Return to Video

သင့်မှာ လူ့ဗီဇတစ်ခုကို မူပိုင်မှတ်ပုံတင်ခွင့်ရှိသင့်လား။

  • 0:01 - 0:05
    ၂၀၀၅ ဆောင်းဦးရဲ့ မွန်းလွဲအချိန်ပေါ့။
  • 0:05 - 0:09
    ACLU အဖွဲ့အစည်းရဲ့ သိပ္ပံ
    အကြံပေးအနေနဲ့ ကျွန်မအလုပ်လုပ်နေတာပါ။
  • 0:09 - 0:12
    ကျွန်မ အလုပ်ကို တကယ်ချစ်ပါတယ်။
  • 0:12 - 0:14
    ဒါပေမဲ့ အဲ့တစ်နေ့မှာ ကျွန်မ
  • 0:14 - 0:16
    အခက်တွေ့နေတယ်လို့
    ခံစားနေရတယ်။
  • 0:17 - 0:21
    ဒါကြောင့် ကျွန်မ လုပ်ဖော်ကိုင်ဖက်
    Chris Hanson ရဲ့ ရုံးခန်းဆီ သွားလိုက်တယ်။
  • 0:22 - 0:26
    Chris က ACLU မှာ လုပ်နေတာ အနှစ်၃၀
    ကျော်သွားပြီလေ
  • 0:26 - 0:29
    ဒါကြောင့် သူ့မှာနက်နဲတဲ့ အသိအမြင်တွေ
    ရှိတာပေါ့။
  • 0:30 - 0:33
    ကျွန်မ အခက်တွေ့နေတဲ့အကြောင်းကို
    Chris ကို ရှင်းပြလိုက်တယ်။
  • 0:34 - 0:37
    ကျွန်မက သိပ္ပံနှင့် လူထုအခွင့်အရေးကြားက
  • 0:37 - 0:41
    အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့
    ပြဿနာတွေကို လေ့လာနေတာပါ။
  • 0:41 - 0:45
    ဒါပေမယ့် ACLU ကို ဒီပြဿနာတွေကို
    ပိုကောင်းတဲ့နည်းနဲ့ ဖြေရှင်းစေချင်ပါတယ်။
  • 0:45 - 0:47
    အပြောင်းအလဲဖြစ်နိုင်မယ့် နည်းနဲ့ပေါ့။
  • 0:50 - 0:52
    Chris က တဲ့တိုးမေးပါတယ် -
  • 0:52 - 0:55
    "မင်းလေ့လာနေတဲ့ ပြဿနာတွေထဲမှာ
    ဘယ်ဟာတွေက ထိပ်ဆုံးငါးခုလဲ။
  • 0:56 - 0:58
    "ဗီဇခွဲခြားမှု၊
  • 0:58 - 1:01
    မျိုးဆက်ပြန့်ပွားရေးနည်းပညာ၊
  • 1:01 - 1:03
    ပြီးရင် ဇီဝနမူနာသိုလှောင်မှုရယ်
  • 1:03 - 1:05
    တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့
    ပြဿနာတစ်ခု
  • 1:05 - 1:07
    fMRI သုံးပြီး အလိမ်အညာဖော်ထုတ်တာရယ်
  • 1:07 - 1:09
    ပြီးရင် ဗီဇမူပိုင်ခွင့်။"
  • 1:10 - 1:11
    "ဗီဇမူပိုင်ခွင့်လား။"
  • 1:12 - 1:14
    "ဟုတ်တယ်။ လူသားဗီဇကို
    မူပိုင်ခွင့်တင်တာလေ။"
  • 1:14 - 1:16
    "မဟုတ်သေးဘူးနော်။
  • 1:16 - 1:18
    US အစိုးရက လူ့ခန္ဓာ
    အစိတ်အပိုင်းတစ်ခုကို
  • 1:18 - 1:21
    မူပိုင်ခွင့် တင်နေတယ်လို့
    ပြောနေတာလား။
  • 1:22 - 1:23
    မဖြစ်နိုင်ဘူးနော်။"
  • 1:24 - 1:27
    ကျွန်မအခန်းဆီပြန်သွားပြီး Chris ကို
    ဆောင်းပါး သုံးစောင်ပို့လိုက်တယ်။
  • 1:28 - 1:31
    ၂၀ မိနစ်ကြာပြီးတော့ ကျွန်မအခန်းကို
    သူ အလောတကြီးရောက်လာတယ်။
  • 1:31 - 1:35
    "ဘုရားရေ။ မင်းပြောတာမှန်တယ်။
    ငါတို့ဘယ်သူ့ကို တရားစွဲလို့ရမလဲ။"
  • 1:35 - 1:37
    (ရယ်သံများ)
  • 1:38 - 1:40
    အခု Chris က အရမ်းတော်တဲ့
    ရှေ့နေတစ်ယောက်ပါ။
  • 1:40 - 1:43
    ဒါပေမဲ့ မူပိုင်ခွင့် ဥပေဒနဲ့ ပတ်သတ်ပြီး
    သူ ဘာမှမသိခဲ့ဘူးလေ။
  • 1:43 - 1:45
    ဗီဇပညာနဲ့ ပတ်သတ်ပြီးဆိုရင် ဝေးသေးပေါ့။
  • 1:46 - 1:48
    ကျွန်မကတော့ ဗီဇနဲ့ပတ်သတ်ပြီး တချို့
    သိပေမယ့် ရှေ့နေမှမဟုတ်တာ။
  • 1:48 - 1:50
    မူပိုင်ခွင့်ရှေ့နေဆို ဝေးလာဝေးသေး။
  • 1:50 - 1:54
    ဒါကြောင့် တရားမစွဲနိုင်ခင် ကျွန်မတို့
    သင်ယူဖို့ဆိုတာ အများကြီးလေ။
  • 1:54 - 1:57
    လူတစ်ယောက်က ဗီဇတစ်ခုကို
    မူပိုင်ခွင့်တင်တဲ့အခါ ဘာကို
  • 1:57 - 1:59
    မူပိုင်ခွင့်တင်လဲဆိုတာ
    သိဖို့လိုတယ်။
  • 2:00 - 2:04
    ဗီဇ မူပိုင်ခွင့်တွေမှာ
    အဆိုပြုချက်များစွာ ပါတယ်။
  • 2:04 - 2:08
    တကယ့်ပြဿနာက ဒီ သီးခြားဖယ်ထားတဲ့
    DNA ဆိုတဲ့ အရာတွေပေါ့
  • 2:09 - 2:13
    ဆဲလ်တစ်ခုကနေ ဖယ်ထုတ်လိုက်တယ့်
    DNA အပိုင်းအစတစ်ခုလေ။
  • 2:14 - 2:15
    ဗီဇမူပိုင်ခွင့်တင်သူတွေက
  • 2:15 - 2:19
    "သိလား။ မင်းခန္ဓာကိုယ်က ဗီဇကို
    မူပိုင်ခွင့်မတင်ဘူး။ သီးသန့်ဖယ်ထားတဲ့
  • 2:19 - 2:21
    ဗီဇကိုပဲ မူပိုင်ခွင့်တင်တာ။"
    လို့ပြောကြတယ်။
  • 2:21 - 2:22
    အဲဒါတော့ ဟုတ်တယ်လေ။
  • 2:22 - 2:29
    ဒါပေမဲ့ ပြဿနာက ဗီဇတစ်ခုကို သုံးချင်ရင်
    သီးသန့်ဖယ်ထုတ်ဖို့လိုတယ်။
  • 2:31 - 2:35
    ဒီမူပိုင်ခွင့်တွေက သူတို့ သီးခြားဖယ်ထားတဲ့
    ဗီဇကိုတင်မကဘူး
  • 2:35 - 2:38
    ဒီဗီဇရဲ့ ပုံစံကွဲတွေပေါ်လည်း
    အကျုံးဝင်တယ်လေ။
  • 2:38 - 2:40
    ဒါဆို ဒါက ဘာကိုဆိုလိုတာလဲ။
  • 2:40 - 2:43
    ဆိုလိုတာက ရှင့်ဗီဇကို ဒီတိုင်း
    ဆရာဝန်ကို ပေးပြီး
  • 2:43 - 2:46
    ချို့ယွင်းမှုရှိမရှိ
    စစ်ဆေးခိုင်းလို့မရဘူး။
  • 2:46 - 2:47
    မူပိုင်ခွင့်ပိုင်ရှင်ရဲ့
  • 2:47 - 2:50
    ခွင့်ပြုချက်မပါဘဲနဲ့ပေါ့။
  • 2:50 - 2:55
    သုတေသနနဲ့ ဆေးပညာ
    စမ်းသပ်မှုတွေမှာ အဲဒီဗီဇကို
  • 2:55 - 2:58
    အသုံးပြုတာကို တားမြစ်ပိုင်
    ခွင့်ရှိတယ်လို့လည်းဆိုလိုပါတယ်။
  • 2:59 - 3:01
    မူပိုင်ခွင့် ပိုင်ရှင်တွေ
  • 3:01 - 3:02
    ပုဂ္ဂလိကကုမ္ပဏီတွေကို
  • 3:02 - 3:06
    လူ့ဗီဇတစ်စိတ်တစ်ပိုင်းကို ပိတ်ပိုင်ခွင့်
    ပေးတာက လူနာတွေကို နစ်နာစေပါတယ်။
  • 3:07 - 3:08
    ဥပမာ Abigail
  • 3:08 - 3:11
    ကုသမှုမခံယူရင် ရုတ်တရက်သေစေနိုင်တဲ့
  • 3:11 - 3:14
    နှလုံးစည်းချက်မမှန်တဲ့
    Long QT syndrome နှလုံးရောဂါနဲ့
  • 3:14 - 3:16
    ၁၀နှစ် ကလေး။
  • 3:17 - 3:21
    ဒီရောဂါကို ဖြစ်စေတဲ့ ဗီဇနှစ်ခုကို
    မူပိုင်ခွင့်ရထားတဲ့ ကုမ္ပဏီက
  • 3:21 - 3:23
    ဒီရောဂါကိုတွေ့ရှိဖို့ နည်းတစ်ခုကို
    ထွင်ထားပါတယ်။
  • 3:23 - 3:26
    ဒါပေမယ့် ဒေဝါလီခံလိုက်ရပြီး
    အဲဒါကို စျေးကွက်မတင်နိုင်ခဲ့ဘူး
  • 3:27 - 3:29
    နောက်ဓာတ်ခွဲခန်းက
    ဒီနည်းကို စျေးကွက်တင်ဖို့
  • 3:29 - 3:32
    ကြိုးစားပေမဲ့ မူပိုင်ခွင့်ပိုင်ရှင်
    ကုမ္ပဏီက မူပိုင်ခွင့်
  • 3:32 - 3:33
    ချိုးဖောက်မှုနဲ့ တရားစွဲဖို့
  • 3:33 - 3:34
    ခြိမ်းခြောက်တာကြောင့်
  • 3:34 - 3:37
    နှစ်နှစ်လောက် ဘာစမ်းသပ်နည်းမှ
    သုံးလို့မရခဲ့ဘူး။
  • 3:38 - 3:39
    အဲအချိန်အတွင်း
  • 3:39 - 3:43
    Long QT ရောဂါကိုမတွေ့ရှိနိုင်ခင်
    Abigail က သေဆုံးသွားပါတယ်။
  • 3:44 - 3:47
    ဗီဇမူပိုင်ခွင့်တွေက ပြဿနာတစ်ခုဖြစ်သလို
    လူနာတွေကိုလည်း နစ်နာစေတယ်။
  • 3:47 - 3:50
    ဒါပေမဲ့ ဒါကို ရင်ဆိုင်ဖြေရှင်းဖို့
    နည်းရှိလား။
  • 3:50 - 3:52
    တကယ်တော့ တရားရုံးချုပ်ကြီးက
  • 3:52 - 3:55
    အမှုနမူနာအများကြီးနဲ့ ရှင်းအောင်
    တင်ပြထားပါတယ်။
  • 3:55 - 3:58
    တစ်ချို့အရာတွေကို မူပိုင်ခွင့်
    တင်လို့မရဘူးဆိုတာကိုပေါ့
  • 3:59 - 4:01
    သဘာဝတရားထဲက အရာတွေကို
    မူပိုင်ခွင့်တင်လို့မရဘူး။
  • 4:02 - 4:06
    လေ၊ ရေ၊ သတ္တု၊
    ဒြပ်စင်ဇယားကွက်ထဲက ဒြပ်စင်တွေ
  • 4:07 - 4:09
    သဘာဝတရားနိယာမကိုလည်း
    မူပိုင်ခွင့်တင်လို့မရဘူး။
  • 4:10 - 4:12
    ဆွဲအားနိယာမ၊ E=mc2။
  • 4:13 - 4:18
    ဒါတွေက အရမ်းအရေးပါပြီး
    လူသားအားလုံးပိုင်သလို
  • 4:18 - 4:20
    တစ်ဦးသီးသန့်ပိုင်မဖြစ်သင့်ဘူး။
  • 4:20 - 4:22
    ကျွန်မတို့ထင်ခဲ့တာက DNA က
  • 4:23 - 4:25
    ကျွန်မတို့ခန္ဓာကိုယ် ပရိုတိန်း
    ထုတ်ဖို့ လမ်းညွှန်တဲ့
  • 4:25 - 4:28
    သက်ရှိရဲ့ အခြေခံကျဆုံးဖွဲ့စည်းမှုက
  • 4:28 - 4:31
    သဘာဝတရားရဲ့ ထုတ်ကုန်ဖြစ်သလို
    နိယာမတစ်ခုလည်းဖြစ်ပါတယ်။
  • 4:31 - 4:34
    ကျွန်မတို့ခန္ဓာကိုယ်မှာရှိသည် ဖြစ်စေ၊
  • 4:34 - 4:36
    ဖန်ပြွန်တစ်ခုထဲမှာရှိသည်ဖြစ်စေပေါ့။
  • 4:37 - 4:38
    ဒီပြဿနာကို သေချာစူးစမ်းလေ့လာရင်း
  • 4:38 - 4:43
    ပညာရှင်အစုံအလင်- သိပ္ပံပညာရှင်၊ ဆေးပညာရှင်
    ရှေ့နေ၊ မူပိုင်ခွင့်ရှေ့နေတွေနဲ့
  • 4:43 - 4:46
    ဆွေးနွေးဖို့ နိုင်ငံအနှံ့ပတ်ခဲ့ပါတယ်။
  • 4:47 - 4:51
    သူတို့အများစုက မူဝါဒအကြောင်းအရာအနေနဲ့ရော
    ဥပဒေအကြောင်းအရာအနေနဲ့ပါ
  • 4:51 - 4:53
    ကျွန်မတို့မှန်ကန်တယ်လို့
    ထောက်ခံကြပေမယ့်
  • 4:54 - 4:56
    အားလုံးကတော့ ဒီဗီဇ
  • 4:56 - 4:58
    မူပိုင်ခွင့်အမှုကို
    ကျွန်မတို့နိုင်ဖို့ အခွင့်အရေးက
  • 4:58 - 5:00
    သုညလို့ ထင်ကြတယ်။
  • 5:02 - 5:03
    ဘာဖြစ်လို့လဲ။
  • 5:03 - 5:06
    မူပိုင်မှတ်ပုံတင်ရုံးက ဒီမူပိုင်တွေကို
    ထုတ်ပေးနေတာ
  • 5:06 - 5:08
    နှစ်၂၀ကျော်သွားပြီ။
  • 5:09 - 5:12
    လူ့ဗီဇမူပိုင်တွေက
    ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။
  • 5:13 - 5:16
    မူပိုင်ခွင့်ရဲ့ပိတ်ပင်မှုက
    လက်တလောအခြေအနေမှာ အမြစ်တွယ်ခဲ့တယ်။
  • 5:17 - 5:20
    ဇီဝနည်းပညာလုပ်ငန်းတွေက ဒီနည်းစဉ်နဲ့
    အောင်မြင်ခဲ့ကြတယ်။
  • 5:20 - 5:23
    ပြီးတော့ ဗီဇမူပိုင်ကိုတားမြစ်ဖို့
    ဥပဒေတွေကို ကွန်ဂရက်မှာ တစ်နှစ်ပြီး
  • 5:23 - 5:25
    တစ်နှစ် အဆိုပြုပေမယ့်
  • 5:25 - 5:27
    လုံးဝမအောင်မြင်ခဲ့ပါဘူး။
  • 5:27 - 5:29
    နောက်ဆုံးတော့လည်း
  • 5:29 - 5:32
    တရားရုံးတွေက ဒီမူပိုင်တွေကို
    ပယ်ဖျက်ဖို့ဆန္ဒမရှိခဲ့ကြဘူး။
  • 5:33 - 5:38
    Chris နဲ့ ကျွန်မက ဒီလို စိန်ခေါ်မှုကနေ
    ရှောင်ဖယ်တဲ့ အမျိုးအစားထဲ မပါပါဘူး။
  • 5:38 - 5:41
    "မှန်ရုံနဲ့တင် မလုံလောက်သေးဘူး"ကိုက
    ဆက်လက် ရင်ဆိုင်ဖြေရှင်းဖို့
  • 5:41 - 5:43
    ခိုင်လုံတဲ့အကြောင်းလို့
    ထင်ခဲ့ပါတယ်။
  • 5:44 - 5:46
    ကျွန်မတို့ အမှုကိုဖွင့်ဖို့
    စတင်ခဲ့တယ်။
  • 5:47 - 5:51
    မူပိုင်အမှုတွေများတော့အားဖြင့်ဒီလိုပါ၊
    ကုမ္ပဏီ "က" က ကုမ္ပဏီ "ခ" ကို
  • 5:51 - 5:54
    အရေးမပါတဲ့ နည်းပညာပြဿနာ
    အသေးအမွှားလေး အတွက်နဲ့ တရားစွဲတယ်။
  • 5:55 - 5:57
    ကျွန်မတို့က ဒီလိုအမှုတွေကို
    စိတ်မဝင်စားဘူးလေ။
  • 5:57 - 6:00
    ကျွန်မတို့ အမှုက အဲ့ထက်ပိုကြီးတယ်လို့
    ထင်ခဲ့ပါတယ်။
  • 6:00 - 6:02
    သိပ္ပံပညာလွတ်လပ်ခွင့်၊
    ဆေးပညာတိုးတက်ရေး၊ လူနာတွေရဲ့
  • 6:02 - 6:04
    အခွင့်အရေးအတွက်ပေါ့။
  • 6:04 - 6:07
    ဒါကြောင့် သာမန် မူပိုင်အမှုနဲ့ မတူတဲ့
    လူ့အခွင့်အရေးအမှုနဲ့ပိုတူတဲ့
  • 6:07 - 6:09
    အမှုမျိုးကို ဖွင့်ဖို့
  • 6:10 - 6:12
    ဆုံးဖြတ်ခဲ့ပါတယ်။
  • 6:13 - 6:16
    မူပိုင်ခွင့်ကို အပြင်းအထန်
    ကျင့်သုံးနေတဲ့ ဗီဇမူပိုင်ရှင်ကို
  • 6:16 - 6:18
    စုံစမ်းဖို့ စတင်ခဲ့ပါတယ်။
  • 6:18 - 6:22
    ဗီဇမူပိုင်က လူနာတွေနဲ့ ဆေးပညာ
    ဆန်းသစ်မှုကို ဘယ်လို ထိခိုက်နေတယ်ဆိုတာ
  • 6:22 - 6:25
    တရားရုံးကို တင်ပြနိုင်မယ့်
    တရားလိုတွေ
  • 6:25 - 6:28
    ပညာရှင်တွေကို စည်းရုံးခဲ့ပါတယ်။
  • 6:29 - 6:33
    Utah က Salt Lake မြို့မှာ အခြေစိုက်ထားတဲ့
    Myriad Genetics ကုမ္ပဏီက
  • 6:33 - 6:35
    တရားစွဲဖို့ ကိုယ်စားလှယ်တစ်ယောက်ကို
    တွေ့ရှိခဲ့ပါတယ်။
  • 6:37 - 6:40
    BRCA1 နဲ့ BRCA2 ဗီဇနှစ်ခုအပေါ်
    မူပိုင်ခွင့်ကို
  • 6:40 - 6:42
    Myriad က ပိုင်ဆိုင်ပါတယ်။
  • 6:43 - 6:46
    ဒီဗီဇမှာ ချို့ယွင်းမှုရှိတဲ့
    အမျိုးသမီးတွေက
  • 6:46 - 6:49
    ရင်သားကင်ဆာနှင့် သားဥအိမ်ကင်ဆာ
    ရနိုင်ခြေ
  • 6:49 - 6:51
    တော်တော်လေးများပါတယ်။
  • 6:52 - 6:55
    US မှာ Myriad က BRCA
    စစ်ဆေးခွင့်အပေါ်
  • 6:55 - 6:58
    လုံးဝ လက်ဝါးကြီးအုပ်ထားပါတယ်။
  • 6:59 - 7:03
    BRCA စစ်ဆေးပေးနေတဲ့ ဓာတ်ခွဲခန်းတွေကိုလည်း
    အဓ္ဓမ ပိတ်ပင်ခိုင်းခဲ့ပါတယ်။
  • 7:03 - 7:05
    ဆေးစစ်ချက်အတွက်လည်း
    ပိုက်ဆံအများ တောင်းပါတယ်။
  • 7:05 - 7:07
    ဒေါ်လာ ၃၀၀၀ ကျော်ပါတယ်။
  • 7:07 - 7:09
    သူ့ရဲ့ ဆေးစစ်မှု
    အချက်အလက်တွေကို နိုင်ငံတကာ
  • 7:09 - 7:12
    သိပ္ပံအဖွဲ့အစည်းတွေကို
    သုံးခွင့်မပေးတော့ဘူး။
  • 7:13 - 7:14
    ပိုဆိုးတာက
  • 7:14 - 7:17
    နှစ်တော်တော်ကြာကြာ
  • 7:17 - 7:21
    ပြင်သစ်က သုတေသီတွေရှာတွေ့ထားတဲ့
    ဗီဇချို့ယွင်းမှုအသစ်တွေပါ စစ်နိုင်အောင်
  • 7:21 - 7:24
    နည်းပညာအဆင့်မြှင့်ဖို့ Myriad က
    ငြင်းဆန်ခဲ့ပါတယ်။
  • 7:25 - 7:27
    အဲ့နှစ်တော်တော်ကြာကြာ
    အချိန်တောအတွင်း
  • 7:28 - 7:30
    စစ်ဆေးမှုခံယူတဲ့ အမျိုးသမီး
  • 7:30 - 7:33
    ၁၂ % လောက်ရဲ့ အဖြေက
  • 7:33 - 7:35
    မှားသွားပါတယ်။
  • 7:36 - 7:40
    ချို့ယွင်းမှုတွေ့ရှိသင့်တာကို
    မတွေ့ဘူးဆိုပြီးဖြစ်သွားပါတယ်။
  • 7:41 - 7:43
    ဒါကတော့ Kathleen Maxian ပါ။
  • 7:44 - 7:47
    Kathleen ရဲ့ အစ်မ Eileen မှာ
    ၄၀ နှစ်မှာ ရင်သားကင်ဆာတွေ့ရှိပါတယ်။
  • 7:47 - 7:49
    Myriad မှာ စစ်ဆေးမှုခံယူတုန်းက
  • 7:50 - 7:52
    အဖြေက ကောင်းတယ်ပေါ့။
  • 7:52 - 7:53
    မိသားစုက စိတ်အေးသွားတယ်။
  • 7:53 - 7:57
    ဆိုလိုတာက Eileen ရဲ့ ကင်ဆာက
    မိသားစုထဲမှာ မဖြစ်နိုင်ဘူးပေါ့။
  • 7:57 - 8:00
    တစ်ခြားမိသားစုဝင်တွေလည်း
    စစ်ဆေးမှုလုပ်စရာမလိုဘူးပေါ့။
  • 8:01 - 8:02
    ဒါပေမယ့် နောက်နှစ်နှစ်မှာ
  • 8:02 - 8:06
    Kathleen မှာ ဆိုးရွားအဆင့်ရောက်
    သားဥအိမ်ကင်ဆာရှိတယ်လို့ သိလိုက်ရတယ်။
  • 8:07 - 8:11
    တကယ်တော့ Kathleen အစ်မက
    ဗီဇချို့ယွင်းမှု မတွေ့ဘူးဆိုတဲ့ ၁၂%ထဲ
  • 8:11 - 8:14
    ပါသွားပါတယ်။
  • 8:14 - 8:17
    Eileen သာ မှန်ကန်တဲ့ အဖြေရခဲ့ရင်
  • 8:17 - 8:20
    Kathleen လည်း စစ်ဆေးမှုခံယူမှာ
    ဖြစ်သလို
  • 8:20 - 8:23
    သားဥအိမ်ကင်ဆာလည်း ကာကွယ်ပြီးသား
    ဖြစ်သွားမှာပါ။
  • 8:25 - 8:26
    Myriad ကို ပစ်မှတ်ထားပြီးတော့
  • 8:26 - 8:30
    ဒီပြဿနာတွေကိုအလင်းပြနိုင်တဲ့
    တရားလိုတွေ၊ ပညာရှင်တွေပါတဲ့ ယာယီ
  • 8:30 - 8:32
    အဖွဲ့ဖွဲ့ဖို့လိုပါတယ်။
  • 8:32 - 8:34
    အရမ်းတက်ကြွတဲ့ တရားလို
    အယောက် ၂၀၊
  • 8:35 - 8:37
    ဗီဇ တိုင်ပင်ခံပုဂ္ဂိုလ်
  • 8:37 - 8:40
    ရပ်-ထပ်မံ မလုပ်ရ စာချွန်လွှာ
    ပို့ခံရတဲ့ ဗီဇဗေဒပညာရှင်တွေ
  • 8:41 - 8:43
    လူမှုလူပ်ရှားမှုအသင်းတွေ၊
  • 8:44 - 8:47
    သိပ္ပံပညာရှင် နဲ့ ဆေးပညာရှင်
    ၁၅၀ ၀၀၀ ကျော်ကိုကိုယ်စားပြုတဲ့
  • 8:47 - 8:50
    သိပ္ပံအဖွဲ့ကြီး ၄ ဖွဲ့ ရယ်၊
  • 8:51 - 8:54
    Myriad စစ်ဆေးမှုမတက်နိုင်တဲ့ ဒါမှမဟုတ်
    မူပိုင်ကြောင့် နောက်ထပ်အကြံ
  • 8:54 - 8:58
    မရနိုင်တဲ့ အမျိုးသမီးတွေကို
    ကျွန်မတို့ စည်းရုံးနိုင်ခဲ့ါတယ်။
  • 9:00 - 9:04
    ဒီအမှု ပြင်ဆင်တဲ့နေရာမှာ သိပ္ပံ
    အကြောင်းအရာကို အရှင်းဆုံး
  • 9:04 - 9:07
    ဘယ်လိုတင်ပြမလဲဆိုတာ
    ကျွန်မတို့အတွက် အခက်ခဲဆုံးပါ။
  • 9:07 - 9:11
    Myriad လုပ်ခဲ့တာက တီထွင်မှုမဟုတ်ဘူး
    ဆိုတာရယ် သီးသန့်ဖယ်ထားတဲ့ BRCA
  • 9:11 - 9:14
    ဗီဇတွေကလည်း သဘာဝတရားရဲ့
    ရတနာလို့ ပြောဖို့အတွက်
  • 9:15 - 9:18
    အခြေခံအချက်တွေ ရှင်းပြဖို့လိုအပ်ပါတယ်။
    ဥပမာ
  • 9:18 - 9:20
    ဗီဇ ၊ DNA ဆိုတာ ဘာတွေလဲ။
  • 9:20 - 9:24
    DNA ကို ဘယ်လိုဖယ်ထုတ်လဲ။
    ပြီးရင် ဘာလို့ တီထွင်မှုလို့မခေါ်တာလဲ။
  • 9:25 - 9:29
    အခြေခံကျတဲ့အချက်အလက်တွေကို
    တိတိကျကျနဲ့ ရိုးရိုးရှင်းရှင်း
  • 9:29 - 9:32
    ရှင်းပြနိုင်ဖို့ တရားလိုတွေ ပညာရှင်တွေနဲ့
  • 9:32 - 9:34
    နာရီအတော်ကြာကြိုးပမ်းခဲ့ရပါတယ်။
  • 9:34 - 9:38
    နောက်ဆုံးတော့ ရွှေကို
    ဥပမာအဖြစ်သုံးဖို့
  • 9:38 - 9:39
    ဆုံးဖြတ်လိုက်တယ်။
  • 9:40 - 9:42
    DNA ကိုစစ်ထုတ်တာက
  • 9:42 - 9:45
    တောင်ကနေ ဒါမှမဟုတ်
    စမ်းချောင်းကနေ
  • 9:45 - 9:47
    ရွှေကျင်ယူတာနဲ့တူတယ်။
  • 9:47 - 9:51
    ရှင့်မှာ ရွှေကျင်တဲ့နည်းကို
    မှုပိုင်တင်ခွင့် ရှိချင်ရှိမယ်။
  • 9:51 - 9:53
    ဒါပေမယ့် ရွှေကို မူပိုင်တင်လို့မရဘူးလေ။
  • 9:54 - 9:57
    တောင်ကနေ ရွှေတူးတဲ့အချိန်
  • 9:57 - 9:59
    အားတော်တော်လေးစိုက်ရလိမ့်မယ်။
  • 9:59 - 10:01
    ရှင် အဲဒါကို မူပိုင်တင်လို့မရဘူး
    အဲဒါက ရွှေလေ။
  • 10:01 - 10:03
    တူးထုတ်ပြီးတဲ့ရွှေကို
  • 10:03 - 10:06
    တောင်ထဲမှာရှိနေတုန်း
    သုံးလို့မရတဲ့အရာတွေအတွက်
  • 10:06 - 10:08
    သုံးလို့ရတယ်။
  • 10:08 - 10:10
    ဥပမာ ရတနာဆင်လို့ရတယ်။
  • 10:10 - 10:12
    ဒါပေမယ့် ရွှေဖြစ်နေလို့
    မူပိုင်တင်လို့မရဘူး။
  • 10:13 - 10:17
    ၂၀၀၉မှာ အမှုဖွင့်ဖို့
    ကျွန်မတို့တော့ အသင့်ဖြစ်ပြီ
  • 10:18 - 10:22
    နယူးယောက် တောင်ပိုင်းခရိုင်
    တရားရုံမှာ အမှုဖွင့်လိုက်တယ်။
  • 10:22 - 10:26
    အမှုကို တရားသူကြီး Robert Sweet ဆီ
    ကျပန်းလွဲပြောင်းလိုက်တယ်။
  • 10:27 - 10:30
    ၂၀၁၀ မတ်လမှာ Sweet က
    သူ့ရဲ့ ထင်မြင်ချက်ကို ထုတ်ပြန်တယ်။
  • 10:31 - 10:32
    စာမျက်နှာ ၁၅၂ မျက်နှာလောက်--
  • 10:33 - 10:35
    ပြီးရင်ကျွန်မတို့အတွက်တော့
    လုံးဝအောင်ပွဲပေါ့။
  • 10:36 - 10:37
    သူ့ ထင်မြင်ချက်ကို ဖတ်ပြတော့
  • 10:37 - 10:42
    အမှုထဲက သိပ္ပံပညာကို ရှင်းရှင်းလင်းလင်း
    သူဖော်ပြသွားပုံကို အံအားသင့်ရပါတယ်။
  • 10:43 - 10:45
    ကျွန်မတို့ရဲ့ လျှောက်လဲချက်က
    တော်တော်လေးကောင်းတယ်ဆိုပေမယ့်
  • 10:45 - 10:47
    ဒီလောက်တော့ မကောင်းဘူးလေ။
  • 10:48 - 10:51
    အချိန်တိုအတွင်း ဒီအမှုကို
    သူဘယ်လိုများ နက်နက်နဲနဲ
  • 10:51 - 10:52
    နားလည်နိုင်သွားတာလဲ။
  • 10:52 - 10:56
    ဒီလိုဘယ်လိုဖြစ်သွားတာလဲဆိုတာ
    ကျွန်မတို့ နားမလည်နိုင်ဘူး။
  • 10:56 - 10:57
    တကယ်တော့
  • 10:57 - 11:01
    အဲတုန်းက Sweet အတွက်
    အလုပ်လုပ်ပေးနေတဲ့ စာရေးက
  • 11:01 - 11:02
    ရှေ့နေတင်မဟုတ်ဘူး
  • 11:02 - 11:04
    သိပ္ပံပညာရှင်လည်းဖြစ်နေတယ်။
  • 11:04 - 11:05
    သိပ္ပံပညာရှင်တင်မဟုတ်ဘူး
  • 11:05 - 11:09
    Molecular biology ပါရဂူဘွဲ့ရထားတဲ့သူလေ။
  • 11:09 - 11:10
    (ရယ်သံများ)
  • 11:10 - 11:13
    ဘယ်လောက်တောင်ကံကောင်းလဲ။
  • 11:14 - 11:15
    ဒါနဲ့ Myriad က
    တရားရုံးကို
  • 11:15 - 11:18
    အယူခံဝင်တယ်။
  • 11:18 - 11:21
    ဒီကစပြီး စိတ်ဝင်စားဖို့ကောင်းလာပြီ။
  • 11:21 - 11:25
    ပထမဆုံး အမှုတစ်ခုရဲ့
    အရေးကြီးတဲ့ အချိန်တစ်ခုမှာ
  • 11:25 - 11:28
    US အစိုးရက ဘက်ပြောင်းလိုက်တယ်။
  • 11:29 - 11:32
    ခရိုင်တရားရုံးမှာတုန်းက အစိုးရက
    Myriad ဘက်ကနေ လျှောက်လဲချက်တင်ပြတယ်။
  • 11:33 - 11:38
    ဒါပေမယ့် အခုတော့ သူ့ရဲ့ကိုယ်ပိုင်
    မူပိုင်မှတ်ပုံတင်ရုံးကို ဆန့်ကျင်ပြီး
  • 11:38 - 11:40
    အစိုးရက ခရိုင်တရားရုံးထင်မြင်ချက်ကို
    ထောက်ထားပြီးတော့
  • 11:40 - 11:44
    အမှုကိုပြန်ချင့်ချိန်ပြီး သီးသန့် DNA ကို
    မူပိုင်တင်လို့မရကြောင်း
  • 11:44 - 11:47
    လျှောက်လဲချက်ထုတ်ပြန်လိုက်တယ်။
  • 11:48 - 11:50
    ဒါက လုံးဝအရေးကြီးတယ်။
  • 11:50 - 11:51
    လုံးဝမမျှော်လင့်ထားဘူးလေ။
  • 11:53 - 11:55
    အယူခံဝင်တရားရုံးက
    မူပိုင်အမှုအားလုံးကို
  • 11:55 - 11:57
    ကြားနာတယ်။
  • 11:57 - 12:00
    ပြီးရင် သူက မူပိုင်တွေကို
    ထောက်ခံတယ်ဆိုပြီး နာမည်ထွက်ထားတယ်လေ။
  • 12:00 - 12:03
    ဒီလို ကောင်းကောင်းမွန်မွန်
    ပြင်ဆင်ထားရင်တောင်
  • 12:03 - 12:04
    ရှုံးဖို့ မျှော်လင့်ခဲ့ကြတယ်။
  • 12:04 - 12:06
    ရှုံးသွားတယ်လေ။
  • 12:08 - 12:11
    ရလဒ်က ၂ မဲ ၁ မဲပါ။
  • 12:12 - 12:15
    ဒါပေမယ့် တရားသူကြီးနှစ်ယောက်က
    လုံးဝမတူညီတဲ့ အကြောင်းပြချက်နဲ့
  • 12:15 - 12:17
    ကျွန်မတို့ကို ပယ်ချခဲ့ပါတယ်။
  • 12:17 - 12:19
    ပထမ တစ်ယောက် Lourie သူ့ကိုယ်ပိုင်
  • 12:19 - 12:22
    ဇီဝသီအိုရီထွင်လိုက်တယ်။
  • 12:22 - 12:23
    လုံးဝအမှား။
  • 12:23 - 12:24
    (ရယ်သံများ)
  • 12:24 - 12:27
    Myriad က ဓာတုအသစ်ထွင်ခဲ့တယ်လို့
    သူယူဆလိုက်တယ်။
  • 12:27 - 12:28
    အဓိပ္ပါယ်လုံးဝမရှိဘူး။
  • 12:29 - 12:32
    Myriad ကတောင် မငြင်းတော့
    ကျွန်မတို့ ဒါကို မမျှော်လင့်ထားခဲ့ဘူး။
  • 12:32 - 12:34
    နောက်တစ်ယောက် Moore
  • 12:34 - 12:38
    သီးသန့် DNA ဆိုတာ သဘာဝတရားရဲ့
    ရတနာလို့ သူမ ထောက်ခံတယ်။
  • 12:38 - 12:41
    ဒါပေမယ့် ဇီဝနည်းပညာလုပ်ငန်းခွင်ကို
    မကိုင်လှုပ်ချင်ဘူး လို့ပြောတယ်။
  • 12:42 - 12:45
    တတိယတစ်ယောက် Bryson
  • 12:45 - 12:46
    ကျွန်မတို့ကို ထောက်ခံတယ်။
  • 12:48 - 12:50
    ဒါနဲ့ ပြန်စစ်ဖို့
    တရားရုံးချုပ်ကြီးကို တောင်းဆိုတယ်။
  • 12:50 - 12:53
    တရားရုံးချုပ်ကြီးကို အသနားခံ
    လျှောက်ထားရင်
  • 12:53 - 12:56
    တရားရုံးကို ဖြေစေချင်တဲ့
    မေးခွန်းတစ်ခုကို တင်ပြရပါမယ်။
  • 12:57 - 13:00
    များသောအားဖြင့် ဒီမေးခွန်းတွေက
    အရမ်းရှည်တဲ့ စာပိုဒ်တွေပါတယ်။
  • 13:00 - 13:03
    ဝါကျတွေ၊ "ဒီမှာတော့" နဲ့ "ဒါကြောင့်အဲဒါက"
    အများကြီးနဲ့
  • 13:03 - 13:06
    စာမျက်နှာအပြည့်ပေါ့။
  • 13:06 - 13:10
    ကျွန်မတို့ အတိုဆုံးမေးခွန်းကို
    တင်ပြခဲ့ပါတယ်။
  • 13:11 - 13:13
    စာတစ်ကြောင်းတည်းပါ။
  • 13:14 - 13:16
    လူဗီဇကို မူပိုင်တင်ခွင့်ရှိပါသလား။
  • 13:17 - 13:20
    Christ က ဒီစာကြောင်းနဲ့ ပတ်သတ်ပြီး
    ကျွန်မအတွေးကို မေးတော့
  • 13:20 - 13:21
    "ကျွန်မတော့ မသိဘူး၊ သီးသန့်
  • 13:21 - 13:24
    DNA ကို မူပိုင်တင်လို့ရလားလို့
    ပြောရမယ် ထင်တာပဲ"လို့ ဖြေလိုက်တယ်။
  • 13:25 - 13:26
    "မဟုတ်သေးဘူး။
  • 13:26 - 13:31
    လွန်ခဲ့တဲ့ ခုနစ်နှစ်တုန်းကမင်းငါကို
    ဒီအမှုအကြောင်း ပြောတုန်းက ငါရလိုက်တဲ့
  • 13:31 - 13:34
    ခံစားချက်မျိုးကို ဒီတရားသူကြီးတွေကို
    ရစေချင်တယ်။"
  • 13:35 - 13:37
    အဲဒါတော့ ကျွန်မလည်း
    မပြောနိုင်ခဲ့ဘူး။
  • 13:38 - 13:41
    တရားရုံးချုပ်ကြီးက လက်ခံရရှိတဲ့
    အမှုတွေရဲ့ ၁ % လောက်ပဲ
  • 13:41 - 13:43
    ကြားနာတာပါ။
  • 13:43 - 13:44
    အမှုကို ကြားနာဖို့
    သဘောတူလိုက်တယ်။
  • 13:46 - 13:50
    လျှောက်လဲချက်တင်တဲ့နေ့ရောက်တော့
    တကယ် စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
  • 13:50 - 13:51
    အပြင်မှာ လူ အတန်းလိုက်။
  • 13:51 - 13:54
    တရားရုံးထဲဝင်ရဖို့ မနက် ၂ နာရီခွဲကတည်းက
  • 13:54 - 13:56
    တန်းစီနေကြတာ။
  • 13:56 - 13:58
    ရင်သားကင်ဆာလှုပ်ရှားရေး အသင်းနှစ်ခု
  • 13:58 - 14:00
    Breast Cancer Action နဲ့ FORCE က
  • 14:00 - 14:02
    တရားရုံလှေကားထစ်မှာ ဆန္ဒပြနေကြတယ်။
  • 14:03 - 14:06
    Chris နဲ့ ကျွန်မက စင်္ကြံမှာ
    တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေတယ်။
  • 14:07 - 14:10
    သူဘဝမှာ အရေးကြီးဆုံး အမှုအတွက်
    အထဲဝင်ပြီး လျှောက်လဲချက်မတင်ခင်
  • 14:10 - 14:12
    အချိန်အခါလေးမှာပေါ့။
  • 14:13 - 14:15
    ကျွန်မကတော့ သူ့ထက် ပိုပြီး
    စိတ်လှုပ်ရှားတယ်။
  • 14:16 - 14:21
    ဒါပေမယ့် တရားရုံးခန်းထဲဝင်ပြီး
    ဖော်ရွေတဲ့မျက်နှာလေးတွေ - ကျွန်မတို့ကို
  • 14:21 - 14:25
    ပုဂ္ဂိုလ်ရေးဖြစ်ရပ်တွေ ဝေမျှခဲ့တဲ့
    အမျိုးသမီးအမှုသည်တွေ၊
  • 14:25 - 14:28
    ဒီအမှုအတွက် အလုပ်အချိန်ကိုဖဲ့ပေးကြတဲ့
  • 14:28 - 14:32
    ဗီဇပညာရှင်တွေ၊ ကြားနေ တရားရေး
    အကြံပေး လျှောက်လဲချက်တင်ပေးတဲ့
  • 14:32 - 14:35
    ဆေးပညာ၊ လူနာကူညီရေး၊
  • 14:35 - 14:40
    ပတ်ဝန်းကျင်နဲ့ ဘာသာရေးအဖွဲ့အစည်း
    အစုံအလင်က ကိုယ်စားလှယ်တွေ
  • 14:40 - 14:43
    ကြည့်လိုက်တော့ စိတ်လှုပ်ရှားတာတွေ
  • 14:43 - 14:45
    ပျောက်သွားတယ်။
  • 14:47 - 14:50
    DNA တွေ့ရှိခဲ့သူ James Watson
    အပါအဝင် Human Genome Project အဖွဲ့
  • 14:50 - 14:52
    ခေါင်းဆောင်သုံးဦးကော
    အခန်းထဲမှာ ရှိနေခဲ့ပါတယ်။
  • 14:52 - 14:54
    James Watson က
  • 14:54 - 14:56
    သူ့ရဲ့ လျှောက်လဲချက်မှာ
  • 14:56 - 14:59
    ဗီဇမူပိုင်တင်ခြင်းက ရူးသွပ်ခြင်းလို့
    ရည်ညွှန်းထားတယ်။
  • 14:59 - 15:01
    (ရယ်သံများ)
  • 15:01 - 15:05
    တရားရုံးထဲမှာ ရှိနေတဲ့လူထုပေါင်းစုံနဲ့
    ဒီနေ့ အမှန်တကယ်ဖြစ်လာအောင်
  • 15:05 - 15:08
    လုပ်ပေးခဲ့တဲ့ သူတို့ရဲ့ကြိုးပမ်းမှုတွေက
    တကယ့်ပြဿနာကို
  • 15:08 - 15:11
    ဖော်ပြလိုက်ပါတယ်။
  • 15:11 - 15:14
    လျှောက်လဲချက်က အားရဖို့ကောင်းပါတယ်။
  • 15:14 - 15:16
    Chris က တက်ကြွစွာ
    စောဒကတက်ခဲ့တယ်။
  • 15:16 - 15:17
    ကျွန်မအတွက်တော့
  • 15:17 - 15:21
    စိတ်လှုပ်ရှားဖို့ကောင်းတဲ့အပိုင်းက
    တရားသူကြီးတွေ ဥပမာအလင်္ကာ
  • 15:21 - 15:23
    အဆန်းအပြားတွေသုံးပြီး
  • 15:23 - 15:26
    သီးခြား DNA ကို ဖြေရှင်းပုံကို
    ကြည့်ရတဲ့အပိုင်းပါ။
  • 15:26 - 15:29
    လွန်ခဲ့တဲ့ ၇နှစ်တုန်းက ကျွန်မတို့
    အသင်းအဖွဲ့
  • 15:29 - 15:31
    လုပ်ခဲ့တဲ့အတိုင်းပေါ့။
  • 15:32 - 15:34
    Kagan က DNA သီးခြားဖယ်တာကို
    အမေဇုံတောက ဆေးပင်ခူးယူတာနဲ့
  • 15:34 - 15:37
    ခိုင်းနှိုင်းပါတယ်။
  • 15:39 - 15:43
    Roberts က သစ်ပင်တစ်ပင်ကနေ ဘေ့စ်ဘော
    တုတ်တံလုပ်ယူတာလို့တင်စားတယ်။
  • 15:44 - 15:46
    ကျွန်မအကြိုက်ဆုံးတစ်ခု
  • 15:47 - 15:52
    Sotomayor ကတော့ "သဘာဝတရား
    ဒီတိုင်း ထိုင်နေတာ"လို့ ပြောပါတယ်။
  • 15:52 - 15:53
    (ရယ်သံများ)
  • 15:53 - 15:56
    ကျွန်မတို့ ယုံကြည်မှုအပြည့်နဲ့
    တရားရုံးကနေ ထွက်နိုင်ခဲ့တယ်။
  • 15:56 - 15:59
    ဒါပေမယ့် ရလဒ်ကိုတော့
    မမျှော်မှန်းထားပါဘူး
  • 16:01 - 16:02
    ကိုးမဲ - သုညမဲ
  • 16:03 - 16:07
    သဘာဝအလျောက်ရှိနေတဲ့ DNA
    အပိုင်းအစက သဘာဝတရား ရတနာပါ။
  • 16:07 - 16:10
    သီးခြားဖယ်ထားလို့လဲ
    မူပိုင်တင်ခွင့် မရှိပါဘူး။
  • 16:10 - 16:12
    ဒါထက်
  • 16:12 - 16:15
    Myriad က ဘာကိုမှ မဖန်တီးပါဘူး။
  • 16:16 - 16:18
    ဆုံးဖြတ်ချက်ချပြီး ၂၄ နာရီအတွင်း
  • 16:18 - 16:20
    ဓာတ်ခွဲခန်းငါးခုက BRCA ဗီဇကို
  • 16:20 - 16:23
    စစ်ဆေးလို့ရတော့မယ်လို့
    ကြေငြာပါတယ်။
  • 16:23 - 16:27
    တချို့က Myriad ထက်
    စျေးချိုမယ်လို့လည်းပြောပါတယ်။
  • 16:27 - 16:30
    တချို့က Myriad ထက်
    ပိုပြီးပြည့်စုံတဲ့ စစ်ဆေးမှုမျိုး
  • 16:30 - 16:32
    ရနိုင်မယ်လို့ ကတိပေးပါတယ်။
  • 16:32 - 16:35
    ဒါပေမယ့် ဆုံးဖြတ်ချက်က
    Myriad တစ်ခုအတွက် တင်မကဘူးလေ။
  • 16:35 - 16:40
    US မှာ ၂၅ နှစ်တာ ကျင့်သုံးနေတဲ့
    လူ့ဗီဇမူပိုင်ခွင့်တွေကိုပါ
  • 16:40 - 16:41
    ပိတ်ပင်လိုက်တယ်။
  • 16:41 - 16:46
    ဆေးပညာ ဆန်းသစ်တီထွင်မှုရဲ့
    အဟန့်အတားကိုလည်း ရှင်းလင်းလိုက်ပါတယ်။
  • 16:46 - 16:51
    Agigail ၊ Kathleen နဲ့ Eileen တို့လို
    လူနာတွေအတွက် လိုအပ်တဲ့ စစ်ဆေးမှုမျိုး
  • 16:51 - 16:54
    ရနိုင်အောင် ကူညီရာလည်းရောက်ပါတယ်။
  • 16:55 - 16:58
    တရားရုံး ဆုံးဖြတ်ချက်ချပြီး
    တစ်ပတ်အနည်းငယ်ပြီးနောက်မှာ
  • 16:58 - 17:00
    ပါဆယ်ထုတ်လေးတစ်ခု ရလာပါတယ်။
  • 17:01 - 17:03
    ကျွန်မတို့ အမှုဖွင့် စဉ်းစားတုန်းက
  • 17:03 - 17:06
    အရင်ဦးဆုံးသွားတွေ့ခဲ့တဲ့
    Duke တက္ကသိုလ်
  • 17:06 - 17:08
    ပါမောက္ခ Bob Cook-Deegan က
  • 17:08 - 17:11
    ပေးလိုက်တာပါ။
  • 17:12 - 17:15
    ပါဆယ် ဖွင့်ကြည့်လိုက်တော့
    အရုပ်ကလေး တစ်ရုပ်ဖြစ်နေတယ်။
  • 17:16 - 17:19
    (ရယ်သံများ)
  • 17:22 - 17:24
    ဒီအမှုကို ရင်ဆိုင်ဖို့ ကျွန်မတို့
    စတေးခဲ့ရပါတယ်။
  • 17:25 - 17:27
    ဒီလိုရဲရဲတင်းတင်း စတေးရတဲ့အကြောင်းကတော့
  • 17:27 - 17:30
    ကျွန်မတို့ မှန်တာ လုပ်နေတယ်ဆိုတဲ့
    အသိကြောင့်ပါ။
  • 17:30 - 17:34
    ဒီအမှု အစကနေ အဆုံး
    ရှစ်နှစ်လောက်ကြာပါတယ်။
  • 17:34 - 17:36
    ပြဿနာပေါင်းများစွာနဲ့ပေါ့။
  • 17:37 - 17:38
    ကံလည်း နည်းနည်းပါတယ်လေ။
  • 17:39 - 17:42
    ဒါပေမယ့်ကျွန်မတို့
    ဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့ကြီးရဲ့
  • 17:42 - 17:44
    စုပေါင်းအင်အားကြောင့်
  • 17:44 - 17:45
    အောင်မြင်ခဲ့တာလေ။
  • 17:46 - 17:47
    ကျေးဇူးတင်ပါတယ်။
  • 17:47 - 17:52
    (လက်ခုပ်သံများ)
Title:
သင့်မှာ လူ့ဗီဇတစ်ခုကို မူပိုင်မှတ်ပုံတင်ခွင့်ရှိသင့်လား။
Speaker:
Tania Simoncelli
Description:

လူဗီဇတွေကို မူပိုင်ခွင့်တင်လို့ရလား။ ၂၀၀၅လောက်တုန်းက Tania Simoncelli က ဒီမေးခွန်းကို ချင့်ချိန်စဉ်းစားကြည့်တဲ့အခါ US မူပိုင်ခွင့်ဥပဒေက လူဗီဇကို မူပိုင်တင်ခွင့်ရှိတယ်လို့ပြောတယ်-- ဆိုလိုတာက မူပိုင်ရှင်တွေက ဘယ်သူမဆို မူပိုင်တင်ထားတဲ့ ဗီဇကို ရှာဖွေတာ၊ စမ်းသပ်တာ၊ ကြည့်ရုံလေးကြည့်တာတောင် တားမြစ်ခွင့်ရှိတယ်။ ဒီဥပဒေက လူနာတွေကိုထိခိုက်နစ်နာစေပုံနဲ့ ဆေးပညာဆန်းသစ်တီထွင်မှုအဟန့်အတားဖြစ်စေပုံကြောင့်.. Simoncelli နဲ့ ACLU က သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒီဥပဒေကို ကန့်ကွက်ခဲ့တယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီဟောပြောမှုမှာ လူတကာက ရှုံးမယ်လို့ပြောခဲ့တဲ့ အမှုကို တရားရုံးချုပ်ကြိးအထိရောက်အောင်ဘယ်လိုတင်ပြခဲ့ပုံ ကြားသိနိုင်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
18:05

Burmese subtitles

Revisions