တွေဟာ
    နှစ်ပေါင်း သန်း ၁၃၀ အတွင်းမှာ
  • 7:46 - 7:49
    ဆင့်ကဲတီထွင်ခဲ့ကြတဲ့ အရာကောင်းတွေ
    အများကြီး ရှိဖို့များပါတယ်၊
  • 7:49 - 7:50
    ပြီးတော့ ကျွန်မ စဉ်းစားမိတာက
  • 7:50 - 7:52
    အခြား မျိုးစိတ် ၁၂၀၀၀ တို့ဟာလည်း
  • 7:52 - 7:54
    ဒေတာ ကွန်ရက်တွေအတွက်
  • 7:54 - 7:56
    ကျွန်မတို့ ကြံဆ မရနိုင်သေးတဲ့
  • 7:56 - 7:59
    စိတ်ဝင်စားစရာ ကောင်းတဲ့
    အယ်လ်ဂိုရီသမ်တွေ ရှိကြမှာပါ။
  • 7:59 - 8:02
    ကောင်းပြီ၊ လည်ပတ်မှု စရိတ်စက နည်းတဲ့
    အခါမှာကော ဘယ်လို ဖြစ်လာပါသဲ?
  • 8:02 - 8:04
    အပူပိုင်း ဒေသများမှာ လည်ပတ်မှု
    ကုန်ကျစရိတ်နည်းတယ်၊
  • 8:04 - 8:06
    အဲဒီမှာ စိုစွတ်မှုနှုန်း မြင့်မားလို့
    ပုရွက်ဆိတ်တွေဟာ
  • 8:06 - 8:08
    အပြင်ကို ထွက်လျှောက်ရတာ မခဲယဉ်းလှပါဘူး။
  • 8:08 - 8:10
    တစ်ချိန်တည်းမှာ အပူပိုင်းဒေသမှာ
  • 8:10 - 8:12
    ပုရွက်ဆိတ်တွေ သိပ်ကို များပြားမျိုးစုံလို့
  • 8:12 - 8:14
    အတော့်ကို ပြိုင်ဆိုင်ပြီး လုပ်ကိုင်ကြရပါတယ်။
  • 8:14 - 8:17
    မျိုးစိတ် တစ်ခုက
    အသုံးပြုနေတဲ့ ရင်းမြစ်တွေကိုပဲ
  • 8:17 - 8:20
    အခြား တစ်ခုကလည်း သူတို့နှင့် အတူ
  • 8:20 - 8:22
    တစ်ချိန်တည်းမှာ အသုံးပြုနေပါတယ်။
  • 8:22 - 8:24
    အဲဒီလို ပတ်ဝန်းကျင်မျိုးထဲမှာ ကျတော့၊
  • 8:24 - 8:26
    ထိတွေ့ဆက်ဆံမှုကို အသုံးပြုပုံက
    ပြောင်းပြန် ဖြစ်နေပါတယ်။
  • 8:26 - 8:28
    အဲဒီလို စနစ်ဟာ တစ်ခုခု
  • 8:28 - 8:29
    ဆိုးဝါးတာ မဖြစ်မချင်း
    ဆက်လည်ပတ်နေပါတယ်၊
  • 8:29 - 8:32
    ကျွန်မ လေ့လာခဲ့တဲ့ မျိုးစိတ် တစ်ခုများဆိုရင်
  • 8:32 - 8:34
    အစာကို ရှာရန် ပုရွက်ဆိတ်တွေ
    ထွက်တဲ့ အပင်တွေမှာကိုပဲ
  • 8:34 - 8:37
    ပတ်လမ်းတွေ ရေးဆွဲထားရာ အသိုက်မှ
    အစာရှိရာသို့ အသွားအလာ လမ်းပါပဲ၊
  • 8:37 - 8:38
    တစ်ပတ်ပြီး တစ်ပတ် သွားနေကြတာ၊
  • 8:38 - 8:40
    ဆိုးဆိုးဝါးဝါး တစ်ခုခု မဖြစ်မီ အထိပေါ့လေ၊
  • 8:40 - 8:42
    အခြားသော မျိုးစိတ်ထဲက ပုရွက်ဆိတ်တွေနဲ့
  • 8:42 - 8:44
    ရင်ဆိုင်တွေ့ဆုံမှုလို ဟာမျိုးဆိုပါစို့။
  • 8:44 - 8:47
    ရှင်တို့ကို ပုရွက်ဆိတ်
    လုံခြုံမှု သာဓကကို ပြချင်ပါတယ်။
  • 8:47 - 8:49
    အလယ်မှာ၊ ပုရွက်ဆိတ် တစ်ကောင် ရှိနေတယ်
  • 8:49 - 8:51
    အသိုက်ရဲ့ ဝင်ပေါက်ကို
    သူ့ဦးခေါင်းနဲ့ ပိတ်ဆို့ထားတယ်
  • 8:51 - 8:54
    အခြားမျိုးစိတ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာကို
    တုံ့ပြန်ပြီး လုပ်တာပါ။
  • 8:54 - 8:56
    အနီးမှာ ပြေးလွှားနေကြတဲ့
    အကောင်လေးတွေ ရှိပါတယ်
  • 8:56 - 8:59
    သူတို့ကျတော့ သူတို့ရဲ့ ဗိုက်တွေကို
    အပေါ်ဖက်ကို ထိုးပြနေကြပါတယ်။
  • 8:59 - 9:01
    ဒါပေမဲ့ အန္တရာယ်ဟာ မရှိတော့ဘူး ဆိုတာနဲ့
  • 9:01 - 9:03
    ဝင်တံခါးဟာ ပြန်ပြီး ပွင့်နေပါပြီ၊
  • 9:03 - 9:05
    ကွန်ပျူတာ လုံခြုံမှုထဲမှာလည်း
  • 9:05 - 9:06
    အလားတူ အခြေအနေမျိုး ရှိနိုင်ပါတယ်၊
  • 9:06 - 9:08
    လည်ပတ်မှု စရိတ်ဟာ အတော်ကလေး နည်းမယ်ဆိုရင်၊
  • 9:08 - 9:12
    ရုတ်တရက် ပေါ်လာတဲ့ အန္တရာယ် တစ်ခုရှိလာနဲ့
  • 9:12 - 9:14
    သုံးနေခြင်းကို ခဏတစ်ဖြုတ်
    ပိတ်လိုက်နိုင်ကာ၊
  • 9:14 - 9:16
    နောက်မှာ ပြန်ပြီး ဖွင့်ပေးနိုင်ကြပါတယ်၊
  • 9:16 - 9:18
    ပုံသေ ဖိုင်ယာဝေါ် ဒါမှမဟုတ်
    ခံတပ်ကြီး တစ်ခုကို
  • 9:18 - 9:20
    ဆောက်လုပ်မယ့် အစား လုပ်လို့ရတဲ့ နည်းပါ။
  • 9:20 - 9:22
    ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု တစ်ခုမှာ
  • 9:22 - 9:25
    စနစ်အားလုံး ရင်းမြစ်တွေနဲ့
    ထိတွေ့ကိုင်တွယ်ဖို့ လိုခြင်းပါပဲ၊
  • 9:25 - 9:29
    ရင်းမြစ်တွေကို ရှာဖို့
    ပြီးတော့ စုစည်းသိုလှောင်ဖို့လိုပါတယ်။
  • 9:29 - 9:31
    အဲဒါကို လုပ်ကိုင်ကြရာမှာ ပုရွက်ဆိတ်တွေဟာ
  • 9:31 - 9:33
    စုပေါင်းရှာဖွေရေး ပြဿနာကို
    ဖြေရှင်းဖို့လိုတယ်၊
  • 9:33 - 9:35
    ဒီပြဿနာဟာ ရိုဘော့စက်ရုပ်ပညာ အတွက်
  • 9:35 - 9:36
    အရမ်းကို အရေးကြီးလှပါတယ်၊
  • 9:36 - 9:38
    ကျွန်မတို့ အခုနားလည်လာကြတာက၊
  • 9:38 - 9:40
    သိပ်ကို အဆင့်မြင့်လှကာ ဈေးအရမ်းကြီးတဲ့
  • 9:40 - 9:43
    ရိုဘော့ စက်ရုပ်တစ်ခုကို ပို့မယ့်အစား၊
  • 9:43 - 9:45
    ဥပမာ၊ အခြား ဂြိုဟ်ကို ဖြစ်ဖြစ်၊
  • 9:45 - 9:48
    ဒါမှမဟုတ် မီးလောင်နေတဲ့
    အဆောက်အဦကို စူးစမ်းဖို့ စေလွှတ်မယ့်အစား
  • 9:48 - 9:50
    ဈေးချိုတဲ့ ရိုဘော့စက်ရုပ်တွေ တသီကြီးကို
  • 9:50 - 9:54
    အချက်အလက်တွေကို အနည်းဆုံးလောက်ပဲ
    ဖလှယ်ကြမယ့် စက်ရုပ် အုပ်စုကို
  • 9:54 - 9:57
    စေလွှတ်ရင် ပိုကောင်းပါမယ်၊
  • 9:57 - 9:59
    ပုရွက်ဆိတ်တွေ လုပ်ကြတာက အဲဒီအတိုင်းပါပဲ။
  • 9:59 - 10:01
    အာဂျင်တီနားက
    ပြန့်ပွားမြန်တဲ့ ပုရွက်ဆိတ်ကျတော့
  • 10:01 - 10:04
    ရှာဖွေရေး ကွန်ရက်တွေကို
    လိုသလို တိုးချဲ့နိုင်ပါတယ်။
  • 10:04 - 10:06
    သူတို့ဟာ စုပေါင်းရှာဖွေရေး
    အလုပ်ကို လုပ်ကိုင်ရာမှာ
  • 10:06 - 10:07
    တော်ကြပါတယ်၊
  • 10:07 - 10:09
    ဂဃနဏ ရှာဖွေရေး ပုံစံနဲ့
  • 10:09 - 10:11
    ကျယ်ဝန်းတဲ့ ဧရိယာအား ရှာဖွေရေး ပုံစံကို
  • 10:11 - 10:13
    လိုသလို ညှိနှိုင်း လုပ်ကိုင်နိုင်ကြပါတယ်။
  • 10:13 - 10:14
    သူတို့ လုပ်ကိုင်ပုံက၊
  • 10:14 - 10:16
    သေးငယ်တဲ့ ဧရိယတစ်ခုမှာ
    ပုရွက်ဆိတ်အများကြီး ရှိနေရင်၊
  • 10:16 - 10:18
    တစ်ကောင်စီဟာ အသေးစိတ် ရှာဖွေနိုင်မယ်
  • 10:18 - 10:20
    အနီးမှာ ကျန်တဲ့နေရာကို ရှာဖွေပေးနိုင်တဲ့
  • 10:20 - 10:22
    နောက် တစ်ကောင် ရှိနေလို့ပါ၊
  • 10:22 - 10:23
    ဒါပေမဲ့ ပုရွက်ဆိတ်တွေ နည်းနေမယ်ဆိုရင်
  • 10:23 - 10:25
    ဧရိယာက ကြီးတယ်ဆိုရင်
  • 10:25 - 10:28
    သူတို့ဟာ သူတို့ရဲ့
    လမ်းကြောင်းတွေကို တိုးချဲ့ပြီး
  • 10:28 - 10:29
    ပိုကျယ်တဲ့ ဧရိယာကို လွှမ်းခြုံကြပါတယ်။
  • 10:29 - 10:32
    သူတို့ဟာ သိပ်သည်းမှုကို သိဖို့
    ထိတွေ့မှုတွေကို သုံးကြပုံရတယ်၊
  • 10:32 - 10:34
    တစ်နေရာမှာ ပုရွက်ဆိတ်တွေ များလာရင်
  • 10:34 - 10:35
    သူတို့ မကြာခဏ တွေ့ဆုံကြပါမယ်၊
  • 10:35 - 10:37
    အဲဒီလိုဆိုရင် သူတို့အသေးစိတ် ရှာကြပါတယ်။
  • 10:37 - 10:39
    မတူတဲ့ ပုရွက်ဆိတ်မျိုးစိတ်တွေဟာ
  • 10:39 - 10:41

    မတူတဲ့ အယ်လ်ဂိုရီသမ်ကို သုံးပါတယ်၊
  • 10:41 - 10:43
    သူတို့ဟာ အမျိုးမျိုးရှိကြတဲ့ ရင်းမြစ်တွေနဲ့
  • 10:43 - 10:45
    ထိတွေ့ဆက်ဆံနေကြရလို့ပါ၊
  • 10:45 - 10:47
    အဲဒါတွေကို သိရှိနိုင်မယ်ဆိုရင်
    သိပ်ကို အသုံးဝင်မှာပါ၊
  • 10:47 - 10:49
    ဒီလိုနဲ့ မကြာခင်တုန်းက ကျွန်မတို့ဟာ
  • 10:49 - 10:51
    လွန်ကဲထူးခြားတဲ့ ဝန်းကျင်မျိုးမှာ
  • 10:51 - 10:52
    မိုက်ခရိုကမ္ဘာ့ဆွဲအား အခြေအနေမျိုးထဲမှာ
  • 10:52 - 10:54
    နိုင်ငံတကာ အာကာသစခန်းမှာ
    စုပေါင်းရှာဖွေရေး ပြဿနာကို
  • 10:54 - 10:56
    ဖြေရှင်းဖို့ ပုရွက်ဆိတ်တွေကို
    တာဝန်ပေးခဲ့ပါတယ်။
  • 10:56 - 10:58
    ကျွန်မ ပထမအကြိမ် မြင်ရစဉ်
    မဖြစ်နိုင်တဲ့ဟာပဲ
  • 10:58 - 11:01
    နေထိုင်တဲ့နေရာကို
    ဒေါင်လိုက် တပ်ဆင်ထားသလို ထင်ရတယ်။
  • 11:01 - 11:04
    ဒါပေမဲ့ နောက်ကျမှ အဲဒါဟာ ဘာမှမထူးတာကို
    ကျွန်မ နားလည်လာခဲ့ပါတယ်။
  • 11:04 - 11:06
    ဒီတော့ စိတ်ကူးက ဘာလဲဆိုတော့
  • 11:06 - 11:08
    ပုရွက်ဆိတ်တွေဟာ နံရံပေါ်မှာ၊
    ကြမ်းပေါ်မှာ
  • 11:08 - 11:11
    တွဲချိတ်လျက်ရှိနေဖို့ အတွက်
    ပင်ပင်ပမ်းပမ်း လုပ်ကိုင်နေရလို့
  • 11:11 - 11:14
    သူတို့ဟာ အပြန်အလှန် ထိတွေ့ဖို့
    အချိန် မရှိ ဖြစ်လာလို့
  • 11:14 - 11:16
    သူတို့ အရေအတွက် ဘယ်လောက်များတယ်၊
  • 11:16 - 11:17
    သူတို့ ဘယ်လောက် တွေ့ဆုံကြတယ်ဆိုတာကို
  • 11:17 - 11:19
    စဉ်းစားနိုင်ဖို့ ခဲယဉ်းလာပုံရပါတယ်။
  • 11:19 - 11:21
    ကျွန်မတို့ ဒေတာတွေကို ဆန်းစစ်နေတုန်းပါပဲ။
  • 11:21 - 11:22
    ကျွန်မဆီမှာ ရလဒ်တွေ မရှိသေးပါဘူး။
  • 11:22 - 11:24
    ဒါပေမဲ့၊ ဒီပြဿာကိုပဲ ကမ္ဘာပေါ်က ဒေသ
  • 11:24 - 11:27
    အမျိုးမျိုးမှာ နေထိုင်ကြတဲ့
    တခြားပုရွက်ဆိတ်တွေကကော
  • 11:27 - 11:29
    ဘယ်လို ဖြေရှင်းကြလဲ ဆိုတာ သိပ်သိချင်ပါတယ်၊
  • 11:29 - 11:31
    အဲဒါကြောင့်မို့လို့ တစ်ကမ္ဘာလုံးက
  • 11:31 - 11:32
    ကလေးတွေကို ခုနက စမ်းသပ်မှုတွေကို
  • 11:32 - 11:36
    ကွဲပြားကြတဲ့ မျိုးစိတ်တွေနဲ့ ပြုလုပ်ဖို့
    အစီအစဉ်တစ်ခု ရေးဆွဲနေပါတယ်။
  • 11:36 - 11:37
    သိပ်ကို လွယ်ကူပါတယ်။
  • 11:37 - 11:39
    ဈေးချိုတဲ့ ပစ္စည်းတွေသုံးပြီး
    လုပ်နိုင်မှာပါ။
  • 11:39 - 11:42
    ဒီလိုနည်းဖြင့်၊ ကျွန်မတို့ဟာ
    ပုရွက်ဆိတ်တွေရဲ့ စုပေါင်းရှာဖွေရေး
  • 11:42 - 11:45
    အယ်လ်ဂိုရီသမ်ပါတဲ့
    ကမ္ဘာ့မြေပုံကို ရေးဆွဲနိုင်ပါမယ်။
  • 11:45 - 11:48
    ပြီးတော့ ကျွန်မအထင်
    ကျွန်မတို့ရဲ့ အဆောက်အဦတွေထဲကို
  • 11:48 - 11:50
    ဝင်ရောက်လာကြတဲ့ မျိုးစိတ်တွေဟာ
  • 11:50 - 11:52
    အဲဒါ့အတွက် သိပ်ကို အသုံးဝင်ကြမှာပါ၊
  • 11:52 - 11:54
    သူတို့ဟာ ရှင်တို့ရဲ့
    မီးခိုခန်းထဲမှာ ရှိနေတယ်
  • 11:54 - 11:57
    သူတို့ဟာ အစားအစာကို ရေကို ရှာဖွေရာမှာ
    သိပ်ကို တော်ကြလို့ပါ။
  • 11:57 - 12:00
    ပုရွက်ဆိတ်တွေအတွက် ဖြစ်ဖို့ အလားအလာ
    အများဆုံး ရင်းမြစ် တစ်ခုမှာ
  • 12:00 - 12:02
    ပျော်ပွဲစား ထွက်မှုပါပဲ၊
  • 12:02 - 12:04
    အဲဒီမှာ ရင်းမြစ်တွေ
    အစုလိုက်အပြုံလိုက် ရှိတတ်တယ်။
  • 12:04 - 12:05
    တစ်နေရာမှာ အသီးအစကလေး ရှိရင်၊
  • 12:05 - 12:08
    အလားတူ အသီးစကလေး အနီးမှာ ရှိဖို့
    အလားအလာများပါတယ်၊
  • 12:08 - 12:11
    အစုလိုက်ရှိတဲ့ ရင်းမြစ် ရှာဖွေမှုကို
    အထူးပြုလုပ်တဲ့ ပုရွက်ဆိတ်တွေဆိုရင်
  • 12:11 - 12:13
    ထိတွေ့မှုကို သုံးပြီး
    အင်အားအသစ်ကို စည်းရုံးပါတယ်။
  • 12:13 - 12:14
    ပုရွက်ဆိတ် အချင်းချင်း တွေ့တဲ့အခါမှာ၊
  • 12:14 - 12:16
    ဒါမှမဟုတ် တစ်ကောင်က မြေပေါ်မှာ
  • 12:16 - 12:18
    စွန့်ပစ်ထားခဲ့တဲ့ ဓာတုပစ္စည်းကို
    တွေ့ရတဲ့အခါမှာ၊
  • 12:18 - 12:19
    သွားရာလမ်းကို ပြောင်းလိုက်ပြီး
  • 12:19 - 12:21
    ထိတွေ့မှုဖို့ ရှေ့ရှုသွားတော့မယ်၊
  • 12:21 - 12:23
    ရှင်တို့ရဲ့ ပျော်ပွဲစားမှုထဲပါကြတဲ့
  • 12:23 - 12:24
    ပုရွက်ဆိတ်တန်းကြီး ပေါ်ထွန်းလာပါမယ်။
  • 12:24 - 12:26
    ကင်ဆာ ရောင်ဂါနဲ့ပတ်သက်ပြီးတော့လည်း
  • 12:26 - 12:29
    ပုရွက်ဆိတ်များဆီကနေပြီး သင်ယူစရာတွေ
    ရှိနိုင်တယ်လို့ ထင်ပါတယ်။
  • 12:29 - 12:31
    ပြောချင်တာက၊ ကင်ဆာကို ဟန့်တားရန်အတွက်
  • 12:31 - 12:33
    ကျွန်မတို့ ကြိုးပမ်းနေကြတာ အများအပြားပါပဲ
  • 12:33 - 12:36
    ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ
    ကင်ဆာ ဆင့်ကဲဖြစ်ပွားရေးကို
  • 12:36 - 12:38
    လှုံ့ဆော်တဲ့ အဆိပ်ပစ္စည်းတွေ
    ကျွန်မတို့ အနားမှာ
  • 12:38 - 12:41
    ပြန့်ပွားလာမှာကို ရောင်းချကြမှာကို
    ခွင့်မပြုဖို့ အားထုတ်တာ ရှိပါတယ်၊
  • 12:41 - 12:44
    ပုရွက်ဆိတ်တွေဟာ သူတို့ ကိုလိုနီများကို
    ဘယ်လိုမှ အဆိပ်မခတ်ကြတာမို့လို့
  • 12:44 - 12:46
    ဒီထဲမှာ သူတို့ ကူညီပေးနိုင်စရာ
    ရှိမယ် မထင်ပါဘူး။
  • 12:46 - 12:48
    ဒါပေမဲ့ ကင်ဆင်ကုသရေး ကိစ္စထဲမှာတော့
  • 12:48 - 12:50
    ပုရွက်ဆိတ်တွေဆီက
    သင်ယူစရာတွေ ရှိနိုင်ပါတယ်။
  • 12:50 - 12:52
    ကင်ဆာ ရောဂါဟာ ပုံစံ အမျိုးမျိုး ရှိပါတယ်။
  • 12:52 - 12:55
    တစ်ခုစီဟာ ခန္ဓာကိုယ်ထဲက
    နေရာ တစ်ခုခုမှာ အစပျိုးဖြစ်တတ်ပါတယ်၊
  • 12:55 - 12:58
    အဲဒီနောက်မှာ အချို့သော ကင်ဆာများဆိုရင်
    ပြန့်ပွားလာတတ်တယ်
  • 12:58 - 13:01
    ဒါမှမဟုတ် သူတို့ လိုအပ်နေတဲ့
    ရင်းမြစ်များကို ရယူဖို့
  • 13:01 - 13:03
    တခြား အသားမျှင်များဆီ
    ကူးစက်ပြန့်နိုင်ပါတယ်။
  • 13:03 - 13:05
    ဒါကြောင့်မို့လို့ ကူးစက်ပြန့်ပွားနိုင်တဲ့
  • 13:05 - 13:07
    ကင်ဆာ ဆဲလ်တွေရဲ့
    ရှုဒေါင့်ကနေပြီး ကြည့်ကြည့်မယ်ဆိုရင်
  • 13:07 - 13:09
    သူတို့ဟာ သူတို့လိုအပ်တဲ့ ရင်းမြစ်များကို
  • 13:09 - 13:10
    ရှာဖွေရန် ခရီးထွက်ကြရာမှာ၊
  • 13:10 - 13:13
    အဲဒီလို အရင်းအမြစ်များဟာ
    စုပြုံရှိနေကြတယ်ဆိုရင်၊
  • 13:13 - 13:16
    သူတို့ဟာ ထိတွေ့မှုများကို အသုံးပြုပြီး
    အားသစ်ကို စည်းရုံးဖို့များပါတယ်၊
  • 13:16 - 13:19
    ကင်ဆာဆဲလ်တွေ တပ်သားသစ်တွေ
    မွေးထုတ်ကြပုံကို သိလာနိုင်ရင်၊
  • 13:19 - 13:22
    ကျွန်မတို့ဟာ ထောင်ချောင်တွေကို
    ထောင်နိုင်လျက်
  • 13:22 - 13:25
    သူတို့ကို အခိုင်အမာ မတွေ့ခင်မှာကို
    ဖမ်းယူလို့ ရနိုင်ပါမယ်။
  • 13:25 - 13:29
    ဒီတော့ ပုရွက်ဆိတ်တွေဟာ ထိတွေ့မှုတွေကို
    နည်းအမျိုးမျိုးဖြင့် သုံးကြပါတယ်
  • 13:29 - 13:31
    ဧရာမ များပြားလှတဲ့ ပတ်ဝန်းကျင်
    အခြေအနေမျိုးထဲမှာ ဖြစ်ပါတယ်၊
  • 13:31 - 13:33
    အဲဒါတွေကို ကျွန်မတို့ လေ့လာခြင်းဖြင့်
  • 13:33 - 13:35
    ဗဟိုချုပ်ထိန်းမှု မရှိတဲ့ တခြား စနစ်တွေ
  • 13:35 - 13:37
    လည်ပတ်ကြပုံကိုလည်း သိလာနိုင်ကြပါတယ်။
  • 13:37 - 13:39
    သာမန် ထိတွေ့ဆက်ဆံမှုများကိုသာ အသုံးပြုပြီး
  • 13:39 - 13:42
    ပုရွက်ဆိတ် ကိုလိုနီများက အံ့အားသင့်စရာ
    စွမ်းဆောင်နိုင်စွမ်းကို
  • 13:42 - 13:45
    ပြသလာခဲ့ကြတာ
    နှစ်ပေါင်း သန်း ၁၃၀ ကျော်သွားပါပြီ။
  • 13:45 - 13:47
    သူတို့ဆီက ကျွန်မတို့
    သင်ယူနိုင်တာ တစ်ပုံကြီးပါပဲ။
  • 13:47 - 13:50
    ကျေးဇူးတင်ပါတယ်။
  • 13:50 - 13:52
    (လက်ခုပ်တီးသံများ)
Title:
ပုရွက်ဆိတ်တွေသင်ပေးတဲ့ ဦးနှောက်၊ ကင်ဆာနဲ့ အင်တာနက် အကြောင်း
Speaker:
Deborah Gordon
Description:

ဂေဟဗေဒပညာရှင် Deborah Gordon ဟာ ပုရွက်ဆိတ်တွေကို ဘယ်မှာတွေ့တွေ့ လေ့လာပါတယ်။ ကန္တာရတွေထဲမှာ၊ အပူပိုင်းဒေသတွေမှာ၊ သူမရဲ့မီးဖိုချောင်ထဲမှာပေါ့။ ဒီစိတ်ဝင်စားစရာကောင်းတဲ့ ဟောပြောချက်ထဲမှာ ကျွန်တော်တို့အများစုအနေနဲ့ နည်းနည်းလေးမှ စဉ်းစားမနေဘဲ နှစ်ခါပြန်ပြီး မတွေးရလောက်အောင် အားရပါးရကို လှမ်းရိုက်ပစ်လိုက်ကြမယ့် အင်းဆက်တွေအပေါ် သူမရဲ့စွဲလမ်းမှုကို ရှင်းပြထားပါတယ်။ ပုရွက်ဆိတ်ရဲ့ ဘဝဖြစ်စဥ်ဟာ အနာရောဂါဖြစ်ခြင်း၊ နည်းပညာနဲ့ လူသားရဲ့ ဦးနှောက် စတာတွေ အပါအဝင် သင်ကြားမှုဆိုင်ရာ အကြောင်းအရာ တော်တော်များများအတွက် အသုံးဝင်တဲ့ပုံစံတစ်ခုကို အထောက်အပံ့ပြုပါတယ်လို့ သူမက ဆွေးနွေးတင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
14:09

Burmese subtitles

Revisions