Return to Video

ကိုယ်ဝန်တားနည်းတွေ အလုပ်လုပ်ကြပုံ

  • 0:07 - 0:11
    ဒီမှာပြောမှာကတော့ လိင်ဆက်ဆံပြီးမှုနောက်မှာ
    ကိုယ်ဝန်ရဖို့ ဘာတွေဖြစ်လာရမလဲဆိုတာပါ..
  • 0:11 - 0:13
    သုတ်ကောင်တွေ သားအိမ်လမ်းအတိုင်
  • 0:13 - 0:14
    သားအိမ်ခေါင်းကို ဖြတ်ပြီးတော့
  • 0:14 - 0:16
    သားအိမ်ဆီ ရောက်အောင်
  • 0:16 - 0:18
    သားအိမ်ပြွန်၂ခုထဲက တစ်ခုထဲကို
    ကူးဖြတ် ဝင်ရတယ်။
  • 0:18 - 0:22
    လစဉ်ကြွေတတ်တဲ့ မမျိုးဥက ပြွန်ထဲရှိနေခဲ့ရင်
  • 0:22 - 0:26
    သုတ်ကောင်ဟာ မျိုးအောင်ဖို့
    အခွင့်အလမ်းရှိတယ်။
  • 0:26 - 0:28
    ကိုယ်ဝန်တားနည်းတွေဟာ ဒီဖြစ်စဉ်ကို
    ဟန့်တားရန် ပြုစုစီမံထားတာပါ။
  • 0:28 - 0:31
    ၎င်းတို့ လုပ်ကိုင်ပုံ
    အခြေခံ ၃ နည်းရှိတယ်။
  • 0:31 - 0:33
    သုတ်ကောင်ကို ပိတ်ဆို့တယ်၊
  • 0:33 - 0:36
    သားအိမ်မရောက်ခင် သုတ်ကောင်ကို ဖျက်ဆီးတယ်၊
  • 0:36 - 0:39
    မျိုးဥတည်မှုကို တားဆီးတယ်။
  • 0:39 - 0:42
    ပိတ်ဆို့ခြင်းက အရိုးရှင်းဆုံးပဲ။
  • 0:42 - 0:45
    ကျား နဲ့ မ ကွန်ဒုံးတွေက သုတ်ကောင်ကို
  • 0:45 - 0:47
    သားအိမ်နဲ့ ထိတွေ့မရအောင် တားဆီးတယ်။
  • 0:47 - 0:51
    အဲဒီလို တားဆီးမှုက၊ အခြားကိုယ်ဝန်
    တားနည်းတွေနဲ့မတူ၊ လိင်ကတဆင့်ကူးစက်တဲ့
  • 0:51 - 0:55
    ရောဂါတွေ ကူးမရအောင် ကာကွယ်
    ပေးနိုင်ပါသေးတယ်။
  • 0:55 - 1:00
    သားအိမ်ဝအဖုံး, သားအိမ်ဝအပိတ် နဲ့
    ဆေးမြှုပ်တွေကတော့
  • 1:00 - 1:05
    သားအိမ်ခေါင်းမှာတပ်ဆင်ခြင်းဖြစ်ပြီး
    သားအိမ် ဝင်ပေါက်ကိုပိတ်ပေးတယ်။
  • 1:05 - 1:08
    အဲဒီလို ကိုယ်ဝန်တားနည်းတွေကို
    တားဆီးရေးနည်းတွေလို့ ခေါ်ကြပြီး
  • 1:08 - 1:10
    ဒုတိယနည်းရဲ့ နမူတာ တစ်ခုဖြစ်တဲ့
  • 1:10 - 1:13
    ဖျက်ဆီးရေးနည်း၊ သုတ်သတ်ဆေးတွေနဲ့
    တွဲသုံးလို့ရပါတယ်။
  • 1:13 - 1:17
    သုတ်သတ်ဆေးဆိုတာ သုတ်ကောင်ကို လှုပ်ရှား
    မရအောင် သတ်လိုက်တဲ့ ဓာတုပစ္စည်းပါ။
  • 1:17 - 1:22
    ယနေ့မှာ သုတ်ဆေးတွေက အမြှုပ်၊ ခရင်၊
    ဂျယ်လီနဲ့ အတွင်းထဲပုံစံနဲ့ လာပါတယ်၊
  • 1:22 - 1:26
    မိန်းမကိုယ်ထဲမှာ ပျော်သွားတတ်တဲ့
    ဖောက်ထွင်း မြင်နိုင်တဲ့ အပြားလဲ ရှိပါတယ်။
  • 1:26 - 1:31
    မဆက်ဆံမီမှာ ဒီပစ္စည်းတွေကို
    မိန်းမကိုယ်ထဲ ထည့်ရပါတယ်၊
  • 1:31 - 1:34
    ဒါမှမဟုတ် သားအိမ်ဝ အဖုံး၊ ကွန်ဒုံးနဲ့
    တွဲပြီးတော့ လည်းသုံးနိုင်ပြီး
  • 1:34 - 1:36
    ကာကွယ်မှုကို အားဖြည့်ပေးနိုင်သေးတယ်။
  • 1:36 - 1:38
    ကိုယ်ဝန်မရစေရန် တားဆီးတဲ့
    တတိယအုပ်စု နည်းက
  • 1:38 - 1:43
    သားအိမ်ထဲမှာ မျိုးဥတွေ ရင့်ကျက်မရအောင်
    တားဆီးလိုက်တာပါ။
  • 1:43 - 1:46
    သားအိမ်ပြွန်ထဲမှာ ဥမရှိဘူးဆိုရင်တော့
  • 1:46 - 1:49
    သုတ်ကောင်အတွက် မျိုးအောင်စရာ
    မရှိတော့ဘူးပေါ့။
  • 1:49 - 1:50
    ဟိုမုန်းသုံး ကိုယ်ဝန်တားနည်းတွေ၊
  • 1:50 - 1:54
    ဆေးလုံး၊ ကပ်ခွာ၊Depo ထိုးဆေးနဲ့
    မိန်းမကိုယ်ထဲထည့်တဲ့ ကွင်းတွေ
  • 1:54 - 2:00
    အားလုံးက ဖန်တီးထားတဲ့ Estrogen နဲ့
    Progesterone ဟိုမုန်းတွေကိုထုတ်ပေးတယ်။
  • 2:00 - 2:03
    အဲဒီဟိုမုန်း မျိုးစုံတို့က
    မျိုးဥကြွေတာကို တားဆီးတယ်
  • 2:03 - 2:06
    သားအိမ်ထဲမှာ မရင့်ကျက်သေးတဲ့ဥလေးကို
    ဘာနဲ့မှမထိတွေ့အောင် ထားတယ်။
  • 2:06 - 2:10
    ဖန်တီးထားတဲ့ progesterone ကို
    ပိုထိရောက်အောင် လုပ်ထားသေးတယ်၊
  • 2:10 - 2:15
    သားအိမ်ခေါင်းက အရိအချွဲတွေကို ထူပြစ်အောင်
    လုပ်ပေးခြင်းဖြင့် သုတ်ကောင်တွေ ကူးမရပါ။
  • 2:15 - 2:18
    တစ်ကြိမ်တည်း နည်းမျိုးစုံကို သုံးတဲ့
    အခြား ကိုယ်ဝန်တားနည်းတွေလည်း ရှိပါသေးတယ်
  • 2:18 - 2:23
    ဥပမာ၊ IUD တွေ ဒါမှမဟုတ်
    သားအိမ်ထဲ ထည့်ပစ္စည်းတွေထဲမှာ
  • 2:23 - 2:26
    မျိုးဥကြွေတာကို တားတဲ့ ဟိုမုန်းတွေပါတယ်။
  • 2:26 - 2:28
    အချို့မှာ ကြေးနီပါလို့
  • 2:28 - 2:33
    သုတ်ကောင်ကိုသေစေပြီး သားအိမ်ထဲမှာ မျိုးဥ
    တွယ်ကပ်မှုကို ခက်ခဲစတေယ်။
  • 2:33 - 2:35
    တားဆီးမှု၊ ဖျက်ဆီးမှု ဒါမှမဟုတ်
    ဖိနှိပ်နည်းထဲက
  • 2:35 - 2:38
    နည်းတစ်ခုဟာ အခြားနည်းထက် ပိုကောင်းပါသလား။
  • 2:38 - 2:41
    ခြားနားချက်တွေ ရှိပေမဲ့၊ တော်တော်မျာများက
  • 2:41 - 2:44
    နည်းတစ်ခုစီကို သုံးရတာ ရလွယ်ကူပြီး
    အဆင်ပြေမှုပေါ်မှာ မူတည်ပါတယ်။
  • 2:44 - 2:48
    ဥပမာ၊ အမျိုးသားကွန်ဒုံးဆိုရင်
    လူတိုင်းက စနစ်တကျသုံးမယ်ဆိုရင်
  • 2:48 - 2:50
    ၉၈% အကျိုးသက်ရောက်မှုရှိတယ်။
  • 2:50 - 2:55
    အဲဒီ ၉၈% ဆိုတာ စုံတွဲ၁၀၀ က တစ်နှစ်လုံး
    ကွန်ဒုံးကို မှန်ကန်စွာ သုံးရင်
  • 2:55 - 2:57
    အမျိူးသမီး၂ ယောက်က
    ကိုယ်ဝန်ရနိုင်တာကို ဆိုလိုတာပါ။
  • 2:57 - 3:03
    ဒါပေမဲ့ လူတိုင်းက ၎င်းတို့ကို မှန်ကန်စွာ
    မသုံးတတ်လို့ လက်တွေ့ ၈၂%ပဲ အကျိုးရှိပါတယ်။
  • 3:03 - 3:07
    အခြားနည်းတွေ၊ ကပ်ခွာနဲ့ ဆေးလုံးတွေကတော့
    ၉၉% ထိရောက်မှုပါတယ်၊
  • 3:07 - 3:09
    သေချာသုံးရင်ပေါ့။
  • 3:09 - 3:12
    လက်တွေ့မှာ ၉၁%ပဲ အကျိုးရှိတယ်။
  • 3:12 - 3:16
    သုတ်သတ်ဆေးက သေချာသုံးရင်တောင်
    ၈၅%ပဲ ထိရေားက်တယ်၊
  • 3:16 - 3:19
    ပုံမှန်သုံးသူအတွက် ကျတော့ ၇၁% လောက်ပဲ
    ထရောက်မှု ရှိတယ်။
  • 3:19 - 3:24
    ကိုယ်ဝန်တားနည်း ရွေးရာမှာ နောက်အရေးကြီး
    စဉ်းစားစရာကတော့ ဘေးထွက်ဆိုးကျိုးပါ။
  • 3:24 - 3:27
    များသောအားဖြင့်
    အမျိုးသမီးတွေမှာ ပိုထိခိုက်တယ်
  • 3:27 - 3:31
    ဟိုမုန်းနည်းလမ်းတွေက ခေါင်းကိုက်တာ၊
  • 3:31 - 3:31
    ပျို့အန်တာနဲ့
  • 3:31 - 3:33
    သွေးပေါင် တက်တာတွေဖြစ်တတ်တယ်။
  • 3:33 - 3:35
    အမျိုးသမီးတစ်ယောက်နဲ့
    တစ်ယောက် ကွာကြသေးတယ်။
  • 3:35 - 3:39
    ဒါကြောင့် ဒီနည်းလမ်းတွေအတွက်
    ဆရာဝန်က ညွှန်းဖို့လိုတယ်။
  • 3:39 - 3:41
    ကိုယ်ဝန်တားနည်း ရွေးတယ်ဆိုတာ
    လူတစ်ဦးရဲ့ ရွေးချယ်မှုပါ၊
  • 3:41 - 3:45
    သင့် အတွက်အခုအကောင်းဆုံးက နောင်တွင်
    ပြောင်းချင် ပြောင်းသွားနိုင်တယ်။
  • 3:45 - 3:47
    သိပ္ပံပညာရှင်တွေကလည်း
    နည်းအသစ်ကို ရှာနေကြတယ်၊
  • 3:47 - 3:51
    ဥပမာ၊ ယောင်္ကျားတွေမှာ သုတ်ကောင်
    ထုတ်မှုကို တားဆီးမယ့် ဆေးလုံး။
  • 3:51 - 3:54
    ဒီအတောအတွင်းမှာတော့
    သုတ်ကောင် ကိုပိတ်ဆို့ဖို့
  • 3:54 - 3:55
    ရွေးချယ်စရာ တချို့ရှိတယ်၊
  • 3:55 - 3:56
    ဖျက်ဆီးဖို့ ဒါမှမဟုတ်
  • 3:56 - 3:59
    မျိုးဥတွေကို တားထားပြီး
    ဘယ်လိုမှ တွေ့မရအောင် လုပ်ထားဖို့ပါ။
Title:
ကိုယ်ဝန်တားနည်းတွေ အလုပ်လုပ်ကြပုံ
Speaker:
NWHunter
Description:

ကိုယ်ဝန်တားနည်းတွေကို ကလေးမရအောင် အခြေခံနည်း ၃နည်းနဲ့ ပြုစုစီမံကြပါတယ်။
သုတ်ကောင်တွေကိုပိတ်ဆို့မယ်၊ သုတ်ကောင်ကို သားအိမ်မရောက်ခင်ဖျက်ဆီးမယ်
ဒါမှမဟုတ် မျိုးဥမတည်မှုကို တားဆီးမယ်။ အဲဒီလို မဟာဗျူဟာ တစ်ခုဟာ အခြားတစ်ခုထက် ပိုကောင်းပါသလား။ ပြီးတော့ တစ်ခုချင် အလုပ်လုပ်ပုံက ဘယ်လိုများလဲ။ NWHunter က ကိုယ်ဝန်တားနည်း တစ်မျိုးစီ အလုပ်လုပ်ပုံကို တင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:21

Burmese subtitles

Revisions